Chapter 45
Viewers 3k

🚩 Ch 45

Arc 3.8 အစားထိုးခံချစ်သူ 



" ဥက္ကဌစု ဒါက လက်ထောက်ရှန်းရဲ့ ခွင့်တိုင်စာပါ "  


မနက်စောစော၌ စု၀မ် ကုမ္မဏီအတွင်း ဝင်ရောက်လာသည်နှင့် ဧည့်ကြိုကောင်တာမှ ခွင့်တိုင်စာတစ်စောင်ကို စု၀မ်အား လေးစားစွာ ပေးအပ်လာသည်။  စု၀မ်က ရှန်းဝေ၏ သေသပ်လှပသောလက်ရေးကို စိုက်ကြည့်ရင်း သူမ၏ လက်သည် မလှုပ်ရှားပေ။  မက်မွန်ပွင့်ပုံ မျက်လုံးတစ်စုံက အလိုအလျောက် ကျဉ်းမြောင်းသွားကာ 


" မင်း ရှန်းဝေကို အခု အလုပ်လာလုပ်မလား မဟုတ်ရင် ငါ့ကို နှုတ်ထွက်စာကိုပဲ တန်းပေးမလားလို့ပြောလိုက်၊ အချိန်ကန့်သတ်ချက် နာရီဝက်ပဲရမယ်  "


ဘယ်သူကသူ့ကို ခွင့်တိုင်စာရေးဖို့ သတ္တိများ ပေးခဲ့လေသနည်း... သူမ ယခုထိ မနေ့က ကိစ္စအား စာရင်းပင်မရှင်းရသေးချေ။


စု၀မ်က မဆိုင်းမတွ လှည့်ထွက်ပြီး အမှုဆောင်များအတွက် ကုမ္ပဏီ၏ အထူးဓာတ်လှေကားထဲသို့ ဝင်သွားသည်ကို မြင်လိုက်သောအခါ ဧည့်ကြိုကောင်တာမှ အမျိုးသမီးငယ်က ပါးစပ်ကို စေ့လိုက်ပြီးနောက် ရှန်းဝေ၏ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်


 " ရှန်း ကော ကျွန်မ အစွမ်းကုန်လုပ်ခဲ့ပြီးပြီ၊ ဥက္ကဌစုက အရမ်းတင်းကြပ်လွန်းတယ်.... "


နာရီဝက်ခန့်ကြာပြီးသည့်နောက်  ချွေးများအရမ်းထွက်နေသည့် ရှန်းဝေတစ်ယောက် စု၀မ်၏ရုံးခန်းထဲ၌ ပေါ်လာလေသည်။


 " ဥ..ဥက္ကဌစု "


ရှန်းဝေ သူ့နဖူးပေါ်က ချွေးများကို သုတ်ရင်းကုလားထိုင်ပေါ်တွင် ထိုင်နေသည့် စုဝေကို သတိထားလျက် ကြည့်လိုက်သည်။


 " ၁ မိနစ်နဲ့ ၂၇ စက္ကန့်နောက်ကျတယ် "


စု၀မ် သူမ၏ ခံစားချက်မဲ့သည့်မျက်နှာကို မော့ပြီး ရှန်းဝေ၏ ၀က်မျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် သူမ အနည်းငယ် အံ့ဩသွားပြီး မျက်ခုံးပင့်ကာ


 " ဒါက အလုပ်မတက်ရတဲ့ အကြောင်းရင်းပေါ့ "


" အင်း "


ရှန်းဝေသည် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းသွားသည်အထိ အရိုက်ခံခဲ့ရပြီး ယခုအချိန်တွင် ရှုပ်ယှက်ခတ်ရှုပ်ထွေးနေသော စိတ်ခံစားချက်အခြေအနေကိုပြသနေသည်။ သူ့ကို မြင်ရသည်မှာ အလွန်စိတ်မသက်မသာဖြစ် စေသည်။


စု၀မ်က သူမ၏ ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ စတော့ဇယားတစ်ခုဆီသို့ သူမ၏အကြည့်ကို တန်းတန်းမတ်မတ် လွှဲပြောင်းလိုက်သည်။  ဟောက်ယွဲ့အုပ်စု၏ စတော့ရှယ်ယာများသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အနည်းငယ် မြင့်တက်လာခဲ့‌သည်။


စု၀မ်က သူ့အား ထူးဆန်းသည့်အမူအရာဖြင့် မကြည့်တော့သည့်အခါ ရှန်းဝေသည် စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရှန်းဝေမှာ သူ့အား ယခုလို ညိုမဲနေသည့်တိုင်အောင် ရိုက်နှက်ဆုံးမခဲ့သူမှာ သခင်‌လေးဖန်းဖြစ်ကြောင်း စုဝမ်ကို တိုက်ရိုက်မပြောဝံ့ပေ။


စိတ်သဘောထားကျဉ်းမြောင်းကာ ပိုင်စိုးပိုင်နင်းစိတ်မြင့်မားပြီး လွန်ကဲစွာမနာလိုလွန်းသော ယောက်ျားများကို ရှန်းဝေ မမြင်‌တွေ့ဖူးခြင်းမဟုတ်ပေ။  သို့သော် ဤသခင်ငယ်လေးဖန်းသည် လွန်စွာ ကျိုးသင့်ကြောင်းသင့်မရှိ‌လွန်းဖြစ်ပေသည်။


သူက စု၀မ်၏ ‌အမျိုးသားပါတနာအဖြစ် အတင်းအကြပ် ဖိအားပေးခံခဲ့ရခြင်းဖြစ်ပြီး အနီးကပ်ဆုံးထိ‌တွေ့မှုက လက်မောင်းချင်း ချိတ်ဆက်ထားခဲ့ခြင်းသာဖြစ်ပြီး စုဝမ်၏ လက်ချောင်းထိပ်များကိုပင် မထိခဲ့ပေ။ သို့သော် ရလဒ်အနေဖြင့် ရှောင်းမိသားစုဗီလာ၏ အိမ်သာခန်းတွင် ဖန်းကျစ်မုက သူ့အား ဖိနှိပ်ခဲ့ပေ၏ ။ မျက်နှာပေါ်ရှိ ဒဏ်ရာများက မပြင်းထန်ဘဲ ခန္ဓာကိုယ်ရှိ မမြင်ရနိုင်သည့် နေရာမှ ဒဏ်ရာများကသာလျှင် တကယ့် နာကျင်မှုများဖြစ်ပေသည်။


ဖန်းကျစ်မု၏ရိုက်နှက်မှုသည် ဝန်ခံချက်ထုတ်ရန် FBI မှအသုံးပြုသည့် နှိပ်စက်ညှဉ်းပန်းမှုနည်းလမ်းများနှင့်ပင် နှိုင်းယှဉ်နိုင်ဟု စဉ်းစားရင်း တစ်ကိုယ်လုံးတွင် နာကျင်မှုကိူ ခံစားနေရဆဲဖြစ်သည်။


ရန်စရန် မတတ်နိုင်သည့်အခါ ပုန်းကွယ်ရပေမည်။


" အစ်မ၀မ် "


ဖန်းသခင်လေးကို တွေ့ပါက သေချာပေါက် ရှောင်ကြဉ်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသည့် ရှန်း‌ဝေက သူ့ကိုယ်ပိုင်အလုပ်ပြဿနာများနှင့် လုံးထွေးရန် စတင်လိုက်သည်။


" ဘာလို့ဒီမှာရှိနေသေးတာလဲ "


စု၀မ်က သူ့အသံကို ကြားသောအခါ လှည့်ကြည့်ရင်း မေးလာသည်။


" ဒီနေ့ဖို့ လုပ်စရာမရှိဘူးလား "


" ဟို..အစ်မ၀မ် ကျွန်တော့်ရာထူးကိုပြောင်း..လို့ရမလား "


ရှန်းဝေက စု၀မ်ကို သတိကြီးကြိီးထားကာ ပြုံးပြပြီး


 "ကြည့်လေ၊ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်က ဒီလိုမျိုး အမှားကြီး လုပ်ခဲ့တာ... ကျွန်တော် တကယ်ပဲ..."


" နင်ပြောတာ ဟုတ်တယ် "


စု၀မ်က သူမလက်ကို မြှောက်လိုက်ပြီး လက်ချောင်းသွယ်လေးများနှင့် စားပွဲပေါ်ရှိ စာရွက်များကို ထိကာ


 "ဒီနေ့ မင်းစတုတ္ထထပ်က စီးပွားရေးဌာနကို အကြောင်းကြားချေ  လက်ထောက်အတွက်က လူ့စွမ်းအားအရင်းအမြစ်ဌာနကို ငါစီစဥ်ခိုင်းလိုက်မယ် "


ဟင်...ဟမ်...


ရှန်းဝေ စု၀မ်ကို ကြောင်အစွာ စိုက်ကြည့်နေသည်။  ရိုးရိုးသားသားပြောရလျှင် သူသည် ဤအန္တရာယ်များသည့် လက်ထောက်တစ်ယောက်အဖြစ် ဆက်၍မလုပ်လို‌ပေ။သို့သော် သူက စီးပွားရေးဌာနသို့ ရာထူးချခံရကာ အစကနေ ပြန်စရန်အတွက်လည်း မရည်ရွယ်ခဲ့ချေ။


" အစ်မ၀မ်၊သူဌေး၊ဥက္ကဌစု၊ ကျွန်တော့်ကိုကြည့်ပါဦး ကျွန်တော်တကယ်တော့..."


ရှန်းဝေသည် စိတ်လှုပ်ရှားသည်နှင့် မည်သည်ကို မည်သည့်နေရာကစ၍ ပြောရမည်ကို မသိတော့ချေ။  စု၀မ်၏ရှေ့မှာ နေ့တစ်ဝက်လောက် ပြောစရာပျောက်နေပြီး နောက် ချွေးတွေ စိုစွတ်လာပြန်သည်။


" ကိစ္စကအတည်ပြုပြီးပြီ "


စု၀မ်သည် ရှန်းဝေ၏ စိုးရိမ်တကြီး ရှုံ့တွနေသောမျက်နှာကို မကြည့်ပေ။ သူမသည် နောက်ဆုံးစကားကို ပြောပြီးနောက် ရှန်းဝေ၏အလုပ်တာ၀န်ကို အခြားသူတစ်ဦးထံ လွှဲပြောင်းပေးလိုက်သည်။


ရှန်းဝေက ခေါင်းငုံ့ရင်း သူ့ကိုယ်ပိုင်ပစ္စည်းများကို ထုပ်ပိုးရန် ပြန်သွားလေသည်။ စု၀မ်ပြုံးလိုက်ပြီးနောက် စားပွဲအံဆွဲထဲမှ  သီးသန့်တက်ဘလက်ကို ထုတ်ယူကာ သူမ၏နိုင်ငံခြားဘဏ်အကောင့်စကားဝှက်ကို ပေါ့ပေါ့ပါးပါးရိုက်လိုက်သည်။  အကောင့်ထဲမှ ဂဏန်းရှစ်လုံးပမာဏစုငွေကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်သွားလေသည်။  ဤငွေသည် ဟောက်ယွဲ့အုပ်စု စုစုပေါင်းပိုင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။


သူမ၏ လက်ရှိကြွယ်ဝမှုနှင့်အဆင့်အတန်းအရ ရှောင်းမိသားစုကို လှုပ်ခတ်ရန်မှာ မဖြစ်နိုင်သောကိစ္စတစ်ခု ဖြစ်ပုံရသည်။


ကံကောင်းစွာဖြင့်......


စု၀မ် သူမ၏ ထိုင်ခုံပေါ်တွင်မှီရင်း စုရွေ့ကို မသိစိတ်ဖြင့် တွေးနေမိသည်။  ယခုအခါ သူသည် ဖန်းမိသားစု၏ သခင်လေးဖြစ်ကာ တစ်ချိန်တည်းမှာပင် လော့ချူးချူးအား ပိုးပန်းသူဖြစ်‌ပေသည်။


စုရွေ့သည် လော့ချူးချူးကို မည်ကဲ့သို့ကိုင်တွယ်လိုကြောင်း လောလောဆယ် သူမ မသေချာသော်လည်း စုရွေ့နှင့် ရှောင်းကျင်မော့တို့က တစ်ယောက်နှင့်တစ်ယောက်ဆန့်ကျင်နေသည်။


ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်နိုင်သည်။


ထိုသူသည် အလွန်ယုံကြည်စိတ်ချရသော မဟာမိတ်မဟုတ်သော်လည်း အနည်းဆုံးတော့ သူ့အား အသုံးပြုခြင်းသည် အထောက်ကူဖြစ်စေလိမ့်မည်။


................


ဟွာရှဒေသတွင် EVFA အမှတ်တံဆိပ်သည် လူကြိုက်များသော ပရီမီယံအမှတ်တံဆိပ်ဖြစ်သည်။ ပရီမီယံ အမျိုးသားဝတ်များ၊ အမျိုးသား‌သုံးရေမွှေးများအပြင် အမျိုးသား များ၏အသားအရေထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန် အမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးသည်။


စု၀မ် ရှန်းချန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်မှာ တစ်ရက်ပင်ရှိနေပြီဖြစ်ပြီး ယခုအချိန်တွင် သူမသည် အရင်လူ ထားရစ်ခဲ့သော အလုပ်အားလုံးကို ပြီးမြောက်အောင် လွှဲပြောင်းစီမံပေးနိုင်ခဲ့သည်။


ယခုတွင် ကုမ္ပဏီ၏ အဓိကအလုပ်မှာ ဆောင်းဦးရာသီ ထုတ်ကုန်သစ် မိတ်ဆက်ခြင်းနှင့် ပြောရေးဆိုခွင့်ရှိသူအသစ် ပြဿနာဖြစ်သည်။


မူလက EVFA၏ ဟွာရှဒေသပြောရေးဆိုခွင့်ရှိသူမှာ ဟွာရှ၏ လူကြိုက်အများဆုံး ဖက်ရှင်အိုင်ကွန် ချူချန်ဖြစ်၏ ။ သို့သော် လွန်ခဲ့သည့် နှစ်လက ချူချန်သည် အိမ်ထောင်ရေးဖောက်ပြန်နေသည်ဆိုသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး  ယင်းကိစ္စကြောင့် ဤအသိုင်းအ၀င်းအတွင်း သူ၏ဂုဏ်သိက္ခာက သိသိသာသာ ကျဆင်းသွားခဲ့ပြီး EVFAကလည်း ၎င်းနှင့် စာချုပ်ကို သဘာဝကျစွာ ဖျက်သိမ်းခဲ့လေသည်။  ယခုအခါ ပြောရေးဆိုခွင့်ရှိသူနေရာက လစ်လပ်နေပြီး အကျိုးဆောင်ကုမ္ပဏီများက သူမကို တက်ကြွစွာ ချဉ်းကပ်နေကြသော်လည်း စု၀မ်၏ မျက်လုံးများကို မည်သူမျှ ဖမ်းစားနိုင်ခြင်းမရှိပေ။


စု၀မ်သည် မည်သည့်အပိုင်းကိုမဆို သရုပ်ဆောင်သည့်အခါ အစွမ်းကုန်လုပ်ဆောင်လေ့ရှိသည်။ မည်သည့်အလုပ်မဆို သူမလုပ်သမျှ အကောင်းဆုံးရလဒ်များရရှိရန်အတွက် အစွမ်းကုန်ကြိုးစားပေမည်။


EVFA၏ သုံးစွဲသူကာစတန်မာများသည် ဝင်ငွေမြင့်မားသည့် အဆင့်အတန်းမြင့်သူများဖြစ်ကြသည်။ ချူးချန်သည် လွှမ်းမိုးချုပ်ကိုင်မှုရှိသောဥက္ကဋ္ဌတစ်ဦး၏မျက်နှာထားရှိ‌သောကြောင့် သူ့အား ကုမ္ပဏီမှ  ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်၏။  သို့သော် ယခုအခါတွင် ထိုအရှုပ်တော်ပုံက EVFA ၏ ဂုဏ်သိက္ခာနှင့် ရောင်းအားကို အကြီးအကျယ် ထိခိုက်နေပြီဖြစ်ပေသည်။


အမျိုးသားထုတ်ကုန်အများစုက အမှန်တကယ်တွင် အမျိုးသမီးများက အဓိက၀ယ်လိုအားရှိနေပြီး ဇနီးအား သစ္စာမဲ့သူ ကြေညာသည့် အမှတ်တံဆိပ်ကို မည်သည့်အမျိုးသမီးမှ နှစ်သက်လိမ့်မည်မဟုတ်ပေ။


ရုံး၌ အလုပ်ရှုပ်သည့် နေ့တစ်နေ့ပင်ဖြစ်၏။

  á€Œá€Źá€”ဥသဎးသဎးမသ ဝန်ထမ်းများ အလုပ်ဆင်းပြီးနောက် ကုမ္ပဏီ၌ တိတ်ဆိတ်နေသည်။ စု၀မ်က သူမ၏ မျက်ခုံးကြားရှိ နေရာလွတ်ကို နှိပ်နယ်နေပြီး  ချောမောသော်လည်း ဆွဲဆောင်မှုရှိသော လူငယ်များ၏ပုံများကို သူမစားပွဲပေါ်မှ ဘေးနားရှိ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။  ထို့နောက်မှသာ မတ်တပ်ရပ်ကာ ကုလားထိုင်ပေါ်တွင် ဖြန့်ထားသည့် အပေါ်အင်္ကျီကို ကောက်ကိုင်ပြီး တံခါးပေါက်ဆီသို့ ဦးတည်လိုက်သည်။


မြေအောက်ကားပါကင်က နေ့ခင်းဘက်ထက် ယခုအချိန်တွင် ပို၍လစ်လပ်နေသည်။  ရှင်းလင်းနေသောကားပါကင်တွင်  သူမ၏ ဒေါက်မြင့်ဖိနပ်များကြောင့် လျှောက်လှမ်းနေသော သွားရာလမ်းတိုင်း၌  ပြတ်သားသောပဲ့တင်သံတစ်ခုသာ ထွက်ပေါ် နေ၏။


ကုမ္ပဏီက သူမအတွက် အဖြူရောင်ကားတစ်စီး စီစဉ်ပေးထားပြီး ယ‌နေ့မနက် ရှန်းဝေ ရုံးမှထွက်သွားပြီးနောက် စု၀မ်အား သော့များပြန်အပ်ခဲ့ပြီးဖြစ်သည်။ သူမ မထင်မှတ်ထားသော တစ်ခုတည်းသောအရာမှာ ထိုမလျော်ကန်သောကောင်လေး ရှန်းဝေသည် ကားပါကင်၏ အတွင်းဘက်စွန်း၌ သူမကားကို ရပ်ထားခဲ့လိမ့်မည်ကိုပင်။


" စု၀မ် "


စု၀မ် သူမကားဆီသို့ မရောက်မီ ရှောင်းကျင်မော့က သူမကို ဟန့်တားလိုက်၏ ။


ရှောင်းကျင်မော့၏ အသံကို ကြားလိုက်ရသည့်အခါ စု၀မ် အနည်းငယ် တောင့်တင်းသွားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်ကာကြည့်လိုက်သည်။ မြင်မြင်ချင်း၌ပင် ရှောင်းကျင်မော့သည် ပထမတန်းစားပြိုင်ကားတစ်စီး၏ ဇိမ်ခံမှုနှင့် ကျက်သရေကို ကိုယ်စားပြုသည့် အကန့်အသတ်ထုတ် အနက်ရောင် Corvette၏ဘေးတွင် မှီနေသည်ကို သူမတွေ့လိုက်ရသည်။  ချောမောခန့်ညားကာ လွှမ်းမိုးချုပ်ကိုင်လိုသည့် ဥက္ကဌတစ်ဦး၏အသွင်ပင်ဖြစ်ပေသည်။


" ဥက္ကဌရှောင်း "


သူမ စိတ်ထဲ၌ ဘယ်လိုပင် လှောင်ပြောင်သရော်နေပါစေ စု၀မ်သည် ရှောင်းကျင်မော့အား စကားပြောလိုသကဲ့သို့ အမူအရာဖြင့် ကြင်နာစွာ ကြည့်လိုက်သော်လည်း ရပ်တန့်ကာသာ စောင့်စား‌နေလိုက်သည်။


မူလက စု၀မ် သူ့ကို သူစိမ်းဆန်စွာ သုံးနှုန်းသည်ကို  ကြားလိုက်ရသောအခါ ရှောင်းကျင်မော့ အလွန်စိတ်တိုသွားခဲ့သည်။  သို့သော် သူမက ကြင်နာသည့်မျက်၀န်းဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်သည် ရုတ်ချည်း ငြိမ်သက်သွားပြန်လေသည်။


" စကားပြောဖို့ တစ်နေရာကို သွားကြရင်ဘယ်လိုလဲ "


ရှောင်းကျင်မော့ စု၀မ်ကို ပြုးပြကာ လူကြီးလူကောင်းကဲ့သို့ ကားတံခါးကို ဖွင့်‌ ပေးလိုက်သည်။


" ကောင်းသားပဲ "


စု၀မ်သည် ရှောင်းကျင်မော့ကို သေချာကြည့်လိုက်ပြီး


 " အတော်ပဲ ကျွန်မမှာလည်း ရှင့်ကို ပြောစရာတချို့ရှိတယ် "


🚩