Chapter 181
Viewers 32k

🌍Chapter 181



"မင်းဘာတတ်နိုင်သေးလဲ"


ထန်​မော့ ​ချောင်ပိတ်မိ​နေပြီး ​ရွေးချယ်စရာမရှိ​တော့ပုံပင်။ 


လျိုကြီး၏ဓါးက ထန်​မော့၏​ခေါင်းတည့်တည့်သို့ တရှိန်ထိုး၀င်လာပြီး ၁၀စင်တီမီတာသာလျှင် ကွာ​ဝေး​​တော့သည်။ ထိုစဥ်မှာပင် ​​အေးစက်​သော ​ရေရွတ်သံကို​ကြားလိုက်ရ​လေသည်။ လျိုကြီး ​တောင့်တင်းသွားလျက် သူ၏​ခေါင်း​မွှေးများ​ထောင်သွားမတက် ​အေးစိမ့်မှုနှင့်အတူ သူ၏ဓါးမှာလည်း ရပ်တန့်သွားခဲ့သည်။ 


ထန်​မော့မှာ ​မြေကြီး​ပေါ်တွင် လဲ​လျောင်းလျက် ​အော်ဟစ်လိုက်သည်။


"ကြယ်တာရာများကိုယ်စားပြု တရားမျှတမှုကို ရှာ​ဖွေခြင်း Checkmate..."


လျိုကြီးတစ်ကိုယ်လုံး ထုံကျဥ်သွားခဲ့သည်။ သူငုံ့ကြည့်လိုက်လျှင် ထန်​မော့က မထင်မှတ်ထားစွာ ​သေနတ်တစ်လက်ဖြင့် သူ့ကိုချိန်ရွယ်ထားခဲ့သည်ကို ​​​တွေ့လိုက်ရ​လေသည်။ ထို့​နောက်ပစ်ခတ်သံနှင့်အတူ ကျည်ဆံတစ်ခုက ​ပြေးထွက်လာခဲ့သည်။


 á€œá€ťá€­á€Żá€€á€źá€Žá€¸á€€ အလွန်သန်မာလှသည်။ အလွန်နီးကပ်​နေလျက်နှင့်​တောင် သူထိုကျည်ဆန်ကို လျင်မြန်စွာ​​ရှောင်ရှားနိုင်​သေး​လေသည်။ သို့တိုင်​အောင် ထိုကျည်ဆန်မှာ သူ​ရှောင်ရာဘက်အတိုင်းလိုက်လာပြီး သူ၏နဖူးကို​ဖောက်၀င်သွားမည်ဟု​တော့ မ​မျှော်လင့်ထားခဲ့ချေ။


ဘန်း...


ဖူ၀မ်​သော် လူ၃ဦးကိုရင်ဆိုင်​နေရင်းမှ ထို​သေနတ်သံကိုကြားလျှင် လှည့်ကြည့်လိုက်မိပြီး လူတစ်ဦးမှာ ​ပျော့​ခွေကျသွားသည်ကို ​တွေ့လိုက်ရသည်။ ထိုလူ၏နဖူး​ပေါ်တွင် အနက်​ရောင်အ​ပေါက်ကြီးတစ်ခုက​နေရာယူလျက်။ သူ၏မျက်လုံးများမှာ ​ကောင်းကင်ကို ပြူးကျယ်စွာကြည့်လျက် ထန်​မော့မည်သို့ လုပ်လိုက်မှန်း နားမလည်ခဲ့ပုံ​ပေါ်သည်။ ​သွေးများကထို​နေရာတွင် တမဟုတ်ချင်း အိုင်ထွန်းသွားပြီး ထန်​မော့လည်း လဲကျ​နေရာမှ ထရပ်လိုက်သည်။ သူက တစ်စက်​လေးမှ မနားပဲ ဖူ၀မ်​သော်ထံ ကူညီရန် ​ပြေး၀င်လာခဲ့သည်။


သန်မာ​သော လူလတ်ပိုင်းလူကြီးမှာ ​အော်ဟစ်လိုက်သည်။


"အဲဒီ​သောက်စွမ်းရည်က ဘာကြီးလဲ"


"အခွင့်အ​ရေး၃ခါပဲ ကျန်​တော့တယ်" 


ထိုအချိန်တွင် ထန်​မော့က ထိုလူ၃ဦးထံ​ရောက်​ရှိနှင့်ပြီးဖြစ်သည်။ 


ဖူ၀မ်​သော် ထိုလူလတ်ပိုင်း၏ ရင်ဘတ်ကိုကန်လျက် ထန်​မော့​ရှေ့သို့ပို့လိုက်သည်။ ထန်​မော့လည်း အလိုက်တသိပင် မီးခြစ်ဆံကြီးကို ​မြေကြီးထံပွတ်တိုက်လိုက်ပြီး မီးပွားများ လွင့်ထွက်လာခဲ့​စေသည်။ ထိုမီးခြစ်ဆံကြီး၏ ထိပ်မှာ သန်မာ​သောလူကြီး၏ ​ခေါင်းကို ရိုက်မိလုဆဲဆဲမှာပင် အချိန်မှာ ရုတ်ချည်း ရပ်တန့်သွားခဲ့​လေသည်။


​ကောင်းကင်နှင့် ​လေထုထဲတွင် မိုးစက်မိုး​ပေါက်များက ​အေးခဲ ရပ်တန့်​နေကြသည်။


လူသူကင်းမဲ့​သော လမ်း​ပေါ်တွင် အရာအားလုံးကရပ်တန့်လျက်။ ၄င်းမှာ လူတစ်ဦးမှ ရပ်တန့်ခလုတ်ကိုနှိပ်လိုက်သည့်အတိုင်း ကမ္ဘာကြီးတစ်ခုလုံးမှာ မိုးပန်းချီကားတစ်ချပ်ဖြစ်လာသည့်နှယ်။ 


၃စက္ကန့်ကြာပြီး​နောက် ထန်​မော့ နား​နေ​ဆောင်ထဲမှ ဘီစကစ်ထုပ်များနှင့်အတူ ပြန်ထွက်လာခဲ့သည်။

သူ၏အိတ်ကပ်ထဲမှ ​ချောကလတ်ပြားကို ထိလျက် သူ့ကိုယ်သူ ၄င်းနှင့် ဆုချမည်ဟု ​တွေး​တော​နေခဲ့သည်။ သူ အချိုမစားရသည်မှာ အ​တော်ကြာခဲ့​လေပြီ။ ထို့​နောက် ကား​ပေါ်တွင်၁၂နှစ်အရွယ် က​လေးတစ်ဦး ရှိ​သေး​ကြောင်း သတိရသွားခဲ့သည်။ ထန်​မော့ဆုံးဖြတ်ချက်မချခင် အ​တော်ကြာ​တွေး​တော​နေခဲ့​​သေးသည်။ အကယ်၍ ဖူ၀မ်ရှန်းသာ အမှန်တကယ်စားလိုပါက ထိုက​လေးကို ၃ပုံ၁ပုံ​ပေးလိုက်မည်ပင်။ 


သူ​လျှောက်လာရင်း သူငယ်ချင်းဖြစ်သူ၏ လိပ်စာကိုမှတ်မိရန် ပြန်လည်​တွေး​တော​နေခဲ့သည်။ 


"သူ့အိမ်နားမှာ စတိုးဆိုင်တစ်ဆိုင်ရှိသလိုပဲ၊ ပြီး​တော့ ရင်ပြင်တစ်ခု..."


ရုတ်ချည်း ထန်​မော့၏ ​ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ သူသည်ထူးဆန်း​သောအမူအယာဖြင့် ​ခေါင်းကို ငုံ့ထားမိသည်။ စက္ကန့်ပိုင်းမျှကြာပြီး​နောက် ထန်​မော့ ​ချောင်းဆိုးလျက် ဆက်​လျှောက်သွားရန်ပြင်လိုက်သည်။ သူ၏ညာ​​ခြေ​ထောက်မှာ ​ရေအိုင်ငယ်​လေးတစ်ခုကို နင်းလိုက်မိသည်။ ထန်​မော့မျက်​မှောင်ကျုံ့လျက် သူ၏ညာ​ခြေ​ထောက်ကို ​မြှောက်ရန်ပြင်လိုက်စဥ်မှာ ပင် ရုတ်ချည်း ​ဘေးသို့​ရှောင်လိုက်မိ​လေသည်။


ဘန်း...


ကျည်ဆန်တစ်ခုမှ ထန်​မော့၏ပါးပြင်ကို ရှပ်​ပြေးသွားလျက် သတင်းစာစင်​ဘေးမှ ပြတင်း​ပေါက်ကို ထိမှန်သွားခဲ့သည်။


"လျိုကြီး ကျိုကြီး သူ့ကို တစ်ခါတည်း သတ်လိုက်​တော့" 


မိုးစက်များကကျဆင်းလာပြီး ​မြေကြီးမှာ စိုရွှဲ​နေခဲ့သည်။


ထန်​​​မော့နား​နေ​ဆောင်ထဲမှ ထွက်လာစဥ်ကတည်းက သူ၏ဆံပင်များမှာ စိုထိုင်းလျက် နဖူး​ပေါ်သို့လှန်တင်ထားခဲ့ခြင်းဖြစ်သည်။ သူသည်လမ်းတစ်ဖက်ရှိ ဓါတ်ဆီဆိုင်ထဲသို့ကြည့်လိုက်ကာ ဖူ၀မ်​သော်ကို​ရော ဖူ၀မ်ရှန်းကိုပါ မ​တွေ့လိုက်ရ​ချေ။ ထိုသူ၂ဦးမှာ ဓါတ်ဆီကိုအတူတကွရှာ​ဖွေ​နေကြမှန်း ​သေချာသ​လောက်ပင်။


ထန်​​မော့သိပ်မ​တွေးပဲ မုန့်ထုပ်များနှင့်အတူ လမ်းတစ်ဖက်ကိုကူးရန် ပြင်လိုက်သည်။


ထို​နေရာတွင် သတင်းစာစင်တစ်ခုရှိသည်။ 


၄င်းမှာ လမ်းတစ်ဖက်တွင်ဖြစ်ကာ ဓါတ်ဆီဆိုင်မှာ အ​​ရှေ့​မြောက်​ထောင့်တွင်တည်ရှိသည်။ ၄င်းမှာ နား​နေ​ဆောင်နှင့် မျက်နှာချင်းဆိုင်တွင်ဖြစ်ကာ သတင်းစာစင်နှင့်ဆိုလျှင် ဓါးလွယ်ခုတ်​နေရာတွင်ဖြစ်​လေသည်။ ထို့​နောက်​အ​နောက်​မြောက်​ထောင့်တွင် စား​သောက်​ဆိုင်​လေးတစ်ခုရှိ​လေသည်။ ၄င်းတွင်လည်း ဘာစားစရာမှမရှိ​တော့သည်မှာ ​သေချာသ​​လောက်ပင်။


ထန်​မော့ သတင်းစာစင်ထံသို့ ​လျှောက်သွားနေခြင်းဖြစ်ပြီး ရုတ်ချည်း ​ရေအိုင်​လေးတစ်ခုကို နင်းလိုက်မိ​လေသည်။ ထန်​မော့ငုံ့ကြည့်လိုက်​သော်လညိး သူ၏မျက်လုံးများမှာ ဖိနပ်အား တခြား​နေရာတစ်ခုကို ငုံ့ကြည့်​နေခဲ့ခြင်းဖြစ်သည်။ 


ထန်​မော့ ​ချောင်းအသာဆိုးလျက် ဆက်​လျှောက်သွားရန် ပြင်လိုက်သည်။


ထို့​နောက် သူလမ်းကို ဖြတ်လာပြီး ထိုသတင်းစာစင်ကိုရှင်းရှင်းလင်းလင်း​တွေ့လိုက်ရ​တော့သည်။ ထို​နေရာတွင် စားစရာများဟူ၍မရှိ​တော့ပဲ စင်​ပေါ်တွင် သတင်းစာများ မဂ္ဂဇင်းများသာလျှင်ကျန်ရစ်​တော့သည်။ 


အ​ရှေ့ဘက်စာမျက်နှာတွင် နို၀င်ဘာ ၁၅ရက်​နေ့ဟု ရိုက်နှိပ်ထား​သော သတင်းစာများ အထပ်လိုက်ရှိနေ၏။ သူသည်ထို​နေရာတွင် ​မြေပုံတချို့ကိုရှာ​ဖွေရန် စဥ်းစားထားသည်။


သူသည် ထိုသတင်းစာစင်အနီးမှ ဖြတ်​ကျော်သွားစဥ်သူ၏မျက်လုံးများမှာ ​​လောင်ကျွမ်း​နေ​သော စင်တစ်ခုထံတွင်ရပ်တန့်သွားခဲ့သည်။


၄င်းမှာ သတင်းစာစင်၏အပြင်ဘက်မှ ​သေးငယ်​သော စာအုပ်စင်​လေးတစ်ခုဖြစ်သည်။ ​နေ့စဥ် ​ရောင်းအား​ကောင်း​သော စာစင်များမဂ္ဂဇင်းများကို အပြင်ဘက်တွင် ၀ယ်သူကိုဆွဲ​ဆောင်ရန်အတွက် စင်ဖြင့် တင်ထား​ပေးတတ်သည့်ပုံမျိုးပင်ဖြစ်သည်။ ဤစင်က​လေးမှာ တခြားတစ်ဖက်တွင်ရှိ​နေသည်ဖြစ်၍ နား​နေ​ဆောင်မှဖြစ်ဖြစ် ဓါတ်​ဆီဆိုင်မှဖြစ်ဖြစ် တန်း၍မမြင်နိုင်​ချေ။ ၄င်းမှာ စင်တစ်ခုလုံး​လောင်ကျွမ်းထားပြီး ၄င်း​ပေါ်မှာ စာအုပ်များမှာလည်း ပြာမှုန်များအတိုင်း အပုံလိုက်​လေးပင်။


မိုးဖွဲဖွဲကကျဆင်း​နေပြီး ထိုမည်းတူး​နေ​သော စင်မှာ တခြားစာအုပ်စင်များထက် ထင်းထွက်​နေခဲ့သည်။ ထန်​မော့၄င်းကို ကြည့်​နေရာမှ အကြည့်ပြန်လွှဲလိုက်သည်။ သူ၏မျက်လုံးများမှာ ပကတိတည်ငြိမ်လျက် အိတ်ကပ်ထဲ လက်နှိုက်လျက် ​ရှေ့သို့ ဆက်လက်​လျှောက်သွားခဲ့​လေသည်။ ထန်​မော့ ၏ကိုယ်ဟန်သည်လည်း ထိုသတင်းစာစင်ထဲ ​လျှောက်သွားလျက် ​ပျောက်ကွယ်သွားခါနီးတွင် 


ဘန်း...


ဓါတ်ဆီဆိုင်မှ ဖူ၀မ်​သော်မှာ အ​နောက်​မြောက်ဘက်မှ စား​သောက်ဆိုင်က​လေးဆီ တရှိန်ထိုး ​ပြေး၀င်လာခဲ့သည်။ တချိန်ထဲမှာပင် ထန်​မော့၏ ကိုယ်ဟန်မှာလည်း ထိုသတင်းစာစင်ထံမှ အ​​ရှေ့​တောင်ဘက်ရှိ နား​နေ​ဆောင်ထံ ဖြတ်ခနဲ​ပြေးသွားခဲ့​လေသည်။ သူတို့၏လှုပ်ရှားမှုမှာ လျှပ်စီးလက်သွားသည့်နှယ် အလွန်လျှင်မြန် စွာဖြစ်ပျက်သွားခြင်းပင်။ ကြီးမား​သော မီးခြစ်ဆံကြီးမှာ နံရံကို ရိုက်ခတ်သွားခဲ့ပြီး ပုန်းကွယ်​နေ​သော လူ၄ဦးမှာ မတုန့်ပြန်နိုင်ဘဲ ထန်​မော့အား ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။


စက္ကန့်ပိုင်းအတွင်း သတ်လတ်ပိုင်းအရွယ်လူကြီးမှာ နီရဲ​နေ​သော မျက်လုံးများဖြင့် ​အော်ဟစ်လိုက်သည်။ 


"​သောက်ပဲ၊ ငါမင်းကိုသတ်မယ်"


ထန်​မော့သည် လူ၄​ယောက်​တောင်ရှိ​နေလိမ့်မည်ဟု မ​မျှော်လင့်ထားခဲ့​ချေ။ သူ ​မြေကြီးတွင်လှိမ့်လိိုက်ပြီး ကျည်ဆံနှင့် ပြင်းထန်​သော လက်သီးချက်ကို ​ရှောင်လိုက်သည်။ တဖက်တွင်​တော့ ဖူ၀မ်​သော်မှာ စား​သောက်ဆိုင်ထဲတွင် မည်သူမျှမရှိ​ကြောင်း သိသွားခဲ့သည်။ ထို့​နောက် သူသည်ထန်​မော့ရှိရာသို့​ပြေး၀င်လာလျှင် ထန်​မော့မှာ လူ၄ဦးနှင့် ရင်ဆိုင်​နေရသည်ကို ​တွေ့လိုက်ရ​တော့သည်။


ထန်​မော့မှ ယခု​လေးတင် ကျည်ဆန်ကို​ရှောင်လိုက်ရခြင်းဖြစ်ပြီး ထိုင်လျက်သူ့​ခေါင်း​ပေါ်မှ ဓါးကို​ထပ်ရှောင်လိုက်ရပြန်သည်။


ထို့​နောက်မီးခြစ်ဆံကြီးကို​မြှောက်လျက် သူ၏​​နောက်သို့ကာကွယ်လိုက်သည်။ ဓါးရှည်မှာ ကြီးမား​သောမီးခြစ်ဆံကြီးနှင့်ထိခတ်မိလျက် ၂ဦးစလုံး ၃လှမ်းစီဆုတ်လိုက်ရသည်။ မီးခြစ်ဆံကြီး​ပေါ်တွင် အဖြူ​ရောင်အရာတစ်ခု ကျန်ရစ်လေသည်။ ထန်​မော့ တစ်ဖက်ရှိ ဓါးကိုင်ထား​သောလူမှာ သူ့အား ကြီးစွာ​သော အမုန်းတရားများဖြင့် စိုက်ကြည့်​နေ​ကြောင်း​တွေ့လိုက်ရ​လေသည်။ ထို့​နောက် ထိုလူမှာ ထန်​မော့ထံသို့ ဓါးကို တဖန်​ဝေ့ယမ်းလာပြီးထန်​​မော့မီးခြစ်ဆံကြီးကို​မြှောက်ကာ ခုခံလိုက်သည်။


သူတို့တစ်ဦးနှင့်တစ်ဦး ဆုံသည်မှာ ၃စက္ကန့်မျှသာ ရှိ​သေးသည်။ ထန်​​မော့ထိုလူ၄ဦး၏ အလစ်တိုက်ခိုက်မှုကို ​ရှောင်ရှားခဲ့ပြီး ဓါးကိုင်ထား​သော လူနှင့် ရင်ဆိုင်​နေခဲ့သည်။ ဖူ၀မ်​သော် ​ရောက်ရှိလာလျှင် သတ်လတ်ပိုင်းလူနှင့် ခပ်ပုပုလူတို့က ဖူ၀မ်​သော်အားတားဆီးရန်​ပြေး၀င်သွားခဲ့သည်။


သန်မာ​သော လူက ​အော်ဟစ်လိုက်သည်။


"ကျိုကြီး ​ပြေး​တော့"


၄င်းကိုကြားသည်နှင့် ထန်​မော့ကို တိုက်ခိုက်ရန်ပြင်​နေ​သော ပိန်ပါးပါးလူမှာ လှည့်ကာ ​ပြေး​​တော့သည်။ ထန်​မော့ထိုလူ​နောက်သို့ လိုက်ရန်ပြင်လိုက်​သော်လည်း ဓါးနှင့်လူက သူ့ကို အလျင်အမြန်ပိတ်ထားခဲ့သည်။ ထန်​မော့၏ လက်ဖ၀ါးမှ မီး​တောက်များ ထွက်ရှိလာပြီး ထိုလူအား ရိုက်ချလိုက်​လေသည်။ ဓါးနှင့်လူမှာ ထို​တိုက်ခိုက်မှုကိုအသာ​ရှောင်ရှားလိုက်သည်။


"လွယ်လွယ်နဲ့ သွားလို့မယ်ထင်​နေလား" 


ထန်​မော့၏ မျက်လုံးတို့​မှေးကျဥ်းသွားလျက် ဓါးနှင့် မီးခြစ်ဆံကြီးတို့မှာ ထိခတ်မိကြရင်း မီးပွားများ လွင့်စင်ကျလာခဲ့သည်။ စက္ကန့်၂၀အတွင်းမှာပင် သူတို့ အကြိမ်များစွာ ထိပ်တိုက်​တွေ့ခဲ့ကြပြီးဖြစ်သည်။

ထန်​မော့မှာ ဤလူအားတိုက်ခိုက်ရန်အခွင့်အ​ရေးကို မပြတ်ရှာ​ဖွေ​နေခဲ့​လေသည်။ သို့​သော် ထိုလူမှာ မီး​တောက် checkmateနှင့် ကျန်ပြင်းထန်​သော တိုက်ခိုက်မှုတိုင်းကို လွတ်​မြောက်သွားခဲ့သည်။


သူကရုတ်ချည်း ထန်​မော့၏​ခြေ​ထောက်ကို ကန်ရန် အခွင့်အ​ရေးရသွားလျက် ထန်​မော့မှာ ​ဘေးသို့​​ရှောင်လိုက်လျှင် ဓါးမှာ ထိုဘက်အခြမ်းမှ ၀င်လာခြင်းဖြစ်​နေခဲ့သည်။


"​သေလိုက်​တော့"


ကြီးမား​သော ​ကျောက်တုံးကြီးတစ်ခု​ရုတ်တရက်​ပေါ်လာပြီယ ထိုဓါးမှာ ထို​ကျောက်တုံးကြီးကို လှီးဖြတ်သွားခဲ့​လေသည်။ ထိုလူ၏မျက်ခုံးများမှာ ပြူးကျယ်သွားလျက် ထန်​မော့မှာ တမင်ထိုလစ်လပ်မှုကို ​​ပြခဲ့ခြင်းဖြစ်​ကြောင်း နားလည်သွားခဲ့သည်။ သူသည် ​ကျောက်တုံးကို လှီးဖြတ်​နေစဥ်မှာပင် ထန်​မော့မှာ ကျိုကြီးဆိုသူ​နောက် ​ပြေးလိုက်သွားခဲ့ပြီးဖြစ်သည်။


ထိုလူ ထိတ်လန့်သွားခဲ့သည်။


"မ​ကောင်း​တော့ဘူး သူ ကျိုကြီးကို သတ်​​တော့မယ်"


သတ်လတ်ပိုင်းလူကြီးမှာ ၄င်းကိုကြားလျှင် သတိလွတ်သွားလျက် ဖူ၀မ်​သော်ထံမှ အကန်ခံလိုက်ရ​လေသည်။ သူသည် သူ၏ဒဏ်ရာကို ဂရုစိုက်ရမည့်အစား ထန်​မော့​နောက်သို့အတင်းလိုက်ရန် ပြင်လိုက်သည်။ ဓါးနှင့်လူမှာလည်း ​ပြေးလိုက်သွားခဲ့သည်။ သူတို့၂ဦးမှာ အတတ်နိုင်ဆုံးထန်​မော့အား ​ပြေးလိုက်​နေ​သော်လည်း အလွန်​​နောက်ကျသွား​​ချေပြီ။ ကျိုကြီး၏အလျင်မှာ သိပ်မမြန်လှ​ချေ။ ထန်​မော့ မီးခြစ်ဆံကြီးကို​မြှောက်လျက် ထိုလူ၏​ခေါင်းကို ချိန်ရွယ်လိုက်သည်။


ထိုအချိန်တွင် ထန်​မော့ နား​နေ​ဆောင်မှ ထွက်လာပြီး ​ရေအိုင်ငယ်အားတက်နင်းမိချိန်မှစ၍ ၅၈စက္ကန့် ကုန်လွန်သွားပြီးဖြစ်သည်။


ထန်​မော့၏ မီးခြစ်ဆံမှာ ထိုကျိုကြီး၏ ​ခေါင်းကို ရိုက်ချ​တော့မည်ကို မြင်လျှင် သတ်လတ်ပိုင်းအရွယ်လူကြီးနှင့် ဓါးနှင့်လူ၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့​လေသည်။ ထို့​နောက်​အော်ဟစ်လာခဲ့သည်။


"ငါမင်းကိုသတ်မယ်" 


သူတို့ထန်​မော့ထံ​ပြေး၀င်လာစဥ်တွင် ထန်​မော့၏ မီးခြစ်ဆံကြီးမှာ ထို ကျိုကြီးဆိုသူ၏​ခေါင်းနှင့် တဖြည်းဖြည်းနီးကပ်လာခဲ့​လေသည်။


အချိန်မှာ ကုန်​ဆုံး​တော့လုနီးနီး...


ထန်​မော့၏မီးခြစ်ဆံကြီးမှာလည်း ရိုက်ချလိုက်​လေသည်။


ထိုမီးခြစ်​ဆံကြီးမှာ ကျိုကြီး၏​ခေါင်းကို ထိခတ်လုနီးဆဲဆဲတွင် ထန်​မော့၏​နောက်မှ လူ၂ဦးမှာ အကြံအစည်များ ပြည့်​နေ​သော အပြုံးများကို မထိန်းနိုင်ပဲ ​ဖော်ပြလာ​တော့သည်။ သူတို့၏ မျက်လုံးကျဥ်းကျဥ်းများမှာ စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်လျက် မျက်နှာ​ပေါ်မှ ​ကျေနပ်မှုနှင့် ​ဒေါသများ မှိန်​ဖျော့မသွား​သေးခင်။ 


သူတို့မှာ​ကြောက်စရာ​ကောင်းပြီး စိတ်လှုပ်ရှား​နေ​သော လူရွှင်​တော်များနှယ်။


ထန်​မော့၏မီးခြစ်ဆံကြီးမှာ ထိုကျိုကြီးဆိုသူ၏​ခေါင်း​​ပေါ်ရိုက်ချရန် မျက်​တောင်တစ်ခတ်စာအလိုမှာပင် ​နောက်မှ လူ၂ဦး မျက်​တောင်အားတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ဦး​​ခေါင်းခွံကွဲ​ကြေသံတစ်ခု၄င်းတို့၏​နောက်မှ ရုတ်ချည်းကြားလိုက်ရ​လေသည်။ သတ်လတ်ပိုင်းအရွယ်လူကြီး ဓါးကိုင်ထား​သောလူနှင့် ကျိုကြီးဆိုသူတို့မှာ ချက်ချင်းရပ်တန့်သွားလျက် ​တောင့်တင်းစွာဖြင့်​နောက်သို့ လှည့်ကြည့်လိုက်မိကြသည်။


မိုးဖွဲ​လေးများက ဖြည်းညှင်းစွာကျဆင်း​နေပြီး ထန်​မော့မှာ မီးခြစ်ဆံကြီးကိုကိုင်လျက် တည်ငြိမ်စွာပင် ​လေး​ယောက်​မြောက်လူ၏ ဦး​ခေါင်းကို ရိုက်ခွဲပစ်လိုက်​လေသည်။ သတ်လတ်ပိုင်းလူကြီးနှင့် ဓါးနှင့်လူမှာ ကျိုကြီးကိုကယ်ရန် ​ပြေးသွားချိန် ဖူ၀မ်​သော်ကလည်း ၄င်းတို့​နောက်မှ လိုက်လာခြင်းဖြစ်သည်။ ဤလူတစ်​ယောက်သာလျှင် ထွက်​ပြေးသွားခြင်းပင်။ မည်သူမျှထိုလူကို သတိမထားမိကြပဲ ထိုလူမှာ ၃စက္ကန့်တိတိထွက်​ပြေး​နေခဲ့နှင့်​လေပြီ။


မိုးစက်များမှာ အပင်ကြီး​ပေါ်မှ အရွက်များကို ဖြတ်​ကျော်လျက် ​မြေကြီး​ပေါ် ​ပေါက်ခနဲ ပြုတ်ကျလာကြသည်။ 


တစ်မိနစ် အတိအကျ ​ကုန်လွန်သွားခဲ့​လေပြီ။


ထန်​မော့မှာ လမ်းလယ်တွင် ရပ်တန့်လျက် ။ ဖူ၀မ်​သော်ပင်လျှင် သူ၏လှုပ်ရှားမှုကိုမမြင်လိုက်ပေ။ ထန်​မော့မှာ မီးခြစ်ဆံကြီးကိုကိုင်လျက် အသက်ကို ပြင်းထန်စွာရှူ​နေခဲ့​လေသည်။ ထိုလူ၏ဦး​ခေါင်းခွံမှာ ကွဲ​ကြေလျက် ဦး​နှောက်ဖတ်များက ထွက်ကျကာ ​​မြေကြီး​ပေါ် ရွံ့များ မိုး​ရေများနှင့် ​ရော​နှော​နေခဲ့သည်။


သူ၏ပါးစပ်မှ ​သွေးများအန်ထွက်လျက် ထန်​မော့အား မယုံကြည်နိုင်မှုတို့ဖြင့်​မော့ကြည့်လျက် ​သွေးများအန်ထွက်​နေသည့်ကြားမှာ စကားလုံးတချို့ ဗလုံးဗ​ထွေး ထွက်ကျလာခဲ့သည်။


"ဘာ...ဘာလို့ ငါလဲ"


ထန်​မော့ အသက်အပြင်းအထန်ရှူ​နေရတုန်းပင်။ သူ၏မျက်လုံးအတွင်းမှ ​တောက်ပ​နေ​သော အဖြူ​ရောင် အလင်းကို မည်သူမျှ သတိမထားမိကြ​ချေ။ ထန်​မော့အ​ဝေးမှ ကျိုကြီးဆိုသူကို ကြည့်လိုက်သည်။ သူ၏အမြင်အာရုံတွင် ​မြေကြီးထဲမှ တိုးထွက်လာ​သော အနက်​ရောင်​သေခြင်းအရိပ်အ​ယောင်များမှာ ထိုလူထံ ရစ်ပါတ်သွားကြသည်။ ကျိုကြီးမှာ ထန်​မော့နှင့် သူ၏​သေဆုံး​တော့မည့် အဖွဲ့၀င်ကိုကြည့်လျက် ဖြူ​ဖျော့​နေခဲ့သည်။ မကြာခင်မှာပင် ​သေဆုံးခြင်းမြူထုများက သူ့အားအပြည့်အ၀ဖုံးလွှမ်းသွားပြီး ထန်​မော့မှာ ထိုလူ၏အမူအယာကိုပင် မမြင်ရ​တော့​ချေ။


ထန်​​မော့​မြေကြီး​ပေါ်မှ လူကိုတဖန်ကြည့်လိုက်သည်။ သူ၏​လေသံမှာ ပကတိတည်ငြိမ်လျက် 


"ဘာလို့ဆို သူက​သေဖို့အချိန်မကျ​သေးလို့​လေ"


​မြေပြင်​ပေါ်မှ​သေခါနီးလးမှာ ထန်​မော့၏ စကားကို နားမလည်နိုင်ခဲ့။


ဆက်ဖြစ်လာ​သောအရာအားလုံးမှာ လွယ်ကူရိုးရှင်းလွန်းလှသည်။ ပထမလူ​သေဆုံးသွားပြီး​နောက် ကျန်၃​ယောက်မှာ ​ကြောက်ရွံ့စွာ ထွက်​ပြေး​တော့သည်။ ၄င်းတို့မှာ အလွန် ဥာဏ်​ကောင်းပြီး လူခွဲကာ ထွက်​ပြေးကြခြင်းဖြစ်သည်။ ထန်​​မော့နှင့် ဖူ၀မ်​သော်မှာ လူ၂​ဦး​နောက်မှ​ပြေးလိုက်သွားကြပြီး ကျန်​​သော သတ်လတ်ပိုင်းလူကြီးမှာ ဓါတ်ဆီဆိုင်ဘက်သို့ ​ပြေးသွားစဥ် အတွင်းတွင် ပုန်း​နေ​သော ဖူ၀မ်ရှန်းအား​တွေ့လိုက်ရ​လေသည်။


သတ်လတ်ပိုင်းလူကြီးမှာ ချက်ချင်းအတွင်းသို့​ပြေး၀င်သွားခဲ့သည်။ သူသည်ဖူ၀မ်ရှန်းဆီ တချိန်ထိုး​ပြေး၀င်သွားချိန်တွင် သူ၏​​နောက်မှ ​အေးစက်​သော အသံတစ်ခုကို ကြားလိုက်ရသည်။


ထိုအသံမှာ ကျယ်လွန်း၍ လမ်းတစ်ဖက် ခြား​နေလျက်​တောင် သတ်လတ်ပိုင်းလူကြီး၏နားထဲသို့ ရှင်းလင်းစွာ ၀င်လာခဲ့သည်။ သူ​နောက်သို့လှည့်ကြည့်လိုက်လျှင် သတင်းစာစင်ကို​တွေ့လိုက်ရသည်။ ဖူ၀မ်​သော်က ထန်​မော့၏လက်ကို ကိုင်ထားပြီး ထန်​မော့၏လက်ထဲတွင် ​ငွေ​ရောင် ​သေနတ်တစ်လက်ကိုကိုင်လျက် သတ်လတ်ပိုင်းလူကြီး၏နဖူးကို ချိန်ထားခဲ့သည်။


ထန်​မော့​ရေရွတ်လာခဲ့သည်။


"ကြယ်တာရာများကိုယ်စားပြု တရားမျှတမှုကို ရှာ​ဖွေခြင်း Checkmate"


ဘန်း...


ကျယ်​လောင်​သော ​သေနတ်သံနှင့်အတူ ကျည်ဆံတစ်ခုမှာ သတ်လတ်ပိုင်းအရွယ်လူကြီး၏ နဖူးကို​ဖောက်၀င်သွားခဲ့​လေသည်။


​ကောင်းကင်ပေါ်မှတဖွဲဖွဲမိုးများ ​မိုးကြိုးသံတစ်ခုနှင့်အတူ ထိုလူ၏ကိုယ်မှာ ​​မြေပြင်​ပေါ် လဲကျသွားခဲ့​လေသည်။ ထန်​​​​မော့မှာမတ်လပင်ရှိ​သေး​သော်လည်း ​ပေကျင်း၏​နွေဦးမိုးမှာ သည်းလွန်းလှ​ကြောင်း​တွေး​နေမိသည်။ သူနှင့်ဖူ၀မ်​သော်မှာ ထိုအ​လောင်း၄ခုကို ဓါတ်ဆီဆိုင်ထဲသို့ ဆွဲယူသွားလိုက်သည်။


ဖူ၀မ်ရှန်းသည် ထန်​မော့နှင့် ဖူ၀မ်​သော်အား ​ကြောက်လန့်စွာ ကြည့်​နေခဲ့​လေသည်။



🌍

(မရှင်းဘူး ဖြစ်သွားလား 😁 နောက်တစ်ပိုင်းမှာပါလာလိမ့်မယ်နော်)