Chapter 139
Viewers 35k

💮Chapter 139



ယောဖန်းကမူ တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် သမားတော်အား မေးလိုက်သည်။

“ကလေးက ဘယ်နှရက်ရှိနေပြီလဲ …”

 

သမားတော်က ပြောသည်။

“ရက်အနည်းယောဖန်းငယ်ပဲ ရှိပါသေးတယ် …”

 

ယောဖန်းက ရယ်လိုက်သည်။

“သေးသေးလေးပဲ …”

 

“မွေးလာရင်တော့ ပိစိလေးဖြစ်မှာ မဟုတ်တော့ဘူး …” 

ယောထောင်က နောက်ပြောင်လိုက်သည်။ ထို့နောက် သူမက တောက်ပသောမျက်နှာဖြင့် ဝမ်ချီအား လှည့်ကြည့်လိုက်၏။

“မဟုတ်ဘူးလား … သခင်လေး …”

 

ဝမ်ချီက အတန်ကြာအောင် သတိလက်လွတ် ဖြစ်နေပြီး ယောထောင်အား အတန်ကြာ စိုက်ကြည့်နေမိသည်။ ထို့နောက် သမားတော်၏စကားကို နားလည်စပြုလာ၏။

 

သူ့စိတ်အစဉ်မှာ ဗလာဖြစ်သွားခဲ့သည်။

 

သူယခင်က ကလေးလိုချင်ခဲ့သော်လည်း အမှန်တကယ် ရလာသည့်အခါ မယုံနိုင်သည့်လှိုင်းများက သူ့အား ရိုက်ခတ်လာ၏။

 

ငါ ကိုယ်ဝန်ရှိနေပြီလား …

 

ငါ ကိုယ်ဝန်ရှိနေပြီတဲ့ …

 

ခဏအကြာအထိ ဝမ်ချီက အံ့အားသင့်ရမည်လော၊ ထိတ်လန့်ရမည်လော မသိသေးချေ။ သူက အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။

 

ယောဖန်း၊ ယောထောင်၊ ရှောင်ရွှမ်ကျီနှင့် အခြားလူများက ထိတ်လန့်သွားကာ သူ့အားကူညီရန် အပြေးရောက်လာကြ၏။

 

သမားတော်နှင့် သူ၏ နောက်လိုက်နှစ်ဦးက ထရယ်လိုက်ကြသည်။

“မင်းတို့ ဘယ်လောက်တောင် စိတ်ပူနေကြလဲ ကြည့်ပါဦး … သန္ဓေသားက ရက်နှစ်ဆယ်သုံးဆယ်ပဲ သက်တမ်းရှိသေးတာ … မင်းတို့သူ့ကို အလုပ်ကြီးကြီးမားမား မခိုင်းသရွေ့ ဘာမှစိုးရိမ်စရာမရှိပါဘူး …”

 

သမားတော်၏ စကားကြောင့် ယောထောင်နှင့် အခြားလူများ ရှက်သွားကြသည်။ သို့သော် သူတို့က ဝမ်ချီအား တွဲထားကြဆဲပင်။

 

ဝမ်ချီက အိပ်ရာခေါင်းရင်း၌ ထိုင်လိုက်မှသာ သူတို့က လက်လွှတ်လိုက်ကြသည်။

 

ဝမ်ချီက ခြုံစောင်အတွင်းသို့ လက်လှမ်းကာ သူ၏ ပြားကပ်နေသော ဝမ်းဗိုက်ကို ထိလိုက်သည်။ သူ စိတ်ထင်ခြင်းပေလောမသိ၊ သူ့ ဝမ်းဗိုက်အတွင်းမှ အားအင်ခပ်ဖွဖွကို ခံစားလိုက်ရသလိုပင်။

 

သူက သူ့ဗိုက်ထဲတွင် အသက်တစ်ချောင်းရှိနေကြောင်း မယုံနိုင်ဖြစ်နေခဲ့သည်။

 

ထိုခံစားချက်က သူ့အတွက် အိပ်မက်ဆန်လှ၏။

 

ယောထောင်၊ ယောဖန်းနှင့် သမားတော်တို့ ထွက်ခွာသွားကြသည်အထိ ဝမ်ချီက သူ၏ ဝမ်းဗိုက်အား ထိတွေ့နေဆဲပင်။ ခဏအကြာ၌ သူက နံဘေးတွင်စောင့်နေသည့် ရှောင်ရွှမ်ကျီမျက်နှာထက်ရှိအပြုံးကို သတိပြုမိလိုက်သည်။

 

“စကားမစပ် …”

ဝမ်ချီက အရေးကြီးသည့် တစ်စုံတစ်ခုကို သတိရသွားသည်။

“ရှစ်ယဲ့ ဘယ်တော့လာမှာလဲ … ငါဒီသတင်းကို ကိုယ်တိုင် ပြောပြချင်တယ် …”

 

ရှောင်ရွှမ်ကျီက ပြောသည်။

“မကြာခင် လာမှာပါ သခင်လေး … ဒါ့ကြောင့် ကလေးကိုပဲ စိတ်ဖြောင့်ဖြောင့် ဂရုစိုက်ပါနော် …”

 

ဝမ်ချီ အနည်းငယ် စိတ်ပျက်သွားရသည်။

 

သူက ရှစ်ယဲ့ဘက်တွင် မည်သို့ဖြစ်ပျက်နေကြောင်း မသိရသလို ယခုအခါ အပြင်ထွက်ရန် ပို၍ခက်ခဲသွားပြီဖြစ်သည်။ ရှောင်ရွှမ်ကျီနှင့် အခြားလူများ မည်သို့မှ မပြောလာသရွေ့ သူက စောင့်၍သာ နေရပေလိမ့်မည်။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ၏ပူပန်မှုကို တွေ့လိုက်သဖြင့် ဝမ်ချီအား နှစ်သိမ့်လိုက်၏။

 

ဝမ်ချီက ရှောင်ရွှမ်ကျီ မကြာခင် ထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ရှောင်ရွှမ်ကျီက စကားဆုံးသည့်အခါ ထိုနေရာ၌သာ ရပ်နေပြီး ထွက်ခွာသွားမည့် အရိပ်အယောင် ပြမလာခဲ့ပေ။

 

ယောထောင်နှင့် ယောဖန်းတို့က ဆေးနှင့်အတူ ပြန်လာကြသည်။ ရှောင်ရွှမ်ကျီက ဆေးကိုယူကာ‌ ပြောလိုက်၏။

“ငါ ဒီဆေးကို တစ်ယောက်ယောက်ကို ကြည့်ခိုင်းလိုက်မယ် … သခင်လေးကို ဂရုစိုက်လိုက်ပါဦး …”

 

ယောထောင်နှင့် ယောဖန်းတို့က သဘောတူလိုက်ကြသည်။

 

ဝမ်ချီက သူ ယခင်တစ်ကြိမ်ကဲ့သို့ ရှစ်ယဲ့အား တိတ်တဆိတ်သွားရှာမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ဝမ်ချီ သိလိုက်လေ၏။ ထို့ကြောင့် သူတို့က သူ့အား စောင့်ကြည့်နေကြခြင်းပင်။

 

ဝမ်ချီ အနည်းငယ် စိတ်ဆိုးချင်လာ၏။ သူ မည်ကဲ့သို့ စိတ်မရှည်ဖြစ်စေကာမူ သူ့ဗိုက်ထဲရှိ ကလေးအား စွန့်စားခိုင်းမည်မဟုတ်ပေ။

 

…

 

ညစာစားပြီးချိန်၌ ရှောင်ရွှမ်ကျီက သန္ဓေသားအားဆေးနှင့်အတူ ပြန်လာခဲ့သည်။

 

ဝမ်ချီက စားချင်စိတ်မရှိသဖြင့် များများစားစားမစားခဲ့ပေ။  ထို့ကြောင့် ဆေးခွက်မည်းမည်းကို မြင်လိုက်ရချိန်၌ သူ အန်ထွက်တော့မလို ဖြစ်သွားရသည်။

 

သန္ဓေသားအားဆေးက သာမန်ရိုးရာဆေးများထက် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။

 

ဝမ်ချီကလေးဘဝက မိဘများတိုက်သည့် ရိုးရာဆေးကို မကြာခဏ သောက်ခဲ့ရသည်။ ထိုအချိန်မှစ၍ သူက ဆေးနံ့ရသည်နှင့် အန်ချင်စိတ်ပေါက်လာတတ်၏။

 

“မရဘူး … ငါမသောက်ချင်ဘူး …”

ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ကြောက်လန့်မှုများ ပြည့်နှက်နေသည်။ သူက ခေါင်းယမ်းလိုက်၏။

“ငါ မသောက်ဘူးနော် …”

 

ဝမ်ချီ၏ ငြင်းဆန်မှုကြောင့် ရှောင်ရွှမ်ကျီက ဘာမှမပြောဘဲ ယောထောင်ထံသို့သာ ဆေးခွက်ကိုကမ်းပေးခဲ့တော့သည်။

 

ရှောင်ရွှမ်ကျီနှင့် ယှဉ်ပါက ယောထောင်၏ အမူအရာက ပို၍ တင်းမာ၏။ သူမက ဘာမှမပြောဘဲ ဆေးခွက်ကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ဝမ်ချီအား နှစ်သိမ့်လိုက်၏။

“ သခင်လေး ရက်ပိုင်းလောက် အားဖြည့်ရမယ်လို့ သမားတော်က ပြောသွားတယ် … ဒီအစေခံရဲ့စကားကို လျစ်လျူရှုနိုင်ပေမယ့် သမားတော်ရဲ့စကားကိုတော့ လျစ်လျူရှုလို့ မရဘူးလေ …”

 

ဝမ်ချီ နှာခေါင်းပိတ်လိုက်ပြီး ဆေးခွက်ထံမှ အကြည့်လွှဲကာ ခေါင်းယမ်းလိုက်၏။

“ငါ မသောက်ချင်ဘူး …”


ယောထောင်က ဆက်လက်နှစ်သိမ့်လိုက်သည်။

“ဒီပန်းကန်မှာ များများမပါပါဘူး … သခင်လေး တစ်ကျိုက်ထဲနဲ့ မော့ချနိုင်မှာ … ဒီအစေခံက သကြားလုံး ပြင်ဆင်ပေးထားပါတယ် …”

 

ထို့နောက် ယောထောင်က သူမ၏ အင်္ကျီလက်တွင်းမှ သကြားလုံးနှစ်လုံးကို ထုတ်လိုက်သည်။

“သခင်လေး ကြည့်ပါဦး …”

 

ဝမ်ချီက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ယောထောင်၏ လက်ဖဝါးထဲရှိ သကြားလုံးများကို တစ်ချက်ကြည့်လိုက်၏။

 

“သခင်လေး ဗိုက်ထဲက ကလေးကို ဂရုစိုက်ရပါမယ် … သန္ဓေသားအားဆေးက ကလေးရဲ့ ကြီးထွားမှုကို အထောက်အကူ ဖြစ်စေတယ်လေ …”

 

ဝမ်ချီက မသိစိတ်ဖြင့် ဝမ်းဗိုက်ကို ထိလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

 

သူက ယောထောင်၏ စကားကြောင့် စိတ်ယိုင်သွား၍ ဆေးခွက်ကိုယူကာ တစ်ငုံစုပ်သောက်လိုက်၏။

 

ခါးလွန်းတယ် …

 

ပြီးတော့ ဘာမှန်းမသိတဲ့အရသာကြီးလည်း ရောနေသေးတယ်…

 

၎င်းက အလွန်မနှစ်မြို့စရာ ကောင်းလှသည်။ ဝမ်ချီ၏ အမြင်အရ အဆိုပါ သန္ဓေသားအားဆေးမှာ ရိုးရာဆေးများထက်ပင် မြိုချရခက်လှသည်။ ခါးသက်မှုက သူ၏အရသာခံဖုများအား နွယ်ပမာ ရစ်ခွေလျှက်ရှိ၏။

 

ဝမ်ချီက မျက်လုံးမှိတ်ရင်း သန္ဓေသားအားဆေးကို ကြိတ်မှိတ်၍ မြိုချလိုက်၏။ ထို့နောက် ကျန်ရှိသော အားဆေးများကိုပါ တစ်ကျိုက်ထဲ မော့ချလိုက်သည်။

 

ခါးသီးမှုက သူ့ပါးစပ်တွင်း၌ ပျံ့နှံ့သွား၏။

 

ဝမ်ချီက လည်ပင်းလေးကို ကျုံ့လိုက်ရင်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။ သူ၏ လက်ချောင်းထိပ်များက ဆေးပန်းကန်အား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

 

သူက အဝတ်လွှာအထပ်ထပ်ကို ဝတ်ဆင်ထားသည်။ သို့သော် သူက ပိန်ပါးသည့်အလျောက် မည်မျှအထပ်ထပ် ဝတ်ဆင်ထားသည်ဖြစ်စေ၊ ဝနေသည်ဟု မထင်ရချေ။ သူ့မျက်ဝန်းလေးများက နီရဲနေပြီး နှာခေါင်းထိပ်လေးမှာလည်း နီရဲနေ၏။ သူက ယောထောင်လက်တွင်းရှိ သကြားလုံးကိုကြည့်ရင်း သနားစဖွယ်လေထုက သူ့အနီးပတ်ဝန်းကျင်၌ လွှမ်းခြုံလာခဲ့သည်။

 

အဆုံးသတ်တွင် ဝမ်ချီအား ယောထောင်က ကြာမြင့်စွာခစားခဲ့သည်ဖြစ်ရာ သူ့ကို ထိုသို့မြင်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်သွားသည်။ သူမက ဝမ်ချီ၏ လက်တွင်းရှိ ပန်းကန်လုံးကို အမြန်ယူရင်း ယောဖန်းထံ ကမ်းပေးလိုက်သည်။ ထို့နောက် သကြားလုံးကို အခွံခွာ၍ ဝမ်ချီအား ခွံ့လိုက်၏။

 

ဝမ်ချီက ပါးစပ်ဟကာ သကြားလုံးကို စားလိုက်သည်။ မကြာမီ သူက ချိုမြိန်မှုကို ခံစားလိုက်ရ၏။

 

သို့သော် ထိုချိုမြိန်မှုက သူ့ပါးစပ်ထဲရှိ ခါးသီးမှုအား မဖုံးကွယ်နိုင်ခဲ့ပေ။

 

ဝမ်ချီ၌ လုပ်စရာများများစားစား မရှိချေ။ ထို့ကြောင့် သူက ယောထောင်နှင့် ယောဖန်းကိုသာ ချိုးရေပြင်ဆင်ပေးရန် စေခိုင်းလိုက်သည်။

 

အတိတ်တွင် ဝမ်ချီ ရေချိုးသည့်အခါ အစေခံများကို ထွက်သွားစေခဲ့သည်။ ခေတ်သစ်မှ လာရောက်သူအနေဖြင့် သူ့အား ခစားရန် အစေခံများရှိနေသည်နှင့် အသားမကျလှချေ။ ယောထောင်နှင့် ယောဖန်းသည်လည်း သူ့သဘောအတိုင်း ထွက်ခွာသွားတတ်၏။

 

သို့သော် ယခုမူ သူက အိမ်ရှေ့စံ၏ အကြီးဆုံးသားကို ကိုယ်ဝန်လွယ်ထားရခြင်းဖြစ်သည်။ ယောထောင်နှင့် ယောဖန်းတို့က ဝမ်ချီ၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို ခွင့်မပြုနိုင်ချေ။ ဝမ်ချီက တစ်ဦးထဲ ရေချိုးနိုင်ကြောင်း ပြောခဲ့သော်လည်း သူတို့နှစ်ဦးက မကြားယောင်သာ ဆောင်နေကြ၏။ ထို့အပြင် ရှောင်ရွှမ်ကျီနှင့် အခြားလူများကိုပင် ရေချိုးခန်းအတွင်းသို့ ခေါ်လိုက်ကြသေးသည်။

 

ဝမ်ချီ စိတ်ဓာတ်ကျလာ၏။ သူက ရှောင်ရွှမ်ကျီနှင့် အခြားလူများ၏ အကြည့်အောက်၌ အဝတ်ပင် မချွတ်ဝံ့တော့ပေ။

 

သူက သူရေချိုးနေစဉ် အခြားလူများရှိနေခြင်းနှင့် အသားမကျသလို ရှောင်ရွှမ်ကျီတို့၏ တောင်းဆိုမှုကိုလည်း လျစ်လျူမရှုနိုင်ချေ။

 

ရှောင်ရွှမ်ကျီတို့က ထိုပြဿနာအား ဖြေရှင်းရန် ချက်ချင်း ဝိုင်းဖွဲ့လိုက်ကြသည်။

 

ဝမ်ချီက သူတို့မျက်နှာထက်ရှိ လေးနက်သော အမူအရာများကို တွေ့နေရ၏။ သူတို့က လှည့်ထွက်သွားပြီးနောက် ပို၍ ကြီးမားသောရေချိုးကန်ကို သယ်လာခဲ့ကြသည်။ ထို့နောက် ကုလားထိုင်များကို ရေချိုးကန်တစ်ဝိုက်၌ ဝိုင်းလျှက်ချလိုက်၏။

 

သူတို့က ရေချိုးကန်ထဲသို့ ရေများလောင်းထည့်လိုက်ပြီးနောက် ကုလားထိုင်တစ်လုံးကိုပါ ချလိုက်၏။

 

အဆုံးသတ်တွင် ဝမ်ချီက ရွေးချယ်စရာမရှိတော့ဘဲ အားလုံး၏ စိတ်အားထက်သန်သော အကြည့်အောက်၌ ရေချိုးကန်ထဲသို့ လှမ်းဝင်လိုက်ရသည်။

 

မိန်းမစိုးများက ပျော်ရွှင်စွာ အလုပ်စကြတော့၏။

 

ရှောင်ရွှမ်ကျီက ဝမ်ချီ၏ မာန်မာနကင်းစင်သော စိတ်ထားကို နားလည်သူဖြစ်ရာ သူသည်လည်း စိတ်သက်သာရာရစွာဖြင့် ဝမ်ချီအား ရေချိုးပေးရင်း စကားစလိုက်လေသည်။

 

ခေါင်းစဉ်က ဝမ်ချီ၏ သားအိမ်ထဲရှိ ကလေးအကြောင်းသာ ဖြစ်တော့သည်။

 

“မင်းသားလေးက ရက်အနည်းငယ်ပဲ ဖွံ့ဖြိုးသေးတယ်လို့ သမားတော်က ပြောခဲ့ပေမယ့် အချိန်ကကုန်မြန်တာမို့ မျက်တောင်တစ်ခတ်အတွင်း မွေးဖွားလာမှာပါ … သူ နွေလလယ်လောက်မှာ မွေးဖွားလာမယ်ထင်တယ် … ဒီအစေခံက မင်းသားလေးအတွက် အဝတ်တချို့ ပြင်ဆင်ပေးထားပါ့မယ် …”

 

“နွေရာသီက ကောင်းတာပေါ့ …ဆောင်းရာသီက အေးလွန်းတယ် … မင်းသားလေး အေးနေလိမ့်မယ် …”

 á€™á€­á€”်းမစိုးတစ်ဌးက ပြောလိုက်သည်။


အခြားလူများကလည်း ထောက်ခံကြသည်။


ဝမ်ချီက ခေါင်းငုံ့လျက် ရေကြည်ကြည်ကို ဖြတ်သန်း၍ သူ၏ ပုံမှန်အတိုင်း ပြားကပ်နေသော ဝမ်းဗိုက်အား ကြည့်လိုက်သည်။ သူသာ မနေ့ညက မအန်ခဲ့လျှင် ယောထောင်နှင့် ယောဖန်းတို့က ထိုအကြောင်း စဉ်းစားခဲ့မိမည်ပင် မဟုတ်ပေ။


သူက ထိုခံစားချက်ကို လက်ခံလိုက်ခြင်းကြောင့် ဖြစ်ပုံရသည်။ သူ့ဝမ်းဗိုက်အား ထိကိုင်လိုက်ချိန်၌ ကြည်နူးဖွယ်ခံစားချက်ကသည် ယခင်ကဲ့သို့ ပြင်းထန်ခြင်းမရှိတော့ပေ။

 

သို့သော် သူ့ဗိုက်ထဲတွင် အသက်တစ်ချောငရှိနေသည့် ခံစားချက်ကြောင့် သူ ပီတိဖြစ်နေရဆဲပင်။

 

ရှောင်ရွှမ်ကျီနှင့် အခြားလူများက ဝမ်ချီ၏ ဝမ်းထဲရှိ မင်းသားလေးအကြောင်း ဆက်လက်ဆွေးနွေးနေကြ၏။ သူတို့က မင်းသားလေးကို ချက်ချင်းပင် မွေးဖွားလာစေချင်နေကြသည်။

 

ဝမ်ချီက သူတို့၏ စကားကို နားထောင်ရင်း တစ်စုံတစ်ခုအား သတိပြုမိလိုက်၏။

“ဒီကလေးက ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးလည်း ဖြစ်နေနိုင်တာပဲ …”

 

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှောင်ရွှမ်ကျီနှင့် မိန်းမစိုးလေးများ၏ လှုပ်ရှားမှုများ နှေးကျသွားသလို စကားသံသည်လည်း ရပ်တန့်သွား၏။ မိန်းမစိုးလေးများက တစ်ဦးပြီးတစ်ဦး ရှောင်ရွှမ်ကျီအား ကြည့်လိုက်ကြသည်။

 

ရှောင်ရွှမ်ကျီက မြှောက်ပင့်သော အပြုံးဖြင့် ပြောသည်။ 

“သခင်လေး … ယောက်ျားလေးဆိုရင်တော့ ကောင်းတာပေါ့ … ဒါပေမယ့် မိန်းကလေးဖြစ်နေရင်လည်း …”


ရှောင်ရွှမ်ကျီက ခဏရပ်လိုက်သည်။ ထို့နောက် စကားလွှဲလိုက်၏။

“အဆင်ပြေပါတယ် … နောက်မှ ယောက်ျားလေးတစ်ယောက် ထပ်မွေးတာပေါ့ …”

 

ဝမ်ချီ “…”

 

ရှောင်ရွှမ်ကျီက ဝမ်ချီ ခံစားချက်မကောင်းတော့ကြောင်း သတိပြုမိလိုက်သည်။

“အရှင့်သားရဲ့ အနောက်ဆောင်မှာ အရှင့်သားအနား ကပ်နိုင်တာဆိုလို့ သခင်လေးပဲ ရှိတာပါ …ဒီတော့ ဒါကို အသုံးချပြီး အကြီးဆုံးသားကို မွေးဖွားပေးနိုင်ပါလိမ့်မယ်…”

 

ဝမ်ချီက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။

 

သူက အမျိုးသားများ၏ ဦးဆောင်နိုင်စွမ်းကို အလွန်အလေးထားသော ရှေးခေတ်၌ ရှိနေခြင်းဖြစ်ကြောင်း မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူ၏ ဝမ်းဗိုက်အတွင်းရှိ ကလေးက ယောက်ျားလေးဖြစ်စေကာမူ ထိုကလေး၌ အနီရောင်မှဲ့ရှိနေပါက ရှစ်ယဲ့၏ သားဦးမဖြစ်နိုင်ချေ။

 

ထို့အပြင် ရှစ်ယဲ့က အိမ်ရှေ့စံဖြစ်၏။ သူက သားတစ်ဦးကို အလိုမရှိဘဲ မနေပေ။

 

ဝမ်ချီ မူလက သူ့ဝမ်းတွင်းရှိ ကလေးလေးအား ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ သူက မိန်းကလေးကိုပင် ပို၍ လိုချင်ခဲ့သည်။ သူ မကူးပြောင်းခဲ့စဉ်က အခြားလူများကို ကူညီရင်း ကလေးများစွာကို ကြည့်ပေးခဲ့ဖူးသည်။ သူဂရုစိုက်ပေးခဲ့ရသည့် ယောက်ျားလေး အများစုက ပြောဆိုရခက်လှပြီး မိန်းကလေးများကမူ နာခံလွယ်လေ့ရှိ၏။

 

ရှောင်ရွှမ်ကျီနှင့် မိန်းမစိုးများက ဝမ်ချီ၏ အမူအရာကို အကဲခတ်နေကြသည်။ ဝမ်ချီ၏ ခံစားချက်များ အလေးအနက် ဖြစ်လာသည်ကို တွေိ့လိုက်ချိန်၌ သူတို့အားလုံး ပါးစပ်ပိတ်လိုက်ကြ၏။

 

….

 

ထိုနေ့ညက ဝမ်ချီ၏ စိတ်အစဉ်မှာ ရှောင်ရွှမ်ကျီပြောခဲ့သည်များနှင့် ပြည့်နှက်နေသည်။ သူက အိပ်၍ပင် မပျော်နိုင်ခဲ့ချေ။

 

သူက အပြင်ဘက်ရှိကောင်းကင် မီးခိုးရောင်သမ်းလာချိန်အထိ အိပ်မရခဲ့ပေ။

 

ဝမ်ချီ နိုးလာချိန်၌ နေ့လည်ပင် စောင်းလေပြီ။

 

လက်ရှိအချိန်မှာ နွေဦးရာသီဖြစ်သည့်တိုင် အပြင်ဘက်တွင် အေးစိမ့်နေဆဲဖြစ်၏။ ယောထောင်နှင့် ယောဖန်းတို့က သူ့အိပ်ရာအရှေ့၌ မီးဖိုတစ်လုံး ပြင်ဆင်ပေးထားကြသည်။ ကျောက်မီးသွေးများက လောင်ကျွမ်းနေပြီး အခန်းတစ်ခုလုံးကို နွေးထွေးစေလျက်ရှိ၏။

 

ဝမ်ချီက ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် အိပ်ချင်မူးတူး ဖြစ်နေလေသည်။ သူက သူ့ကိုယ်သူ ဆန်ဖက်ထုပ်တစ်လုံးနှယ် ခြုံစောင်ဖြင့် ရစ်ပတ်လိုက်ရင်း အိပ်ရာ၏ ခေါင်းရင်း၌ ထိုင်လိုက်၏။

 

ထိုအချိန်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။ တစ်စုံတစ်ဦးက လမ်းလျှောက်နေစဉ် သစ်ကိုင်းခြောက်အား တက်နင်းလိုက်ပုံရသည်။

 

ထိုအသံက တစ်ကြိမ်သာ ထွက်ပေါ်လာခဲ့သော်လည်း ဝမ်ချီကမူ သေသေချာချာ ကြားလိုက်၏။

 

ဝမ်ချီ တောင့်ခဲသွားကာ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

 

အိပ်ခန်းထဲတွင် မီးဖိုရှိနေသည်ဖြစ်ရာ ယောဖန်းနှင့် ယောထောင်တို့က ပြတင်းတံခါးကို စေ့စေ့မပိတ်ဝံ့ကြချေ။ သူတို့က သစ်သားချောင်းများဖြင့် တံခါးရွက်များကို ကန့်လန့်ခံထား၍ ဝမ်ချီက ပြတင်းအပြင်ဘက်ရှိ နှင်းများဖုံးလွှမ်းနေသော မြေပြင်ကိုပင် တွေ့နေရသည်။

 



💮💮💮