Chapter 259
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 259 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၁၁)

ခယ်ရှောင်ပင်းသည် ရှောင်ထူ ဖန်သားပြင်ပေါ်ရှိ တည်နေရာများအတိုင်း နေရာချထားပြီး မကြာမီ ရှင်းယန်နှင့် ပူးပေါင်းခဲ့သည်။

ရှင်းယန်နှင့် လျှိုကျောက်ချင်းတို့ ဘေးချင်းကပ်လျက် လမ်းလျှောက်လာတာကိုမြင်တော့ ခယ်ရှောင်ပင်းက မနေနိုင်ဘဲ တွေးဆလိုက်သည်။ "ဒီမှာ တည်နေရာသုံးခုကို ပြထားတာပါ၊ ဘာလို့ မင်းတို့နှစ်ယောက်ပဲရှိနေတာလဲ။"

လျှိုကျောက်ချင်း၏ အိတ်ကပ်ထဲမှ ရင်းနှီးသော အသံတစ်ခု ထွက်လာသည်။ "ပြီးတော့ ငါပါတယ်။"

လျှိုကျောက်ချင်း၏ အိတ်ကပ်ထဲက ပေါ်လာသော လုံးပတ်ဆဲလ်ကိုယ်ထည်ကို ကြည့်လိုက်တော့ ခယ်ရှောင်ပင်းက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "စီနီယာအစ်ကိုရွှီက ပျင်းလို့ ဆဲလ်ပြန်ဖြစ်သွားတာလား။"

လျှိုကျောက်ချင်းက ညည်းညူသည်။ "မင်းက ရှောင်ထူကို စီးတော်ယာဉ်လို ဆက်ဆံတယ်၊ သူက ငါ့ကို စီးတော်ယာဉ်လို ဆက်ဆံတယ်။"

ရွှီယိရှန်းသည် ဆဲလ်များအဖြစ်သို့ ပြောင်းလဲပြီးနောက် လုံးပတ်ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ခပ်ကျုံ့ကျုံ့ မျက်လုံးများနှင့် ပါးစပ်များက ရှိနေဆဲဖြစ်သည်။ သူက ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး သိချင်စွာ မေးသည်။ "ရှင်းဝမ်က ဒီကို ဘယ်လိုရောက်လာတာလဲ။"

ယွဲ့ရှင်းဝမ် ငုံ့ကြည့်လိုက်တော့ လျှိုကျောက်ချင်း၏ ဖိနပ်ကို ပတ်တီးနှစ်လိပ်နဲ့ ပတ်ထားတာ တွေ့လိုက်ရပြီး ရှင်းယန်၏ ဖိနပ်ခုံများကို ငွေဖြူရောင်သတ္တုအလွှာနဲ့ ဖုံးအုပ်ထားသည်။ သူတို့နှစ်ဦးက ပူပြင်းသောမြေပေါ်တွင် လမ်းလျှောက်နေကြသည်မှာ ထင်ရှားသည်။

ယွဲ့ရှင်းဝမ်က ဆိုသည်။ "ကျွန်တော်က ‘လမ်း’စွမ်းရည်ကိုသုံးပြီး ရှောင်ခယ်နဲ့ တွေ့ခဲ့တာ၊ ဒါပေမဲ့ ဒီစွမ်းရည်က အချိန်ကန့်သတ်ချက်ရှိပြီး တစ်ချိန်လုံး အသုံးမပြုနိုင်ဘူး။ ရှင်းယန်၊ မင်းငါ့ကိုလည်း ဖိနပ်ခုံလုပ်ပေးဖို့ ကူညီပါလား။"
 
ရှင်းယန်သည် သူ့ညာလက်ကို မြှောက်လိုက်ပြီး ဒြပ်စင်ဇယားပေါ်က ပစ္စည်းတွေကို ရှာရင်းနဲ့ ပြောလိုက်သည်။ "အခု အချိန်ကျပ်နေတယ်။ ငါလုပ်ထားတဲ့ အပူချိန်ခုခံခြင်းဖိနပ်ခုံက ဖိနပ်ကို အပူချိန်မြင့်လို့ အရည်မပျော်သွားအောင် တားဆီးနိုင်ပေမဲ့ အပူစီးဆင်းမှုကို ခွဲခြားလို့မရဘူး။" သူက လျှို့ကျောက်ချင်းကို ကြည့်ပြီး ပြောသည်။ "ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ ဖိနပ်ရဲ့အောက်ခြေကို အရည်ပျော်မှတ်မြင့်တဲ့ သတ္တုနဲ့ ကာကွယ်ထားပြီး ဖိနပ်ရဲ့အတွင်းပိုင်းကို စီနီယာအစ်ကိုလျှိုရဲ့ ပတ်တီးနဲ့ အုပ်ထားလိုက်မယ်။ အဲဒါက နှစ်ထပ်အကာအကွယ်ဖြစ်သွားပြီး အားလုံးရဲ့ခြေထောက်တွေကို အပူမလောင်ဖို့ သေချာစေတယ်။"

ယွဲ့ရှင်းဝမ်က ချီးကျူးသည်။ "ဒါက နည်းလမ်းကောင်းတစ်ခုပဲ။ စီနီယာအစ်ကိုလျှိုရဲ့ ပတ်တီးက ဒဏ်ရာကို ကုသပေးနိုင်သလို မင်းရဲ့ သတ္တုအကာအကွယ်အလွှာက ဖိနပ်တွေ မပျက်စီးသွားအောင် သေချာစေတယ်။"

ခယ်ရှောင်ပင်းက အပြုံးဖြင့် ပြောလေသည်။ "ဒါက အပူဒဏ်ခံနိုင်တဲ့ ဖိနပ်ရဲ့ အဆင့်မြင့်ထားတဲ့ဗားရှင်းလား။ ရှင်းယန်နဲ့ စီနီယာအစ်ကိုလျှိုက ပူးပေါင်းထုတ်လုပ်တာလား။"

လျှိုကျောက်ချင်းသည် ချက်ချင်းပင် ပတ်တီးအလိပ်အနည်းငယ်ကို ဆင့်ခေါ်ပြီး ရှင်းယန်ထံသို့ ပေးလိုက်သည်။ ရှင်းယန်သည် လူတိုင်းဖိနပ်ခုံတွင် သတ္တုအလွှာကို ကပ်လိုက်ပြီး ပတ်တီးစကို အတွင်းဖိနပ်ခုံဖြစ်အောင်လိပ်ကာ ဖိနပ်ထဲသို့ ထည့်လိုက်သည်။

ဤကဲ့သို့ တပ်ဆင်ပြီးနောက် ပူပြင်းသောကျောက်တုံးကြီးပေါ်သို့ တက်လှမ်းခြင်းမှာ လုံးဝ စိတ်မသက်မသာမဖြစ်တော့ချေ။

လူတိုင်းက သူတို့ခရီးကို ပြန်ဆက်ပြီး သူတို့အဖွဲ့ဝင်များကို ဆက်ရှာသည်။

ခယ်ရှောင်ပင်းသည် ရှောင်ထူအပေါ်မှဆင်းကာ ယွဲ့ရှင်းဝမ်နှင့်အတူ လမ်းလျှောက်ခဲ့သည်။ သူသည် ရှောင်ထူကို လျင်မြန်စွာ စုံစမ်းစစ်ဆေးပြီး ထောက်လှမ်းရန် တစ်ဦးတည်း စေလွတ်လိုက်သည်။ ထောက်လှမ်းရေးအချက်အလက်များကို သူ၏လက်ပ်တော့သို့ အချိန်နှင့်တပြေးညီ ပေးပို့မည်ဖြစ်သည်။

ရှောင်ထူသည် ဆယ်ကီလိုမီတာကျော်သော ဧရိယာကို လျင်မြန်စွာ စစ်ဆေးဖတ်ခဲ့သော်လည်း အခြားအဖွဲ့ဝင်များကို မတွေ့ရှိသေးပေ။

ယွဲ့ရှင်းဝမ်၏မျက်ခုံးများက ပို၍ပို၍ ရှုံ့တွလာသည်။ "ဖျင်စစ်က အနီးနားမှာ ဆင်းသက်ခဲ့ရင် သူက သေချာပေါက် လွတ်မြောက်ရေး pod ထဲကနေထွက်ပြီး ငါတို့ကို ရှာဖို့ လေထဲကိုပျံသန်းဖို့ ကိုဩဒီနိတ်စနစ်ဖော်မြူလာကို အသုံးပြုလိမ့်မယ်။ ရှောင်ထူက လေထဲမှာ ပစ်မှတ်ကို မတွေ့ခဲ့ဘူးဆိုတော့ သူက ဒီဧရိယာထဲမှာ မရှိဘူး။"

ခယ်ရှောင်ပင်းသည် လက်ပ်တော့ဖန်သားပြင်ပေါ်ရှိ ကိုသြဒီနိတ်အမှတ်ငါးခုကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။ "ဒီဧရိယာမှာ ငါတို့ထဲက ငါးယောက်ပဲ ရှိတယ်။ အဲဒီတုန်းက အချက်အလက်တွေကို ဖတ်ခဲ့တာကို ငါမှတ်မိတယ်၊ ဒီဂြိုဟ်ရဲ့ မြေပြင်ပုံစံ တစ်ဝက်လောက်က ကျောက်ရည်ပူတွေဖြစ်ပြီး ကျန်တစ်ဝက်က အေးစက်တဲ့လိုဏ်ဂူကြီးတွေပဲ။ ငါတို့ကို အုပ်စုနှစ်ခု ခွဲထားလိုက်တာဆိုရင် ကျန်တစ်ဝက် လိုဏ်ဂူဘက်မှာများလား။"

ရွှီယိရှန်းက ထောက်ခံသည်။ "ဒါက ဖြစ်နိုင်ခြေများတယ်၊ ငါတို့ ထပ်ပြီးကျယ်ကျယ်ပြန့်ပြန့် ရှာပြီးပြီ။ အခြားနေရာမှာ သွားရှာကြမလား။"

ဤဂြိုဟ်က အလွန်သေးငယ်သည်။ ဂြိုဟ်၏ထုထည်သည် ကမ္ဘာမြေ၏ 1% အောက်သာရှိပြီး မျက်နှာပြင်တစ်ခုလုံးက စတုရန်းကီလိုမီတာ တစ်သန်းကျော်ရှိသည်။ သို့သော် ရှောင်ထူ၏ အမြန်နှုန်းက အကန့်အသတ်ရှိပါသည်။ ယခုအချိန်အထိ လိုဏ်ဂူနယ်မြေကို မရှာဖွေကြသေးဘူး။

ယွဲ့ရှင်းဝမ်က အဲဒါကို တွေးပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါတို့ ရှာဖွေခဲ့တာ တစ်နာရီကျော်ပဲ ရှိပါသေးတယ်။ အောက်ဆီဂျင်ဘူးထဲမှာ ကျန်နေတဲ့ အောက်ဆီဂျင်က လူတိုင်းကို ပုံမှန်အသက်ရှူနှုန်း 12 နာရီအထိ ထိန်းထားနိုင်တယ်။ အဓိကက ကိုယ့်ရဲ့အဖွဲ့ဝင်တွေ ကျန်သွားမှာကိုပဲ။ ကျောက်ရည်ပူဧရိယာကို အရင်ရှာပြီးမှ အခြားတစ်ဖက်ကို ရွှေ့ဖို့ အကြံပြုချင်တယ်။"

ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြသည်။ "ဒါက အဓိပ္ပါယ်ရှိတယ်။ ငါတို့တွေ သူတို့ကို ကျန်သွားပြီး နောက်မှပြန်ရှာရင် နောက်ကျသွားလိမ့်မယ်။ ဒီနေရာကို ရှာပြီးမှ ငါတို့ နေရာရွှေ့ကြမယ်။" အဲဒီနောက်မှာတော့ ရှောင်ထူကို အရှိန်မြှင့်ပြီး အနီးပတ်ဝန်းကျင်ကို ဆက်လက်စုံစမ်းဖို့ တောင်းဆိုခဲ့သည်။

နာရီဝက်ကျော်ကြာပြီးနောက် အပြာရောင်အလင်းတန်းတစ်ခုက ရှောင်ထူ၏ဖန်သားပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာသည်။

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ရှေ့မှာ တစ်ယောက်ရှိတယ်။"

လူတိုင်း၏ လမ်းလျှောက်နှုန်းသည် ရှောင်ထူထက် အဆပေါင်းများစွာ နှေးသောကြောင့် ခယ်ရှောင်ပင်းသည် ရှောင်ထူကို သူ့အဖွဲ့ဝင်နှင့် ဦးစွာပူးပေါင်းရန် တောင်းဆိုခဲ့သည်။

မကြာခင်မှာပဲ ခယ်ရှောင်ပင်း၏ လက်ပ်တော့ဖန်သားပြင်ပေါ်မှာ ဗီဒီယိုပုံတစ်ခု ပေါ်လာသည်။ လက်မောင်းကဲ့သို့ တုတ်ခိုင်သော နွယ်ပင်စိမ်းတစ်ခုသည် ကျောက်ဆောင်ကြီးနှစ်ခုကြားမှာ တွဲလောင်းကျနေတာကို မြင်ရပြီး အရည်အချင်းရှိသော မိန်းကလေးတစ်ယောက်သည် စစ်ဝတ်စုံဖြင့် နွယ်ပင်ပေါ်မှာ ထိုင်နေပြီး အဝတ်အစားတွေက ချွေးတွေနဲ့ စိုရွှဲနေပြီး သူမဦးထုပ်ကို ချွတ်ထားကာ ဆံပင်ရှည်က အနည်းငယ် ရှုပ်ပွနေသည်။

ရှောင်ထူကို မြင်ပြီးနောက် လင်းမန့်လော်သည် အံ့အားသင့်ကာ ရှောင်ထူကို ချက်ချင်းလက်ပြလိုက်သည်။ "ရှောင်ထူ၊ ငါဒီမှာ"
 
ခယ်ရှောင်ပင်းသည် ရှောင်ထူမှတစ်ဆင့် သူ၏အသံကို ပေးပို့ခဲ့သည်။ "စီနီယာအစ်မမန့်လော်၊ ကျွန်တော်တို့ရဲ့ လမ်းလျှောက်နှုန်းက အတော်လေးနှေးတယ်၊ ဒီတော့ စီနီယာအစ်မ ရှောင်ထူပေါ်မှာ ထိုင်ပြီး ကျွန်တော်တို့ဆီလာခဲ့ပါ။"

လင်းမန့်လော်သည် သူမ၏ ညာလက်ကို မြှောက်လိုက်ပြီး ရှောင်ထူ၏ခါးတွင် နွယ်ပင်ကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။ သူမသည် ပေါ့ပေါ့ပါးပါးခုန်ဆင်းကာ ရှောင်ထူ၏ပခုံးပေါ်ထိုင်ပြီး ရယ်လိုက်သည်။ "နင် ဘယ်လိုလုပ် ရှောင်ထူကို သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ပုံစံပြောင်းလိုက်တာလဲ။"

ခယ်ရှောင်ပင်းက ပြောလိုက်သည်။ "ရှောင်ထူရဲ့ခြေထောက်အောက်မှာ ဘီးတွေရှိပြီး အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို 60 ကီလိုမီတာအထိ ရောက်နိုင်ပြီး အချိန်နဲ့ အားစိုက်ထုတ်မှုကို သက်သာစေတယ်။"

ခဏအကြာတွင် ရှောင်ထူသည် စီနီယာအစ်မမန့်လော်ကို လူတိုင်းနှင့်ပူးပေါင်းရန် ခေါ်ဆောင်လာသည်။

ရှင်းယန်သည် လင်းမန့်လော်အတွက် အဆင့်မြှင့်တင်ထားသော အပူဒဏ်ခံနိုင်သော ဖိနပ်တစ်ရံကို ပြုလုပ်ခဲ့သည်။ ဖိနပ်ကိုစီးပြီးနောက် လင်းမန့်လော်သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "ငါဆင်းသက်တုန်းက အနီးအနားမှာ အဖွဲ့ဝင်တွေမရှိဘူး၊ နင်တို့ရှာဖို့ လွတ်မြောက်ရေး pod ထဲကနေ ငါထွက်လာချင်ပေမဲ့ မြေပြင်က အရမ်းပူတော့ ငါအဝေးကို မသွားနိုင်ဘဲ နွယ်ပင်တွေနဲ့ ပုခက်လုပ်ပြီး လေထဲမှာထိုင်ရင်း နင်တို့လာမယ်လို့ တွေးနေခဲ့တာ။"

ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "စီနီယာအစ်မက ဟိုမှာ တစ်ယောက်တည်းလား။"

"ငါ့အနားမှာ အခြားအဖွဲ့ဝင်တွေကို မတွေ့ခဲ့ရဘူး။" သူမသည် ရှေ့ကို ညွှန်ပြပြီး ပြောလိုက်သည်။ "ဟိုမှာ မီးတောင်တစ်ခုရှိသလိုပဲ။ အန္တရာယ်ကြုံမှာကြောက်လို့ ငါ ရှေ့ကို မသွားရဲဘူး။ ဒါကြောင့် မီးတောင်ပေါ်မှာ အဖွဲ့ဝင်တွေ ရှိမရှိ ငါမသိဘူး။"

ရှောင်ထူသည် မီးတောင်၏တည်နေရာကိုလည်း ထောက်လှမ်းခဲ့သည်။ ယွဲ့ရှင်းဝမ်သည် စာကြည့်တိုက်က အလွန်ညစ်ပတ်ပြီး သူ့အဖွဲ့ဝင်များကို မီးတောင်အနီးတစ်ဝိုက်ဆီ ပို့လိုက်မှာ စိုးရိမ်သည့်အတွက် ခယ်ရှောင်ပင်းကို ပြောလိုက်သည်။ "ရှောင်ထူကို ပို့ပြီး မြန်မြန်ပြန်လာခိုင်းလိုက်ပါ။"
 
ရှောင်ထူသည် ပတ်ဝန်းကျင်လှုပ်ရှားမှုများကို သိရှိနိုင်၏။ မီးတောင် ရုတ်တရက် ပေါက်ကွဲခဲ့ရင်တောင် ခယ်ရှောင်ပင်းက ၎င်းကို ချက်ချင်း ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်သည်။ ထို့ကြောင့် ရှောင်ထူသည် မီးတောင်ဝဆီသို့ ရွေ့သွားပြီး ယွဲ့ရှင်းဝမ်တို့ လူခြောက်ဦးက ခဏစောင့်ဆိုင်းခဲ့သည်။

ယွဲ့ရှင်းဝမ်ကို အံ့အားသင့်စေတာကတော့ ရှောင်ထူက အမှန်တကယ်ပင် အဖွဲ့ဝင်တစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

—— စီနီယာအစ်မလန်ယာရုန်ဖြစ်ပြီး သူမသည် မီးတောင်ဘေးတွင် ဆင်းသက်ခဲ့ကာ ကံမကောင်းခဲ့ပေ။

သူမသည် မြေပြင်ပေါ်တွင် လမ်းမလျှောက်နိုင်သည့်အပြင် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်လည်း မရှိဘူး။ ရွေးချယ်စရာမရှိတာကြောင့် စီနီယာအစ်မလန်သည် အထဲတွင်ပုန်းအောင်းရန် အရပ်ဘက်ရေးရာဗျူရိုကို တိုက်ရိုက် ဆင့်ခေါ်ခဲ့သည်။

ထောက်လှမ်းရေးဖန်သားပြင်ပေါ်တွင် အရပ်ဘက်ရေးရာဗျူရိုကို မြင်လိုက်ရသော ခယ်ရှောင်ပင်းက အပြုံးဖြင့် ပြောလေသည်။ "စီနီယာအစ်မလန်က အတော်လေးကို ခက်ခဲသွားမှာပဲ၊ ငါတို့ ဒီနေရာကို လွတ်သွားရင် သူမက ညအထိ အရပ်ဘက်ရေးရာဗျူရိုမှာ နေရလိမ့်မယ်။"

 လန်ယာရုန်သည် ရှောင်ထူ၏ ‘သူငယ်ချင်းတစ်ယောက်ကိုရှာမယ်’ သီချင်းကို ကြားပြီး အရပ်ဘက်ရေးရာဗျူရိုမှ အမြန်ပြေးထွက်ကာ သူမနှင့်အရပ်တူသော စက်ရုပ်ကို ပွေ့ဖက်လိုက်ပြီး "နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့။ နည်းနည်းသာထပ်ကြာသွားရင် ငါ အသားကင်အဖြစ် ပြောင်းသွားလိမ့်မယ်။"

ပွေ့ဖက်ထားသော ရှောင်ထူ၏မျက်နှာပေါ်တွင် နီရဲသောအရိပ်အမြွက်ကို ပြသနေသည်။ "ခင်ဗျားက ကျွန်တော့်ကို ပွေ့ဖက်တဲ့ ပထမဆုံးလူသားပဲ။"

လန်ယာရုန်: "…"

ခယ်ရှောင်ပင်းသည် အဝေးမှ အသံတစ်ခု ပေးပို့ခဲ့သည်။ "စီနီယာအစ်မ၊ ရှောင်ထူပေါ်မှာထိုင်ပြီး ပြေးလာတော့။ ဒီမီးတောင်က မူမမှန်ဘူး။"

လန်ယာရုန်သည် ရှောင်ထူ၏ ခေါင်းပေါ်ကို သူမ၏လက်နှင့်ခြေဖြင့် အလျင်အမြန်တက်ကာ ရှောင်ထူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း အော်လိုက်သည်။ "သွားတော့"

ရှောင်ထူသည် သူမနှင့်အတူ လျင်မြန်စွာ ပြေးသွားကာ ခယ်ရှောင်ပင်း၏အဖွဲ့ကို မျက်စိတစ်မှိတ်အတွင်း ပူးပေါင်းလိုက်သည်။

ဤအခိုက်အတန့်တွင် ယွဲ့ရှင်းဝမ်၏အမြင်အာရုံထဲမှာ ရင်းနှီးသောရုပ်သွင်နှစ်ခု ရုတ်တရက်ပေါ်လာသည်။ တစ်ဖက်လူသည် ပုံရိပ်ယောင်တယ်လီပို့စနစ်ကဲ့သို့ အလွန်လျင်မြန်သည်။ သူတို့သည် 3 စက္ကန့်မပြည့်မီတွင် ယွဲ့ရှင်းဝမ်ထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းက အမြွှာညီအစ်မများဖြစ်သော ချင်လုနှင့် ချင်မြောင်တို့ဖြစ်သည်။

ချင်လုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "နောက်ဆုံးတော့ ငါတို့အဖွဲ့ကို ရှာတွေ့ပြီ။"

ချင်မြောင်၏အမူအရာမှာ တည်ငြိမ်အေးဆေးပြီး ပြောလိုက်သည်။ "ငါတို့နောက်မှာ မီးတောင်တစ်ခုရှိတယ်။ တောင်ရဲ့တစ်ဖက်ခြမ်းမှာ ဘာအန္တရာယ်ရှိတယ်ဆိုတာ မပြောနိုင်သေးဘူး။ အဲဒီကို ငါတို့ ကမူးရှူးထိုးနဲ့ မသွားရဲဘူး။ ရှောင်ထူရဲ့ သီချင်းသံကို ငါကြားလိုက်တာနဲ့ အားလုံးကိုရှာဖို့ ငါတို့ချက်ချင်း လာခဲ့တာ။"

ရှင်းယန်သည် အသစ်ပါဝင်လာသော အဖွဲ့ဝင်များအတွက် အဆင့်မြှးင့်တင်ထားသော ဖိနပ်များကို အမြန်ပြုလုပ်ခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ မနီးမဝေးက မီးတောင်တစ်ခု ရုတ်တရက် ပေါက်ကွဲပြီး မီးရှူးမီးပန်းတွေလို နီရဲသောကျောက်ရည်ပူများက ကောင်းကင်ပေါ် မြင့်တက်လာပြီး အနီးနားမှာ မီးခိုးတွေ ထူထပ်စွာ ထွက်လာသည်။ လူတိုင်းသည် အောက်ဆီဂျင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မီးခိုးဒဏ်မခံရသော်လည်း ပတ်ဝန်းကျင်အပူချိန်က သိသိသာသာ မြင့်မားလာသည်။ အပူချိန်က လူတိုင်းကို မီးဖိုထဲရောက်နေသလို ခံစားရစေသည်။

ခယ်ရှောင်ပင်းက ဆိုသည်။ "ဒီမီးတောင်က U ပုံသဏ္ဌာန် ဖြစ်လောက်တယ်။ ချင်လု၊ ချင်မြောင်နဲ့ စီနီယာအစ်မလန်တို့အားလုံးက မီးတောင်အနီးမှာ ဆင်းသက်ကြပြီး မီးတောင်ရဲ့ တစ်ဝက်လောက်ကို ဝိုင်းထားတယ်။ အခြားအဖွဲ့ဝင်တွေကတော့ မီးတောင်ရဲ့ တစ်ဖက်က လှိုဏ်ဂူထဲမှာပဲဖြစ်ဖြစ် ရှိနိုင်တယ်၊ ဒါမှမဟုတ် ငါတို့ အရင်စုံစမ်းခဲ့တဲ့ ဦးတည်ချက်က မှားနေပြီး ငါတို့ပြန်သွားပြီးတော့ အခြားဦးတည်ချက်မှာ အခြားလူတွေကို ရှာရမယ်။"

ယွဲ့ရှင်းဝမ်၏မျက်နှာက ရုပ်ဆိုးနေသည်။ "ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုက ကုန်သွားပြီလား။"

ချင်လု: "ဆယ်ကြိမ်ကျန်သေးတယ်။"

ယွဲ့ရှင်းဝမ်က ခဏလောက် စဉ်းစားပြီး ပြောသည်။ "ဆက်ကြိမ်ဆက်တိုက်က 5 ကီလိုမီတာ အကွာအဝေးကို ပို့နိုင်ပြီး အဲဒါက ငါတို့ကို မီးတောင်ကို ဖြတ်ကျော်သွားစေနိုင်တယ်။ ဒီဂြိုဟ်ရဲ့ အချက်အလက်တွေအရတော့ မြေအောက်လိုဏ်ဂူတွေ အများအပြားက ဒီမီးတောင်ရဲ့ အခြားတစ်ဖက်မှာရှိတယ်။"

သူက သူ့အဖွဲ့ဝင်တွေကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ "လက်ရှိမှာ ဖျင်စစ်၊ စီနီယာအစ်ကိုကျိုနဲ့ ကျန်းရှောင်နျန်တို့ပဲ ကျန်တော့တယ်။ သူတို့ လိုဏ်ဂူထဲမှာ ဆင်းသက်နိုင်ဖွယ်ရှိတယ်။"

ခယ်ရှောင်ပင်း: "ဆိုလိုတာက ငါတို့က မီးတောင်ပေါ်ကို အတင်းတက်ရမှာလား။"

ချင်လုက ထိတ်လန့်သွားသည်။ "ငါ့ကျောက်ထုလွှာလှုပ်ရှားမှုက လူတိုင်းကို တစ်ကြိမ်မှာ မီတာ 500 အကွာအဝေးကို တယ်လီပို့နိုင်ပေမဲ့ မီးတောင်ပေါက်ကွဲတဲ့နေရာကို ငါတို့ ကူးပြောင်းမိရင် ချက်ချင်းဆိုသလို ပြာဖြစ်သွားမှာမဟုတ်ဘူးလား။"

ယွဲ့ရှင်းဝမ်က ရှင်းယန်ကို ကြည့်လိုက်သည်။ "အပူချိန်ဒဏ်ခံနိုင်တဲ့ သတ္တုပစ္စည်းတွေနဲ့ လူတိုင်းကို ကာကွယ်နိုင်လား။"

ရှင်းယန်က ခေါင်းငြိမ့်ပြသည်။ "သီအိုရီအရတော့ လုပ်နိုင်တယ်။ 3000 ဒီဂရီထက်ပိုတဲ့ အရည်ပျော်မှတ်ရှိတဲ့ သတ္တုတွေဟာ မီးတောင်ပေါက်ကွဲပြီး ထွက်ပေါ်လာတဲ့ ကျောက်ရည်ပူတွေကြောင့် အရည်ပျော်သွားမှာ မဟုတ်ဘူး။ ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုက 1 စက္ကန့်သာ ကြာပြီး ဆယ်ကြိမ်ဆက်တိုက် နေရာကူးပြောင်းရင် 10 စက္ကန့်ပဲ အချိန်ကြာနိုင်တယ်။ မီးတောင်ပေါ်တက်တဲ့အခါ လူတိုင်းကို ကာကွယ်ဖို့ ငါ သတ္တုဒိုင်းကို ပြုလုပ်ပေးမယ်။"

ယွဲ့ရှင်းဝမ်သည် အပေါ်ယံတွင် တည်တည်ငြိမ်ငြိမ်နေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ့စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ စာကြည့်တိုက်သည် သာမန်အသိတရားအရ မလှည့်စားတတ်ဘဲ ကျန်းဖျင်စစ်တို့ သုံးယောက်သည် မီးတောင်၏ အခြားဦးတည်ချက်သို့ တွန်းပို့ခံရသည်။ သူတို့တွေ ခွဲခွာပြီးနောက် အဖွဲ့ဝင်သုံးဦးကို ကယ်တင်ဖို့ ကျရှုံးနိုင်ပြီး အောက်ဆီဂျင်ကုန်သွားနိုင်ကာ သူတို့တွေ ဒီနေ့ညကို သေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ပေ။

မွန်းတည့်ချိန်ရောက်ပြီဖြစ်၍ သူတို့ကိုရှာဖွေရန် ဦးတည်ချက်တစ်ခုတည်းကိုသာ သူတို့ရွေးချယ်နိုင်သည်။

နှစ်ခုထဲကတစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်တာက အဖွဲ့ဝင်များ၏ သေရေးရှင်ရေးနဲ့ သက်ဆိုင်ပါသည်။

ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူရင်း မီးတောင်ကို ပြတ်ပြတ်သားသား ညွှန်ပြပြီး ပြောလိုက်သည်။ "အဲဒီကိုသွားရအောင်။"

တွန့်ဆုတ်နေတာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ 183 အဖွဲ့ခေါင်းဆောင်အဖြစ် သူသည် ခက်ခဲသော ရွေးချယ်မှုကို လုပ်ရန်သာ ရှိတော့သည်။

အခြားအဖွဲ့ဝင်များလည်း ထင်မြင်ချက်များမရှိပေ။ ရှင်းယန်သည် လူတိုင်းကို 360 ဒီဂရီဖြင့် ဝိုင်းရံထားသည့် အလုံပိတ်ကုန်တင်ကားကဲ့သို့ ကုဗတုံးပုံသဏ္ဌာန်ရှိသော သတ္တုသေတ္တာကို အမြန်ပြုလုပ်ခဲ့သည်။ ချင်လုသည် ဒီ"အကာအကွယ်ခွံ"ကို မီးတောင် ကျောက်ရည်ပူပေါက်ကွဲခြင်းမှ ကာကွယ်ရန် လူတိုင်းနှင့်အတူ တိုက်ရိုက် နေရာကူးပြောင်းနိုင်သည်။

ဦးတည်ချက်တစ်ခုတည်းသို့ နေရာများကို ဆက်တိုက်ပြောင်းလဲကာ လမ်းခရီးတွင် အပြင်ဘက်မြေပြင်တုန်ခါသံနှင့် သတ္တုအပေါ်တွင် ကျောက်ရည်ပူ၏ပက်ဖြန်သော သက်ရောက်မှုကို လူတိုင်း ရှင်းရှင်းလင်းလင်းကြားနိုင်သည်။

အလုံပိတ် "လူစီးတွဲ" ထဲတွင် တည်းခိုနေသော ခယ်ရှောင်ပင်းသည် အပြင်ဘက်မှ လှုပ်ရှားမှုကို နားထောင်ရင်း ထိတ်လန့်သွားသည်။ တင်းတင်းကျပ်ကျပ် တပ်ဆင်ထားသော ဤသတ္တုကာကွယ်ရေးဒိုင်းကို ကျေးဇူးတင်ရမည်။ မဟုတ်ပါက မီးတောင်ကိုဖြတ်ကျော်ရန် သူတို့၏ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကိုအသုံးပြုပါက သူတို့သည် အနက်ရောင်မီးသွေးအဖြစ် ချက်ချင်းလောင်ကျွမ်းသွားမည်ဖြစ်သည်။

ချင်လု၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေ၏။ သူမသည် အာရုံစူးစိုက်ပြီး ကမ္ဘာလုံးပေါ်တွင် လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။ သူမ၏ လက်အမြန်နှုန်းသည် ကန့်သတ်ချက်အထိ တိုးလာသည်။ ငါးကြိမ်ဆက်တိုက် လှုပ်ရှားပြီးနောက် သူမသည် အပြင်မှ လှုပ်ရှားမှုကို နားထောင်ပြီး ရပ်လိုက်ကာ ပြောလိုက်သည်။ "မီတာ 2,500 ရှိပြီ၊ မီးတောင်ရဲ့ အကွာအဝေးကနေ ထွက်သွားလောက်ပြီ၊ အရန်အနေနဲ့ ငါ့ရဲ့နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အကြိမ်အနည်းငယ် ချန်ထားလိုက်မယ်။"

ခယ်ရှောင်ပင်း: "ရှောင်ထူ၊ အပြင်ပတ်ဝန်းကျင်ကိုစုံစမ်းပါ"

ရှောင်ထူက ရလဒ်ကို လျင်မြန်စွာ တင်ပြခဲ့သည်။ "ပြင်ပအပူချိန်က အနုတ် 10 ဒီဂရီ၊ လေထုစိုထိုင်းမှု 30% နဲ့ အောက်ဆီဂျင်ပါဝင်မှု 0% ရှိပါတယ်။"

ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "ရှင်းယန် သတ္တုအဖုံးကို ဖယ်လိုက်တော့။"

ရှင်းယန်သည် သူ၏ညာလက်ကို မြှောက်လိုက်သည်နှင့် အနီးတစ်ဝိုက်ရှိ သတ္တုများသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ အေးစက်သောလေသည် သူတို့ဆီသို့ ပြေးဝင်လာကာ လူတိုင်းသည် အအေးဒဏ်ကြောင့် တစ်ချိန်တည်းတွင် အကြိမ်ပေါင်းများစွာ နှာချေကြသည်။

ရှေ့တွင် လိုဏ်ဂူဝင်ပေါက်တစ်ခုရှိပြီး ပတ်ဝန်းကျင်က ယခင်ကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ပတ်ဝန်းကျင်က မီးမှိန်မှိန်နဲ့ လမ်းကကြမ်းပြီး သတိမထားရင် သူတို့ပြုတ်ကျနိုင်သည်။ ရှောင်ထူသည် သူ၏ခေါင်းထက်ကမီးကိုဖွင့်လိုက်ပြီး ဆက်လက်စုံစမ်းနေချိန်တွင် အခြားကျောင်းသားများက သူ့နောက်သို့ အနီးကပ်လိုက်ကာ မြေအောက်လှိုဏ်ဂူထဲသို့ အတူတူဝင်ရောက်ခဲ့ကြသည်။