အပိုင်း ၁၁၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁၀ - ယဲ့ဆွေလေး

 

 

 

 

 ဆောင်းရာသီဖြစ်သော်လည်း ယခုအချိန်တွင် အပူချိန်က သိသိသာသာ မြင့်တက်လာခဲ့သည်။  ၎င်းသည်အပူပေးစက်ကြောင့် ဖြစ်နိုင်သလို အခြားအရာတစ်ခုလည်း ဖြစ်နိုင်သည်။

 

 

လေထုကအေးခဲသွားပုံရပြီး တိတ်ဆိတ်တဲ့အထဲမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ နှလုံးခုန်သံကိုသူတို့ကြားနိုင်ခဲ့သည်။  သို့သော် ဤအရာကို ဆက်၍ မလုပ်ဆောင်နိုင်ခဲ့ပါ။  သူတို့ထဲက တစ်ယောက်က အဆင်မပြေမှုကိုချိုးဖျက်ရမယ်။

 

 

"မင်း .... "

 

 

"ရှင် .... "

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့သည် တစ်ပြိုင်နက်တည်း စကားပြောပြီးနောက် အတူတကွရပ်တန့်ကာ တစ်ဖက်လူပြောလာမှာကို အရင်စောင့်နေကြသည်။

 

 

  "ရှင်အရင်ပြော.... "

 

 

 "မင်းအရင်ပြော.....''

 

 

သူတို့နှစ်ဦးက တူညီသောစကားများကို ထပ်ခါတလဲလဲပြောသောအခါ အဆင်မပြေသောလေထုက ပြန်ပေါ်လာခဲ့သည်။  နှစ်ယောက်သားနောက်ထပ် တိတ်ဆိတ်သွားပြန်သည်။

 

 

 နောက်ဆုံးတွင် ချန်ရှု့က "မင်း အစောက တော်တော်လေးအလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"လို့ ပြောလိုက်သည်။

 

 

ယဲဆွေက ချန်ရှု့၏ မျက်လုံးထဲသို့ တိုက်ရိုက် မကြည့်ရဲပေ။  သူမက သူမရဲ့အကြည့်တွေကို သူ့ရဲ့နှာတံထက်မှာ အသေထားလိုက်သည်။  "အခန်းထဲမှာ သရဲရှိတယ်၊ ဒါပေမယ့် ကျွန်မ အဲ့ဒါကို အစောကမတွေ့ခဲ့ဘူး"

 

 

ယဲ့ဆွေပြောလို့ပြီးသွားသည်နှင့် ချန်ရှု့ရဲ့ အနောက်ဘက်မှ မှန်၌အပြောင်းအလဲအချို့ကို သူမ သတိပြုမိလိုက်သည်။

 

 

ရေချိုးခြင်းကြောင့် မှန်ကိုပါးလွှာသောရေငွေ့များဖြင့် ဖုံးအုပ်ထားသည်။  ယခုအခါ၎င်းတွင် " အက်ဝက်ဒ်" ဟူသော စာကြောင်းတစ်ကြောင်း ရေးထားခဲ့လေသည်။

 

 

 နာမည်တစ်ခုပဲ။

 

 

ယဲ့ဆွေ ကြောက်ရွံ့သွားပြီး ချန်ရှုရဲ့ ရေချိုးဝတ်ရုံကို မသိစိတ်ကဆွဲလိုက်ပြီး သူမအနားသို့ သူ့ကိုဆွဲလိုက်သည်။ သူမက နိုင်ငံခြားသရဲကို တစ်ခါမှမမြင်ဖူးပေ။  ဘယ်သူသိမှာလဲ။  သူတို့က ချန်ရှု့ကိုကြောက်ရင်ကော ....

 

 

   ယဲ့ဆွေ၏ ရုတ်တရက် လုပ်ရပ်များကြောင့် ချန်ရှု့က ချက်ချင်း တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ။ သူဆွဲခေါ်ခံလိုက်ရပြီး သူ့ကိုခြေလှမ်းအနည်းငယ်ရှေ့တိုးစေခဲ့သည်။

 

 

ချန်ရှု့ အဆွဲခံလိုက်ရသကဲ့သို့ ယဲ့ဆွေက သူ့ရဲ့ရေချိုးဝတ်ရုံကိုလည်း ဆွဲချွတ်မိလိုက်သည်။ အဲ့တာက ခိုင်မြဲစွာ မချည်နှောင်ထားတာကြောင့် အားစိုက်ဆွဲပြီးနောက် ရေချိုးဝတ်ရုံက ပြေသွားလေသည်။

 

 

 ချန်ရှု့ရဲ့ပုခုံးတွေနဲ့ သူ့ရဲ့ရင်ဘတ်တစ်ဝက်ကျော်က ပေါ်ထွက်လာခဲ့သည်။  သူကယဲ့ဆွေ၏ ဦးတည်ချက်အတိုင်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်သောကြောင့် သူတို့နှစ်ဦးက အလွန်တရာနီးကပ်နေပြီး တိတ်ဆိတ်မှုဖြင့်ဝန်းရံသွားတော့သည်။

 

 

  ယဲ့ဆွေရဲ့ဝင်သက်ထွက်သက်က ချန်ရှု့၏ အသားအရေကို ထိမိနေပြီး သူ၏ အာရုံများကို တုန်လှုပ်စေသည်။

 

 

ယဲ့ဆွေက ချန်ရှု့၏ ရေချိုးဝတ်ရုံကို ပြန်ဆွဲတင်ပေးဖို့ ချက်ချင်း ကြိုးစားလိုက်သည်။  သူမက မလွှဲမရှောင်သာဘဲ သူ့အရေပြားကို တို့ထိမိသွားတော့ အဲ့တာက အနည်းငယ်ယားသွားစေသည်။

 

 

သူမက ချန်ရှု့ရဲ့ အသားကို တို့ထိလိုက်တာနဲ့ သရဲတစ္ဆေကို မမြင်ရဘူးဆိုတာ သူမ လုံးဝမေ့သွားခဲ့သည်။

 

 

ယဲ့ဆွေရဲ့ လက်ချောင်းတွေက အေးစက်နေပြီး ချန်ရှု့က ရေချိုးပြီးနောက်ပူလာခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ နီရဲနေတဲ့မျက်နှာကိုကြည့်လိုက်ပြီး သူမမျက်နှာ၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ သူက သူမကို သူ့ရဲ့ရေချိုးဝတ်ရုံကို တင်းကျပ်အောင်လုပ်ခွင့်ပြုထားပြီး သူမကို ကူညီဖို့ မစဉ်းစားခဲ့ဘူး။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ ရေချိုးဝတ်ရုံကို ဆွဲယူပြီးနောက် သူမရဲ့နဖူးပေါ်၌ ချွေးပါးပါးလေးများဖြင့် ဖုံးအုပ်နေလေသည်။

 

 

 ယဲ့ဆွေက ဤအဖြစ်အပျက်များကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။  အခြေအနေက သူမကို အသက်ရှုကျပ်စေခဲ့သည်။  "ရှင့်ရဲ့အဝတ်အစားတွေကို ဝတ်လိုက် "

 

 

  ချန်ရှု့က ရုတ်တရက် အနည်းငယ်အောက်သို့ ငုံ့ကိုင်းလာခဲ့သည်။  ယဲ့ဆွေရဲ့ပါးပြင်များက နီရဲလာပြီးပူလာခဲ့သည်။ ပြီးတော့ သူမရဲ့နှုတ်ခမ်းတွေပေါ်၌ ပေါ့ပါးသောအနမ်းက ကျရောက်လာခဲ့သည်။

 

 

ချန်ရှု့က အလျင်အမြန်ပဲ မတ်တပ်ရပ်လိုက်ပြီး သူ့နှုတ်ခမ်းကို ဖယ်ပေးလိုက်သည်။

 

 

ယဲ့ဆွေက ရှက်သွေးဖြာလာပြီး ချန်ရှု့ရဲ့နှုတ်ခမ်းတွေကို သူမရဲ့နွေးထွေးတဲ့ လက်နဲ့ ဖုံးအုပ်လိုက်သည်။ "အခု ရှင့်ကို နမ်းခွင့်မပေးဘူး။ ရှင့် အ၀တ်တွေကို အရင်လဲလိုက် "

 

 

ချန်ရှု့က နာခံစွာနဲ့ ရေချိုးခန်းထဲလမ်းလျှောက်ဝင်သွားတဲ့အခါ ယဲ့ဆွေက ရုတ်တရက် အော်လိုက်သည်။ "ခဏလေး။ တံခါးကိုမပိတ်နဲ့"

 

 

ချန်ရှု့ ကြောင်သွားလေသည်။ ယဲ့ဆွေရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာပြီး သူမကရှင်းပြဖို့ စကားတွေ ထစ်ကုန်လေသည်။  "ကျွန်မ ........ ကျွန်မ နောက်လှည့်ထားမယ်။တံခါး...... တံခါးကိုမပိတ်ပါနဲ့"

 

 

မှန်ထဲမှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ စကားလုံးကို မြင်လိုက်ကတည်းက သူမကြောက်ရွံ့တာကြောင့် အခန်းထဲမှာတစ်ယောက်တည်း မနေချင်တော့ဘူး။

 

 

စကားပြောပြီးသောအခါ ယဲ့ဆွေနောက်ဘက်လှည့်လိုက်ပြီး သူမရဲ့အနောက်မှ အဝတ်အစားလဲနေတဲ့အသံထွက်လာခဲ့သည်။

 

 

  "ရပြီချန်ရှု့ လျင်မြန်စွာ ရွေ့လျားခဲ့သော်လည်း ယဲ့ဆွေက လှည့်မကြည့်ခဲ့ပေ။ သူက သူမဆီလျှောက်သွားလိုက်ပြီး "ကိုယ်ပြီးသွားပြီ" လို့အကူအညီမဲ့စွာ ပြောခဲ့သည်။

 

 

ယဲ့ဆွေ အသက်ပြင်းပြင်းရှူလိုက်ပြီး ချန်ရှု့ကိုမကြည့်ရဲသေးပေ။  သူမက ချန်ရှု့ရဲ့အသားကို ရှောင်ပြီး မှန်ပေါ်က စကားလုံးတွေအားသူ့ကိုပြဖို့အတွက် သူ့အ၀တ်ကိုဆွဲလိုက်သည်။

 

 

ချန်ရှု့ မျက်မှောင်ကျုံ့လိုက်သည်။  "ဒါက သရဲရဲ့နာမည်ပဲ"

 

 

ယဲ့ဆွေက အခန်းတစ်ဝိုက်ကို ဝှေ့ကြည့်လိုက်သော်လည်း သရဲ၏ အရိပ်အယောင်ကို မတွေ့ရပေ။  သူမအခုမှ ချန်ရှု့ကို ထိမိခဲ့တာကို သိသွားသည်။ ဒါကြောင့်မို့ အဲဒါကိုမြင်ရဖို့ နည်းနည်းကြာလိမ့်မည်။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့က ကုတင်ခြေရင်းတွင်ထိုင်ပြီး သရဲပေါ်လာမှာကို စောင့်ဆိုင်းနေခဲ့ရသည်။ မဟုတ်ရင် ဒီညသူတို့ကောင်းကောင်း အိပ်ပျော်မှာမဟုတ်ဘူး။

 

 

 အဲ့တာကသရဲကြောက်တဲ့ ယန်စွမ်းအား ဒါမှမဟုတ် တခြားအကြောင်းပြချက်တွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့် အရင်သဘာဝလွန်ဖြစ်ရပ်များက ထပ်မံမဖြစ်ပွားခဲ့ပါ။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့က သရဲပေါ်လာဖို့အတွက်ကို တစ်နာရီကျော်ခန့်စောင့်ဆိုင်းခဲ့ကြသည်။

 

 

 တစ်ရက်လုံးလေယာဉ်စီးလာခဲ့ရတာကြောင့် ယဲ့ဆွေက အရမ်းအိပ်ငိုက်လာပြီး မျက်လုံးမဖွင့်နိုင်တော့ပေ။ ချန်ရှု့က သူမရဲ့အမူအရာကို မြင်လိုက်သည်နှင့် ရုတ်တရက် ထလိုက်သည်။

 

 

ယဲ့ဆွေက  ချန်ရှု့ကိုကြည့်ပြီး မေးလိုက်သည်။ "ရှင်ဘာသွားလုပ်မလို့လဲ? "

 

 

ချန်ရှု့က မီးခလုတ်ဆီ လမ်းလျှောက်သွားပြီး မီးပိတ်ပေးလိုက်သည်။ "ကိုယ်မီးပိတ်လိုက်ပြီ။ မင်းသွားအိပ်လိုက်တော့ "

 

 

  ကလစ်တစ်ချက်နှိပ်လိုက်ရုံနှင့် အပေါ်မှအလင်းရောင်က မှိတ်သွားပြီး အိပ်ရာဘေးတွင်မီးအိမ်ငယ်တစ်လုံးသာကျန်ရစ်ခဲ့သည်။  နူးညံ့သောအလင်းရောင်က ညင်ညင်သာသာ တောက်ပနေလေသည်။

 

 

ချန်ရှု့ရပ်နေသည့်နေရာရှိ အလင်းရောင်က မှိန်နေသည်။ အလင်းရောင်က သူ့အား ရုတ်တရက် ငြိမ်သက်သွားစေသကဲ့သို့ သူ့အပေါ်သို့ကျရောက်နေခဲ့သည်။

 

 

ယဲ့ဆွေက စကားတစ်လုံးမှမပြောဘဲ ချန်ရှု့၏အပြုအမူကိုကြည့်လိုက်သည်။ သူမက စောင်ကို တိတ်တိတ်လေးဟလိုက်ပြီး ကုတင်ဘေးတစ်ဖက်မှာ အိပ်လိုက်သည်။

 

 

ယဲ့ဆွေ၏ အိပ်ငိုက်မှုသည် အနည်းငယ် ပျောက်ကွယ်သွားသော်လည်း ချန်ရှု့ သူမအနားသို့ချဥ်းကပ်လာသောအခါ သူမ ပိုပြီးတည်ငြိမ်လာသည်။

 

 

သူမက ကုတင်ပေါ်တွင် တည့်တည့်မတ်မတ် လဲလျောင်းနေပြီး လှည့်လည်းမလှည့်ရဲသလို လှုပ်လည်းမလှုပ်ရဲပေ။ ချန်ရှု့ သူမဘေးတွင် လှဲလိုက်သောအခါ သူမ၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။

 

 

 ချန်ရှု့က ကုတင်ဘေးမှမီးအိမ်ကိုပိတ်လိုက်တော့ တစ်ခန်းလုံးအမှောင်ကျသွားလေသည်။ လိုက်ကာတွေက အလွန်ထူတာကြောင့် လရောင်ကိုတောင်ကွယ်ထားလေသည်။

 

 

ယဲ့ဆွေက ချန်ရှု့ သူမအနားကိုရွှေ့လာတာကို သတိထားမိလိုက်သည်။  သူမဘေးကလူရဲ့လှုပ်ရှားမှုတွေကို ခံစားဖို့ သူမအသက်ရှုမဝတော့ဘူး။

 

 

နောက်စက္ကန့်ပိုင်း၌ သူမဘေးကချန်ရှု့က ယဲ့ဆွေ၏လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး နွေးထွေးမှုက သူမလက်ဖျားတိုင်းသို့ ရောက်ရှိလာခဲ့သည်။

 

 

ချန်ရှု့က သူမရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး "အိပ်တော့"လို့ပြောလိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေ အစောကသရဲကိုကြောက်နေသေးသဖြင့် စိုးရိမ်ပြီးတော့ သူကသူမရဲ့လက်ကိုတိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ကိစ္စမရှိဘူး။ အဲ့တာကို သူမကိုနှောင့်ယှက်နိုင်တော့မှာမဟုတ်ဘူး။

 

 

  ယဲ့ဆွေ၏နှလုံးက ရုတ်တရက်ငြိမ်သက်သွားသည်။  သူမကအမှောင်ထဲမှာ ပြုံးနေခဲ့သည်။ "Good night"

 

 

ခဏကြာတော့ ချန်ရှု့ရဲ့ အသံသြသြကြီးကို ကြားလိုက်ရသည်။  "Good night"

 

 

 အိမ်မက်လှလှမက်ပါစေ။

 

 

  ဘာလင်ရုပ်ရှင်ပွဲတော်မစခင် ယဲ့ဆွေကပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ရသည်။

 

 

 Dior က ယဲ့ဆွေအား နောက်ဆုံးထွက် ဒီဇိုင်းကို ငှားခဲ့သည်။ ဤအနက်ရောင်ဝတ်စုံကို ကမ္ဘာပေါ်တွင် မည်သူမျှမဝတ်ခဲ့ကြသောကြောင့် ယဲ့ဆွေက ရှင်းလင်းစွာဘဲ နှစ်သက်ခဲ့သည်။

 

 

 မူလကတော့ အချို့သော နိုင်ငံခြားမင်းသမီးများက ဤဝတ်စုံကိုငှားချင်ကြသည်။  ဒါပေမယ့် ဒီဇိုင်နာက ယဲ့ဆွေအပေါ် မျက်စိကျနေတာနဲ့ သူမရဲ့စိတ်နေစိတ်ထားက အသင့်တော်ဆုံးဆိုတာကို သူမချက်ချင်းသိလိုက်ရသည်။

 

 

ဟွာရွေ့က ယဲ့ဆွေအတွက် နိုင်ငံတကာ စူပါစတားလမ်းကြောင်းတစ်ခုကို စီစဉ်ခဲ့သည်။  ဒါက နိုင်ငံခြားရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ်တက်ရောက်တာဖြစ်တာမို့ သူမအနေနဲ့ မီဒီယာနှင့်ပရိသတ်အပေါ် ထာဝရအထင်ကြီးမှုတစ်ခု ထားခဲ့ချင်သည်။

 

 

 Dior က ယဲ့ဆွေအတွက် အနက်ရောင် ၀တ်စုံအရှည်ကို အထူးရွေးချယ်ထားခဲ့သည်။ ၎င်းသည် မရှုပ်ထွေးသော်လည်း ပိုမိုမွန်မြတ်ပြီး ကျက်သရေရှိသည်။

 

 

ချန်ရှု့က သူမရဲ့ဝတ်စုံကိုဝတ်ဆင်ဖို့ ယဲ့ဆွေနှင့်အတူ လိုက်ပါခဲ့သည်။

 

 

ယဲ့ဆွေက အဝတ်လဲခန်းထဲသို့ လမ်းလျှောက်သွားလိုက်ပြီး Dior ၀န်ထမ်းက သူမအားအ၀တ်စားဝတ်ဖို့အတွက် ကူညီပေးခဲ့သည်။ ချန်ရှု့က အပြင်မှာစောင့်နေခဲ့သည်။

 

 

သူမအခန်းထဲမှထွက်လာစဉ် အနက်ရောင်ဝတ်စုံအရှည်က သူမနှင့်အတူယိမ်းနွဲ့နေသည်။ သူမမျက်နှာကို မော့ကြည့်လိုက်တော့ ချန်ရှု့ ရဲ့နက်ရှိုင်းသောအကြည့်နဲ့ ဆုံသွားခဲ့သည်။

 

 

ချန်ရှု့က အဲ့နေရာမှာ ထိုင်နေသည်။ သတို့သားက သတို့သမီးကို စောင့်နေသည့်သူတွေလို မျက်လုံးတွေက တောက်ပနေလေသည်။

 

 

ညနေခင်းဝတ်စုံဒီဇိုင်းက ပခုံးသိုင်ကြိုးမပါဘဲ  သူမ၏လှပသောညှပ်ရိုးကို ပြသနေသည်။ မီးရောင်အောက်၌ ထူးခြားစွာစွဲမက်စေခဲ့သည်။

 

 

ယဲ့ဆွေက နှုတ်ခမ်းကိုကွေးပြီး ချန်ရှု့ကိုပြုံးပြလိုက်သည်။  သူမက လှည့်ပတ်ကြည့်လိုက်သည်။ အခြားမည်သူမျှ အာရုံစိုက်မနေစဥ် သူမကမျက်လုံးထဲတွင် မရိုးသားသောအပြုံးတစ်ခုနှင့် သူမရဲ့လက်ညှိုးကို သူ့ဆီသို့ထိုးပြလိုက်သည်။

 

 

 ချန်ရှု့ရဲ့ အာဒမ်ပန်းသီးက အပေါ်အောက်လှိမ့်ဆင်းသွားသည်။ သူက နူးညံ့စွာပြုံးပြီး ဘာမှမပြောခဲ့ဘူး။

 

 

ယဲ့ဆွေ အလုပ်လုပ်ဖို့ သွားနေသည်မို့ ချန်ရှု့က သူမနှင့်အတူမသွားနိုင်ခဲ့ပေ။ ကော်ဇောနီပေါ်မှာ ကင်မရာတွေအများကြီးရှိသည်။ ​​သတင်းထောက်တော်တော်များများက ယဲ့ဆွေကို စောင့်ကြည့်နေလိမ့်မယ်ဆိုတာကို ပြောစရာတောင်မလိုဘူး။

 

 

  ကားကရုပ်ရှင်ပွဲတော်ဆီသို့ ဖြည်းဖြည်းလေး မောင်းသွားခဲ့သည်။

 

 

ယဲ့ဆွေက သူမ၏အ၀တ်အစားကို လဲနေစဉ် အမျိုးသမီးစတားတစ်ဦးက ဘာလင်သို့ရောက်ရှိလာခဲ့သည်။

 

 

တန့်ကျွီရဲ့ အဖွဲ့က သူမအား ကော်ဇောနီပေါ်တွင် ယဲ့ဆွေ နှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်။

 

 

ဟုတ်တာပေါ့ တန့်ကျွီလိုမျိုး စတားလေးအတွက် Dior အဆင့်အမြင့်ဆုံး ဝတ်စုံကို ချေးငှားဖို့မဖြစ်နိုင်ပေ။ အခြားဘရန်းတံဆိပ်တွေနဲ့လည်း အတူတူပါပဲ။

 

 

တန့်ကျွီမှာ အဓိကကျတဲ့အလုပ်တွေမရှိခဲ့သလို မည်သည့်ဘရန်းတံဆိပ်ကမှ ဖိတ်ကြားခြင်းမရှိခဲ့ပေ။ အဲ့ဒီအစား ရုပ်ရှင်ပွဲတော်အတွက်ဖိတ်စာကို ငွေနဲ့ဝယ်ခဲ့သည်။

 

 

သူမက ယဲ့ဆွေကို နောက်ဆုံးခြေလှမ်းအဖြစ် နောက်ဆုံးအကြိမ်သုံးပြီးနောက်မှာ တန့်ကျွီက ရသစုံရှိုး အရင်းအမြစ်များကို ဖြတ်တောက်ပစ်လိုက်သည်။ သူမသာမကြိုးစားခဲ့ဘူးဆိုရင် သူမရဲ့ကျော်ကြားမှုသေးသေးလေးက မီးခိုးထဲမှာကွယ်ပျောက်သွားလိမ့်မည်။

 

 

 အတိုချုပ်ပြောရရင် တန့်ကျွီရဲ့ရည်ရွယ်ချက်က ကော်ဇောနီပေါ်မှာ လမ်းလျှောက်ဖို့မဟုတ်ဘဲ ယဲ့ဆွေရဲ့ ထင်ရှားကျော်ကြားမှု့ကနေ လွတ်သွားအောင်လို့ဘဲ။  

 

 

 ကော်ဇောနီပေါ်တွင် ယဲ့ဆွေနဲ့ တွေ့ရအောင် တန့်ကျွီရဲ့  ကားက အချိန်ကြာမြင့်စွာ စောင့်ခဲ့ရသည်။ ယဲ့ဆွေကားက ကော်ဇောနီအနားကို ရောက်သောအခါမှ တန့်ကျွီက  ကားထဲမှထွက်လာပြီး ကော်ဇောနီပေါ် တက်လိုက်သည်။

 

 

  သူမဝတ်ထားသောဝတ်စုံက ယဲ့ဆွေရဲ့ Dior အနက်ရောင်ဂါဝန်နှင့်အလွန်ဆင်တူသည်။ ဒါက ဒီဇိုင်နာတစ်ယောက်ရဲ့တုပထားတဲ့ လက်ရာတစ်ခုပါ။

 

 

 ကော်ဇောနီပေါ်မှာ စတားအသစ်လေးတွေက မကြာခဏဆိုသလိုရှိသည်။ သတင်းထောက်တွေရဲ့အာရုံစိုက်မှုကိုရဖို့ သူတို့က လှည့်ကွက်မျိုးစုံသုံးလိမ့်မည်။  နိုင်ငံခြားမီဒီယာတွေရဲ့ အမြင်မှာ တန့်ကျွီက အဲဒီနာမည်ကြီးတွေထဲက တစ်ယောက်ဖြစ်ခဲ့သည်။

 

 

  တန့်ကျွီက ဓာတ်ပုံဧရိယာမှာ ငါးမိနစ်ခန့်မတ်တပ်ရပ်နေသော်လည်း ယဲ့ဆွေက မပေါ်လာသေးပေ။  ထို့ကြောင့် သူမက ထိုနေရာတွင်သာ ရပ်နိုင်ခဲ့သည်။

 

 

  ကော်ဇောနီပေါ်က သူကဘယ်သူလဲဆိုတာ နိုင်ငံခြားမီဒီယာကလုံးဝမသိခဲ့ဘူး။ သူမရုပ်ရည်က လှပါတယ်။ ဒါပေမယ့် စတားများအလယ်တွင်ရှိနေချိန်မှာ သူမက သာမန်မျှသာဖြစ်သည်။

 

 

  တန့်ကျွီက ဤမထူးခြားသည့် နိုင်ငံခြားသတင်းထောက်များ ရှေ့မှာသူမ၏အပြုံးကိုထိန်းသိမ်းရန်ခက်ခဲသည်။

 

 

 တန့်ကျွီရဲ့ အေဂျင်စီက ဘာလင်ရုပ်ရှင်ပွဲတော် ဖိတ်ကြားစာရဖို့ ဒေါ်လာထောင်ပေါင်းများစွာသုံးစွဲခဲ့သည်။  အခင်းအကျင်းကိုပံ့ပိုးနိုင်ဖို့ တန့်ကျွီ သုံးသောကားက ပြည်တွင်းမှငှားရမ်းထားတဲ့  sports car ဖြစ်သည်။

 

 

  ငွေကိုအလကားမသုံးရဘူး။  သူမဒီမှာရှိနေကတည်းကသူမအတွက် "ယဲ့ဆွေလေး" ဆိုတဲ့ခေါင်းစဉ်နဲ့အနိုင်ရဖို့လိုသည်။

 

 

  ယဲ့ဆွေက ကားထဲတွင်ထိုင်နေခဲ့သည်။ ဘာလင်ရှိကော်ဇောနီပေါ်တွင် လမ်းလျှောက်နေတဲ့ " ယဲ့ဆွေလေး " ဆောင်းပါးက အင်တာနက်၌ပျံ့နှံ့နေသည်။  သူမက သူမရဲ့လက်ကိုင်ဖုန်းကို ကြည့်ပြီး သေချာစဉ်းစားကြည့်လိုက်သည်။

 

 

  ယဲ့ဆွေက ချန်ရှု့ဆီကနေ စာတိုတစ်စောင်လက်ခံရရှိခဲ့သည်။  "မင်း ကိုယ့်ကိုတစ်ခုခုလုပ်စေချင်လား?  "

 

 

  ဟွာရွေ့က ချန်ရှု့ရဲ့ဟာ ဖြစ်သော်လည်း ယဲ့ဆွေက သူ့လက်မှတဆင့် ဤအသေးအဖွဲကိစ္စများကို မစီမံစေချင်ပေ။

 

 

 ဟွာရွေ့က တန့်ကျွီကို တားမြစ်ခဲ့ရင် သူတို့မီးရှို့ခံရလိမ့်မည်။  လူထုက ဟွာရွေ့ကို ရက်စက်ကြမ်းကြုတ်သူ လို့ပြောလိမ့်မည်။ ဟွာရွေ့နဲ့ ပတ်သက်တဲ့ အပျက်သဘောဆောင်သော ဆောင်းပါးများကိုထုတ်ဖို့ အခွင့်အလမ်းကိုယူနိုင်သည်။

 

 

  သူမကဖျော်ဖြေရေးလောကမှာ ဆက်နေချင်ရင်အနာဂတ်မှာ လေပြင်းတွေ၊ လှိုင်းတွေပိုများလာလိမ့်မည်။ ဒါကြောင့် ဟွာရွေ့က တန်ကျွီတစ်ယောက်အတွက် လှုပ်ရှားရန်မလိုအပ်ပေ။

 

 

  "စိတ်မပူပါနဲ့ ကျွန်မမှာ သူမကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုရှိတယ်" ယဲ့ဆွေက ချန်ရှု့ကို ပြန်ပြောပြီးနောက်မှာ သူမဖုန်းကိုချပြီးလက်ထောက်ကို ပေးလိုက်သည်။

 

 

 တန့်ကျွီက သူမနှင့်ထပ်တူကျတဲ့ အ၀တ်ကို၀တ်ထားသည်။  ကော်ဇောနီပေါ်မှာ ရှိနေသေးတာလား?   သူမကို အထူးစောင့်ဆိုင်းနေပုံရသည်။

 

 

  ယဲ့ဆွေက "ယဲ့ဆွေလေးနဲ့" နဲ့စင်မြင့်ကို မျှဝေဖို့စိတ်မ၀င်စားပါ။ တကယ်တော့ သူမ ဒီတန့်ကျွီ ဘာလုပ်နေတာလဲဆိုတာကို ကြည့်ချင်ခဲ့ဘူး။

 

 

 ကော်ဇောနီပေါ်မှာ အစီအစဥ်ကို ထိန်းသိမ်းဖို့ တာဝန်ရှိလုံခြုံရေးအစောင့်များက တန်ကျွီထံသို့ရောက်လာသည်။  သူတို့ အပြင်ဘက်မှာ ရယ်သံတွေ ရုတ်တရက်ပြင်းထန်လာတဲ့အခါ သူတို့က သူမကိုနှင်ထုတ်တော့မည်။

 

 

 သတင်းထောက်တွေက သူတို့ကင်မရာတွေကို မြှောက်ပြီး ရိုက်သည့်ခလုတ်ကို အသည်းအသန်နှိပ်ကြသည်။ သးတို့က တန့်ကျွီရဲ့နောက်ကလူကို သူတို့အော်လာကြသည်။ "ဒီဘက်ကိုကြည့်ပေးပါ! "

 

 

  "မင်းပိုပြီးကပ်ပေးမလား?"

 

 

 သတင်းထောက်အချို့က ရုတ်တရက် ရူးသွပ်စွာနဲ့သွားခဲ့ကြသည်။ အချို့သောနိုင်ငံခြားပုံကြီးများ၏ ပုံပန်းသဏ္ဌာန်ကြောင့် မဟုတ်ဘူး ဒါပေမယ့် အကြောင်းကတော့.......

 

 

  ယဲ့ဆွေ ရောက်လာပြီ။

 

 

  "နင်းလင်"ရဲ့ နောက်တွဲကားကို နိုင်ငံခြားတွင်ဖြန့်ချိခဲ့သည်။  ဤဘာလင်ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်ဖြစ်သည့်အတိုင်း အမျိုးသမီးဇာတ်လိုက် ယဲ့ဆွေက လူအများစု၏အာရုံစိုက်မှုကိုရခဲ့သည်။

 

 

  လူတိုင်းသိကြသည့်အတိုင်း နင်းလင်က တရုတ်ရုပ်ရှင်သမိုင်းတွင် အကျော်ကြားဆုံး မင်းသမီးဖြစ်ခဲ့ပြီး သူမက ကမ္ဘာအနှံ့တွင် ပရိသတ်များစွာရှိခဲ့သည်။

 

 

 ရှီကျောက်နဲ့ နင်းလင်တို့က အနုပညာလောကတွင် မသေနိုင်မျိုး စုံတွဲများဖြစ်ကြသည်။ နင်းလင်ရဲ့ သေဆုံးခြင်းက ရှီကျောက်ရဲ့ ရုပ်ရှင်ရိုက်ကူးတာကို ရုတ်သိမ်းစေခဲ့တာကြောင့် နင်းလင်၏ အတ္ထုပ္ပတ္တိရုပ်ရှင်သို့ ပြန်သွားခြင်းက အလွန်အာရုံစိုက်မှုကို ရရှိခဲ့သည်။

 

 

ပြည်ပမီဒီယာများသည်လည်း "နင်းလင်" ရုပ်ရှင်ကိုအနီးကပ်လိုက်ကြည့်ခဲ့ကြသည်။ မင်းသမီးနေရာအတွက် ရွေးချယ်မှုကိုကြေငြာသည့်အခါ လူတိုင်းအံ့သြသွားသည်။

 

 

  ဒါကသူတို့တစ်ခါမှမကြားဖူးတဲ့ လူသစ်တစ်ယောက်ဖြစ်ခဲ့သည်။

 

 

 ဒါရိုက်တာ ရှီကျောက်က နင်းလင်ရဲ့အခန်းကဏ္ဌအတွက် သူမကိုပုဂ္ဂိုလ်ရေးအရ အသိအမှတ်ပြုပေးနိုင်တဲ့ မင်းသမီးက ဘယ်သူလဲ။

 

 

  နိုင်ငံခြားမီဒီယာတွေက ယဲ့ဆွေရဲ့ လက်ရာမြောက်သောအသွင်အပြင်များကို ဓာတ်ပုံများနှင့်ရုပ်ရှင်ဇာတ်လမ်းတွဲများမှတဆင့်သာမြင်နိုင်သည်။

 

 

 ယဲ့ဆွေလို လူသစ်တစ်ယောက်အနေနဲ့ သူမအသွင်အပြင်ကြောင့် လူအများက အာရုံစိုက်ကြမှာလားဒါမှမဟုတ် သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်က ကမ္ဘာပေါ်မှာအကြီးဆုံးရုပ်ရှင်ဘုရင်မသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နင်းလင်ကို မှီနိုင်မလား?

 

 

 သူတို့နမူနာကို မြင်လိုက်ရသည့်အခါ ထိုသံသယများအားလုံး ပျောက်ကွယ်သွားသည်။ ယဲ့ဆွေထက် နင်းလင် နေရာမှာဘယ်သူမှ ပိုမသင့်တော်ဘူး။ နင်းလင်ရဲ့ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေကို သူမကစွမ်းဆောင်နိုင်ခဲ့သည်။

 

 

  လူတိုင်းက ဘာလင်ရုပ်ရှင်ပွဲတော်ကို ရောက်လာတာကိုမျှော်လင့်နေကြသည်။ ကော်ဇောနီပေါ်က ယဲ့ဆွေရဲ့မျက်နှာကို မြင်နိုင်မယ့်နေရာလို့ပြောနိုင်သည်။

 

 

  များစွာသောမျှော်လင့်ချက်ဖြင့် နိုင်ငံတကာကျော်ကြားမှု မရရှိသေးတဲ့ အသစ်တစ်ယောက်အနေနဲ့ ယဲ့ဆွေက နိုင်ငံခြားမီဒီယာ၌ ပထမဆုံးအကြိမ်ပေါ်လာသည်။

 

 

 တန့်ကျွီရဲ့ အဆင့်နိမ့်ပုံစံတူနှင့်မတူဘဲ ယဲ့ဆွေက စစ်မှန်တဲ့ အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။

 

 

 အနက်ရောင်ဝတ်စုံက ယဲ့ဆွေရဲ့ နှင်းလိုဖြူတဲ့ အသားအရေနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်ကာ သူမ၏ကျောက်စိမ်းလို မျက်နှာကိုပေါ်လွင်စေသည်။  သူမ၏ရှည်လျားသော ဆံပင်ကိုရိုးရှင်းသည့် ဆံပင်ပုံစံလို လိပ်ထားသည်။  သူမ၏အ၀တ်နှင့်ဆံပင်ပုံစံက သိမ်မွေ့ပြီးအနည်းငယ် နှိမ့်ချထားပေမယ့်  သူမ၏မိတ်ကပ်က ကွဲပြားခြားနားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့သည်။

 

 

 မိတ်ကပ်ပညာရှင်က ယဲ့ဆွေရဲ့ တောက်ပတဲ့ မျက်နှာသွင်ပြင်နဲ့ လိုက်လျောညီထွေရှိပြီး အလွန်လှပပြီးပုံမှန်မဟုတ်တဲ့ မိတ်ကပ်ကိုပေးခဲ့သည်။  ဒါကရင်သပ်ရှုမောဖွယ်ရာနှင့်အံ့မခန်းဖြစ်ခဲ့သည်။

 

 

 သူတို့က ယဲ့ဆွေကို မြင်ရချိန်မှာ သတင်းထောက်တိုင်းက သူမပုံကိုပထမဆုံးမြင်ရသည်ထက် ပို၍ ပင်တူညီသောအတွေးရှိခဲ့သည်။

 

 

  အရမ်းလှတယ်။

 

 

 "ယဲ့ဆွေ!"  နိုင်ငံခြားသတင်းထောက်တစ်ယောက်က သူမရဲ့နာမည်ကို တရုတ်လိုချိုးပြီးခေါ်လာသည်။

 

 

  သတင်းထောက်များ၏ အော်သံကိုသူမကြားလိုက်သည်နှင့်တပြိုင်နက် သူမ၏နောက်ကွယ်မှသူက ယဲ့ဆွေ ဖြစ်ကြောင်း တန့်ကျွီသိသွားသည်။ 

 

 

  ယဲ့ဆွေ ပေါ်လာတာကို သိသွားတာကြောင့် နောက်ဆုံးမှာ တန့်ကျွီက စတင်လှုပ်ရှားလာပြီး အစောင့်များကလည်း သူမအားအနှောက်အယှက်မပေးတော့ချေ။ ယဲ့ဆွေက photo zone ဆီကို လျှောက်သွားစဥ်မှာ တန့်ကျွီက ဂရုမစိုက်သလို လှည့်ကြည့်လိုက်သည်။

 

 

  တန့်ကျွီ နဲ့ယဲ့ဆွေ ရဲ့အမြင့်ကြား ကွာဟချက်တစ်ခုရှိသည်။  ဒေါက်မြင့်ဖိနပ်ကို ၀တ်ထားပြီး သူမခေါင်းကိုမော့လိုက်ချိန်မှာ ယဲ့ဆွေကို ငေးကြည့်ရုံမျှကြည့်လိုက်သည်။ 

 

 

  ယဲ့ဆွေက တန့်ကျွီကို မကြည့်ပေ။  အဲဒီအစား သူမကကင်မရာတွေဘက်ကိုသာ ဆက်ပြုံးပြခဲ့သည်။ သူမက သူမ(တန့်ကျွီ )တည်ရှိမှုကို လုံးဝလျစ်လျူရှုခဲ့သည်။

 

 

  နောက်တစ်စက္ကန့်မှာဘဲ တန့်ကျွီက ယဲ့ဆွေဆီကို  လျှောက်သွားခဲ့သည်။ ဒေါက်မြင့်ဖိနပ်နှင့်သူမ၏ခြေထောက်က လိမ်သွားပြီးသူမခန္ဓာကိုယ်က ယဲ့ဆွေရှေ့ကို အတိအကျ လဲကျသွားသည်။

 

 

 သူမရဲ့လဲကျသွားတာက နာရီက အလုပ်လုပ်သလို တိကျပြီး ယဲ့ဆွေဘက်ကို ဦးတည်နေသည်။

 

 

 တန့်ကျွီက ဒေါသတကြီးကြည့်လိုက်ပြီး သူမအလှကိုထိန်းသိမ်းဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သူမမော့လိုက်ကာ မျက်ရည်များ ပါ၀င်နေပုံရသည့် စိတ်ဆိုးသောမျက်လုံးတစ်စုံနှင့် ငေးကြည့်လိုက်သည်။

 

 

  ယဲ့ဆွေက သူမနှလုံးသားထဲမှာ အော်ဟစ်လိုက်ပေမယ့်သူမရဲ့မျက်နှာက ဘာခံစားချက်မှမပြခဲ့ဘူး။ သူမက တန့်ကျွီဆီကို အလျင်အမြန် လျှောက်သွားပြီးသူမ၏အနက်ရောင်ဝတ်စုံက ခြေလှမ်းတိုင်းမှာယိမ်းနွဲ့နေသည်။

 

 

  ချောမွေ့သောကွေးညွှတ်မှုများ၊ နှင်းဖြူအသားအရေ၊ သူမ၏ခြေလှမ်းတိုင်းက စွဲမက်ဖွယ်ကောင်းလှသည်။

 

 

  ယဲ့ဆွေက တန့်ကျွီဆီကို လှမ်းသွားပြီး သူမလက်ကိုဆန့်ထုတ်လိုက်သည်။ သူမ၏ဖြူဖွေးပြီး သေးသွယ်သောလက်ကသူမ၏ရှေ့မှောက်၌လဲကျနေတဲ့သူကို လှပသောလျှပ်စစ်စီးမှုဖြင့်ဆွဲလိုက်သည်။

 

 

 တန့်ကျွီ လဲကျသွားတဲ့ ဓာတ်ပုံကိုအွန်လိုင်းတွင်ချက်ချင်းတင်လာခဲ့သည်။  သူမ၏အဖွဲ့သည် ဆောင်းပါးများပြင်ဆင်ထားပြီး အင်တာနက်ပေါ်တွင်ချက်ချင်းတင်ခဲ့သည်။

 

 

 [ယဲ့ဆွေလေး] က ဘာလင်ရှိကော်ဇောနီပေါ်တွင် လဲကျသွားသည်။ မမ နတ်သမီးအတွက် စိတ်မကောင်းဖြစ်ရတယ်။ ]

 

 

  ["ယဲ့ဆွေလေး"တန့်ကျွီက ကော်ဇောနီပေါ်မှုသူမ၏နတ်သမီးလိုပုံစံဖြင့် လူတိုင်းကိုအံ့အားသင့်စေခဲ့သည် ]

 

 

 ယဲ့ဆွေ ဘယ်သွားသွား တန့်ကျွီက သူ့နောက်လိုက်သွားလိမ့်မည်။ သူမက ယဲ့ဆွေရဲ့ဝတ်စားဆင်ယင်မှုနဲ့ မိတ်ကပ်ကို အတုခိုးရုံသာမက ကော်ဇောနီပေါ်မှာလည်းပြဖို့ကြိုးစားခဲ့သည်။

 

 

  ဒီခွေးအရေခွံကိုဖယ်ရှားဖို့ တကယ်မဖြစ်နိုင်ဘူးလား?

 

 

ဟွာရွေ့ရဲ့လူထုဆက်ဆံရေးဌာနက ဒီကောင်လေးတွေကို သူတို့ရှေ့မှာ လျှောက်လှမ်းနေတာကို သည်းမခံနိုင်ဘူး။  ကော်ဇောနီပေါ်က ယဲ့ဆွေရဲ့လုပ်ရပ်က အဆင်မပြေမှုကိုဖြေရှင်းပေးပြီး တစ်ချိန်တည်းမှာဘဲ ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တစ်ခုကိုဖန်တီးခဲ့သည်။

 

 

  တန်ကျွီက ယဲ့ဆွေထံလာခဲ့သည်။ အင်တာနက်ပေါ်ရှိ သတင်းများ အားလုံးက သူတို့နှင့်ဆက်နွယ်နေတာကြောင့် ဟွာရွေ့က ဤအခွင့်ကောင်းကို ယူပြီး တန်ပြန်ထင်ကြေးကိုစတင်ခဲ့သည်။

 

 

  [ယဲ့ဆွေက ကော်ဇောနီပေါ်တွင်တရုတ်မင်းသမီးတစ်ဦးကို ကူညီခဲ့သည်။ သူမကအလွန်တည်ငြိမ်တဲ့ ပုံစံရှိပြီး သူမ၏ဇာတ်ကောင်က စံနမူနာဖြစ်သည်။ ]

 

 

 [ပြည်ပမီဒီယာများက ယဲ့ဆွေရဲ့ အံ့မခန်းအလှကိုချီးမွမ်းကြကာ သူမအားအရှေ့မှ ငန်းမည်းဟုခေါ်ကြသည်။ ]

 

 

  ဟွာရွေ့က တန့်ကျွီကို အာရုံမစိုက်ချင်ပေ။  ဆောင်းပါး၌ သူမနာမည်ကိုပင်မဖော်ပြဘဲ တရုတ်မင်းသမီးတစ်ဦးလို့သာခေါ်ထားသည်။  ဘာပဲဖြစ်ဖြစ် အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေကိုတွေ့ချင်ခဲ့သည်။ တန့်ကျွီက ဘယ်သူလဲဆိုတာ ဘယ်လိုလုပ်သိကြမှာလဲ?

 

 

 ဒါက တန့်ကျွီ ရဲ့အဖွဲ့အပေါ် ဟွာရွေ့ရဲ့သဘောထားကိုလည်းပြသနေသည်။ ငါတို့ကုမ္ပဏီမှာ နာမည်အကြီးဆုံးအမျိုးသမီးကြယ်ပွင့်ကို တွေ့ချင်လား။  တောင်းပန်ပါတယ် တန့်ကျွီက ဘယ်သူမှန်းတောင်မသိဘူး။

 

 

 တစ်ချိန်တည်းမှာဒါက ဟွာရွေ့က တန့်ကျွီကိုသတိပေးတာဖြစ်ခဲ့သည်။  သူမက သူမရဲ့အရင်တစ်ခေါက်ရှိုးမှာ ရှုံးနိမ့်ခဲ့သည်။  ဤကဲ့သို့အရှက်ခွဲခံရပြီးနောက် သူမကအနာဂတ်ဖက်ရှင် အရင်းအမြစ်များကိုဆုံးရှုံးရတော့မည်။

 

 

  ယဲ့ဆွေက ဘာလင်ရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး ဤအကြောင်းအရာက အသွားအလာများခဲ့သည်။ အဓိကစျေးကွက် ရှာဖွေရေးအကောင့်များနှင့် ဖိုရမ်အားလုံးက ဤကိစ္စကိုအာရုံစိုက်ခဲ့ကြသည်။

 

 

 အွန်လိုင်းသတင်း ထုတ်ပြန်ချက်များက ယဲ့ဆွေရဲ့ နာမည်နှင့်ဓာတ်ပုံကို အခြားမည်သူ့ကိုမဆို ယူဆောင်လာရမည်။ ထို့ကြောင့် အရောင်းအ၀ယ်အကောင့်မှတင်ထားသောပုံများတွင် ယဲ့ဆွေ တစ်ဦးတည်း၊ ယဲ့ဆွေ နှင့် တန့်ကျွီတို့က ဘောင်တစ်ခုတည်း၌ရှိပြီး တန့်ကျွီက ယဲ့ဆွေကို ကြည့်နေသည်။

 

 

  ထပ်ဆင့်ပေးပို့သောဓာတ်ပုံမှာ ယဲ့ဆွေက တန့်ကျွီကို  လက်လှမ်းလိုက်သောဓာတ်ပုံဖြစ်သည်။

 

 

  တန့်ကျွီရဲ့ ဂါဝန်စကပန်းပွင့်လို ကော်ဇောနီပေါ်တွင်ဖြန့်ထားပြီး သူမက အနိုင်ကျင့်ခံရသကဲ့သို့ ယဲ့ဆွေကို သနားစစွယ်ကြည့်နေသည်။

 

 

 ယဲ့ဆွေ မျက်နှာအမူအရာက ဂရုမစိုက်သလိုသာ ဖြစ်နေပြီး အနက်ရောင်ဂါဝန်ရှည်က သူမကိုပိုကြော့ရှင်းပြီးဂုဏ်ရှိစေသည်။ သူမက တန့်ကျွီဘက်ကို သွားပြီး  လက်ကိုဆန့်ထုတ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် ဂါဝန်၏အနားစကိုညင်ညင်သာသာဆုပ်ကိုင်လိုက်သည်။

 

 

 တန့်ကျွီ မျက်နှာကို ကျောင်းတစ်ခုတွင်ထားလျှင် သူမကသင့်လျော်သော ကျောင်းဝန်းမှာ ကွင်းတောင်ဖြစ်လိမ့်မည်။  သို့သော်လည်း ယဲ့ဆွေရဲ့ အသွင်အပြင်နှင့်ရုပ်ရည်က ချောမောလှပသောအမျိုးသမီးများအားလုံးစုဝေးသည့် ဖျော်ဖြေရေးလုပ်ငန်းတွင် စမ်းသပ်ခံခဲ့ရသည်။

 

 

 ယဲ့ဆွေ ရှေ့တွင် တန့်ကျွီရဲ့ လဲကျမှုက တမင်တကာအလွန်ဆွဲဆောင်မှုမရှိပေ။ သူမ၏လည်ပင်းက ရှေ့သို့ဆန့်၍ သူမ၏သန့်ရှင်းရေးကိစ္စများကိုမီးမောင်းထိုးပြသည်။

 

 

 အခြားတစ်ဖက်တွင် ယဲ့ဆွေရဲ့ လှပသောငန်းလည်ပင်း၊ ပြီးပြည့်စုံသောပခုံးများနှင့် sexy ကျတဲ့ ညှပ်ရိုးများဖြင့်ချောမွေ့စွာကွေးညွှတ်နေသည်။  အနက်ရောင်ဝတ်စုံက သူမ၏ပုံသဏ္ဌာန်နှင့်အညီပြုပြင်ခဲ့ပြီး သူမ၏လှပသောကွေးညွှတ်ချက်များကို ပြသနေသည်။

 

 

  ဒီပုံကိုမြင်ဖူးသူတိုင်းနားလည်လိမ့်မည်။  ဒီနေရာမှာတကယ်မွန်မြတ်တဲ့ ငန်းမည်းကဘယ်သူလဲ ဆိုတာကိုပေါ့။