Chapter 197
Viewers 20k

🚩Chapter -197

 Arc_9. ဘီလီယံနာ၏ဇနီး [ 9.5 ] 


_____


စုဝမ်တို့ မိသားစုတည်းနေသောဟိုတယ်က သက်တမ်းကြာမြင့်သော မြို့ဆင်ခြေဖုံးရပ်ကွက်တွင်ဖြစ်၏ ။ ဤနေရာရှိ ယာဥ်ကြောသွားလာမှုက အလွန်ပိတ်ဆို့နေသော်လည်း ယခုခေတ် မြင့်မားသောသတင်းအချက်အလက်များ ရနိုင်သည့်ခေတ်တွင် ထိုကဲ့သို့ ခေတ်မမှီတော့သော ဟိုတယ်များကို သတင်းအချက်အလက်ထဲမှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။


ထို့နောက် ပုံမှန်အတိုင်းပင် ဤနေရာသို့ လာရောက်ကြသောသူများက အဆင်ပြေပြေမနေနိုင်ကြသူများပင် ။

ထို့ကြောင့် အနက်ရောင်အကန့်အသတ်ထုတ်ကားရှည် 'Silver Wing Night'ကို မောင်းလာသောအခါ တစ်လမ်းလုံးစိတ်ဝင်စားမှုများ မြင့်တက်လာကြသည်။


Silver Wing Nightကို ကြားဖူးပါရဲ့လား ။


Silver Wing Nightကို မြင်ဖူးပါရဲ့လား ။


အဲ့ဒါက တရုတ်မှာ တစ်စီးပဲရှိတယ်လို့ ပြောကြတယ် ။ တကယ်ကို ရှားပါးပြီး ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းမဲ့တာပဲ ။


လူအများစုက ဤကားမျိုးကို 3Dရုပ်ရှင်ဖန်သားပြင်ပေါ်တွင်သာတွေ့ဖူးပြီး  ယခုသူတို့ အံ့အားသင့်သွားသော ခံစားချက်က ထိုဖန်သားပြင်ပေါ်တွင် တွေ့လိုက်ရတုန်းကထက် အများကြီး ပို၏ ။ ဤကားက တကယ်ကို ပထမတန်းစားကားပင် ။ ကားအကြောင်းစိတ်ဝင်စားကြသူများအဖွဲ့က တစ်လမ်းလုံး မလိုက်ဘဲမနေနိုင်တော့ဘဲချမ်းသာကြွယ်ဝမှုကို ဖော်ပြနေသော Silver Wing Nightကမထင်မရှား ဟိုတယ်တစ်ခုရှေ့တွင် ရပ်သွားတာကို တွေ့လိုက်ရ၏။


ကားတံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး ပတ်ပတ်လည်ဝိုင်းနေသော လူအုပ်ကြီးက ရင်သပ်ရှူမောဖြစ်နေ၏ ။ဤကားက တုမိသားစုအိမ်ကမှန်း လူတိုင်းသိကြပြီး ကားပိုင်ရှင်မှာ လူထုရှေ့တွင်ပေါ်လာခဲသော တုမိသားစု၏ လျှို့ဝှက်ဆန်းကြယ် အကြီးဆုံးသခင်လေး တုဟန်ပင် ။


" အာ "


အံအားသင့်မှုများ အလယ်တွင် ကားထဲမှ ပထမဆုံးထွက်လာသောလူက အသက်လေးဆယ်အရွယ်လူတစ်ယောက်ဖြစ်၏ ။ထိုလူက အလွန်သာမန်ဆန်သော အဝတ်အစားကို ဝတ်ထားသော်လည်း သူ၏ အမူအရာက လက်ရှိတွင် စိတ်ကြီးဝင်နေပုံပင် ။သူ့နောက်တွင်ပါလာသောလူလတ်ပိုင်းအမျိုးသမီးက သူ့ထက်အနည်းငယ် ငယ်ရွယ်ပုံရ၏ ။


ဒီလူနှစ်ယောက်...


လူအများက ကားထဲက ထွက်လာသောသူနှစ်ယောက်ကို ဤဟိုတယ်တွင် ငှားရမ်းထားသူများဖြစ်ကြောင်း သတိပြုမိလိုက်သည် ။ 


သူတို့က တုမိသားစုရဲ့ ဆွေမျိုးတွေများလား ။


ဤအချိန်တွင် ဟိုတယ်ပိုင်ရှင်အမျိုးသမီးက ဆူညံသံများကြားလိုက်ရသောအခါ အရှေ့စားပွဲမှ တံခါးဆီသို့ ပြေးထွက်လာခဲ့၏ ။သူမက အရှေ့တွင်ရှိနေသော အကန့်အသတ်ထုတ်ဇိမ်ခံကားကို ကြည့်လိုက်ပြီး ထို့နောက် အောင်မြင်မှုတွင်ယစ်မူးနေသော အချိန်ခဏစာပါရသည့် ဗီလိန်ကဲ့သို့ ကားရှေ့တွင် ဂုဏ်ယူစွာရပ်နေသည့် စုကျန်းကျွင့်ကို တွေ့လိုက်ရသည် ။


သူမ၏ လှပသောမျက်လုံးများက တစ်ဖက်သို့လှည့်သွားပြီး ဧည့်ကြိုခန်းဘက်ကို နူးညံ့စွာအော်ခေါ်လိုက်၏ ။


" ညီမလေး ရှောင်ဝမ် ၊ ညီမလေးရှောင်ဝမ် ၊ ညီမလေးရဲ့မိဘတွေက ဧည့်သည်ခေါ်လာတဲ့ပုံပဲ "


စုကျန်းကျွင့်က ဘယ်လောက်ဂုဏ်‌ မောက်နေသလဲဆိုတာ မကြည့်နဲ့ဦး ။ သူက အရမ်းလည်းအသံကျယ်ပြီး သောင်းကျန်းတတ်သေးတယ် ။


ထိုလူက ဟိုတယ်တွင် ဘာမှလုပ်စရာမရှိသောအခါ သူ၏သားမက် သခင်လေးတုနှင့် တုမိသားစု၏ဗီလာက ဘယ်လောက်ဇိမ်ကျကြောင်း ရေကူးကန်ကဘယ်လောက်ကျယ်ကြောင်း ၊ အိမ်ရှိစက်ရုပ်တွေက ဘယ်လောက် ဉာဏ်ကောင်းကြောင်း ဟိုတယ်ရှိအလုပ်သမားများကို ကြွားဝါတတ်သည် ။


ဤအချိန်တွင် နောက်ဆုံးတော့ စုဝမ်က တံခါးအပြင်ဘက်ကို ထွက်လာခဲ့၏ ။မူလဇာတ်ကွက်ရှိ ဇိမ်ခံကားကို တွေ့လိုက်ရသောအခါ စုဝမ်က မျက်စောင်းထိုးကာ ပြုံးလိုက်သည် ။ 


နောက်တခဏတွင် စုဝမ်၏ အပြုံးက အနည်းငယ်တောင့်တင်းသွား၏ ။စုရှောင်စူးက ကားထဲမှ ထွက်လာကာ စုဝမ်လက်မောင်းထဲသို့ ပြေးဝင်သွားတော့သည် ။


" မေမေ ၊ မေမေ့ကို သမီးအရမ်းလွမ်းနေတာ "


ဒါက...


စုဝမ် မှင်သက်သွားမိ၏ ။သူမက စုရှောင်စူးကို (လင်ရှန်းတွင်) အိမ်မွေးကောင်လေးတစ်ကောင်အဖြစ်သာသတ်မှတ်ခဲ့ပြီး သူမ၏ ဆွေမျိုးအဖြစ် အမှန်တကယ်မယူဆခဲ့ပေ ။


ဤကမ္ဘာပေါ်တွင် စုဝမ်ကို အသိအမှတ်ပြုစေပြီး သူတို့အတွက် လိုလိုလားလား သူမနှလုံးသားကိုဖွင့်ပေးစေသောသူက ရှား၏ ။


" သမီးက စူးစူးလား "


စုဝမ် စကားပြောဖို့ပင် တော်တော်အချိန်ယူလိုက်ရသည် ။ သူမ၏ လက်မောင်းထဲတွင် ဆူညံနေသော စုရှောင်စူးကို သူမအံ့သြစွာ ကြည့်နေမိ၏ ။ ဤအမူအရာ ၊ ဤကဲ့သို့  စိတ်အားသန်စွာ ပြဿနာရှာတတ်ပုံတို့က လင်ရှန်းရှိ စုရှောင်စူးနှင့် တစ်ပုံစံထဲပင်။


" သမီးပါ ၊ အဲ့ဒါသမီးပါ  သမီးပြန်လာပြီ "


စုဝမ်ပြောတာကို ကြားသောအခါ စုရှောင်စူးက ချက်ချင်းပဲ သူမ၏ သေးငယ်သောမျက်နှာကို မော့လိုက်ပြီး စု‌ရွေ့နှင့်အလွန်တူသောထိုမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စုဝမ်ကို သနားစရာကောင်းသောပုံလေးဖြင့် ကြည့်လိုက်၏။


" မေမေ သမီးကို သတိရလားဟင် "


လူသားစိတ်ခံစားချက်နှင့် မြင့်မားသော နည်းပညာအဆင့်ရှိ မှတ်ဉာဏ်တုကို ထည့်သွင်းထားပြီး စုရှောင်စူး၏ လုပ်ဆောင်ချက်တွင် စုဝမ်နှင့်စု‌ရွေ့အမျိုးနှစ်ယောက်သာရှိလေ၏ ။


အကန့်အသတ်မဲ့သော လင်ရှန်းကမ္ဘာတွင် သူမလှည့်ပတ်နေခဲ့ပြီး သူတို့ကို အတော်ကြာအောင် သူမထပ်မတွေ့ရတော့ပေ ။ဤအချိန်တွင် သူမက ပုံတူကူးထားသောဒေတာတစ်ခုသာဖြစ်ကြောင်း သူမနားလည်သွားခဲ့သည် ။ဤဘဝတွင် သူတို့ကို သူမထပ်မတွေ့နိုင်တော့ပေ ။သို့သော် မကြာသေးခင်က လင်ရှန်းကမ္ဘာ၏ ဒေတာက ရုတ်တရက်ပြန်ပွင့်သွား၏ ။စုရှောင်စူးက ရင်းနှီးနေသော ဒေတာသွားရာလမ်းကြောင်းအတိုင်း လိုက်ခဲ့ပြီး နောက်ဆုံးတွင် သူမ၏ မူလကမ္ဘာသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည်။


သေချာပေါက်ပင် ဤအရာအားလုံးက ဤကမ္ဘာ၏မြင့်မားသောနည်းပညာများကို ကျေးဇူးတင်ရမည် ။ဤအရာက ဒေတာအကွာအဝေးအတားအဆီးကို အလွယ်တကူဖျက်ဆီးနိုင်အောင် စု‌ရွေ့ကို ကူညီပေးခဲ့ပြီး ဒေတာနှစ်ခုစီးဆင်းမှုကို ဝိုင်ယာမဲ့ဆက်သွယ်စေနိုင်ခဲ့၏ ။ ဤအရာအလုပ်ဖြစ်သွားမှုက သေချာပေါက်လင်ရှန်းကမ္ဘာက ဒေတာဖြင့် တည်ဆောက်ထားသောကြောင့်ပင် ။


အတိုချုပ်အားဖြင့် စု‌ရွေ့က ထိုအရာပေါ်တွင် ပို၍ အချိန်ဖြုန်းရလျှင်တောင် စုရှောင်စူးကို ပြန်ခေါ်ဖို့ သူစီစဥ်နိုင်ဆဲဖြစ်ပြီး သူမ၏ဒေတာများကို လက်ရှိစက်ရုပ်ခန္ဓာထဲသို့ အလွယ်တကူစီးဆင်းသွားအောင် လုပ်နိုင်သည်။


မျှော်လင့်နေရခြင်းကလည်း နာကြင်မှုတစ်မျိုးပင် ။

ဤအချိန်တွင် စုဝမ်က နာကျင်မှုကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပုံပေါ်ပြီး စုရှောင်စူး၏ မျက်လုံးထဲတွင် မျှော်လင့်မှုများရှိနေခဲ့၏ ။


" မေမေ ၊ သမီးကို လွမ်းလားဟင် " 


နူးညံ့သော မေးမြန်းမှုက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင် ။စုဝမ် အသက်ဝဝရှူလိုက်ကာ သူမလက်မောင်းထဲရှိစုရှောင်စူးကို ပြုံးရင်းပွေ့ဖက်လိုက်သည် ။


" အင်း ၊ မေမေလည်း သမီးကို လွမ်းပါတယ် "


သူမ လိမ်ပြောခဲ့သည် ။သို့သော် သူမအနာဂတ်တွင် စုရှောင်စူးကို ပို၍ကောင်းကောင်းဆက်ဆံပေးရမည် ....။


" ဇနီးလေး"


ကားထဲမှ နောက်ဆုံးထွက်လာသောတစ်ယောက်မှာ စု‌ရွေ့ပင် ။တကယ်တမ်းတွင် အားလုံးထက် စုဝမ်ကို သူလွမ်းနေခဲ့သည် ။ နောက်ဆုံးတွင် ဤကမ္ဘာကို သူရောက်လာခဲ့တာ တစ်လနီးပါးပင်ရှိနေပြီဖြစ်၏ ။ တစ်ချိန်လုံး သူအလုပ်များနေခဲ့၏ ။နောက်ဆုံး ယနေ့တွင်တော့ သူဓါတ်ခွဲခန်းထဲမှ ထွက်လာနိုင်ပြီဖြစ်သည် ။


" ကိုယ်မင်းကို အိမ်ပြန်ခေါ်သွားမလို့ "


စု‌ရွေ့စကားအပိုတွေပြောမနေတော့ဘဲ သူ၏လက်ကို စုဝမ်ဆီသို့ ဆန့်ထုတ်လိုက်သည် ။


သူ၏ ကျယ်ပြန့်သောသောလက်က နွေးထွေးနေပြီး ယုံကြည်စိတ်ချရမှုလည်းရှိသည် ။


Silver Wing Night က လမ်းထဲမှ မပျောက်သွားခင်အထိ လမ်းပေါ်နှင့် ဟိုတယ်ရှိလူများက ကြည့်နေကြ၏ ။စုကျန်းကျွင့်နှင့် စကားစမြည်ပြောခဲ့သောသူများက နောင်တရနေကြသည် ။ သူတို့သာ စုကျန်းကျွင့်၏ စကားတို့ကို ယုံခဲ့မည်ဆိုလျှင် သူတို့က တုမိသားစု၏ အရှိန်အဝါကို ငှားရမ်းပြီး ပြန်လာနိုင်မည်မဟုတ်လား ။


ဤကမ္ဘာပေါ်တွင် တကယ်ပဲ စိတ်ကူးယဥ်ရတာကြိုက်သော လူအများရှိနေသည် ။


သေချာပေါက် ဟိုတယ်ထဲက လူများပင်မဟုတ်ချေ ။စုကျန်းကျွင့်နှင့် လီမေ့ကျွမ်းတို့လည်း တုဇိမ်ခံဗီလာ၏ ဧည့်ခန်းထဲသို့ဝင်လာသောအခါတွင် သူတို့၏ စိတ်ကူးယဥ်ကမ္ဘာထဲ၌ နစ်မြုပ်နေခဲ့သည် ။ 


သူတို့တကယ်ပဲ ပြန်လာရပြီလား ။


"အစ်ကိုကြီး ၊ မင်းဘာတွေ...."


ဤအချိန်တွင် တုချန်တို့မိသားစုသုံးယောက်က ညစာစားနေရုံရှိသေး၏။စု‌ရွေ့က စုဝမ်တို့မိသားစုသုံးယောက်ကို ခေါ်လာတာ သုချန်တွေ့လိုက်ရသောအခါ သူ၏ အမူအရာက လုံးဝပြောင်းလဲသွားခဲ့သည် ။


ထို့နောက် အမေဖြစ်သူလက်မောင်းထဲတွင် ပွေ့ခံထားရပြီး ချစ်စရာကောင်းအောင်ပြုမူနေသော ထျန်းထျန်လည်း စုဝမ်ကို ရန်လိုစွာကြည့်လာခဲ့သည် ။


သို့သော် လင်းချီယွဲ့ကတော့ အလွန်တည်ငြိမ်နေပုံပင် ။ သေချာပေါက် သူမက စုဝမ်နှင့်ပက်သက်၍ တိတ်တဆိတ်စူးစမ်းနေခဲ့သောကြောင့် စက္ကန့်အနည်းငယ်လောက် သူမ၏ အကြည့်တို့က စုဝမ်ပေါ်တွင် ကျရောက်နေခဲ့သည် ။


သူမက တုချန်၏ ချစ်သူနှင့်တူကြောင်း လင်းယီကျိုးက တစ်ခါပြောဖူးတာ သူမ မှတ်မိသည် ။ သို့သော် အချိန်က လူတွေကို ပြောင်းလဲစေသည် ။ယခုတွင် နှစ်ယောက်အတူတူရပ်နေသောအခါ၌ တူညီသောအရာကို မည်သူမှမရှာနိုင်တော့ပေ ။


ဤခြောက်နှစ်တာကာလတွင် လင်းချီယွဲ့က ဆက်တိုက်ပြောင်းလဲပြီး တိုးတက်လာခဲ့သည် ။


တကယ်တမ်းတွင် မူလကိုယ်စုဝမ်က အတိတ်က မှတ်ဉာဏ်များထဲတွင် နစ်မြုပ်နေပြီး မူလအတိုင်းသာရှိနေခဲ့သည် ။


စုဝမ်အပေါ်တွင် တုချန်နှင့်သားဖြစ်သူက ရန်လိုမှုအား မဖုံးကွယ်ထားတာကို တွေ့ရသောအခါ စု‌ရွေ့၏ အကြည့်တို့က အေးစက်သွားပြီး စုဝမ်၏ ပုခုံးကို ဖက်လိုက်သည် ။


" ငါ ရိုးရိုးရှင်းရှင်းပဲ ငါ့ရဲ့ ဇနီးကို ခေါ်လာခဲ့တယ် မင်းတို့မှာ မကျေနပ်တာရှိလား ။ "


ဇနီးလား ။


စကားလုံးများထွက်ကျလာပြီးနောက် တစ်ချိန်လုံးတည်ငြိမ်နေခဲ့သောလင်းချီယွဲ့ပင်အေးခဲသွား၏ ။


တုဟန်မှာ မိန်းမရှိတာလား ။

သူက ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို ရည်းစားလည်းမရှိခဲ့ဘူးမဟုတ်ဘူးလား ။ မဟုတ်ဘူး ။ ဒါကမှားနေတာပဲ ။သူ့မှာ သမီးရှိဖူးတယ် ။ နောက်တော့ အဲ့ကလေးက...


အချက်အလက်များက တဖြည်းဖြည်းဇာတ်လိုက်မကို သဘောပေါက်​စေခဲ့ပြီး လက်မခံနိုင်ဖြစ်စေ၏။


" အစ်ကိုကြီး ဘာတွေပြောနေတာလဲ "


ဤအချိန်တွင် တုချန်၏ အမူအရာက အလွန်ကြည့်ရဆိုးနေခဲ့သည် ။ ဖြစ်နိုင်ချေရှိတာကို သူတွေးမိသော်လည်း ထိုယုတ္တိမရှိသောအကြံဉာဏ်ကို သူချက်ချင်း ငြင်းဆိုခဲ့၏ ။


" မင်း မန်ဒရင်းစကားနားမလည်ဘူးလား ။ "


တုချန်၏ မေးခွန်းကို ကြားရသောအခါ စု‌ရွေ့ သူ၏မျက်ခုံးများကို မြှင့်လိုက်ကာ တည်ငြိမ်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည် ။


" စုဝမ်က ငါ့သမီးရဲ့ အမေအရင်းပဲ ။ ပြီးတော့ ဒီအချိန်ကစပြီး သူမက ငါ့ရဲ့ဇနီး ၊ ဒီအိမ်ရဲ့ အကြီးဆုံးသခင်မလေးပဲ ။ "


စုဝမ်က တုယွီရဲ့ အမေလား ။ အဲ့ဒါက လွန်ခဲ့တဲ့ရှစ်နှစ်က ဘယ်သူမှမသိတဲ့လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးလား ။


တုချန်က ပြဿနာဖြစ်နေသောအမူအရာဖြင့် စုဝမ်ကို ကြည့်လိုက်သည် ။


" စုဝမ် ကိုယ့်ကိုပြောစမ်းပါ ကိုယ့်အစ်ကိုပြောတဲ့စကားတွေက အမှန်ပဲလား ။ "


လွန်ခဲ့သောရှစ်နှစ်တုန်းက တုချန်ပင် စုဝမ်ကို မသိခဲ့သေးချေ ။တကယ်ပဲ သူမသာ သူ့အစ်ကိုဖြစ်သူနှင့် အတူရှိဖူးတာမှန်လျှင် သူမက ဘာကြောင့် သူ့ကိုတွဲခဲ့သေးသနည်း ။ အချိန်တစ်ခဏတွင် လျှို့ဝှက်ကြံစည်ထားသော သီအိုရီများက တုချန်၏ ခေါင်းထဲတွင် ထင်ဟပ်လာခဲ့သည် ။


သူ၏ မေးခွန်းကို စုဝမ်က ပြုံးကာ ဖြည်းဖြည်းချင်းပဲ ဖြေပေးလိုက်၏ ။


" အရင်ဆုံး နောက်ကျရင် ကျွန်မကို မရီးလို့ပဲခေါ်ပေးပါ ။ကျွန်မနာမည်ကို တိုက်ရိုက်မခေါ်ပါနဲ့ ။ ရှင့်ရဲ့ပူးပေါင်းမှုအတွက် ကျေးဇူးပါပဲ ။  ဒုတိယအနေနဲ့ ကျွန်မယောကျ်ားပြောသမျှက အကုန်အမှန်ပဲ ။သူက ရှင့်ကို ဘာလို့လိမ်ရမှာလဲ ။ "


" အမှန်ပဲ ၊ အမှန်ပဲ ။ မေမေနဲ့ဖေဖေက လိမ်မှာမဟုတ်ဘူး ။ " 


စုရှောင်စူးက ဤအခြေအနေကို အခွင့်ကောင်းယူကာ သူမ၏ တည်ရှိမှုကို ဇာတ်လိုက်အရှေ့တွင် ထုတ်ပြလိုက်၏ ။


ဤအချိန်တွင် အခြေအနေ၏ တိုးတက်ပြောင်းလဲလာမှုကို တိတ်တဆိတ်လေ့လာနေသော ဉာဏ်ကြီးရှင်လင်းလီလေးက သူ၏အာရုံကို ပထမဆုံး စုရှောင်းစူးဘက်သို့ လှည့်သွားခဲ့သည် ။

ဤသည်က ကောင်ငယ်လေးနှင့် မိန်းမငယ်လေး၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုပင် ။

ဒဏ္ဍာရီထဲကလို နှစ်ဦးနှစ်ဖက်မြင်မြင်ချင်းချစ်မိသွားပြီး နှစ်ဖက်စလုံးကြေကွဲစေမည့် တွေ့ဆုံမှုကို ကံကြမ္မာက ကြိုတင်သတ်မှတ်ထားတာမျိုး သို့မဟုတ် နှစ်ဖက်စလုံးတိုက်ခိုက်ကြတာမျိုး လက်တွေ့တွင် မရှိပေ ။


လင်းလီ : ဟီးဟီး ..သူမက ငါ့ထက်နှစ်နှစ်ကြီးတယ်ဆိုတာကို ကြည့်မနေနဲ့ ။သူမရဲ့ အသံကို ကြားလိုက်ထဲက သူမက ဉာဏ်ရည်မမြင့်ဘူးဆိုတာ ငါသိသားပဲ ။သူမနဲ့ပက်သက်ပြီး စိုးရိမ်နေစရာမရှိပါဘူး ။


စုရှောင်စူး : ဟိုသူငယ်ချင်းလေးက အဲ့ဒီနေရာမှာပဲ ။ နင်က ဘယ်သူ့ကို ကြည့်နေတယ်လို့ထင်နေတာလဲ ။ ငါနင့်ကို သကြားလုံးပေးမှာမဟုတ်ဘူး ။ ငါ့မှာ သကြားလုံးကတစ်ခုပဲရှိတာ ။ 


ဝူး ..ဝူး..ဝူး။ စက်ရုပ်တွေက သကြားလုံးရဲ့ ချိုမြိန်မှုကို မခံစားနိုင်တာ တကယ်ဝမ်းနည်းစရာပဲ ။ ငါက အဲ့လိုဖြစ်နေတာပဲ။


 á€€á€™á€šá€˜á€Źá€•္ဍ်တွင် အဝေးကွာဆုံး အကွာအဝေးက ဘဝ နှင့် သေဆုံးခြင်းမဟုတ်သော်လည်း သူမနှင့်  ဆန့်ကျင်ဘက်ဖြစ်နေသာသူနှင့် တူညီနေတာမျိုးကတော့ ထာဝရရှိလာမည်မဟုတ်ပေ ။


____


Translated By IQ-Team.🚩