အပိုင်း ၃၈
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၃၈ - နောက်ဆက်တွဲ




 ခွဲခွာခြင်းကြောင့် အားလုံးစိတ်မကောင်းဖြစ်နေကြပြီး အိမ်တွင်းရှိ အငွေ့အသက်များက ရုတ်တရက် ကျဆင်းသွားသည်။ အဘွားကြီး ဟန်က သက်ပြင်းချကာ ဟန်ဒုတိယဇနီးကို ထမင်းချက်ခိုင်းခဲ့သည်။ အခြားသူတွေ ဘာလုပ်သင့်လဲ။ သူမက ဟန်အိုက်ကောနဲ့ စုယွဲ့ကို သူမအခန်းထဲ ခေါ်သွားခဲ့သည်။


 အဘွားကြီး ဟန်က စုယွဲ့ ဘေးတွင်ထိုင်ကာ သူမလက်ကိုကိုင်ပြီး ပွတ်သက်ကာ သက်ပြင်း ခပ်လေးလေးချပြီး သူတို့နှစ်ယောက်ကိုကြည့်ကာ သူမလေသံမှာ အပြစ်ရှိစိတ်များနှင့်ပြည့်နေသည်။ “အိုက်ကော၊ အမေ ခွဲခွာခဲ့တာကို တောင်းပန်ပါတယ်။ မင်း အမေကို အပြစ်မတင်ပါနဲ့။”


 ဟန်အိုက်ကောက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ “အမေ၊ အမေ ဘာပြောနေတာလဲ။ ကျွန်တော် အမေ့ကို ဘာအပြစ်တင်လို့လဲ”


 အဘွားကြီး ဟန်က စိတ်မသက်မသာခံစားရပြီး မျက်ရည်တွေကျမလာအောင် မျက်လုံးတွေကို ပွတ်ပြီး ပြောခဲ့သည်။ “အမေအတွက် အဆင်မပြေဘူး။ အမေက နှစ်ပေါင်းများစွာ စုဆောင်းငွေအားလုံးကို ခွဲဝေပေးခဲ့တယ်။ မင်းရဲ့ဒုတိယနဲ့ တတိယညီတွေ ယူသွားပြီ။ မင်း ဒီနှစ်တွေမှာ ပိုက်ဆံအများကြီးပြန်ပို့ခဲ့ပြီး ငါတို့မိသားစုက အရာအားလုံးက မင်းနည်းနည်းချင်းစီသာရခဲ့တယ်။မင်းရဲ့ဒုတိယနဲ့ တတိယညီအကိုတွေ ဒီလောက်ထိ ကြီးပြင်းလာဖို့ မင်းကို အားကိုးခဲ့တာ။ မင်းကို အားကိုးပြီး လက်ထပ်ပြီး ကလေးမွေးခဲ့ကြတာ။ အမေတို့မိသားစုက ငွေအားလုံးက မင်းအတွက်ပဲ ဖြစ်သင့်တယ်။အမေက မင်းရဲ့ဒုတိယနဲ့ တတိယညီကို ပိုက်ဆံအများကြီးမခွဲပေးသင့်ဘူး။ အဲ့ဒါက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။”


 ဟန်အိုက်ကောရဲ့ မျက်ခုံးတွေက မပြေလျော့သွားဘူး။ တကယ်တော့ သူ့အမေ တစ်ခုခုမှားနေတယ်လို့ မထင်ထားဘူး။ ဒါပေမယ့် သူထပ်မပြောနိုင်သေးခင်၊ အဘွားကြီး ဟန်က သူ့ကို လက်ကာပြပြီး သူ့စကားကို ရပ်လိုက်သည်။ “စကားမပြောနဲ့။ မင်း အမေ့ကို အပြစ်မတင်ဘူးဆိုတာ အမေသိတယ်။ ဒါပေမယ့် အမေက စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ အမေ့လုပ်ရပ်က မင်းအတွက် မတရားဘူး”


 စုယွဲ့က အဘွားကြီး ဟန် ရဲ့ နောက်ကျောကို ပုတ်ပြီး ပြောခဲ့သည်။ “အဒေါ်၊ အဒေါ့်ရဲ့ လုပ်ရပ်တွေက ကျိုးကြောင်းဆီလျော်တယ်။ အဒေါ်အမှားတစ်ခု လုပ်ခဲ့တယ် လို့ ကျွန်မတို့ မထင်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့”


 အဘွားကြီး ဟန်၏ မျက်လုံးများ နီရဲသွားကာ ပြောခဲ့သည်။ “မင်းတို့က ကောင်းတဲ့ကလေးတွေပဲ။ တကယ်ဆို ခွဲခွာဖို့ မဆုံးဖြတ်ခင် အချိန်အတော်ကြာအောင် စဉ်းစားခဲ့တာ။ အနာဂတ်မှာ မင်းအတွက်လည်း ကောင်းစေချင်တယ်။ ဒီတစ်ခါတော့ မင်းရဲ့ဒုတိယနဲ့ တတိယညီအစ်ကိုတွေကို ပိုက်ဆံနည်းနည်းပေးခဲ့တော့ နောင်အနာဂတ်မှာ ကိုယ့်အိမ်ကိုယ်ဆောက်ပြီး နေထိုင်နိုင်တယ်။ ဒါကြောင့် သူတို့ အသက်ရှင်ဖို့ အရမ်းဆင်းရဲမှာမဟုတ်တော့ဘူး။ နောက်ဆုံးအနေနဲ့ သူတို့ အစ်ကိုအကြီးဆုံးကို အားကိုးနေမှာစိုးလို့ပဲ။ မင်းရဲ့ ညီအစ်ကိုတွေကို ကူညီနိုင်နဲ့ရက်နဲ့ မကူညီနိုင်ရင် အဲ့ဒိအချိန်ကျရင် မင်း အရှက်ရလိမ့်မယ်။ဒီအချိန်ကတစ်ဆင့် မင်းကို ဆက်ဆံကြလိမ့်မယ်။ ညီအစ်ကိုတွေရဲ့ စေတနာက လုံလောက်တယ်။ သူတို့ကို မင်း ကူညီစရာ မလိုတော့ဘူး။ သူတို့ကို ထားထားလိုက်။ သူတို့က ဖခင်တွေဖြစ်နေပြီ။ သူတို့ မိသားစုလေးအတွက် တာဝန်ယူသင့်တယ်။ သူတို့ရဲ့အစ်ကိုကြီးကို အမြဲတမ်းညွှန်ပြနေလို့မရဘူး။”


 ထိုစကားနှင့်အတူ မစ္စစ်ဟန်က စုယွဲ့ကို စိုက်ကြည့်ကာ ကျေနပ်စွာပြောခဲ့သည်။ “ဒါပေမယ့် စိတ်မပူပါနဲ့။ အိုက်ကောရဲ့ ခြေထောက်တွေကို အနာဂတ်မှာ အဒေါ် ကုသပေးမယ်။ ခြေထောက်တွေ ပျောက်ကင်းပြီးရင် အိုက်ကောက တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်။ ဝင်ငွေနဲ့ မကြာခင် လုံလောက်မယ်လို့ ယုံကြည်တယ်။ မင်းတို့နှစ်ဦးက အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်မှာဖြစ်ပြီး ဘယ်သူကိုမှ ကူညီဖို့ မလိုအပ်ဘူး။တစ်ယောက်ယောက်က မင်းကို ရန်စဝံ့ရင် အဒေါ် သူတို့ကို ကောင်းကောင်းပညာပြပေးမယ်!”


အဘွားကြီး ဟန်က သူမနှင့်ဟန်အိုက်ကောရဲ့ဆက်ဆံရေးနဲ့ အနာဂတ်က တောက်ပသော ဘက်တွင်ရှိကြောင်း ပထမဦးဆုံး အကြိမ် ညွှန်ပြခဲ့သည်။ စုယွဲ့ အနည်းငယ်ရှက်သွားပြီး ဟန်အိုက်ကောကို ကြည့်ရန် ခေါင်းမော့ကြည့်လိုက်ရာ ဟန်အိုက်ကောက သူမကို ပြုံးနေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စုယွဲ့က မနေနိုင်ဘဲ ရယ်မိသွားသည်။


 

 အဘွားကြီး ဟန်က လူနှစ်ယောက်၏ ချိုမြိန်သော အကြည့်ကို ကြည့်ပြီး သူမ၏ စိတ်အခြေအနေ ထူးထူးခြားခြား တိုးတက်လာသည်။


 ဟန်အိုက်ကောက မစ္စစ်ဟန်ကို ပြောခဲ့သည်။  “အမေ၊ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မိသားစုက ကောင်းကောင်း ခွဲခွာခဲ့တယ်လို့ ကျွန်တော် ထင်တယ်။  ပိုက်ဆံက မူလက ကျွန်တော့်ဆီက ရပေမယ့် လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ပိုင်းခြားမှုကို အညီအမျှ ခွဲပေးသင့်တယ်။ အနာဂတ်အတွက် အမေပြောသလို။ ကျွန်တော်တို့ကိုယ်တိုင် ဘဝကို ဖြတ်သန်းကြရမယ်။  သူတို့လည်း သူတို့ မိသားစုလေးအတွက် အနာဂတ်မှာ ကြိုးကြိုးစားစား အလုပ်လုပ်ရလိမ့်မယ်။ “


 အဘွားကြီး ဟန်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ခဲ့ကာ အနာဂတ်မှာ အကြီးဆုံးသားကို အစွမ်းကုန် ကူညီရန်သာ သူမစိတ်ထဲတွင် စဥ်းစားနေပြီး ဒုတိယနှင့် တတိယကို သူမ ဂရုမစိုက်တော့ပေ။


 ————


 နောက်တစ်နေ့တွင် အဘွားကြီးဟန်သည် ပါတီအတွင်းရေးမှူးကို ရှာဖွေရန် တပ်မဟာဌာနသို့ သွားခဲ့ကာ ခွဲခွာရေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရန် ပါတီအတွင်းရေးမှူးအား တောင်းဆိုခဲ့သည်။ တကယ်တော့ ဘာမှလုပ်စရာမရှိပေ။ ဟန်မိသားစုသည် အလွန်သဟဇာတဖြစ်ပြီး ဆူညံခြင်းမရှိပေ။ အတွင်းရေးမှူးက ဘေးနားတွင်သာ သက်သေအဖြစ် လိုက်ပါနိုင်ပြီး နာရီဝက်မပြည့်မီတွင် ပြီးသွားမည်ဖြစ်သည်။


 တပ်မဟာရှိလူတိုင်းသာ ချောချောမွေ့မွေ့ ကွဲသွားလျှင် ဒုက္ခသက်သာမည်ဟု ပါတီအတွင်းရေးမှူးက ယူဆမိသည်။


 ဟန်မိသားစု ကွဲသွားပြီးနောက် အဘွားကြီး ဟန်က ဟန်လောင်စန်းကို တတိယဇနီးနဲ့ မြောင်မြောင်ကို ခေါ်ဖို့ တဟဲ ရွာသို့ သွားခိုင်းခဲ့သည်။


 ဟန်လောင်စန်းက ဒေါသနေသေးကာ လုံးဝမသွားချင်သော်လည်း သူ့အမေက သွားခိုင်းသဖြင့် ဒေါသကို ခုခံကာ ထွက်သွားသော်လည်း အခုတစ်ကြိမ်တော့ ဘာမှမယူတော့ဘဲ လက် ဗလာနဲ့ သွားခဲ့သည်။ 


 လူအိုကြီး ကျောက်နဲ့ မစ္ကျောက် တို့ရဲ့ အမူအရာတွေက သိပ်ပြီး မကောင်းသေးပေမယ့် တတိယဇနီး ဟန်က သူ့ကို ဒီတစ်ကြိမ်တွေ့တဲ့အခါ အရင်အကြိမ်ကလို မောက်မာမှု မရှိခဲ့ပေ။ အဲဒီအစား သူမရဲ့ မျက်လုံးတွေက နီရဲလျက် ဝမ်းနည်းပြီး သနားစရာ ဖြစ်နေသည်။


 ဟန်လောင်စန်းက သူမ၏ မကျေနပ်ချက်များနှင့် ဝမ်းနည်းသော မျက်လုံးများကို မမြင်ရသလို ပြောခဲ့သည်။  “ငါတို့ မိသားစုက ခွဲခွာပြီး အနာဂတ်မှာ သီးသန့် နေရတော့မှာ။ ဒီတစ်ကြိမ်း မင်း ငါနဲ့ အတူနေချင်သေးလားလို့ မေးဖို့ လာခဲ့တာ။ မဟုတ်ရင် လမ်းခွဲကြမယ်။”


 “ကျွန်မ လမ်းမခွဲဘူး။ လမ်းမခွဲဘူး!” ဟန် တတိယဇနီးက ဟန်လောင်စန်း သူမကို အမှန်တကယ်ကွာရှင်းမည်ကို စိုးရိမ်သောကြောင့် ၎င်းကိုမစဉ်းစားဘဲ စိုက်ကြည့်ကာ အော်လိုက်သည်။


 လူအိုကြီးကျောက်နဲ့ မစ္စစ် ကျောက်တို့က ဟန်မိသားစု ခွဲခွာခြင်းကို အာရုံစ်ုက်ခဲ့ပြီး ဝမ်းသာအားရဖြင့် ချက်ချင်းမေးကြသည်။ “မင်းတို့ ခွဲပြီးသွားပြီလား။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ကြီးကို မင်းဘာလို့ မပြောခဲ့တာလဲ။ မင်း ဘယ်လို ခွဲလိုက်တာလဲ။ မင်းဘာရလဲ။”


 ဟန်လောင်စန်းက သူ့လက်သီးတွေကို တင်းတင်းဆုပ်ပြီး အေးစက်စွာပြောခဲ့သည်။  “မိသားစုခွဲထွက်တာက ကျွန်တော်တို့ ဟန်မိသားစုရဲ့ကိစ္စပဲ။ ကျွန်တော်တို့မိသားစုက တခြားသူတွေကို အသိပေးစရာလိုမယ်မထင်ဘူး။ ဘယ်လိုခွဲရမလဲဆိုတာကလည်း ကျွန်တော်တို့မိသားစုရဲ့ကိစ္စပဲ။”


 လူအိုကြီးကျောက်နဲ့ မစ္စကျောက်က သူ့စကားကြောင့် ရှက်သွားပြီး သူတို့ အမူအရာက ပိုဆိုးလာကာ ဒေါသတကြီးနဲ့ ပြောခဲ့ကြသည်။  “မင်းဘာတွေပြောနေတာလဲ! ငါတို့ လင်မယားနှစ်ယောက်ကို မင်းမျက်လုံးထဲမှာ မြင်ရဲ့လား။ ဖန်းဇီက ငါတို့သမီးပဲ။ ဟုတ်တယ် ငါတို့က ခွဲခွာနေတာ။ အဲ့ဒါက သူမ ကိစ္စပဲ။ ဒါပေမယ့် သူမ ကိစ္စက ငါတို့မိသားစုရဲ့ ကိစ္စပဲ။ မင်း ငါတို့ကို အကြောင်းကြားဖို့ ဘာလို့ မလိုအပ်တာလဲ”


 ဟန်လောင်စန်းသည် သူတို့နှင့် ရှုပ်ယှက်ခတ်ရန် စိတ်မ၀င်စားသဖြင့် မြောင်မြောင်ကို ခေါ်ကာ ဟန်တတိယဇနီးကို လျစ်လျူရှုလျက် လှည့်ထွက်သွားသည်။


 ဟန် တတိယဇနီးကို သူနှင့်အတူလိုက်ရန် မပြောခဲ့ပေ။အခုတစ်ကြိမ်မှာ သူ ဒေါသတကယ်ထွက်နေမှန်း သူမ သိတာကြောင့် ကောင်းတာရော၊ ဆိုးတာရော ဂရုမစိုက်နိုင်တော့ဘူး။ အခန်းထဲပြန်ဝင်ကာ ခရီးဆောင်အိတ်ကိုဆွဲပြီး ဟန်လောင်စန်းနောက် လိုက်သွားခဲ့သည်။” အိုက်တန်း ကျွန်မကိုစောင့်၊ ကျွန်မကိုစောင့်!”


 လူအိုကြီး ကျောက်နဲ့ မစ္စ ကျောက်တို့သည် ဟန်လောင်စန်း၏ သဘောထားကြောင့် အလွန်ဒေါသထွက်ကြပြီး ဟန်တတိယ ဇနီးဖြစ်သူ၏ လိုက်လျောတဲ့ သဘောထားကိုပင် ဒေါသထွက်ခဲ့ကြသော်လည်း အားလုံးက သွားကြပြီဖြစ်ပြီး မီးလည်းငြိမ်းသွားပြီဖြစ်သည်။ အဘွားကြီး ကျောက်က စားပွဲကို ရိုက်ခဲ့ပြီး သူမ ထိုအကြောင်း ပိုတွေးလေ၊ သူမပို၍စိုးရိမ်လေ ဖြစ်သည်။ ထိုနောက် သူမ မတ်တပ်ရပ်ကာ ပြောခဲ့သည်။ “ဟင့်အင်း၊ ဟန်မိသားစု ဘယ်လိုကွဲသွားလဲ သွားကြည့်ရမယ်။ ကျွန်မတို့ ဖန်းဇီကို ဒုက္ခမပေးသင့်ဘူး!”အရေးကြီးဆုံးက မုန့်လုပ်နည်းကို ရအောင်ယူရမယ်။ မဟုတ်ရင်တော့ သူမအကြောင်း ဟန်မိသားစုကို ပြလိမ့်မည်။ 


 အဘိုးကြီး ကျောက်က ဆေးလိပ်သောက်ပြီး သူ့မိန်းမကို လိုက်မသွားရန် မတားခဲ့ပေ။


 ဟန်လောင်စန်းက မြောင်မြောင်ကို ပွေ့ချီကာ အိမ်ပြန်ရောက်လာသည်။ ရေမသောက်မီတွင် အဘွားကြီး ကျောက်က ထိုနေရာသို့ အပြေးအလွှား ရောက်လာကာ စားပွဲဝိုင်းတွင် ဝင်ထိုင်ခဲ့သည်။


အဘွားကြီးဟန်က အဘွားကြီာ ကျောက် လာတာကို မြင်လိုက်ရတော့ မအံ့ဩပေ။ နောက်ပြီး ဒီခမည်းခမတ် ဘယ်သူလဲဆိုတာ သိထားပြီး သူမဘာလိုချင်နေတယ်ဆိုတာလည်း သူမ သိသည်။ ဒါကြောင့် မစ္စ ကျောက် ရဲ့ဘေးမှာ တိုက်ရိုက်ထိုင်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ငါ့မိသားစု၊ ငါတို့မိသားစုက ခွာခွာပြီးသွားပြီ။ ပါတီအတွင်းရေးမှူးက မျက်မြင်တွေ့ခဲ့ပြီး ပြဿနာမရှိဘူးလို့ ထင်တယ်။ ဒါကြောင့် မိသားစုခွဲခွာတာ အကြောင်း ပြောချင်ရင် အရင် ပြန်သွားသင့်တယ်။”


 အဘွားကြီး ကျောက်က ဒေါသအရမ်းထွက်ပြီး စားပွဲကို ရိုက်ချင်ပေမယ့် စဉ်းစားကြည့်ရင် ဟန်မိသားစုက နောက်ဆုတ်နေခဲ့သည်။ သူမက မကောင်းသောလေသံဖြင့် ပြောလိုက်သည်။ “ကျွန်မပြောမယ် ခမည်းခမတ်၊မိသားစု ခွဲခွာရခြင်းက အလွန်ကြီးမားတဲ့ ကိစ္စပဲ။ ဘာပဲဖြစ်ဖြစ် ရှင် ငါ့မိသားစု ဖန်းဇီကို အကြောင်းကြားရမယ်။ ရှင်တို့ မိသားစုခွဲတာကို မသိခဲ့ရဘူး။ ငါ့မိသားစု ဖန်းဇီ ရဲ့ထင်မြင်ချက်ကို ရှင်တို့ မမေးခဲ့ဘူးလား။ ငါ့မိသားစုရဲ့ ဖန်းဇီကို အလေးအနက်မထားတာ မဟုတ်လား။ ငါ့မိသားစု ဖန်းဇီ ရှင့်ရဲ့ ဟန်မိသားစုအတွက် မြေးကို မွေးခဲ့တာပဲ!”


 ဟန်လောင်စန်း ဒေါသထွက်တော့မည်ကိုမြင်တော့ အဘွားကြီး ဟန် ပြောမည့်စကားကို မစောင့်ဘဲ ကွာရှင်းပြတ်စဲမှာကို ကြောက်ရွံ့နေသော ဟန်တတိယ ချွေးမသည် အဘွားကြီးကျောက်နဲ့ အမြန်စကားပြောခဲ့သည်။  “အမေ မပြောနဲ့တော့။ အိုက်တန်းကို ပြောဖူးတယ်။ အဲ့ဒါက မိသားစု ခွဲခွာမှု အကြောင်းပဲ။ ကျွန်မမှာ ပြဿနာမရှိဘူး။ အရင်က ကျွန်မ မပြောခဲ့တာက ကျွန်မ မိဘအိမ်ကနေ ပြန်မလာတာကြောင့်ပါ။ ကျွန်မမိသားစုက အိုက်တန်းနဲ့ ဘာမှမဆိုင်ဘူး။”


 သူမသမီးက သူမနဲ့ဆန့်ကျင်ဘက် ပြောလိမ့်မယ်လို့ မထင်မှတ်ခဲ့ပေ။ အဘွားကြီး ကျောက်က ဒေါသအရမ်းထွက်ပြီး ဟန် ရဲ့တတိယဇနီးကို စိုက်ကြည့်ခဲ့သည်။ ဟန်မိသားစုရှေ့မှာသာ မဟုတ်ရင် သူမကို စပြီး ဆူပူမိလိမ့်မယ်။


 ဟန် တတိယဇနီးက သူမ မိခင်ဒေါသဖြစ်နေမှန်းသိပေမယ့်  မိခင်ဖြစ်သူသာ ဒုက္ခဆက်ပေးပါက ဟန်မိုက်တန်းနဲ့ ကွာရှင်းပြတ်စဲရတော့မည်ကို စိုးရိမ်နေပြီး  သူမအနေဖြင့် သူနဲ့ လမ်းမခွဲချင်ပေ။ သူမ အခုတကယ်နောင်တရနေပြီ။ သူမ အရမ်းလောဘမကြီးသင့်ဘူး။အခုချိန်မှာတော့ အိုက်တန်းက ဒေါသအရမ်းထွက်နေတာကြောင့် သူမနဲ့ ပြန်လည်ပေါင်းစည်းဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ သူမသိသေးချေ။ 


 ဟန် တတိယ ဇနီးက မုန့်လုပ်နည်းကို မမျှော်လင့်ဝံ့ပေ။


 ဟန် တတိယ ဇနီးက အလွန်အမင်း မျှော်လင့်မထားသော်လည်း မစ္စ ကျောက်က အလွန်မြင့်မားသောမျှော်လင့်ချက်တစ်ခုရှိခဲ့သည်။ သူမ သမီးက အားကိုးမရသည်ကိုတွေ့လိုက်ရသဖြင့် သူမဘာသာ ပြောခဲ့သည်။  “ခမည်းခမတ် တခြားသူတွေအကြောင်း မပြောတော့ဘူး။ ငယ်ရွယ်တဲ့ လင်မယား နှစ်ယောက်က အနည်းငယ် ဒုက္ခရောက်ရင် ရောက်လိမ့်မယ်။ ဒါပေမယ့် မိသားစုက အများကြီး မစားနိုင်လောက်ဘူး။ ဖန်းဇီ အကြီးဆုံးခဲအိုက အခု ယခုအခါ သူ့ခြေထောက်ကိုကုသဖို့ တစ်လမှာ ယွမ်သုံးရာ ကုန်ကျတယလို့ ကြားသိရတယ်။ ဒီငွေက ရှင့်မိသားစုဝင်ရဲ့ ငွေတွေနဲ့ ကုသပေးနေတာလား။ သူ့အစ်ကိုက ဘယ်တော့ သက်သာလာမှာလဲ ကျွန်မ မသိဘူး။ ဒါပေမယ့် သူ့အစ်ကိုအတွက် ပိုက်ဆံအကုန်သုံးတာက မတရားဘူး”


 အဘွားကြီး ဟန်က မျက်မှောင်ကြုတ်ခဲပြီး ဒေါသတွေက နှလုံးထဲ တိုးတိုးလာသည်။ ပြောစရာမလိုအောင်၊ သူမ တကယ်ပြောချင်တာကို သူမသိတယ်။ သူမကို မုန့်လုပ်နည်း ပေးစေချင်နေတာ မဟုတ်ဘူးလား။


 တချို့လူတွေက တကယ်ကို လောဘကြီးပြီး အရာရာကို တွေးတောချင်ကြသည်။ ဘာကြောင့် ဒီလောက်ထူထဲတဲ့ အသားအရည်ရှိမှန်း သူမ မသိပေမယ့် ရှက်လည်း မရှက်ကြချေ။


 အဘွားကြီး ဟန်က သူမနှင့် စကားပြောရန် စိတ်မ၀င်စားတော့ဘဲ အဓိက အကြောင်းအရာဆီ တည့်တည့်သွားခဲ့သည်။ “ငါ့မိသားစု ပတ်ဝန်းကျင်မှာ လာရေးခြစ်မနေနဲ့။ နင်ပြောချင်လဲ ငါသိတယ်။ နင်က ငါ့မုန့်လုပ်နည်းကို လိုချင်နေတာမဟုတ်ဘူးလား။ အဲ့ဒါမှန်တယ် မလား။ ”


 မစ္စစ် ကျောက်က မစ္စစ်ဟန် ပွင့်ပွင့်လင်းလင်းပြောဖို့ မမျှော်လင့်ထားဘူး။ သူမရဲ့ မျက်လုံးတွေ ပြူးပြီး ပြုံးကာ ထပ်ပြောခဲ့သည်။  “မင်းပြောတာကို ကြည့်ပြော ငါ ဘာလိုချင်ရမှာလဲ။ ဖန်းဇီနဲ့ တခြားသူတွေက ပိုက်ဆံရှာတဲ့ အရည်အချင်းမရှိဘူးလို့ ငါထင်တယ်။ အနာဂတ်မှာ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ခက်ခဲလိမ့်မယ်။ သူတို့ကို သင်ပေးပြီး ငွေရှာနည်းတွေ ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ နောက်ဆုံးတော့ သူတို့အားလုံးက မင်းရဲ့ သားသမီးတွေပဲ။ သူတို့ ကောင်းကောင်းနေတာကို မမြင်ချင်ဘူးလား။ “ 


 အဘွားကြီးဟန် ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့ပြီး လက်ကိုဝှေ့ယမ်းလျက် အေးစက်စွာပြောခဲ့သည်။ “နင့်ကို မျက်နှာပေးဖို့အတွက် ခမည်းခမတ်လို့ ငါခေါ်ပေမယ့် ငါပေးခဲ့တဲ့ မျက်နှာနဲ့ ထိုက်တန်မယ်လို့ ငါမျှော်လင့်တယ်။ ဒါက ငါ့ကိစ္စပဲ။ ငါတို့ဟန်မိသားစုနဲ့ ပတ်သက်တာ။ ငါပေးချင်တဲ့ ဘယ်သူ့ကိုမဆို ပေးလို့ရတယ်။မိသားစုထဲက သားသမီးတွေက စကားပြောဖို့ အရည်အချင်းမပြည့်မီဘဲ အပြင်လူ တစ်ယောက်ဖြစ်တဲ့ နင်က ပြောဖို့ အရည်အချင်းရှိတယ်လို့ မပြောနဲ့။ နင်က ငါနဲ့ ဒီအကြောင်းအရာတွေ ပြောဖို့ အရည်အချင်း မရှိဘူး!မဟုတ်ရင် ငါတို့ ဟန် မိသားစုကို နင့်အပေါ် ရိုင်းစိုင်းလို့ အပြစ်မတင်နဲ့!”


 “နင်! နင်ဘယ်လိုစကားပြောတာလဲ!” မစ္စစ်ဟန်က သူမမျက်နှာကို လျစ်လျူရှုလိုက်သောအခါ မစ္စ ကျောက်က အသက်ရှုကြပ်လာသည်။ သူမက လက်သီးဆုပ်ကာ ခြိမ်းခြောက်ခဲ့သည်။ “ကောင်းပြီ၊ နင် ငါ့ကို မျက်နှာမပေးနဲ့။ နောက်ပြီး နင့်ကို ငါမျက်နှာမပေးမှာကို မကြောက်နဲ့။ နင်မုန့်လုပ်နေတယ်လို့ တပ်မဟာဆီ သွားပြောပြီး နင့်ကို ဖမ်းခိုင်းပစ်မယ်!”


 “နင် လုပ်ရဲလား!” အဘွားကြီး ဟန်ရ ဒေါသအရမ်းထွက်ပြီး လက်ထဲက ရေဇလုံကို မြေပြင်ပေါ်ပစ်ချကာ အဘွားကြီး ကျောက်ကို စိုက်ကြည့်နေခဲ့သည်။


 “ငါ လုပ်ရဲလား ကြည့်လိုက်လေ။” အဘွားကြီး ကျောက်က အဘွားကြီးဟန်အား ဂုဏ်ယူစွာ ပြန်ကြည့်ခဲ့ကာ ဟန်မိသားစုက သတင်းပို့ခံရမည်ကို မကြောက်ဟု သူမ မယုံကြည်ပါ။


 မစ္စ ကျောက်က သူတို့ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတာကို မြင်တော့ ဟန်လောင်စန်းက ဟန် တတိယချွေးမကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောခဲ့သည်။ “မင်း တကယ် ဘာမဆိုလုပ်နိုင်တယ်။ ပြန်သွားပြီး မင်းရဲ့ မိခင်မိသားစုကို ပြောပြခဲ့တယ်။ အခု မင်းရဲ့အိမ်ထောင်စုက ငါတို့မိသားစုကို သတင်းပို့ပစေ။ မဟုတ်ဘူးလား? ငါတို့ မိသားစုက မင်းလိုချွေးမမျိုးကို မတက်နိုင်ဘူးလို့ ငါထင်တယ်။ မင်းအမေနဲ့ပြန်သွားလိုက်!”


 သူ လေးလေးနက်နက်ပြောနေမှန်းသိနေသည်။ ဟန်တတိယဇနီးက ထိတ်လန့်တကြားနဲ့ လက်မောင်းကို ပွေ့ဖက်ပြီး တောင်းပန်ခဲ့သည်။ “အိုက်တန်း၊ ကျွန်မကို မကွာရှင်းပါနဲ့။ ကျွန်မ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာမဟုတ်ဘူး။ နောက်ပြီး အမေက သတင်းမပို့ဘူး။ သူမပြောရုံပဲ သူမ အကြောင်းကြားမှာ မဟုတ်ဘူး” 


 ထို့နောက် ဟန် တတိယချွေးမက သူမ အမေဆီသွားခဲ့သည်။ “အမေ၊ အမေ ကျွန်မကို ဒီလိုဒုက္ခပေးရင် ကျွန်မဘယ်လိုလုပ်ရမလဲ။ ဟန်မိသားစုကို အမေ သတင်းပို့ရင် ကျွန်မ ဘာလုပ်ရမလဲ။ အမေက ကျွန်မ အမေ ဟုတ်သေးရဲ့လား!”


 “မင်း **** ကောင်မလေး၊ မင်း ငါ့ကို ဘယ်လိုပြောလိုက်တာလဲ!” အဘွားကြီး ကျောက်က အပြစ်ရှိသလို ခံစားမိပေမယ့် သူမကတော့ မလွှတ်နိုင်သေးဘူး။


 ဟန် တတိယ ဇနီးကလည်း စိုးရိမ်နေသည်။ သူမ၏ မိခင်သည် ဟန် မိသားစုကို သူမ ဘဝနဲ့ သဥည်အထိ ခြိမ်းခြောက်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူမသည် သူမအား အမှန်တကယ် ကွာရှင်းပြတ်စဲမည်ကို ကြောက်နေသည်။ သူမ မစ္စ ကျောက် စိတ်မရှည်နိုင်ပေ။ အဲဒါကို လုပ်ခဲ့တဲ့ သူမ အမေ မဟုတ်ဘူးလား မုန့် လုပ်နည်းကို လောဘတကြီး မလိုချင်ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး။


 ဒါကိုတွေးပြီး စိတ်ဆိုးလွန်းလို့ မစ္စ ကျောက်ကို ဆွဲခေါ်ပြီး တံခါးဆီ ဆွဲထုတ်သွားခဲ့သည်။ “အမေ၊ ကျွန်မတို့ကိစ္စကို ဒီအတိုင်း ထားလိုက်ပါ။ ကျွန်မ ကိုယ်တိုင် လုပ်ပါ့မယ်။ အမေ အိမ်မြန်မြန်ပြန်သင့်တယ်။ အိမ်မှာ အမေလုပ်ရမာ့် ဟာတွေ အများကြီး စောင့်နေတယ်။ “


 အဘွားကြီး ကျောက်က သူမကို လိမ်ဆွဲဖို့ လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ ဒေါသအရမ်းထွက်တာကြောင့် မီးခိုးတောင် ထွက်လုနီးပါးပင်။ “မင်း သေသင့်တဲ့ကောင်မလေး မင်း ငါ့ကို မောင်းထုတ်နေတာလား။ ရူးနေတာလား။ ငါက မင်းအမေပဲ”


 ဟန် တတိယဇနီးက လိမ်ဆွဲတာကို မကြောက်ဘဲ နာကျင်မှုကို ခုခံကာ လက်မောင်းကို ကိုင်ထားပြီး တံခါးအပြင်ကို အတင်းဆွဲထုတ်ကာ အေးစက်သော မျက်နှာဖြင့် ပြောခဲ့သည်။ “အမေ၊ ကျွန်မ မမောင်းပါဘူး။ ဒါပေမယ့် အမေ ပြန်သင့်တယ်။ နောက်ပြီး အိမ်မှာ ကိစ္စတွေ အများကြီးရှိတယ်။ နောက်တစ်ခါမှ ပြန်တွေ့မယ်။”


 စကားပြောပြီးနောက် သူမ တံခါးကို ပြင်းထန်စွာ ပိတ်လိုက်ပြီး တံခါးအပြင်မှာ သူမ အမေက ဘယ်လိုပဲ ဆူပူကြိမ်းမောင်းနေပါစေ တံခါးကို မဖွင့်ပေးခဲ့ပေ။


 အဘွားကြီး ဟန်နဲ့ ဟန်အိုက်ကောက သူမ လှုပ်ရှားမှုများကို မှင်တက်စွာကြည့်နေကြသည်။


 ဟန် တတိယ ဇနီးက မျက်နှာပေါ်တွင် အပြုံးမပျက် ပြုံးလျက် ပြောခဲ့သည်။ “ကျွန်မ အမေက ခဏနေပြန်တော့မှါ အမေ သူမကို ဂရုမစိုက်နဲ့ သူမက ရှုပ်နေတာ”


 အဘွားကြီး ဟန်က သူမကို အကြာကြီးကြည့်ကာ ဘာမှပြန်မပြောခဲ့ပေ။ မီးဖိုချောင်သို့ ပြန်သွားခဲ့ပြီး အလုပ်များနေသဖြင့် ဟန်လောင်စန်းသာ ကျန်ခဲ့သည်။


 ဟန် တတိယ ဇနီးက နှုတ်ခမ်းကိုက်ပြီး  သူမ မျက်လုံးများမှ မျက်ရည်များ တဖျပ်ဖျပ်တောက်ကာ သနားစရာကောက်းတာ တစ်ခုခုကို ပြောခဲ့သည်။- “အိုက်တန်း ကျွန်မမှားမှန်းသိပါတယ်။ ရှင် ကျွန်မကို စိတ်မဆိုးပါနဲ့။ ကျွန်မ ဒီလိုထပ်မလုပ်တော့ဘူး။ အခု ကျွန်မကိုခွင့်လွတ်နိုင်မလား။”


 သူမရဲ့ သနားစရာကောင်းတဲ့ မျက်လုံးနီရဲရဲနဲ့ မစ္စ ကျောက်ကို မောင်းထုတ်တဲ့ လုပ်ရပ်ကို မြင်လိုက်ရတော့ ဟန်လောင်စန်းရဲ့ ဒေါသက အနည်းငယ် ပျောက်ကွယ်သွားပြီး ဘာမှ ပြန်မပြောဘဲ သူ့အခန်းထဲကို လှည့်ဝင်သွားသည်။


 ဟန် တတိယဇနီး၏ မျက်လုံးများ တောက်ပလာကာ အခန်းထဲသို့ အလျင်အမြန် လိုက်သွားခဲ့သည်။ အခန်းထဲတွင် သူမသည် ခေါင်းငုံ့ကာ သူမ အမှားကို ဝန်ခံပြီး လူများကို ပြန်ချော့ပေးမည်ဟု ကတိပြုသည်။


 ————


 မစ္စ ကျောက်က နှင်ထုတ်ခံရသော်လည်း မစ္စဟန်၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။ ကျောက် မိသားစုသည် သူမ မုန့်လုပ်နည်းကို စိတ်ဝင်စားပြီး ဖယ်ရှားပစ်ချင်ကြောင်း သူမ သိသည်။ မစ္စကျောက်က သတင်းပို့မယ်လို့ သူမ မထင်ပေ။ ရယ်စရာတစ်ခုပဲ။  အဆုံးစွန်ထိ မပေးရင် ကျောက် မိသားစုက မနာလိုဘဲ တစ်ကယ် သတင်းပို့လိမ့်မည်။ အချိန်တန်သောအခါ သူမတို့မိသားစုက ဒုက္ခရောက်ပြီး စုယွဲ့ကိုလည်း နာကျင်စေလိမ့်မည်။


 ဒါပေမယ့် သူမကို မုန့်လုပ်နည်းကို ဖြန့်ဝေခွင့်ပြုမည်ဆိုလျှင်တောင် လုံးဝမဖြစ်နိုင်ပေ။ လက်မှုပညာကို စုယွဲ့မှ သင်ကြားပေးခဲ့ပြီး သူမတို့ ဟန်မိသားစုမှ မဟုတ်ပေ။ ဘယ်လိုလုပ် ဖြန့်ဝေနိုင်မှာလဲ။  


 အဘွားကြီး ဟန်က အချိန်အတော်ကြာ စိုးရိမ်နေသော်လည်း နည်းလမ်းကောင်းကောင်း မတွေးနိုင်သဖြင့် ဟန်အိုက်ကောကို မေးခဲ့သည်။ “အိုက်ကော ဒီကိစ္စကို မင်းဘယ်လိုထင်လဲ” 


 ဟန်အိုက်ကောလည်း ဒီကိစ္စရဲ့ လေးနက်မှုကို သိသည်။ဒီတစ်ကြိမ်တော့ နည်းနည်း စွန့်လွှတ်ရမယ်လို့ ခန့်မှန်းထားပေမယ့် အတိအကျကတော့ စုယွဲ့ တွေးတဲ့အပေါ်မှာ မူတည်နေသေးသည်။ ဒါကြောင့် သူက ပြောသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ယွဲ့အာကို ပြောပြပြီး သူမဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ ကြည့်ရမယ်။”


 အဘွားကြီး ဟန်က ခေါင်းညိတ်ပြီး ပြောခဲ့သည်။ “ဒါဆို ညစာစားဖို့ ယွဲ့ယွဲ့ကို ခေါ်ပြီး သူမနဲ့ စကားပြောရအောင်”


 ဟန်အိုက်ကောက ပြောခဲ့သည်။  “တတိယခယ်မ ပြန်လာပြီ။ ဒီကိစ္စကို ဆွေးနွေးဖို့ ယွဲ့အာကို လာခိုင်းတာက မသင့်တော်ဘူး။ ညစာစားပြီးရင် သူမဆီ သွားလည်ပြီး ဒီကိစ္စကို ပြောပြလိုက်မယ်”


 မစ္စဟန်က နဖူးကို လက်ဖြင့်ပုတ်ကာ ရှုပ်ထွေးနေပြီး တတိယချွေးမကိုပင် မေ့သွားသည်ဟု တိတ်တဆိတ်ပြောခဲ့သည်။ အနာဂတ်တွင် ချွေးမနှစ်ယောက် စီးပွားရေးလုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခွဲနေရမယ်။ နောက်ထပ် ခြိမ်းခြောက်ခံရပြီး သတင်းပို့လျှင် မကောင်းချေ။


 ညစာစားပြီးနောက်၊ ပညာတတ်လူငယ်နေအိမ်၌လည်း ညစာစားပြီးပြီဟု ခန့်မှန်းရသောကြောင့် ဟန်အိုက်ကောက ထွက်သွားပြီး ပညာတတ်လူငယ်နေအိမ်သို့ ရောက်လာသည်။


 ဤတစ်ကြိမ်တွင် သူက ပညာတတ်လူငယ်များ၏ တံခါးကို တိုက်ရိုက်ခေါက်လိုက်ပြီး တံခါးကိုဖွင့်ရန် ရောက်လာသော ဝူချောင်းချောင်က အံ့အားသင့်သွားသည်ကို ဟန်အိုက်ကော မြင်လိုက်ရသည်။ “ရှင်၊ ရှင် ဘာကိစ္စရှိလို့လဲ”


 ဟန်အိုက်ကောက သူမဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ပြောခဲ့သည်။ “ကျွန်တော် စုယွဲ့ကို ရှာနေတာပါ”


 ဝူချောင်းချောင်က သူမ နှလုံးသားထဲတွင် အနည်းငယ်ထူးဆန်းနေပြီး ခေါင်းညိတ်ကာ မီးဖိုချောင်ဘက် လှည့်ပြီး အော်ခဲ့သည်။  “စုယွဲ့၊ တစ်ယောက်ယောက် နင့်ကို ရှာနေတာ!”


 စုယွဲ့က သူမ၏ ရှေ့ခါးစည်းဖုံးဖြင့် မီးဖိုချောင်မှ ထွက်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ ဟန်အိုက်ကောကို မြင်တော့ သူမ အံ့သြသွားသည်။ ဝူချောင်းချောင်၏ သံသယမျက်လုံးများ အောက်တွင် သူမ လက်ကို ဝှေ့ယမ်းပြခဲ့သည်။ “လာခဲ့၊ ကျွန်မ ထမင်းချက်နေတာ”


 ဟန်အိုက်ကောက မီးဖိုချောင်ထဲဝင်သွားခဲ့သည်။


 ဝူချောင်းချောင်းက မီးဖိုချောင်ဘက်ကို ဗြောင်ကျကျ စိုက်ကြည့်ရင်း ပို၍ပင် ငြီးငွေ့လာသလို ခံစားလိုက်ရသည်။ စုယွဲ့နဲ့ ဟန်အိုက်ကော၏ စကားပြောဆိုပုံက မမှန်ကြောင်း သူမ ခံစားမိနေသည်။ အကြောင်းပြချက်မရှိဘဲ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို သူမ ဘယ်လိုလုပ် ခံစားနေရတာလဲ။


 ဝူချောင်းချောင်က ခေါင်းယမ်းလိုက်ပြီး သူမ စိတ်ထဲ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေကို ဖယ်ထုတ်ကာ အခန်းထဲ ပြန်သွားလိုက်သည်။


 မီးဖိုချောင်ထဲဝင်ပြီးနောက်၊ စုယွဲ့က ဟန်အိုက်ကောကိုကြည့်လိုက်ချိန် ဒီနေ့ သူ့မှာ ချိုင်းထောက်တစ်ချောင်းမှ မရှိတာကို တွေ့လိုက်ရသည်။ သူမမျက်လုံးတွေ တောက်ပလာပြီး မျက်နှာမှာ ရွှင်လန်းမှုအပြည့်နဲ့ မေးခဲ့သည်။ “ရှင် ချိုင်းထောက် မလိုတော့ဘူးလား။”


 ဟန်အိုက်ကော၏ နှုတ်ခမ်းထောင့်များက မကူညီနိုင်ဘဲ တုန်လှုပ်သွားပြီး “အမ်း” ဟု ပြောခဲ့သည်။


 စုယွဲ့က သူမလက်ထဲတွင် ရှိသောအရာများကို အမြန်ချချလိုက်ပြီး လက်ကို ရေဆေးကာ၊ ဟန်အိုက်ကော၏ ဘောင်းဘီ လှန်ရန် အောက်သို့ ငုံ့ထားချိန် ဟန်အိုက်ကော နှုတ်ခမ်းက ပြုံးနေပြီး သူမ စစ်ဆေးရန် သူ့ ဘောင်းဘီအောက်ဘက်ကို လှန်တင်လိုက်သည်။


 ဟန်အိုက်ကော ခြေထောက်များက ယခင်ကနှင့် လုံးဝမတူတော့ဘဲ ယခုအခါတွင် အဖုအထစ်အများစုကို ဖယ်ရှားပြီးဖြစ်ကာ သူ့ခြေထောက်ပေါ်ရှိ အရေပြားများသည်လည်း ခရမ်းရောင်မှ အနီရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းတာလည်း နည်းပါးလာသည်။


 ဤပြန်လည်ထူထောင်ရေးက အကြီးကြီးပင်။


 စုယွဲ့က သူ့ကို အံ့အားသင့်စွာ မော့ကြည့်ပြီး ပြောခဲ့သည်။ “ရှင့် ခြေထောက်တွေ ပိုကောင်းလာတယ်!”


 ဟန်အိုက်ကောက သူ့စိတ်ထဲတွင် ပျော်ရွှင်နေခဲ့သည်။ သူက ငုံ့ပြီး သူမကို မြေပြင်ပေါ်မှ ဆွဲတင်လိုက်သည်။ သူ မကူညီနိုင်ဘဲ သူမ နဖူးပေါ်မှ အသာအယာ နမ်းပြီး ပြောခဲ့သည်။ “ကိုယ့် ခြေထောက်တွေ ပိုကောင်းလာပြီ ယွဲ့အာ”


 ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုကို သူ့လေသံထဲမှာ ကြားတော့ စုယွဲ့က မျက်တောင်ခတ်ပြီး လိမ္မာပါးနပ်စွာ ပြုံးကာ ရင်ဘတ်ကို လက်ညိုးဖြင့်ထိုးလျက် ပြောခဲ့သည်။ “ဒါဆို ဒီတစ်ခါ တံခါးကို တိုက်ရိုက်လာပြီဆိုတော့ ကျွန်မကို တောအုပ်ကို သွားဖို့ မမေးခိုင်းတော့ဘူးလား”


 သေသေချာချာတွေးပြီးနောက် ဟန်အိုက်ကော၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ သူက နောက်ကွယ်မှနေပြီး တခြားသူနဲ့ စုယွဲ့ကို ခေါ်ခိုင်းလေ့ရှိသည်။ သူ့မသိစိတ်က လူနှစ်ယောက်ကြားက ဆက်ဆံရေးကို ဖုံးကွယ်ချင်နေခဲ့တာ။ ဒါပေမယ့် အခုတော့ သူ့ခြေထောက်တွေ သက်သာလာပြီ။ နောက်ပြီး သူမကို ဂရုစိုက်ပြီး အနာဂတ်မှာ သူမကို ကာကွယ်ဖို့ သူမဘေးမှာလည်း ရပ်တည်နိုင်ပြီဖြစ်သည်။ ဒါကြောင့် သူ ထပ်မဖုံးကွယ်ချင်တော့ဘူး။ ဒါပေမယ့် သူမက သူ့အပိုင်ဖြစ်ကြောင်း လူတိုင်းကိုသိစေချင်ခဲ့သည်။