အပိုင်း ၂၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၀ -  နှစ်သက်ဖွယ်ကောင်းသောအခြေအနေများ

 

 

 

 ဒီည လေလံပွဲကို ချန်ရှို့က တက်ရောက်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ ချန်ရှို့က ကျော်ကြားလှတဲ့ နာမည်ကြီးသူတစ်ယောက်အနေနဲ့ မဟုတ်ပေ။ ချန်အုပ်စုရဲ့ အမွေဆက်ခံသူအနေနဲ့ တက်ရောက်တာဖြစ်သည်။

 

 

သခင်ကြီး ချန်က ချန်မိသားစုကို မည်သူကဆက်ခံသူဖြစ်​ကြောင်းကို မထုတ်ဖော်ခဲ့သော်လည်း အပြင်လူများရဲ့အမြင်တွင် ၎င်းသည် ကျယ်ကျယ်ပြန့်ပြန့် လူသိများသည့်အချက် ဖြစ်လာသည်။

 

 

ဒါကအကျိုးအမြတ်မယူတဲ့ လေလံပွဲဖြစ်ပြီး ပိုက်ဆံတွေကိုတော့ ချို့တဲ့နေတဲ့သူများအား လှူဒါန်းမည်ဖြစ်သည်။ ချန်ရှို့က နာမည်ကောင်းရဖို့ မျှော်လင့်ချက်ဖြင့် တက်ရောက်ခဲ့သည်။  ပိုအရေးကြီးတာက ဟွာရွေ့ ရဲ့ဥက္ကဋ္ဌလည်း လာမယ်လို့ သူကြားထားသည်။

 

 

အကယ်၍ သူ ထိုအခွင့်အရေးကိုယူပြီး အကြီးအကဲချန်ရဲ့ နှစ်သက်မှုကို ရယူနိုင်ရင် အနာဂတ်မှာ သူကတစ်ချိန်ချိန်၌ သူ့ရဲ့ ကြီးမားတဲ့ ကျောထောက်နောက်ခံအဖြစ် မှတ်ယူခံရနိုင်သည်။

 

 

 ချန်ရှို့ လေလံတင်ရောင်းချတဲ့ အိမ်သို့ရောက်လာပြီး အနားတွင်ရှိနေတဲ့ သူ့ရဲ့မန်နေဂျာနှင့်အတူ ထိုင်ခဲ့ပြီး သူက VIP ထိုင်ခုံနေရာကို လှမ်းကြည့်လိုက်သည်။

 

 

ထိုသီးသန့်အခန်းကို လုံခြုံစွာပိတ်ထားပြီး အပြင်ဘက်မှ ဘာကိုမှမမြင်နိုင်ပေ။ သို့သော် ​ဟွာရွေ့ရဲ့ အကြီးအကဲခေါင်းဆောင်က အထူးခန်း၌ ထိုင်နေတယ်ဆိုတာကိုတော့ ချန်ရှို့သိနေသည်။

 

 

ဟွာရွေ့ရဲ့ ခေါင်းဆောင်က သူရောက်လာတိုင်းမှာ ဈေးအမြင့်ဆုံးပစ္စည်းကို ယူလိမ့်မယ်ဆိုတာကို လူတိုင်းကသိကြသည်။ အကယ်၍ အကြီးအကဲချန်က တစ်စုံတစ်ရာကို ကြိုက်သွားပြီဆိုရင်တော့ အဲ့တာကဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ သူအဲ့တာကို အသေအချာကြီး ဝယ်ယူလိမ့်မည်။

 

 

 ဒါပေမယ့် ထိုနေ့တွင် သူ့မျက်လုံးထဲကို ဘယ်အရာမှမ၀င်ရောက်နိုင်ရင် လှုပ်ရှားမှုနဲ့ ဇီဇာကြောင်တာတွေ​ကြောင့် ဘယ်တော့မှလှုပ်ရှားမှာ မဟုတ်ဘူး။

 

 

 အရင်တုန်းက လေလံပွဲတွေတိုင်းမှာ ဟွာရွေ့ရဲ့ခေါင်းဆောင်ကို ဘယ်တော့မှ မြင်သာအောင်မပြသခဲ့ဖူးပေ။  အကယ်၍ ချန်ရှု့က တစ်ခုခုကို လိုချင်ခဲ့မယ်ဆိုရင် သူကတခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုခြင်းမပြုဘဲ အဲ့တာအတွက် အခြားသူများကိုပဲ လေလံဆွဲခွင့်ပြုလိမ့်မည်။ ဒါက လူအများစုအတွက် နက်နဲပြီးနားမလည်နိုင်တဲ့အရာ ဖြစ်သည်။

 

 

အထူးခန်းတွင်

 

 

ချန်ရှု့နှင့် ဝမ်ချွမ်းတို့ထိုင်နေကြသည်။  အထူးခန်းထဲမှာ ပြတင်းပေါက် သေးသေးလေးတစ်ခုရှိပြီး လေလံတင်တာကို ကြည့်ရှုနိုင်သည်။ ​​ဒါပေမယ့် အပြင်ဘက်က လူတွေကတော့ အတွင်းကိုမမြင်နိုင်ဘူး။

 

 

ဒီနေ့တွင် ချန်ရှု့က အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး သူ့ရဲ့မျက်လုံးတွေက မှင်ကဲ့သို့ နက်မှောင်နေသည်။ သူ့ရဲ့မျက်နှာကို စောင်းထားပြီး တစ်၀က်ကတော့ အလင်းရောင်အောက်မှာရှိနေသည်။

 

 

သူ့ရဲ့မျက်ခုံးတွေပေါ်နဲ့ မေးစေ့ပေါ်မှာ အလင်းတန်း ကျရောက်နေတဲ့အခါ သူ့ရဲ့ခန့်ညားတည်ငြိမ်တဲ့ ပင်ကိုစရိုက်ကို ပြသထားသလိုဖြစ်နေပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ မြင်ကွင်းတစ်ခုလည်းဖြစ်သည်။

 

 

 ချန်ရှု့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့  ဖျော်ဖြေရေးအသိုင်းအ၀ိုင်းထဲ မ၀င်ခြင်းမှာ နှမြောစရာကောင်းလွန်းတယ်လို့ ဝမ်ချွမ်း ခံစားခဲ့ရသည်။  သို့သော် ချန်ရှု့က ပြသရတဲ့အလုပ်ကို စိတ်ဝင်စားမှုမရှိခဲ့ပေ။ ဒါ့အပြင် သူသည် ပုံရိပ်ခပ်နိမ့်နိမ့်ကိုသာ စောင့်ရှောက်ရန် ကြိုးစားခဲ့တာကြောင့်  သူ့မျက်နှာက မည်မျှဆွဲဆောင်မှုရှိသည်ကို မသိခဲ့ပါ။

 

 

 သူတို့ရဲ့ ဟွာရွေ့ ကုမ္ပဏီအောက်မှာ ကျော်ကြားတဲ့အနုပညာရှင်များစွာ ရှိနေသည်။ သူတို့အနေနဲ့ ဟွာရွေ့ရဲ့လူကြိုက်များတဲ့ ဥက္ကဋ္ဌက အဲ့လိုမျိုးချောမောတဲ့ယောကျ်ားတစ်ယောက်ဖြစ်နေမယ်ဆိုတာကို ဘယ်သူကမှစိတ်မကူးမိနိုင်ပေ။

 

 

ဝမ်ချွမ်းရဲ့အမြင်တွင် ချန်ရှို့က ချမ်းသာတဲ့မိသားစုတစ်စုရဲ့ ပျက်စီးနေတဲ့သားလို့သာ မြင်သည်။ အခြားသူများက ကြင်နာတဲ့စကားအနည်းငယ်ကို ပြောကြတဲ့အခါ သူကအလွန်ဂုဏ်ယူနေပြီး သူ့လုပ်ရပ်တွေရဲ့ အကျိုးဆက်များကို မစဉ်းစားနိုင်တော့ပေ။

 

 

ဒါပေမယ့် ပြင်ပမှာရှိတဲ့လူတွေကတော့ ချန်ရှို့မှာ စစ်မှန်တဲ့စွမ်းရည်ရှိတယ်လို့ ထင်ကြသည်။ ဝမ်ချွမ်းက ချန်ရှု့ကိုသနားမိသည်။

 

 

လေလံစတင်တဲ့အခါ ပထမဆုံး အလှည့် အနည်းငယ်လောက်မှာ အသစ်အဆန်းတွေ ဘာမှမရှိနေဘူး။ ပြီးတော့ ချန်ရှို့ရဲ့ အမြင်ကိုလည်း ဘာကမှ မဖမ်းစားနိုင်ဘူး။ သူက ဟွာရွေ့ရဲ့ခေါင်းဆောင်ကို လက်ဆောင်ပေးချင်ခဲ့သည်။ ပင်ကိုအားဖြင့်ကတော့ အကောင်းဆုံးကို သူပို့ချင်ခဲ့သည်။

 

 

ဒါ့အပြင် ကောင်းတဲ့အရာတွေဟာ သူ့ရဲ့ ကောင်းမွန်တဲ့ရူပါရုံကို ထင်ဟပ်နိုင်ပြီး အဲ့တာက သူနဲ့မိတ်ဆွေဖြစ်လာဖို့ သူ့ရဲ့ရိုးသားမှုကိုလည်း ပြသနိုင်သည်။

 

 

 အချိန်အကြာကြီး ကြာပြီးနောက် လေလံပွဲရဲ့အဆုံးသတ်ကိုရောက်လာခဲ့သည် - အဲ့တာကတော့ ရှေးဟောင်းပန်းအိုးတစ်လုံးပဲဖြစ်သည်။  အရောင်ကတော့ ကြော့ရှင်းတယ်။ မျက်နှာပြင်အနေအထားက အတိုင်းထက်အလွန် ကောင်းသည်။ အကြည့်တစ်ချက်နဲ့တင်  ဒီပန်းအိုးရဲ့စျေးနှုန်းကမြင့်တယ်ဆိုတာကို ပြောနိုင်သည်။

 

 

ချန်ရှို့ရဲ့မျက်လုံးတွေက အရောင်တွေတောက်ပနေသည်။ တကယ်လို့ သူဒါကိုအနိုင်ရခဲ့ရင် သူ ဟွာရွေ့ရဲ့ခေါင်းဆောင်ကို လက်ဆောင်ပေးလိုက်လို့ ရလိမ့်မည်။ အကြီးအကဲချန်ကို သူလှုံ့ဆော်နိုင်လိမ့်မည်ဆိုတာ သေချာသည်။ အနာဂတ်၌ သူ့ရဲ့ကိစ္စရပ်များမှာလည်း လွယ်ကူလာလိမ့်မည်။

 

 

လေလံပစ်သူက “ နောက်ဆုံးလေလံပစ္စည်းကတော့ ရှေးဟောင်းပန်းအိုးတစ်လုံးပါ။  ကနဦး စျေးက ၃ မီလီယံဖြစ်ပြီး စျေးနှုန်းတိုးမြှင့်တဲ့အခါမှာ တစ်သန်းထက်နည်းလို့မရပါဘူး!”လို့ ကြေညာလိုက်သည်။

 

 

 လေလံစတင်သောအခါ လေထုကချက်ချင်း အသက်ဝင်လာခဲ့သည်။ ချန်ရှို့က သူ့ရဲ့သင်္ကေတ လက္ခဏာကို ပထမဆုံးမြှောက်လိုက်တော့ လေလံဆွဲသူက “ သခင်လေး ချန်က စျေးနှုန်းကို တစ်ကြိမ်မြှင့်တင်လိုက်ပါပြီ! ”လို့အော်လိုက်သည်။

 

 

လူအများစုက ဒီပန်းအိုးကို လိုချင်နေကြတဲ့အတွက် လူတိုင်းက သူတို့ကမ်းလှမ်းချက်ကို တိုးမြှင့်လိုက်ကြသည်။  ချန်ရှို့ကတော့ ပြက်ရယ်ပြုဖွယ် ရယ်နေခဲ့သည်။အဲ့လူက သူနဲ့တိုက်ခိုက်ချင်တယ်ဆိုရင် အဲ့လူမှာယုံကြည်မှုရှိရမည်။

 

 

ချန်ရှို့ အထူးခန်းကို ကြည့်ပြီးနောက် သင်္ကေတလက္ခဏာကို ထပ်မြှောက်လိုက်သည်။ သူကဒီပန်းအိုးကို သေချာပေါက်အနိုင်ရလိမ့်မည်။

 

 

 အထူးခန်းတွင်

 

 

ဝမ်ချွမ်းက ချန်ရှု့ ကိုကြည့်လိုက်သည်။  “ဘာမှ လိုချင်တာမရှိဘူးလား? ”

 

 

လေလံပွဲပြီးဆုံးသွားသော်လည်း ချန်ရှု့က လေလံဆွဲဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူအဲ့နေရာမှာပဲထိုင်နေပြီး ရံဖန်ရံခါလှမ်းကြည့်ခဲ့သော်လည်း လေလံပွဲအစမှအဆုံးထိ မပါဝင်ခဲ့ပေ။

 

 

ချန်ရှု့ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံစာလောက်သောက်လိုက်ပြီးတော့ “အေးဆေးပေါ့ ” လို့ ဖြည်းဖြည်းချင်းပြောလိုက်သည်။

 

 

ဝမ်ချွမ်းက ချန်ရှု့အား “နောက်ဆုံး လေလံက ပန်းအိုးတစ်လုံးပဲ။ ပြီးတော့ အဲ့တာက အများကြီးအဖိုးတန်တယ်လို့ သတိပေးလိုက်သည်။

 

 

ချန်ရှု့ ပြီးခဲ့တဲ့လေလံပွဲမှာလည်း ပန်းအိုးတစ်လုံး ယူခဲ့တာကို သူပြန်သတိရသွားခဲ့သည်။

 

 

 ချန်ရှု့လည်း မတက်နိုင်တော့ဘူး။ ဒါပေမယ့် ယဲ့ဆွေ ပန်းအိုးကို ခွဲလိုက်တဲ့အချိန်ကို မှတ်မိနေသည်။ သူမဝင်ငွေရလာပြီးရင် လျော်ကြေးပေးဖို့ သူ့ကိုပန်းအိုး ၈အိုး ဒါမှမဟုတ် ၁၀အိုးပြန်ဝယ်ပေးမယ်လို့ ကတိပေးထားခဲ့သည်။

 

 

ချန်ရှု့ရဲ့မျက်လုံးများက ဝင်းလက်နေခဲ့ပြီး အနည်းငယ်ပြုံးလိုက်သည်။  ဒီစျေးကြီးတဲ့ ရှေးဟောင်းပန်းအိုးနဲ့ နှိုင်းယှဉ်လိုက်ရင် ယဲ့ဆွေ သူ့ကိုဘာတွေပို့လာမလဲဆိုတာကို ပိုစိတ်ဝင်စားပုံရသည်။

 

 

ချန်ရှု့က ဒီကိစ္စရပ်များကို စဉ်းစားနေပြီး လက်ဖက်ရည်အပူကြီးကို ဆက်ပြီးကိုင်ထားဆဲဆိုတာကို သတိမပြုမိခဲ့ပေ။  လက်ကသတိမမူမိဘဲ စောင်းလိုက်မိတော့ လက်ဖက်ရည်က  သူ့ဘက်ကိုဖိတ်ကျသွားခဲ့သည်။

 

 

လက်ဖက်ရည်က ပူနေသော်လည်း ချန်ရှု့  မျက်မှောင်ကြုတ်ခြင်းမပြုခဲ့ပေ။  ဝမ်ချွမ်းက သူ့ကို စက္ကူလက်သုတ်ပုဝါ ပေးလိုက်ပြီး မေးလိုက်သည်။ “ ဘာတွေစဉ်းစားနေတာလဲ? အဲဒီရှေးဟောင်းပန်းအိုးကို စိတ်ဝင်စားလို့လား? ”

 

 

ချန်ရှု့က စက္ကူလက်သုတ်ပုဝါကိုယူကာ သူ့ရဲ့ခေါင်းကိုငုံ့ပြီး သူ့ရဲ့လက်တွေကို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။  သူ့ရဲ့လက်များက ဖြူဖွေးနေပြီး သွေးပြန်ကြောတွေကို သူရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

 

 

ချန်ရှု့က ဖြေးညှင်းစွာပြောလိုက်သည်။ “ စိတ်မ၀င်စားဘူး။ မင်းဆီမှာ ပစ္စည်းတွေ အများကြီးရှိလာတဲ့အခါကျရင် မင်းသူတို့ကို ငြီးငွေ့လာလိမ့်မယ် ”

 

 

ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က သူဒီနေ့လေလံပွဲမှာ ပါဝင်ဖို့ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ဆိုလိုတာဖြစ်သည်။ ဝမ်ချွမ်းက သူ့ရဲ့ဖော်ပြချက်ကို နားလည်သည်။ နောက်ပြီးတော့လည်း ချန်ရှု့ ဘာကိုမှ မမြင်ခဲ့ဘူး။ ဒီပန်းအိုးက သူဌေးရဲ့မျက်လုံးထဲကို မဝင်ရောက်နိုင်ဘူးလို့ထင်ရသည်။

 

 

ဝမ်ချွမ်း နောက်ပြောင်လိုက်သည်။ “မင်းကိုယ်တိုင်က အဲ့တာကိုမကြိုက်ဘူးဆိုရင်တောင်မှ မင်းကြိုက်တဲ့ တစ်စုံတစ်ယောက်အတွက်တော့ ဝယ်ပေးလို့ရပါတယ်

 

 

ယဲ့ဆွေ အပေါ်ထားရှိတဲ့ ချန်ရှု့ရဲ့ သဘောထားကို သူမြင် ချင်ခဲ့သည်။ ယဲ့ဆွေအပေါ် ချန်ရှု့ရဲ့ ပြုမူဆက်ဆံတာတွေက အခြားသူတွေတဲ့မတူဘဲ အနည်းငယ်ကွဲပြားနေတယ်ဆိုတာကို ပင်ကိုအသိစိတ်က သူ့ကိုပြောပြနေခဲ့သည်။

 

 

ချန်ရှု့ စကားမပြောတော့ပေ။

 

 

ချန်ရှု့က သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို  ဖော်ပြလိုခြင်းမရှိဘူးဆိုတာကို ဝမ်ချွမ်းသိသည်။ ဒါကြောင့် သူအဲ့တာကို ထပ်မပြောတော့ဘူး။ ဒီတစ်ခါမှာတော့ သူ အကျွမ်းတဝင်ရှိတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရသည်။ "အိုး၊ ချန်ရှို့က ဒီကိုဘယ်လိုရောက်လာတာလဲ?"

 

 

သူ လမ်းကြောင်းကို ခဏတာကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ ထူးဆန်းတယ်။ ဘာလို့ချန်ရှို့က ဒီနေရာကို ဆက်ကြည့်နေတာလဲ? ”

 

 

ဝမ်ချွမ်းက ချန်ရှို့ကို ဆက်လက်စိတ်ဝင်စားနေပြီး သူ့ရဲ့လုပ်ဆောင်မှုတိုင်းကို အာရုံစိုက်နေသည်။  ခဏအကြာမှာ သူက အသံထွက်ပြီးပြောလိုက်သည်။ “ စျေးနှုန်းကို မြှင့်တင်လိုက်တဲ့ အချိန်တိုင်း သူဒီဘက်ကို ကြည့်ကြည့်နေတယ်။  လွန်ခဲ့တဲ့ငါးမိနစ်ခန့်တုန်းက သူဒီနေရာကိုပဲ သုံးကြိမ်တောင် ကြည့်ခဲ့တယ်

 

 

ချန်ရှု့ မသိကျိုးကျွန်ပြုလိုက်သည်။   “ တကယ်လား? ”

 

 

ဝမ်ချွမ်းက ချန်ရှု့ကိုကြည့်ပြီး သူ့ရဲ့နှလုံးသားနဲ့ရင်းပြီး ခန့်မှန်းလိုက်သည်။ “ မင်းစဥ်းစားကြည့်လိုက် သူကတော့ မလိုချင်ဘူး...…ပန်းအိုးကိုဝယ်ပြီးတော့ မင်းကို ပေးလိမ့်မယ်လို့ ထင်တယ်

 

 

 ချန်ရှု့ ရဲ့မျက်လုံးတွေက ငိုက်စိုက်ကျသွားခဲ့သည်။ အကယ်၍ ချိန်ရှို့က သူသည်စိတ်နှလုံးအကြွင်းမဲ့နှစ်သက်စေလိုသော သူသည် သူအမြဲတမ်းအထင်သေးသော  ဦးလေးဖြစ်သည်ကို သူသိလျှင် သူ့နှလုံးသားထဲမှာ ဘယ်လိုဖြစ်သွားမှာလဲ? သို့သော် မည်သို့ပင်ဖြစ်စေ ချနိရှို့ရဲ့ စဉ်းစားတွေးခေါ်ပြုမူခဲ့သမျှသည် သူနှင့်လုံးဝမပတ်သက်ပါ။

 

 

ချန်ရှု့က ပြောလိုက်သည်။ “ သူလုပ်နေတာက သူ့ရဲ့ကိစ္စပဲ

 

 

လေလံပွဲအဆုံးသတ်သွားသည့်အခါ မျှော်လင့်ထားတဲ့အတိုင်း ချန်ရှို့က ပန်းအိုးကို အောင်မြင်စွာဝယ်ယူနိုင်ခဲ့သည်။ သူကတန်ဖိုးရှိတဲ့ ရှေးဟောင်းပန်းအိုးကို ယွမ်သန်း ၂၀ဖြင့်ရခဲ့သည်။  လူတိုင်းက သန်း ၂၀ ရှိတဲ့ ဒ်ိီအဖြစ်အပျက်ကို အတင်းအဖျင်းတွေ ပြောဆိုနေကြမလား?

 

 

ချန်ရှို့က ပန်းအိုးကိုစင်ပေါ်မှာ လွှဲပြောင်းယူလိုက်ပြီး ပတ်ပတ်လည်မှာရှိတဲ့ လူတွေရဲ့ အံ့အားသင့်သွားတဲ့ မျက်လုံးတွေကိုကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှာ အကျိုးရလဒ်နှင့်အတူ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။  အမှန်အတိုင်းပြောရရင် သန်း ၂၀ က သူ့အတွက် နည်းနည်းလေးပဲရှိသေးသည်။

 

 

အကြီးအကဲချန်က သူ့ရဲ့ရိုးသားမှုကို မြင်နိုင်သ၍ အဲ့တာကသူ့အတွက် များစွာအကျိုးရှိနေလိမ့်မည်။ ချန်ရှို့က ထိုပန်းအိုးကို ယူ၍ အထူးသေတ္တာထဲထည့်ပြီး ယူသွားလိုက်သည်။

 

 

ဝမ်ချွမ်းက ချန်ရှို့ရဲ့ လှုပ်ရှားမှုကိုမြင်တွေ့ခဲ့ပြီး ချန်ရှု့ ကိုကြည့်လိုက်သည်။ “ချန်ရှို့က သူအနိုင်ရထားတဲ့ ရှေးဟောင်းပန်းအိုးနဲ့အတူ လာနေပြီ

 

 

ချန်ရှို့က သူအား သန်း၂၀တန် ရှေးဟောင်းပန်းအိုး ပေးလိုကြောင်းကို ကြားသိရတဲ့အခါ ချန်ရှု့က နေရာမပြောင်းရွှေ့သွားခဲ့ပေ။  သူကအေးဆေးတည်ငြိမ်ပြီး မမွှေနှောက်ရသေးတဲ့ ကြည်လင်ငြိမ်းအေးတဲ့ ရေကန်တစ်ခုလို့တောင် ထင်ရသည်။

 

 

စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့က သူ့ပါးစပ်ကိုဖွင့်ဟ၍ နူးညံ့ညင်သာစွာပြောလိုက်သည်။ “ ငါရှေးဟောင်းပန်းအိုးကို ယူမှာမဟုတ်ဘူး။ ဒါကစိတ်ဝင်စားစရာ မကောင်းဘူး

 

 

သူ့ရဲ့ သဘောထားမှာ ထင်ရှားသည် - သူစိတ်ဝင်စားခြင်းမရှိဘူး။.ဒါကြောင့် အဲ့တာကိုယူစရာလည်းမလိုဘူး ကြည့်ဖို့တောင်မှပျင်းတယ်။

 

 

ဝမ်ချွမ်း နားလည်သဘောပေါက်သည်။ ပြီးတော့ ချန်ရှို့ဆီကို ချန်ရှု့ ရှင်းရှင်းလင်းလင်း ပေးပို့လိုက်တဲ့ စကားရဲ့အဓိပ္ပါယ်ကိုလည်း အတိအကျသိလိုက်သည့။

 

 

ဝမ်ချွမ်းက ထွက်၍ အောက်ထပ်သို့ဆင်းသွားလိုက်သည်။ ချန်ရှို့က အထူးခန်းကို ကြည့်လိုက်တော့ တံခါးပွင့်လာတာကိုမြင်လိုက်သည်။ ဒါပေမယ့် ပေါ်လာသူကဥက္ကဋ္ဌချန် မဟုတ်ခဲ့ပေမယ့် ဟွာရွေ့ ရဲ့အကြီးတန်းအမှုဆောင် ဝမ်ချွမ်းဖြစ်သည်။

 

 

ချန်ရှို့က လှေကားတွေရဲ့ အလယ်တွင်ရပ်နေပြီး သူ့ရဲ့လက်ထဲက သေတ္တာကိုမြှောက်လိုက်သည်။ “ ဒါကကျွန်တော် ဥက္ကဋ္ဌချန်အတွက် အထူးလေလံဆွဲထားတဲ့ ရှေးဟောင်းပန်းအိုးပါ။ တကယ်လို့ သူစိတ်ဝင်စားတယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်က ညစာစားဖို့ဖိတ်ခေါ်ပါတယ်လို့ ပြောပေးပါ

 

 

ချန်ရှို့မှာ မာနထောင်လွှားတဲ့ သဘောထားရှိခဲ့သည်။ သူ့ရဲ့စိတ်တွင် ဒီနေ့ညမှာသူ ဈေးအမြင့်ဆုံးနဲ့ စုဆောင်းသူရဲ့ ပစ္စည်းကို၀ယ်ခဲ့သည်။ ထိုကဲ့သို့သောကြီးမားတဲ့လက်နဲ့   ဟွာရွေ့ရဲ့ခေါင်းဆောင်က ဘာလို့ စိတ်ကျေနပ်မှု မရှိနိုင်ရမှာလဲ?

 

 

လေလံပွဲမှာရှိနေတဲ့သူအားလုံး သူ့ရဲ့အသံကို ကြားနိုင်ဖို့ အသံကို တမင်တကာမြင့်ပြီး ပြောလိုက်သည်။ ဒီနေ့ကစပြီး သူနဲ့ ဟွာရွေ့ ရဲ့ခေါင်းဆောင်မှာ ဆက်သွယ်မှုတစ်ခုရှိကြောင်းကို သူတို့ကိုသိစေချင်ခဲ့သည်။

 

 

ချန်ရှို့ရဲ့ မာနထောင်လွှားမှုကြောင့် ဝမ်ချွမ်း အပျင်းပြေခဲ့သည်။ သူက သူ့ကိုအေးခဲသွားစေမယ့် စကားများဖြင့်ပက်ဖြန်းပေးလိုက်သည်။ “ဥက္ကဋ္ဌချန်က သူအပြင်လူတွေကို မတွေ့ချင်ဘူးဆိုတဲ့ အကြောင်းကို ပြောလိုက်တယ်

 

 

စကားသံပြတ်သွားသောအခါ ချန်ရှို့ အတော်လေးမယုံနိုင်စရာဖြစ်သွားကာ သူ့ရဲ့နှုတ်ခမ်းပေါ်ရှိ အပြုံးများမှာပျောက်ကွယ်သွားခဲ့သည်။  “ဘာကိုဆိုလိုတာလဲ? ” 'မဖြစ်နိုင်ဘူး၊ သူကအများကြီးလုပ်ပေးနိုင်ခဲ့တယ်၊ ဒါကြောင့်ဥက္ကဋ္ဌချန်က သူ့ကိုတွေ့ဖို့ ဘာလို့ငြင်းဆန်ရမှာလဲ?'

 

 

ဝမ်ချွမ်းက ပန်းအိုးကိုကြည့်လိုက်ပြီး မဆိုင်းမတွစကားဆက်ပြောလိုက်သည်။ ခင်များဒီပန်းအိုးကို သိမ်းထားဖို့ ကျွန်တော် အကြံပြုပါတယ်

 

 

သူကပြုံးပြီး ထပ်ပြောလိုက်သည် -“ပြီးတော့လေ ခင်များက ပိုက်ဆံတွေ အကုန်ဖြုန်းလိုက်တာပဲ

 

 

 ဥက္ကဋ္ဌချန်က သူနဲ့တွေ့ဖို့ငြင်းဆန်ခဲ့တယ်ဆိုတဲ့ အချက်ကို ချန်ရှို့ ငြင်းဆန်လို့မရနိုင်တော့ပေ။  သူထိုနေရာ၌ပင်ရပ်နေပြီး ရှေးဟောင်းပန်းအိုးက သူ့ကိုအဆင်မပြေတဲ့ နေရာမှာထားခဲ့သည်။

 

 

 ဤမြင်ကွင်းကို လူအများမြင်ခဲ့ကြသည်။  အများပြည်သူရဲ့ မျက်စိအောက်မှာ ဟွာရွေ့ရဲ့ဥက္ကဋ္ဌချန်က ချန်မိသစုရဲ့အမွေဆက်ခံသူကပေးတဲ့ လက်ဆောင်ကိုငြင်းဆန်လိုက်ပြီး ချန်ရှို့ရဲ့ မျက်နှာကိုဖြတ်ရိုက်ခဲ့သည်။ 

 

 

ဒါပေမဲ့ဥက္ကဋ္ဌချန် လုပ်ခဲ့တဲ့အရာက ဘာမှမမှားဘူးလို့ လူတိုင်းကယုံကြည်ကြသည်။

 

 

ချန်ရှို့က ပန်းအိုးကို သူကိုယ်တိုင်ဝယ်ခဲ့သည်။  ဒါ့အပြင်သူကဥက္ကဋ္ဌချန်ကို ဒုတိယအတွေးမရှိဘဲ ပေးခဲ့ပေမယ့် ဥက္ကဋ္ဌချန်ကတော့ သူလက်ခံမယ်လို့ ဘယ်တော့မှမပြောခဲ့ဖူးပေ။

 

 

 ဒါ့အပြင် ချန်ရှို့က ချန်မိသားစုရဲ့ အမွေဆက်ခံသူဖြစ်လျှင်ပင် ဟွာရွေ့ ရဲ့ပိုင်ရှင်မှာ ခြစ်ရာကနေစတင်ဖို့ သောင်းချီပိုင်ဆိုင်ထားတဲ့ ဘီလီယံပေါင်းများစွာရှိခဲ့သည်။

 

 

 ချန်ရှို့က သူ့မိသားစုရဲ့ပိုင်ဆိုင်မှုများအပေါ် မှိိခိုနေစဥ်မှာ အခြားတစ်ယောက်ကတော့ သူ့ပိုင်ဆိုင်မှုအပေါ်မှာမူတည်နေသည်။ ဒါ့အပြင် အကြီးအကဲချန် ​စိတ်ကြီးဝင်တာကို ခွင့်မပြုတာလား?

 

 

လူအချို့က ချန်ရှို့ကို အထင်သေးကြသည်။ ဒါပေမယ့် သူ့ရဲ့အထောက်အထားကြောင့်သူတို့အဲ့တာကို ထုတ်ဖော်မပြောခဲ့ပေ။

 

 

 ဒီအချိန်၌ ပန်းအိုးကို ၀ယ်ချင်သော်လည်း ချန်ရှို့ကိုရှုံးခဲ့ကြတဲ့ လူအနည်းငယ်က ပြောလာကြသည်။ “ မင်းက ချန် မိသားစုအတွက် အမွေဆက်ခံသူဖြစ်တာကြောင့် မင်းကိုယ်မင်းကြီးမားတဲ့ သူတစ်ယောက်လို့ မထင်လိုက်နဲ့။  ဥက္ကဋ္ဌချန်က မင်းကိုတွေ့မှာမဟုတ်ဘူး

 

 

 “တကယ်လို့ မင်းမှာပန်းအိုးရှိရင် ဘာလုပ်မှာလဲ? ငါ့ကိုရယ်မောစေတဲ့ မြင်းခွာကို ငါရွတ်ခဲ့တာမဟုတ်ဘူး။ ”

 

 

ဝမ်ချွမ်းကြောင့် ချန်ရှို့ အရှက်တကွဲအကျိုးနည်းခဲ့ခြင်းဖြစ်သည်။  ဒါကသူ့ကို လူအများရှေ့မှာ ရယ်မောခံရစေခဲ့သည်။  သူက အမျက်ဒေါသကို မတားဆီးနိုင်ခဲ့ဘဲ ငြင်းဆန်ရန် ကြိုးစားတော့သည်။ သို့သော် သူ့ဘေးမှ မန်နေဂျာက ချက်ချင်းပဲ သူ့ကိုလှမ်းဆွဲလိုက်ပြီး  သတိပေးလိုက်သည်။ မနက်ဖြန် သတင်းခေါင်းကြီးပိုင်းမှာမင်းပါလာတာကို ဖြစ်ချင်လို့လား?”

 

 

ချန်ရှို့ ရုတ်တရက်စိတ်ငြိမ်သွားခဲ့သည်။ သူ ယခုပေါက်ကွဲလိုက်ရင်.မနက်ဖြန်ရဲ့ သတင်းတွေမှာ ဗြုတ်စဗျင်းတောင်း စကားတွေနဲ့ ပြည့်နေလိမ့်မည်။  ဥက္ကဋ္ဌချန်က သူ့ကိုလက်ခံဖို့ ငြင်းဆန်တဲ့ ကိစ္စကို အားလုံးသိသွားကြလိမ့်မည်။ သူက.အရာရာတိုင်းကို ပိုဆိုးသွားအောင် မလုပ်သင့်တော့ဘူး။

 

 

ချန်ရှို့က သူ့ရဲ့ဒေါသကို ဖိနှိပ်ကာ လှည့်ထွက်သွားခဲ့သည်။  “သွားကြရအောင် ”

 

 

ချန်ရှို့က ဘာအမြတ်မှပြန်မရဘဲ သန်း ၂၀ ကို သုံးစွဲခဲ့မိသည်။ သူငွေကိုအလကား ဖြုန်းတီးပစ်မယ်ဆိုတာကတော့ မသေချာဘူး။ အနည်းငယ်စဉ်းစားပြီးနောက် ချန်ရှို့က ချန်းယင်ရဲ့ အိမ်သို့သွားခဲ့သည်။

 

 

သူကပစ္စည်းဟောင်းများကို စိတ်မ၀င်စားဘဲ အိမ်၌ဖုန်မှုန့်များအဖြစ်သာ စုဆောင်းနိုင်လိမ့်မည်။ ချန်းယင်ကို ပျော်ရွှင်အောင်လုပ်ဖို့ သူအဲ့တာကို ပေးကောင်းပေးလိမ့်မည်။

 

 

ချန်ရှို့က ချန်းယင်ရဲ့ အိမ်သို့သွားခဲ့သည်။ သူမကိုတွေ့လိုက်တဲ့အခါ သူကပန်းအိုးကိုပေးပြီး နက်ရှိုင်းတဲ့ခံစားချက်ဖြင့် ပြောလိုက်သည်။ “ မင်းအတွက် လက်ဆောင်တစ်ခုပေးဖို့ ကိုယ်ဒီကိုလာခဲ့တာ။ မင်းအဲ့ဒါကိုကြိုက်ရဲ့လား?”

 

 

ချန်ရှို့က သူမကိုပန်းအိုးပေးချင်တယ်ဆိုတာ ချန်းယင်မသိခဲ့ဘူး။  သူမ ထိကြည့်လိုက်ပေမယ့် ဘာမျှမပြောလိုက်ပေ။

 

 

ချန်ရှို့က နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။ “ ဒီရဲ့ရှေးဟောင်းပန်းအိုးကို ယွမ်သန်း ၂၀နဲ့ ဒီနေ့ပဲကိုယ်ဝယ်ခဲ့တာ ”

 

 

 ချန်းယင်က ချန်ရှို့ သူမမျက်နှာပေါ်တွင် မှန်ကြောင်းပြောနေသည်ကို မသိခဲ့ပါ။  ဒါ့အပြင် သူမဆီ ဒီပန်းအိုးကို အမှတ်မထင် ပေးတာလားဆိုတာကိုလည်း သူမ မသိဘူး။  သူမက ပန်းအိုးကိုကိုင်ပြီး ပြုံးပြလိုက်သည်။  “ရှင်က သိပ်တော်တာပဲ

 

 

ချန်ရှို့ကိုးရိုးကားရားနိုင်စွာ ပြုံးလိုက်သည်။  “မင်းအဲ့တာကိုကြိုက်မယ်လို့ မျှော်လင့်တယ်

 

 

ချန်ရှို့က ချန်းယင်ကို ရှေးဟောင်းပစ္စည်းကို ကမ်းလှမ်းဖို့ ကိုယ်တိုင်လာရောက်ခဲ့သည်။  သဘာဝကျကျပဲ ဒီအမူအရာမှာ ဝှက်ထားတဲ့အဓိပ္ပာယ်နဲ့အတူ ချည်နှောင်ထားသည်။

 

 

ချန်ရှို့က ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာပါဝင်ခဲ့ပြီး သရုပ်ဆောင်သြဇာလွှမ်းမိုးမှု အပြည့်အ၀ရရှိရန်အထိ မီဒီယာကိုအသုံးပြုခဲ့သည်။ပြည်သူ့ပုံရိပ်အနေနဲ့ သူ၌ကိုယ်ပိုင်ဘဝမရှိခဲ့ဘူး ပြီးတော့ နာမည်ကြီးရဲ့ဘဝမှာ အရာအားလုံးက ထင်ကြေးတွေအတွက် အသုံးပြုကြရသည်။

 

 

ညအချိန်တွင်

 

 

ချန်ရှို့က ရှေးဟောင်းပစ္စည်းကို ဖြန့်ဝေတဲ့အခါ ကွန်ယက်တစ်ခုလုံးကို သတင်းများနှင့် အတင်းအဖျင်းပြောခြင်းများဖြင့် စန်းပွင့်နေ သည်။

 

 

[ချန်ရှို့ က တန်ဖိုးကြီးတဲ့ ရှေးဟောင်းပန်းအိုးတစ်လုံးကို ချန်းယင်ဆီ ကိုယ်တိုင်ကိုယ်ကျသွားပို့ပေးခဲ့တယ်။ ဒီလိုအလိုလိုက်ထားတဲ့ ရည်းစားမျိုးကို ဘယ်သူကမလိုချင်မှာလဲ? ]

 

 

[သူက ချမ်းသာကြွယ်ဝတဲ့မိသားစုက အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး၊ အင်တာနက်အသုံးပြုသူတွေကြားမှာလည်း ကျော်ကြားတယ်။ သူက အချစ်ရေး၊ သြဇာတိက္ကမနဲ့လည်း ပြည့်နှက်နေတယ်။  ကမ္ဘာကြီးက ငါ့ဆီမှာ ချန်ရှို့ကိုပေးဖို့ ကြွေးတင်နေတယ်!]

 

 

အဆိုပါသတင်းထွက်လာတော့ ချန်ရှို့က သူ့ရဲ့ရည်းစား ချန်းယင်ရဲ့ မျက်နှာသာရရန်အတွက် တစ်ခါပစ်လျှင် ရွှေတစ်ထောင်စီကို လေလံတင်ရောင်းချခဲ့သည်။ကျေနပ်အားရစရာ  အကြောင်းအရာတစ်ခုလုံးက ချန်းယင် အကြောင်းကိုမကြာခဏပြောဆိုပြီး ချန်ရှို့ရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့စရိုက်ကို ပိုမိုအာရုံစိုက်လာကြသည်။

 

 

 အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်နှလုံးတွင်

 

 

 ချန်ရှို့က သူ့ရဲ့ရည်းစားကို အလွန်အမင်း တုန်နေအောင်ချစ်တဲ့သူ ဖြစ်နေသည်။

 

 

 [“ ငါ ချန်းယင်ကို အရမ်းမနာလိုဖြစ်မိတယ်။ ချန်ရှို့လိုမျိုး အဖက်ဖက်က ပြည့်စုံနေတဲ့သူက ရည်းစားတစ်ယောက်ကို အလိုလိုက်ထားတယ်။ သူမရဲ့နောက်ဆုံးဘဝမှာ နဂါးငွေ့တန်းကို သူမသိမ်းဆည်းခဲ့တာများလား? ]

 

 

[“ချန်ရှို့က တကယ့်ကို တစ်စုံတစ်ယောက်ရဲ့ ရည်းစားပဲ။  ငါဒီနေ့ကစပြီး ချန်းယင်က တိုင်းပြည်ထဲမှာ အမျိုးသမီးတွေရဲ့ ပြည်သူ့ရန်သူ ဖြစ်တယ်ဆိုတာကို ငါကြေငြာလိုက်ပြီ ”]

 

 

["ချန်ရှို့က ထူးခြားနေရင်တောင် ကိစ္စမရှိဘူး။ ဒါကြောင့် မဟုတ်တရုတ်တွေ မပြောကြနဲ့။ ငါ ချန်ရှို့ကိုစိတ်မ၀င်စားဘူး။ ပြီးတော့ နင်ပြန်ပေးမှာကိုမလိုလားဘူး။ ”]

 

 

“…”

 

 

ချန်ရှို့က အလွန်ပင်ရက်ရောစွာ သုံးစွဲနေတယ်လို့ ပြောဆိုသူများရှိသော်လည်း အများစုက ချီးမွမ်း စကားကိုဆိုခဲ့ကြသည်။  နောက်ဆုံးတွင် ချန် မိသားစုက ချမ်းသာကြွယ်ဝကြောင်း လူတိုင်းသိပြီး ချန်ရှို့ မှာ ရုပ်ရည်ချောမောမှုနဲ့ ငွေကိုရှာဖွေနေသည်။  ဒီယွမ်သန်း ၂၀ က ချမ်းသာတဲ့ တတိယမျိုးဆက်အတွက် ငွေပမာဏအနည်းငယ်သာဖြစ်သည်။

 

 

အလွန်အမင်းချီးမွမ်းခြင်းက ချန်ရှို့ ကိုအလွန်ကျေနပ်အားရစေသည်။  ဟွာရွေ့ ဥက္ကဌရဲ့ ထပ်ခါတလဲလဲ ငြင်းပယ်ခံရခြင်းအတွက် နောင်တရခြင်းနှင့် နာကြည်းခြင်းတို့က နောက်ဆုံး၌ အနည်းငယ် လျော့ပါးသွားသည်။

 

 

ချန်းယင်လည်း ထိုသတင်းကိုမြင်ခဲ့သည်။  သူမကပန်းအိုးကိုကြည့်ပြီး ပျော်ရွှင်စွာပြုံးလိုက်သည်။ ဒါပေမယ့် ပန်းအိုးပေါ်တွင် အမှောင်ထုဆိုတဲ့ အရိပ်အမြွက်ရှိနေပြီး အဲ့တာကပိုပြီးနက်ရှိုင်းလာတာကို သူမ မသိခဲ့ပေ။

 

 

သူတို့ဥက္ကဌရဲ့ ဖုန်းနံပါတ်ကိုသိရှိပြီးနောက် သူမရဲ့လိပ်စာစာအုပ်မှာ နံပါတ်ကို သိမ်းဆည်းထားပြီးပြီ  ဖြစ်သည်။ သို့သော် သူမအလုပ်များတာနေလို့ သူတို့ရဲ့သူဌေးကို ဖုန်းမခေါ်ခဲ့ပေ။

 

 

ဖိန်နင်က သူတို့ရဲ့ဥက္ကဌက တခြားယောက်ျားတွေနဲ့ မတူဘူးဆိုတာကို သိပြီးနောက် သူမရဲ့အပြုအမူတွေကို သိပ်ပြီးမထင်ရှားစေချင်ဘူး။  သူကအလွယ်တကူ သိမ်းပိုက်လို့ရနိုင်မယ့် လူစားမျိုးမဟုတ်ပေ။  ထို့ကြောင့် သူမရဲ့နှလုံးသားတစ်ဝက်ကို သူတို့ရဲ့ဥက္ကဌကသာ အနိုင်ယူနိုင်လိမ့်မည်ဟု သူမယုံကြည်လက်ခံထားခဲ့သည်။

 

 

 အနက်ရောင် မိုဘိုင်းလ်ဖုန်းရဲ့ ဖန်သားပြင်ပေါ်တွင် အမျိုးမျိုးသော နှစ်သက်ဖွယ်ခံစားမှုများကို ဖိန်နင်ရဲ့ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် တွေ့မြင်နိုင်သည်။  သူမရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုများစွာနှင့် အမှတ်မထင် ပရောပရည်လုပ်ခြင်းများနဲ့ ပြည့်နှက်နေသည်။

 

 

ဖိန်နင်က ဖုန်းကိုညင်ညင်သာသာဖွင့်လိုက်ပြီး ဖုန်းအဆက်အသွယ်ကို ဖွင့်လိုက်သည်။  သူမရဲ့မျက်လုံးတွေက ဥက္ကဌချန်ရဲ့နာမည်မှာ ရောက်နေခဲ့သည်။  သူမရဲ့မျက်ခုံးတွေကိုပင့်ပြီး နာမည်ကို နှိပ်လိုက်သည်။

 

 

မန်နေဂျာက ဖိန်နင်ရဲ့ လုပ်ရပ်များကို တွေ့မြင်ခဲ့သည်။ ထို့ကြောင့် သူက ဖုန်းကိုကြည့်လိုက်တော့ ကံကောင်းစွာနဲ့တိုက်ဆိုင်သွားပြီး ဥက္ကဌချန်ရဲ့နာမည်ကို ဖျက်ခနဲမြင်လိုက်သည်။ သူ လျှော့ရသွားပြီး အံသြသွားသည်။ဥက္ကဌ ချန်! မင်းမှာ သူ့ကိုဆက်သွယ်ဖို့ အချက်အလက်ရှိတာလား?”

 

 

ဖိန်နင်ကပြုံးလိုက်ပြီး ခေါင်းကိုမော့ကာ ဆံပင်ကို နားရွက်နောက်ဆီ မတင်လိုက်သည်။ ဒွိဟဖြစ်တဲ့အမူအရာနဲ့ ဝန်ခံတာကော ငြင်းပယ်တာကိုရော မလုပ်ခဲ့ပေ။

 

 

ဖိန်နင်မှာ အမြဲတမ်းသူတို့ဥက္ကဌ နဲ့ပတ်သက်တဲ့ စိတ်ကူးတွေရှိခဲ့သည်။  မန်နေဂျာက ဒီအကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သိခဲ့ပေမဲ့ ဥက္ကဌချန်ကိုတော့ အမြဲတမ်းနီးစပ်ဖို့ ခက်ခဲခဲ့သည်။  ဒါကြောင့် ဖိန်နင်က သူမရဲ့ကြိုးစားမှုကို ရပ်ဆိုင်းထားလိုက်ပြီလို့ သူထင်ခဲ့သည်။

 

 

 ဒီအကြောင်းကိုစဉ်းစားပြီးနောက် မန်နေဂျာက ဖိန်နင် ဟာဖျော်ဖြေရေးမှာ ပွဲဦးထွက်ကတည်းက ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယုံကြည်ခဲ့သည်။  ကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့ကိုငြင်းပယ်မှာ မဟုတ်ဘူး။

 

 

သူတို့ရဲ့ဥက္ကဌက ဒေါ်လာဘီလီယံနှင့်ချီပြီးချမ်းသာပြီး သူ့ဆီမှာ လှပတဲ့လူမျိုးစုံနှင့် အကျွမ်းတဝင်ရှိကို ရှိရမည်ဖြစ်သော်လည်း ဖိန်နင်ရဲ့ အလှအပနှင့် ဘယ်သူကနှိုင်းယှဉ်နိုင်မှာလဲ?

 

 

ဖိန်နင်က နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အလှဆုံးမျက်နှာ ၁၀၀ ထဲတွင် ထိပ်ဆုံး ၃ နေရာတွင် အခိုင်အမာရပ်တည်ခဲ့သည်။  ဖြစ်ကောင်းဖြစ်နိုင်တာက ဖိန်နင်ရဲ့အလှကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ အသိအမှတ်ပြုတာကိုတောင် ခံခဲ့ရသည်။

 

 

သူမရဲ့မန်နေဂျာထွက်ခွာသွားပြီး တံခါးကိုပိတ်လိုက်ပြီးနောက် ဖိန်နင်က အ၀တ်လဲတဲ့အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေသည်။  ပွဲ မစတင်မီ အချိန်အနည်းငယ် ကျန်ရှိနေသေးတဲ့ အချိန်တိုင်အောင် သူမက သူတို့ရဲ့ဥက္ကဌကို ဖုန်းခေါ်ဖို့ အချိန်ရောက်ပြီလို့ တွေးလိုက်သည်။

 

 

ဖိန်နင်က ချန်ရှု့ရဲ့ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

 

 

ဖုန်းမကိုင်ခင် ဖုန်းသံက ခဏလောက် ပြည်နေခဲ့သည်။ “ဘယ်သူလဲ?”

 

 

သူမ ချန်ရှု့ရဲ့ ကြည်လင်တဲ့အသံကိုကြားပြီး သူ့ရဲ့အေးစက်စက်နိုင်တဲ့အသံရဲ့ အရိပ်အမြွတ်က မြဲမြံနေကာ အဲ့တာက အပျိုပေါက်လို သူမရဲ့နှလုံးသားကို အနည်းငယ်ခုန်ပေါက်သွားစေသည်။

 

 

ဖိန်နင်ရဲ့အသံက နူးညံ့ပြီး ဖြားယောင်းသွေးဆောင်တဲ့ လေသံနဲ့ နှစ်လိုဖွယ်အရမ်းကောင်းသည်။ “ ဟယ်လို၊ ကျွန်မ ဖိန်နင်ပါ ”

 

 

ဖိန်နင် စက္ကန့်အနည်းငယ် စောင့်ဆိုင်းခဲ့ပေမယ့် တုံ့ပြန်မှုမရှိခဲ့ပေ။ ရုတ်တရက်ဆိုသလို ဖုန်းကိုချကာ အလျင်စလို 'လိုင်းကျသွားသည်' ဆိုတဲ့အသံသာ ကျန်ခဲ့တော့သည်။  သူမရဲ့ လှပတဲ့မျက်နှာက ချက်ချင်းမှောင်ကျသွားတော့သည်။  ဥက္ကဌချန်က သူမရဲ့ဖုန်းကို မပြီးပြတ်ဘဲ ချလိုက်တာလား?

 

 

ဖိန်နင်က ချန်ရှု့ရဲ့ ဖုန်းနံပါတ်ကို ပြန်ခေါ်ခဲ့သည်၊ သို့သော် သူမရဲ့နံပါတ်ကို ဘလောခ့် လိုက်တာကြောင့် ဒီတစ်ကြိမ်တွင် ချန်ရှု့ရဲ့ အသံကိုပင်မကြားခဲ့ပေ။

 

 

 ဖိန်နင် အရမ်းဒေါသထွက်သွားပြီး ဖုန်းကိုပစ်ပေါက်လိုက်သည်။  သူမရဲ့ တက်ကြွတဲ့ခံစားချက်တွေကို နားမလည်နိုင်တဲ့အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာရှိသေးလား?

 

 

 ဝမ်ချွမ်းက သူတို့ရဲ့သူဌေးမှာ မိန်းမတစ်ယောက်ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။ အဲ့တာက သူမက သူက အပျော်အပါးလိုက်စားသူ မဟုတ်ခဲ့ကြောင်းကို ပြသခဲ့ပြီးပြီ။ ဒီတော့ ဥက္ကဌချန်က ဘာကြောင့်သူမကို မကြိုက်တာလဲ?

 

 

ဖိန်နင်က သူမရဲ့အသွင်အပြင်ဟာ ဖျော်ဖြေရေးလုပ်ငန်းတွင် ထိပ်တန်းအဆင့်မှာရှိတယ်လို့ ယုံကြည်သည်။ သူ့ရဲ့အလုပ်အကိုင်မှာလည်း ပထမတန်းစားဖြစ်သည်။  ဘယ်သူမှ သူမကိုမယှဉ်နိုင်ဘူး။ ဥက္ကဌချန် သဘောကျတဲ့အမျိုးသမီးက ဘယ်သူလဲ?

 

 

ခဏကြာတော့ မန်နေဂျာက ညနေခင်းပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်ရောက်ပြီဆိုတာ သတိပေးဖို့ တံခါးကိုခေါက်လိုက်သည်။

 

 

ဖိန်နင်ရဲ့လေသံက သူမပြောနေကျ အတိုင်း ပြောလိုက်သည်။ ဒီညပွဲကို ငါမတက်တော့ဘူး ”

 

 

သူမရဲ့မန်နေဂျာက ဘာမှမပြောခဲ့ဘဲ လှုပ်ရှားမှုကနေထွက်သွားဖို့ အကြောင်းပြချက်ကိုရှာတွေ့ထားခဲ့သည်။  ဖိန်နင်က ဥက္ကဌချန်ကို လိုက်ဖို့ခက်ခဲတဲ့အရာတစ်ခုခုနှင့် တွေ့ဆုံခဲ့ဖူးလားလို့ သူတိတ်တဆိတ် တွေးမိခဲ့သည်။

 

 

ဒီအချိန်မှာ ဟွာရွေ့ ရုပ်ရှင်ဌာနက ရုပ်ရှင်အသစ်တစ်ခုကို ပြင်ဆင်နေသည်။

 

 

ယွဲ့ချုံး ကျို့ယွမ်က နိုင်ငံတကာ အရောင်းရဆုံး စာရေးဆရာတစ်ဦး၏ နောက်ဆုံးအလုပ်ဖြစ်ပြီး ပုံနှိပ်ထုတ်ဝေခြင်းခံရသည်။  ၎င်းသည် နယူးယောက်တိုမ်း၏ အရောင်းရဆုံးစာရင်းတွင် ပထမနေရာတွင်ရှိသည်။  မူပိုင်ခွင့်ကို ဟွာရွေ့နဲ့ အခြား သောလီးဝုဒ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတို့က ချက်ချင်း ၀ယ်ယူခဲ့သည်။

 

 

သိပ္ပံဝတ္ထု  ယွဲ့ချုံး ကျို့ယွမ်ရဲ့ သတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးခဲ့ပြီး၊ ဤရုပ်ရှင်၌ ဇာတ်ကောင်နေရာကို ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို အင်တာနက်အသုံးပြုတွေက ဆွေးနွေးနေကြသည်။

 

 

ရုပ်ရှင်ဌာန၏ အကြီးတန်းအမှုဆောင်အရာရှိများစွာသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ကြသည်။  အမျိုးသားဇာတ်လိုက်ကို ဆုံးဖြတ်ထားပြီးဖြစ်သည်။ လက်ရှိရေပန်းစားနေတဲ့ ရုပ်ရှင်မင်းသားဖြစ်သည်။  သို့သော် အမျိုးသမီးဇာတ်လိုက်အတွက်မူ ရွေးချယ်စရာများစွာရှိသည်။  ဒါကြောင့် ဘယ်သူ့ကိုသရုပ်ဆောင်စေရမလဲဆိုတာက ဆုံးဖြတ်ရတာပိုခက်သည်။

 

 

 “ချန်းယင်ရဲ့ အဖွဲ့က ကျွန်တော်တို့ကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တယ် ပြီးတော့ သူမက ဒီဇာတ်ကောင်ကို အရမ်းစိတ်ဝင်စားပုံရတယ်

 

 

ဖိန်နင်က ငါတို့ ကုမ္ပဏီမှာ လူကြိုက်အများဆုံးအနုပညာရှင်ဖြစ်ပြီးတော့ ကမ္ဘာမှာလည်း အရမ်းကျော်ကြားတယ်။ သူမက စာချုပ်သက်တမ်းတိုးလိုက်တာကြောင့် သူမကို ဒီဇာတ်ကောင်မှာ ဘာကြောင့်ပါခွင့်မပြုရမှာလဲ?”

 

 

 “ ဝေရှီအုပ်စုမှာ အဲ့ဒိနေ့က တွေ့ခဲ့တာကို မင်းမှတ်မိသေးလား? ” အချိန် ကြာမြင့်စွာတိတ်ဆိတ်ပြီးနောက် ဝမ်ချွမ်းက ရုတ်တရက် စကားပြောခဲ့သည်။

 

 

 ဒီစာကြောင်းက လူတိုင်းရဲ့ မှတ်ဉာဏ်တွေကို နှိုးဆွခဲ့သည်။  အဲ့တာကို အကြီးတန်း အမှုဆောင် အရာရှိများက မြင်တွေ့ခဲ့ရပြီးပြီဖြစ်သည်။ အခြားမည်သည့်အမျိုးသမီးကိုမှ စိတ်၀င်စားခြင်းမရှိတဲ့ သူတို့ရဲ့ဥက္ကဌချန်က ယဲ့ဆွေကို သူ့ရဲ့အမည်ကို ခေါ်ဖို့ခွင့်ပြုထားခဲ့သည်။  နောက်ဆုံးတွင် သူကသူမအား ဒိတ်တစ်ခုဖြင့်ပင် ခေါ်ဆောင်သွားခဲ့သည်။

 

 

ဝမ်ချွမ်းရဲ့ မျက်လုံးများက တောက်ပလာသည်။ “ ဥက္ကဌက ယဲ့ဆွေကို ကြိုက်တယ် ”

 

 

ခေါင်းဆောင် ​ဇာတ်ဆောင်က အရေးကြီးလား ဒါမှမဟုတ် သူဌေး လိုက်နေတဲ့ ဒီပုဂ္ဂိုလ်က အရေးကြီးလား?သေချာတာကတော့ ဒီပုဂ္ဂိုလ်က အနာဂတ်မှာ သူတို့သူဌေးရဲ့ဇနီးပဲဖြစ်ရမည်။

 

 

သူတို့ရဲ့သူဌေးက ထိုအရာကို မဖော်ပြသော်လည်း အခြားအမှုဆောင်အရာရှိများက သူ့ကိုအားပေးနေတယ်ဆိုတဲ့ အချက်ကိုသူမခံယူနိုင်ခဲ့ပေ။  သူတို့ကတစ်ချိန်တည်းတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး မကြာသေးမီက လူကြိုက်များလာခဲ့သော လူငယ်အနုပညာရှင် ယဲ့ဆွေအား ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်တဲ့ သံလွင်ခက်ကို ကမ်းလှမ်းခဲ့သည်။

 

 

ရလဒ်မှာ နောက်ခံမရှိတဲ့ ကုမ္ပဏီလေးနှင့် ၁၈ ဆင့်မှာ ကျော်ကြားသူဖြစ်တဲ့ ယဲ့ဆွေကို နံပါတ်တစ်ဖျော်ဖြေရေးကုမ္ပဏီမှ ရွေးချယ်ခဲ့သည်။

 

 

ရန်ကျဲက ယဲ့ဆွေရဲ့ ကံကောင်းခြင်းဟာ မည်မျှကောင်းမွန်နိုင်ကြောင်းကိုလည်း နားမလည်ခဲ့ပေ။ သူမက  ဇာတ်ညွှန်းကိုယူခဲ့ပြီး ယဲ့ဆွေကိုရှာကာ ယွဲ့ချုံး ကျို့ယွမ် ရုပ်ရှင်ကို မိတ်ဆက်ခဲ့သည်။

 

 

နိုင်ငံတကာဆုတွေထဲမှာ အရောင်းရဆုံးစာရေးဆရာ၊ အနောက်ကျဆုံး အပြောင်မြောက်ဆုံးလက်ရာ နဲ့ အကြီးမားဆုံးရုပ်ရှင်။  ရင်းနှီးမြှုပ်နှံသူအနေဖြင့် သွာရွေ့၊ ပုဂ္ဂိုလ်ရေးလမ်းညွှန်သူတစ်ဦးလုပ်မယ့် ကမ္ဘာအနှံ့က ဒါရိုက်တာ နဲ့ သူမနှင့်လိုက်ဖက်သည့် အကောင်းဆုံးမင်းသား ........

 

 

အချက်တိုင်းက တစ်ခုဆီကို ထောက်ပြထားသည်။  ဒီရုပ်ရှင်က ကျိန်းသေ ကျော်ကြားလာလိမ့်မည်။

 

 

ရန်ကျဲ - “ ယဲ့ဆွေ၊ နင်ဒီအခွင့်အရေးကောင်းကို အမိအရဆုပ်ကိုင်ထားရမယ်။ ”

 

 

ယဲ့ဆွေက ဂရုတစိုက်နဲ့ နည်းနည်းလေး စဉ်းစားခဲ့သည်။အင်တာနက်ပေါ်က ဆွေးနွေးမှုအကြောင်းကို သူမကြားထားပြီးပြီ။ များစွာသော သရုပ်ဆောင်တွေက ဟွာရွေ့ ရဲ့ ရုပ်ရှင်နှင့်ပတ်သက်ပြီး တွေးခဲ့ကြသည်။ ဖိန်နင် နှင့် ချန်းယင်တို့ပင် အဲ့ဇာတ်ကောင်ကို ရယူချင်ကြောင်းကို သူမသိရှိခဲ့ရသည်။

 

 

ယဲ့ဆွေရဲ့အနုပညာလုပ်ငန်းသက်တမ်းက သိမကြာသေးဘူး။ ပြီးတော့  'အိမ်ရှေ့စံမင်းသား' ထုတ်လွှင့်မှုကြောင့် သူမကနာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ကြယ်ပွင့်သေးသေးလေးတစ်ခုဆိုတာကိုလည်း သဘောပေါက်နားလည်ထားသည်။  နောက်ပိုင်းမှာတော့ ဒီအရှုပ်တော်ပုံ မှတ်ချက်တွေကို အနည်းငယ်ဆေးကြောခဲ့သည်။ ထပ်ပေါင်းပြောရရင် အခြားနာမည်ကြီးတွေနဲ့ နှိုင်းယှဉ်ပါကသူမရဲ့followerတွေက သူမရဲ့ anti-ဖန်တွေလို အများကြီးမရှိနေပေ။

 

 

ယဲ့ဆွေက မည်သည့်ရှုထောင့်မှမဆို ဒီရုပ်ရှင်ကို လက်ခံဖို့ မထိုက်တန်ပေ။

 

 

 ဒီလိုမျိုး ကြီးမားတဲ့ ဟွာရွေ့ ကုမ္ပဏီကြီးက ဘာကြောင့်ဒီရုပ်ရှင်ကို လူမရွေးဘဲနဲ့ သူမကို အတူပူးပေါင်းပါဝင်စေခဲ့တာလဲ?   ထို့အပြင် သူမထိုကဲ့သို့သော ကောင်းတဲ့ အသင်းနဲ့ အတူပူးပေါင်းဖို့ မျှော်နေခဲ့တာ ဖြစ်သည်။ ဤအချိန်က ကမ်းလှမ်းမှုက စစ်မှန်ပြီး ကောင်းလွန်းသည်။  ဒီနောက်ကွယ်မှာထူးဆန်းတဲ့အရာတစ်ခုရှိတယ်လို့ သူမအမြဲခံစားခဲ့ရသည်။

 

 

ယဲ့ဆွေ ချီတုံချတုံဖြစ်နေတာကို ရန်ကျဲ မြင်လိုက်တဲ့အခါ “ယဲ့ဆွေ၊ နင် ဥက္ကဌချန်ကို သိလား?”လို့ မေးလိုက်သည်။

 

 

ယဲ့ဆွေက ရန်ကျဲကို ကြည့်လိုက်သည်။ ဟွာရွေ့ရဲ့ဥက္ကဌက သူ့အကြောင်း အတင်းအဖျင်းတွေပြောထားတဲ့ တော်တော်များများကြောင့် ကျော်ကြားကြောင်းကို သူမသိထားပြီးပြီဖြစ်သည်။ ဥက္ကဌချန်က အထူးလျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စများကို ကာကွယ်ထားတာကို အဲ့တာကပြောပြနေသည်။  ထိပ်တန်းအမှုဆောင်များအပြင် အခြား၀န်ထမ်းများလည်း သူ့ကိုတစ်ခါမှမမြင်ဖူးကြပေ။

 

 

ဒီဥက္ကဌချန်က မည်သူမည်ဝါဖြစ်ကြောင်းကို ဘယ်သူမှမသိပေမယ့် သူပြောတဲ့စကားတစ်ခွန်းက ဖျော်ဖြေရေးအသိုင့းအဝိုင်းရဲ့ လမ်းစဉ်ကို ချက်ချင်းပြောင်းလဲပစ်နိုင်သည်မှာ သေချာသည်။

 

 

သို့သော် ရန်ကျဲက သူမကို ဟွာရွေ့ ဥက္ကဌအကြောင်း ရုတ်တရက်ကြီး ဘာကြောင့်ပြောနေတာလဲ?

 

 

ယဲ့ဆွေ၊ ငါထင်တယ်.....” ရန်ကျဲမှာ သူမရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေရှိသည်။  “ဟွာရွေ့ ရဲ့ဥက္ကဌက မင်းအပေါ်တစ်ဖက်သတ် စိတ်ဝင်စားနေတာ ဖြစ်နိုင်တယ်

 

 

 ရန်ကျဲရဲ့အကြောင်းပြချက်က အရမ်းရိုးရှင်းသည်။  သူမက ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အချိန်အတော်ကြာပါဝင်ခဲ့ပြီး အနုပညာရှင်များစွာကိုလည်း ခေါ်ဆောင်ခဲ့သည်။ သူမဆီမှာ ထိုကဲ့သို့သောကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ဘယ်သောအခါမျှ စိတ်ကူး၍မရခဲ့ပေ။ သူမရဲ့ကုမ္ပဏီသို့ တင်သွင်းခြင်းတစ်စုံတစ်ရာရှိခြင်းမဟုတ်ပါ။

 

 

ဟွာရွေ့မှာ ကျော်ကြားပြီး သြဇာရှိတဲ့အနုပညာရှင်တွေ အများကြီးရှိသည်။ ဒါကြောင့် ဘာကြောင့်မို့သူတို့က ယဲ့ဆွေကို  ဒီရုပ်ရှင်မှာ ဦး ဆောင်ဖို့ ရွေးချယ်ခဲ့တာလဲ? ဒါ့အပြင် ယဲ့ဆွေ ဒီအကြောင်းဘာမှမသိခဲ့ပေ။  အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့လူကို သူမစိတ်ဝင်စားပုံရသည်။

 

 

ယဲ့ဆွေက ရန်ကျဲကို မယုံတာကြောင့် ခဏတွန့်ဆုတ်နေသည်။

 

 

 “ကျွန်က လက်ထပ်ထားပြီးပြီ ” ယဲ့ဆွေက ရန်ကျဲကို သူမရဲ့တောက်ပတဲ့မျက်လုံးများနှင့် ကြည့်လိုက်သည်။  ချန်ရှု့ရဲ့ မျက်နှာမှ အလင်းရောင်က သူမရဲ့စိတ်ကို ဖြတ်သန်းလာခဲ့သည်။ သူက အမြဲဖျော့တော့ပြီး စကားလုံးတစ်လုံးမှ ပြောမဟုတ်ဘူး။

 

 

ဘဝက တီဗီရှိုးမဟုတ်ပေ။   ဟွာရွေ့ရဲ့ဥက္ကဌမှာ သူမနှင့်ပတ်သက်ဖို့ စိတ်ကူးတွေရှိထားကြောင်းနဲ့ ပတ်သက်ပြီး သူမ မယုံကြည်ခဲ့ပေ။

 

 

 ဟောလီးဝုဒ်ရဲ့ အောင်မြင်မှုကြောင့် ဆွဲဆောင်ခံနေရတဲ့ ယဲ့ဆွေက အကြောင်းအရာတစ်ခုကို စဉ်းစားမိသွားသည်။ သေးငယ်တဲ့ လူကြိုက်များမှုသည် မြှောက်ပင့်ခြင်းအပေါ်မှီခိုသည်။  လူကြိုက်များမှု ကံကြမ္မာအပေါ်မူတည်သည်။  ချော့မော့ရန်ကြိုးစားခြင်းသည် ကောင်းကင်၏ အမျက်ဒေါသကို ဖြစ်စေသည်။  (T / N: သင်ကအရည်အချင်းရှိရင်တောင်မှ နောက်ခံ၊ တံဆိပ်မရှိရင် ထင်ရှားပေါ်လွင်ဖို့ အရမ်းခက်လိမ့်မယ်။ )

 

 

ယဲ့ဆွေ ရဲ့ ဖျော်ဖြေရေးလုပ်ငန်းရဲ့ လက်ရှိအခြေအနေအရ ခြေလှမ်းတွေကိုလိုက်ပြီး ခြေကုပ်ရယူနိုင်ဖို့အတွက် သူမရဲ့စွမ်းအားကို အားကိုးဖို့ အကောင်းဆုံးဖြစ်သည်။ ယဲ့ဆွေက ဒီကြီးမားတဲ့ရုပ်ရှင်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ကိုတွေ့ဖို့ အလွန်ဝေးကွာလွန်းတဲ့အတွက် ဟောလိီးဝုဒ်ကို မသွားချင်ဘူး။ အခုတော့ သူမက သူနဲ့သာနေချင်ခဲ့သည်။

 

 

 ချန်ရှု့က သူမရဲ့အဆောင်လက်ဖွဲ့ဖြစ်ခဲ့သည်။  ထို့အပြင် သူမသရဲတစ္ဆေကို ကြောက်ခဲ့သည်။  တိုတောင်းသော အချိန်တောင်မှ သူမရဲ့ခင်ပွန်းနားမှ ထွက်သွားမှာမဟုတ်ဘူး။