အပိုင်း ၈
Viewers 2k

၈၀ ခုနှစ်၌ ဗီလိန်လေး၏ မေမေအဖြစ် နိုးထလာခြင်း 


အပိုင်း ၈



ထိုလူသည် အရပ်ရှည်ပြီး သူ့မျက်နှာက အညစ်အကြေးများဖြင့်  ဖုံးလွှမ်းနေသည်။



သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် ဖြတ်သွားဖြတ်လာများကြားတွင် သတိမထားမိသော သာမန်အပြာရောင် အဝတ်အစားများနှင့် အနက်ရောင် ဘောင်းဘီများဖြစ်သည်။



ကုရှန်းသည် အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော မွေးရပ်မြေ မီးရထားဘူတာရုံကို ကြည့်လိုက်ပြီး လွမ်းဆွတ်ခြင်း ခံစားချက်က သူ့နှလုံးသားထဲတွင် ပြည့်နှက်နေခဲ့သည်။



ငါ့မိန်းမနဲ့ ကလေး ဘာဖြစ်နေလဲ မသိဘူး။



သူ့မိန်းမနဲ့ ကလေးရဲ့ မျက်နှာတွေကို တွေးရင်း ကုရှန်းရဲ့ နှလုံးသားက ပျော့ပျောင်းလာပြီး သူ့ခြေထောက်တွေရဲ့ လှုပ်ရှားမှုတွေက အရှိန်မမြန်ဘဲ မနေနိုင်တော့ချေ။



အချိန်က နည်းနည်းနောက်ကျပြီး မှောင်နေပြီပင်။ ဖြတ်လာတဲ့ အိမ်တွေက မီးတွေ ထွန်းထားကြသည်။



ကုရှန်းသည် လမ်းကြားကို လျှောက်လာပြီး နောက်ဆုံး သူ့အိမ်တံခါးကို ရောက်သွားသည်။



သူသည် မြွေသားရေအိတ်ကို ခြေရင်းမှာထားလိုက်ပြီး လက်ကိုမြှောက်ကာ တံခါးကိုခေါက်လိုက်သည်။



ခဏအကြာတွင် ကလေး၏ နူးညံ့သောအသံဖြင့် ခြံဝင်းထဲတွင် လှုပ်ရှားမှုအချို့ရှိလာသည်။ "ဘယ်သူလဲ?"



ကုရှန်းက ဘာမှပြန်မပြောပေ။



တံခါးကို ဒုန်းကနဲဖြင့် အမြန်ဆွဲဖွင့်လိုက်သည်။



သော့လာဖွင့်ပေးသော တပေါင်သည် တံခါးအပြင်ဘက်တွင် မုတ်ဆိတ်မွှေးနဲ့ လူတစ်ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။



တပေါင်သည် သူ့မှတ်ဉာဏ်ကို လျင်မြန်စွာ ရှာဖွေခဲ့ပြီး သူ့ကို မသိတာနဲ့ နိဂုံးချုပ်လိုက်သောအခါတွင် သူ့မျက်လုံးများက နိုးကြားလာသည်။ သူက အပေါက်ဝမှာ ရပ်တန့်ဖို့ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး  "ဦးလေး ဘယ်သူ့ကို ရှာနေတာလဲ?" 



အဖေက သူအိမ်မှာမရှိတဲ့အချိန် သူ့အမေကို ကာကွယ်ရမယ်လို့ မှာခဲ့သည်။



ဒီလူဟာ မြင်မြင်ချင်းမှာ အလွန်အန္တရာယ်များပြီး သူ့ကို အိမ်ထဲ၀င်ခွင့်မပေးနိုင်ဘူး။



ကုရှန်းသည် သူ့သား၏ ပုံစံ‌လေးကိုကြည့်ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။



တပေါင်က သူပြုံးနေတာမြင်တော့ သူသည် ပိုကြောက်လာသည်။



သူ့သားကို နောက်ပြောင်မနေတော့ဘဲ ကုရှန်းက နောက်ဆုံးတွင် အပြုံးနဲ့ ပြောလိုက်သည်။ "တပေါင်" 



"ငါ့နာမည်ကို မင်းဘယ်လိုသိတာလဲ?" တပေါင်က အံ့ဩသွားပြီး ရုတ်တရက် ရပ်လိုက်ကာ ဟေး၊ ဘာလို့ ဒီအသံက အဖေနဲ့ နည်းနည်းဆင်နေတာလဲ?



တပေါင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက ကုရှန်း၏ မျက်နှာကို စိုက်ကြည့်ကာ မျှော်မှန်းချက်နဲ့ မသေချာမှုဖြင့် "ဖေဖေ၊ ဖေဖေလား?"



"အရူးသားလေး၊ ငါပဲ!" ကုရှန်းက ရယ်မောကာ ကုန်းလိုက်ပြီး တပေါင်ကို ပွေ့ဖက်လိုက်ကာ သူမျက်နှာနဲ့ သူ့မျက်နှာလေးကို ပွတ်သပ်လိုက်သည်။



တပေါင်သည် ကုရှန်း၏မုတ်ဆိတ်မွှေးဆူးတာကို ခံလိုက်ရပြီး အနည်းငယ် စိတ်မသက်မသာဖြစ်ကာ သူ့လက်လေးများက သူ့မျက်နှာကို တွန်းဖယ်ရန် ရုန်းကန်သည်။ "ဖေဖေ၊ မုတ်ဆိတ်တွေနဲ့ မထိုးနဲ့!"



တစ်ခုခုကို စဉ်းစားပြီး သူသည် ခြံဝင်းဆီသို့ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "မေမေ၊ မေမေ!"



ကုရှန်းက သူ့အော်သံကို လိုက်ပြီး ခြံဝင်းထဲကို ကြည့်လိုက်သည်။



လီယွီလန်သည် ခြံဝင်းလေးထဲတွင် ရပ်နေပြီး အိမ်ရှိ မီးရောင်များသည် တံခါးနှင့် ပြတင်းပေါက်များမှ လင်းလက်ကာ သူမ၏ မျက်နှာတစ်ဝက်ကို ကျရောက်နေသည်။



ကုရှန်းသည် သူ့နှလုံးသားက ရုတ်တရက်ကြီး တတင်းကျပ်သွားတယ်လို့ ခံစားလိုက်ရသည်။



သူသည် မသိစိတ်နဲ့ သူမကို အကြီးကြီး ပြုံးပြလိုက်သည်။



သို့သော် လီယွီလန်က သူ့ကို မျက်စောင်းထိုးလိုက်သည်...



ကုရှန်းသည် သူ၏ လက်ရှိပုံရိပ်ကို သတိရကာ သူ့နှာခေါင်းကို ထိလိုက်ပြီး တပေါင်ကို အရင်ချ၊ သူ့ခြေရင်းက မြွေသား‌ရေအိတ်ကို ပြန်ယူ၊ ခြံတံခါးကို ပိတ်ကာ သူမရှေ့သို့ လျှောက်သွားပြီး ပြောခဲ့သည်။ "ပြန်လာပါပြီ။" 



"အင်း။" လီယွီလန်က နူးညံ့စွာ ပြန်ဖြေခဲ့သည်။



ကုရှန်းအတွက် သူမ၏ခံစားချက်များသည် ယခုအချိန်တွင် အနည်းငယ် ရှုပ်ထွေးနေသည်။ တစ်ဖက်တွင်မူ သူပြန်မလာသည်မှာ ကြာပြီဖြစ်ပြီး စာတစ်စောင်တောင် မရေးခဲ့တာကြောင့် သူမ မကျေနပ်ပါ။ တစ်ဖက်မှာလည်း အဲဒီစာအုပ်ရဲ့ လွှမ်းမိုးမှုရှိနေသည်။



သို့သော် ထိုကဲ့သို့ ဂရုမစိုက်တဲ့ အနေအထားဖြင့် သူ့ကိုမြင်တော့ လီယွီလန်က သည်းမခံနိုင်ဘဲ သူ့ကို မေးလိုက်သည်။ "ရှင် ထမင်းစားပြီးပြီလား?"



ကုရှန်းက ချက်ချင်း ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ အခု ဗိုက်ဆာတယ်။"



"ဒါဆို ရှင်အရင်သွားပြီး ရေချိုးလိုက်ပြီးရင် ရှင်အတွက် ကျွန်မ ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးမယ်။" လီယွီလန်သည် မီးဖိုခန်းထဲသို့ ၀င်သွားသည်။



သူမနှင့် တပေါင်သည် စားပြီးတာ အချိန်ကြာပြီဖြစ်ပြီး ကုရှန်းသည် ယခု ပြန်လာမည်ဟု မမျှော်လင့်ထားတာကြောင့် အိမ်တွင် စားစရာမရှိတော့ပေ။



"ကောင်းပြီ။" ကုရှန်းက ခေါင်းညိတ်သည်။



ရထားပေါ်မှာ တစ်ရက် နှစ်ရက်လောက် ဒုက္ခခံစားလာရပြီး သေအောင် မသက်မသာဖြစ်ခဲ့တာကြောင့် သူလည်း အရင်ဆုံး ရေချိုးချင်သည်။



ကုရှန်းသည် အဝတ်အစားလဲပြီး ရေချိုးဖို့သွားကာ လီယွီလန်က ခေါက်ဆွဲပြုတ်ဖို့အတွက် မီးဖိုချောင်ထဲမှာ ရေနွေးတည်နေခဲ့သည်။



တပေါင်လည်း မီးဖိုချောင်ထဲမှာ ကစားနေသည်။ လီယွီလန်သည် ယခုအချိန်တွင် သူသည် အလွန်စိတ်အခြေအနေ ကောင်းနေပြီး သူ့တစ်ကိုယ်လုံးလည်း ယခင်နေ့များကဲ့သို့ လုံးဝစိတ်လှုပ်ရှားနေပုံနှင့် မတူဘဲ ပေါ့ပါးသွားတာကို မြင်လိုက်ရသည်။



တပေါင်၏ အသွင်အပြင်ကိုမြင်တော့ လီယွီလန်က သက်ပြင်းချလိုက်သည်။



တပေါင်သည် ဉာဏ်ကောင်းပြီး မေးခွန်းတွေ မမေးသော်လည်း အပြင်ကစကားတွေကြောင့် သူသည် သူ့အဖေကို စိတ်ပူနေခဲ့ရသည်။



ရေနွေးပွက်ပွက်ဆူလာတော့ လီယွီလန်သည် ခေါက်ဆွဲခြောက်များကို အိုးထဲထည့်လိုက်ပြီး မွှေကာ ဟင်းသီးဟင်းရွက် အနည်းငယ်ကိုပါ ထည့်လိုက်သည်။



သူမချက်ပြုတ်ပြီးသောအခါ ကုရှန်းသည် ရေချိုးပြီးပြီး ရေငွေ့အပြည့်ဖြင့် ထွက်လာသည်။



သူသည် ရေချိုးပြီးသောအခါ မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးများကို ရိတ်ပစ်လိုက်သည်။ တစ်ကိုယ်လုံး လန်းဆန်းပြီး သပ်ရပ်နေကာ ချောမော၍ ထူးခြားသော မျက်နှာကို ထပ်မံမြင်တွေ့ရသည်။



ရိုးရိုးသားသားပြောရလျှင် ကုရှန်းသည် ကြည့်ကောင်းပြီး လီယွီလန်သည် သူ့မျက်နှာကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့ကို ဆက်သွယ်လိုစိတ်ရှိခဲ့သည်။



တပေါင်သည် နောက်ဆုံးတွင် သူ့အဖေ၏ ရင်းနှီးသောပုံစံကို မြင်ပြီး ချက်ချင်းပြေးသွားခဲ့သည်။



ကုရှန်းသည် အခြေအနေကို အခွင့်ကောင်းယူကာ သူ့ကိုပွေ့ချီပြီး စနောက်ကာ လမ်းလျှောက်လာသည်။ "ငါတို့ သားလေးက သူ့အမေကို အိမ်မှာ ကောင်းကောင်း ကာကွယ်ထားရဲ့လား?"



ဒီစကားကြားတော့ တပေါင်က ရုတ်တရတ် မျက်နှာပျက်သွားသည်။



သူက သူ့နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ကာ အောက်ဆင်းရန် ရုန်းကန်ပြီး မပျော်မရွှင်နဲ့ ထွက်ပြေးသွားခဲ့သည်။



"ဟေး ဘာကိစ္စရှိလို့လဲ?" ကုရှန်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။



သူသည် လီယွီလန်၏ ဆန့်ကျင်ဘက် စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။



"ခေါက်ဆွဲစားရအောင်။" လီယွီလန်က ပြောလိုက်သည်။



ကုရှန်းက သူ့တူတွေကို ကောက်ကိုင်လိုက်ပြီး သူတကယ် ဗိုက်ဆာနေပြီဆိုတာ မပြောဘဲ စားတော့သည်။



လီယွီလန်က သူ့ကို စိုက်ကြည့်ပြီးနောက် စကားပြောဖို့ မစဉ်းစားဘဲ အဝေးကို လှမ်းကြည့်နေသည်။



ခေါက်ဆွဲစားနေတုန်း ကုရှန်းက သူမမျက်နှာကို တိတ်တဆိတ်ကြည့်ခဲ့သည်။



ဤအငွေ့အသက်က အနည်းငယ်မှားယွင်းနေပုံပဲ။



ခေါက်ဆွဲတစ်ပန်းကန်ကို နှစ်ခါသုံးခါလောက် စားပြီးနောက် ကုန်သွားခဲ့သည်။ ကုရှန်းက လီယွီလန်ကို စိုက်ကြည့်ပြီး စဉ်းစားနေသည်။



ကောင်းပြီ၊ မှန်တာပေါ့၊ သူ့မိန်းမက အခုတကယ့်ကို စိတ်အခြေအနေ မကောင်းဘူး။



ကုရှန်းက သူ ဒီတစ်ခေါက် အပြင်ထွက်တာ တော်တော်ကြာခဲ့ပြီး ပျောက်ဆုံးနေတာကြောင့်လို့ တွေးလိုက်သည်။



ခဏလောက်စဉ်းစားပြီးမှ သူက မြွေသားရေအိတ်ကို ယူလာပြီး တပေါင်ကို ခေါ်လိုက်သည်။ "ဝာပေါင်၊ ဒီကိုလာ။"



တပေါင်သည် ကုရှန်းကိုကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။



ခုတော့ သူ့အဖေကိုမြင်ရတာ စိတ်လှုပ်ရှားသည်။ ကုရှန်းက သူ အမေ့ကို ကာကွယ်ထားသလားလို့ မေးတဲ့အခါ တပေါင်က အရမ်းစိတ်မကောင်း ဖြစ်ခဲ့ရသည်။



သူသည် သူ့အမေကို ကာကွယ်ဖို့ အရမ်းကြိုးစားခဲ့ပေမယ့် သူက ငယ်လွန်းသည်။



ဒီရက်ပိုင်းမှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်နဲ့ သူတွေက တံခါးဆီကို လာခဲ့ကြပေမယ့် သူက သူတို့ကို မမောင်းထုတ်နိုင်ခဲ့ဘူး။



ထို့ကြောင့် တပေါင်က သူ့အဖေက သူ့အမေကို ကာကွယ်ဖို့ ပြန်မလာခဲ့ဘူးဆိုပြီး မကျေနပ်ဖြစ်နေခဲ့သည်။



တပေါင်သည် အချိန်အကြာကြီး မရောက်လာသည်ကို မြင်လိုက်ရသဖြင့် ကုရှန်းသည် ရိုးရိုးရှင်းရှင်းပဲ လျှောက်လာပြီး ဗီလိန်လေးကို သူ့ပေါင်ပေါ်တင်လိုက်သည်။



"တပေါင် အဖေ မင်းကို အရုပ်တစ်ရုပ် ဝယ်လာပေးတယ်?"



ကုရှန်းက အရုပ်တစ်ရုပ်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။



နိုင်ငံခြားဆန်ပြီး မိုက်သော အနီရောင်တောက်တောက် ကိုယ်ထည်နှင့် နို့ရောင် အမိုးပါသော ကားလေးတစ်စီး ဖြစ်သည်။



ဤကားသည် အလွန်မိုက်ပြီး အသေးစိတ် ပြည့်ပြည့်စုံစွာ ပြုလုပ်ထားသည်။ ကားအတွင်း၌ အပြာရောင်ထိုင်ခုံများကိုပင် မြင်တွေ့နိုင်သည်!



အနက်ရောင် တာယာလေးလုံးကိုလည်း လှည့်နိုင်သည်။



ကုရှန်းက ကားကို ကောက်ကိုင်လိုက်ပြီး ကားအောက်ခြေရှိ ခလုတ်ကို နှိပ်လိုက်ကာ တပေါင်ကို "ကြည့်၊ ဒီကားက သွားလို့ရတယ်!"



တပေါင်က သူ့ကားကို စားပွဲပေါ်တင်လိုက်ပြီး ကားက "ဝူး" ကနဲ ပြေးထွက်သွားပေမယ့် ကံကောင်းထောက်မစွာပဲ ကုရှန်းရဲ့ မျက်လုံးနဲ့ လက်တွေက မြန်မြန်ဆန်ဆန်ပဲ သူ့ကို လှမ်းဖမ်းလိုက်သည်။ မဟုတ်ရင် မြေပြင်ပေါ် ပြုတ်ကျသွားလိမ့်မည်။



တပေါင်၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ ပြူးကျယ်သွားပြီး ကုရှန်း၏ လက်ထဲမှ ကားကို စိုက်ကြည့်နေသည်။



အခုခေတ်မှာ လမ်းပေါ်မှာ ကားတွေ အများကြီးမရှိပေ။ အရုပ်ကားတွေချည်းပဲ သူတို့က အရမ်းလှပြီး သွားနိုင်သည်။



ကုရှန်းသည် တပေါင်၏ မျက်လုံးများတွင် လိုချင်စိတ်ကို မြင်လိုက်ရပြီး သူ့ရှေ့တွင် ကားကို တမင်တကာ ခါယမ်းကာ မေးလိုကိသည်။ "မင်းလိုချင်လား?" 



တပေါင်၏ မျက်နှာသည် ရုန်းကန်မှုများ ပြည့်နှက်နေသည်။ သူက ဒီကားကို အရမ်းကြိုက်ပေမယ့် သူ တုံ့ဆိုင်းနေတုန်းပင်။ အဖေ့ကို ခွင့်လွှတ်ချင်လား?



လီယွီလန် - "တပေါင်၊ မင်းရဲ့အရုပ်တွေကို ယူပြီး သွားကစား။" 



ဒါကို ကြားတော့ တပေါင်သည် သူ့အမေက အရမ်း …



သူသည် ကားကိုယူဖို့ သူ့လက်လေးကို ချက်ချင်းဆန့်ထုတ်လိုက်ပြီး ကုရှန်းရဲ့လက်ကနေ ကားကိုဆွဲယူလိုက်သည်။ တက်လိုက်ဆင်းလိုက်နဲ့ သူသည် အရုပ်အသစ်လေးတွေယူပြီး အပြင်ထွက်ကာ ကိုယ်ဘာသာ ဆော့တော့သည်။



ကုရှန်းသည် တပေါင် ပြေးထွက်သွားသည်ကို သူ့မျက်လုံးများတွင် အပြုံးဖြင့် ကြည့်နေသည်။



ငါ့သားကို အရင်စိတ်ကျေနပ်အောင် လုပ်တာက တကယ်အသုံးဝင်ပုံရသည်။



ကုရှန်းသည် လီယွီလန်၏ ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်က တစ်စုံတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်ပြီး သူမထံသို့ လက်ချောင်းများဖြင့် တွန်းလိုက်သည်။



လီယွီလန်သည် မျက်လုံးများကို ငုံ့ကြည့်ကာ အနီရောင်အဖုံးပါသော လက်ရှိ ငွေစုစာအုပ် ဖြစ်သည်ကို တွေ့လိုက်ရသည်။



"ကြည့်။" ကုရှန်းက သူမကိုဖွင့်ခိုင်းသည်။



သူက သူမကိုယ်တိုင် ဖွင့်စေချင်တာကြောင့်... သူ့အကြည့်များ‌အောက်ကနေ လီယွီလန်က ငွေစုစာအုပ်ကို ကောက်ကိုင်လိုက်သည်။



သူမသည် ငွေစုစာအုပ်ကို ဖြည်းညှင်းစွာဖွင့်ကာ နံပါတ်များကို တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။



သူမသည် မယုံနိုင်ဘဲ ကုရှန်းကို မသိစိတ်က တစ်ချက်ကြည့်လိုက်ပြီး သူရဲ့ ပြုံးနေတဲ့ မျက်လုံးတွေကို တွေ့ပြီးနောက် ခေါင်းငုံ့ကာ ငွေစုစာအုပ်ထဲက နံပါတ်တွေကို ရေတွက်လိုက်သည်။



ဒဿမ၏ ရှေ့တွင် နံပါတ်တစ်ကို သုံးညငါးလုံး လိုက်နေသောကြောင့် စုစုပေါင်းသည်…ယွမ်တစ်သိန်းလား?!



လီယွီလန်က စားပွဲပေါ်ရှိ ငွေစုစာအုပ်ကို ရိုက်လိုက်ပြီး ကုရှန်းကို "ရှင် ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရတာလဲ?



"စိတ်မပူပါနဲ့၊ ဒီငွေတွေက တရားမဝင် မဟုတ်ဘူးဆိုတာ သေချာပါတယ်။"



တကယ်တော့ ဒီတစ်ကြိမ် အပြင်ထွက်တုန်းက သူ့မှာ တကယ်ကို အန္တရာယ်ရှိခဲ့ပြီး မဟုတ်ရင် သူ ဒီလောက်ကြာကြာ နှောင့်နှေးနေမှာ မဟုတ်ပါဘူး။



ဒါပေမယ့် ယောင်္ကျားက သူ့မိန်းမနဲ့ သားသမီးအတွက် နည်းနည်းတော့ ပင်ပန်းခံတာ ကောင်းပါသည်။ ဘာပဲဖြစ်ဖြစ် အားလုံးပြီးသွားပြီမို့ သူက သူမကို စိတ်ပူအောင် ထပ်ပြောဖို့ မလိုပါဘူး။



လီယွီလန်၏ မျက်နှာသည် အနည်းငယ်လျော့သွားသည်ကို မြင်လိုက်ရသည်နှင့် ကုရှန်းသည် အားစိုက်ထုတ်ကာ မြွေသားရေအိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်လိုက်သည်။



တပေါင်အတွက် ကားနဲ့ ယှဉ်ရင် လီယွီလန်အတွက် သူဝယ်ခဲ့တာတွေက အများကြီး ပိုများသည်။



ဒေါက်မြင့်ဖိနပ်တစ်ရံ၊ ဒီဇိုင်းနာချုပ် နှစ်စုံ အသားအရည် ထိန်းသိမ်း‌ရေး ပစ္စည်းအစုံနှင့် အလှကုန်အစုံပါရှိသည်...



အသားအရည် ထိန်းသိမ်းရေး ပစ္စည်းနဲ့ အလှကုန်တွေအားလုံးကို သူသည် ဆိပ်ကမ်းမြို့ကနေ ဝယ်ခဲ့သည်။



ပစ္စည်းတွေပြည့်နေတဲ့ စားပွဲကိုကြည့်လိုက်တော့ လီယွီလန်၏ မျက်လုံးတွေ လှုပ်သွားသည်။



လွန်ခဲ့သည့်နှစ်နှစ်တွင် ကုရှန်းပြန်လာတိုင်း သူမအတွက် ပစ္စည်းမျိုးစုံ ယူဆောင်လာဖို့ မမေ့ခဲ့ပေ။



အမှန်အတိုင်းပြောရရင် သူသည် ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး ဖခင်ကောင်းတစ်ဦးလည်း ဖြစ်သည်။



လီယွီလန်က နှုတ်ခမ်းကို ဖွဖွကိုက်ပြီး သူ့ကို ပြောလိုက်သည်။ "ဒီကိုလာဦး၊ ကျွန်မ တစ်ခုခုပြောစရာရှိလို့။" 



ကုရှန်းက ချက်ခြင်းထရပ်ပြီး သူမဆီကို သွားသည်။



သူက သူမဘေးမှာ ထိုင်နေတာကိုမြင်တော့ လီယွီလန်က သူ့လက်ကို လှမ်းကိုင်လိုက်သည်။ ကုရှန်းရဲ့ လက်ဖဝါးတွေက ကျယ်ပြီး သူ့လက်ဆစ်တွေက သွယ်လျသည်။ သူက စိတ်လုံခြုံမှုကို ပေးနိုင်သည်။



သူမက ကုရှန်းရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သူသည် နှလုံးခုန်ပေါက်သွားကာ သူမလက်ကို  ချက်ခြင်းပြန်ဆုပ်ကိုင်လိုက်ပြီး သူမလက်ကို ဆွဲညှစ်လိုက်မိသည်။



သူမလက်‌တွေက သူ့လက်တွေထက် အများကြီးသေးငယ်ပြီး ဖြူဖွေးနူးညံ့ကာ သက်တောင့်သက်သာရှိသည်။



လီယွီလန်သည် သူ့ကိုမြင်သောအခါ သူမသည် သူ့လက်ကိုမလွှတ်ဘဲ စကားမပြောခဲ့ပေ။ သူ့ကို စိုက်ကြည့်ပြီးနောက် သူမသည် သူ့လက်ကို သူမဗိုက်ပေါ် တိုက်ရိုက်တင်လိုက်သည်။



ကုရှန်းက ခဏလောက် အံ့အားသင့်သွားပြီး သူ့သားက အပြင်မှာရှိသေးတယ်လို့ တွေးနေပေမယ့် သူ့လက်ချောင်းတွေက သူမဗိုက်ကို ထိလိုက်တာနဲ့ နောက်ဆုံးတော့ တစ်ခုခုမှားနေပြီဆိုတာကို ခံစားလိုက်ရသည်။



ခဏလေး၊ ဘယ်လိုလုပ် ဒါကဖောင်းနေတာလဲ?



ကုရှန်းသည် အံ့သြသွားသည်။ နှစ်စက္ကန့်လောက် ခဏရပ်တန့်သွားပြီးနောက် သူ့စိတ်တွေ ပြန်လည်ပတ်လာသည်။ သူက လီယွီလန်ကို အံ့သြတဲ့အမူအရာနဲ့ ကြည့်ပြီး "မင်း၊ မင်း..."



သူပြန်ရောက်တုန်းက မှောင်နေပြီး ထိုအချိန်တွင် မီးမှိန်နေကာ သူသည် လီယွီလန်၏ ဗိုက်ကို မမြင်ခဲ့ရပေ။ လီယွီလန်ကလည်း ရေချိုးပြီးနောက် အဲဒီနေရာမှာ ထိုင်နေတော့ သူသည် ဒါကို လုံးဝ မမျှော်လင့်ထားဘူး။



ထို့ကြောင့် သူမဘာကိုဆိုလိုသည်ကို သိသောအခါ ကုရှန်း အံသြသွားသည်။



လီယွီလန်က သူ့ကို အလွန်မိုက်မဲစွာ ကြည့်ကာ စကားမပြောဘဲ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ မွေးချင်တယ်။" 



ကုရှန်း၏မျက်လုံးများသည် လီယွီလန်၏ ဗိုက်ကို စိုက်ကြည့်နေဆဲဖြစ်သည်။ အချိန်အတော်ကြာ စကားမပြောဖြစ်တာကို မြင်တော့ လီယွီလန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူမက လက်ကို ခါလိုက်ပြီး "ရှင့်ရဲ့ တုံ့ပြန်မှုက ဘာလဲ?" 



သူမကိုယ်ဝန်ရှိကတည်းက လီယွီလန်သည် အဲဒါကို ရှာဖွေတွေ့ရှိသွားမည်ကို ကြောက်သောကြောင့် ကြောက်ရွံ့မှု အဆက်မပြတ် ခံစားခဲ့ရသည်။ စာအုပ်၏ မမျှော်လင့်ထားသော သတင်းများနှင့်အတူ လီယွီလန်က အဲဒါကို သူမ၏ နှလုံးသားထဲတွင် ဆက်လက် ဖိနှိပ်ခဲ့သည်။



အခု ကုရှန်းပြန်ရောက်လာတော့ လီယွီလန်သည် မလုပ်နိုင်တော့ပေ။ တစ်ဖက်တွင်မူ သူမသည် သူ့ဆီကနေ စာတစ်စောင်မရရှိခဲ့သည်မှာ ကြာမြင့်နေတာကြောင့် မကျေမနပ်ဖြစ်ခဲ့ပြီး တစ်ဖက်တွင်မူ ထိုစာအုပ်သည် အမှန်ဖြစ်လျှင် ဘယ်လိုဖြစ်လာမည်ကို မစိုးရိမ်ဘဲ မနေနိုင်ပေ။ 



သူက စာအုပ်ထဲကအတိုင်း တကယ်တူနေရင် ဘယ်လိုလုပ်မလဲ?



"ရှင် ဒီကလေးကို မလိုချင်ဘူးလား?" လီယွီလန်က အသက်ပြင်းပြင်း ရှူလိုက်သည်။ 



ကုရှန်းက သူမဆက်ပြောတာကို ကြားသောအခါ သူမကို အမြန်ကြည့်လိုက်သည်။ "ဒါဆို ကျွန်မတို့ ကွာရှင်းကြမယ်၊ ကျွန်မ ဒီကလေးကို မွေးမှာ ပြီးတော့ တပေါင်၊ တပေါင်က ကျွန်မနောက်ကို လိုက်ရမယ်!"



ကုရှန်း - "???"