အပိုင်း ၃၅
Viewers 5k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၃၅

 

 

 

 

 မြစ်ကမ်းဘေးမှာ ညီအစ်ကိုနှစ်ယောက် စကားပြောပြီးတဲ့အခါ ကျောက်တုန်းဟဲ တစ်ယောက်တည်း နေချင်တာကြောင့် ကျောက်တုန်းလင်က ခြံဝင်းထဲကို အရင်ပြန်သွားခဲ့သည်။

 

 တုန်းကျားဟွေ့က ရေချိုးပြီးပြီဖြစ်ပြီး မေရှန်း ဝတ်ဖို့အတွက် အင်္ကျီတစ်ထည်ချုပ်ပေးဖို့ ပန်းပွင့်အထည်တစ်ထည်ကို ညှပ်နေသည်။

 

 “ဘယ်တော့မြို့ကိုသွားမှာလဲ။ နောက်တစ်ခေါက်သွားတဲ့အခါ အထည်နည်းနည်းလောက် ပြန်ယူလာဖို့ မမေ့နဲ့။  နှစ်သစ်ကူးအကြိုနီးနေပြီ။  အဖေနဲ့ အမေတို့အတွက် အစုံနည်းနည်းလုပ်ပေးရမယ်။ ချည်ကို ချိန်ပြီးယူလာခဲ့။  အသုံးပြုဖို့ နေရာအများကြီးရှိတယ်။  ”

 

 ကလေးနှစ်ယောက်ရဲ့ အဝတ်အစားတွေကို ကြည့်လိုက်တော့ ဆောင်းရာသီမှာ ဝတ်လို့ရတဲ့အဝတ်အစားတွေ အများကြီးမရှိပေ။  အထူးသဖြင့် ပြီးခဲ့သော ဆောင်းရာသီတွင် မွေးဖွားပြီး တစ်နှစ်အတွင်း ကြီးပြင်းလာခဲ့သည့် ယင်းပေါင်မှာ ၀တ်ဆင်ဖို့ အဝတ်အလုံအလောက် မရှိချေ။  အဝတ်အစားတွေ ထပ်ပြီး ပြင်ဆင်ရမည်။

 

 သူမယောင်းမအကြီးဆုံးက အာ့ပန်ဆီက လက်ကျန်အဝတ်အစားတချို့ကို ပြန်ယူလာသည်။  ကျန်းချောင်းအာက သူမတို့၏ အသိမိတ်ဆွေတစ်ဦးထံမှ အပိုင်းအစများစွာကိုလည်း ရရှိခဲ့သည်။ ဒီနေ့တွေကိုမပြောနဲ့ သူတို့တွေကကြီးပြီးတော့ သေးနေတဲ့အဝတ်ကိုပဲဝတ်သည်။  သူတို့က အဲ့တာတွေကို တစ်ထည်ပြီးတစ်ထည်ပြောင်းကြသည်။  သူတို့အကုန်လုံးကို ပူတင်းနဲ့ ဝတ်ကြသည်။ သူတို့က ဖာထေးထားတဲ့အဝတ်တွေလို့ ပြောကြပြီး တခြားသူတွေက အဲ့တာတွေကိုပစ်ဖို့ အင်တင်တင်ဖြစ်ကြသည်။

 

 ဆောင်းရာသီမှာ စိုစွတ်ပြီး အေးသည်။  ချည်သားပါတဲ့အဝတ်အစားတွေက နှစ်ရက်ကြာအောင် မခြောက်နိုင်ပေ။  မိုးရွာတဲ့နေ့တွေနဲ့ နှင်းတွေကျတဲ့နေ့တွေကိုတော့ ပြောဖို့မလိုတော့ချေ။  မင်းရဲ့ ဘောင်းဘီ ဒါမှမဟုတ် တစ်ခုခုထဲကို ဆီးသွားမိရင် ဒါဟာ တကယ်ကို ဒုက္ခပဲ ဖြစ်သည်။

 

 လယ်သမားများသည် ရေစိုအဝတ်အစားများကို မီးဖိုပေါ်တွင် ဖုတ်လေ့ရှိသည်။ သူတို့က မြန်မြန်ခြောက်သည်။  အခြောက်ခံပြီးရင် အဝတ်နဲ့ ဘောင်းဘီတွေက ဝတ်ရတာ အဆင်မပြေပေ။

 

 ဘာပဲဖြစ်ဖြစ် မိသားစုရဲ့ အခြေအနေက ကောင်းသည်။ အဝတ်အထည်နဲ့ ချည်ဝယ်ဖို့ ပိုက်ဆံ ပြတ်လပ်မှုမရှိပေ။ ဂျုံစိုက်တဲ့အခါ၊ တစ်နှစ်တာရဲ့ အရှည်ကြာဆုံး လယ်ယာရာသီကို စတင်တော့မှာ ဖြစ်ပြီး တုန်းကျားဟွေ့ကတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီး ဝယ်တော့မှာ ဖြစ်သည်။  အထူးသဖြင့် ဟိုင်းဒန်နဲ့ ယင်းပေါင်တို့ အတွက် ဆောင်းတွင်းအဝတ်အစား၊ ဘောင်းဘီနှင့် စောင်လေးတွေ ဖြစ်သည်။

 

 ကျောက်တုန်းလက်က သူ့ဇနီး၏အစီအစဉ်အပေါ် သဘောထားမတိုက်ဆိုင်သော်လည်း သူသေချာစဉ်းစားပြီး သူမအတူသွားချင်သည်။

 

 “ဘယ်လိုရွေးရမှန်းမသိဘူး။ ကိုယ်ဝယ်တာမှားနိုင်တယ်။  ကိုယ်နဲ့လိုက်ခဲ့။ ”

 

 တုန်းကျားဟွေ့က သူမှန်တယ်ထင်သည်။  အမျိုးသားအများစုက အဝတ်အစား၊ ပုံစံများ၊ အပ်များ၊ ချည်မျှင်များအကြောင်း ဘာမှမသိကြချေ။  သူ့ကိုသွားခွင့်ပေးပြီး သူဝယ်ထားတဲ့ပစ္စည်းက အဆင်မပြေရင် လဲရလိမ့်မည်။  သူမဘာသာသူမယူတာ ပိုကောင်းသည်။

 

  “ဒါဆို ရှင် ကျွန်မကို မြို့ထဲသွားခေါ်သွားလို့ရတယ်”

 

 ကျောက်တုန်းလင်က အင်း လို့ပြောပြီး ရေနံဆီမီးခွက်အောက်မှာ တိတ်ဆိတ်ပြီး လှပတဲ့ ဇနီးသည်ကို ကြည့်လိုက်သည်။ ခေါင်းကို ငုံ့ကာ ကြိုးကို ဂရုတစိုက်ဆွဲကာ ကဗျာစာသားတစ်ချို့ကိုပြောလာသည်။ “အနူးညံ့ဆုံးအချိန်သည် လေအေး၏ ရှက်ကြောက်ခြင်းကို အနိုင်ယူနိုင်သော ကြာပန်းကဲ့သို့ ခေါင်းငုံ့ထားသည့် အခိုက်အတန့်ဖြစ်သည်”  ဒီအချိန်မှာ ကျားဟွေ့က သူ့မျက်လုံးထဲတွင် ကြာပန်းလို လှပပြီး မွှေးနေကာ သူ့အတွင်းစိတ်ပျော်ရွှင်မှုနှင့် ရင်တုန်ခြင်းတို့ကို သတိရစေသည်။

 

“ အရမ်းနောက်ကျနေပြီ မအိပ်သေးဘူးလား။ အဲ့တာက မင်းမျက်လုံးတွေ ပျက်စီးဖို့ မထိုက်တန်ဘူး။”

 

 တုန်းကျားဟွေ့က နောက်ဆုံးနေရာကိုဆွဲထုတ်ကာ သူမပစ္စည်းတွေကို ဖယ်ထုတ်ပြီး လက်ကိုဆေးကာ အိပ်ရာဝင်ခဲ့သည်။ စောင်ကိုထိလိုက်သည်နှင့် ကျောက်တုန်းလင်ရဲ့ လက်ထဲတွင် သူမ ဆုပ်ကိုင်ခံထားလိုက်ရသည်။

 

 “ကျွန်မတို့ အမေ့အခန်းထဲမှာရှိတုန်းက ကျွန်မရဲ့မေးခွန်းတွေကို ရှင်မဖြေဘူး။  အမေက ကျွန်မကို ဘာလို့ ရုတ်တရတ် ကြင်နာခဲ့တာလဲ ပြောပြ။  ”

 

 “အမေက မင်းအတွက် အမြဲတမ်းကောင်းနေတာမဟုတ်ဘူးလား။”

 

 “ရှင်သိပါတယ် ကျွန်မဆိုလိုတာ အဲ့ဒါမဟုတ်ဘူးဆိုတာ။ အမေက အရင်က အရမ်းကောင်းပေမယ့် ဒီနေ့တော့ အရင်ကထက် ပိုကောင်းလာတယ်။ အရင်ကနဲ့  မိနစ်နှစ်ဆယ်လောက်အကြာမှာ သူမရဲ့ စိတ်နေစိတ်ထားက အရမ်းမြန်လွန်းတယ်။”

 

 ကျောက်တုန်းလင်က ရယ်မောပြီး ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ အမေနဲ့ တစ်ခုခုပြောနေရုံပဲ။ ”

 

 တုန်းကျားဟွေ့က သူ့ကို သံသယနဲ့ ကြည့်သည်။  ယောက္ခမကို ဘာက ဒီလောက်ပျော်အောင် လုပ်ပေးနိုင်သလဲ။ သူ့မျက်လုံးထဲမှာ အဓိပ္ပါယ်ရှိတဲ့ အကြည့်တွေကို မြင်လိုက်ရတော့ သူမက ရုတ်တရက်  “ရှင်… ရှင် ကျွန်မအကြောင်း အမေ့ကို ပြောခဲ့တယ်လို့ မပြောနဲ့နော်။”

 

ကျောက်တုန်းလင်က ခေါင်းညိတ်ပြီး “ကိုယ်ပြောခဲ့တယ်။  ဘာမှားလို့လဲ။”

 

 တုန်းကျားဟွေ့က သူမ၏ လက်သီးများကို ဆန့်ထုတ်ကာ ကျောက်တုန်းလင် ရင်ဘတ်ကို ထိုးလိုက်သည်။ “ ဒီအကြောင်းကို ရှင်ဘာလို့ အမေ့ကို ပြောတာလဲ။ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။ ”

 

ကျောက်တုန်းလင်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ သူထပြီး သူမကို သူ့ခန္ဓာကိုယ်အောက်မှာ ဖိလိုက်သည်။  သူက “ဘာရှက်စရာရှိလို့လဲ။ ဒီအရွယ်မှာ အမေက အရာအားလုံးကို သိပြီးပြီ။  ”

 

 ထို့နောက် သူ့နှုတ်ခမ်းများကို နှိမ့်ချလိုက်ရာ အခန်းထဲတွင် တုန်းကျားဟွေ့၏ ညည်းသံလေးသာ ကျန်ရှိတော့သည်။

 

 ____

 

 ကျောက်တုန်းဟဲက မြစ်ကမ်းနားရှိ လေနုအေးတွင် မိနစ်နှစ်ဆယ်ခန့်  နေခဲ့ပြီး အိမ်သို့ပြန်ရောက်သောအခါ ကျန့်ယွဲ့ဖန်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီဖြစ်သည်။

 

  “ရှီထု ဘယ်မှာလဲ။”

 

 သူ့သားကို မတွေ့တော့ ကျောက်တုန်းဟဲက မေးလာသည်။

 

 “အဖေနဲ့အမေ ခေါ်အိပ်နေတယ်ထင်တယ်။”

 

 ပုံမှန်ဆိုလျှင်၊ သူမသည် ရှီထုကို ခေါ်ဖို့ ယောက္ခမဆီ သွားမှာဖြစ်ပေမယ့်  ဒီနေ့တွင် ယောက္ခမနှင့် စကားများခဲ့တာကြောင့် မသွားလိုတော့ပေ။

 

 သူမပြောတာကိုကြားတော့ ကျောက်တုန်းဟဲက ဘာမှပြန်မပြောပေ။  ခြေထောက်များကို ဆန့်ကာ ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ထောက်ကာ ခေါင်းကို လှည့်ပြီး ကျန့်ယွဲ့ဖန်ကို  “ငါ့မရီး အသစ်မလာခင် ဟိုင်းဒန်ကို တစ်ခုခုပြောခဲ့သေးလား။ သူ့အမေအသစ်ကိုမှတ်မိရင် ဝမ်မိန့်က ပြန်လာမှာမဟုတ်ဘူးလို့ မင်းပြောခဲ့တာလား။  ”

 

 ကျန့်ယွဲ့ဖန်ရဲ့ နှလုံးက တင်းကျပ်လာသည်။ ကျောက်တုန်းဟဲက ဒီအကြောင်းကို ရုတ်တရက် မေးလာဖို့ သူမ မျှော်လင့်ထားပေ။  တုန်းဟဲ အကြောင်းကို သူမနားလည်သည်။  သူက ပါးစပ်ပျက်စီးနေသောသူများကို မုန်းတီးသည်။  အမှန်အတိုင်းဝန်ခံရရင် သူ ဒေါသဖြစ်​​နေလိမ့်မည်။

 

 “မဟုတ်ပါဘူး၊ ရှင့်ကိုဘယ်သူပြောတာလဲ။ ကျွန်မက ဒီလိုလုပ်ပါ့မလား။ ”

 

 ကျောက်တုန်းဟဲက သူမ ဝန်မခံကြောင်း မြင်ပြီး အေးစက်စွာ အော်လိုက်သည်။

 

 “မင်း လက်မခံရင် ကောင်းပါတယ်။ ကျန့်ယွဲ့ဖန် ငါမင်းကိုနောက်ဆုံးတစ်ခုပြောမယ် မင်းရဲ့အတွေးလေးတွေကို ဖယ်ထုတ်လိုက်။  မင်းဘဝကို ကောင်းမွန်စွာနေထိုင်။  မင်းမှာရှိတာနဲ့ မင်းမရှိတဲ့အရာတွေကို မညည်းညူနဲ့။  မင်းဘဝက ငြိမ်းချမ်းလွန်းတယ်လို့ ခံစားရပြီး မင်းဆက်ပြီး မရှင်သန်ချင်တော့ဘူး ဆိုရင် ငါလည်း မင်းအတွက် ဖြစ်နိုင်ချေရှိတယ်။ မနက်ဖြန်မှာ မင်းအမှားတွေကို မင်း အမေနဲ့ မရီးကို ဝန်ခံဖို့ မမေ့နဲ့။ သူမကို ထပ်ပြီး မနှောင့်ယှက်နဲ့။  ဟိုင်းဒန်၊ ယင်းပေါင်တို့နဲ့ ဝေးဝေးနေ။”

 

ကျနွယွဲ့ဖန်ကက သူ့စကားကြားတော့ တစ်ချိန်တည်းမှာပင် သူမ ရှက်ရွံ့ထိတ်လန့်သွားသည်။ သူ့အမေနဲ့ ရန်ဖြစ်မိတာမှားမှန်း သူမသိပေမယ့် ကျောက်တုန်းဟဲက ဒါကိုပြောတာက ဘာကိုဆိုလိုတာလဲ။  သူ့စကားက ဘာကြောင့် ပျော့ညံ့သွားရတာလဲ။  ဒီလို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောရမှာလား။

 

 “ရန်မစနဲ့ နှင့် ဝေးဝေးနေ ဆိုတာက သူမတွင် ကူးစက်ရောဂါတစ်ခုခုရှိနေသလိုပင်။ သူမကို အရမ်းသည်းမခံနိုင်ဘူးလား။

 

 အရေးအကြီးဆုံးကတော့ ကျောက်တုန်းဟဲက သူတို့လက်ထပ်ပြီးပြီးချင်း နှစ်အနည်းငယ်အတွင်းမှာ သူမကို အမြဲတမ်း နှိမ့်ချခဲ့တာပဲ ဖြစ်သည်။  သေးသေးမွှားမွှားကိစ္စတွေနဲ့ ပတ်သက်ပြီး သူမကို ဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ပေ။  ဒါ ပထမဆုံး အကြိမ် ခက်ခက်ခဲခဲ ပြောတာဖြစ်သည်။

 

“ ဘာကိုဆိုလိုတာလဲ။ ကျွန်မအတွက် ရှင်ဘယ်လိုလုပ်ပေးနိုင်မလဲ။ ကွာရှင်းပြီးတော့ ရှင်အစ်ကိုလို သင့်တော်တဲ့ နောက်တစ်ယောက် ရှာချင်လား။”

 

 

ကျောက်တုန်းလင်ရဲ့ ကွာရှင်းမှုက သူ့ကိုယ်ပိုင်အစပြုမှုမဟုတ်ကြောင်း သူမ မေ့သွားပုံရသည်။ မြို့ကို ပြန်သွားချင်ခဲ့တဲ့ ဝမ်မိန့်ကသာ အဖြစ်အပျက်များစွာကို ဖြစ်ပေါ်စေခဲ့တဲ့သူ ဖြစ်သည်။

 

 

အကယ်၍ ဝမ်မိန့် မြို့ကိုမပြန်ချင်ပါက ကျောက်တုန်းလင်နဲ့ ကွာရှင်းဖို့ကို သူမလုပ်မှာမဟုတ်ပေ။ ပြီးတော့ ကျောက်တုန်းလင်က စစ်တပ်မှာ တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်တာခံရမှာ ဖြစ်သည်။

 

 

ကျောက်တုန်းဟဲက ကျန့်ယွဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။  ဒီတစ်ခါတော့ သူမဟာ အဓိပ္ပါယ်မဲ့စွာ မွှေနေတုန်းပဲ၊ပြီးတော့ သူ ဘာလုပ်ရမှန်းမသိပေ။

 

“ ညလယ်မှာ တစ်မိသားစုလုံးကို နိုးလာစေချင်နေတာလား။  ငါ မင်းနဲ့ လိုက်ပါပေးမယ်၊ ဒါပေမယ့် မင်း ဒီနေ့ ကျွံထွက်နေတယ်ဆိုတာကို  ငါ သတိပေးလိုက်မယ်။ ဘယ်သူက ရှုပ်အောင်လုပ်ခဲ့တာလဲ။ ဘယ်သူ့မျက်နှာက ကြည့်မကောင်းမှာလဲ။”

 

ကျန့်ယွဲ့ဖန်ရဲ့ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ပင့်သက်ရှိုက်နေသော်လည်း ကျောက်တုန်းဟဲ အမှန်အတိုင်း ပြောနေမှန်း သူမလည်း သိသည်။  သူ့ယောက္ခမကို မပြောဘဲ ထပ်ပြီး သူမပြဿနာဖြစ်အောင်လုပ်ရင် တုန်းဟဲကတောင် သူမကို သည်းခံနိုင်တော့မှာမဟုတ်ပေ။

 

 

သူမ လှည့်ပြီး အိပ်လိုက်ကာ စောင်ကို ပွေ့ဖက်ပြီးတော့ မျက်လုံးမှိတ်ကာ အိပ်နေလိုက်သည်။  နှစ်ပေါင်းများစွာ ကြီးထွားမှုမရှိသလိုမျိုး သူမကို ဒီလိုမြင်ရတာကြောင့် သူ ကူကယ်ရာမဲ့ ခေါင်းခါရုံသာ ရှိတော့သည်။ သူ့ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး တစ်ဖက်မှာ လှဲလိုက်သည်။

 

နောက်တစ်နေ့တွင် ကြက်ဖတွန်ပြီးနောက် တုန်းကျားဟွေ့ မျက်လုံးဖွင့်လာသည်။  ကျောက်တုန်းလင် လက်က သူမ ခါးတွင် ရှိနေသေးသည်။ သူမ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုသည် မနေ့ညက သူ၏ ရူးသွပ်မှုကို သတိရစေသည်။ တောတွင်းကျားသစ်နှင့်တူသော သူသည် သားကောင်ကို ဖမ်း၍ ကိုက်ဖြတ်သတ်သော သူနဲ့တူသည်။ သူမကိုယ်တိုင်လည်း သနားစရာကောင်းတဲ့ သားကောင်ဖြစ်သွားသည်။

 

ကျောနာတယ်၊ ခြေထောက်တွေနာတယ်၊ ပြီးတော့ သူမ အအေးထဲမှာ ထမင်းချက်ဖို့ စောစောထရသည်။  တုန်းကျားဟွေ့ အလွန်သနားစရာကောင်းလောက်အောင် သူမငိုနိုင်လောက်အောင် ခံစားခဲ့ရသည်။

 

“မထနဲ့  နည်းနည်းလောက် ပိုအိပ်ဦး ”

 

သူမ သူ့ရဲ့လက်ကို လှုပ်လိုက်သော်လည်း ကျောက်တုန်းလင်က သူမလက်ကိုဆွဲကာ နွေးထွေးစွာနဲ့ ရက်ရောစွာပွေ့ဖက်ထားကာ လက်ဖဝါးဖြင့် သူမအဝတ်အစားပေါ်မှ နောက်ကျောကို ပွတ်သပ်ပေးလိုက်သည်။

 

တုန်းကျားဟွေ့  နှလုံးသားက သက်တောင့်သက်သာရှိနေသည်။ သူမမှာ ပါးလွှာတဲ့ မျက်နှာတစ်ခုရှိသည့။  နောက်ထပ် နှောင့်နှေးမှု ရှိခဲ့ပါက သူတို့ နံနက်စာက နောက်ကျမည် ဖြစ်သည်။ သူမ အိပ်ရာထနောက်ကျရင် တခြားသူတွေ ဘာလို့လဲဆိုတာ သိသွားလိမ့်မည်။  ပြီးတော့ သူတို့အားလုံးက လူကြီးတွေလေ။ ကွေ့ကောက်တာတွေကို ဘယ်သူက နားမလည်မှာလဲ။ ဒါက ရှက်စရာကောင်းလွန်းသည်။

 

“ဟင့်အင်း ကျွန်မ မနက်စာ ချက်ရမယ်”

 

သူမသည် ချက်ပြုတ်တာကိုလုပ်ဖို့ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအဲ့တာကိုလုပ်ခဲ့သည့်အတိုင်း မနက်ခင်းမှာလုပ်မယ်လို့ သဘောတူထားသည်။

 

ကျောက်တုန်းလင်က သူမ ပါးကို နမ်းလိုက်ပြီး သူ့လက်အကြီးကြီးက သူမ၏ နာကျင်နေသော ကျောကုန်းနှင့် ခါးကိုကူပြီး ဖိပေးလိုက်သည်။သူကအဲ့လိုလုပ်ပေးနေစဥ်  “ဒါဆို မျက်လုံးမှိတ်ပြီး နောက်ထပ် ငါးမိနစ်လောက်ပဲ အိပ်” လို့ ပြောလိုက်သည်။

 

တုန်းကျားဟွေ့ က ဤနှစ်သိမ့်မှုရဲ့သွေးဆောင်မှုကို မလွတ်မြောက်နိုင်သောကြောင့် သူပြောတဲ့အတိုင်း မျက်လုံးမှိတ်ထားလိုက်သည်။ သူမ ပြန်နိုးလာသောအခါတွင် နေထွက်နေပြီဖြစ်သည်။ သူမ၏  ခေါင်းအုံးအောက်မှ လက်ပတ်နာရီကို ထုတ်ပြီး ကြည့်လိုက်တော့ အချိန်က 6:20 ဖြစ်နေပြီ ဖြစ်သည်။

 

 

ဘုရား၊ ငါပုံမှန်ဆိုရင် ၅ နာရီမှာထသည်။ ဒါပေမယ့် ဒီနေ့တစ်နာရီနောက်ကျနေပြီ ဖြစ်သည်။

 

 

ခြံထဲမှာ မေရှန်းက အဝတ်တွေလှန်းနေသည်။ ကလေးတချို့က အသီးအရွက်စိုက်ခင်းဘေးတွင် ငုတ်တုတ်ထိုင်နေကြသည်။  ကျောက်တုန်းလင်က ထင်းခုတ်နေသည်။  ကျန့်ယွဲ့ဖန်က ရေတွင်းဘေးတွင်ထိုင်ကာ တုန်းဟဲနဲ့ အဝတ်လျှော်နေသည်။  ယောက္ခမက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေပြီး ယောက္ခထီးကိုတော့ ဘယ်မှာမှ မတွေ့ပေ။  သူ အပြင်ထွက်ပြီး ငါးဖမ်းသွားတာထင်သည်။

 

 

တုန်းကျားဟွေ့ ရှက်သွေးဖြာပြီး မီးဖိုချောင်ထဲဝင်သွားသည်။  ကျန်းချောင်အာ ယာဂုဖြည့်နေတာကိုမြင်တော့ သူမ အမြန်အကူအညီပေးလိုက်သည်။

 

“အမေ  သမီး ဒီနေ့ အိပ်ယာထနောက်ကျသွားတယ်”

 

 ကျန်းချောင်းအာက သူမရဲ့ နီရဲနေတဲ့ မျက်နှာကို ကြည့်ပြီးပြောလိုက်သည်။ “သူမ အရမ်းပျော်နေတယ် လို့ ပြောလိုက်သည်။  သူမက ပြုံးပြုံးလေးဖြင့် “ရပါတယ်၊ များများအိပ်ပါ။ အမေက သမီးကိုမကိုက်စားပါဘူး။  လူငယ်တွေဆိုတာ အိပ်ရေးဝဝ အိပ်သင့်တယ်။ ငယ်ရွယ်တုန်းမှာ ပျော်သင့်တယ်၊ အသက်ကြီးလာတဲ့အခါ ပျော်ချင်ရင်တောင် မပျော်နိုင်ဘူး။  အဲဒီတုန်းက အမေဆိုရင် အိပ်ချင်ပေမယ့် အိပ်လို့မရဘူး။ လေလေးနည်းနည်းလောက်တိုက်ရင်တောင် နိုးလာစေတယ်။ ”

 

ကျန်းချောင်အာက  သူမ ဒါကိုဂရုမစိုက်ဘူး မပြောလိုက်ပေ။ အဲ့လိုမှမဟုတ်ရင် ကျောက် မိသားစုရဲ့ချွေးမက ဘယ်လို အေးအေးဆေးဆေး နေနိုင်မှာလဲ။ အိမ်မှာ အိမ်အလုပ်တွေ အများကြီးရှိသည်။  သူများတွေက အနည်းနဲ့အများတော့လုပ်သည်။ သူမတစ်ယောက်တည်းလည်း အလုပ်များနေသည်။

 

 အရင်က သူမ ဂရုမစိုက်ပေ။ မနေ့က သားဖြစ်သူရဲ့စကားကို ကြားပြီးတဲ့ နောက်မှာတော့ သူမ အဲ့တာကိုပိုပြီးတော့တောင် ဂရုမစိုက်တော့ပေ။  လင်မယားနှစ်ယောက်ရဲ့ ခံစားချက်တွေ မကောင်းရင် ဘယ်လိုမျိုး ကလေးရနိုင်မလဲ။ တုန်းလင် နောက်ထပ် သားသမီးများ ရလိမ့်မယ်လို့ သူမ မျှော်လင့်နေသေးသည်။ ကျေးလက်နေပြည်သူတွေက ကလေးများတာက ပိုပျော်ရွှင်ရတာနဲ့ တန်းတူညီမျှသည်ဟု ပြောပြီး အာရုံစိုက်ကြသည်။  ဟိုင်းဒန်နဲ့ ယင်းပေါင်ပဲရှိခြင်းမှာ အလွန်နည်းပါးသည်။

 

 

မနက်စာစားပြီးချိန်မှာတော့ ကျောက်တုန်းဟဲက ကျန့်ယွဲ့ဖန်ကို မျက်နှာအမူအရာနဲ့ မနေ့ညက သူပြောခဲ့တာတွေကို မမေ့ဖို့နဲ့ သူ့အမေ့ကို တောင်းပန်ဖို့ အချက်ပြခဲ့သည်။

 

 

ကျန့်ယွဲ့ဖန်က မလုပ်ချင်ပေမယ့် သူမလည်း မကူညီနိုင်ခဲ့ပေ။  ကျောက်တုန်းဟဲက များသောအားဖြင့် စကားပြောတာကောင်းသော်လည်း မင်းသူ့ကို တစ်ကြိမ် စော်ကားမိလိုက်တာနဲ့ မင်းသူ့ကိုလိုက်နာရမည်။

 

ထို့အပြင် သူမမှာ တုန်းဟဲအတွက် ခံစားချက်များရှိပြီး ဆက်ဆံရေးကို အလွန်တင်းတင်းကျပ်ကျပ် မလုပ်ချင်ပေ။

 

 

 ထို့ကြောင့် ကျန့်ယွဲ့ဖန်က သူမလက်ထဲတွင်ရှိသော တူများကိုချလိုက်ပြီး ပါးစပ်ကိုဖွင့်ဟလိုက်သည်။ သူမကျန်းချောင်အာကို စကားပြောလိုက်သည်။ “အမေ၊ မနေ့က သမီး မှားသွားပါတယ်။ သမီး အမေ့ကို ခွန့်တုံ့မပြန်ခဲ့သင့်ဘူး။  ဒီလို ရိုင်းစိုင်းတဲ့ စကားတွေ သမီး မပြောသင့်ဘူး။  သမီး မှားသွားတယ်ဆိုတာ သမီးသိပါပြီ။ အမေ၊ သမီးလုပ်ခဲ့တာတွေကိုဗွေမယူပါနဲ့နော်။  ကျေးဇူးပြုပြီး သမီးကို ခွင့်လွှတ်ပေးပါ။”

 

ကျန်းချောင်းအာ မျက်လုံးများကိုမှိတ်ထားပြီး ဆားရည်စိမ်ထားတဲ့သနပ်ကြော်ကို  ဖြည်းဖြည်းချင်း စားလိုက်သည်။ ကျန့်ယွဲ့ဖန်က ဝမ်းသာအားရနဲ့ ခေါင်းတောင်မထောင်နိုင်လောက်အောင် အများကြီးပြောခဲ့သည်။

 

နင်မှားမှန်း တကယ်သိရင် မနေ့ညက ပြန်လာတုန်းက နင်ဘာလို့ မပြောတာလဲ။ ဒီမနက် အိပ်ရာထတော့ နင် ဘာလို့ မပြောတာလဲ။ ငါ့ရဲ့ဒုတိယသားက မျက်လုံးနဲ့အချက်ပြလိုက်တာကို ငါ မမြင်ဘူးဘူးလို့ မထင်နဲ့။

 

“နင်မှားမှန်းသိတာ ကောင်းတယ်။ နောင်မှာ နင့်ပါးစပ်ကို ဂရုမစိုက်ဘဲ မဖွင့်နဲ့ နင်ဘာပဲပြောပြော မပြောခင် အမြဲစဉ်းစား။ ပြောတဲ့စကားတွေက ဖိတ်သွားတဲ့ရေလိုပဲ [1]။  ဒီတစ်ခါတော့ ငါအဲ့တာကို ဂရုမစိုက်တော့ဘူး။  ဒါ​ပေမယ့်​ နင်ထပ်​​ပြောရင်​တော့ ငါနဲ့​စကားပြောဖို့မလွယ်​ဘူးမှတ်။ ”

 

 ဒေါသထွက်စရာပါပဲ။  ကိုယ့်ရဲ့ယောက္ခမနဲ့တာင် ဒီလောက်ခေါင်းမာတာ ဘယ်သူလဲ။  တုန်းဟဲရဲ့ မျက်နှာအတွက် မဟုတ်ရင် သူမကို ဘယ်လို လွယ်လွယ်နဲ့ ကျော်ဖြတ်ခွင့်ပြုနိုင်မလဲ။

 

 

ကျန့်ယွဲ့ဖန် နှုတ်ခမ်းကို ကိုက်လိုက်သည်။ အထူးသဖြင့် တုန်းကျားဟွေ့ ရှေ့မှာ သူမရဲ့မျက်နှာကို လုံးဝ ဂရုမစိုက်သလို ယောက္ခမက ပြောခဲ့သည်။ သူမ မပျော်ပေ။  သူမ တုန်းကျားဟွေ့ ကြည့်လိုက်တော့ ယင်းပေါင်ကို ဂျုံယာဂုကျွေးနေပြီး သူမကို လုံးဝဂရုမစိုက်ကြောင်း တွေ့လိုက်ရသည်။

 

 ............

 

ကိုးကားချက်

 

↑1 - ပြောတဲ့စကားတွေက ဖိတ်သွားတဲ့ရေလိုပဲ  - သင်ပြောခဲ့တဲ့စကားကို ပြန်ရုတ်သိမ်းလို့မရနိုင်ဘူး၊ ပျက်စီးပြီးသွားပြီဟူ၍ ဖြစ်သည်။