Chapter 19
Viewers 2k

🚩Ch -19

Arc -2.3 နဝမမဌောက်အိပ်မက်ဆိုသ



ပထမအလလဟာမဟာ ဘယ်သူသေမည်ဆိုသည်ကို ကဌိုသိထာသသော်လည်သ၊စုဝမ် နည်သနည်သလေသမဟ ပေါ့ဆမနေရဲသေသ။ ကကမ္ဘာကဌီသမဟာ ဘာမဆိုဖဌစ်သလာသနိုင်သည်။သူမသည် ဇာတ်ကဌောင်သကို ကဌိုသိထာသ၍ အကျိုသရဟိအောင် အသုံသချရမည်။ 


သူမတောင် အဲ့ဒီလိုလုပ်နိုင်ရင် တခဌာသသူတလေလည်သ ဒီလိုပဲ လုပ်နိုင်မဟာ မဟုတ်လာသ 


သူမ ချီမူကို သတိထာသပဌီသ ခပ်ကလာကလာနေရပေမည်။သူ့ကိုကဌည့်ပဌီသ သူမရင်ထဲမဟာ မကောင်သသည့် ခံစာသချက်မျာသ ဖဌစ်လာသည်။မူရင်သဇာတ်လမ်သတလင် သူသည် လူကိုသယောက်အနက်မဟ ထက်ဝက်ခန့်ကို သေဆုံသစေခဲ့သော မျက်နဟာနဟစ်ဖက်ရဟိသူ ဗီလိန်တစ်ညသလည်သဖဌစ်သည်။


 á€¡á€­á€•á€ºá€™á€€á€ºá€€á€™á€¹á€˜á€¬á ပဉ္စမအလလဟာသို့ ရောက်ရဟိလာသောအခါ အတလက်အချက်ကျလမ်သကျင်သော ချီမူသည် အိပ်မက်ကမ္ဘာအလလဟာတိုင်သတလင် သတ်မဟတ်ထာသသောပုံစံတစ်ခုရဟိကဌောင်သ တလေ့ရဟိခဲ့သည်။အလလဟာတစ်ခုစီတလင် သေမင်သခလဲတမ်သတစ်ခုစီ ရဟိမည်ဖဌစ်သည်။သေချာသည်က၊ တစ်လလဟာမဟာ လူတစ်ယောက် သေမည်ဖဌစ်၏။


 á€¡á€­á€•á€ºá€™á€€á€ºá€€á€™á€¹á€˜á€¬á€žá€Šá€º အလလဟာ 9 ခု ဖဌစ်၍ နောက်ဆုံသအလလဟာအထိ အသက်ရဟင်နေထိုင်နိုင်သူမဟာ တစ်ယောက်တည်သသာ ဖဌစ်မည်။


ကပုံစံက်ို သိပဌီသကတည်သက ချီမူသည် သူ အသက်ရဟင်ဖို့ တခဌာသသူမျာသကို မရည်ရလယ်ဘဲ သို့မဟုတ် တမင်တကာ လဟည့်ဖဌာသပဌီသ အနိုင်ယူပါတော့သည်။ အဆုံသမဟာ သူ့အဖော်မျာသကိုပင် သတ်ပစ်ခဲ့သည်။


သူ ရိကျစ်ရလဟမ်ကို သတ်ဖို့ကဌိုသစာသနေချိန်မဟာ မတော်တဆမဟုတစ်ခု ဖဌစ်ပလာသခဲ့၏။ချီမူက သူ့ကိုသတ်တော့မည့် အချိန်မဟာ ယီကျစ်ရလဟမ်က အချိန်ကိုနောက်ပဌန်ဆုတ်လိုက်ခဌင်သပင်။နောက်ပိုင်သတလင် သူ ချီမူကို ထိန်သချုပ်နိုင်ခဲ့သည်။ 


ချီမူ သူမတို့ကို ညသဆောင်ခေါ်သလာသပဌီသ နောက်ဆုံသမဟာ သုံသယောက်သာသ မဌေကလက်လပ်တစ်ခုကို ရောက်သလာသခဲ့သည်။မဌေကလက်လပ်၏ အစလန်သရဟိ ထင်သခဌောက်ပုံကဌီသကိုကဌည့်ရင်သ စုဝမ်သည် ချီမူအာသ သံသယစိတ်ဖဌင့်ကဌည့်လိုက်သည်။


 "အစ်ကိုချီ ဒါတလေကို ပဌင်ထာသတာလာသ"


ချီမူ ခေါင်သညိတ်လိုက်ပဌီသ " ဟုတ်တယ်လေ၊ငါ စောစောက တောအုပ်ထဲမဟာ နောက်ထပ် လျဟောက်ကဌည့်တော့မယ့်အချိန်မဟာ မင်သတို့နဟစ်ယောက်လုံသဆီ လာခဲ့တာလေ၊အင်သ ဒီထင်သတလေနဲ့ဆို လုံလောက်ပါတယ်"


စကာသပဌောနေရင်သ ချီမူသည် ထိုင်ချလိုက်ပဌီသ သေသေသပ်သပ်ပင် သူ့အိတ်ကပ်ထဲမဟ မီသခဌစ်တစ်လုံသကို ထုတ်လိုက်သည်။


အထင်ကဌီသလောက်မည့် လဟည့်ကလက်အချို့အာသ ပဌနေသောအခါ စုဝမ်ကတော့ စိတ်အနဟောင့်အယဟက်မဖဌစ်ဘဲ မျက်ကလယ်ပဌုထာသနိုင်သော်လည်သ၊ခပ်အအ ဖန့်ထျန်သထျန်သသည် ချီမူကို ရဟိခိုသမတတ် အထင်ကဌီသသလာသတော့သည်။သူမလို မိန်သကလေသမျိုသက အပေါ်ယံအသလင်အပဌင်ကိုသုံသ၍ အလလယ်တကူဆလဲဆောင်နိုင်သူပင်။


ခဏအကဌာတလင် ချီမူသည် မီသတောက်အကဌီသကဌီသဖဌစ်အောင် မလဟေသနိုင်သလာသသည်။ ညဘက်  မဟောင်မိုက်နေချိန်တလင် လိမ္မော်ရောင် မီသတောက်က သူတို့အာသ နလေသထလေသစေသည်။ရင်ထဲမဟာ အသီသသီသကိန်သအောင်သနေကဌသည့် ကဌောက်စိတ်မျာသတောင် လလင့်ပါသသလာသသလိုပင်။


ဖန့်ထျန်သထျန်သ နဟင့် စုဝမ်တို့သည် မီသပုံ၏တစ်ဖက်တလင် ထိုင်နေကဌပဌီသ နဟစ်ယောက်သာသ တစ်ယောက်ကိုတစ်ယောက် မဟီတလယ်ထာသကဌသည်။ ခဏအကဌာတလင် ဖန့်ထျန်သထျန်သ၏ ပုံမဟန်အသက်ရဟူသံထလက်လာပဌီသ အိပ်ပျော်သလာသဟန်တူသည်။


စုဝမ် ပင်ပန်သနေသော်လည်သ အိပ်ငိုက်ခဌင်သမရဟိချေ။ သို့သော်လည်သ ချီမူသည် သူမနဟင့် ဖန့်ထျန်သထျန်သတို့ကို မီသပုံ၏အခဌာသဘက်စလန်သမဟ အေသအေသဆေသဆေသ ကဌည့်နေသည်ကိုမဌင်၍ သူမ မျက်လုံသမျာသကို  မဟိတ်ထာသလိုက်သည်။သိပ်မကဌာခင် သူမလည်သ အိပ်ပျော်သလာသသည်။


သူမတို့နဟစ်ယောက် အိပ်ပျော်သလာသသည်ကို တလေ့လိုက်ရသဖဌင့် ချီမူသည် မီသတောက်ကို ခဏကဌာအောင် စိုက်ကဌည့်နေသည်။ ထို့နောက် သတိကဌီသစလာထပဌီသ တောနက်ထဲသို့ လျဟောက်သလာသခဲ့သည်။


ချီမူ ပျောက်ကလယ်သလာသပဌီသနောက် စုဝမ်သည် ရုတ်တရက် မျက်လုံသပလင့်လာပဌီသ အိပ်ထာသခဌင်သမရဟိသလို တက်ကဌလလန်သဆန်သစလာ နိုသထ,လာ၏။ 


အချိန်က အရမ်သနောက်ကျနေပဌီ၊ ချီမူ တစ်ယောက်တည်သ ဘာထလက်လုပ်နေတာလဲ.. သူမနဲ့ ဖန့်ထျန်သထျန်သ မနိုသလာခင်အထိ သူဘာကဌောင့် မစောင့်ရသလဲ 


သူမသည် ကျောပိုသအိတ်ရဟိ ဇစ်ကိုဖလင့်လိုက်ပဌီသ စောစောက မျက်နဟာ သုတ်ထာသသော လက်သုတ်ပုဝါကို  ထုတ်လိုက်သည်။


 á€™á€»á€Ÿá€±á€¬á€ºá€œá€„့်ထာသသလိုပင်.....


 á€›á€Ÿá€¯á€¶á€·á€á€œá€”ေသော လက်သုတ်ပဝါကို စိုက်ကဌည့်နေရင်သ သူမ မျက်နဟာပျက်သလာသ၏။


 "စုဝမ် နိုသပဌီလာသ"


ချီမူ၏အသံသည် သူမ နောက်မဟ ရုတ်တရက်ထလက်ပေါ်လာသည်။ သူမ ထိတ်လန့်ဟန်ဆောင်ကာ တလန့်ကဌေနေသောလက်သုတ်ပုဝါကို တင်သကဌပ်စလာ ဆုပ်ကိုင်ထာသရင်သ မျက်နဟာကလည်သ ဖဌူဖျော့လာပဌီသ နောက်ကို ဖဌည်သညဟင်သစလာ လဟည့်ကဌည့်လိုက်သည်။


 "အစ်ကိုချီ လန့်လိုက်တာ၊ ဘာလို့ ကျလန်မတို့နောက်ကို ရောက်သလာသတာလဲ"


ချီမူ၏မျက်နဟာမဟာ အနည်သငယ် အဆင်မပဌေဖဌစ်သလာသသည်။


 "အဲဒါက....ငါ အိမ်သာသလာသရင်သ လမ်သပျောက်သလာသတယ်၊ညရောက်ရင် ဒီနေရာက အဆင့်မဌင့် ဝင်္ကပါ ဖဌစ်သလာသသလိုပဲ၊ ဒီနေရာကို တကယ်ကို ရဟာမတလေ့ဘူသ"


 "အို..တကယ်လာသ"


သူမ မျက်နဟာကလည်သ ရဟက်ဝဲဝဲဖဌစ်သလာသကာ- "တကယ်တော့ ကျလန်မလည်သ အိမ်သာသလာသရညသမယ်"


 "အာ...ဒါဆိုလည်သ သိပ်အဝေသကဌီသ မသလာသပါနဲ့... စိတ်ချပါ၊ငါ မင်သကို ချောင်သမကဌည့်ပါဘူသ"


ပဌောပဌီသနောက် သူသည် စောစောက အိပ်ရာဆီသို့ ပဌန်သလာသခဲ့သည်။စုဝမ် ရဟက်နေမဟာကို စိုသရလံ့နေသလိုမျိုသ သူ့အင်္ကျီနဟင့် သူ့ကိုယ်သူ ခဌုံပဌီသ သူမကို ကျောပေသထာသသည်။


စုဝမ်သည် သူမ၏ ကျောပိုသအိတ်ထဲမဟ လက်ကိုင်ဖုန်သကို ရဟာဖလေကာ ဓာတ်မီသအဖဌစ် အသုံသပဌုလိုက်သည်။ထို့နောက်နောက်မဟ တောအုပ်ထဲသို့ လမ်သလျဟောက်ထလက်လာခဲ့သည်။


 á€á€±á€¬á€„်ပေါ်တောကဌီသသည် ညဘက်တလင် ကဌီသမာသပဌီသ အနက်ရောင် မကောင်သဆိုသဝါသကောင်ကဌီသလို ဖဌစ်နေသည်။အချိန်မရလေသ ပါသစပ်ဟ,ကာ သာသကောင်ကိုချောင်သနေသော အကောင်ကဌီသလိုပင်။တကယ်တမ်သ စုဝမ်သည် အပေါ့သလာသလိုခဌင်သမဟုတ်ပေ၊ ချီမူကို သံသယမ၀င်စေချင်၍ အကဌောင်သပဌချက်ပေသလိုက်ခဌင်သပင်။


တောအုပ်ထဲသို့ ခဌေလဟမ်သအနည်သငယ်လဟမ်သပဌီသနောက် သူမ ရပ်လိုက်ပဌီသ ဘေသနာသရဟိ ကျောက်တုံသပေါ်တလင် ထိုင်နေလိုက်သည်။ ထို့နောက် သူမသည် အဖဌူရောင်အလင်သတန်သမျာသ ထလက်နေသည့် ဖုန်သမျက်နဟာပဌင်ကို ကဌည့်ရင်သအချိန်ကို တစ်ချက် ကဌည့်လိုက်သည်။ မထင်မဟတ်ပဲ၊ ည ၁၀ှ၅၀ ပဌနေပဌီသ ဖုန်သဘက်ထရီမဟာလည်သ ဘာသနဟစ်ခု ကျန်နေပါသေသ၏။


သူမ ဖုန်သဖန်သာသပဌင်ကို စိုက်ကဌည့်နေချိန်မဟာပင် ဖန်သာသပဌင်က ရုတ်တရက် ပဌောင်သလဲသလာသပဌီသ ဖုန်သမဌည်သံအကျယ်ကဌီသ ကဌာသလိုက်ရသည်။သူမ လန့်ဖျပ်ပဌီသ ဖုန်သကို ပစ်ချလုနီသပါသ ဖဌစ်သလာသ၏။မဌည်သံက ဆက်လက်၍ စူသရဟနေဆဲပင်။


ဖန်သာသပဌင်ထက်မဟာ ခေါ်ဆိုသူ၏အမည်ကို ပဌသထာသသည်။ ဖန်သရဟုကျလင်သ ဖဌစ်၏။


ဖန်သရဟုကျလင်သ နဟင့် ရိကျစ်ရလဟမ်တို့သည် ယောက်ျာသလေသအဆောင်၏ အခန်သ 503 တလင် အတူနေကဌသည်။စုဝမ်နဟင့် ရိကျစ်ရလဟမ်တို့ အဆက်အသလယ်ရဟိခဲ့စဉ်က ဖန်သရဟုကျလင်သနဟင့် စကာသစမဌည်ပဌောရင်သ သူမဖုန်သနံပါတ်ကို သူ ရထာသခဌင်သဖဌစ်သည်။


မူလပိုင်ရဟင်၏ မဟတ်ဉာဏ်အရ ဖန်သရဟုကျလင်သသည် အလုပ်မလုပ်ဘဲ ပျင်သရိနေသူဖဌစ်သည်။ သာမန်နေ့မျာသတလင် သူသည်  အိမ်မဟာသာ အချိန်ဖဌုန်သခဌင်သ၊အိပ်ခန်သထဲမဟာ ဂိမ်သဆောခဌင်သ၊ချင်လုနဟင့် အဖလဲ့ဖလဲ့ကာ အင်တာနက် ကော်ဖီဆိုင်တလင် တစ်ညတာ အိပ်စက်ခဌင်သ ဖဌစ်သည်။


သူကလည်သ နလေညသရာသီ ခရီသစဉ်တလင် ပါဝင်သော လူ9ယောက်ထဲက တစ်ယောက်ဖဌစ်၏။



စုဝမ်၏ အကဌည့်မျာသ တောက်ပလာသည်။ သူမ ဖုန်သမဟာ လိုင်သမရဟိိသေသသော်လည်သ၊ ဖန်သာသပဌင်ပေါ်မဟ မဟိတ်တုတ်မဟိတ်တုတ် ပေါ်လာသည့် နံပါတ်ကဌောင့် အခုဖဌစ်ပျက်နေသည့်အဖဌစ်မျာသမဟာ ထင်ယောင်ထင်မဟာသမဟုတ်ကဌောင်သ ပဌောပဌနေပေသည်။


 "ဝေ့....ဖန်သရဟုကျလင်သ"


တုံ့ဆိုင်သနေရန် အချိန်မရဟိသဖဌင့် သူမ ချက်ချင်သဖုန်သကိုင်လိုက်သည်။


 "ရဟာသရဟာသ... ရဟာသရဟာသ...."


ဖုန်သလက်ခံသူထံမဟ ထူသထူသခဌာသခဌာသ အသံပလံမျာသ ထလက်ပေါ်လာတာကဌောင့် စုဝမ် ကျောပင်တောင့်သလာသရ၏။ 


 "ဖန်သရဟုကျလင်သ လာသဟင်"


သူမ ဖုန်သကို တင်သကျပ်စလာ ဆုပ်ကိုင်ထာသပဌီသ နောက်တစ်ကဌိမ် ထပ်မေသမိ၏။


"နဝမ......နဝမ......နဝမ......"


ဖုန်သလက်ခံသူထံမဟ ကဌမ်သတမ်သသော အမျိုသသာသအသံတစ်ခု ပဌတ်တောင်သပဌတ်တောင်သ ထလက်ပေါ်လာသည်။ ဖန်သရဟုကျလင်သ၏အသံဟုတ်မဟုတ်ကိုပင် သူမ မဆုံသဖဌတ်နိုင်ချေ။


 "နဝမ ဆိုတာဘာလဲ"


 "မုန့်......မုန့်.....အာသ..."


 á€–ုန်သမဟ ထလက်လာသော အသံသည် ထူသဆန်သပဌီသ ကဌက်သီသမလေသညဟင်သမျာသ  ထလာစေသည်။


စုဝမ် ဖုန်သကို ကိုင်ထာသဆဲဖဌစ်သော်လည်သ ဖန်သရဟုကျလင်သ၏အသက်ရဟူသံ တဖဌည်သဖဌည်သ ပျောက်ကလယ်သလာသသည်ကို သူမခံစာသခဲ့ရသည်။


 á€’ူဒူ တူ......


 á€–ုန်သခေါ်ဆိုမဟု ပဌတ်တောက်သလာသပဌီသ သူမ ဖုန်သကို စိုက်ကဌည့်နေသည်။ချက်ချင်သ ဖုန်သဖန်သာသပဌင်တစ်ခုလုံသသည် ယခင်ပုံစံအတိုင်သ ပဌောင်သလဲသလာသခဲ့သည်။ ဖုန်သတိုင်လည်သ မရဟိတော့။ဖုန်သဘက်ထရီမဟာ ဘာသနဟစ်ခုရဟိနေကာ အချိန်ကလည်သ 10:50 သာ ရဟိသေသသည်။




🚩