Chapter 53
Viewers 3k

🚩Ch 53

Arc 3.16 အစားထိုးခံချစ်သူ




မေ့ကောဥက္ကဌ ဖန်းကျစ်မုသည် နောက်ဆုံးပေါ်  EVFA ဆောင်းဦးရာသီထုတ်ကုန်များ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာရန် အမှန်တကယ် လက်မှတ်ရေးထိုးခဲ့သည်။


သတင်းထွက်လာသည်နှင့်တပြိုင်နက် ရှန်းချန်မြို့၏စီးပွားရေးနှင့် အထက်တန်းလွှာအသိုင်းအ၀ိုင်းကို လှုပ်ခတ်သွားစေသည်။ မကြာခင်မှာပဲ ရှောင်းကျင်‌မော့၏ မွေးနေ့ပါတီ၌ လူအများ လျှို့ဝှက်ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံများကို သတင်းစုံမီဒီယာမှ ချပြလာသည်။ ထိုဓာတ်ပုံများကို စုရွေ့နှင့်စု၀မ် ကခုန်နေချိန်၌ အတိအကျ ရိုက်ကူးထားခဲ့ကြခြင်းဖြစ်သည်။ လျင်မြန်စွာပင် ဖန်းသခင်လေးနှင့် EVFA ဥက္ကဌစု၀မ်တို့ ချစ်ကြိုက်နေကြသည့်သတင်းသည် ရှန်းချန်မြို့တစ်ခွင်လုံး ပါးစပ်တစ်ပေါက်မှတစ်ပေါက် ပျံ့နှံ့သွားလေသည်။


ယခုအချိန်တွင် စုရွေ့သည် စာချုပ်နှင့်အညီ နောက်ဆုံးထွက်ကုန်ပစ္စည်းများအတွက် ဓာတ်ပုံရိုက်ကူးပြီးဖြစ်သည်။ စုရွေ့၏ ကိုယ်ထည်အုတ်မြစ်မှာ ကောင်းမွန်သောကြောင့် ရိုက်ကူးထားသောနမူနာပုံများသည် အထူးကောင်းမွန်သည်။ စု၀မ်က ထိုနမူနာများကို သူမတို့၏ နိုင်ငံရပ်ခြားရုံးချုပ်သို့ ပေးပို့လိုက်ပြီး ထိုနေ့တွင်ပင် ဌာနချုပ်၏အပြုသဘောဆောင်သော တုံ့ပြန်မှုနှင့် ချီးကျူးမှုကို ရရှိလေသည်။


မကြာမီတွင် ရှန်းချန်၏ EVFA ကောင်တာများ၌ ပြောရေးဆိုခွင့်ရှိသူအသစ်၏ ဓာတ်ပုံများကို အစားထိုးလိုက်သည်။ ဖန်းကျစ်မုမှာ ရှန်းချန်တွင် အလွန်ဆွဲဆောင်မှု‌ေကျာ်ကြားသူဖြစ်ပြီး ကြော်ငြာဘုတ်များ အသစ်များဖြင့် ပြောင်းလဲသည့်နေ့တွင် ကောင်တာများမှ နောက်ဆုံးထွက်ကုန်များ ရောင်းထွက်လုနီးပါးပင်ဖြစ်သည်။


ထိုကဲ့သို့ စိတ်အားထက်သန်မှုကို အသုံးပြုခြင်းဖြင့် ရာသီသစ်အတွက် EVFA ၏ ထုတ်ကုန်မိတ်ဆက်ပွဲမှာ အထူးအာရုံစိုက်ခံရသည်။ ထူးခြားကြီးကျယ်ခမ်းနားသော အခါသမယဖြစ်ခဲ့ပြီး အသံနှင့်အလင်းရောင်သည် လည်း ထူးထူးခြားခြား ဖြစ်နေ၏။


စု၀မ်ရာထူးလွှဲ‌ပြောင်းယူပြီးနောက် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ အပြီးသတ်အ‌ခြေအနေမှာ ပြီးပြည့်စုံသောကြောင့် စု၀မ်က သတင်းစာရှင်းလင်းပွဲပြီးဆုံးပြီးနောက် ဝန်ထမ်းများနှင့်အတူ  ဂုဏ်ပြုပွဲကျင်းပရန် ဟိုတယ်တစ်ခုကို သီးသန့်ကြိုတင်စာရင်း‌ပေးထားခဲ့သည်။  အမှတ်တံဆိပ်၏ ပြောရေးဆိုခွင့်ရှိသူ စုရွေ့သည်လည်း ဤအကြိမ်ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်းအနား၌ ပါ၀င်လေသည်။


မကြာသေးမီက သူတို့နှစ်ဦး အဆက်အသွယ် အလွန်နည်းပါးခဲ့သည်။ စုရွေ့က ခလုတ်ကန်သင်းများ ဆက်လက်ဖိတ်ခေါ်လိုစိတ်မရှိပုံပေါ်ပြီး စု၀မ်က  ရွဲ့စောင်းသည့်မှတ်ချက်များကို အမြဲတစေ ပြောနေခဲ့သည်။


ဂုဏ်ပြုစားသောက်ပွဲအခမ်းအနားအပြီးတွင် လူတိုင်းက စိတ်အားထက်သန်ကြပြီး ပွဲအပြီး၌ လူအများစုမှာ အရက်မူးနေကြသည် ။


ဝိုင်အလွန်အကျွံမိသောက်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ စုရွေ့၏အကြည့်များက ခပ်မှုန်ဝါးဝါးဖြစ်‌နေလေသည်။


 á€…ု၀မ်သည် တစ်ညနေခင်းလုံး ဝိုင်ဖန်ခွက် အနည်းအကျဉ်းမျှ မသောက်သည့်အပြင် အခြားသူများနှင့်ဝေးရာသို့ ရွေ့လျားနေသည်ကို သူမြင်လိုက်ရသည်။ အခြားသူများကလည်း သူမ၏ ရာထူးကို ထည့်သွင်းစဉ်းစားကြ‌သဖြင့် မည်သူမျှ သူမအား အရက်သောက်ရန် တိုက်တွန်း‌ပြောဆိုခြင်း မပြုဝံ့ကြပေ။ စုရွေ့က များများစားစားစဉ်းစား‌မေးမြန်းခြင်းမရှိဘဲ  ဝိုင်တစ်ပုလင်းကိုယူကာ စု၀မ်အနားတွင် ဝင်ထိုင်လိုက်သည်။ မူးဝေနေသောမျက်လုံးများဖြင့် စု၀မ်၏ မျက်နှာကို စူးစိုက်ကြည့်ကာ " မင်းကိုကူညီဖို့ ကိုယ်အရမ်းဒုက္ခများခဲ့ရတယ်။ မင်း ကိုယ်နဲ့သောက်ပေးရမယ် "


" ကျွန်မတို့က ဒီဟာကို အပြန်အလှန်အကျိုးရှိရုံ လုပ်နေတာ "


စု၀မ်က သူမလက်ကို မြှောက်လိုက်ပြီး စုရွေ့သူမရှေ့သို့ တင်လာသည့် ပုလင်းကို တွန်းဖယ်လိုက်သည်။


" အပြန်အလှန်အကျိုးရှိတာလား၊ ကိုယ် ဘာလို့ ကိုယ့်ဖို့ အကျိုးကျေးဇူးတွေရတယ်လို့ မခံစားရတာလဲ "


စုရွေ့က အနည်းငယ် မကျေမနပ် ပြုံးကာ ပုလင်းကို ခေါင်းမာစွာ ပြန်တွန်းလိုက်သည်။


" ရှင့်ရဲ့ဖန်းမိသားစုက ကုန်တိုက်စတိုးဆိုင်လုပ်ငန်းနယ်ပယ်ထဲကို တိုးချဲ့ဖို့ အစီအစဉ်ရှိ တယ်မဟုတ်ဘူးလား "


စု၀မ်က ဘေးဘက်လှည့်ကာ လက်တစ်ဖက်ဖြင့် သူမပါးကို ထောက်လိုက်သည်။ သူမ မျက်လုံးထောင့်ကနေ စုယွေ့ကို ကြည့်လိုက်ပြီး " ဟောက်ယွဲ့အုပ်စုနဲ့စာချုပ်ကို ပယ်ဖျက်ပြီး မေ့ကောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မက ဌာနချုပ်ကို ဆွဲဆောင်နိုင်မယ်ဆိုရင်.. "


ဖန်းမိသားစုသည် ကြီးပွားတိုးတက်ရန်အတွက် ငွေကြေးရင်းနှီးမြုပ်နှံမှုအပေါ် အားကိုးအားထားပြုရင်း ချမ်းသာကြွယ်ဝမှုများကို လျင်မြန်စွာ စုဆောင်းလာနိုင်ခဲ့သည်။ သို့သော် ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုသည် ယနေ့ခေတ်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးအတွက် ရေရှည်ဖြေရှင်းချက် မဟုတ်ပေ။ နှိုင်းယှဥ်ကြည့်လျှင် ရှောင်းမိသားစုမှာ အမြဲတစေ ဖြေးဖြေးမှန်မှန် လုပ်ဆောင်နေလေသည်။ ၎င်းတို့သည် စူပါမားကတ်ဆိုင်ခွဲများနှင့် ကုန်တိုက်စတိုးဆိုင်များကို မှီခိုအားထားကြသည်။ ရှောင်းမိသားစု၏ ဟောက်ယွဲ့အုပ်စုသည် ပြင်းထန်ဆုံးသောအိမ်ခြံမြေလုပ်ငန်းအပါအဝင် ကုန်သွယ်မှုနှင့် အခြားလုပ်ငန်းအားလုံးတွင် စတင်ပါဝင်လာသော်လည်း တကယ်တမ်း၌ စတိုးဆိုင်လုပ်ငန်းသည် ရှောင်းမိသားစု၏ အခြေခံအုတ်မြစ်တည်ရှိရာ‌နေရာဖြစ်သည်။


အိမ်ခြံမြေလုပ်ငန်းမှ အမြတ်အစွန်းကြီးကြီးမားမားရရှိသည့်ကာလသည် အဆုံးတွင် ကြာရှည်မည် မဟုတ်ပေ။ အထူးသဖြင့် နိုင်ငံ‌တော်မှ ကန့်သတ်ချက်များ ထုတ်ပြန်ပြီးနောက်တွင် စျေးကွက်တစ်ခုလုံး ကျဆင်းသွားမည့်လက္ခဏာများ ပြသလာခဲ့သည်။


ဆန့်ကျင်ဘက်အနေနှင့် လူငယ်များ တဖြည်းဖြည်း လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ၎င်းတို့သည် ပင်မသုံးစွဲသူအုပ်စုများ ဖြစ်လာကြသည်။ ထို့အပြင် ဤသုံးစွဲသူအုပ်စုသည် မကြာခင် ကုန်တိုက်လုပ်ငန်းနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးလာလိမ့်မည်။ အထူးသဖြင့် e-commerceš နှင့် cabinet trade² ကို ပေါင်းစပ်ပြီးသည့်နောက်တွင် လူငယ်များ၏နှစ်သက်မှုနှင့်၀ယ်လိုအားကို  ပို၍ပင်ရရှိလာနိုင်မည်။


[T/N -အင်တာနက်မှတဆင့်ရောင်း၀ယ်ခြင်း၊ -အလွန်နည်းပါးသောပမာဏဖြင့်ရောင်း၀ယ်ခြင်း ]


ဖန်းမိသားစုက အမှန်တကယ်ပင် ဤနယ်ပယ်၌ ဖွံ့ဖြိုးတိုးတက်မှုအားသာချက်များကို မြင်ခဲ့ပြီး ရှန်းချန်၌ ပထမဆုံး တစ်နိုင်ငံလုံးဆိုင်ရာချိတ်ဆက်ထားသည့် ကုန်တိုက်စတိုးဆိုင်တည်ထောင်ရန် စီစဉ်နေလျက်ရှိသည်။


EVFA သည် ဖက်ရှင်နယ်ပယ်တွင် အဆင့်မြင့်တန်းဖိုးကြီးဇိမ်ခံဥရောပလက်ဝတ်ရတနာအမှတ်တံဆိပ်တစ်ခုအဖြစ် သြဇာကြီးမားသည်။ ယခုအချိန်တွင် EVFAက ရှောင်းမိသားစုကို စွန့်လွှတ်ပြီး ဖန်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ပါက အခြားအမှတ်တံဆိပ်များ၏ ရွေးချယ်မှုကိုလည်း အကျိုးသက်ရောက်စေမည်ဖြစ်သည်။


ဖန်းမိသားစုသည် ကောင်းကင်ဘုံကြီးခန့် အမြတ်အစွန်းကြီးကြီးမားမားရသည်ဟု ဆိုရ‌ ပေမည်။


စု၀မ်၏စကားကိုကြားသောအခါ စုရွေ့ ၏မူးဝေသည့်ခံစားချက်က ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက စု၀မ်ကို စိုက်ကြည့်ရင်း " မင်းတကယ်‌ပြောနေတာလား "


" ဒါပေါ့၊ တကယ်လေ ။ ဌာနချုပ်က လူတွေက ရှင့်ကို တကယ်သ‌ဘောကျနေတယ်။ ရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်မတို့ကို ဒီထက်ပိုပြီး အကျိုးအမြတ်တွေ ပေးနိုင်ရင် ဘာလို့ ငြင်းပယ်နေရမှာလဲ "


စီးပွားရေးသမားများအတွက် အကျိုးအမြတ်အများဆုံးရရန် အခွင့်ကောင်းယူခြင်းသည် မဖြစ်မနေရှိထားရမည့် လိုအပ်ချက်ဖြစ်သည်။


စီးပွားရေးလောကတွင် ထာဝရ မိတ်ဆွေနှင့် ရန်သူဟူ၍ မရှိပေ။


" မင်းတို့နဲ့ ဟောက်ယွဲ့ကြား စာချုပ်က နှစ်၀က်ခန့်ကျန်သေးတယ်ထင်တယ်နော် "


စု၀မ်က စားပွဲပေါ်ကို လက်ညိုးနှင့် အသာအယာ ခေါက်လိုက်ပြီး " ဒီနှစ်ဝက်မှာ တခြားအပြောင်းအလဲတွေရှိသွားနိုင်တာပဲလေ  "


သူမတို့ ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ တိကျသောအကြောင်းအရာများကို သူ မသိသော်လည်း စုရွေ့သည် စာချုပ်ပါ ဒဏ်ကြေးမှာ အလွန်ကြီးမားသောကိန်းဂဏန်းတစ်ခုဖြစ်ကြောင်း သေချာပေါက် တွေးကြည့်နိုင်သေး၏။


" မင်းသိမှာပါ ကိုယ် အဲဒီလောက်မစောင့်နိုင်တော့ဘူးဆိုတာ "


စုရွေ့၏စကားကိုကြား‌သောအခါ စု၀မ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ကာ " ရှောင်းကျင်မော့ စာချုပ်ဖျက်သိမ်းဖို့ အစပြုလာမဲ့နည်းလမ်းတစ်ခု ကျွန်မမှာရှိတယ် "


စု၀မ်သည် ကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရသည်ကို နှစ်သက်သည်။ အချိန်ကို တွက်ချက်ရင်း ရှောင်းကျင်မော့ ဤအချိန်တွင် အချို့သောအရာများကို စုံစမ်းသင့်ပြီး‌ လောက်ပြီဟု သူမ ထင်သည်။


နောက်တစ်ကြိမ် သူမတို့တွေ့ဆုံသောအခါ မြင်ကွင်းက မည်သို့ဖြစ်မည်ကို သူမ မသိပေ။


စု၀မ်ထံ၌ ကောင်းမွန်စွာ တွေးခေါ်ထားသောအစီအစဥ်ရှိသည်ကို မြင်လိုက်ရသောအခါ စုရွေ့သည် သူ၏ရင်ဘတ်တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။


ဟုတ်ပေသည်။ သူမသည် အမြဲတမ်း စွယ်စုံရသူဖြစ်သည်ပင်။ မဟုတ်ပါက ဤမျှလောက် များပြားသောအသိုင်းအဝိုင်းများအတွင်းမှ  သူများကို ကစားနိုင်ခဲ့မည်မဟုတ်ပေ။


စု၀မ်၏သရုပ်ဆောင်မှု၊အကြံအစည်နှင့်ပတ်သက်၍ စုရွေ့၌ အနက်ရှိုင်းဆုံးနားလည်မှုရှိလေသည်။


သူကား စိတ်ဓာတ်ကျလွန်းသဖြင့် ဝိုင်နောက်တစ်ခွက် ထပ်လောင်းထည့်လိုက်ရင်း စကားတစ်ခွန်းမှ မပြောဘဲ ထိုဝိုင်ဖြူတစ်ခွက်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်လေသည်.....။


အခမ်းအနားပွဲပြီးဆုံးပြီးနောက် စု၀မ်အပြင် လူအုပ်ကြီးအတွင်း ရွှီကျယ်သာလျှင် အလွန်အကျွံမမူးရုံမျှ ကျန်ရှိလေသည်။


" ဥက္ကဌစု၊ ကျွန်တော် သူတို့ကို တစ်စီးပြီးတစ်စီး ထည့်ပို့ပေးလိုက်မယ်။ ဥက္ကဌက သခင်‌ လေးဖန်းကို ဂရုစိုက်လိုက်ပါ "


ရွှီကျယ်က သူသည် ကမ္ဘာပေါ်တွင် နားလည်မှုအရှိဆုံး လက်ထောက်ဖြစ်သည်ဟု ခံစားမိသည်။


ရွှီကျယ်က အရက်မူးနေသော လုပ်ဖော်ကိုင်ဖက်များကို ထောက်ကန်ပေးရင်း  တက္ကစီပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်ပို့ဆောင်ပေးနေသည်။ စု၀မ် တစ်ဖက်သို့ လှည့်ကာ ကိုယ်ပိုင် Maserati ပေါ်၌ အနုပညာရှင်ပုံရိပ်ပျောက်ဆုံးကာ မှောက်လျက် လဲလျောင်း‌နေသည့် စုရွေ့ကို ကြည့်လိုက်သည်။


နေ့တစ်ဝက်လောက် စောင့်ပြီးနောက်စု၀မ်သည် ခေါင်းခါရင်း စုရွေ့ အနားသို့ သွားလိုက်သည်။ သူမလက်ကို သူ၏အိတ်ကပ်ထဲ ထည့်ကာ စုယွေ့၏လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။


" စကားဝှက်ကဘာလဲ "


စု၀မ် သူမလက်ကို မြှောက်ကာ စုရွေ့၏ပါးပြင်ကို ညင်သာစွာ ပုတ်လိုက်ရင်း ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။


" စကားဝှက်လား "


စုယွေ့သည် အနည်းငယ် ရှုပ်ထွေးနေပုံရသော မျက်၀န်းများကို ပင့်လာလိုက်ပြီး စု၀မ်ကို မှင်တက်စွာ ကြည့်နေလေသည် ။ ထို့နောက် သူက အနည်းငယ် မိန်းမောတွေဝေစွာ ပြုံးလာပြီး " စကားဝှက်၊ စကားဝှက်က ......0607 "


စကားဝှက်ကိုရရှိပြီးနောက် စု၀မ် ဖုန်း‌ကိုချက်ချင်း သော့ဖွင့်လိုက်ပြီး ဖန်းကျစ်၀မ့်၏ ဖုန်းနံပါတ်ကို အဆက်အသွယ်များတွင် ရှာပြီးသည့်နောက် မဆိုင်းမတွပင် ထိုနံပါတ်ကို နှိပ်လိုက်လေသည်။




🚩