Chapter 232
Viewers 32k

🌍Chapter 232




တဖက်တွင် ဂျက်က ဟိန်း​ဟောက်လျက် ​​မြေကြီးကို​ဆောင့်၍ မြင့်မား​သော ဂိတ်တံခါးဆီ ခုန်ပျံသွားခဲ့သည်။ သူသည် ထိုအရိပ်၏ ပုခုံးကို ဖမ်းဆုပ်လိုက်ချိန် ထန်​မော့လည်း​ရောက်ရှိလာခဲ့သည်။ ဖမ်းမိသွား​သော လူမှာ ပူပန်ခြင်း အနည်းငယ်မျှမရှိပဲ ဂျက်ကိုလှည့်ကြည့်လာခဲ့သည်။


ထန်​မော့လည်း တစ်ဖက်လူ၏ မျက်နှာအား​တွေ့လိုက်ရ​လေသည်။


၄င်းမှာ ကင်း​ခြေများများ တွားသွား​နေသည့်နှယ် မျက်နှာတစ်ခုလုံး ရုပ်ဆိုးဆိုးအမာရွတ်များနှင့် ပြည့်​နေ​သော လူလတ်ပိုင်း ​ယောကျာ်းတစ်ဦးဖြစ်သည်။ သူသည်ဂျက်အားအလွန်ပြင်းထန်​သော မျက်လုံးများနှင့် ကြည့်လာခဲ့သည်။


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá အကြည့်များမှာ ထိုလူ၏ လည်တိုင်ထံတွင် ရပ်တန့်သွားခဲ့သည်။ ထိုစဥ် ထိုလူမှာ ​လှောင်ရယ်လာရာထန်​မော့ အမြန်သတိ​ပေးလိုက်ရသည်။


"ဂျက်သတိထား"


ထိုလူလက်ကို​မြှောက်လိုက်သည်နှင့် ​ငွေ​ရောင်အပ်ဒါဇင်​ကျော်ခန့်​လေထဲတွင်​ပေါ်လာခဲ့သည်။ ဂျက် အလျင်အမြန်​ရှောင်ရန်ပြင်လိုက်​သော်လည်း ၄င်းမှာ နီးကပ်လွန်း​နေခဲ့သည်။ သူ၏ဘယ်လက်မှာ အပ်၂​ချောင်းခန့်စိုက်၀င်သွားလျက် ​​သွေးများတမဟုတ်ချင်းစီးကျလာခဲ့သည်။


လူလတ်ပိုင်းက ထန်​မော့နှင့် ဂျက်တို့၏ လည်ပင်းကို ကြည့်လျက်သ​​ရော်လာခဲ့သည်။ 


"မိနစ်၂၀​ပေါ့"


သူလက်ကို​နောက်တစ်ကြိမ်ထပ်​မြှောက်လိုက်ပြီး ​ငွေအပ်၂၀ခန့်ထပ်​ပေါ်လာခဲ့​လေသည်။ ၁၀​ချောင်းမှာ ထန်​မော့ဆီ​ပြေး၀င်လာပြီး ကျန်၁၀​ချောင်းမှာ လဲကျသွား​သော ဂျက်ထံ​ပြေး၀င်သွားခဲ့သည်။


ထန်​မော့၏ အမူအရာပျက်ယွင်းသွားလျက် ​ရှေ့သို့​ပြေးသွားရန် တွန့်ဆုတ်မ​နေခဲ့​​ချေ။ သူဂျက်ကို ​ဘေးသို့ဆွဲဖယ်လိုက်သည်။ သူဂျက်ကိုဖယ်လိုက်ပြီးသည်နှင့် ဂျက်ရှိ​နေခဲ့​သော​နေရာတွင် အပ်၁၀​ချောင်းခန့်စိုက်၀င်သွားခဲ့သည်။ 


ဂျက်က​သတိ​ပေးလာခဲ့သည်။


"ထန်​မော့ သူ့မှာ ၁၄၆၂မိနစ်ရှိတယ်"


ထန်​မော့ ဂျက်ကိုဆွဲလျက် အပ်များထံမှ ​ပြေးလွှား​နေရင်းမှ ဆိုလာခဲ့သည်။ 


"ကျွန်​တော်​တွေ့တယ်"


ထိုလူ၏ စတီးအပ်များမှာ အဆုံးမရှိသလိုပင်။ သူကဆက်တိုက်လက်ကို​မြှောက်လျက် ပစ်ခတ်​နေပြီး ထန်​မော့နှင့် ဂျက်အား ပြန်လည်တိုက်ခိုက်ရန်အခွင့်အ​ရေးကို မ​ပေးခဲ့​ချေ။


ထိုလူ၏ရယ်သံမှာ ကျယ်၀န်း​သော ခြံ၀န်းအတွင်းပဲ့တင်ထပ်သွားခဲ့သည်။


"မိနစ်၂၀​လေး​တွေ...မင်းတို့​ပြေးတာ​နှေးလှချည်လား"


ယ​ခု​လေးတင် ဂျက်၏ ​​ခြေသလုံးကို တစ်​ချောင်းထပ်မံ​ဖောက်၀င်သွားလျက် ထန်​မော့၏ ညာလက်မှာလည်း အနည်းငယ်ခြစ်မိသွားခဲ့သည်။ သူ၏လက်ခလယ်မှာ ပြတ်ထွက်လုနီးနီးပင်။ ထိုအပ်များ၏ ဦးတည်ရာကိုခန့်မှန်းရင်း အရှိန်မှာ တဖြည်းဖြည်း​နှေးလာခဲ့သည်။ ထိုလူမှာ သူတို့အားအနည်းငယ်မှ အ​လေးအနက်မထားပုံဖြင့် ဆက်တိုက် ​လှောင်ရယ်​နေခဲ့သည်။


ထိုတဖက်သတ်ဖိနှိပ်မှုမှာ ၅မိနစ်မျှကြာပြီး​နောက် ထန်​မော့အခွင့်အ​ရေးတစ်ခုကိုဖမ်းဆုပ်မိသည့်အချိန်တွင် ရပ်တန့်သွားခဲ့သည်။ ထိုလူမှာ ထန်​မော့ အပ်ကို ရပ်တန့်နိုင်လိမ့်မည်ဟု ထင်မထားခဲ့​ချေ။ ထိုလူမှာ တစ်ခုခုမူမမှန်ဟု ခံစားလိုက်ရချိန်မှာပင် ထန်​မော့နှင့် ဂျက်မှာ သူ၏ဘယ်နှင့်ညာမှ​ပြေး၀င်လာခဲ့ကြသည်။


ထိုလူ လက်ကို​မြှောက်လျက် ​ဒေါသတကြီးဟိန်း​ဟောက်လာခဲ့သည်။


"၀က်​တွေကများ..အသက်ဘယ်လိုရှင်ရမလဲမသိကြဘူးပေါ့"


သူ​ပြော​နေချိန်မှာပင် လက်နှစ်​ချောင်းကို​မြှောက်လျက် ​ငွေအပ်များ ဒါဇင်​ကျော်ခန့်​ပေါ်လာခဲ့ပြန်သည်။ ၅​ချောင်းမှာ ဂျက်ကို ချိန်ထားပြီး ကျန်၁၉​ချောင်းမှာ ထန်​မော့အားဦးတည်​နေခဲ့သည်။ 


ထန်​မော့ ထီးက​လေးကို​မြှောက်လိုက်လျှင် စတီးအပ်များမှာ ထီးမျက်နှာပြင်ကို ရိုက်ခတ်သွားကာ တွန်းကန်အား​​ကြောင့် ၂လှမ်းခန့်​နောက်ဆုတ်လိုက်ရသည်။ တဖက်တွင်​တော့ ဂျက်မှာ ထိုအပ်များကို တိုက်ရိုက်​ရှောင်ရှားလိုက်ပြီး သူ၏လက်သီးဖြင့် ထိုလူကို ထိုးချလိုက်သည်။


ထိုလူမှာ ပုံပန်းမကျစွာ​မြေတွင်လှိမ့်လျက် ထိုလက်သီးချက်ကို ​ရှောင်ရှားလိုက်၏။


ဂျက်၏ လက်သီးချက်မှာ လျင်မြန်လွန်း၍ သူမတ်တပ်မရပ်နိုင်ခင်မှာပင် ​နောက်တစ်ကြိမ်လဲကျသွားခဲ့သည်။ ထိုလူမှာ လက်ကို​မြှောက်လျက် စတီးအပ်များကို ပစ်ရန်ပြင်လိုက်စဥ်မှာပင် ဂျက်၏ လက်သီးမှာ တဖန်ထိုးချလိုက်ပြန်သည်။


 á€‘á€­á€Żá€œá€°áá€Ąá€™á€°á€Ąá€›á€Ź ​ပြောင်းလဲသွားခဲ့သည်။ 


"​မင်းတို့ကို​နောက်တစ်ကြိမ်မှ သတ်​ပေးမယ်"


ထို့​နောက် ထွက်​ပြေးရန်ပြင်လိုက်သည်။ သို့​သော် သူမ​ပြေးနိုင်ခင်တွင် သူ၏​ခြေလှမ်းတို့ ချက်ချင်းရပ်တန့်သွားရသည်။


လူလတ်ပိုင်းလူကြီးမှာ ​ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လျက် ​ချော​မော​သောလူရွယ်​လေးအား ထိတ်လန့်စွာ ကြည့်လာခဲ့သည်။


​တောက်ပ​သော​နေ​ရောင်​အောက်တွင် ပန်း​ရောင်ထီး​လေးမှာ သူ၏လည်ပင်းကို​ထောက်ထားခဲ့သည်။ ထန်​မော့ ထီးက​လေးကို​​ထောက်ထားရင်း ညာလက်မှာ ​ရေပြင်ညီသဏ္ဍာန်လှုပ်ရှားသွားလျက် ထိုလူ၏​ပြေး​ပေါက်ကို ပိတ်ထားလိုက်သည်။ ထိုလူမှာ ​မည်သို့​ပြေးရမည်ကို စဥ်းစား​နေစဥ် ထန်​မော့ လက်ဖ၀ါးကိုလှန်လိုက်ရာ ရာဘာကြိုးတစ်​ချောင်း ​ပြေးထွက်လာပြီး ထိုလူ၏လက်ကို ချည်ထားလိုက်​လေသည်။


လူလတ်ပိုင်း​ယောကျာ်းကြီး ထိတ်လန့်သွားခဲ့သည်။


"ဘာကြီးလဲ"


ထိုရာဘာကြိုးက သူ့အားလျင်မြန်စွာ​ချည်​နှောင်သွားခဲ့သည်။ သူရုန်းကန်ပါ​သော်လည်း ၄င်းကို ဘယ်လိုမှ ဖြည်၍မရ​ချေ။


ချန်ရှန်းရှန်း အပြင်မှပြန်၀င်လာခဲ့သည်။ ၃​ယောက်သားသည် ချည်​နှောင်ခံထားရ​သော လည်ပင်းတွင် ဂဏန်း​လေးလုံးဖြင့်လူကိုကြည့်လိုက်ကြသည်။


ချန်ရှန်းရှန်းကထိုနံပါတ်များကို အ​လေးအနက်ဖြင့် ​ရေရွတ်လိုက်သည်။


"1456"


မှန်၏။ ထန်​မော့စမြင်စဥ်က ထိုလူ၏လည်ပင်းမှ နံပါတ်များမှာ 1462ဖြစ်သည်။ ယခု၆မိနစ်ကုန်လွန်သွားပြီဖြစ်၍ 1456သာကျန်ရစ်​လေသည်။ 


ထန်​မော့ လည်ပင်းတွင် နံပါတ်များရှိ​သော လူလတ်ပိုင်း အမျိုးသမီးကြီးတစ်ဦးကိုမြင်ဖူး​သော်လည်း ဤလူ​လောက်​တော့ မများ​ချေ။


ချန်ရှန်းရှန်းကဆိုသည်။ 


"တိုက်အဖွဲ့ရထားတဲ့ သတင်း​တွေထဲမှာ လည်ပင်းမှာ နံပါတ်ချိတ်ထားတဲ့ ကစားသမားက အ​ယောက် ၃၀၀​ကျော်ရှိတယ်တဲ့ သိပ်မများဘူး"


၃​ယောက်လုံးမှာ ထိုလူလတ်ပိုင်းကြီးကို ကြည့်လိုက်ကြသည်။


ထန်​မော့၏ မျက်လုံးတို့ ကျဥ်း​မြောင်းသွားလျက် ​အေးစက်စွာ​မေးလာခဲ့သည်။


"မင်းကဘယ်သူလဲ"


လူလတ်ပိုင်းကြီးမှာ ထိုကြိုးကို လွတ်​အောင်မရုန်းနိုင်သည်ကို​တွေ့​သော် ဖြူ​ဖျော့သွားခဲ့​လေသည်။ ဤလူရွယ်နှင့် နိုင်ငံခြားသားမှာ သူခန့်မှန်းထားသည်ထက် သန်မာလွန်း​နေခဲ့သည်။ ထန်​မော့၏ ​မေးခွန်း​ကြောင့် သူ၏မျက်နှာ​ပေါ်တွင်ခံစားချက်မျိုးစုံဖြတ်​​ပြေးသွားလျက် အံကိုကြိတ်ကာဆိုလာသည်။


"လီချောင်ချန်း"


ထို့​နောက် ထိုလူမှာ မျက်လုံးကိုမှိတ်လျက် ထန်​မော့၏စကားကို ​စောင့်​နေခဲ့သည်။ သူ၁၀စက္ကန့်မျှ​​စောင့်​နေသည့်တိုင် မည်သည့်တုန့်ပြန်မှုကိုမှ မကြားခဲ့ရ​ချေ။ သူသည် ထူးဆန်း​သော အမူအရာဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်​သော် ၀က်၃​ကောင်မှာ သူ​ပြော​သော စကားကိုမကြားသည့်နှင့် သူ့အား မှင်​သေ​သေဖြင့် စိုက်ကြည့်​​နေခဲ့ကြသည်။


လူလတ်ပိုင်း လူကြီးက​အော်ဟစ်လာခဲ့သည်။


"​ပြော​နေတယ်​လေ ငါက လီ​ချောင်ချန်းလို့" 


ဂျက်က​မေးလိုက်သည်။


"လီ​ချောင်ချန်းက ဘယ်သူလဲ"


"မင်းငါ့ကိုမသိဘူးလား"


လူလတ်ပိုင်းကြီးမှာ မယုံကြည်စွာ​မေးလာခဲ့သည်။


ဂျက်မှာ'မင်းကနာမည်ကြီးလား ငါတို့ကမင်းကိုသိရမှာလား'ဟု ​မေး​​တော့မလို့ပင်။ ထို့စဥ် ထန်​မော့ သူ့အားတားလိုက်သည်။ သူသည် ထိုလူအားကြည့်လိုက်ကာ တည်ငြိမ်စွာဆိုလာခဲ့သည်။ 


"နာမည်ကိုထားလိုက်..အဆင့်ဘယ်​​လောက်လဲ"


လီ​ချောင်​ချန်း အံကိုကြိတ်လိုက်သည်။


"၈၉"


ဂျက်ပင်လျှင် ၄င်းကို နားလည်လေသည်။


ထန်​မော့တို့ သူ့အား မသိသည်အတွက် အံ့သြသွားသည်မှာ မထူးဆန်း​​တော့။ သူသည် အချိန်အဆင့်ဇယား​ပေါ်မှ ကစားသမားဖြစ်သည်။ ထန်​မော့သည် ထိပ်ဆုံးမှာ အ​ယောက်၅၀၏ နာမည်များကိုသာ သိကာ ​ထို​အောက်မှ သူများကိုမူမသိ​ချေ။ 


သူတို့တွင် ဂျက်တစ်​ယောက်သာ ထိုလူ၏ သရုပ်မှန်​ကြောင့် အံ့အားသင့်သွားခဲ့သည်။ ထန်​မော့နှင့် ချန်ရှန်းရှန်းမှာ မူ လီ​ချောင်ချန်းကို သိနှင့် ပြီးသားနှယ် အမူအရာပင်​ပြောင်းလဲမသွားခဲ့​ချေ။


သို့​သော် ထို၃​ယောက်ကို စိုက်ကြည့်​နေ​သော လီ​ချောင်ချန်း၏ မျက်နှာမှာမူ ​ပြောင်းလဲသွားခဲ့သည်။


"မဟုတ်ဘူး..မင်းတို့က ၀က်​တွေမဟုတ်ဘူး...၀က်​​တွေကဒီ​လောက်မသန်မာနိုင်ဘူး..ပြီး​တော့ မင်းငါ့ကို လိမ်​နေတာ မင်းငါ့ကို လုံး၀မသိဘူး" 


သူသည်ထန်​မော့ကိုစိုက်ကြည့်လျက် သူ၏အသံမှာ တုန်ယင်​နေခဲ့သည်။


"ဘယ်သူ​တွေလဲ မင်းတို့က ဘယ်သူ​တွေလဲ"


"မင်းတို့ကဘာ​တွေလဲ"


လီ​ချောင်ချန်း၏ ​အော်သံမှာ ခြံ၀န်းထဲ ပဲ့တင်ထပ်သွားခဲ့သည်။ လီ​ချောင်ချန်းမှာ သူ၏​ရှေ့မှ လူ၃​ယောက်ကို စိုက်ကြည့်လျက် ​​​ဖောက်မြင်ရရန်ကြိုးစား​နေခဲ့သည်။ သို့​သော် ထန်​မော့နှင့် ချန်ရှန်းရှန်းမှာ သူ၏စကားများကိုသာ  တည်ငြိမ်စွာနား​ထောင်​နေခဲ့ပြီး အမူအရာတစ်ချက်မှာ မယွင်းခဲ့​ချေ။ တဖက်တွင်​တော့ ဂျက်မှာ တဖက်လူ၏စကားကို ​ကောင်း​ကောင်းနားမလည်၍ ထူးထူးခြားခြားမတုန့်ပြန်ခဲ့​ချေ။


ထန်​မော့ ထို​ကြောက်ရွံ့​နေ​သော ကိုယ်​ပျောက်လူသားကို ​အေးစက်စွာ ကြည့်လိုက်သည်။ သူ၏အမူအရာက တည်ငြိမ်​နေ​သော်လည်း သူ၏​ခေါင်းထဲတွင်မူ အ​တွေးမျိုးစုံဖြတ်​ပြေးသွားခဲ့သည်။


ကိုယ်​ပျောက်လူသားများမှာ ကမ္ဘာ၂ခု ​​ပေါင်းစပ်လာခြင်းကို မသိ​ချေ။


အစကတည်းက ထန်​​မော့ ၄င်းကို ထူးဆန်းသည်ဟု ခံစားရသည်။ အနက်​ရောင်​မျှော်စင်က အမြဲတမ်းမျှတခဲ့သည်။ ယခုတွင် ကမ္ဘာ၂ခုမှာ ​ရုတ်တရက်ပေါင်းစပ်လာကာ အနက်​ရောင်​မျှော်စင်က သူတို့အား ထိုအ​ကြောင်းကို သတိမ​ပေးခဲ့​ချေ။ သို့​သော် ထိုကိုယ်​ပျောက်လူသားများမှာ​တော့ ကမ္ဘာ၂ခုကြား စိတ်ကြိုက်သွားလာ​နေခဲ့သည်။ ၄င်းမှာ ရှင်ကျန်ရစ်​သော ကစားသမားများအတွက် အလွန်မမျှတခြင်းဖြစ်သည်။


ထန်​မော့ လ၀က်မျှအချိန်ယူလျက် ပိုင်ရို့​ယောင်​ပြောခဲ့​သော ကိုယ်​ပျောက်လူသားများနှင့် အချိန်အဆင့်ဇယားအ​ကြောင်း ကို​လေ့လာထားခဲ့သည်။ အဖွဲ့အစည်းမရှိ​သော သာမာန်ကစားသမားများမှာ ထိုသတင်းကို သိရန် အချိန်အ​တော်ယူရမှာပင်။ ထိုကစားသမားများမှာ ကိုယ်​ပျောက်လူသားများထံတွင် ၀က်ဟုအ​ခေါ်ခံ​နေရသည်ကို မသိ​ပေ။ သူတို့အားမည်သူကသတ်သွားသည်နှင့် အဘယ်​ကြောင့် သတ်သွားသည်ကိုလည်း မသိကြ​ချေ။


မူလတွင် ထန်​မော့သည် အနက်​ရောင်​မျှော်စင်က ထိုမတရားမှုကို တမင်ဖန်တီးထားခြင်းဟု ထင်ခဲ့သည်။


လွန်ခဲ့​သော နှစ်၀က်ခန့်က လူ​ပေါင်း ၆ဘီလျံခန့်မှာ ကမ္ဘာ​ပေါ်မှ ​ပျောက်ကွယ်သွားခဲ့ရသည်။ဤလူ​များ ဘာကိုကြုံ​တွေ့ခဲ့ရသလဲ ထန်​မော့မသိ​ချေ။ 


သူတို့မှာ အနက်​ရောင်​မျှော်စဥ်ကို ဆက်တိုက်စိန်​ခေါ်ရပြီး ဂိမ်းများတွင် မရပ်မနားပါ၀င်​နေရသည်လည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆို​စေ အချိန်အဆင့်ဇယား၏ တည်ရှိမှုအရ ထို၆ဘံလျံမျှ​သော လူတို့မှာ ကမ္ဘာ​ပေါ်ကလူများထက် ပို၍ ရက်စက်ကြမ်းတမ်းမှုကိုဖြတ်​​ကျော်ခဲ့ရမှန်း သိသာလှသည်။


လူ​ပေါင်း ၆ဘီလျံမှာ အဆုံးမဲ့ ရက်စက်မှု လူမ​ဆန်မှုတို့နှင့် ပြည့်နှက်​နေ​သော ကမ္ဘာတွင် နှစ်၀က်မျှ ​နေထိုင်ခဲ့ရကာ ယခုမူ ​မျှော်စင်ဗားရှင်း 4.0နှင့်အတူ ကမ္ဘာ၂ခု​ပေါင်းစပ်ကာ ကမ္ဘာ​ပေါ်သို့ ပြန်​ရောက်လာကြ​ချေပြီ။ သူတို့သည်(ကံဆိုးစွာ ဂိမ်းထဲမ၀င်​​​ရောက်နိုင်ခဲ့မှု​ကြောင့်) မတရားမှုကိုခံစားခဲ့ကြပြီးဖြစ်ကာ  ယခုမူအနက်​ရောင်​မျှော်စင်မှ သူတို့အား ဤကဲ့သို့ တရားမျှတမှုကို​ပေးလာခဲ့သည်။ (ကမ္ဘာကစားသမားများသည်သူတို့တည်ရှိမှုကိုမသိ)


ကြည့်ရသည်မှာ အနက်​ရောင်​မျှော်စင်မှာ မျှတပုံပင်။ 


ထန်​မော့ အိတ်ကပ်ထဲလက်ထည့်လျက် ​ရေရွတ်လိုက်သည်။ 


"ကံ​ကောင်းခြင်းက သန်မာမှုတစ်ခုပဲ..ဘယ်တုန်းကမှ မမျှမတမဖြစ်ခဲ့ဘူး"


လူလတ်ပိုင်းကြီးသည် ၄င်းကိုကြား​သော် ထန်​မော့ကို လှည့်ကြည့်လာခဲ့သည်။ ​


တောက်ပ​သော​နေ​ရောင်က လူရွယ်၏ မျက်နှာ​ပေါ်သို့ဖြာကျ​နေပြီး သူ၏လည်ပင်းတွင် ဘာနံပါတ်မှ မရှိ​ချေ။ သို့​သော် လီ​ချောင်ချန်း ဖိအားကို ခံစား​နေခဲ့ရပြီးဖြစ်သည်။ 


သူသည်ဤကဲ့သို့ခံစားချက်မျိုးကို အချိန်အဆင့်ဇယားမှ ​သွေးရူး နံပါတ်၃၆ကို​တွေ့စဥ်ကလည်း ခံစားခဲ့ရဖူးသည်။


လီ​ချောင်ချန်း၏ ဦး​နှောက်မှာ လျင်မြန်စွာ အလုပ်လုပ်​နေခဲ့သည်။ သူအချိန်အဆင့်ဇယား​ပေါ်တွင် ၀င်​ရောက်နိုင်သည်ဆိုသည်မှာ လူအများကြီးသတ်ခဲ့ရုံ​ကြောင့်သာမဟုတ်ပဲ ငတုံးလည်းမဟုတ်​ချေ။ ထန်​မော့၏ ဆိုလိုရင်းကို နားလည်ရန် အချိန်ခဏမျှသာယူလိုက်ရပြီး သူသည်ထိတ်လန့်မှု​ကြောင့် တုန်ရီသွားခဲ့သည်။


"မင်း...မင်းက ပြန်လာသူ​မဟုတ်ဘူး..မင်း ကံ​ကောင်းတဲ့အဲဒီ ​သောက် လူ​ပေါင်းသန်း၄၀၀ထဲကတစ်​ယောက်ပဲ"


ဂျက် စဥ်းစားသွားခဲ့သည်။


"ပြန်လာသူဟုတ်လား.."


လီ​ချောင်ချန်းမှာ ချက်ချင်း သူ၏ပါးစပ်ကိုပိတ်လိုက်သည်။ သူသည်ထန်​မော့ ချန်ရှန်းရှန်းနှင့် ဂျက်တို့အားထူးဆန်းစွာကြည့်လိုက်သည်။


ထို့​နောက် ရူးသွပ်စွာရယ်လိုက်​လေသည်။ သူ၏မျက်နှာ ကြွက်သားများမှာ လှုပ်ရှားသွားလျက် အမာရွတ်များမှာ တွားသွား​နေသည့်နှယ်။ 


"ငါတို့ပြန်လာပြီလား..ငါတို့ပြန်​​တောင်​ရောက်လာပြီ​ပေါ့"


ထို့​နောက် သူ၏​ရယ်သံမှာ ချက်ချင်းရပ်သွားခဲ့သည်။


"ဟင့်အင်း ငါတို့မ​ရောက်​သေးဘူး..ငါတို့​ရောက်ပြီဆို အနက်​ရောင်​မျှော်စင်က ငါတို့ကို ​ပြောပြမှာ​ပေါ့ ..သတိ​ပေးချက်လည်း မရှိဘူးဒီ​တော့.."


လီ​ချောင်ချန်းက ​ရေရွတ်လိုက်သည်။


"မူ​ဟွေ့ရွှယ်​ကြောင့်လား"


ထန်​မော့တို့ထံမှ အ​ဖြေကို မ​စောင့်ပဲ လီ​ချောင်ချန်းမှာ တစ်​ယောက်တည်း​ရေရွတ်​နေခဲ့သည်။


"ဟုတ်တယ် မူ​ဟွေ့ရွှယ်​ကြောင့်ပဲဖြစ်မှာ လွန်ခဲ့တဲ့ လ၀က်​လောက်က အနက်​ရောင်​မျှော်စင်ကသူ့ကိို ဆုပေးပြီး မူ​ဟွေ့ရွှယ်က ​လေးထပ်​မြောက်ကို ရှင်းဖို့သွားတယ်​လေ...​လေးထပ်​မြောက်က ပြန်လာဖို့ ​သော့ချက်ဖြစ်​နေတာကိုး..ဒါ​ပေမယ့် ဂိမ်းကိုလုံး၀ကြီးမရှင်းနိုင်ခဲ့ဘူး..အဲဒါ​ကြောင့် ငါတို့က အပြည့်အ၀ပြန်မလာနိုင်​သေးတာလား"


၄င်းကို​ပြောပြီး​နောက် လီ​ချောင်ချန်းမှာ တစ်ခုခုကိုနားလည်သွားပုံပင်။ 


သူလက်ရှိအ​ခြေအ​နေကို သိခဲ့သည်။


မိနစ်အနည်းငယ်အတွင်း ထန်​မော့က သူ့အား ဘာမှမ​ပြောရ​သေး​သော်လည်း သူတို့၏စကားလုုံးတချို့နှင့် တုန့်ပြန်မှုတို့မှပင် လီ​ချောင်ချန်းမှာ အမှန်တရားတစ်ခုလုံးကို သိသွားခဲ့သည်။ လီ​ချောင်ချန်းမှာအ​ခြေအ​နေကို နားလည်သွားပြီး​နောက် ပါးစပ်ကို ပိတ်ကာ ထူးဆန်း​သော အပြုံးကြီးကို ​ဖော်ပြလာခဲ့သည်။


ထိုအမှန်တရားကို ​​တွေးနေစဥ်အ​တောအတွင်းတွင် လီချောင်ချန်းက သူ၏လက်မှ ရာဘာကြိုးကို တိတ်တဆိတ်ဖြည်ရန် ကြိုးစား​နေခဲ့သည်။ သို့​သော် သူမည်မျှ ကြိုးစားပါ​စေ မဖြည်နိုင်​ခဲ့​ချေ။ အနည်းငယ်ကြာပြီး​နောက် သူလက်​လျှော့လိုက်​တော့သည်။


လူလတ်ပိုင်း​ယောကျာ်းကြီးမှာ ​မြေ​ပေါ်တွင်ထိုင်ချလျက် သူ၏​ရှေ့မှ လူသုံး​ယောက်ကို ဆိုးရွာ​သော အပြုံးကြီးဖြင့် ကြည့်လာခဲ့သည်။


သူသည်ပြုံးရုံသာပြုံး​နေပြီး ဘာစကားမှမဆို​ချေ။


ဂျက်မှာ ထိုသူ၏အကြည့်​ကြောင့်​ဒေါသထွက်လာခဲ့သည်။


"ဘာကြည့်​နေတာလဲ"


လီ​ချောင်ချန်းမှာနှာမှုတ်လိုက်ကာ ဘာမှမဆို​ချေ။ 


ဂျက်​အော်​ငေါက်လိုက်သည်။


"မင်း.."


ဂျက်အလွန်စိတ်တို​နေခဲ့သည်။  ဤလူမှာ မိနစ်အနည်းငယ်အတွင်း အဘယ်​ကြောင့်အ​ပြောင်းအလဲ မြန်သည်ကို နားမလည်​ချေ။ လွန်ခဲ့​သော မိနစ်ပိုင်းကအထိ ထန်​မော့ထံတွင် အဖမ်းခံရပြီး မလွတ်​မြောက်နိုင်သည်ကို ထိတ်လန့်​နေခဲ့​သေးသည်။ ယခုမူ တစက်​လေးမှ စိတ်ပူခြင်းမရှိ​တော့ပဲ သူများတကာကိုပင် ရန်စ​နေလိုက်​သေးသည်။


သူ၏ ရုပ်ဆိုးဆိုးအပြုံးကြီးမှာ ​နေ​ရောင်ထဲတွင် အလွန်ထင်ရှား​နေခဲ့သည်။



🌍