Chapter 29
Viewers 3k

👾Chapter 29

【မစ္စတာလင်းက နုနယ်လိုက်တာ】 



ဝမ်ထျန်း​ယောင်က အရင်ဆုံး အနားယူချင်​နေပြီး လုအန်းဟယ်က ကိုင်တွယ်စရာ အခြား​သောကိစ္စများရှိနေသဖြင့် လင်းဟန်နှင့်ဟယ့်ယွင်ထင်သည်သာ ညွှန်ကြား​ရေးအခန်းထဲတွင် ကျန်ရှိ​နေ​လေ​တော့သည်။ 


လင်းဟန်က သူသိထား​သည့် အချက်အလက်များကို ဟယ့်ယွင်ထင်အား မည်သို့ အသိ​ပေးရမည်ကို တုံ့ဆိုင်း​နေသည်။ အဆုံးတွင် သူသိထားသည်များက နည်းလွန်း​နေ​လေရာ ပြီးပြည့်စုံသော အနှစ်ချုပ်တစ်ခုအတွက် ပေါင်းစည်းလိုက်ရန်ကလည်း နည်းလွန်း​နေ​သေးသည်။  


သူသာ ဝမ်ထျန်း​ယောင်က စစ်တပ်အုပ်စုဝင်တစ်​ယောက်ဟု ပြောလိုက်ပါက အ​ခြေအမြစ်မရှိဘဲ ပြောလိုက်လျှင် ဟယ့်ယွင်ထင်သည်လည်း ယုံကြည်​ပေးမည် မဟုတ်​ပေ။ 


ဟယ့်ယွင်ထင်မှာ အလုပ်လုပ်​နေဆဲ ဖြစ်ပြီး အ​နှောက်အယှက် ပြု၍ မ​ဖြစ်​ပေ။ သူသည်လည်း နေ့လည်စာ မစားရ​သေးသည့်အပြင် အာဟာရဓါတ်စာများလည်း အသုံးမပြုရ​သေးသဖြင့် ဟယ့်ယွင်ထင်အား အရင်ပြန်သွားမည်ဟုသာ ပြောလိုက်သည်။ 


"ဒါဆို ကျွန်​တော့်အခန်းကို ပြန်သွားပါ​​တော့မယ်... ဗိုလ်ချုပ်" လင်းဟန်က တယဥ်​တ​​ကျေး ပြောလိုက်သည်။ 


သို့​သော်လည်း ဝမ်ထျန်း​ယောင်က သူ့အား အမြဲတမ်း မသက်မသာ ခံစားရအောင် လုပ်​နေသည်။ ထို့​ကြောင့် လင်းဟန်က စာရွက်တစ်ခုကို ဆွဲကာ လက်များကို သုတ်လိုက်သည်။ 


ဟယ့်ယွင်ထင်က တစ်ခဏကြာမှ ပြန်​ဖြေလာခဲ့သည်။ "အို​ကေ" 


လင်းဟန်က ထိုအခိုက်တွင် ဟယ့်ယွင်ထင်တစ်​ယောက် စိတ်​ကောင်းဝင်နေခြင်းမရှိဟု ခံစားလိုက်ရသဖြင့် စပ်စုကြည့်လိုက်သည်။ 


"တစ်ခုခု ဖြစ်​နေတာလား" 


"ဘာမှမဖြစ်ဘူး" 


လင်းဟန်ကလည်း ဟယ့်ယွင်ထင် သူ့အား ပြောပြလာမည် မဟုတ်ဟု တွေးထားပြီးသားဖြစ်ရာ စိတ်မဆိုးမိပေ။ 


"ဒါဆို ကျွန်​တော် သွားနှင့်​တော့မယ်" 


"ခဏ​စောင့်" လင်းဟန် တံခါးကို လက်လှမ်းဟန်အပြုတွင် ဟယ့်ယွင်ထင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပုံရ​သော်လည်း ပါးစပ် ဟလိုက်​လေသည်။ 


“?” 


ဟယ့်ယွင်ထင်၏ အမူအယာက အေးစက်​နေ​သော်လည်း လင်းဟန်ကမူ ထိုသူ အနည်းငယ် စိတ်အ​ခြေအ​နေမ​ကောင်း ဖြစ်​နေကြောင်း ခံစားလိုက်ရသည်


၊ "မစ္စတာလင်းမှာအသန့်ကြိုက်​ရောဂါ ရှိ​တယ်​လေ" 


လင်းဟန်က တစ်ခဏမျှ ကြက်​​သေ​​သေ​သွားပြီး မည်သို့ ပြန်​ဖြေရမည်ကိုပင် မသိ​တော့​ပေ။သူက ဟယ့်ယွင်ထင်အား သူ၏ အ​ခြေအ​နေမှန်နှင့် ဝမ်ထျန်း​ယောင်အား သူ့ဘက်မှ စတင်လက်ဆွဲနှုတ်ဆက်ရသည့် ရည်ရွယ်ချက်အမှန်ကို မ​ပြောနိုင်ပါ​ပေ။ 


"ထားလိုက်​တော့... အဆင်​ပြေတယ်"


 á€Ÿá€šá€şá€ˇá€šá€˝á€„်ထင်မသဏ အ​ဖြေကို မကြားချင်သည့်အလား ခပ်မြန်မြန် ထပ်ပြောလိုက်သည်။ 


ဟယ့်ယွင်ထင်သည်လည်း တံခါးဆီသို့ လျှောက်လာပြီး သူ့လက်ကို လင်းဟန်ထံ ဆန့်တန်း​ပေးလိုက်သည်။


 "နှုတ်ဆက်ပါတယ်... မစ္စတာလင်း" 


လင်းဟန်က ဟယ့်ယွင်ထင်၏ အပြုအမူကို ကြည့်ကာ န​ဝေတိမ်​တောင် ဖြစ်သွား​လေ၏။ ဟယ့်ယွင်ထင်၏ အမူအရာများမှာ တောင့်တင်းကာ ကသုတ်ကရက် ဆန်​နေခဲ့သည်။ 


လင်းဟန် တွေးလိုက်မိသည်။ အရင်တစ်ခါကလည်း နှုတ်ဆက်တယ်လို့ ပြော​ပေမယ့် လက်ဆွဲမနှုတ်ဆက်ခဲ့ကြဘူး​လေ... 


သူ့ထံတွင် သိမ်​မွေ့​သော အသွင်အပြင်များ ရှိ​နေပြီး အဖြူရောင် ယူနီ​ဖောင်းက ဆံနွယ်နက်​လေးများကို ထင်​ပေါ်​စေကာ မျက်လုံး​လေးများက စိုစွတ်​မဲနက်​နေခဲ့​လေသည်။ 


ဟယ့်ယွင်ထင်အား ထိုကဲ့သို့ ကြက်​သေ​သေ​နေ​သော အမူအရာဖြင့် ကြည့်လာ​သောအခါ ထိုသူ၏ မျက်လုံး​လေးများက အနည်းငယ် ပြူးကျယ်​နေခဲ့ပြီး နူးညံ့ကာ အပြစ်ကင်းစင်ပုံ​ပေါ်​နေသည်။ ဟယ့်ယွင်ထင်က လင်းလက်​နေ​သော မှင် ဖြစ်​နေချိန်တွင် ထိုသူက သန့်ရှင်းဖြူစင်​နေ​သော ပန်းချီကားလိပ်ကဲ့သို့ပင် စုတ်ချက်တစ်ခုချင်းစီက တစ်​ယောက်နှင့်တစ်​ယောက် အနုစိတ် ဆွဲထားကြပုံပင်။  


ဟယ့်ယွင်ထင်က မည်သည့်အရှက်တရားကိုမှ ခံစားရသည့်အလား အကြည့်များကို မလွဲဖယ်လိုဘဲ သူ့လက်တစ်ဖက်ကလည်း လေထဲတွင် တန်းလန်းဖြစ်​နေသည်။ 


လင်းဟန်တစ်​ယောက် ဟယ့်ယွင်ထင်၏ ဆိုလိုရင်းအား နားလည်သွားရန် နှစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။ သူက လင်းဟန်နှင့် နှုတ်ဆက်စကား​ပြောရင်း လက်ဆွဲနှုတ်ဆက်လိုသည်။ လင်းဟန်ကမူ လက်ရှိတွင် လက်အိတ်များအား ဝတ်မထားခဲ့​ပေ။ 


အဆုံးတွင် ဟယ့်ယွင်ထင် တွေး​နေသည့်အရာကို နားလည်ရန် တက်တက်ကြွကြွ မကြိုးစားသင့်ဘဲ ထိုသူ၏ အ​တွေးများအတွင်း ထပ်ပြီး ကျမသွားသင့်ဟု သူ့ကိုယ်သူ သိမ်းသွင်းလိုက်ရသည်။ 


သို့​သော်လည်း ယခုတွင် ဟယ့်ယွင်ထင်က သူ့လက်ကို ဆန့်ထုတ်လာ​ပေး​လေရာ  သူ့ဘက်က လက်လွတ်စပယ် လစ်လျူရှုမထားသင့်ဟုလည်း ခံစားလိုက်ရသည်။ 


သူသာ ဟယ့်ယွင်ထင်ကို ငြင်းဆန်လိုက်ရင် ဘာများ ဖြစ်သွားမလဲ... စိတ်မ​ကောင်းဖြစ်သွားတဲ့ အမူအရာ ပြလာမလား... သို့​သော်လည်း ဟယ့်ယွင်ထင်က ယခင်ကတည်းက မပြုံးရယ်တတ်သူ ဖြစ်​လေရာ မျက်နှာအမူအရာ များများစားစား မရှိ​ပေ။ 


ထို့​ကြောင့်ပင် သူ ပျော်​နေသည်ဖြစ်​စေ ဝမ်းနည်းသည်ဖြစ်​စေ မ​ပေါ်လွင်​ပေ။ 


ဟယ့်ယွင်ထင်က သူ တုံ့ဆိုင်း​​​နေသည်ကို တွေ့​သောအခါ လင်းဟန်ကို သတိ​ပေးလာသည့်အလား... ထို့အပြင် သူ့ကိုယ်တိုင်အတွက်လည်း ခြေတစ်လှမ်း ရှာ​နေသည့်အလား နှုတ်ခမ်း​ထောင့်များကို စေ့ပိတ်ကာဖြင့် သူကိုယ်တိုင်ကပင် ထပ်ပြီး ပြောလိုက်သည်။


 "နှုတ်ဆက်ပါတယ် မစ္စတာလင်း" 


ထိုစကားများမှာ ရေကာတာအလား ဖြစ်​ပေါ်လာ​စေသည်။ လင်းဟန်သာ မလုပ်ချင်လျှင် "နှုတ်ဆက်ပါတယ်"ဟု ပြောကာ ထွက်သွားမည် ဖြစ်​သော်ငြား လင်းဟန်သာ ဟယ့်ယွင်ထင်၏ ဆိုလိုရင်းကို နားလည်ခဲ့ပါလျှင်... 


ထိုအ​ကြောင်းကို တွေးမိသွား​သောအခါ သူ့​​ရှေ့မှ လူက တစ်နည်းတစ်ဖုံ ချစ်ဖို့​ကောင်း​နေသည်ဟု လင်းဟန် ရုတ်တရက် ခံစားလိုက်ရသည်။ 


ထိုသူ၏ နှုတ်ခမ်း​​ထောင့်များက အမြဲတ​စေ ဖြောင့်တန်း​​နေကာ မျက်နှာတစ်ခုလုံးက အမြဲတန်း အေးစက်​နေပြီး အေးစက်သော အရာများကို အမြဲတမ်း ပြောဆို​နေတတ်ကာ သူလိုချင်​သောအရာကို ဘယ်​​သောအခါမှ မ​​ပြောခဲ့ပေ။ 


လင်းဟန် မျက်တောင်လေးများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး​နောက် နှလုံးသားထဲတွင် အနည်းငယ် သိမ်​မွေ့​​နူးညံ့လှသော နွေး​ထွေးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ 


သူက နှုတ်ခမ်း​​လေးထက်ရှိ အတွန့်အ​ကွေးလေးကို မ​ပေါ်လွင်စေရန် အ​တော်​လေး ကြိုးစားလိုက်သော်လည်း ထိုအပြုံးက မျက်လုံးလေးများကို ကွေးကျလာ​စေခဲ့သည်။ 


ဟယ့်ယွင်ထင်မှာ ဦးစွာ လက်ကမ်းလာသူဖြစ်ပြီး စိတ်ဖတ်ရမည့်သူလည်း မဟုတ်ခဲ့​ပေ။ 


သူ့ကိုယ်သူ ထပ်ကာထပ်ကာ ပြောလိုက်သည်။ 


"ကောင်းပါပြီ နောက်မှ တွေ့ကြတာ​ပေါ့... ဗိုလ်ချုပ်" 


လင်းဟန် တစ်ခဏမျှ တွေးပြီး​နောက် လက်ဆွဲနှုတ်ဆက်လိုက်သည်။ 


【ငါ့လက်​ပေါ်က သေနတ်ကိုင်ထားတဲ့ အသားမာ​တွေက အရမ်း ကြမ်း​နေလို့ များလား...】 


【သူများ​တွေနဲ့ကျ ဘာလို့ အမြဲတမ်း လက်ဆွဲနှုတ်ဆက်​နေရတာလဲ】


လင်းဟန် တစ်ခဏမျှ အေးခဲသွားပြီး​နောက် တီးတိုးရယ်​မောလိုက်သည်။ 


မင်းသား၏ လက်များနှင့် နှိုင်းယှဥ်လိုက်ပါက ဟယ့်ယွင်ထင်၏ လက်များမှာ အမှန်ပင် ပို၍ ကြမ်းထော်​နေသည်။ ထိုသူက ထိန်းသိမ်း​ရေးအ​ကြောင်းကို ဂရုမစိုက်သည့်အတွက်​ကြောင့်လည်း ဖြစ်နိုင်သလို အချိန်မ​ပေးနိုင်သည်​ကြောင့်လည်း ဖြစ်နိုင်​သေးသည်။


 á€žá€­á€Żá€ˇâ€‹á€žá€ąá€Źá€şá€œá€Šá€şá€¸ ဟယ့်ယွင်ထင်၏ လက်တွင် အနည်းဆုံး အသားမာပါးပါး နှစ်ခု ရှိ​နေသည်။ လင်းဟန်၏ လက်ညှိုးက ၎င်းတို့ကို ဖိနှိပ်လိုက်သည့်အခါ သိပ်မ​ပြေပြစ်ဘဲ လက်​​ချောင်းထိပ်​လေးများတ​လျှောက် ထိသွားသည့် ဘေးပတ်လည်မှ အသားအရည်ထက်ပင် အနည်းငယ် ပို၍ ကြမ်း​ထော်​နေ​သေးပြီး သူ့နှလုံးသားထက်သို့ ထူးဆန်း​​သော စိတ်မ​ကောင်းမှုများ ရောက်ရှိလာခဲ့သည်။ 


သို့​သော်လည်း သူ့လက်များက နွေး​ထွေး​နေပြီး အသိစိတ်လည်း ရှင်းလင်း​နေသည်။ 


ထို့​ကြောင့် လင်းဟန်က အရင်ဆုံး လွှတ်မ​ပေးလိုက်ဘဲ ပါးစပ်ဟကာ ဟယ့်ယွင်ထင်ကို လှမ်း​ခေါ်လိုက်သည်။


 "ဗိုလ်ချုပ်" 


တစ်ဖက်လူ၏ အပြာ​ရောင် မျက်ဆံနက်များက သူ့မျက်နှာထက်သို့ ရွေ့လျားလာခဲ့သည်။ 


လင်းဟန်က သူ့အား အမှန်တရားကို ပြောပြချင်​နေခဲ့​သော်လည်း တစ်ဖက်တွင်လည်း ဟယ့်ယွင်ထင် သူ့အား မယုံကြည်မည်ကို ကြောက်ရွံ့​နေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း သူထိုသို့လုပ်ခဲ့လျှင်ပင် ထိုသူ၏ ယခင်က အတွင်းစိတ်များနှင့် ပေါင်းစပ်လိုက်ပါက ပို၍ ရှက်ရွံ့ဖွယ်ဖြစ်သွား​ပေမည်။ 


သို့​သော်လည်း အလုပ်ဖြစ်နေသော မည်သည့် ခံစားချက်များကိုမှ ထုတ်မ​ပြောနိုင်​ပေ။ ထို့အပြင် ဟယ့်ယွင်ထင် သူ့အား အထင်လွဲသွားမည်ကိုလည်း မလိုချင်ခဲ့​ပေ။ 


ထို့​ကြောင့် လင်းဟန်ကပင် လက်ဦးမှုယူကာ ဟယ့်ယွင်ထင်၏ လက်​ပေါ်မှ အသားမာများကို ထိလိုက်ပြီး​နောက် အမှန်တမဲ့ပုံစံဖြင့် မေးလိုက်​လေသည်။ 


"ဒါက... သေနတ်ကိုင်တာ​တွေ မက်ခါ​မောင်းတာ​တွေက​နေ ရခဲ့တာလား" 


သူက ဟယ့်ယွင်ထင်၏ မျက်လုံးများ၌ အလင်း​ရောင်တစ်ခု ဖြတ်​ပြေးသွားပြီး မျက်လွှာချကာ "အင်း"ဟု ပြောလိုက်သည်ကု တွေ့လိုက်ရသည်။ 


【အသားမာ​တွေ ပျောက်​အောင် ဘယ်လိုလုပ်ရမလဲ】 


“…” လင်းဟန်က သူ၏ ပထမဆုံး တုံ့ပြန်မှုကို ထိုသို့ ဖြစ်​နေမည်ဟု မထင်မှတ်ထားသဖြင့် အ​တွေးထဲတွင် တခဏမျှ နစ်မြောသွားပြီး​နောက် ပြောလိုက်သည်။


 "ဗိုလ်ချုပ်က အလုပ်ကြိုးစားခဲ့တာပဲ" 


ဟယ့်ယွင်ထင်က လင်းဟန်ကို စိတ်ရှုပ်​ထွေး​နေပုံဖြင့် ကြည့်လာပြီး စကားမ​ပြော​ပေ။ 


【ဟမ်】 


လင်းဟန်မှာ ထိုကဲ့သို့​သော ဆက်သွယ်မှုမျိုးက အ​တော်​လေး အသစ်အဆန်း ဖြစ်​နေသည်ဟု ခံစား​နေရသည်။ ဆက်နွယ်ထားသော လက်များမှာ သူတို့နှစ်ဦးအကြား ဆက်သွယ်နိုင်သည့် ကြားခံနယ်တစ်ခုကဲ့သို့ ဖြစ်​နေသည်။ ထို့အပြင် သူက တစ်ဖက်လူက စကား​ကောင်း​ကောင်း မ​ပြောတတ်သည့်တိုင် ဟယ့်ယွင်ထင်၏ နှလုံးသားကို နားလည်မှုလွဲခြင်း မရှိဘဲ ကြိုးစားကြည့်နိုင်သည်။ 


"ကျွန်​တော် ပြောချင်တာ..."လင်းဟန်၏ အသံက နူးညံ​နေသည်။


 "ဒါက ဗိုလ်ချုပ်ရဲ့ အောင်မြင်မှုသက်​သေ​တွေပဲ​လေ... ကျွန်​တော် ဗိုလ်ချုပ်အတွက် အရမ်း ဂုဏ်ယူမိတယ်"


【ဒါဆို သူ မကြိုက်တာမျိုး မရှိဘူး​ပေါ့】 


လင်းဟန်က အထင်လွဲမှုများ လွင့်ပြယ်သွား​ကြောင်း တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားပြီး သူ့လက်ကို လွှတ်လိုက်​တော့မည်အပြုတွင် ဟယ့်ယွင်ထင်၏ အသံက နားထဲသို့ ဝင်လာခဲ့သည်။ 


【မစ္စတာလင်းက အရမ်း သ​ဘော​ကောင်းတယ်】 


ရုတ်တရက်ဆိုသလို လူ​ကောင်းကဒ် ရသွား​သော လင်းဟန်: “…” 


ဟယ့်ယွင်ထင်၏ အ​တွေးများက လူကိုယ်တိုင်ထက်ပင် တဲ့တိုးဆန်​​နေပြီး ယင်းက လင်းဟန်ကြားခဲ့ရသည့် ပထမဆုံးအကြိမ်လည်း မဟုတ်​တော့ပေ။ 


ကံအား​လျော်စွာဖြင့် ဤတစ်ကြိမ်က ယခင်အကြိမ်များထက် အ​တော်​လေး ပို​သင့်​​တော်နေပြီး လင်းဟန်ကလည်း ဒေါသမထွက်မိပေ။ သူက သူ့လက်ကို လွှတ်ကာ နှုတ်ဆက်စကား ပြော​တော့မည်အပြုတွင် တံခါးမှ ဆူညံသံတစ်ခု ထွက်လာခဲ့သည်။ 


"စကားမစပ် ဘောစ့်... အရင်တစ်​ခေါက် ပြောခဲ့တာ..." လုအန်းဟယ်က နို့ခွက်ကို သယ်ရင်း တံခါးကို တွန်းဖွင့်လိုက်သည်။ 


တစ်စက္ကန့်အကြာ သူ့နှုတ်ခမ်းများက ထိန်းမနိုင်သိမ်းမရ ပွင့်ဟသွားခဲ့သည်။ တံခါးကို ဖြတ်ဝင်လာသည်နှင့် ထိုကဲ့သို့​သော မြင်ကွင်းမျိုးကို မြင်လိုက်ရမည်ဟု မထင်မှတ်ထားခဲ့​ပေ။ 


မစ္စတာလင်းက နှုတ်ခမ်းဖျားထက်တွင် အပြုံး​လေးတစ်ခု ရှိ​နေခဲ့ပြီး မျက်လုံးများကလည်း နူးညံ့သိမ်​မွေ့​နေသည်။ ထိုစဥ် အေးစက်​နေသည့် လက်​ချောင်း​ဖွေး​ဖွေး​လေးများမှာ သူ့​​ဘောစ့်၏ လက်ထဲတွင် ရောက်​နေပြီး သူ့​ဘောစ့်၏ အမူအရာက မ​ပြောင်းလဲ​သော်ငြား မစ္စတာလင်းအား ငုံ့ကြည့်​နေချိန်တွင် မျက်လုံးထဲမှ ခံစားချက်များသည်ကား သူအချိန်အ​တော်ကြာ မ​တွေ့ဖူးခဲ့သည့် အရာတစ်ခု ဖြစ်​နေ၏။ 


နှစ်​ယောက်သားက တိတ်တဆိတ်ဖြင့် အချင်းချင်း ကြည့်​နေကြ​သော်လည်း အဆုံးသတ်မှာ သူ့စိတ်ကို ရစ်ပတ်​လာသည်မှာ ယင်းက ချစ်ခြင်းတရားတစ်ခုပင် ဖြစ်ကာ မသဲမကွဲဖြင့် တိတ်ဆိတ်​နေခဲ့သည်။ 


လုအန်းဟယ်မှာ သူ၏ ဖော်ပြချက်က အ​တော်​လေး ကောင်းလှသည်ဟု ခံစားလိုက်ရသည်။ 


သူက ချက်ချင်းဆိုသလို စုတ်သပ်လိုက်ပြီး​နောက် မျက်လုံးများကို နို့ဘူးဖြင့် ကွယ်ကာ အလျင်အမြန် မျက်နှာလွှဲလိုက်သည်။ 


"ဆက်လုပ်ကြပါ.... ရုတ်တရက် လုပ်စရာ ရှိလာလို့"


သူက အလွန်ပင် တွေး​တော​ပေးတတ်ဟန်ဖြင့် တံခါးကိုပါ ပိတ်​​ပေးသွားခဲ့သည်။ 


လုအန်းဟယ်က အလျင်အမြန် ရှောင်ထွက်​ပေးသွားခဲ့​သော်လည်း နှစ်​ယောက်သားမှာ တစ်ချိန်တည်းလိုလို လက်လွှတ်လိုက်ကြပြီး ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။ 


လင်းဟန်တစ်​ယောက် ထိုကဲ့သို့​သောအ​ခြေအ​နေမျိုးနှင့် ကြုံ​တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ရှားရှားပါးပါး ရှက်ရွံ့သွားခဲ့သည်။ သူက မသိစိတ်အရ ဟယ့်ယွင်ထင်၏ အသားမာများအား ထိမိခဲ့သည့် လင်​ညှိုးအရင်းကို လက်မဖြင့် ပွတ်မိ​နေပြီး တစ်ဖက်လူ၏ မျက်လုံးများအတွင်းသို့ မကြည့်ရဲ​တော့​ပေ။ 


နေ့လည်စာ မစားရ​သေးဘဲ အာဟာရဖြည့်စွက်စာများလည်း မသုံး​ဆောင်ရ​သေးသည့်အတွက် အိုမီဂါလေး၏ ခန္ဓာကိုယ်က ပျော့ကျလာပြီး ပင်ပန်းနွမ်းနယ်ကာ အားပြတ်လာခဲ့သည်။ 


လင်းဟန်က အိပ်ချင်စိတ်​လေးများ ဝင်​ရောက်လာခဲ့ပြီး ပင်းပန်းနွမ်းနယ်မှုများကို ထိန်းထားကာ ဟယ့်ယွင်ထင်အား နှုတ်ဆက်ရန် ကြိုးပမ်းလိုက်​သည်။ သို့သော်ငြား အချိန်အကြာကြီး အလုပ်လုပ် ခဲ့ရသည်​ကြောင့်လား စိတ်ဖတ်ခြင်းက အလွန် အားအင်ကုန်ခမ်း​စေသည်​​ကြောင့်လား မသိရ​သော်လည်း ခြေ​ထောက်များက အနည်းငယ် ပျော့​ခွေလာပြီး ခန္ဓာကိုယ်က ယိုင်လဲလာကာ ရှေ့ဘက်သို့ ထိန်းမနိုင်သိမ်းမရ လဲကျသွား​လေသည်။  


ကံ​ကောင်းစွာဖြင့် ဟယ့်ယွင်ထင်က သူ့အား အလျင်အမြန် ဆွဲယူလိုက်သဖြင့် လဲမကျသွားဘဲ ပြန်ပြီး မတ်မတ် ရပ်လိုက်သည်။ 


ဟယ့်ယွင်ထင်က ဤတစ်ကြိမ်၌ သူ့လက်​​ပေါ်ကို အားအနည်းငယ် သုံးလိုက်ပြီး လင်းဟန်၏ လက်​ကောက်ဝတ်အား ဖျစ်ညှစ်လိုက်သည်။ 


【မစ္စတာလင်းက နုနယ်လိုက်တာ】



“……” သူ့ကိုယ်သူ အားနည်းသူဟု မ​တွေးထားသည် မစ္စတာလင်းတစ်​ယောက် မျက်​မှောင်ကြုတ်မိသွား​လေသည်။ သူ စကား​ပြောဖို့ လိုပြီ... 


【ကံ​ကောင်းလို့ သူ မလဲသွားတာ... မဟုတ်ရင် နာသွားရှာမှာ 】 


ထို့​ကြောင့် မစ္စတာလင်း၏ ခပ်တင်းတင်း မျက်ခုံးများမှာ အနည်းငယ် ပြေ​​​​လျော့သွား​လေ၏။ ဟယ့်ယွင်ထင်မှာ လင်းဟန်ကို မလွှတ်​​ပေး​သေးဘဲ မည်သည့်​နေရာမှ မပွန်းပဲ့သွား​ကြောင်း စစ်​ဆေးလိုက်ပြီး​နောက် ဆိုလိုက်သည်။


 "မစ္စတာလင်း... ဒီ​နေရာမှာပဲ နားလိုက်ပါ... တစ်​ယောက်​ယောက်ကို အာဟာရဓါတ်စာတွေ ယူခိုင်းလိုက်မယ်" 


လင်းဟန် မျက်​တောင်​လေးများ တဖျတ်ဖျတ် ခတ်ကာ ငြင်းဆန်ချင်​နေခဲ့သည်။ 


သို့​သော်လည်း သူ၏  Dအဆင့် ခွန်အားက လင်းဟန်အား တုံ့ဆိုင်း​နေ​စေခဲ့သည်။ သူ့အခန်းကို တဖြည်းဖြည်း လမ်း​လျှောက်၍ ပြန်သွားခဲ့လျှင် အားပြတ်မှု​ကြောင့် ကော်ရစ်ဒါမှာပင် လဲကျသွားနိုင်သည်။ 


"ကိုယ် မစ္စတာလင်းကို နှောက်ယှက်မှာ မဟုတ်ဘူး" ဟယ့်ယွင်ထင် ထပ်​ပေါင်း ပြောလိုက်သည်။ သူ ပြောပြီး​နောက် လင်းဟန် မငြင်းဆန်တော့ကြောင်း အတည်ပြုလိုက်ပြီး ဆက်သွယ်​ရေးစက်ကို ဖွင့်ကာ အာဟာရဓါတ်စာနှင့် နေ့လည်စာများ ယူလာခိုင်းလိုက်သည်။ 


အဆုံးတွင် ဟယ့်ယွင်ထင် ကိုယ်တိုင် ဆက်သွယ်​ရေးစက်မှတဆင့် ခိုင်း​စေခဲ့သည်​ကြောင့် သုံးမိနစ်ပင် မကြာလိုက်ဘဲ တပ်တွင်း​ရေးရာ အဖွဲ့​ခေါင်း​ဆောင်ကိုယ်တိုင် တံခါး​ခေါက်ကာ သူမှာထားသမျှ ယူလာ​ပေးခဲ့သည်။ 


လင်းဟန်က ဆိုဖာ​နောက်​ကျောကို ပြန်မှီလိုက်ပြီး ဟယ့်ယွင်ထင်က သူ့အား ရေတစ်ခွက် အရင်ဆုံး ငှဲ့​​ကာ အာဟာရဖြည့်စာကို ယူ၍ အဖုံးဖွင့်​ပေးပြီးမှ သူ့ထံ ကမ်း​ပေးလာခဲ့သည်။ 


"မစ္စတာလင်း... စားပြီးရင် အရင်ဆုံး နားလိုက်ပါ... ကိုယ်..." 


ဟယ့်ယွင်ထင်က ရုံးခန်းကို လှမ်းကြည့်လိုက်သည်။ 


ဘေးမှ အနားယူသည့်အခန်းကို ဝမ်ထျန်း​ယောင်က အပိုင်စီးထားပြီး သူ့​နောက်တွင်လည်း screenမှ ပုံရိပ်များစွာ ပြသထားသည့် စီမံ​ရေး စားပွဲတစ်ခုသာ ရှိကာ ရုံးခန်းထဲမှ ဆက်သွယ်​ရေးစက်ကလည်း အချိန်နှင့်အမျှ အသံမြည်လာတတ်သဖြင့် နေ့လည်စာစားရန် နေရာ​ကောင်း မဟုတ်​​ပေ။ 


ဟယ့်ယွင်ထင် တစ်ခဏမျှ စဥ်းစားလိုက်သည်။ 


တစ်ခဏအကြာ လင်းဟန်မှာ ဟယ့်ယွင်ထင်တစ်​ယောက် ဆုံလည်ကုလားထိုင်မြင့်ကြီးကို screenမျက်နှာပြင်​​​ဘေးသို့ ရွှေ့လိုက်ပြီး ဆိုဖာ​ရှေတွင် အမြင့်ဆုံးသို့ ပြောင်း၍ လင်းဟန်အတွက် အလင်းကာ​ပေးရန် ကြိုးစားလိုက်သည်။ 


သို့​သော်လည်း ကုလားထိုင်တစ်ခုက အလုံးစုံ ကာ​ပေးမထားနိုင်ခဲ့​ပေ။ ထို့​ကြောင့် ထပ်​တွေးကြည့်လိုက်ပြီး​နောက် ဟယ့်ယွင်ထင်တစ်​ယောက် သူ၏ ဝတ်ရုံကို ရှာ​တွေ့သွားသည်။ 


👾