Chapter 120
Viewers 6k

🌍Chapter 120




သူ အများနှင့်မတူ ထူးဆန်းသည့်သူရဲကောင်းကို ကြည့်ကာ ရုတ်တရက် လူရွှင်တော်တစ်ယောက်လိုပင် ခံစားလိုက်ရ၏။ 


“သူတို့ ကျွန်တော်တို့က ကစားသမား‌တွေလို့သာ ထင်နေရင် ကျွန်တော်တို့ကမြေအောက်နိုင်ငံသားတွေဖြစ်နေတဲ့အတွက် အမှားမှားအယွင်းယွင်းတွေ ဖြစ်လာလိမ့်မယ်…သူတို့ရဲ့သတိကို လျှော့ချနိုင်လိမ့်မယ်…ဒါပေမဲ့ ကျွန်‌တော်တို့က မြေအောက်နိုင်ငံသားတွေလို ဟန်ဆောင်ထားတော့ နာမည်ရင်းခေါ်တာ အဆင်မပြေဘူး…”


ထန်မော့ ခေတ္တမျှ တွေးလိုက်သည်။


“ကျွန်တော် ခင်ဗျားကို ထန်ချီလို့ခေါ်မယ်…ဘယ်လိုလဲ…”


ဖူ၀မ်သော်၏မျက်နှာကို ခမောက်ဖြင့် ဖုံးအုပ်ထားသည့်အတွက် ထန်မော့ သူ့မျက်နှာအမူအရာအား မမြင်ရပေ။ သူ ခမောက်အောက်မှထွက်လာသည့်အသံတိုးတိုးကိုသာ ကြားလိုက်ရသည်။


“မင်း ငါ့နာမည်ပြောင်းရင်လည်း ဘာလို့ မင်း ထန်မျိုးရိုး ပြောင်းရတာလဲ…”


ထန်မော့ ဖူ၀မ်သော် အထင်မှားနေသည်ကို သိသွားသည်။


“ဒါက မျိုးရိုးထန် မဟုတ်ပါဘူး…Don Quixoteက ထန်ချီပါ…ခင်ဗျားက သူနဲ့တူတယ်လေ…”


(Don Quixoteရဲ့ပထမနာမည်တစ်၀က်က တရုတ်လို ထန်ချီဟု ခေါ်သည်)


သူက ရူးသွပ်ထူးဆန်းသောသူရဲကောင်းဖြစ်သည်။


ဖူ၀မ်သော် ချင့်ချိန်စဉ်းစားပြီးနောက် ပြောလိုက်သည်။


“မင်းနာမည်က ဗစ်တာ…”


ထန်‌မော့ ရုတ်တရက် အေးခဲသွားပြီး ဖူ၀မ်သော်ကို ပြူးကျယ်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း‌မြှုပ်နှံထားသော နာမည်က ပြန်လည်ပေါ်ထွက်လာသဖြင့်နှလုံးခုန်မြန်လာလေသည်။


အမည်မသိခံစားချက်တစ်ခု နှလုံးသားထဲတွင် ပေါ်ပေါက်လာ၏။ အချိန်အတော်ကြာပြီးနောက် ထန်မော့ မေးလိုက်သည်။


“ဘာလို့ ကျွန်တော့်ကို အဲ့လိုခေါ်တာလဲ …”


ဖူ၀မ်သော်၏မျက်နှာကို ခမောက်ဖြင့်ဖုံးကွယ်ထားသော်လည်း ထန်မော့ တစ်ဖက်လူ၏အကြည့်ကို ခံစားမိသည်။


“ခရစ်စမတ်အဆုံးသတ် ကြယ်နီလေး…Victor Voroskirskyရဲ့ ကိုယ်ခံပညာသီချင်း…မင်းက ကဗျာစာဆိုဆိုတဲ့ အဲ့နာမည်နဲ့ သင့်တော်တယ်…”


ထန်မော့ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပြုံးလိုက်သည်။


“‌အိုကေ…ကျွန်တော့်ကို ဗစ်တာလို့ခေါ်…သွားရအောင် ထန်ချီ…မွန်းစတားသွားရှာကြတာပေါ့…”


ထန်မော့ ကြေးဒင်္ဂါးပြားနှစ်ပြားအကုန်ကျခံပြီး ပန်းပွင့်ရှပ်အင်္ကျီ၀တ်ဆင်ထားသည့်လူထွားကြီးထံမှ သင်္ဘောကျင်း၏တည်နေရာအချက်အလက်ကို ၀ယ်ယူခဲ့သည်။ ဆန်းကြယ်သည့်ဆပ်ကပ်က ခုနစ်ရက်အတွင်း အံ့ဩဖွယ်ညရှိုးကို ကျင်းပမည်ဖြစ်ပြီး မြေအောက်မြို့တော်၏အကောင်းဆုံးအပိုင်းကို ငှားရမ်းထားကာ မြို့တော်အလယ်ရှိ လူစည်ကားဆုံးရင်ပြင်တွင် တဲကိုဆောက်ထားကြလေသည်။


သင်္ဘောကျင်းက ထိုနေရာနှင့် ငါးကီလိုမီတာကွာဝေး၏။


မိနစ်နှစ်ဆယ်ကြာလမ်းလျှောက်ပြီးနောက် ထန်မော့ သင်္ဘောရွက်များကို မြင်လိုက်ရလေသည်။ သူ ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်ပြီး နှစ်ယောက်သား ခေါင်းငြိမ့်လိုက်ကြသည်။


ထန်မော့ မျက်နှာဖုံးကို တင်းတင်း၀တ်လိုက်ပြီး လက်ကို အိတ်ကပ်ထဲ ထည့်လိုက်ကာ သင်္ဘောကျင်းဆီသို့ လျှောက်သွားလိုက်၏။


ဖူ၀မ်သော်ကမူ သူ့ဘေးမှ ပျောက်ကွယ်သွားလေပြီ။


ထန်မော့မျက်လုံးများက ပတ်၀န်းကျင်မှ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူက ကစားသမားဖြစ်နိုင်ချေရှိသည့်အရာအားလုံးကို သတိရှိရပေမည်။ သို့သော်ငြားလည်း သူ  ပတ်၀န်းကျင်တွင် ကစားသမားတစ်ယောက်မှ မတွေ့ခဲ့ချေ။ အရာအားလုံးက ငြိမ်သက်နေပြီး ထန်မော့လည်း ကြီးမားသည့်သင်္ဘောကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားလေသည်။ 


သူ ‘ဆန်းကြယ်သည့်ဆပ်ကပ်’အမှတ်တံဆပ်ပါ သင်္ဘောရွက်ကြီးကို ကြည့်လိုက်ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ လျှောက်သွားလိုက်သည်။


“ဒီနေရာက ‘ဆန်းကြယ်တဲ့ဆပ်ကပ်’အဖွဲ့ရဲ့သင်္ဘောလား…”


ထန်မော့ ပြောပြီးသည်နှင့် သင်္ဘောကုန်းပတ်ပေါ်မှ ဆပ်ကပ်အဖွဲ့၀င်နှစ်ယောက် ထန်မော့ကို လှည့်ကြည့်လိုက်ကြလေသည်။ သူတို့က ထန်မော့ခေါင်းပေါ်မှ စာကို မြင်သည့်အခါ တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။


“ဘယ်လောက်တောင် ကြာနေပြီလဲ…ဘာလို့ အခုမှ ရောက်လာတာလဲ…နှာချေက မစ္စတာBကို ဒီကို ညွှန်းလိုက်တာမလား…ငါတို့ပိုက်ဆံပေးပြီးပြီမို့လို့ ပျင်းရိမနေကြနဲ့…မစ္စတာAရော ဘယ်မှာလဲ…”


ထန်မော့ နူးညံ့စွာ ပြောလိုက်သည်။


 â€œá€žá€° ဗိုက်နာလာလို့ အိမ်သာသွားတယ်…”


အရပ်ရှည်သည့်ဆပ်ကပ်အ‌ဖွဲ့၀င် လက်ဝှေ့ယမ်းပြလိုက်သည်။


“မြန်မြန် ဒီမွန်းစတားကို ခေါ်သွားတော့…သူက ဆူညံနေတာပဲ…ငါ ညဆို ကောင်းကောင်းမအိပ်ရဘူး…ခေါင်းဆောင်က နန်း‌တော်သွားပြီး ဘုရင်ကြီးနဲ့မိဘုရားကြီးဆီ ဖိတ်စာသွားပေးတယ်…ခေါင်းဆောင် မသွားခင် အံ့ဩဖွယ်ညမတိုင်ခင် ဒီစက်ဆုပ်စရာမွန်းစတားကို ဆပ်ကပ်အဖွဲ့‌ဆီ ခေါ်မသွားဖို့ ပြောခဲ့တယ်…သူခိုးတွေက ဆပ်ကပ်အဖွဲ့အနီးမှာ မွန်းစတားကို ခိုးဖို့ ထောင်ချောက်အများကြီးဆင်ထားတယ်ဆိုတဲ့သတင်းကို ရခဲ့တယ်တဲ့…”


ထန်မော့ မျက်မှောင်ကြုတ်လိုက်သည်။


 â€œá€€á€ťá€˝á€”်တ္ဏ်တိုအက မွန်းစတားကို နောက်ခုနစ်ရက်နေမှ ခေါ်သွားရမှာပေါ့…”


အရပ်ပုသည့်ဆပ်ကပ်အဖွဲ့၀င် ကြားဖြတ်ပြောလိုက်သည် 


“သေချာတာပေါ့…သူခိုးတွေက ထောင်ချောက်တွေ ဆင်ထားတဲ့ဟာ…မင်းက မွန်းစတားကို သူတို့ကို သွားပို့ချင်တာလား …”


“ဒါဆို ကျွန်တော်က မွန်းစတားကို ခုနစ်ရက်ကြာမှ ခေါ်သွားနိုင်မယ်ပေါ့…”


အရပ်ရှည်သည့်အဖွဲ့၀င် ပြောလိုက်သည်။


“တိတိကျကျပြောရရင် ခုနစ်ရက်နေ့ ညနေ…”


အရပ်ပုသည့်အဖွဲ့၀င် ထပ်ပေါင်းပြောလိုက်သည်။


“တစ်စက္ကန့်တောင် စောလို့မရဘူး….”


ထို့နောက် အရပ်ရှည်သည့်အဖွဲ့၀င် ပြောလိုက်၏။


“မွန်းစတားလှောင်အိမ်က ဟိုမှာ…ကြင်ကြင်နာနာသတိပေးရရင် ဒီမွန်းစတားက အလင်းရောင်ကို အရမ်းကြောက်တယ်…မင်း ၁၀မိနစ်လောက် အလင်းရောင်ထဲမှာ ထားတာနဲ့ ရေဓာတ်ခမ်းခြောက်ပြီး သေသွားလိမ့်မယ်…သူ့ကို မသေစေနဲ့…မဟုတ်ရင် ခေါင်းဆောင်က မင်းကို အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်…”


ထန်မော့ ပြန်ဖြေလိုက်သည်။


“ကျွန်တော် သိပါပြီ…”


ထန်မော့ ရထားလုံးကြီးဆီသို့ လျှောက်သွားလိုက်သည်၊၊ 


ကြီးမားသည့်ရထားလုံးကြီးက သုံးမီတာမြင့်ပြီး နှစ်မီတာကျယ်ကာ လေးမီတာရှည်လေသည်။ ယင်းကား သင်္ဘောကုန်းပတ်ကို များစွာ နေရာယူထား၏။ ထန်မော့ ခွန်အား၅၀%သုံးကာ ဆွဲလိုက်သော်လည်း မမျှော်လင့်စွာနှင့်မီတာ၀က်မျှသာ ဆွဲနိုင်ခဲ့လေသည်။ သူ ‌ဆွဲယူလိုက်စဉ်တွင် ရထားလုံး၏နံရံကို တစ်စုံတစ်ခု ရိုက်မိသွားပုံပေါ်၏။


ထန်မော့ တွေးဆပြီးနောက် လှည့်မေးလိုက်သည်။


“မြင်းကော…”


မြင်းမပါတဲ့ ရထားလုံး…အ၀တ်စကြီးတွေနဲ့အုပ်ထားတဲ့ အနက်ရောင်လှောင်အိမ်…


ထိုစကားကို ကြားသည့်အခါ အရပ်ရှည်သည့်ဆပ်ကပ်အဖွဲ့၀င် ဒေါသတကြီး အော်လိုက်သည်။


“ဝိုးးး မင်းက မြင်းလိုချင်သေးတာလား…မင်းအတွက် ရထားလုံးတောင် စီစဉ်ပေးထားတာကို မြင်းလိုချင်သေးတယ်ပေါ့…”


အရပ်ပုသည့်အဖွဲ့၀င်က အခြားအဖွဲ့၀င်ကို‌ နောက်သို့ ဆွဲလိုက်သည်။


“ထားလိုက်ပါ…သူက ရထားလုံးကိုတောင် လက်နဲ့မဆွဲနိုင်တဲ့ စုံထောက်ဖြစ်မယ်…ဘာလို့ ခေါင်းဆောင်က ဒီလိုဟာတွေကို ကြေးကြီးကြီးပေးပြီး ငှားထားလဲမသိဘူး…မင်း ထပ်ပြောနေရင် မွန်းစတားကို ငါတို့ပဲ စောင့်ကြည့်တော့မယ်…မင်း အဲ့ဒါကို မဆွဲနိုင်ဘူးမလား…ဒါဆို တစ်ယောက်ယောက်ခိုးဖို့ ရောက်လာရင် သူတို့နှာခေါင်းတွေကို ထိုးလွှတ်လိုက်ပေါ့…”


ဆပ်ကပ်အဖွဲ့၀င်နှစ်ယောက် ထန်မော့အပေါ် အာရုံမထားတော့ချေ။ သူတို့ ညနေတွင် ဘားနားနားအရက်ဆိုင်၌ အရပ်သွားသောက်ရန် ဆွေးနွေးနေကြသည်။


ထန်မော့ သူတို့ကို စိတ်မ၀င်စားတော့ပေ။ သူ အားပိုသုံး၍ လက်နှစ်ဖက်လုံးဖြင့်ရထားလုံးကို ဆွဲလိုက်သည့်အခါ အထဲရှိ လေးလံသည့်တစ်စုံတစ်ရာက ရထားလုံးနံရံကို ရိုက်မိပြန်ပြီဖြစ်သည်။ ထန်မော့   မကြာမီအရှိန်ထိန်းလိုက်နိုင်ပြီး ရထားလုံးကို သင်္ဘောပေါ်မှ ‌‌ဆွဲချနိုင်ခဲ့သည်။


မွန်းစတားက အလွန်လေးလံလွန်းသည့်အတွက် ထန်မော့ မြန်မြန်မလျှောက်နိုင်ပေ။


မြေပြင်ပေါ်ရှိ ခြေလှမ်းတိုင်းက စင်တီမီတာ၀က်နက်သော ခြေရာကို ချန်ခဲ့လေသည်။ မြေပြင်ပေါ်ရှိ ဘီးလမ်းကြောင်းက နက်ရှိုင်းစွာ ကျန်ရစ်ခဲ့လေသည်။ ထန်မော့ လိုက်လျောညီထွေဖြစ်အောင် ညှိပြီးနောက် သင်္ဘောကျင်းမှ တဖြည်းဖြည်း အရှိန်မြင့်ထွက်လာခဲ့သည်။


လမ်းတစ်လျှောက် လူများစွာက ကြီးမားသည့် ရထားလုံးကြီးထဲမှ အရာကို စပ်စုစွာ ကြည့်နေကြလေသည်။


မျက်နှာဖုံး၀တ်ထားသည့် ထန်မော့က လူများစွာရှေ့ တည်ငြိမ်စွာ လျှောက်လာရင်း ရုတ်တရက် လူအုပ်အလည်မှ သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်သည်။ သူကြည့်နေသည်ကို မြင်သောအခါ လူကြီးက အဝေးပြေးထွက်သွားလေသည်။ ထန်မော့နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားပြီး ဖျော့တော့သည့်အပြုံးတစ်ပွင့်ပေါ်လာ၏။


အချိန်အတော်ကြာပြီးနောက် သင်္ဘောကျင်းမှ ထွက်လာနိုင်လေသည်။ ထန်မော့ အကွေ့အကောက်များသော လမ်းကြားထဲသို့ ၀င်သွားလိုက်သည်။


သူ ရထားလုံးကို စွန့်ပစ်အဆောက်အအုံထဲ ထည့်လိုက်ပြီး လည်ပင်းကို ချိုးကာ မြေပြင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်သည်။ သူ ၁၀မိနစ်ခန့် စိတ်ရှည်စွာ စောင့်ပြီးနောက် ယောကျာ်းနှစ်ယောက်က မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရလေသည်။ ထန်မော့ ထိုလူနှစ်ယောက်နောက်မှ ဖူ၀မ်သော်ကို ကြည့်ကာ မေးလိုက်သည်။


“နှစ်ယောက်ပဲလား…”


ချပ်၀တ်တန်ဆာ၀တ် ထူးဆန်းသည့်သူရဲကောင်းက အမှောင်ထုထဲမှ ‌ထွက်လာလေသည်။


“သူ့မှာ ကြံရာပါတစ်ယောက်ရှိတယ်…သူက သင်္ဘောကျင်းပတ်ပတ်လည် လျှောက်ပြီး သူ့ပါတနာကို ငါးမိနစ်လောက် လိုက်ရှာနေတာ…ငါ သူတို့နှစ်ယောက်လုံး ဖမ်းလာခဲ့တယ်…”


ထန်မော့ မျက်နှာပေါ်မှမျက်နှာဖုံးကို ထိလိုက်ပြီး မျက်နှာမမြင်ရကြောင်း အတည်ပြုပြီးနောက် ကစားသမားနှစ်ယောက်ကို ကန်လိုက်၏။ သူ မြေအောက်နိုင်ငံသားအဖြစ်ဟန်ဆောင်နေကြောင်း သတိရသွားသဖြင့် သူ့စိတ်ထဲတွင် Mosaic၊ မာရီယို၊ ပီနိုကီယို၊ ဆန်တာအစရှိသည့် ဘော့စ်အမျိုးမျိုးဖြတ်ပြေးသွားလေသည်။ အဆုံးတွင် ထန်မော့က ကစားသမားတစ်ယောက်ကို တွေးမိသွားပြီး ထိုကစားသမားကို အတုခိုးရန် ဆုံးဖြတ်လိုက်သည်။


ထန်မော့ တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး တခစ်ခစ်ရယ်လိုက်သည်။


“မင်းတို့က မွန်းစတားကို ခိုးချင်တဲ့သူခိုးတွေလား…”


ဖူ၀မ်သော်၏ရိုက်နှိက်ခြင်းခံထားရသည့် ကစားသမားနှစ်ယောက်က ရုပ်ပိုင်းဆိုင်ရာအခြေအနေ ကောင်းမွန်နေဆဲဖြစ်သည်။ ဖူ၀မ်သော်က သူတို့ကို ဆိုးဆိုးရွားရွားရိုက်နှိက်ထားခြင်း မရှိပေ။ ကစားသမားနှစ်ယောက် တစ်‌ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


အရပ်ပုသည့်လူကြီး ဦးစွာ ပြောလိုက်၏။


“ဘာမွန်းစတားလဲ…ငါတို့က သူခိုးတွေမဟုတ်ဘူး…မင်းက ဘယ်သူလဲ…မင်း ဘာလို့ ငါတို့ကို ရိုက်တာလဲ…ငါတို့က မြေအောက်နိုင်ငံသားတွေပဲ…မင်းက ငါတို့ရဲ့နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ရင် မြေအောက်နိုင်ငံအစောင့်တွေက မင်းတို့ကို အလိုရှိစာရင်းထဲ သွင်းလိမ့်မယ်…”


မြေအောက်နိုင်ငံသားတွေရဲ့အခွင့်အရေးလား…


ထန်မော့ ထိုကစားသမားနှစ်ယောက် ဤမျှလောက် သိလိမ့်မည်ဟု မထင်ထားပေ။ သို့သော်လည်း သူတို့က အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းပြီးသား ကစားသမားများဖြစ်သည့်အတွက် ဤအချက်အလက်ကို သိသည်မှာ သာမာန်ပင်ဖြစ်သည်။ ထန်မော့ ပိုင်ရို့ယောင်ကို ဆက်လက်အတုခိုးလိုက်သည်။ သူ စက်ဆုပ်စဖွယ် ပြုံးလိုက်ကာ သစ်သားချောင်းတစ်ချောင်း ကောက်ယူလိုက်ပြီး ကစားသမား၏မျက်နှာကို ပုတ်လိုက်သည်။ 


“မင်းတို့က ပစ္စည်းခိုးချင်တာလေ…မြေအောက်နိုင်ငံအစောင့်တွေက ငါတို့မဟုတ်ဘဲ မင်းတို့ကို အရင်ဖမ်းမှာ…”


“ငါတို့ တစ်ခုခုခိုးလိမ့်မယ်လို့ မင်း ဘာလို့ တွေးနေတာလဲ…”


“ဟုတ်တယ်…ငါတို့ မင်းဆီက ဘာခိုးသွားလို့လဲ…”


အစမှအဆုံးထိ ကစားသမားနှစ်ယောက်က ထန်မော့နှင့်ဖူ၀မ်သော်၏ခေါင်းပေါ်ကို မကြည့်ခဲ့ချေ။ သူတို့ တကယ်စာကို မမြင်ရသကဲ့သို့ မြေအောက်နိုင်ငံသားများသဖွယ် သရုပ်ဆောင်နေကြလေသည်။


ထန်မော့ ဖူ၀မ်သော်ကို စကားပြောချင်သော်လည်း ဖူ၀မ်သော်က ဦးစွာ ပြောလာလေသည်။


“ငါတို့ သူတို့ကို လွှတ်ပေးလိုက်ရင် သူတို့ မွန်းစတားကို ခိုးဖို့ ဆက်ကြိုးစားကြဦးမှာပဲ…ဗစ်တာ ငါတို့ သူတို့ကို သတ်သင့်တယ်…”


ထန်မော့ အနည်းငယ် တုန်လှုပ်သွားသည်။ သူ ဗစ်တာဟူသောနာမည်ကို စက္ကန့်အနည်းငယ်ကြာမှသာ ပြန်တုံ့ပြန်နိုင်ခဲ့လေသည်။ ထန်မော့ နှလုံးသားထဲမှထူးဆန်းသည့်ခံစားချက်ကို လျစ်လျူရှုထားလိုက်သည်။


“ဒါဆို သူတို့ကို သတ်ရအောင် ထန်ချီ…”


ကစားသမားနှစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကြသည်။


“ငါတို့ကို မသတ်ပါနဲ့…ငါတို့က တကယ် ဘာမှခိုးဖို့ မကြိုးစားခဲ့ကြပါဘူး…တကယ် သာမာန်နိုင်ငံသားတွေပါ…”


ချွမ်း…


ချွမ်း…


ဖူ၀မ်သော် ချွန်ထက်သည့်ဓားနှစ်လက်ကို ကစားသမားနှစ်ယောက်ထံ ချိန်ရွယ်လိုက်သည်။ ကစားသမားနှစ်ယောက်က အမှန်ပင်သတိလစ်သွားကြောင်း အတည်ပြုပြီးသောအခါ ထန်မော့ သက်ပြင်းချလိုက်၏။ သူတို့က ပိုင်ရို့‌ယောင်ကဲ့သို့ ဟန်ဆောင်နေပုံမပေါ်ချေ။


သူ ဖူ၀မ်သော်ဘက် လှည့်လိုက်သည်။


“ခင်ဗျား ဒဏ်ရာတွေဘာတွေ ရခဲ့သေးလား…”


“ဟင့်အင်း…”


ထန်မော့ ကစားသမားနှစ်ယောက်ကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


“ကျွန်တော်တို့ ကစားသမားတွေ တော်တော်များများဖမ်းမိမယ်ထင်တာ…မထင်မှတ်ဘဲ နှစ်ယောက်တည်း ဖမ်းနိုင်ခဲ့တယ်…တခြားကစားသမားတွေက ကောင်းကောင်းပုန်းနေနိုင်ကြတာ‌ပဲ…သူတို့ ကျွန်တော့်ကို သင်္ဘောကျင်းမှာကတည်းက တိတ်တိတ်လေး စောင့်ကြည့်နေကြတာ…ဒါပေမဲ့ သူတို့ကိုယ်သူတို့ ထုတ်မပြကြဘူး…ဒီလူကလွဲရင်ပေါ့…”


ထန်မော့ အရပ်ပုသည့်ကစားသမားကို စိုက်ကြည့်လိုက်သည်။


“သူက တုံးလွန်းတယ်…”


သင်္ဘောကျင်းထဲ မ၀င်မီကတည်းက ထန်မော့ ဖူ၀မ်သော်နှင့် ခွဲထွက်ခဲ့သည်။ တစ်ယောက်ကအလင်းမှာနေပြီး တစ်ယောက်က အမှောင်ထဲမှာနေခြင်းသည် သူတို့၏လှုပ်ရှားပုံဖြစ်၏။


ခွဲထွက်ခြင်းအားဖြင့် ကစားသမား၂၁ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာဖိအားများ ပေးနိုင်လေသည်။ ထန်မော့ သင်္ဘောကျင်းတွင် ပွင့်ပွင့်လင်းလင်း ပေါ်လာကတည်းက သူက ဘုရင်ကြီး၏ရွှေဒင်္ဂါးနှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။ မွန်းစတားကို ခိုးယူမည့်ကစားသမားများက ထန်မော့ကိုသာမြင်သည့်အတွက် သိပ်မလှုပ်ရှားကြရဲပေ။ သူတို့ မစ္စတာAဘယ်နေရာတွင် ရှိနေမှန်း မသိသောကြောင့် ဂရုတစိုက်လှုပ်ရှားရန် လိုလေသည်။ ဒုတိယအချက်အနေနှင့် ထန်မော့နှင့်ဖူ၀မ်သော်တို့ ပြိုင်ဘက်အရေအတွက်ကို လျှော့ချရန် ကစားသမားများအား ဖမ်းယူလိုခြင်းဖြစ်သည်။


သင်္ဘောကျင်းသို့သွားရာလမ်းတွင် ဆန်းကြယ်သည့်ဆပ်ကပ်အဖွဲ့မှ မွန်းစတားကို ဖမ်းမိသည့်သတင်းမှာ မြေအောက်နိုင်ငံအနှံ့ပျံ့နှံ့နေကြောင်း ထန်မော့ရှာတွေ့ခဲ့သည်။ နိုင်ငံသားများက မွန်းစတား သင်္ဘောကျင်းသို့ ရောက်ရှိနေမှန်း သိနေသရွေ့ ကစားသမား၂၁ယောက်လည်း ထိုသတင်းကို သိနိုင်ပေသည်။


သူတို့ ထိုအကြောင်းကို သိသရွေ့ သူတို့သင်္ဘောကျင်းသို့လာပြီး အခြေအနေကို စစ်ဆေးနိုင်ကြပေသည်။ 


ထန်မော့နှင့်ဖူ၀မ်သော်တို့ခေါင်းထက်မှစာတန်းကို ဖုံးကွယ်မရသောကြောင့် ကစားသမားများက သူတို့အထောက်အထားကို သိနိုင်ပေသည်။ ထို့ကြောင့် သူတို့ သင်္ဘောကျင်းတွင် တိတ်တိဆိတ်ပုန်းကွယ်ကာ ပြိုင်ဘက်ကစားသမားသမားများထံမှ အချက်အလက်ကို ရယူနိုင်ပေသည်။ ထန်မော့ကစားသမားများကို မမြင်ရသော်လည်း ကစားသမားများက ထန်မော့ကို မြင်နိုင်သည်။


ဤအရပ်ပုသည့်ကစားသမားမှလွဲလျှင်…


“လူတိုင်းက ကျွန်တော်‌‌ဆွဲလာတဲ့ရထားလုံးထဲမှာ ဘာမွန်းစတားပါလာလဲ သိချင်ကြတယ်…ဒီလူကလွဲရင်…”


ထန်မော့ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။


“သူ့အကြည့်က ကျွန်တော့်ခန္ဓာကိုယ်ပေါ်တစ်မိနစ်လောက်ရှိနေတာ…သူက လှောင်အိမ်ထဲက  မွန်းစတားထက် ကျွန်တော့်ကို ပိုသိချင်တာ…ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးရှိတဲ့သူက ဘယ်လောက်သန်မာလဲ သိချင်တာ…”


ဖူ၀မ်သော် ပြောလိုက်သည်။


“ကစားသမား၂၁ယောက်ထဲ ဒီလိုလူပါနေတာ သနားစရာပဲ…”


ထန်မော့ မေးလိုက်သည်။


“ဒီနှစ်ယောက်ခွန်အားက ဘယ်လိုလဲ…”


“အရမ်းမကောင်းဘူး…ဒီလူက ဂျက်ထက် နည်းနည်းပိုဆိုးတယ်…”


ဖူ၀မ်သော် အရပ်ရှည်သည့်လူကို ညွှန်ပြကာ ပြောလိုက်သည်။ ထို့နောက် အရပ်ပုသည့်လူကို ‌ထောက်ပြလိုက်၏။


“ဒီလူက‌တော့ အရမ်းဆိုးတယ်…သူရဲ့စွမ်းရည်ကလည်း ပျံသန်းနေတဲ့စာက‌‌လေးပဲ…စာကလေးက အရမ်းဆူညံတယ်…ကြည့်ရတာ အသံလှိုင်းတိုက်ခိုက်မှုမျိုးပဲ…ငါ အဲ့ဒါကို အမြန်ဂရုစိုက်နိုင်ခဲ့လို့ ထိခိုက်တာမျိုး မဖြစ်ခဲ့ဘူး…”


ထန်မော့ ထင်ကြေးပေးလိုက်သည်။


“ကြည့်ရတာ ဒီကစားသမားနှစ်ယောက်က ပထမထပ်ကို ရှင်းလင်းနိုင်ခဲ့တဲ့ သာမာန်ကစားသမားတွေပဲဖြစ်မယ်…”


ထန်မော့ ဖူ၀မ်သော်ကို ကြည့်လိုက်သည် ။


“ခင်ဗျား အသက်ရှူဖို့ သံခမောက်ချွတ်ဖို့ မလိုဘူးလား…”


ဖူ၀မ်သော်က လေးလံသည့် ငွေရောင်သံခမောက်ကို ဆောင်းထား‌ဆဲဖြစ်လေသည်။


ဖူ၀မ်သော် ပြန်ဖြေလိုက်သည်။


“မလိုဘူး…”


“ကစားသမား‌တွေ အနားမှာ မရှိပါဘူး…”


ထန်မော့ အခုလေးတင် ကစားသမားများနောက်ယောင်ခံလိုက်လာခြင်းကို ရှောင်ရှားရန် အလျင်လူသားစွမ်းရည်ကို အသက်သွင်းခဲ့သည်။ သူက တစ်နေ့သုံးကြိမ်သာ အသုံးပြု၍ရသော်လည်း ကစားသမားများလက်မှ လွတ်မြောက်ရန် ထိုစွမ်းရည်ကိုသုံး၍ စွန့်ပစ်အဆောင်အအုံထံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။


ဖူ၀မ်သော် ပြောလိုက်သည်။


“ခမောက်က လေးပြီး ၀တ်ထားရတာ အဆင်မပြေဘူး…”


ဒါကြောင့် သူ ချွတ်မှာ မဟုတ်ဘူး…


ထန်မော့ :”...”


ကစားသမားနှစ်ယောက်ကို ဖမ်းမိပြီးနောက် မိုးချုပ်လာပြီဖြစ်သည်။ ထန်မော့နှင့်ဖူ၀မ်သော်တို့‌ နောက်ဆုံးတွင် မွန်းစတားကို ကြည့်ရန် အခွင့်အရေးရလာကြပြီဖြစ်သည်။ နှစ်ယောက်သား လှောင်အိမ်ကြီးဆီသို့ သွားလိုက်ကြ၏။


ဖူ၀မ်သော် အနက်ရောင်ပိတ်စထောင့်ကိုဆုပ်ကိုင်လိုက်ကာ ထန်မော့ကို ကြည့်လိုက်သည်။


ထန်မော့ ပြောလိုက်သည်။


“ခင်ဗျားဖွင့်လိုက်…”


နောက်တစ်ခဏတွင် အနက်ရောင်ပိတ်စ‌ဆွဲချခံလိုက်ရပြီး လှောင်အိမ်ထဲမှ မွန်းစတားပေါ်လာလေသည်။


မှိန်ဖျဖျအလင်းရောင်အောက်တွင် ဧရာမမြွေသဏ္ဍာန်မွန်းစတားကြီးရှိနေ၏။ ထိုမွန်းစတားက ရူးသွပ်စွာ ခေါင်းဖြင့် စတီးတန်းများကို တိုက်နေလေသည်။ အနက်ရောင်ပိတ်စဆွဲချွတ်ခံလိုက်ရသည့်အခါ ‌မွန်းစတားကြီးက ခေါင်းမော့၍ သူရှေ့မှလူနှစ်ယောက်ကို ကြည့်ရန် ငါးမိနစ်ခန့် အချိန်ယူလိုက်ရလေသည်။



🪩