Chapter 16
Viewers 4k

Ch16 သံသယများ




ဗလာ... ဗလာ....ဗလာကြီးပဲ...



တစ်မြို့လုံး၌ သူတို့ခုနစ်ယောက်သာရှိတော့သည်။



နျဲ့ရှီက ကားမောင်းထိုင်ခုံမှာနေရာယူကာ ဖန်ချန်းကရှေ့ခရီးသည်ထိုင်ခုံမှာယူလိုက်ပြီး ရှဲ့ယင်း နဲ့ ဖန်ယင်းယင်းက နောက်ထိုင်ခုံမှာ နေရာယူကြသည်။ ကားထဲသို့ဝင်ခါနီး ဖန်ယင်းယင်းက "ဖန်ချန်း......ရှင်အနောက်မှာမထိုင်ဘူးလားဟင်"



ဖန်ချန်းက ခေါင်းခါကာ ငြင်းဆန်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားတစ်ဦးသည် ယဉ်ကျေးပျူငှာသောအားဖြင့် မိန်းမနှစ်ယောက်နှင့် နောက်တွင်တူတူထိုင်ခြင်းက သင့်လျော်မည်မဟုတ်သည့်အပြင် လစ်လပ်တဲ့ထိုင်ခုံနေရာကလည်း ရှိနေသေးသည်။



စကားပြောရန်ပင် ခွန်အားမကြရှိ၍ မကြာမီမှာပင် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်က ကားကို လွှမ်းခြုံသွားသည်။



ပြတင်းပေါက်အပြင်ဘက်တွင် ရှုခင်းများက သာမန်သာဖြစ်သော်လည်း လူများမရှိဘဲ တည်ငြိမ်လျက်ရှိနေသည်။ လမ်းသည် ကင်းဗတ်စတစ်ခု ဆန့်ထွက်နေသလိုမျိုးရှိနေကာ ထိုကျယ်ပြောလှသော အလယ်တွင် အလွတ်ဖြစ်နေကာ အတားအဆီးမရှိ ချောမွေ့စွာ မောင်းနှင်နေသော သူတို့ကားနှစ်စီးသာ ရှိနေသည်။



City B သည်အရမ်းနီးပြီး သုံးနာရီကြာသာ ကားမောင်းရသည်။ ၎င်းတို့၏ဖုန်းများသည် ဟိုဘက်ကား ဒီဘက်ကား ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် စပီကာမုဒ်တွင်ရှိနေပြီး တစ်ခါတစ်ရံတွင် အဝေးမှလေသံတဂျစ်ဂျစ်ကို ရံဖန်ရံခါကြားနေရသည်။



ဆယ်မိနစ်ကျော်ကြာပြီးနောက် ကောင်းချန်က မထိန်းနိုင်ဘဲ ဖုန်းနဲ့အသံပို့လိုက်သည် "ညမိုးချုပ်တဲ့အချိန်ထိ ငါတို့လိုရာ မရောက်ရင် ဘယ်လိုလုပ်ကြမလဲ?"



ဖန်ချန်းက နျဲ့ရှီကိုကြည့်ပြီးနောက် အနောက်ထိုင်ခုံဆီသို့ အကြည့်ပို့လိုက်သည်။ ရှဲ့ယင်းသည်လည်း ဒီမေးခွန်းကို တွေးတောနေပုံရသည်။



ယခုအချိန်အထိ ဖန်ချန်း၊ နျဲ့ရှီ နှင့် ကျန်းရွေ့တို့ဇနီးမောင်နှံသည်သာ ဆိုးရွားတဲ့ ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး ကောင်းချန်နဲ့ အခြားသူများက သူတို့ရဲ့ ပြန်လည်ပြောပြချက်များနဲ့ ဖော်ပြချက်များကိုသာ ကြားသိခဲ့ရတာဖြစ်သည်။ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများသည် လူတိုင်း၏စိတ်ထဲကို စိမ့်ဝင်သွားပုံရပြီး သူတို့၏ နှလုံးသားအတွင်းမှ တိတ်ဆိတ်သော ဆုတောင်းသံများက ပဲ့တင်ထပ်နေသည်- ကျေးဇူးပြုပြီးတော့ ဒီလောက် ကံမကောင်းမဖြစ်ပါစေနှင့်....ကျေးဇူးပြုပြီးအဲ့အရာတွေနဲ့ မကြုံရပါစေနဲ့



"တကယ်တော့... နေ့နဲ့ညကပါ တစ်ခုခု လွဲနေတာပဲ မဟုတ်ဘူးလား" ဝမ်ဟွေ့ဝမ်ကပြောလာသည်... "ဒီအရာတွေ မဖြစ်ခင်ထဲစ ကောင်းကင်က အရမ်းအမှောင်မြန်နေတာကို မှတ်မိတယ်"



အဲ့တာက သူတို့ သတိမထားမိခဲ့ကြခြင်းသာဖြစ်သည်။



အရာအားလုံးသည် သူတို့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံထဲမှာ မျက်လုံးဖွင့်လိုက်တဲ့ချိန်မှ စတင်ကာ အရိပ်အယောင်ပြလာခဲ့ခြင်းဖြစ်သည်။



သူတို့ အတိအကျ ဘယ်မှာ ရှိနေကြတာလဲ?? ဒါက လူတိုင်းရဲ့ အတွေးတွေထဲမှာ လွှမ်းမိုးနေတဲ့ မေးခွန်းပင်....



"နျဲ့ရှီ မင်း... အဲဒီအရာတွေနဲ့ ရင်ဆိုင်တာက တော်တော်လေး အတွေ့အကြုံရှိပြီး မကြောက်တဲ့ပုံပဲနော်...မင်းကိုတော်တော်အထင်ကြီးမိတယ်" ရည်ရွယ်ချက်ရှိရှိနဲ့မေးတာဖြစ်စေ မရှိတာပဲဖြစ်စေ သူရဲ့ မှတ်ချက်တစ်ခုသည် လူအများ၏ စူးစမ်းလိုစိတ်ကို နှိုးဆော်ခဲ့ပြီး သူ့ရဲ့မေးခွန်း၏အကြောင်းအရာနှင့် ပတ်သက်ပြီး အားလုံးကို တူညီစွာ အတွေးများစေခဲ့သည်။



လူတိုင်းတိတ်ဆိတ်သွားကြသည်။



ကောင်းချန်က ရယ်မောလိုက်ပြီး "ဖန်ချန်း တစ်ခုခုပြောအုံးလေ"



"ဘာပြောရမှာလဲ?"



"ဘာပဲဖြစ်ဖြစ်.. မင်းတစ်ခုခုဝင်ပြောတာနဲ့ နျဲ့ရှီက ပြန်ပြောလိမ့်မယ်"



ဖန်ချန်းက စကားမပြောနိုင်ဘဲ တစ်ဆို့သွားသည်။ ဒါက ငြင်းလို့မရတာအမှန်ပင်...နျဲ့ရှီက ဖန်ချန်းကလွဲရင် လူတိုင်းကို အေးစက်စွာ ဆက်ဆံပြီး ဖန်ချန်းမေးခွန်းတွေကိုသာ တုံ့ပြန်တတ်သည်။



"မင်း ပင်ပန်းနေရင် ငါတစ်လှည့် ကားမောင်းပေးမယ်" ဖန်ချန်းက နျဲ့ရှီကို အကြံပြုလိုက်သည်။



ကားပေါ်တက်ကတည်းက တိတ်ဆိတ်နေခဲ့တဲ့ ဖန်ယင်းယင်းက "ဖန်ချန်း ရှင်က ကားဘယ်လိုမောင်းရမလဲပါသိတာလား"



ဖန်ချန်းရဲ့ မျက်နှာတစ်စိတ်တစ်ပိုင်းသည်နောက်ကြည့်မှန်ထဲတွင် ထင်ဟပ်နေသည်။ သူ့ဆံပင်က အနည်းငယ် ဖိုသီဖက်သီဖြစ်နေပြီး နဖူးပေါ်ကဆံပင်တွေက အနည်းငယ် ကောက်ကွေးနေသည်။ ဖန်ယင်းယင်းရဲ့ မေးခွန်းကို ကြားတော့ သူက ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး "အမ်းး" ဟု ဝန်ခံခဲ့သည်။ သူတကယ်မောင်းနိုင်လား မမောင်းနိုင်ဘူးလားဆိုတာ မသေချာသလို ဖန်ယင်းယင်းရဲ့သတိပေးချက်က သူ့ဦးရေပြားကို ယားယံတဲ့ခံစားမှုမျိုးဖြစ်စေခဲ့သည်။ သူကကားပြတင်းပေါက်ကို မှီလိုက်ပြီး တိတ်တဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။



ရုတ်တရက် လက်တစ်ဖက်က သူ့ခေါင်းကို အုပ်ကိုင်လာပြီး ညင်သာစွာ ပွတ်သပ်လာသည်။ အနည်းငယ် ဖွာလန်ကျနေသော ဆံပင်များသည် ပွတ်သပ်မှုကြောင့် ပျော့ပျောင်းစွာ လွင့်သွားပြီး သူ့အား အိမ်မွေးတိရိစ္ဆာန် တစ်‌ကောင်ကောင်လို့ ခံစားရလာစေသည်။



ဒီလိုအချိန်မျိုးမှာ သူပူးပေါင်းပြီးတော့ အိပ်ပျော်နေသလိုမျိုး ဟောက်ပြလိုက်သင့်လား?



"မင်းဘာလုပ်နေတာလဲ?" ဖန်ချန်းက မေးလိုက်သည်။



နျဲ့ရှီ သူ့လက်ကို ပြန်ဆုတ်လိုက်ပြီး"အမ်..နှစ်သိမ့်ပေးတာ.."



အနောက်ထိုင်ခုံကးတွင် ဖန်ယင်းယင်းက နျဲ့ရှီရဲ့ခေါင်းနောက်ဘက်ကို စူးစူးစိုက်စိုက်ကြည့်နေစဉ်မှာပဲ ရှဲ့ယင်းက မတတ်နိုင်ဘဲရယ်မိသွားသည်။ ဖန်ယင်းယင်း၏မျက်လုံးများထဲတွင် ဖော်ပြမနိုင်တဲ့ အမူအရာတစ်ချို့နဲ့ ထူးဆန်းမှုတစ်ခုဖြင့် ဖြတ်ဝင်သွားသည်။



"ဖန်ချန်း..." သူမက ခေါ်လိုက်ပြန်သည် "City B မှာ သိတဲ့သူတစ်ယောက်ယောက်ရှိလား?"



ဖန်ယင်းယင်းသည် အမြဲတမ်း ဖန်ချန်းရဲ့ နာကျင်စေနိုင်တဲ့နေရာကို အမြဲတမ်း ထိမှန်ခဲ့သည်။



ဖန်ချန်းသည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။



ဖန်ယင်းယင်းက လုံးဝ သတိမမူမိပေ...သူမကဆက်ပြီး "အဲ့မှာ ကျွန်မဦးလေးရှိတယ်...အဲ့တော့ ရှင် တကယ်လို့သွားစရာနေရာမရှိရင်..."



"ငါတို့ ဒီကနေ အရင်ထွက်သွားပြီး နောက်ကြမှ ဆွေးနွေးကြရအောင်" ကျန်းရွေ့ရဲ့ စိတ်ရှုပ်နေတဲ့ အသံက ဖုန်း၏အခြားတစ်ဖက်ကနေထွက်ပေါ်လာပြီး ဖန်ယင်းယင်းရဲ့စကားက ရုတ်တရက် ပြတ်တောက်သွားသည်။သူက သူတို့ရဲ့ပြောဆိုသံများကြောင့် အနည်းငယ် စိတ်မရှည်တော့ပေ... "ဒီမြို့ကနေ အရင်မောင်းကြမယ်.."



ဖန်ယင်းယင်းက သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိတ်သွားတော့သည် ။



"တစ်ယောက်ယောက်က ငါတို့ဒီမှာ ရှိနေဖို့ကို ကြိုးကိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးထားတယ်ဆိုပါစို့..အဲ့ဒီလိုသာဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲ?" ရှဲ့ယင်း ရုတ်တရက် စကားထပြောလာသည်။ သူမက ခွဲခြမ်းစိတ်ဖြာမှုကို စတင်ကာ စကားလမ်းကြောင်းမှန်သို့ ပြန်ပြောင်းလိုက်သည်။



"အိုး ဟုတ်တယ်နော်" ကောင်းချန် ဖုန်းတစ်ဖက်မှ တုံ့ပြန်လာသည်။ "ဘာရည်ရွယ်ချက်ပါလိမ့်?"



"ရှင်တို့ထဲ ဘယ်သူတွေ သေသွားတဲ့လူသုံးယောက်ကို ရင်းနှီးကြလဲ" ရှဲ့ယင်း က မေးလိုက်သည်... "ဘာမဆိုရတယ် သိသမျှကို ဝေမျှပေးပါဦး"



ကောင်းချန်က လေးလေးနက်နက် တွေးတောစဉ်းစားလိုက်ရင်း "ပထမထပ်မှာနေတဲ့ အန်တီဝူက တော်တော်စကားများတာကိုတော့ ကျွန်တော်သိတယ်... ဦးလေးဝူမှာက လောင်းကစားပြဿနာရှိနေတဲ့ပုံပဲ..သူတို့က အမြဲလိုလိုစကားများလေ့ရှိကြတယ်"



ဝမ်ဟွေ့ဝမ်ကလည်း "ဒုတိယထပ်ကလူက သူ့အိမ်က ထွက်လာခဲတယ်...သူ့မှာ အိမ်မွေးတိရစ္ဆာန်တွေမွေးထားတာရှိတဲ့ပုံပဲ"



"သူက တိရိစ္ဆာန်တွေကို နှိပ်စက်တာ "ဖန်ချန်းက ခေါင်းငုံ့ပြီး ညည်းတွားလိုက်သည်။



"ဖန်ချန်း?" ရှဲ့ယင်းက ဖန်ချန်းတွင် တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိလိုက်သည်။



ဖန်ချန်းရဲ့ အာရုံတွေက ဖြည်းဖြည်းချင်း ပြန်ရောက်လာပြီး "ဒုတိယထပ် တိုက်ခန်းထဲက စတိုခန်းထဲမှာ တိရစ္ဆာန်အလောင်းတွေ အများကြီးပဲ"



နျဲ့ရှီနှင့် ဖန်ချန်းတို့သာ ဒုတိယထပ်တိုက်ခန်းထဲကစတိုခန်းထဲသို့ ဝင်ခဲ့ကြတာဖြစ်သည်။ ဒါကြောင့် တခြားသူတွေက လေထုတစ်ခုလုံး ဖုံးလွှမ်းထားခဲ့တဲ့ ကျောရိုးတစ်ခုလုံး အေးစက်စေနိုင်တဲ့ ခံစားချက်ကို နားမလည်နိုင်ကြပေ။ လေထုက စွတ်စိုနေပြီး အခန်းကျဉ်းလေးထဲမှာ တိရိစ္ဆာန်ရုပ်အလောင်းပေါင်းများစွာကို မြင်ခဲ့ရခြင်းသည်မလွယ်ကူပေ......



ထိုအချိန်မှာပဲ ဖန်ချန်းသည် ပထမထပ်က ဇနီးမောင်နှံနဲ့ ဒုတိယထပ်က "အမွေးအမျှင်များနဲ့လူ" ကြားတွင် ထူးထူးခြားခြား တစ်ခုခုရှိနေတာခံစားလိုက်ရသည်။



"သူတို့တွေက အစစ်တွေပဲလား ဒါမှမဟုတ် သူတို့က ငါတို့ထင်ယောင်ထင်မှားဖြစ်တာတွေပဲလား " ရှဲ့ယင်းက တဖြေးဖြေးနဲ့ အတွေးလမ်းကြောင်းကို တစ်ဖက်သို့ ချဲ့လိုက်သည်.. "တကယ်လို့ သူတို့တကယ်သေသွားတာဆိုရင် နောက်အလှည့်ကဘယ်သူဖြစ်မှာလဲ?"



တိတ်ဆိတ်မှုက ကားကို ဖုံးလွှမ်းသွားခဲ့သည်။



သူတို့က ထွက်ပြေးဖို့ကို အာရုံစိုက်နေခဲ့တာကြောင့် ဒါကို မေ့သွားကြတာဖြစ်သည်။



အဆောက်အဦးထဲက လူတွေ တဖြည်းဖြည်း လျော့ပါးခဲ့သည်။ သူတို့သေဆုံးရင်သေဆုံး မဟုတ်ပါက ပျောက်ကွယ်သွားကြပြီး နောက်ဆုံးမှာ ဘာမှ မကျန်ခဲ့တော့ပေ ...



ကားနောက်ခန်းမှ ရှိုက်သံတစ်ခု ထွက်လာခဲ့သည်။ ဖန်ယင်းယင်းသည် ရေဖြင့်ပြုလုပ်ထားပုံရသည်။ ထစ်ခနဲရှိတာနဲ့ မျက်ရည်တွေကအထိန်းအကွပ်မရှိ စီးကျလာပြီး သူမရဲ့ မျက်လုံးအိမ်များ နာကျင်လာတဲ့အဖိ အဆက်မပြတ် ငိုကြွေးတော့သည်။



"သေစမ်းကွာ!" ကျန်းရွေ့သည် ကျိန်ဆဲလိုက်ကာဆေးလိပ်သောက်ရန်တွေးလိုက်သော်လည်း နောက်ဆုံးမှာ မသောက်ဘဲနေလိုက်သည်။



ကားသည် ရှေ့ကိုဆက်လက် မောင်းနှင်နေခဲ့ပြီး သူးတို့ရောက်ဖို့အတွက် မည်မျှ အဆုံးမဲ့သော ဦးတည်ရာကိုဆက်မောင်းနှင်ရမည်ကို ဘယ်သူမျှ မသိကြပေ။



ဖန်ချန်းက ရုတ်တရက် အိပ်ပျော်သွားသည်။ဒီလောက်ဆိုးရွားတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုးရွားတဲ့ အခြေအနေမှာ ဘာကြောင့် သူ‌အိပ်ပျော်သွားရမှန်းတောင် မသိပေ။



 အမှောင်ထုတွေကြားမှာ...ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားနေခဲ့သည်။ များပြားလှတဲ့ စကားသံများ၊ ပန်းကန်ခွက်ယောက်များနှင့် အသုံးအဆောင်သံများက ပဲ့တင်ထပ်လာကာ ရေစီးသံများလည်းကြားလာရသည်။ မှန်တံခါးက တွန်းဖွင့်ခံလိုက်ရပြီး သူ့နောက်မှ အေးမြမှုက လမ်းလျှောက်လာသည်ကိုသတိထားမိလိုက်သည်။ အပြင်ဘက်တွင် ပုစဉ်းရင်ကွဲများ၏ စည်းချက်ညီညီ တီးမှုတ်နေသည့်အသံနှင့် နွေအပူချိန်တို့က ရောယှက်နေသည်။ ကျဉ်းမြောင်းသော တံခါးအဖွင့်အပိတ်မှတဆင့် တောက်ပမှုတစ်ချို့က စိမ့်ဝင်လာပြီး သူ့ခြေဖဝါးအောက်က ကြမ်းပြင်ကို မြင်လိုက်ရသည် ။



"အတန်းပျက်ပြန်ပြီလား?" ဖန်းချန်သည် သူအသံသူ ကြားလိုက်ရပြီး သူ့အသံမှာ ငယ်ရွယ်နုပျိုနေကာ တက်ကြွမှုအပြည့် ရှိနေသည်..."မင်းကဘာလို့ဒီကိုလာတာလဲ?"



"မင်းကိုတွေ့ဖို့..." တစ်စုံတစ်ယောက်က သူ့ဘက်တွင် ရပ်နေပြီး သူ့၏ပုံသဏ္ဍာန်မှာ မှုန်ဝါးနေသည်။



"မင်းဒီလိုလုပ်လို့မရဘူးလေ.. မင်းရဲ့အတန်းကို ကောင်းကောင်းသွားတက်ရမယ်...ငါတို့ရဲ့သဘောတူညီချက်ကို မှတ်မိတယ်မလား?"



အချိန်အတော်ကြာ တိတ်နေပြီးမှ နောက်ဆုံးတွင် တစ်ဖက်က "အမ်း" ဟုမှိန်ဖျော့ဖျော့အသံတစ်ခုထွက်လာခဲ့သည်။ 



ကျဉ်းမြောင်းသောဝင်ပေါက်သည် ကျယ်လာပြီး ဖန်ချန်းသည် သူ့လက်က အပေါ်ကို ဆန့်တန်းနေသည်ကို တွေ့လိုက်ရသည်။သူက.. "မင်း ငါ့ကို ပြုံးပြနိုင်မလား? မင်းဘာလို့ အမြဲတိုင်း ဒီလို မှုန်မှိုင်းနေတဲ့အမူအရာမျိုး ဖြစ်နေရတာလဲ"



"ငါ..မသွားချင်ဘူး..."



"အဲ့လိုလုပ်လို့မရဘူး!" ဖန်ချန်း၏ လေသံ ရုတ်တရက် တင်းမာလာသည်။ "မင်း အခုချက်ချင်း ကျောင်းတက်ရမယ်!!"



အော်သံတစ်ခုကြောင့် သူလန့်နိုးလာခဲ့ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ နက်မှောင်တဲ့ အခေါင်းပေါက်နဲ့မျက်လုံးတစ်စုံက သူ့ကို တည့်တည့်စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ ကားပြတင်းပေါက်ကိုတားဆီးထားသည့် မှန်အပြင်ဘက်တွင် မကောင်းဆိုးဝါးသည် မှန်များကို ထုတိုက်နေ ဒေါသတကြီး တားနေသည်။ ပါးစပ်က 'အို' ပုံသဏ္ဍာန်ဖြစ်နေပြီး ရှုံ့တွနေသော အရေပြားဖြင့် ကားပြတင်းပေါက်ကိုဖိထားသည်။ ဒါပဲရှိသေးတာမဟုတ်ပေ...



 ၎င်းတွင် လျှာစိမ်းပြာရောင်ရှိနေပြီး ပါးစပ်ကိုကျော်လွန်ပြီး မချဲ့နိုင်မထုတ်နိုင်ဘဲ အလွန်တိုတောင်းနေတာကို သတိပြုမိလိုရ်သည်။ ၎င်း၏ သွားများသည် နီရဲနေပကာ အဝါရောင်ရှိပြီး ထူးဆန်းစွာ ဖြူစင်သော ကလေးကဲ့သို့ အော်ဟစ်သံကို ၎င်း၏ပါးစပ်မှ ထုတ်နေတာကို ကြားနိုင်သည်။



တကယ့်ကို ရွံရှာစရာအတိပင်...



ဖန်ချန်းဘာမှ မတုံ့ပြန်လိုက်နိုင်ခင်မှာပဲ ကားပြတင်းပေါက်ကို ဖိထားတဲ့ နတ်ဆိုးက ရုတ်တရက် လွင့်ထွက်သွားသည်။ နျဲ့ရှီသည် အပြင်သို့ရောက်နေပြီဖြစ်ပြီး ၎င်းကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။



သူက သေနတ်ဖြင့် မြေပြင်ပေါ်က မကောင်းဆိုးဝါးရဲ့ရင်ဘတ်ကို ချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်သည်။



ဒိုင်း!-



ဖန်ချန်းရဲ့ နက်ရှိုင်းသော မျက်လုံးများထဲတွင် အသွင်သဏ္ဌန်တစ်ခု ခဏလောက်ထွက်ပေါ်လာပြီး နျဲ့ရှီရဲ့ရုပ်သွင်နဲ့ လျင်မြန်စွာ ပေါင်းစပ်သွားပြီး ဘာမှအဖြစ်သို့ လျင်မြန်စွာ ပြန်ပျောက်သွားခဲ့သည်။



စိတ်နတ်ဆိုးက နူးညံ့ပျော့ပျောင်းတဲ့ အရေပြားတစ်စလိုမျိုး ကျုံ့သွားသည်။ အနောက်ထိုင်ခုံတွင် ရှဲ့ယင်း သည် ဖန်ယင်းယင်းရဲ့ ပါးစပ်ကို လက်ဖြင့်တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး သူအသံမထွက်နိုင်တော့မှ သူမနှုတ်ခမ်းများကို လွှတ်ပေးလိုက်သည် ။



ဖန်ချန်းက တောင့်တောင့်ကြီးအနေအထားမှ သူ့ကိုယ်သူ ဖြေလျှော့လိုက်ပြီး သူ့အသိစိတ်ကို ကြောက်လန့်တကြား ဆုပ်ကိုင်ထားလိုက်ရင်း "ဘာတွေဖြစ်နေတာလဲ?"



"အဲ့ဒီအရာက ရုတ်တရက် ထွက်လာတာ" ရှဲ့ယင်းကဆက်ပြောလာသည်.... "ခဏလောက် ကားဆက်မောင်းခဲ့ပေမယ့် အဲဒါကို တွန်းလှန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရလို့ နျဲ့ရှီက ကိုင်တွယ်ဖို့ ထွက်သွားလိုက်တာ..."



ဖုန်းက ညနေ ၃း၀၀ နာရီကိုပြနေပြီး သူတို့ ကားမောင်းလာတာ နှစ်နာရီကြာနေပြီဆိုတာ ညွှန်ပြနေသည်။



ကောင်းကင်သည် လုံးလုံးမမှောင်သေးဘဲ အပြာနုရောင် နဲ့ အပြားရင့်ရောင်များကရောနေသေးသည်။



"ကောင်းချန် နဲ့ တခြားသူတွေကော ဘယ်လိုနေလဲ" ဖန်ချန်းက မေးလိုက်သည်။



"မင်းတို့ရှေ့မှာရှိတယ်!! မြန်မြန် မြန်မြန် မြန်မြန် ၊ ဒီမှာ ဧည့်ရိပ်သာ ရှိတယ်!!မြန်မြန်လာ...အထဲမှာ ခိုရအောင်!" ကောင်းချန်က ဖုန်းတစ်ဖက်ကနေတိုက်တွန်းလာသည်။



နျဲ့ရှီက ပြန်ရောက်လာပြီး ကားတံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ပိတ်လိုက်သည်။ သူ့အကြည့်တွေက အေးခဲနေခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လျစ်လျူရှုထားပုံပေါ်သလိုလို.. သူသတ်ခဲ့တဲ့ နတ်ဆိုးက သူ့အတွက် ဘာစိုးရိမ်စရာမရှိသလိုလိုပင်....



" ကျွန်မတို့ ရှင့်ကို ခေါ်ဖို့ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် မနိုးလာခဲ့ဘူး" ရှဲ့ယင်းက ဖန်ချန်းကို စိတ်ပူနေဟန်တူသည်.. "အဆင်ပြေရဲ့လား?"



"အင်း...အဆင်ပြေပါတယ်" ဖန်ချန်းက တုံ့ပြန်လိုက်ပြီး သူ့မျက်လုံးတွေက နျဲ့ရှီကို စိုက်ကြည့်လိုက်သည်။ နျဲ့ရှီက သူ့အကြည့်ကို ဖမ်းမိသွားသည်။ ဖန်ချန်းက သူ့မျက်လုံးများကို လျင်မြန်စွာ ရှောင်လိုက်ပြီး နှလုံးခုန်သံ မြန်လာသလိုခံစားလိုက်ရသည်။



ဖန်ယင်းယင်းရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်က နောက်ထိုင်ခုံပေါ်နေရာယူကာ လဲလျောင်းနေပြီး သူမ၏ပခုံးများကို ပွတ်သပ်နေခဲ့သည်။



သူမ မအီမသာခံစားနေရသည်။



အဲဒီ ရွံရှာစရာတွေက ဘာတွေလဲ? သူမကဘာလို့ ဒါတွေအားလုံးနဲ့ ကြုံတွေ့နေရတာလဲ...?



သူမရဲ့အဆောင်ဘဝက အစတုန်းက လုံးဝကို သာယာခဲ့သည်။ သူမ ဘာကြောင့် ထွက်လာခဲ့တာလဲ?? အကယ်၍သူမကရွေ့ပြောင်းမလာခဲ့ဘူးဆိုရင် ဒါတွေအားလုံးကို ရှောင်နိုင်မှာလား...? ဒါတွေအားလုံးက သူမရဲ့ အခန်းဖော် အပြစ်တွေပဲ-သူမက သေပြီးတဲ့ နောက်မှာတောင် တခြားလူတွေကို ငြိမ်းချမ်းစွာ နေထိုင်ခွင့် မပေးဘူး။သူမက စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေရပြီး စိတ်မသက်မသာ ဖြစ်စေခဲ့တာကြောင့် ထွက်သွားဖို့ ကလွဲပြီး ရွေးချယ်ဖို့မရှိပေ။ သူမက အခြားဌာနများမှ ကျောင်းသားများနှင့်လည်း မရင်းနှီးတာကြောင့် ကျောင်းဝင်းပြင်ပမှာ ငှားရမ်းတည်းခိုရန်မှတပါး ရွေးချယ်စရာမရှိပေ။



သူမက အလွန်ကြောက်သွားရသော်လည်း ဖန်ချန်းကမူ သူမကိုအကြည့်တစ်ချက်တောင်မစွန့်ကြဲလာပေ။



တစ်ယောက်ယောက်အပေါ် ကြိတ်ကြိုက်ရတာက အရမ်းကိုပင်ပန်းသည်။ သူမ မျက်တောင်တွေက သူ့ဆီမှာပဲ တဝဲလည်လည်ဖြစ်နေတာတောင် သူက အသိအမှတ်မပြုပေ...



ပင်ပန်းလွန်းလို့ အိမ်ကိုပဲလွမ်းတော့သည်...



သူမ၏အကြည့်များက ကားမောင်းသူထိုင်ခုံရှိ နျဲ့ရှီဆီသို့ ရွေ့သွားပြီး ဖန်ယင်းယင်းသည်မတတ်နိုင်ဘဲ တုန်လှုပ်သွားမိသည်။



သူကတစ်ခုခုပဲ...ဒါ..မဖြစ်သင့်ဘူး သူမ..ဖန်ချန်းကို ပြောပြရမယ်....