Chapter 97
Viewers 32k

🌍Chapter 97



သံဖိနပ်ချုပ်သမားကြီးက သူ့အားအ​ဖြေ​ပေးလာလျှင် သူကစွန့်စားရန်ဆုံးဖြတ်ခဲ့​လေသည်။


အကယ်၍၄င်းမှာ အ​ဖြေမှန်မဟုတ်လျှင်​တောင် သူ့တွင် အခွင့်အ​ရေး​ရှိ​နေဆဲပင်။ သူ ဖိနပ်တိုက်​ဆေး ၄စက်ကို သံဖိနပ်ချုပ်သမားကြီးထံ​ပေးပြီး ဖူ၀မ်​သော် ​သွေးအထုတ်မခံရစေရန် တားလိုက်၍ရသည်။ သူနှင့်ဖူ၀မ်​သော်တွင် ​နောက်ဆုံးအခွင့်အ​ရေးတစ်ခု​တော့ကျန်ဦးလိမ့်မည်။ 


 á€Ąâ€‹á€›á€ąá€¸â€‹á€•á€ąá€Ťá€şá€Ąâ€‹á€á€źá€ąá€Ąâ€‹á€”á€ąá€™á€Ÿá€Żá€á€şá€žá သူ ဘုရင့်​ရွှေဒင်္ဂါးကို သုံးကာ ထွက်သွားမည်မဟုတ်​ချေ။ အဘယ်​ကြောင့်မူ ဤပစ္စည်းသည်ကားအလွန်အဖိုးတန်သည်။ ​ထို့အပြင် သူထွက်သွားပါကာ ဖူ၀မ်​သော်ရှုံးနိမ့်သွားပေလိမ့်မည်။


 á€…က်ရုလထဲတွင် ရှင်းဖုန်း​ပြောသလိုမျိုး ​သေဆုံးသွားသူ၂​ယောက်မက​ကြောင်း သူ ခန့်မှန်းမိပြီးဖြစ်၏။ 


ဖူ၀မ်​သော်ဘက်တွင် တစ်​ယောက်တည်းဖြစ်ကာ ထန်​မော့ဘက်တွင်​တော့ ၂​ယောက်ရှိသည်။


ဤဂိမ်း၏အ​ခြေခံလိုအပ်ချက်မှာ တစ်ဖက်တွင်၂​ယောက်ရှိရန်လိုအပ်ကာ ကျန်တစ်ဖက်တွင် တစ်​ယောက်ရှိရမည်ဖြစ်သည်။ ဖူ၀မ်​သော်က သူ့ဘက်တွင် ​သေဆုံးသူ၃ဦးရှိ​ကြောင်း​ပြောခဲ့သည်။ ဆိုလိုသည်ကရှင်းဖုန်းဖက်တွင် ​သေဆုံးသူ၂​ယောက်တည်းမဖြစ်နိုင်ဟုပင်။


ဂိမ်းရှုံးသွားသည်နှင့် တဖက်ကစားသမားမှာလည်း ​သေသည်အထိ ​သွေးကိုထုတ်ခံရ​ပေ​တော့မည်။ 


အစတွင်​တော့ ရှင်းဖုန်းမှာ ကစားသ​မားတစ်​ယောက်သာကျန်သ၍ ရှင်သန်နိုင်သည်ဆိုသည့်အချက်ကို မသိခဲ့​လောက်​ချေ။ သူ​၏​နောက်မှ​ရောက်လာ​သော ကစားသမား​သေဆုံးသွားပြီး​နောက် သံဖိနပ်ချုပ်သမားကြီးက​ဆိုခဲ့သည်။ 


"မင်းမ​သေဘူး...မင်းရဲ့အ​ဖော်ကို သတ်နိုင်သ၍ မင်း​သေစရာမလိုဘူး။"


ထိုမှစ၍သူ သူ၏အ​ဖော်များကို သတ်ခဲ့ခြင်းဖြစ်သည်။


ရှင်းဖုန်းမှာ​ သေဆုံးသွားပြီဖြစ်ကာ သူ၏အ​တွေးများကိုလည်း မသိနိုင်​တော့​ချေ။ မည်သူကမှ အမှန်တရားကို သိ​တော့မည်မဟုတ်။


ထန်​မော့ထိုအ​ကြောင်းကို ​တွေး​မနေ​တော့ပဲ ဖူ၀မ်​သော်ကို ကြည့်လိုက်သည်။ သူ တစ်ချိန်လုံးစိတ်ကိုတင်းထားလျက် အန္တရာယ်များ​သောဂိမ်းတစ်ခုကိုဖြတ်သန်းခဲ့ရသည်။ သို့​သော် ထန်​မော့ရလဒ်ကို ​ကျေနပ်ပါသည်။


​သေခြင်းကိုအတူရင်ဆိုင်ကြုံ​တွေ့ရပြီးမှ မိတ်​ဆွေအစစ်ဆိုသည်ကိုရနိုင်သည်။ 


ထို ပီနိုကီယိုဂိမ်းကို ထည့်တွက်စရာမလို​ပေ။


ထန်​မော့က​သူ့အား​နောက်လိုက်သည်။ 


"ခင်များဂိမ်းက ကျွန်​တော့်ထက်ပိုလွယ်တဲ့ပုံပဲ" 


သူက ဖူ၀မ်​သော်ဒဏ်ရာရမ​နေခြင်းကို ဆိုလိုခြင်းဖြစ်​လေသည်။


ဖူ၀မ်​သော်မှ ထန်​မော့ကအရင်​လောက်သူ့​အ​ပေါ် သတိထားမ​နေ​တော့သည်ကို ခံစားမိ​လေသည်။ သူသည် ဤလူရွယ်​လေးကို အ​တွေးများဖြင့်ကြည့်လျက် ဆိုလိုက်သည်။


"ကိုယ့်ဒဏ်ရာ​တွေကလည်း မင်းထက်မနည်းပါဘူး... ဒါ​ပေမယ့် ကိုယ့်စွမ်းရည်ရဲ့အားသာချက်က အနာမြန်မြန်ကျက်တာပဲ"


ထန်​မော့​ခေါင်းညိတ်လိုက်​လေသည်။


ထန်​မော့သည် သူ၏​ရှေ့မှ အရပ်ရှည်ရှည်အမျိုးသားအား တိတ်တဆိတ်ကြည့်လျက် ဤအမျိုးသား၏စွမ်းရည်က ဘာဖြစ်နိုင်သည်ကို စဥ်းစား​နေမိသည်။ အထူးသဖြင့် ဤလူ၏စွမ်းရည်ကို သူရနိုင်မလားကို ပို၍စိတ်၀င်စားမိ​လေသည်။


သံဖိနပ်ချုပ်သမားကြီးမှာ ​လေးလံ​သော သံချိန်းကြိုးကြီးကိုဆွဲလျက် စက်ရုံထဲသို့၀င်လာခဲ့​လေသည်။ သူ၏ဘယ်လက်တွင် သံချွန်တစ်ခုကိုကိုင်ထားပြီး ၄င်း၏ထိပ်ဖျားတွင် အနက်​ရောင် ဖိနပ်တိုက်​ဆေး​လေးကို ချိတ်ဆွဲထား​လေသည်။ ၄င်းမှာ ထူးဆန်းစွာ​လေထဲတွင် သည်အတိုင်းတွဲလွဲခိုလျက် သံဖိနပ်ချုပ်သမားကြီး သွားရာ​နောက်သို့လိုက်​နေခဲ့​လေသည်။


သံဖိနပ်ချုပ်သမားကြီးမှာ ထန်​မော့နှင့် ဖူ၀မ်​သော်အနီးသို့​လျှောက်လာခဲ့​လေသည်။ ထို့​နောက်သူတို့၂ဦးကိုကြည့်လျက်ဆိုလာခဲ့သည်။ 


"ဘာပဲဖြစ်ဖြစ်ငါက အလုပ်ကြိုးစားပြီး ချစ်စရာ​ကောင်းတဲ့ သံဖိနပ်ချုပ်သမားကြီးပဲကွ... မင်းတို့ကငါ့ကို ဖိနပ်တိုက်​ဆေးရှာ​ပေးခဲ့တယ်ဆို​တော့ မင်းတို့ကိုဆု​ပေးရမှာ​ပေါ့... ဆုအဖြစ် မင်းတို့ရဲ့ဖိနပ်​တွေကို ပြင်​ပေးမယ်"


"တင်း​တောင်~ အဓိကမစ်ရှင် 'ချစ်စရာ​ကောင်းတဲ့ ဦးဦးသံဖိနပ်ချုပ်သမားကြီး ဖိနပ်ပြင်တာကို ထိုင်ကြည့်ပါ' ကိုဖွင့်လိုက်ပါပြီ" 


ထန်​မော့"..." 


ဖူ၀မ်​သော်"..."


ဘာလို့တစ်ခုခုမှား​နေသလို ခံစား​နေရပါလိမ့်...


ထန်​မော့မှာ ​ခြေဗလာဖြင့်ရပ်​နေရစဥ် သံဖိနပ်ချုပ်သမားကြီးမှာ သူ၏ဖိနပ်အား သံချွန်ဖြင့် တဒုန်းဒုန်းစတင်ထု​တော့သည်။ ထန်​မော့ ဘာမှား​နေမှန်း​နောက်ဆုံး​တော့ သိလိုက်ရသည်။


သူဘာလို့ဒီဖိနပ်တစ်ဖက်ကိုပြင်လိုက် ဟိုဖိနပ်တစ်ဖက်ကိုပြင်လိုက်နဲ့ က​လေးလိုလုပ်​နေတာတုန်း...


သံဖိနပ်ချုပ်သမားကြီးက ထန်​မော့သက်​တောင့်သက်သာဖြစ်မ​နေသည်ကို မြင်လျှင် 

သူတို့၏ရန်ညှိုးကို ​ထောက်ထားလျက် သူ၏ဖိနပ်ကို အရင်ပြင်ရန်ဆုံးဖြတ်ခဲ့သည်။


ထန်​မော့အမှန်တကယ်ကို သက်​တောင့်သက်သာဖြစ်မ​နေ​ပေ။ ကံ​ကောင်းသည်က သူ၏​ခြေ​ထောက်က အနံ့ဆိုးမရှိ​ချေ။ သို့မဟုတ်ပါက ဖူ၀မ်​သော်မှာ သူ့အား တမျိုးမြင်သွားမည်ဖြစ်ကာ ၄င်းမှာ ဂိမ်းရှုံးသည်ထက်ပင် ​ကြောက်စရာ​ကောင်းလှသည်။ 


သို့​သော် သံဖိနပ်ချုပ်သမားကြီးက တမင်ပင်နှာ​ခေါင်းကိုလက်ဖြင့်ညှစ်လျက် ​​အော်ဟစ်လာသည်။


"နံ​စော်​နေတာပဲ"


ဖူ၀မ်​သော်ထံမှ ရယ်သံခပ်နိမ့်နိမ့်ထွက်လာခဲ့သည်။


သူ​ခြေ​ထောက်ကတကယ်ကြီး မနံပါဘူး​နော်...


သံဖိနပ်ချုပ်သမားကြီးမှာ သူ၏ဖိနပ်အား ကြာရှည်စွာ ထုရိုက်​နေစဥ် ထန်​မော့ သူ၏​ခြေ​ဗလာ​ပေါ်ကျ​ရောက်လာ​သော ဖူ၀မ်​သော်၏ အကြည့်များကို ခံစားလိုက်ရသည်။ သူသည်​ခြေအိတ်ကို၀တ်ထားဆဲဖြစ်သည့်တိုင် အလွန်ထူးထူးဆန်းဆန်းခံစား​နေရသည်။ သို့နှင့်သူသည် မသိ​ယောင်​ဆောင်လျက် မစ်ရှင်ကဆိုသည့်အတိုင်း ဖိနပ်ပြင်​နေသည်ကိုသာ ရှုတည်တည်မျက်နှာဖြင့်ကြည့်​နေခဲ့​လေသည်။


၁၀မိနစ်ကြာပြီး​နောက် သံဖိနပ်ချုပ်သမားကြီးမှာ ထန်​မော့ဖိနပ်ကိုပြင်ခြင်းပြီးသွားလျက် ဖူ၀မ်​သော်ထံကမ်း​ပေးလိုက်​လေသည်။ 


ထို့​နောက် သံဖိနပ်ချုပ်သမားကြီးမှာ ဖူ၀မ်​သော်၏ ဖိနပ်ကို ကိုင်လျက် နှာ​ခေါင်းကို ပိတ်ကာ ​အော်လာခဲ့ပြန်​သည်။


"နံချက်ပဲ အရမ်းနံတယ်"


ဖူ၀မ်​​သော်"..."


ထန်​မော့အရယ်မရပ်​တော့​ပေ။ လူ၂ဦးအချင်းချင်းအကြည့်ဆုံသွားခဲ့မိသည်။ ဖူ၀မ်​သော်၏ မျက်လုံးတို့က နက်နဲလျက် ထန်​မော့မူ တည်ငြိမ်သည့်တိုင် ရန်စမှု​လေးစွက်​နေသာ အပြုံးဖျော့​ဖျော့ကိုချိတ်ဆွဲလျက်။


"​ရော့ မင်းတို့ရဲ့နံ​စော်​နေတဲ့ဖိနပ်​တွေကိုပြင်ပြီးသွားပြီ...ငါသံဖိနပ်ချုပ်သမားကြီးက ​မြေ​အောက်ကမ္ဘာမှာ နာမည်​ကျော်ကွ... ငါဒီတစ်ကြိမ်​တော့ မင်းတို့ကိုပြင်​ပေးလိုက်မယ်... ဒီကံ​​ကောင်းမှုကို တစ်ဘ၀လုံးစာမှတ်ထား ဟင်း"


သံဖိနပ်ချုပ်သမားကြီးမှာ ဖိနပ်များကို သံချွန်ဖြင့် အချိန်အကြာကြီးထု​နေခဲ့​သော်လည်း ဖိနပ်များမှာ ​ထွေ​​ထွေထူးထူး​ပြောင်းလဲမသွားခဲ့​ချေ။ ထိုစဥ် အနက်​ရောင်​မျှော်စင်၏ ​ကြေညာသံထွက်​ပေါ်လာခဲ့သည်။


"တင်း​တောင်~ အဓိကမစ်ရှင်' ချစ်စရာ ဦးဦးသံဖိနပ်ချုပ်သမားကြီး ဖိနပ်ပြင်တာကို ထိုင်ကြည့်ပါ' ပြီး​မြောက်သွားပါပြီ...အစစ်အမှန်​လောကဂိမ်း 'ချစ်စရာသံဖိနပ်ချုပ်သမားကြီး'ကိုရှင်းလင်းလိုက်ပါပြီ... ဆုအဖြစ် '​မှော်ဖိနပ်​'​တွေကို ရရှိသွားပါပြီ"


[ပစ္စည်း: ​မှော်ဖိနပ်]


[ပိုင်ရှင်:ထန်​မော့၊ ဖူ၀မ်​သော်] 


[အ​ရေအ​သွေး: ​ထူးရှယ်] 


[အဆင့်: ၂]


[တိုက်ခိုက်မှု: မရှိ]


[အသုံးပြုပုံ: ဒီ​မှော်ဖိနပ်​တွေကိုစီးထားလိုက်ရင် ကမ္ဘာ​မြေဆွဲအားကို ​မေ့ထားပြီး နံရံ​​ပေါ် ​ရေ​ပေါ်​ ဘယ်​ပေါ်မှာမဆို လမ်း​လျှောက်လို့ရတယ်]


[ကန့်သတ်ချက်: တစ်​နေ့မှာတစ်ကြိမ် တစ်ကြိမ်မှာ ၁နာရီစာအသုံးပြုနိုင်] 


[မှတ်ချက်: လာစမ်းပါ။ ငါ့ကိုနယူတန်ရဲ့အ​ခေါင်းနဲ့လာဖိသတ်လို့မရ​ဘူးကွ]


ထန်​မော့နှင့် ဖူ၀မ်​​သော် ဖိနပ်များကို ပြန်စီးလိုက်ပြီး စက်ရုံထဲမှထွက်လာခဲ့ကြသည်။ သူတို့ထွက်လာစဥ် သံဖိနပ်ချုပ်သမားကြီးက သံချိန်းကြိုးကိုဆွဲလျက် ဖူ၀မ်​သော်ရှိ​နေခဲ့သည့် ဂို​ထောင်ခန်းဆီ​လျှောက်သွား​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


 á€‘န်​မ္ဏအ သူ၏​နောက်မှသံချိန်းကြိုးကို စိတ်၀င်စားစွာကြည့်လိုက်သည်။ 


အနက်​ရောင်​မျှော်စင်ဆိုခဲ့သည်က ဤချိန်းကြိုးမှာ ကျိုး​ကြောင်းပြဂုဏ်သတ္တိရှိကာ ချည်​နှောင်ခံရပြီးသည်နှင့် ပြန်ဖြည်၍မရဟုပင်။


ထိုချိန်းကြိုးမှာ ဤ​မှော်ဖိနပ်များထက် ပိုအဖိုးတန်လှသည်။


သံဖိနပ်ချုပ်သမားကြီးတဖြည်းဖြည်းအ​ဝေးသို့​​ရောက်သွားခဲ့လျှင် ထန်​မော့​ခေါင်းကိုပြန်လှည့်လျက် တီးတိုးဆိုလိုက်သည်။


"အဲဒါကို ခိုးလို့ရမယ်ထင်လား"


ဖူ၀မ်​သော် ထိုသံချိန်းကြိုးကိုကြည့်မ​နေခဲ့​သော်လည်း ထန်​မော့၏စကားကို နားလည်ခဲ့သည်။ 


"မရ​လောက်ဘူး" 


ထန်​မော့မ​ကျေမနပ်အမူအယာဖြင့် ​ရှေ့သို့ဆက်၍​လျှောက်သွားခဲ့​လေသည်။


ဖူ၀မ်​သော် ၄င်းကိုမြင်လျှင် သူ၏နှုတ်ခမ်းတို့တွန့်​ကွေးသွားခဲ့​လေသည်။ သို့​သော် ဘာမျှ​တော့မဆိုလိုက်​ချေ။


ထိုသံချိန်းကြိုးမှာ အမှန်တကယ်ကို ရတနာတစ်ခုဖြစ်​သော်လည်း ဖူ၀မ်​သော်မှာ သံဖိနပ်ချုပ်သမားကြီးအား တစ်ကြိမ်ရင်ဆိုင်ကြည့်ခဲ့ပြီးဖြစ်သည်။ ထန်​မော့နှင့်ပူး​​ပေါင်းမည်ဆိုလျှင်​တောင် သူတို့၂​ယောက်​ပေါင်း၍ပင် မယှဥ်နိုင်မည်စိုးရသည်။ သံဖိနပ်ချုပ်သမားကြီးမှာ ပီနိုကီယိုထက် အနည်းငယ်ပို၍သန်မာ​လေသည်။ သူကစန်တာက​လော့နှင့် ဘွားဘွား၀ံပု​လွေကြီးတို့အဆင့်​လောက် မ​​ရောက်​သေး​သော်လည်း သိပ်မကွာလှ​ချေ။


လူ၂ဦးမှာ စက်ရုံဧရိယာမှာ လျင်မြန်စွာထွက်လာခဲ့ပြီး ​မောလ်၏အ၀င်၀သို့ပြန်လည်​ရောက်ရှိလာခဲ့​လေသည်။


ပတ်၀န်းကျင်က အလွန်​မှောင်မည်း​နေပြီးဖြစ်ရာ ဖူ၀မ်​သော် ​မောလ်ထဲတွင် နားစရာ​နေရာတစ်​နေရာရှာရန် ကြံရွယ်ထား​လေသည်။


 á€‘န်​မ္ဏအ ထိုအနက်​ရောင်၀တ်အမျိုးသား၏ပုံရိပ် အ​ရေး​ပေါ်ဓါတ်​လှေကားမှတဖြည်းဖြည်း​ပျောက်ကွယ်သွားသည်ကို ​တွေ့ပြီး​နောက် သူသည်လည်း ကားပါကင် ဒုတိယထပ်ကို ဆင်းသွားလိုက်​လေသည်။


ဒုတိယထပ်၏ အ​ရေး​ပေါ်​ဆေး​ပေးခန်းကို​ရောက်လျှင် သူ အပြင်မှပင် လစ်ဇ်နှင့် ​လော့ဖုန်းချန်းတို့၏အသံများကို ကြားလိုက်ရ​လေသည်။ 


​လော့ဖုန်းချန်းက​​မေး​နေခဲ့သည်။


"သူ့ကိုတကယ်အသိ​ပေးခဲ့တာလား" 


လစ်ဇ်မှာ တုန်လှုပ်​နေ​သောအသံဖြင့် 


"တကယ်ပါ...ကျွန်မထန်​မော့နဲ့ အနက်နဲ့လူကို အခု​လေးတင်တွေ့ခဲ့တာ... ရှင်​ပြောတဲ့ လူကြီးမင်းဖူဆိုတာဖြစ်မယ်... က​လေးမ​​လေးပြန်​ရောက်တယ်ကြား​တော့ ထန်​မော့က ၀မ်းသာပြီး ချက်ချင်းပြန်ခဲ့မယ်​ပြောတယ်... ပြီးမှ ကျွန်မဟို​ကောင်​လေးကို ​ခေါ်ဖို့သွားတာ... အခုကျွန်မတို့အကုန်ပြန်​ရောက်ပြီကို ထန်​မော့မ​ရောက်​သေးဘူး... ​ဒေါက်တာ သူတစ်ခုခုများဖြစ်​နေတာလား...ခိုး၀င်သူနဲ့များတိုးလို့လား ဒါမှမဟုတ် ဂိမ်းထဲ ဆွဲ​ခေါ်ခံလိုက်ရတာလား"


​လော့ဖုန်းချန်းထပ်​ပြောခါနီးတွင်ပင် အပြင်မှ တံခါး​ခေါက်သံတစ်ခုကို ကြားလိုက်ရ​လေသည်။ လူတိုင်းမှာ အသံလာရာကိုကြည့်လိုက်ကြသည်။


တံခါးပွင့်လာသည်ကို အားလုံး​မြင်လိုက်ရသည်။ 

ထန်​မော့ တံခါး၀တွင် ရပ်လျက် ဆိုလိုက်သည်။


"ဂိမ်းထဲ​ရောက်သွားလို့"


လစ်ဇ် သူပြန်​ရောက်လာသည်ကိုမြင်မှ သက်ပြင်းချလိုက်​လေသည်။ သူမကအနည်းငယ် ​နောင်တရ​နေဟန်ဖြင့်ဆိုသည်။


"ကျွန်မအဲတုန်းက ရှင်နဲ့အတူသွားလိုက်ရမှာ ဒါဆို ရှင်ဂိမ်းထဲ​ရောက်သွားမှာမဟုတ်ဘူး... အဲဒီတ၀ိုက်က ဂိမ်း​တွေ ၀င်​ပေါက်​တွေအကုန် ကျွန်မသိတယ်"


ထန်​မော့အခန်းထဲသို့၀င်လာခဲ့သည်။


"ကျွန်​တော်က အစစ်အမှန်​လောကဂိမ်းထဲ​ရောက်သွားတာ" 


သူက​လော့ဖုန်းချန်းကိုကြည့်လိုက်ကာ 


"သံဖိနပ်ချုပ်သမားကြီးရဲ့ဂိမ်း​လေ ဖူ၀မ်​သော်နဲ့အတူ ရှင်းခဲ့ပြီ"


 á€‘ိုအ​န္ဏက် ထန်​မော့မှာ ဖိနပ်ချုပ်သမားကြီးနှင့်​တွေ့ခဲ့သည်တို့ကို ပြန်လည်​ပြောပြခဲ့သည်။ ရခဲ့​သောဆုကိုထိမ်ချန်လျက် စွမ်းရည်နှင့် ဂိမ်းကူပစ္စည်းများ အသုံးပြု၍မရပုံတို့ကို​ပြောပြခဲ့သည်။ ၄င်းမှာ အလွန်အ​ရေးကြီး​သောသတင်းပင် ။ နား​ထောင်ပြီး​နောက် ​လော့ဖုန်းချန်းကဆိုလာခဲ့သည်။


"​ကျေးဇူးပါပဲ .. ဒီသတင်းကတကယ်အ​ရေးကြီးတယ်...အနာဂါတ်မှာ ငါတို့​တွေဒီအချက်ကို ကြိုတင်ပြင်ဆင်ထားရမှာပဲ"


ထန်​မော့ကဆိုလိုက်သည်။


"ကိစ္စမရှိပါဘူး" 


​လော့ဖုန်းချန်းမှာ ထန်​မော့အားအစုန်အဆန်ကြည့်လာခဲ့သည်။ ထို့​နောက် အကြာကြီး​နေမှ ပြုံးလိုက်သည်။


"အို​ကေ ငါမင်းကို ​​ကျေးဇူးမတင်​တော့ဘူး"


​လော့ဖုန်းချန်းက ထန်​မော့တစ်ခုခု​ပြောင်းလဲ​နေသည်ကို အလိုလိုခံစားမိ​နေခဲ့သည်။ ၄င်းမှာ ကြီးမား​သော ​ပြောင်းလဲမှုကြီးမဟုတ်သည့်တိုင် ​ပြောင်းလဲမှုတစ်ခုဖြစ်​နေဆဲပင်။ အရင်ကဆိုလျှင် ထန်​မော့သည် ဤသတင်းများကို တိုက်ရိုက် ပြောပြလိမ့်မည်မဟုတ်​ချေ။

အဆုံးတွင်​တော့ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာစဥ်က သူသိသမျှလူတိုင်းက​ပျောက်ကွယ်သွားခဲ့သည်။

သူငယ်ချင်းဟု​ခေါ်နိုင်​သောလူနည်းစုမှာလည်း တိုက်အဖွဲ့၀င်များပင်။ သို့တိုင်​အောင် သူသည်မ​တွေး​တောမစဥ်းစားပဲ သည်အတိုင်းအကုန်​ပြောလိမ့်မည်​တော့မဟုတ်​ချေ။


လစ်ဇ်နှင့် ကျန်အဖွဲ့၀င်များ မကြာခင်၌ ထွက်ခွာသွားခဲ့သည်။ လျိုချန်းက ချန်ရှန်းရှန်းအားတစ်စုံတစ်ခု​ပြောပြီး​နောက် မျက်ရည်များကို သုတ်ကာအခန်းထဲမှ ထွက်သွားခဲ့​လေသည်။


 á€‘န်​မ္ဏအ ၄င်းကိုမြင်လျှင် တစ်ခုခုမူမမှန်သည်ကို ခံစားလိုက်ရသည်။ သို့​သော် သူထုတ်မ​မေးပဲ ၀ါးပင်​လေးလို ပိန်ပါး​သော​ကောင်​လေး ထွက်ခွာသွားသည်ကိုသာ တိတ်တဆိတ်ကြည့်​နေခဲ့​လေသည်။


ယခုတွင် ထန်​မော့၊ ​လော့ဖုန်းချန်းနှင့် ချန်ရှန်းရှန်းသာလျှင် ကျန်​တော့သည်။ 


သူသည်သံဖိနပ်ချုပ်သမားကြီး၏ဂိမ်းမှ ထွက်ခွာလာပြီး​နောက်ဆုံးတွင် ဤက​လေးမ​လေးကို ပြန်​တွေ့ရ​ချေပြီ။


ထန်​မော့ ဤက​လေးမ​လေးကို သူ၏အသင်း​ဖော်အဖြစ် အမြဲလိုချင်ခဲ့တာဖြစ်သည်။ သူ၏စွမ်းရည်အများကြီးထဲတွင် ချန်ရှန်းရှန်း၏စွမ်းရည်တစ်ခုထဲကသာ ကံ​ကောင်း၍ရရှိခဲ့​သော စွမ်းရည်မျိုးဖြစ်​ကြောင်း သူမ​မေ့ခဲ့​ချေ။ သူ ကုတင်နားသို့​လျှောက်သွားလိုက်ပြီး ​ခေါင်းအုံးကို မှီကာလဲ​လျောင်း​နေ​သော က​လေးမ​လေးကို ကြည့်လိုက်သည်။ သူမ၏နဖူးနှင့် လက်​မောင်းများမှာ ဒဏ်ရာများဖြင့်ပြည့်​နေ​သော်လည်း သူမ၏မျက်လုံးများကမူ ​တောက်ပ​နေဆဲဖြစ်သည်။ သူမက​ ထန်​မောနှင့် လော့ဖုန်းချန်းကို တည်တန့်စွာကြည့်လာခဲ့သည်။


​လော့ဖုန်းချန်းကဆိုလိုက်သည်။


"ရှန်းရှန်းမှာစိတ်၀င်စားစရာသတင်းတစ်ခုပါလာတယ်...ထန်​မော့ ငါ့အထင် ဒီသတင်းက မင်းအတွက် သိပ်အ​ရေးကြီးမယ်ထင်တယ်" 


ထန်​မော့က​လေးမ​လေးကို ကြည့်လိုက်မိသည်။ 


ချန်ရှန်းရှန်းမှာ ​ခေါင်းညိတ်လျက် တိုက်ရိုက်သာဆိုလာခဲ့သည်။


"​ဖေး​ဖေးနဲ့ ကျွန်မက ခရစ်စမတ်ဂိမ်းအတူတူကျတာ...ကျွန်မတို့ဂိမ်းထဲမှ လူ၁၀​ယောက်ပါတယ်... ကျွန်မအ​သေးစိတ်ကို​တော့ မ​ပြော​တော့ဘူး... အစ်ကိုတို့လိုပဲ ဒီဂိမ်းက အသင်း၂သင်းရင်ဆိုင်ရတဲ့ဂိမ်းပဲ... ဒါ​ပေမယ့် အဖွဲ့က​တော့ ၅ဖွဲ့... ကျွန်မနဲ့​ဖေး​ဖေးက အသင်းမတူကြဘူး... ဂိမ်းတတိယအချီမှာပဲ..." 


ချန်ရှန်းရှန်း၏ အသံမှာ တန့်သွားခဲ့သည်။ သူမ၏ဒဏ်ရာရထား​သောမျက်နှာတွင် အမူအယာ​ထွေ​​ထွေထူးထူးမရှိသလို အသံ​နေအသံထားမှာလည်းပဲ ​ပြောင်းလဲမသွားခဲ့။ သို့တိုင်​အောင် ထန်​မော့ သူမ၀မ်းနည်း​နေသည်ကို ခံစားမိ​လေသည်။


"မိန်းက​လေးကစားသမားတစ်​ယောက်​ကြောင့် ​ဖေး​ဖေး​သေသွားတယ်" 


ထန်​မော့မှာ ရင်ထဲတင်းကြပ်သွားလျက် ထိုက​လေးမလေး၏​တောက်ပ​သောအပြုံးနှင့် မျက်နှာက အာရုံထဲ ဖြတ်ခနဲ​ပေါ်လာခဲ့​လေသည်။


သူသည်ဘာ​ပြောရမှန်းမသိသဖြင့် ဘာကိုမျှမဆိုခဲ့။ ကုတင်​ပေါ်မှက​လေးမ​လေးကိုသာ တိတ်ဆိတ်စွာ ကြည့်​နေခဲ့သည်။


ချန်ရှန်းရှန်း ခတ္တမျှတန့်သွားပြီး​နောက် ဆက်၍​ပြောလာခဲ့သည်။


"၅ချီ​မြောက်မှာ ကျွန်မအသင်း​ဖော်နဲ့ ကျွန်မက ထုတ်ပယ်ခံလိုက်ရပြီး ​မျှော်စင်တိုက်ခိုက်ဂိမ်းထဲ ၀င်ခဲ့ရတယ်...ကျွန်မရဲ့​မျှော်စင်တိုက်ခိုက်ဂိမ်းက ​မြေ​အောက်နိုင်ငံရဲ့ အကျဥ်း​ထောင်ထဲမှာ... ကျွန်မအ​သေးစိတ်​တွေ​မ​​ပြော​တော့ဘူး... ဒါ​ပေမဲ့ဂိမ်းရဲ့ အဓိက၂ချက်ကို​တော့ ​တွေ့ခဲ့တယ်" 


ထန်​မော့ မေးလိုက်သည်။


"ဘာ​တွေလဲ"


🪩