အပိုင်း ၁၂၄
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၂၄ - ယဲ့ဆွေ၏ ပုံရိပ်ပျက်သွားခြင်း

 

 

 

 

 

ထိုနေ့ အိပ်မက်ကတည်းမှ ယဲ့ဆွေစိတ်အခြေအနေဆိုးရွားနေခဲ့သည်။

 

 

သူမကချန်ရှု့ ရှေ့မှာ ပျော်ရွှင်တဲ့ဘက်အခြမ်းကို တမင်ပြခဲ့ပေမယ့် သူကအမြဲသတိထားမိသည်။  သူကအခြားသူများ အထူးသဖြင့် ယဲ့ဆွေရဲ့ စိတ်ခံစားချက်ကိုသိရှိနိုင်သည်။

 

 

ရလဒ်အနေနှင့် ချန်ရှု့က ယဲ့ဆွေကို ပျော်ရွှင်အောင် မည်သို့လုပ်ရမလဲဆိုတာကို စဉ်းစားရင်း ရုံးခန်းထဲတွင်အာရုံနောက်နေခဲ့သည်။ နောက်ဆုံးတော့ သူကနည်းလမ်းတစ်ခုနဲ့ ရောက်လာသည်။

 

 

ချန်ရှု့က ယဲ့ဆွေကိုပန်းတွေ အရင်ကတည်းကပို့ဖူးသည်။ ယခုသူက ယဲ့ဆွေကို လတ်ဆတ်သောလက်ဆောင်တစ်ခုပေးရန် စီစဉ်လိုက်သည်။

 

 

တနင်္ဂနွေပိတ်ရက်တွင်။

 

 

ယဲ့ဆွေက အိမ်မှာရှိနေပြီး ဆိုဖာထောင့်တွင်လဲလျောင်းနေခဲ့သည်။  သူမကပျင်းရိနေတဲ့အခြေအနေနဲ့ ရီမုခလုတ်ကိုနှိပ်ပြီး ပြောင်းနေတဲ့ ချန်နယ်တွေက တစ်ဖျက်ဖျက် တောက်ပနေသည်။

 

 

ယဲ့ဆွေ၏ ပျင်းရိခြင်းနှင့်ယှဉ်လျှင် ချန်ရှု့က အနည်းငယ် ဂနာမငြိမ်ဖြစ်ပုံရသည်။ တစ်စုံတစ်ခုကိုစောင့်နေသကဲ့သို့ သူ့အကြည့်က တံခါးကို ရံဖန်ရံခါရောက်သွားလိမ့်မည်။

 

 

ချန်ရှု့က စိတ်ခံစားချက်ကို ကောင်းစွာဖုံးကွယ်ထားသော်လည်း တစ်ယောက်ယောက်က သူ့ကိုအကောင်းဆုံးသိသည်။ သူရဲ့စိုးရိမ်စိတ်ကို သူမ ဘယ်လိုလုပ်သတိမပြုဘဲနေနိုင်မှာလဲ?

 

 

ယဲ့ဆွေက ရီမုကိုစားပွဲပေါ်မှာတင်လိုက်ပြီး ချန်ရှု့ဘက်ကိုမှီလိုက်သည်။ သူမကမျက်စောင်းထိုးလိုက်ပြီး သူ့မျက်နှာကိုအပေါ်အောက် စကင်ဖတ်ကြည့်လိုက်သည်။  သို့သော် သူမစကားမပြောခဲ့ပေ ။

 

 

ချန်ရှု့ လန့်သွားသည်။  "ဘာဖြစ်လို့လဲ?"

 

 

ယဲ့ဆွေက သူမလက်ညှိုးကိုဆန့်၍ သူ့မျက်နှာကိုညင်ညင်သာသာထိုးလိုက်သည်။ သူမက "ချန်ရှု့၊ ရှင် ကျွန်မဆီကနေ တစ်ခုခုကိုဖုံးကွယ်ထားတယ်" လို့လေသံမာမာနှင့်ပြောလိုက်သည်။

 

 

ချန်ရှု့က စပရိုက်ကိုမဖျက်ဆီးချင်ပါ။ ထို့ကြောင့် သူမရဲ့စွပ်စွဲချက်ကိုသာ သူငြင်းနိုင်ခဲ့သည်။ "ကိုယ်......မလုပ်ပါဘူး။"

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ မရိုးသားတဲ့ မျက်လုံးများကိုကြည့်ပြီး သူ့နားရွက်ကို အပြုံးလေးနဲ့ ဖိလိုက်သည်။  သူမကတမင်တကာ သူ့တို့ကို ညင်သာစွာရှူရင်းပင် သူ့နားရွက်သို့ပိုနီးကပ်လာသည်။  သူမအသံက ညင်သာစွာနိမ့်ဆင်းသွားသည်။

 

 

လောင်ကုန်း၊ ရှင့်ရဲ့နားတွေက ဘာကြောင့်နီနေတာလဲ?”

 

 

ယဲ့ဆွေက သူမ၏လက်အောက်တွင် ပူလောင်နေသောအပူချိန်ကိုခံစားနိုင်သည်။ သူ့ရဲ့လိမ်ညာမှုကြောင့် ချန်ရှု့ ရဲ့နားတွေနီလာသည်။  သူ့ကို ယဲ့ဆွေ မိသွားပြီ။

 

 

ချန်ရှု့တုံ့ပြန်မှုက ကြည့်ရှုဖို့ အလွန်စိတ်ဝင်စားစရာကောင်းသည်။ ယဲ့ဆွေက သူ့ကိုနောက်ပြောင်ရင်း စွဲလမ်းခဲ့သည်။  သူမက ချန်ရှု့လည်ပင်းကို ရိုးရိုးရှင်းရှင်းလေး တွယ်ချိတ်လိုက်သည်။ "လောင်ကုန်း၊ ရှင်ဘာဖြစ်နေတာလဲ?"

 

 

ချန်ရှု့က ခေါင်းကို အနည်းငယ်ယမ်းလိုက်ပြီး ယဲ့ဆွေရဲ့ အကြည့်ကို ရှောင်ရှားဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့်သူမက ခွင့်မပြုခဲ့ပေ။ သူမတစ်ကိုယ်လုံးကို ချန်ရှု့ အပေါ် တိုက်ရိုက်ပစ်ချလိုက်သည်။

 

 

 "ချန်ရှု့၊ ရှင် ကျွန်မကို မပြောပြရင် ကျွန်မ မထဘူးနော်"

 

 

ချန်ရှု့က မရယ်ဘဲ မနေနိုင်ခဲ့ပေ။  သူကယဲ့ဆွေရဲ့ ရွေ့လျားနေတဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ သူ သူမကို ဖုံးကွယ်လို့မရဘူးဆိုတာကို သူသိနေတဲ့အတွက် သူကအကူအညီမဲ့စွာ ပြောလိုက်သည်။ "ကိုယ်နောက်မှ ရှင်းပြမယ်"

 

 

သူ့အသံဆုံးသည်နှင့်တပြိုင်နက် တံခါးဘဲလ်သံက မြည်လာသည်။  ချန်ရှု့မျက်လုံးများက အရောင်တောက်သွားသည်။  "ကောင်းပြီ၊ လာပြီ "

 

 

ချန်ရှု့ တံခါးသွားဖွင့်တာကြောင့် သူမအိမ်ထဲမှာပဲ နေခဲ့သည်။  ခဏအကြာတွင် သူ့အသံက ခြံဝန်းထဲက ထွက်ပေါ်လာသည်။  "ထွက်လာခဲ့ "

 

 

ယဲ့ဆွေက ချန်ရှု့ ဘာကို လုပ်နေမှန်းမသိသောကြောင့် သူမက သိချင်စိတ်ပြင်းပြစွာဖြင့် အိမ်ထဲမှ ထွက်လာလိုက်သည်။  ခြံရဲ့ထောင့်တစ်နေရာတွင် ပန်းအိုးများစွာရှိသည်ကို သူမတွေ့ရှိခဲ့သည်။

 

 

သူမအနီးသို့လာပြီး ဒူးထောက်ထိုင်လိုက်ကာ ပန်းမျိုးစုံကိုကြည့်လိုက်သည်။  "ဒါ ဘာလဲ?"

 

 

ချန်ရှု့က ပန်းများကိုညွှန်ပြလိုက်သည်။ “ ကိုယ်ဒါတွေကို မင်းအတွက် ဝယ်ခဲ့တာ။ သူတို့ကို မင်းကိုယ်တိုင် ခြံထဲမှာ စိုက်လို့ရတယ်။ ”

 

 

 ယဲ့ဆွေပြုံးလိုက်သည်။  ချန်ရှု့သာလျှင် ဤပန်းများကိုပို့ရန် စဉ်းစားနိုင်သည်။ အခြားလူများက အဆင်သင့်ရှိတဲ့ပန်းစည်းများကို ပေးလေ့ရှိသည်။

 

 

ချန်ရှု့က သူမကို ပျော်ရွှင်စေချင်တယ်ဆိုတာကို သူမနားလည်သည်။ သူမက လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်မက်ကို တကယ်မေ့လိုက်သင့်သည်။

 

 

 "ကျွန်မ သူတို့ကို တစ်ယောက်တည်း ဘယ်လိုစိုက်မလဲ?  အတူတူလုပ်ရအောင် " ယဲ့ဆွေက စိတ်ဝင်တစားနှင့်မြေပြင်ပေါ်ရှိ ပန်းအိုးများကို ကြည့်လိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေပန်းများအား အာရုံစိုက်နေသည်ကိုမြင်သောအခါ သူစိတ်သက်သာရာရသွားသည်။  ချက်ချင်းသူကလက်အိတ်ကို ယူလိုက်သည်။

 

 

"ဒီလက်အိတ်တွေကို အရင်ဝတ်လိုက်"  ချန်ရှု့က ယဲ့ဆွေ ကို ချည်သားလက်အိတ် အဖြူရောင်ကို ဝတ်ဖို့ကူညီပေးခဲ့သည်။ မြေကြီးနှင့်တိုက်ရိုက်ထိလိုက်ရင် သူမအသားအရေက ကြမ်းတမ်းလာလိမ့်မည်။

 

 

ယဲ့ဆွေက ချန်ရှု့ လက်မှ တူရွင်းကိုယူကာ ဘာမှမရှိတဲ့ မြေတွင် စတင်တူးလိုက်သည်။

 

 

ချန်ရှု့သည်လည်း သူမအနားတွင် အတူတူဆောင့်ကြောင့်ထိုင်နေသည်။ သူကယဲ့ဆွေ လိုအပ်သမျှကို မညည်းမညူ လုပ်ပေးလိမ့်မည်။

 

 

နောက်ဆုံးတွင် ခြံ၏ထောင့်တစ်နေရာတွင် ယဲ့ဆွေနှင့် ချန်ရှု့တို့က အရောင်မျိုးစုံနဲ့ ပန်းများကို စိုက်ခဲ့သည်။  လေပြေလေညှင်း တိုက်ခတ်လာသောအခါ ပန်းတို့ကလေနှင့်အတူ လွင့်ပျံလာလိမ့်မည်။

 

 

နွေဦးအစောပိုင်းတွင် နေရောင်က လိမ္မော်ရောင်တောက်ပနေခဲ့သည်။  ထူထပ်တဲ့တိမ်တိုက်တွေက အပြာရောင်ကောင်းကင်မှာ လွင့်မျောနေပြီး လေထုကလတ်ဆတ်သန့်ရှင်းတဲ့ ပန်းရနံ့တွေနဲ့ပြည့်နေသည်။

 

 

ယဲ့ဆွေက ဒီပန်းတွေကိုစိုက်ဖို့အတွက် နေ့ခင်းတစ်ခုလုံးကြာခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ သူမရဲ့ခံစားချက်က တဖြည်းဖြည်းတည်ငြိမ်လာသည်။

 

 

သူမမှာရှိခဲ့ဖူးတဲ့ အိပ်မက်ဆိုးတွေက ဘာကိုမှမဆိုလိုဘူး။  သူမတစ်ခါမှ မဖြစ်ခဲ့ဖူးသော အရာတွေကို ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမှာလဲ?

 

 

ထိုအရာများသာ တကယ်ဖြစ်လာခဲ့လျှင် သူမနဲ့ ချန်ရှု့ ထပ်မံရင်ဆိုင်ရလိမ့်မည်။  အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။

 

 

ယဲ့ဆွေ ထိုအကြောင်းကို တွေးလိုက်သည်။  ထို့နောက် ချန်ရှု့ကို ပွေ့ဖက်ဖို့ သူမ လက် လှမ်းလိုက်သည်။  "ချန်ရှု့ ကျေးဇူးပါပဲ"

 

 

ချန်ရှု့က ယဲ့ဆွေရဲ့တစ်ကိုယ်လုံး ပြေလျော့သွားသည်ကို သတိပြုမိလိုက်သည်။  သူလည်း သူမနှင့်ပြုံးနေလေသည်။

 

 

 နောက်တစ်စက္ကန့်တွင် ယဲ့ဆွေ ရုတ်တရက်အသံထွက်လာသည်။  သူမ ချန်ရှု့ရဲ့ရင်ခွင်ကနေ မတ်တပ်ရပ်လိုက်သည်။  သူမကိုအကြာကြီးမကိုင်ထားမီ သူ့လက်ထဲမှနွေးထွေးသောထိတွေ့မှုက ပျောက်ကွယ်သွားသည်။

 

 

ယဲ့ဆွေက ချက်ချင်းချန်ရှု့ နောက်ကျောဘက်ကို လှည့်သွားပြီး သူ၏အဝတ်အစားပေါ်တွင် မည်းနက်သောလက်ဗွေရာများစွာကို တွေ့လိုက်ရသည်။

 

 

ယဲ့ဆွေ သက်ပြင်းချလိုက်သည်။  "ချန်ရှု့၊ ကျွန်မ ရှင့်ရဲ့အင်္ကျီအဖြူကိုစွန်းထင်းစေမိပြီ"

 

 

ချန်ရှု့ကမကောင်းတဲ့ အရာတစ်ခုခုဖြစ်ခဲ့တယ်လို့ ထင်ခဲ့တာဖြစ်သည်။ ယဲ့ဆွေရဲ့  စိတ်အခြေအနေ ကောင်းမွန်လာမယ်ဆို ရှပ်အင်္ကျီအဖြူတစ်ထည်လုံး ညစ်ပတ်နေခဲ့ရင်တောင်မှ သူအဆင်ပြေသည်။

 

 

ယနေ့မှစ၍ ယဲ့ဆွေနှင့်ချန်ရှု့တို့နှစ်ဦးစလုံးက ထိုကိစ္စကိုချန်ထားခဲ့ပြီး ထပ်မံမဖော်ပြတော့ပါ။

 

 

ဟူအန်း၏စတူဒီယိုက ယဲ့ဆွေနဲ့ချန်မိသားစုကြားဆက်ဆံရေးကိုဖြန့်ပြီးနောက် အင်တာနက်၌အာရုံခံစားမှုကိုဖြစ်လာစေသည်။  သူဆက်လက်စုံစမ်းနေသရွေ့ သူက ပိုအရာတွေကို တူးဖော်နိုင်လိမ့်မယ်ဆိုတာကို ဟူအန်း သိသည်။

 

 

ထို့အပြင် ယဲ့ဆွေ အဲ့တာထက်ပို၍ ပုန်းလျှိုးကွယ်လျှိုးနေခဲ့ဖူးသည်ကို သူထင်ကြေးပေးထားသည်။ ယဲ့ဆွေနှင့်ချန်မိသားစု၏ အငယ်ဆုံးသားတို့ကြား နားမလည်နိုင်သောဆက်သွယ်မှုတစ်ခုရှိနေကြောင်းကို သူအမြဲခံစားခဲ့ရသည်။

 

 

သူ့ကိုရှာဖွေတွေ့ရှိဖို့ စောင့်ဆိုင်းနေသည့် ပိုမိုစိတ်လှုပ်ရှားစရာကောင်းသော အရာများရှိနေကြောင်းကို သူအခိုင်အမာ ယုံကြည်ထားသည်။

 

 

ဟူအန်းက ဝေယွဲ့ကို သူ့ကိုကူပြီးဓာတ်ပုံရိုက်ပေးဖို့ ဆက်လက်တောင်းဆိုခဲ့သည်။ သို့သော် ချန် မိသားစုက ဝေယွဲ့ နှင့်ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိမ့်မယ်လို့သူ မမျှော်လင့်ခဲ့ပေ။  သူတို့က သူ့ကိုဆွေမျိုးသားချင်းအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့ကြသည်။

 

 

ယဲ့ဆွေ၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် သခင်ကြီးချန် က  ချန်မိသားစု စုဝေးခြင်းကို ဘယ်တော့မှမပြုလုပ်တော့ပါ။  ချန်ရှီက သတိကြီးစွာထားပြီး အပြင်လူတွေကို ချန် အိမ်ထဲသို့ ၀င်ခွင့်မပြုခဲ့ပေ။

 

 

ဝေယွဲ့၏ အဆက်အသွယ် ပြတ်သွားသောအခါ ချန် မိသားစု၏ ဆွေမျိုးများသည်လည်း အလုပ်မလုပ်တော့ပါ။ သူက ထိုအလုပ်သမားများကဲ့သို့ ချန် မိသားစုထဲမှာ အခြားသူများထံမှသာ စတင်နိုင်ခဲ့သည်။

 

 

ထိုလူများက ချန်  မိသားစုတွင် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ကြပြီး ချန် နေထိုင်ရာသို့ မကြာခဏထွက်သွားကြသည်။ သူကတစ်နည်းနည်းဖြင့် အောင်မြင်မှုများကိုရှာဖွေလိမ့်မည်။

 

 

ဟူအန်းက ချန်မိသားစု၏ အလုပ်သမား အားလုံးကို စုံစမ်းခဲ့သည်။  သူက ချန်မိသားစုတွင်နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အန်တီကျန့်ကို ပစ်မှတ်ထားထားသည်။

 

 

အန်တီကျန့်က သူမက ဟူအန်းရဲ့ပစ်မှတ်ဆိုတာကိုမသိခဲ့ဘူး။  အဲဒီနေ့က သူမကသူမရဲ့မြေးမကို ဆေးရုံခေါ်သွားခဲ့သည်။ လွန်ခဲ့တဲ့ တစ်လခွဲ ဆေးရုံမှာ သူမရဲ့မြေးမမှာ စိုးရိမ်ရတဲ့ ရောဂါတစ်ခုတွေ့ရှိခဲ့သည်။

 

 

ကုသမှုက ရှုပ်ထွေးပြီးစျေးကြီးသည်။ တစ်ဦးတည်းအတွက် ဆေးဝါးကုန်ကျစရိတ်က မြင့်မားနေပြီဖြစ်သည်။  အကယ်၍ ခွဲစိတ်မှုအားနောက်ပိုင်းအဆင့်တွင် ဆောင်ရွက်ရမည်ဆိုပါက သူတို့မိသားစုက အသုံးစရိတ်အတွက် မတတ်နိုင်တော့ပါ။

 

 

အန်တီကျန့်က အချိန်ကြာမြင့်စွာ ဒုက္ခရောက်နေသည်။  သူမနှင့်သူမသမီးတို့က ဆေးရုံစင်္ကြံ၌ထိုင်နေကြသည်။  အန်တကျန့်က သူမမြေးမကို သူမလက်၌ဆုပ်ကိုင်ထားသည်။  မြေးမလေး၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး စိတ်ဓါတ်ကျနေသည်။

 

 

အန်တီကျန့်က သူမ၏မြေးမအား တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

 

 

 ဒီအချိန်မှာ သူမအသံတစ်ခုကြားလိုက်ရသည်။  "အန်တီ ကျန့်"

 

 

အန်တီကျန့်က မော့ကြည့်လိုက်တော့ ထူးဆန်းတဲ့ လူတစ်ယောက်ကိုတွေ့လိုက်သည်။  သူမက "ငါမင်းကိုမသိဘူး" ဟု သံသယဖြစ်စွာနဲ့ ပြောလိုက်သည်။

 

 

ဟူအန်းက အန်တီကျန့်၏ မြေးမကို တစ်ချက်ကြည့်လိုက်သည်။  “ကျွန်တော့်ကို မသိလည်း ကိစ္စမရှိပါဘူး။ကျွန်တော် ဒီကိုလာတာက ခင်များကိုလာတွေ့တာ။ ဒါကခင်များရဲ့မြေးမရဲ့ ဆေးဖိုးဝါးခနဲ့ ဆက်စပ်နေတယ်။ "

 

 

အန်တီကျန့် အံ့သြသွားသည်။  သူမက သူ့သမီးအား သူမရဲ့မြေးမကို ချီထားခိုင်းလိုက်ပြီး ဟူအန်းနဲ့ အပြင်ဘက်ကို လိုက်သွားခဲ့သည်။  အန်တီကျန့်က မင်းဘာကိုဆိုလိုတာလဲ လို့မေးလိုက်သည်။

 

 

ဟူအန်း - “ ခင်များမှာ ဆေးဖိုးအတွက် အရေးပေါ်ငွေလိုနေတယ်ဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော် ကူညီနိုင်ပါတယ်။"

 

 

အန်တီကျန့်က ဟူအန်းကို စူးစူးရဲရဲကြည့်ပြီးစကားမပြောခဲ့ပေ။

 

 

ဟူအန်း - “ ခင်များက ချန်မိသားစုမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တယ်။ ချန်မိသားစုက လူတွေကခင်များကိုယုံကြည်ကြတယ်။ ခင်များကို ကျွန်တော့်အတွက် ယဲ့ဆွေ  ကိုမျက်ခြည်မပြတ် ကြည့်ထားစေချင်တယ်

 

 

 "ခင်များ ကျွန်တော့်ကို ကူညီနိုင်ရင် ယဲ့ဆွေနဲ့ ချန်မိသားစု ရဲ့အငယ်ဆုံးသားပုံကို ရိုက်ပေးပါ။ ခင်များ ကူညီနိုင်ရင် ခင်များရဲ့မြေးရဲ့ဆေးဖိုးအတွက် ကျွန်တော် အပြည့်အဝတာဝန်ယူမယ်"

 

 

အန်တီကျန့် အံ့သြသွားသည်။  ဒီလူက ယဲ့ဆွေကို ဦးတည်နေတယ်ဆိုတာ သိသာထင်ရှားသည်။  ယဲ့ဆွေက စတားတစ်ယောက်ဖြစ်၍ လူအများကသူမအခြေအနေကို သိချင်ကြသည်။

 

 

အန်တီကျန့် တုံ့ဆိုင်းသွားသည်။  "ဒါပေမယ့် ချန် မိသားစုက ငါ့ကိုအရမ်းကြင်နာတယ်" သူမသာ အဲ့ဒါကိုတကယ်လုပ်ရင် သူမရဲ့စိတ်ထဲ မသက်မသား ခံစားရလိမ့်မည်။

 

 

ဟူအန်းက အန်တီကျန့်၏ အဖြေကိုမျှော်လင့်ထားခဲ့သည်။ “ ချန် မိသားစုက ခင်များအပေါ်ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ၊ သူတို့ကအပြင်လူတွေပဲ။  ဒါပေမယ့် ခင်များရဲ့မြေးမက စောင့်နိုင်တော့ဘူး

 

 

အန်တီကျန့်က အသံတိတ်သွားသည်။  သူမမျက်လုံးထဲ စိုးရိမ်စိတ်များ ၀င်လာသည်။

 

 

သံပူနေစဉ်တွင် ဟူအန်းက ဆက်လက်ထုရိုက်ခဲ့သည်။  "ချန် မိသားစု ဒါမှမဟုတ် ခင်များရဲ့မြေးမ ဘယ်သူက ပိုအရေးကြီးလဲ? ခင်များရဲ့နှလုံးသားထဲမှာ အဲဒါကိုခင်များရှင်းရှင်းလင်းလင်း သိသင့်တယ်လို့ ထင်တယ် ”

 

 

အန်တီကျန့် ခဏလောက် စဉ်းစားလိုက်သည်။  အဆုံးမှာတော့ သူမကခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။  "ငါမင်းကိုကူညီမှာမဟုတ်ဘူး။  ငါဒီလိုမျိုးမလုပ်နိုင်ဘူး။ "

 

 

ဟူအန်းက မအံ့သြပေ။  သူက လုပ်ငန်းကတ် တစ်ခုထုတ်ပြီးအန်တီကျန့်ကို ပေးလိုက်သည်။  "ဒါကျွန်တော့်လုပ်ငန်းလိပ်စာကတ်ပြားပါ။  ခင်များ စိတ်ပြောင်းသွားရင် ကျွန်တော့်ကိုဆက်သွယ်လိုက် ”

 

 

ဟူအန်း ထွက်ခွာသွားပြီးနောက် အန်တီကျန့်က စိတ်ပျက်လက်ပျက်ဖြင့် ဆေးရုံစင်္ကြံသို့ပြန်သွားခဲ့သည်။  ငိုနေစဉ်သူမရဲ့သမီးက သူမလက်ကိုဆုပ်ကိုင်ထားလိုက်သည်။  "အမေ၊ သမီးဘာလုပ်ရမလဲဟင်?”

 

 

 “ ဆရာဝန်က ရှောင်ရှောင်ရဲ့အခြေအနေက ပိုဆိုးလာတယ်လို့ပြောတယ်။ ဒါပေမယ့် ခွဲစိတ်ဖို့ သမီးတို့မှာပိုက်ဆံမရှိဘူး ”

 

 

သမီးဖြစ်သူ၏ ငိုကြွေးသံနှင့်အတူ အန်တီကျန့်၏နားများတွင် အသံတွေမြည်လာခဲ့သည်။ သူမ၏ယိမ်းယိုင်နေသောနှလုံးသားက ချက်ချင်းပင်ခိုင်မာလာသည်။  မွန်းလွဲပိုင်းတွင် ဟူအန်းက အန်တီ ကျန့်ထံမှ ဖုန်းလက်ခံရရှိခဲလသည်။  "ငါသဘောတူတယ်။ ငါဘာလုပ်ပေးရမှာလဲ? "

 

 

ဟူအန်းကပြုံးပြီး အန်တီကျန့်ကို စကားအနည်းငယ်ပြောခဲ့သည်။  အရာအားလုံးက အဆင်သင့်ဖြစ်သွားခဲ့သည်။  နောက်တစ်ခုက ဓာတ်ပုံရဖို့ပြင်ဆင်ဖို့ပင်။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့ကတော့  တစ်စုံတစ်ဦးက သူတို့ကိုဓာတ်ပုံထပ်ရိုက်ဖို့ ကြံစည်နေတာကိုမသိခဲ့ချေ။ သူတို့က မကြာသေးမီက တစ်ခုခုကို သိခဲ့ရသည်။  ချန်ရှီ နေမကောင်းဘူး။

 

 

ချန်ရှီက အမြဲကျန်းမာနေခဲ့ပြီး ဖျားနာခဲသည်။  သူတို့နှစ် ဦးက သတင်းတွေကိုကြားသောအခါ အလွန်စိုးရိမ်ခဲ့ကြသည်။ ချန်ရှီက အသက်ကြီးပြီ။ လူတွေက  ဒီအသက်အရွယ်မှာ ပိုပြီးအာရုံစိုက်ရမည်။

 

 

ချန်ရှီက သူအဆင်ပြေတယ်လို့ ပြောပေမယ့် ယဲ့ဆွေနဲ့ ချန်ရှု့ တို့က ချန် မိသားစုဆီကို ရောက်သွားတုန်းပဲ။  နေမကောင်းဖြစ်နေသော်လည်း သူကသူတို့ကို ခေါ်ထုတ်ရန်ထွက်လာခဲ့သည်။

 

 

ဒါကိုအန်တီကျန့်မြင်တဲ့အခါ သူမကချက်ချင်းပဲ သူမရဲ့လက်ကိုင်ဖုန်းကိုကောက်ကိုင်ပြီး ချန်ရှီနဲ့ ချန်ရှု့တို့ အတူတူရပ်နေတဲ့ပုံကိုရိုက်လိုက်သည်။

 

 

ချန်ရှီက အခြားလူတွေကို ချန်နေအိမ်သို့ မလာဖို့တားမြစ်ထားပြီးဖြစ်သည်။  သို့သော်လည်း နှစ်ပေါင်းများစွာသူတို့အတွက် အလုပ်လုပ်ပေးခဲ့သော သက်ကြီးရွယ်အိုများက သူတို့ကိုသစ္စာဖောက်လိမ့်မယ်လို့ သူဘယ်တုန်းကမှမထင်ခဲ့ပေ။

 

 

အန်တီကျန့်က အခန်းထဲကိုဝင်လာပြီး ချန်ရှီနဲ့ယဲ့ဆွေအတွက် လက်ဖက်ရည် ထည့်လိုက်သည်။  တံခါးပိတ်ပြီးတော့ အန်တီကျန့်က မထွက်သွားသေးဘူး။ သူမကသူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး အခန်းနဲ့မနီးမဝေးမှာရပ်နေသည်။

 

 

ခဏအကြာမှာ တံခါးပွင့်လာခဲ့သည်။  ယဲ့ဆွေနဲ့ ချန်ရှု့တို့က ချန်ရှီအခန်းမှထွက်လာပြီး စင်္ကြံသို့လျှောက်သွားကြသည်။  အန်တီကျန့်လည်း တိတ်တဆိတ်လိုက်လာသည်။

 

 

စကားပြောနေစဉ် ယဲ့ဆွေနဲ့ ချန်ရှု့တို့က လမ်းခုလတ်တွင်ရပ်လိုက်ကြသည်။  ဒီအခွင့်အလမ်းကိုယူပြီး အန်တီကျန့်က နောက်ထပ်ဓာတ်ပုံတစ်ပုံရိုက်ခဲ့သည်။  ဒီပုံလေးကို ရပြီးတာနဲ့ အန်တီကျန့်က အဲဒါကို ဟူအန်းဆီကို ချက်ချင်းပို့လိုက်သည်။

 

 

ဟူအန်းက ယဲ့ဆွေနဲ့ ချန်မိသားစု၏ အငယ်ဆုံးသားအတူ ဓာတ်ပုံရိုက်ထားတာကို လိုချင်သည်။ သူတို့နှစ်ဦး တိတ်တဆိတ်လက်ထပ်ထားကြလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

 

 

ဒီသတင်းကိုလွှင့်ပြီးတဲ့နောက်မှာ ဘယ်လိုစိတ်ခံစားချက်ဖြစ်လာမလဲ! ဟူအန်း စတူဒီယိုက ကြေငြာချက်ကို ချက်ချင်းထုတ်ပြန်ခဲ့သည်။

 

 

[ရုပ်ရှင်ဘုရင်မ ယဲ့ဆွေရဲ့ ကွယ်ဝှက်ထားသောအိမ်ထောင်ရေးကို အသစ်ဖြစ်သောခိုင်မာသည့်သက်သေနှင့်တကွ!  ]

 

 

[ယဲ့ဆွေနဲ့ ချန် မိသားစု အငယ်ဆုံးသားရဲ့ ဖုံးကွယ်ထားသောအိမ်ထောင်ရေး၊ အံ့သြဖွယ်ရာလိမ်ညာမှုကြီး! ]

 

 

[ချန်မိသားစု၏အငယ်ဆုံးသား မျက်နှာက မြင်သာလာပြီ! ယဲ့ဆွေနဲ့  ရင်းနှီးနေပါပြီ! ]

 

 

 ပို့စ်များနှင့်တွဲ၍ ဓာတ်ပုံများစွာရှိခဲ့သည်။ ပထမဓာတ်ပုံတွင် ယဲ့ဆွေက ချောမောသောအမျိုးသားတစ်ဦးနှင့်ရပ်နေသည်ကိုပြထားသည်။

 

 

ယဲ့ဆွေစကားပြောတာကို နားထောင်နေသလိုမျိုး သူကခေါင်းကိုငုံ့ထားသည်။  ယဲ့ဆွေက သူမ၏ခေါင်းကိုမော့၍ အမျိုးသားရဲ့နားရွက်နားကို စကားပြောရန် ယိုင်ထားသည်။  သူတို့က စုံတွဲတစ်တွဲလို ရင်းနှီးနေပုံရသည်။

 

 

ဒုတိယဓာတ်ပုံတွင် ယဲ့ဆွေနှင့်အမျိုးသားတို့ရဲ့လက်က လက်ထပ်လက်စွပ်နှစ်ကွင်းကို ပြထားသည်။

 

 

ဤဓာတ်ပုံနှစ်ပုံသည် ယဲ့ဆွေနဲ့  ထိုအမျိုးသားတို့ တိတ်တဆိတ်လက်ထပ်ခဲ့သည်ကို သက်သေပြထားခဲ့သည်။

 

 

တတိယပုံမှာ အမျိုးသားနှင့်ချန်ရှီတို့ အတူတကွရပ်ပြီး စကားပြောနေကြသည်ကို ပြထားသည်။  ချန်ရှီက ကြင်နာသောမျက်နှာဖြင့် ထိုလူအားစိုက်ကြည့်နေသည်။  ဒီဓာတ်ပုံက ချန်ရှီက သူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာကို အတည်ပြုခဲ့သည်။

 

 

ထို့ကြောင့်ထိုလူသည် ယဲ့ဆွေ၊ ချန်ရှီတို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။  ထို့ပြင် သူက ယဲ့ဆွေ၏အသက်နှင့် အနီးစပ်ဆုံးဖြစ်သည်။  ဒီလူက ချန် မိသားစုရဲ့အငယ်ဆုံးသားဖြစ်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပေ။

 

 

ဒီသတင်းတစ်ပိုင်းတစ်စ ထွက်လာပြီးတာနဲ့ အင်တာနက်ကပေါက်ကွဲသွားသည်။  ဒီသတင်းက ဗုံးတစ်လုံးလိုပဲ။ တစ်ချက်ပစ်လိုက်ရုံနဲ့ မုန်တိုင်းထန်တဲ့ပင်လယ်ထဲကိုကျသွားသည်။

 

 

အင်တာနက်သုံးစွဲသူတွေ အားလုံးအံ့သြသွားကြသည်။  'ဘာ?  တစ်ချိန်တုန်းက၊ ယဲ့ဆွေတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ချိန်းတွေ့တဲ့ကိစ္စမဟုတ်ဘူးလား?  အခုရုတ်တရက်ကြီး ဘာလို့ ဝှက်ထားတဲ့ အိမ်ထောင်ရေးဖြစ်လာရတာလဲ?'