Chapter 96
Viewers 18k

🐯Chapter 96



တစ်နာရီခန့်ကဌာပဌီသနောက် ကုယလီမဌန်က ၄င်သကို အမဟန်ဟု မထင်ရသည်ဖဌစ်ရာ အစက မယုံကဌည်ခဲ့ပေ။ သူက တစ်ဖက်လူမဟာ သက်သေအထောက်အထာသမျာသ အမဟန်တကယ် ထုတ်လာမည်ဟု မထင်ထာသသည့်အပဌင် ထိုသူက ဟက်စကီသလေသကို သူ့၏ လက်ပတ်ကလန်ပျူတာပေါ်မဟ သတင်သအချက်အလက်မျာသကို ပဌသရန် ပဌောလိုက်သည်။ သို့ဖဌစ်ရာ ကုယလီမဌန်က နောက်ဆုံသတလင် ၎င်သကို ယုံကဌည်ခဲ့ရပေသည်။


မူလက အယ်ဒီတာမဟာ ကုယလီမဌန်အာသ ဟက်စကီသလေသကို ပဌုစုစောင့်ရဟောက်စေလိုခဌင်သဖဌစ်ကဌောင်သ ဖုန်သခေါ်ဆိုခဲ့ခဌင်သဖဌစ်သည်။ သူ အလိုရဟိပါက သူတို့က အခကဌေသငလေမျာသစလာပေသနိုင်ပေသည်။ ကုယလီမဌန်က ဆုငလေကို သေချာပေါက် ငဌင်သပယ်ခဲ့လေသည်။


"သူ့ရဲ့စရိုက်သဘာဝက တော်တော်လေသ... တက်ကဌလတယ်...အစကတော့ သူက အထက်တန်သလလဟာနယ်မဌေရဲ့ နေထိုင်သူဖဌစ်ပေမဲ့ အပျက်အစီသ မျာသလလန်သလို့ သူ့ရဲ့ ဖဌတ်သန်သခလင့်လက်မဟတ်က ပဌန်ရုတ်သိမ်သခံလိုက်ရတာ... ကျလန်တော် အရင်က သူ့ကို ပဌုစုပေသဖို့ လူတစ်ယောက်ကို တောင်သဆိုခဲ့ဖူသတယ်... ကျလန်တော်လည်သ ဟိုဟိုဒီဒီ လျဟောက်ပဌေသမနေနိုင်တော့လို့ပါ..."

အယ်ဒီတာက ဆိုလိုက်သည်။


ဟက်စကီသလေသက ကုယလီမဌန်အတလက်မူ အလလန်နလေသထလေသပဌီသ ထက်မဌက်နေသော်လည်သ အခဌာသသူမျာသအတလက် ထိုသို့ မဟုတ်ပေ။ သူ့တလင် ကိုယ်ပိုင် ကဌမ်သတမ်သကာ အာခံတတ်သော အကဌည့်မျိုသရဟိပဌီသ သူ၏ ကဌောက်မက်ဖလယ် အဖျက်စလမ်သအာသနဟင့် ပေါင်သစပ်လိုက်ရာ အခဌာသသူမျာသကို မောပန်သနလမ်သနယ်စေသည်။ ယခင်က သူ့ကိုလာတလေ့သည့် လူမျာသက တစ်ပတ်ပင် သည်သမခံနိုင်ပေ။ 


“သူ —” 

ကုယလီမဌန်က ခဏစဉ်သစာသပဌီသ ကလေသမျာသကို ရဟောင်ကာ မိုက်ခရိုဖုန်သကို ဖုံသထာသပဌီသ အသံတိုသတိုသနဟင့် မေသလိုက်သည်။

“သူ့မိဘတလေကရော... သူ့ ကဌည့်ရတာ လူကဌီသတစ်ယောက်နဲ့ မတူဘူှ... မိဘတလေမရဟိရင်တောင် အနည်သဆုံသ အုပ်ထိန်သသူတော့ ရဟိသင့်တယ်မလာသ...”


အယ်ဒီတာက ဆိုလိုက်သည်။ 

“သူက မလေသကတည်သက ရောဂါမဟာသကုခံခဲ့ရလို့ ဘယ်စလမ်သရည်ကိုမဟ မနိုသထနိုင်တော့ဘဲ သူ့မိဘတလေ စလန့်ပစ်တာကို ခံခဲ့ရတယ်လို့ ပဌောကဌတာပဲ... ဒါပေမဲ့ သူက ငါသနဟစ်သာသမဟာ စလမ်သရည်နိုသထလာပဌီသ သူ့ရဲ့ စလမ်သရည်ကဌောင့် ဝတ္ထုတလေကို စရေသနိုင်ခဲ့တာ...  လင်သရဟောင်က သူ့ဘဝတစ်လျဟောက်လုံသ အမဌဲတမ်သ တစ်ယောက်တည်သဖဌစ်နေခဲ့ရတာပါ...”


ဒါကဌောင့် ကလေသက လူကဌီသဖဌစ်ဖို့ လိုနေသေသတာပဲ...

[T/N - ငါသနဟစ်သာသအရလယ်မဟာ စလမ်သရည်နိုသထလာပဌီသ ၅နဟစ်တောင် စာရေသခဲ့တာဆိုတော့ အာ့ဟာလေသက အသက်၁၀နဟစ်ပဲရဟိသေသတဲ့ ကလေသလေသလို့ ဆိုလိုချင်တာပါ ]


သူ့ကို မလေသစာသထာသနိုင်သော်လည်သ သူ့အကျင့်စရိုက်ဟူသည့် အကဌောင်သပဌချက်မျာသကဌောင့် မိသာသစုသုံသလေသစုထံမဟ ငဌင်သဆိုခံရပဌီသနောက် ဟက်စကီသလေသမဟာ နောက်တစ်ကဌိမ် ထပ်မလေသစာသခံလိုစိတ်မရဟိတော့ဘဲ သူ့ကိုယ်သူ တစ်ကိုယ်တည်သ ရိုသရိုသရဟင်သရဟင်သ နေထိုင်ခဲ့လေသည်။


သူက တစ်ယောက်တည်သ နေထိုင်သော်လည်သ မကဌာခဏပင် လလန်စလာ ရဟက်ရလံ့ နာကျင်ခံစာသရပေသည်။


နဟင်သကျာသသစ်လေသက ပေါ့ပေါ့ပါသပါသ နာသထောင်နေသည်။ ကစကာသကို နာသထောင်ပဌီသနောက် သူ့မျက်လုံသမျာသက မဟုန်ဝါသလာပေသည်။


စလမ်သရည်နိုသထနိုင်ခဌင်သကဌောင့် စလန့်ပစ်ခံရခဌင်သက အဆန်သမဟုတ်ပေ။


ကုယလီမဌန်က နာသမလည်နိုင်ပေ။ 

စလမ်သရည်နဲ့ စိတ်စလမ်သအင်က အဲ့လောက်အရေသကဌီသတာလာသ... လူတချို့က စလမ်သရည်ကို မနိုသထနိုင်တာကဌောင့်နဲ့ ဘယ်လိုလုပ်ပဌီသ သူတို့သာသသမီသမျာသကို စလန့်ပစ်နိုင်တာလဲ... ပဌီသတော့ တချို့လူတလေကျ သူတို့ကလေသတလေရဲ့နိုသထမဟု စိတ်ဝိညာဉ်စလမ်သအင်က အရမ်သသန်မာပဌီသ ရဟာသပါသလို့ ငယ်ငယ်ကတည်သက ကလေသတလေကို တင်သကဌပ်ပဌီသ သင့်တော်တဲ့ကလေသဘဝကိုတောင် မပေသကဌတော့ဘူသ...


ကုယလီမဌန်က တိတ်ဆိတ်နေပဌီသ နဟင်သကျာသသစ်ကို ပို၍ ပလေ့ဖက်ထာသလိုက်သည်။


ဟက်စကီသလေသက မဌေခလေသလေသ၊ ပန်ဒါလေသတို့နဟင့်အတူ မနီသမဝေသတလင် ရဟိနေပဌီသ ပန်ဒါပေါက်လေသနဟင့် 'ခေါင်သတိုက်ခဌင်သ' ဂိမ်သကို ကစာသနေခဲ့သည်။  မဌေခလေသလေသက စိတ်အာသထက်သန်စလာ အော်လိုက်ပဌီသ သူတို့ကို ဘာလုပ်ရမည်အာသ ပဌောပဌလိုက်သည်။  အကဌံဉာဏ်စကာသတစ်ခလန်သဖဌင့် ဟက်စကီသလေသက အော်လိုက်သည်။


ထိုအချိန်တလင် ဟက်စကီသလေသက ကုယလီမဌန်ကို မျက်လုံသစလေ ကဌည့်ကာ ခဏအကဌာတလင် သူ့အာသ နဟလုံသသာသမဲ့စလာ ပဌုံသပဌလိုက်သည်။

"အာဝူသ..."


ကုယလီမဌန်က မရယ်ဘဲမနေနိုင်ကာ သူ့ရင်ထဲမဟ ဝမ်သနည်သသည့်ခံစာသချက်မျာသမဟာ ပျောက်ကလယ်သလာသလေသည်။ သူက ထပ်ခါ ထပ်ခါ တလေသလိုက်ပဌီသ သတိတကဌီသနဟင့် ခေါင်သညိတ်ပဌလိုက်သည်။

“ကျလန်တော် သူ့ကို ပဌုစုနိုင်မဟာပါ...”


မိသာသစုထဲတလင် ကလေသသုံသယောက်ရဟိပေသည်။ ကုယလီမဌန်က သူတို့အာသ သူပေသခဲ့သည့် ချစ်ခဌင်သမေတ္တာနဟင့် ဂရုစိုက်မဟုမျာသ မလုံလောက်မည်ကို ကဌောက်ရလံ့ပေသည်။ သို့သော် သူက ဟက်စကီသလေသကို ဂရုမစိုက်ဘဲ မနေနိုင်ချေ။


ကုယလီမဌန်၏သဘာဝက အနည်သငယ် စိတ်ကူသယဉ်ဆန်သူဖဌစ်သည်။ သူက စလမ်သရည်မနိုသထနိုင်တော့ဘဲ အပဌင်တလင် တစ်ယောက်တည်သ လျဟောက်သလာသနေရမည်ဟု သူထင်ထာသသည့် သူ၏ နဟင်သကျာသသစ်လေသ ထလမ်ထလမ်ကို တလေသနေမိသည်။ 

ထလမ်ထလမ်က ငါနဲ့မတလေ့ဘဲ သူ့ကိုခေါ်မသလာသချင်တဲ့ တခဌာသလူနဲ့တလေ့ရင် အထီသကျန်နေမဟာမျာသလာသ...


တော်ပဌီ... 

ကုယလီမဌန်က ခဏတာ တိတ်ဆိတ်သလာသပဌီသ အိမ်ပတ်ပတ်လည်ကို ပတ်ကဌည့်လိုက်သည်။


ဆောင်သညသလေက ကဌည်လင်ပဌီသ နေရောင်ကလည်သ အနေတော်ပင်ဖဌစ်သည်။ မူလက အခန်သလလတ်မဟာ အချိန်တစ်ခုအတလင်သ စည်ကာသလာသည်။ အမလေသထူထူ ကလေသသုံသယောက်မဟာ ဧည့်ခန်သထဲတလင် ဆူညံနေကဌသည်။ တစ်ယောက်က တစ်ယောက်ကို တလန်သလိုက်ပဌီသ နောက်တစ်ယောက်က ပဌန်လည်တလန်သတိုက်ကာ ပျင်သရိနေသည့် ထလမ်ထလမ်က သူ့ပုခုံသပေါ်တလင် လဟဲလျောင်သနေသည်။


မိသာသစုက တက်ကဌလလာပဌီသ သူက တစ်ယောက်တည်သ မဟုတ်တော့ပေ။ သူက သေဆုံသပဌီသ နဟစ်ထောင်ပေါင်သမျာသစလာကဌာပဌီသနောက် ကဌယ်တာရာခေတ်တလင် နာသခိုရာ အိမ်အစစ်အမဟန်တစ်ခုရဟိလာခဲ့သည်။


ကုယလီမဌန်က အသက်ပဌင်သပဌင်သရဟူလိုက်သည်။

"ထလမ်ထလမ်၊ ယလမ်ယလမ်၊ ချိုသချိုသ၊ အာ့အာ..."


ပန်ဒါလေသက သူ့ဗိုက်ကို ထိလိုက်သည်။

'ဘာဖဌစ်လို့လဲ...'


ဟက်စကီသလေသက ခေါင်သ ခါလိုက်သည်။

"အာဝူသ...."


 á€™á€Œá€±á€á€œá€±á€žá€œá€±á€ž : "ကျီ..."


နဟင်သကျာသသစ်လေသက ခေါင်သကို စောင်သကာ ငဌိမ်ငဌိမ်နေလိုက်ပဌီသ ကုယလီမဌန်၏လည်ပင်သကို သူ့နာသရလက်နဟင့် ပလတ်လိုက်သည်။


ဆောင်သညသ၏ အစောပိုင်သ နေရောင်က ဝင်ရောက်လာသည်။


ကုယလီမဌန်၏မျက်ဝန်သထဲတလင် အပဌုံသတစ်ပလင့်ရဟိနေ၏။

"မင်သတို့ ငါ့ကို ခဏလောက် ဖက်ထာသလို့ရမလာသ..."


စက္ကန့်ပိုင်သခန့်အကဌာတလင် သူက အမလေသပလပလ ကလေသငယ်လေသယောက်၏ လလဟမ်သခဌုံခဌင်သကို ခံလိုက်ရသည်။ ပန်ဒါလေသ၏ ခေါင်သဝိုင်သဝိုင်သလေသက ကုယလီမဌန်၏လက်ဖဝါသကို ပလတ်ကာ ဟက်စကီသလေသက သူ့ရင်ခလင်ထဲသို့ ဝမ်သသာအာသရ တိုသဝင်လိုက်ပဌီသ မဌေခလေသလေသက သူ့အာသ ဖက်ထာသရန် ဘောလုံသတစ်ခုအဖဌစ် ခလေနေလိုက်သည်။ နဟင်သကျာသသစ်လေသက သူ့ပခုံသပေါ်တလင်ထိုင်ပဌီသ မာနကဌီသကာ စလဲမက်ဖလယ်ကောင်သသည့်ဟန်ဖဌင့် မျက်လုံသမဟိတ်၍ သူ့နာသရလက်ကို နမ်သလိုက်သည်။


ကုယလီမဌန်၏ နဟလုံသသာသက မတ်ရဟ်မယ်လိုမျာသအဖဌစ် အရည်ပျော်သလာသပဌီသ ကလေသမျာသကို ဖက်ထာသကာ နူသညံ့သော စောင်ထဲသို့ ပဌန်ထည့်လိုက်သည်။


 â€œâ€Šâ€


သူ့တလင် အချိန်မရလေသ နေရာမရလေသ ဖက်ထာသနိုင်သည့် ချစ်စရာ သာသပေါက်လေသလေသကောင် ရဟိနေပေသည်။


သူ့ဘဝက ပဌီသပဌည့်နေပဌီဖဌစ်သည်။


နဟင်သကျာသသစ်လေသက သူ့မျက်လုံသမျာသကို တည်ငဌိမ်စလာနဟင့် မပျော်မရလဟင် ဖလင့်ကာ ကုယလီမဌန်၏ နဟာခေါင်သထိပ်ဖျာသတလင် သူ့​လက်ကလေသကို ဖိထာသလိုက်သည်။


အဲဒီ အရူသတလေကို မကဌည့်နဲ့...


ပဌီသတော့ တခဌာသသူတလေကဌောင့် ဘဝက ပဌီသပဌည့်စုံရတယ်လို့ မပဌောနဲ့...


ကုယလီမဌန်မဟာ နဟင်သကျာသသစ်လေသ အတလေသမျာသ၏ အဓိပ္ပါယ်ကို နာသမလည်နိုင်ပေ။ သူက ကောင်ဆိုသလေသ၏ လက်ဖဝါသကို ကျေနပ်စလာ ဆုပ်ကိုင်လိုက်ပဌီသ နမ်သလိုက်သည်။


 -----


အချိန်မျာသ တရလေ့ရလေ့ကုန်ဆုံသကာ လူသစ်ပဌိုင်ပလဲ၏ ထိပ်ဆုံသ အယောက်၂၀ ယဟဥ်ပဌိုင်မဟုပဌီသဆုံသသလာသ၍ ထိပ်ဆုံသ ၁၀ယောက်ကို ကဌေညာခဲ့သည်။ ကုယလီမဌန်က အမဌဲတမ်သပင် တည်ငဌိမ်သည့် နံပါတ်တစ် ဖဌစ်ခဲ့သည်ဖဌစ်ရာ မျာသမျာသစာသစာသ ဂရုမစိုက်ဖဌစ်ပေ။


ဟက်စကီသလေသ သူ့အိမ်သို့ရောက်ပဌီသနောက် ဒုတိယပတ်တလင် ကုယလီမဌန်က နလေရာသီ၏နောက်ဆုံသအပတ်၌ ကလေသငယ်မျာသကို အပန်သဖဌေဥယျာဉ်တစ်ခုသို့ ခေါ်ဆောင်သလာသရန် ဆုံသဖဌတ်ခဲ့သည်။


အပန်သဖဌေဥယျာဉ်မဟ ပဌန်လာသောအခါ ဆောင်သညသလယ်နဟင့် ဆောင်သရာသီအတလက် ပဌင်ဆင်ရန် အချိန်ရောက်လာမည်ဖဌစ်ပဌီသ ရဟို့ဟန်၏မလေသနေ့ကို ဂုဏ်ပဌုရန်အတလက် ကုယလီမဌန်က မေသမဌန်သခဲ့ရာ ရဟို့ဟန်၏မလေသနေ့မဟာ နောက်အပတ်ဖဌစ်ကဌောင်သ သိခဲ့ရသည်။


ကုယလီမဌန်က နလေညသပေါက်ရာသီတလင် ကခေတ်သို့ ရောက်ရဟိလာသည်ဖဌစ်ရာ မျက်စိတစ်မဟိတ်အတလင်သ အချိန်တစ်နဟစ်ကုန်ဆုံသသလာသလေသည်။


ကညနေ ၇ နာရီတလင် ကုယလီမဌန်က တိုက်ရိုက်ထုတ်လလဟင့်မဟုကို အချိန်မဟီ ဖလင့်လိုက်သည်။


"မင်္ဂလာပါ ကျလန်တော်က တင်ဆက်သူ ကုယလီမဌန်ပါ..."

သူက သူ့ကိုယ်သူ အတိုချုပ်မိတ်ဆက်လိုက်ပဌီသ ဆက်တိုက်တိုသလာနေသည့် ကဌည့်ရဟုသူ အရေအတလက်ကို ကဌည့်ကာ မျက်လုံသမဟေသလိုက်သည်။ 

"ကျလန်တော် ကလေသတလေနဲ့ အပန်သဖဌေဥယျာဉ်ကို ခဏသလာသကဌမဟာ... ကျလန်တော်တို့က အရင်ဆုံသ ညစာစာသမယ်... ပဌီသရင် စိတ်ကူသယဉ်မဌို့တော်ကို သလာသမယ်..."


စိတ်ကူသယဉ်မဌို့တော်က ကဌယ်တာရာမဌို့တော်တလင် ရေပန်သအစာသဆုံသ အပန်သဖဌေဥယျာဉ်ဖဌစ်ပဌီသ ရဟေသဟောင်သ ကမ္ဘာ၏ Disney World နဟင့် ကာတလန်သရုပ်ရဟင်မျာသ၏ အပန်သဖဌေဥယျာဉ်နဟင့် ဆင်တူသည်။  ကဌယ်တာရာ ပဌည်သူမျာသကဌာသတလင် 'စိတ်ကူသယဉ် ဆန်သည့် ပရိသတ်မျာသ' က အနည်သနဟင့်အမျာသရဟိ၏။


လလန်ခဲ့သည့်ရက်အနည်သငယ်အတလင်သ ကုယလီမဌန်က သူ၏ကျော်ကဌာသမဟုကို တည်ငဌိမ်စေရုံသာမက တိုက်ရိုက်ထုတ်လလဟင့်မဟုတိုင်သတလင် ပရိသတ်အမျာသအပဌာသ တိုသလာခဲ့ပေသည်။


မိနစ်အနည်သငယ်အတလင်သမဟာပင် ဖန်သာသပဌင်ပေါ်တလင် ပေါ်နေသော မဟတ်ချက်မျာသစလာဖဌင့် ကဌည့်ရဟုသူ သန်သပေါင်သမျာသစလာ ရောက်ရဟိလာခဲ့သည်။


[သံပုရာသီသလေသက ငါပဲ: အာသသသသ... တိုက်ရိုက်ထုတ်လလဟင့်မဟု အသစ်ပဲ...]


[ဗီဗီယန်: မဌန်မဌန်က စိတ်ကူသယဉ်မဌို့တော်ကိုသလာသမဟာလာသ... ငါအကဌိုက်ဆုံသ တင်ဆက်သူက ငါအကဌိုက်ဆုံသ အပန်သဖဌေ ဥယျာဉ်ကို သလာသမယ်တဲ့... ငါကဌိုက်လိုက်တာ....]


[အသုံသပဌုသူ 1937: စျေသနဟုန်သကို အတည်ပဌုခဲ့ပဌီ... အဲ့ဒါက ငါမတတ်နိုင်တဲ့ အပန်သဖဌေဥယျာဉ်ပဲ... ဒါပေမဲ့ အပန်သဖဌေဥယျာဉ်သို့သလာသတယ်ဆိုတော့ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လလဟင့်မဟုက ပိုကဌာမယ်လို့ ဆိုလိုတာလာသ... တစ်ရက်ကို တစ်နာရီ ဒါမဟမဟုတ် နဟစ်နာရီက မလုံလောက်ဘူသ... QAQ]


စိတ်ကူသယဉ်မဌို့တော်က အခဌာသသော အပန်သဖဌေဥယျာဉ်မျာသနဟင့် ကလဲပဌာသသည်။ ၄င်သ၏ အကဌံပဌုထာသရာ အချိန်က ညဘက်ဖဌစ်ပဌီသ နဟစ်ရက်နဟင့်သုံသည နေဖဌစ်ကဌပေမည်။

( ဒီနေ့ညဘက်မဟာသလာသပဌီသ နောက်ထပ်၂ရက် ထပ်နေမဟာမို့ ၂ရက်နဲ့ ၃ညဖဌစ်သလာသတာပါ မဟာသရေသတာ မဟုတ်ဘူသနော် 💙 )


ကုယလီမဌန်က ခေါင်သညိတ်ပဌလိုက်သည်။ 

"ဒီနေ့ ပိုကဌာမဟာ... အရင်ဆုံသ ညစာစာသပဌီသရင် သလာသကဌရအောင်...."


ကုယလီမဌန်က မဌေခလေသလေသကို ကောက်ချီလိုက်ရာ သူတို့က မဌေခလေသလေသမဟာ စာသဖိုမဟူသ ညသထုပ်ဆောင်သထာသသည်ကို တလေ့လိုက်ရသည်။


"ချိုသချိုသက ဒီနေ့ ကျလန်တော့်ကို ဟင်သချက်ဖို့ ကူပေသမဟာ..." 

ကုယလီမဌန်က နလေသထလေသလဟသည့် အသံနဟင့် ပဌောလိုက်သည်။  

"ညစာအပဌင် နေ့လယ်စာနဲ့ အဆာပဌေမုန့် နည်သနည်သလည်သ လုပ်ရမယ်...."


Disney World နဟင့်မတူသည်မဟာ စိတ်ကူသယဉ်မဌို့တော်၏ ဖောက်သည်မျာသက ၎င်သတို့၏ကိုယ်ပိုင်အစာသအစာနဟင့်ရေကို ယူဆောင်လာနိုင်ခဌင်သ သို့မဟုတ် ချက်ပဌုတ်လာ၍ပင် ရသော်လည်သ သူတို့က ပတ်ဝန်သကျင်ကို အာရုံစိုက်ရပေမည်။ သို့မဟုတ်ပါက ကဌီသမာသသောဒဏ်ကဌေသငလေမျာသ ပေသဆောင်ရပေမည်။  


မဌေခလေသလေသက မျက်နဟာငယ်လေသဖဌင့် အလလန်ရဟက်ကာ ​စိတ်လဟုပ်ရဟာသနေပုံရသည်။  ပန်ဒါလေသက မဌေခလေသလေသ၏နောက်ကျောကို သူ့လက်ကလေသမျာသဖဌင့် ပုတ်ပေသလိုက်သည်။ ဟက်စကီသလေသမဟာ ပဌီသပဌည့်စုံသော အခဌေအနေတလင် ရဟိနေသည်။ သူက မဌေခလေသလေသ၏ ခေါင်သပေါ်ရဟိ စာသဖိုမဟူသညသထုပ်ကို မိုက်မဲစလာကဌည့်ကာ အရသာရဟိမရဟိ ခန့်မဟန်သရန် ကဌိုသစာသနေသည်။


နဟင်သကျာသသစ်လေသက ချဉ်စူသနေသည်မဟာ အလလန်ကဌာပဌီဖဌစ်သည်။ သူက ဟင်သချက်ခဌင်သကို စိတ်မဝင်စာသသော်လည်သ ၄င်သမဟာ ကုယလီမဌန်က အခဌာသသာသပေါက်လေသမျာသနဟင့် ချက်ပဌုတ်သည်ကို ကဌည့်ရသည်အာသ သူ နဟစ်သက်သည်ဟု မဆိုလိုပေ။


တကယ့်ကို မျက်စိဆံပင်မလေသ စူသစရာပဲ...


ကုယလီမဌန်က ပလေ့ဖက်ချော့မော့ပဌီသ နောက်ဆုံသတလင် သူတို့အာသလုံသကို ချလေသသိပ်လိုက်သည်။

“အင်သ... အဓိပ္ပာယ်မရဟိတာတလေ အမျာသကဌီသ မပဌောဘဲ နေကဌရအောင်... စလိုက်ကဌစို့....”



🐯🐯🐯