အပိုင်း ၁၂
Viewers 7k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၁၂

 

 

 

 

“ လု မိသားစုက ဘာကိုဆိုလိုတာလဲ။  ကွယ်လွန်သွားတဲ့သူရဲ့ဝိညာဉ်က မပြန့်သွားသေးဘူး။[1] လုချန်းယွမ်က လူကြိုက်များတယ်လို့ တကယ်ပဲ ထင်လို့လား။”

 

 

ယနေ့မွန်းလွဲပိုင်းတွင် မြို့ပေါ်တွင်ဖြစ်ပျက်ခဲ့သော တုန်းကျားဟွေ့ ရဲ့ ဖော်ပြပြောဆိုချက်ကို ကြားသောအခါ တုန်း မိသားစုက အလွန်ဒေါသထွက်သွားခဲ့သည်။  သူတို့ရဲ့သမီးလေး ကျားဟွေ့က မိန်းမကောင်းလေးတစ်ယောက် ဖြစ်သည်။  အဲ့တာက လု မိသားစုရဲ့ ဆုံးရှုံးမှုပဲ။ ဒါပေမယ့် အခု လု မိသားစုရဲ့ ဇနီးအသစ်က ကျားဟွေ့ ကို အနိုင်ကျင့်ရန် သတ္တိရှိလာသည်။ ကျားဟွေ့က တုန်း မိသားစုမှာ အားကိုးစရာလူတစ်ယောက်မှမရှိဘူးလို့ သူတို့တကယ်ထင်နေတာလား။

 

“မဟုတ်ဘူး၊ ငါမနက်ဖြန်ကျရင် ရှင်းပြချက်အတွက် လု မိသားစုဆီ သွားရမယ်။  သူတို့ ဘာကိုဆိုလိုတာလဲဆိုတာ မေးကိုမေးရမယ်။ နေ့ခင်းဘက်ကြီး သူတို့ လူတွေကို ဖမ်းမိတဲ့အခါ လက်လွတ်စပယ် မွှေကြတယ်။  သူတို့မိသားစုရဲ့ ကိုယ်ပိုင် ဟာက မသန့်ရှင်းပေမယ့် တခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်မှ ရမှာလား။ ”

 

 

သူတို့ အိပ်ပျော်နေရင်တောင် ဒုက္ခရောက်အောင်လုပ်ရမှာလား ပြီးတော့ သူတို့သမီးကို သူတို့ရဲ့အရှက်နောက်ကို လိုက်အောင်လုပ်နေတာလား။  ဘယ်လောက်ပဲ ပိုကြီးတဲ့လူဖြစ်အောင် ကြိုးစားနေပါစေ လုံလောက်တာက လုံလောက်နေပြီ ဖြစ်သည်။

 

 

ရှန်းကွေ့ရှောင် တကယ်ကို ဒေါသထွက်သွားသည်။  သူမရဲ့ လက်ရှိအနေအထားအရ လု ရဲ့အိမ်တံခါးဆီကိုသွားပြီး ဆူပူကြိမ်းမောင်းဖို့ မစောင့်နိုင်တော့ပေ။  တုန်းချန်ကွေ့က  စီးကရက်တစ်လိပ်ကိုသောက်ပြီး စကားမပြောတော့ပေ။ သူတို့ရဲ့သားတွေနဲ့ ချွေးမတွေလည်း တစ်ယောက်မှ စကားမပြောရဲတော့ပေ။

 

“ အမေ၊ အမေ စိတ်ဆိုးအောင်လို့ သမီးပြောတာမဟုတ်ဘူး။ ဒီကိစ္စ ပြန့်သွားမှာကို သမီးကြောက်တယ်။ ပြီးတော့ ဖြစ်ပျက်ခဲ့တာကို သတိမထားမိဘဲ အမေ့ကို စိတ်ပူအောင်လုပ်မိပြီ။ သမီး အမေ့ကိုအရင်ပြောတာက အမေ့ကို ကြိုတင်ကာကွယ်မှုတစ်ခုပေးလိုက်သလိုပဲ။”

 

ဒီမွန်းတည့်ချိန် မြို့ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို တွေးနေစရာ မလိုတော့ဘူး အဲ့တာက သေချာပေါက် ပျံ့နှံ့သွားမှာ။

 

 တုန်း မိသားစုမှာ ခဏမျှငြိမ်သက်သွားကာ မကြာမီ လူအများ၏ အတင်းအဖျင်းစကားများကို ရင်ဆိုင်ရပေတော့မည်။  ဒါကိုတွေးပြီး တုန်းကျားဟွေ့ က သူတို့အတွက် စိတ်မကောင်းဖြစ်သွားသည်။

 

 

“ တကယ်တော့ သမီး သိပ်ပြီး ဂရုမစိုက်ပါဘူး။  အခြားသူတွေရဲ့ ပါးစပ်ပေါက်တွေကို သမီးတို့ မထိန်းချုပ်နိုင်ဘူး။  အဲဒီ့မိသားစုကိုသမီး မြင်သရွေ့တော့ သူတို့နဲ့ ဆက်ဆံရေး မရှိတော့ဘူး။  အခုက ကိစ္စမရှိဘူး ပြီးတော့ အနာဂတ်မှာ သမီး သူတို့နဲ့ မပတ်သက်ချင်ဘူး။ သမီးသူတို့ကိုမြင်နေသရွေ့  ဝေးဝေးမှာ ပုန်းနေမယ်။  သူတို့မိသားစုတစ်ခုလုံး ပုံမှန်မဟုတ်တာကို ဘယ်သူက ခွင့်ပြုတာလဲ? သမီး သူတို့ကို ရှောင်ဖို့ မတတ်နိုင်ဘူး။”

 

 

တုန်းကျားဟွေ့  ဒါကိုပြောလိုက်သည် သူမကသဘောထားကြီးပေမယ့်  မူလပိုင်ရှင်၏ဘဝကို သူမ မတွေ့ကြုံခဲ့ရဖူးဘူး။ သူမအတွက်ကတော့ အတိတ်က ပြီးသွားပြီ။  သူမ လု မိသားစုနှင့် အမှန်တကယ် ဘာမှမဆိုင်တော့သော်လည်း တုန်း မိသားစုနှင့် အခြားသူများကြားတွင်မူ ဒါကကိစ္စမဟုတ်ပေ။

 

“ ဒီဒေါသကို ငါတကယ် မမျိုချပစ်နိုင်ဘူး”

 

 

ရှန်းကွေ့ရှောင် ဒါတွေကို ပြောပြီးနောက်  မျက်ရည်တွေ စီးကျလာခဲ့သည်။

 

သူမမွေးဖွားထားခဲ့တဲ့ ကလေးက အနိုင်ကျင့်ခံရပြီး ကန်ထုတ်ခံခဲ့ရသည်။  သူ့သမီးက ဒါကို အလေးအနက်မထားပေမယ့် သူ့အမေတစ်ယောက်အနေနဲ့ကတော့ အသည်းတွေကွဲတာကို ခံစားဖို့ မကူညီနိုင်ခဲ့ပေ။

 

“ အမေ၊ တကယ်အဆင်ပြေပါတယ်။  မနက်​ဖြန်​ သူများ​တွေ ဘာ​ပဲပြော​နေ​နေ ကိစ္စမရှိဘူး စိတ်​မ​ကောင်း​မဖြစ်နဲ့နော်။ လူတွေရဲ့ အသက်က အရမ်းရှည်တယ်။ ဒါတွေက အလယ်မှာရှိနေတဲ့ အပိုင်းသေးသေးလေးတွေပဲ။ အတူတူ အရှေ့ကို စောင့်မျှော်ကြည့်ကြရအောင်နော် ”

 

 

“အဲ့တာမှန်တယ် အမေ၊ အဲဒီ လု ရဲ့ အိမ်ထောင်ကျပြီးခါစ ဇနီးသည်ကလည်း သူမနဲ့ ရှုပ်ဖို့လွယ်မယ့်ပုံမပေါ်ဘူး။ကျွန်မတို့ မလိုအပ်ဘဲရေးကြီးခွင်ကျယ်လုပ်ခဲ့ရင် အဲ့တာက ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်မတို့  ပြဿနာလုပ်မိသွားရင် ကျားဟွေ့ ရဲ့ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်။ ”

 

သူ့ယောင်းမက အိမ်မှာ စက်ချုပ်တာ၊ ပြုပြင်တာကနေ ပိုက်ဆံရှာနေပြီး အိမ်မှာနေရင်း သူတို့ရဲ့စားဝတ်နေရေးက အများကြီး တိုးတက်လာသည်။  ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အမြဲတမ်း တစ်ယောက်ယောက်ကိုတော့ လက်ထပ်ရမည်။ သူမရဲ့အမေအိမ်မှာ တစ်သက်လုံးနေလို့မရပေ။

 

 

ရှန်းကွေ့ရှောင်  စိတ်​အခြေအနေမကောင်းဘူး။  တုန်းကျားဟွေ့က သူ့ယောင်းမနှင့် ညစာ ချက်ပြုတ်ခဲ့သည်။  သူ့ယောင်းမက ဝက်ဆီ၊ ယာဂုနဲ့ ကိတ်မုန့်တွေ လုပ်သည်။  တုန်းကျားဟွေ့က သူမဝယ်လာခဲ့သော အရိုးများကို သန့်စင်ပြီးတော့ ဟင်းရည်လုပ်သည်။  မုန်လာဥဖြူများကို အပိုင်းပိုင်းလှီးဖြတ်ပြီး ဟင်းရည်ထဲတွင် ထည့်လိုက်သည်။  မုန်လာဥကို ဝိုင်၊ ဂျင်းအတုံးများ နှင့် နွေကြက်သွန်နီ တို့ဖြင့် ချက်ပြုတ်ထားသည်။  ဆီအကြွင်းအကျန်တွေနဲ့ အရိုးဟင်းရည်အနံ့က ခြံဝင်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။

 

ပုံမှန်အားဖြင့်၊ ကလေးများ၏ အရိပ်များကို မမြင်နိုင်သော်လည်း ဒီနေ့မှာတော့ သူတို့က မီးဖိုရှေ့တွင် နာခံစွာဖြင့် စောင့်နေကြသည်။ ကျို့ရင်ဒီက ဝက်ဆီပြုတ်ပြီးတာနဲ့ ဆီအကျန်တွေကို ကောက်ယူပြီးတဲ့အခါ ကောင်လေးတွေက ပူတယ်လို့မခံစားရတဲ့အတွက် သူတို့တွေ အဲ့တာကို စားဖို့ တိုက်ရိုက်လက်လှမ်းလာခဲ့ကြသည်။

 

 

ကျို့ရင်ဒီ က ပြုံးပြီး ချွေ့ဇီ၏ လက်လေးကို ပုတ်လိုက်သည်။  “အခုမှ ဆီဒယ်အိုးထဲက ထုတ်ထားတာ။ ပူနေသေးတယ်။  အပြင်ထွက်နေလိုက်ဦး။ ​နောက်​မှ မင်းကို အဝစားခိုင်းမယ်။ ”

 

“ အမေ၊ သားအရင်ဆုံး တစ်ကိုက်လောက် ကိုက်ပါရစေ”

 

“အမေ၊ သားလည်း တစ်ကိုက်ကိုက်ချင်တယ်”

 

ချွေ့ဇီနဲ့ ကျို့ဇီတို့က ညီအစ်ကိုတွေဖြစ်သည်။ သူတို့က စားရတာ နှစ်သက်တာကြောင့် ကျို့ရင်ဒီ မှာ ရွေးချယ်စရာမရှိပေမယ့် ကြွေပန်းကန်လုံးကိုယူကာ တစ်ဝက်ထည့်ပေးလိုက်ပြီး ဟူဇီကို အဲ့တာကိုအပြင်ယူသွားခွင့်ပြုလိုက်ပြီးတော့ သူ့ယောင်းမကို သူမနဲ့စားဖို့ခေါ်လိုက်သည်။

 

“ သတိထားပါ၊ အပူမလောင်စေနဲ့ ”

 

 “ ကွေ့ရှောင် နင့် အိမ်မှာ ဘာဟင်းချက်နေတာလဲ။ အရသာရှိတဲ့  အနံ့ကိုရနေတယ်။ ”

 

“ဆီကျန်လေ။  သူ့ရနံ့ကို ငါရနိုင်တယ်”

 

 ကျေးလက်ဒေသများတွင် မိသားစုများ နီးနီးကပ်ကပ် နေထိုင်ကြသည်။  အချင်းချင်း ကြိုးချည်တာ များသည်။  “ထမင်းအိုးကို ကိုးကွယ်ခြင်း ” ဟူသည်မှာ ညစာစားချိန်၌ လူတို့၏အိမ်သို့ သွားခြင်းကို ရည်ညွှန်းသည်။

 

 ရှန်းကွေ့ရှောင်က ခြံအပြင်ဘက်ရှိ မြက်နုများကို ခုတ်ထစ်ပြီး ဖွဲနုနှင့် ရောကာ အိမ်က ကြက်ကို ကျွေးနေသည်။ မိသားစုမှ တစ်စုံတစ်ယောက် ထွက်လာသည်ကို ကြားလိုက်ရသောအခါတွင် သူမသည် နောက်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။

 

“ကျားဟွေ့ ဆီသွားဝယ်တုန်းက အသားဆိုင်ထဲမှာ အရိုးတချို့တွေ့တော့ ပေါင်နည်းနည်းဝယ်ပြီး ဟင်းချက်ဖို့ယူပြန်လာတယ်၊ အရိုးတွေက ကလေးတွေအတွက်ကောင်းပြီး အရပ်ရှည်စေတယ် ”

 

“တကယ်လား။  အရပ်ရှည်အောင် တကယ်ကူညီနိုင်ရင် မနက်ဖြန် ငါ့ တနျို စားဖို့ ချက်ရမယ်။ နင့် ချွေ့ဇီက ငါ့တနျိုနဲ့မွေးတဲ့နှစ်အတူတူပဲ။  သူက ချွေ့ဇီထက် ခေါင်းတစ်ဝက်လောက်ပုနေတယ်။  “

 

“အဲဒါက နင် လျိုရှု့ယွင်လို အရပ်မရှည်လို့ပဲ။ ရှေးလူကြီးတွေ ပြောကြတယ် “အရပ်ပုတဲ့ အဖေနဲ့ အရပ်ပုတဲ့ အမေဆိုရင် နင့်မှာ ခေါင်းကော ခန္ဓာကိုယ်ကော မရှည်နိုင်ဘူး” တဲ့ ”

 

“ကောင်းပြီ ကျန်းလန်ရင် နင်က ငါ့ကို နောက်နေတာလား ။ ကဲ့ရဲ့နိုင်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်ကို မဖော်ပြသင့်ဘူး။ နင်ပြောတာကို ငါမကြိုက်ဘူး။”

 

 ရှန်းကွေ့ရှောင်က သူ့ခြံထဲမှာ သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ရင်း ရယ်မောလိုက်သည်။  ကျန်တဲ့ ကြက်အညစ်အကြေးတွေကို ရောမွှေပြီး တံမြက်စည်းတစ်ချောင်းယူကာ ကြက်ခြံကို သန့်ရှင်းရေးလုပ်လိုက်ပြီး ရောနှောထားတဲ့ ကြက်အစာတွေကို ပန်းကန်လုံးထဲကို လောင်းထည့်လိုက်သည်။

 

 “ဒီနေ့ အိမ်မှာ ဟင်းချက်တာများတယ်။  ပြန်ရင် တစ်ပန်းကန်လောက် နင်တို့ သားသမီးတွေဆီ ပြန်ယူသွားသင့်တယ်။”

 

“မဟုတ်တာ ၊ ငါတို့ ခဏလောက် စကားပြောဖို့လာတာ”

 

“မှန်တယ်၊ အဲ့ဒါ မကောင်းဘူး”

 

 သူတို့စိတ်ထဲမှာ ဒီအတွေးတွေရှိနေရင်တောင် တိုက်ရိုက်မေးရမှာ ရှက်နေတာပဲ။  စကားစမြည်ပြောပြီးတာနဲ့ အိမ်ပြန်ကြသည်။  တုန်း မိသားစုရဲ့ ညစာ အဆင်သင့်ဖြစ်သောအခါ ရှန်းကွေ့ရှောင်က ပန်းကန်လုံးနှစ်လုံးနဲ့ သူတို့နှစ်ဦးထံ ပေးပို့ရန် ဖြည့်ထားဆဲဖြစ်သည်။

 

 “အဖွား၊ အဖွား အဲဒါကို တခြားသူတွေကို ပေးလိုက်တော့ သားတို့ဘာစားကြမလဲ ”

 

 တခြားသူတွေဆီ ပို့ပေးမယ့် သူတို့ရဲ့ အစားအစာတွေကို ကြည့်လိုက်တော့ ချွေ့ဇီက အရမ်းဝန်လေးသွားသည်။  အရိုးပေါ်မှာ အသားတွေရှိသည်။  အများကြီးမရှိပေမယ့် အရသာရှိတဲ့ ဟင်းတစ်ခွက်လို့တောင် သတ်မှတ်လို့ရသည်။  သူ့အဒေါ်ကလည်း အသားထက် ပိုအရသာရှိတဲ့ အရိုးထဲမှာ ရိုးတွင်းခြင်ဆီ ရှိတယ်လို့ ပြောသည်။

 

“က​လေး၊ မင်းဘာလို့အဲ့​လောက်​ထိတ်​လန့်​​နေတာလဲ။ တခြားသူတွေကို ပေးရင် သူတို့က အရသာရှိတဲ့ တစ်ခုခုပြန်မပေးနိုင်ဘူးလား။ ”

 

 လျိုရှု့ယွင်က သူ့သားရဲ့ နားရွက်ကို ဆွဲလိုက်သည်။  တကယ်တော့ သူမ စိတ်ထဲမှာ မပျော်ခဲ့ပေ။  ဒီဟင်းရည်အိုးကို မျှဝေပေးမယ့်သူတွေ အများကြီးရှိပေမယ့် သူတို့အတွက် မလုံလောက်သလို သူ့ယောက္ခမလည်း ဒီလိုပန်းကန်ကြီးကြီးတစ်လုံးကို သုံးသည်။  လျိုရှု့ယွင်က အရွယ်ရောက်ပြီးသူဖြစ်သောကြောင့်၊ သူမသည် အနည်းဆုံး ကလေးထက် ပို၍ ဥာဏ်ရည်ဥာဏ်သွေးရှိသည်။  သူမက လူအချင်းချင်း ဆက်သွယ်မှုကို သိတာကြောင့် တွန့်တိုမနေနိုင်ပေ။

 

 ချွေ့ဇီက သူ့နားရွက်ကို သူ့အမေလက်က လွှတ်ဖို့ ခေါင်းကိုစောင်းလိုက်သည်။  သူက အံကြိတ်ပြီးပြောလိုက်သည်။  “အမေ၊ နားရွက်ကို မဆွဲနဲ့ သားက ပြောရုံပဲ”

 

 လျိုရှု့ယွင်က အော်ပြီး သူ့လက်ကို ဖယ်လိုက်သည်။

 

“ကောင်းပြီ ချွေ့ဇီ စိတ်ဆိုးမနေပါနဲ့။ ဒေါ်လေးက မင်းအတွက် အကြီးဆုံးအရိုးအပိုင်းအစကို ရှာတွေ့ခဲ့တယ်”

 

 တုန်းကျားဟွေ့က အရိုးကို ချွေ့ဇီရဲ့ ပန်းကန်ထဲကို ထည့်လိုက်တော့ ကောင်လေးက ချက်ချင်း ပြုံးပြလာသည်။

 

တုန်းကျားဟွေ့ စားပြီးသောအခါ သူမက  ကိတ်မုန့်များကို ဟင်းရည်ထဲတွင် စိမ်ထားသည်။  ကလေးအများအပြားသည် လိုက်လုပ်ကြည့်ရာ သာမာန်အချိန်များတွင် စားသုံးရန်ငြီးငွေ့သော ပြောင်းဖူးစေ့ကိတ်မုန့်များသည် ခံတွင်းတွေ့စရာ အရသာတစ်ခုဖြစ်လာကြောင်း တွေ့ရှိခဲ့သည်။

 

 “ဒေါ်လေး ဒီလို စားရတာ အရသာရှိတယ်။  နောက်တစ်ခါ အရိုးတွေဝယ်ပြီး ဟင်းချက်ရအောင်။”

 

“ဟုတ်တယ်၊ မင်းနာခံပြီး ကောင်းကောင်းစာလေ့လာနေသရွေ့ မင်းအတွက် ခဏခဏလုပ်ပေးမယ်။”

 

 ကလေးများက ချက်ချင်း ရွှင်လန်းလာကြသည်။

 

 မြို့တွင်း၌ ပျံ့နှံ့နေသေးသည်မှာ အံ့သြစရာမဟုတ်ပေ။  အဲဒီတုန်းက လူတွေက အရမ်းကြည့်နေကြသည်။  လူတစ်ရာကနေ ဆယ်ယောက်အထိ၊ ဆယ်ယောက်ကနေ တစ်ရာအထိ၊ တုန်းကျားဟွေ့က ကွန်မြူနတီမှာ ရေပန်းစားလာပြန်သည်။

 

.........

 

 ကိုးကားချက်

 

 ↑1 ကွယ်လွန်သွားတဲ့သူရဲ့ဝိညာဉ်က မပြန့်သွားသေးဘူး (idiom)- သြဇာလွှမ်းမိုးဆဲ။