Chapter 22
Viewers 4k

Ch22 လူသတ်သမား




ညဘက်၌ တစ်ယောက်ယောက်က နိုးလာခဲ့သည်။



ထိုအမျိုးသမီးသည် သူမ၏ ဆံပင်များကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး သူမ၏နောက်မှ အမျိုးသားတစ်ဦးက အနီးကပ်လိုက်လာခဲ့သည်။



သူမပါးစပ်ကိုလက်ဖြင့်အုပ်လာတာကြောင့် သူမလန့်သွားပြီး အော်တော့မည့်အချိန်မှာပဲ ကျန်းရွေ့ကလျှင်မြန်စွာ တိုးတိုးလေးဖြင့် “ရှူး ကိုယ်ပါ” ဟုပြောလိုက်သည်။



ဝမ်ဟွေ့ဝမ်၏ အာရုံများက ပြန်တည်ငြိမ်လာပြီး သူမ၏လက်ဖြင့် ထိုလူ၏လက်ကို အသာအယာပုတ်လိုက်ကာ "ရှင်..ဘာဖြစ်နေတာလဲ? ရှင်လုပ်တာ ကျွန်မကြောက်ပြီးသေတော့မလို့"



ကျန်းရွေ့က ဝမ်ဟွေ့ဝမ်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ ဝမ်ဟွေ့ဝမ်သည် ညဦးပိုင်းက ရေချိုးထားခဲ့တာကြောင့် သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့တစ်ခုက ထွက်နေခဲ့သည်။ ကျန်းရွေ့က ထိုရနံ့ ကိုရလိုက်သည်နှင့် ချက်ချင်းပင် နိုးကြားလာပြီး မာလာတော့သည်။



"အရမ်းနောက်ကျနေပြီကိုကွာ~" ဝမ်ဟွေ့ဝမ်က ကျန်းရွေ့၏ ထိတွေ့မှုများကို ကျေနပ်စွာ လက်ခံလိုက်ပြီး ညဉ်းသံများ ရောနှောကာ သူမ၏ မျက်ခွံများကို မှိတ်ချလိုက်သည်။ ကျန်းရွေ့က သူမခန္ဓာကိုယ်ကို သဘောကျပြီး သူမကလည်း သူ့ကို ခန္ဓာကိုယ်ဖြင့်ဆွဲဆောင်နိုင်သောကြောင့်ပျော်ရွှင်ပေသည်။



ထိုရှည်လျားပြီး နက်နဲလှသောအမှတ်ရစရာများကို လက်ရှိအခိုက်အတန့်ရှိ စိတ်လှုပ်ရှားစရာကောင်းစရာအချက်များက ထိုးသွင်းဖြိုခွဲလာခဲ့သည်။



အရင်တုန်းကတော့ ဝမ်ဟွေ့ဝမ်က တိုက်ခန်းဝယ်ဖို့ တောင်းပန်ခဲ့ဖူးပြီး သူသဘောတူရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့ သူတို့၏ ချစ်မှုရေးရာလှုပ်ရှားမှုများကို အဆင်ပြေစေဖို့အတွက် ဖြစ်သည်။ ကျန်းရွေ့၏စည်းစိမ်ဥစ္စာသည် သူ၏တစ်ဦးတည်း အရည်အချင်းကြောင့်ရလာခြင်းဖြစ်သည်။ သူက ချမ်းသာသော်လည်း ယဉ်ကျေးသိမ်မွေ့ပြီး ရက်ရောကာ သပ်ရပ်စွာ နေတတ်သူဖြစ်သည်။ ဝမ်ဟွေ့ဝမ်သည် အစပိုင်းတွင် သူ့နောက်ကို လိုက်ရခြင်းမှာ သူ၏ ပင်ကိုယ်စရိုက် အသွင်အပြင်က စွဲဆောင်မှုရှိသောကြောင့် ဖြစ်သည်။



လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ခဲ့သည့် ဆက်တိုက် ကြောက်လန့်ရမှုများကြောင့် သူတို့အား အခြားမည်သည့်အရာမှ စဉ်းစားရန် ခွန်အားမရှိခဲ့သဖြင့် သူတို့သည် ဤရှားပါးသော အခိုက်အတန့်ကို သဘာဝအတိုင်း မြတ်နိုးခဲ့ကြသည်။



မိနစ်အနည်းငယ်ကြာပြီးနောက် ဝမ်ဟွေ့ဝမ်နှင့် ကျန်းရွေ့တို့သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ကြသည်။ အမျိုးသမီးက တွန့်ကျေနေသောအဝတ်အစားများကိုဖြန့်လိုက်ပြီး ယောက်ျားက ဆိုဖာပေါ်ကိုပြန်သွားခဲ့သည်။ သူက အခန်းတစ်ဝိုက်ကို စွေပြီး စကင်န်ဖတ်ကြည့်ရာ ဆိုဖာပေါ်ရှိ လူနှစ်ယောက်မှာ ပျောက်ဆုံးနေကြောင်း သိလိုက်ရသည် ။



နျဲ့ရှီနှင့် ချောင်ယန်ပင်....



×××××××××



သွေး၏ရနံ့သည် လေထဲတွင် ဝဲပျံနေပြီး သတ္တုဓာတ်များ အာရုံထဲ ဝင်လာသည်။



ပြာမှုန်နေသော ကောင်းကင်ကြီးသည် တိမ်တိုက်များဖြင့် တန်ဆာဆင်ချင်းခံထားသည်။ နေ့လယ်ခင်း၏ ပြင်းထန်သောအပူရှိန်၌ အဝေးမှ ပုစဉ်းရင်ကွဲတို့၏ အဆက်မပြတ် တေးဆိုသံနှင့်အတူ နေမင်းကြီးကတောက်ပသော လှိုင်းလုံးကြီးများ ဖြာထွက်ပေးနေသည်။



လူငယ်တစ်ယောက်သည် နံရံကိုထောက်လိုက်ပြီး ပြတင်းပေါက်များမှတစ်ဆင့် စစ်ဆေးခံရမှုကို ရှောင်ရှားရန် တမင်ခန္ဓာကိုယ်ကို နိမ့်ချကာစာသင်ခန်းတံခါးများကြားမှ ဖြတ်သွားခဲ့သည်။



ကျောင်းခေါင်မိုးပေါ်ရှိ တံခါးသည် သော့ခတ်ထားသည်မှာအလှဆင်ရုံမျှသာဖြစ်သည်။ နူးညံ့သိမ်မွေ့သော ဆွဲအားဖြင့် လူငယ်လေးသည် အားစိုက် တံခါးကိုဆွဲဖွင့်လိုက်ရာ ပြင်းထန်သော လေပြင်းများက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ ပတ်ဝန်းကျင်ကိုရှုစားရင်း နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုက ကခုန်လာပြီးမှ နှုတ်ခမ်းထောင့်က နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည် ။



သူ့နောက်မှာ အအသံတစ်ခုထွက်လာပြီး ကြောက်လန့်တကြားလှည့်ကြည့်လိုက်မိသည်။ လူတစ်ဦးသည် အမှောင်ရိပ်ထဲမှ ထွက်လာပြီး လူငယ်လေး တစ်ဖက်ကလူကို သိသဖြင့် စိတ်သက်သာရာရသွားသည်။



"လန့်သွားတာပဲ"



"မင်း...ရန်ဖြစ်ပြန်ပြီ"



သူတို့ နှစ်ယောက်လုံး တစ်ချိန်တည်း စကားပြောမိလိုက်ကြပြီး လူငယ်က ပြုံးမိသွားကာ နောက်ဆုံးမှာတော့ နာကျင်မှုနောက်တစ်ကြိမ်ထပ်ရလိုက်သည်။ သူ့မျက်လုံးများထဲတွင် ပေါ့ပါးသော အရိပ်တစ်ခုက တောက်ပနေ၏။



 "အင်း မဟုတ်လဲ ငါက..တခြားဘာလုပ်နိုင်မှာမို့လဲ...သူတို့က ငါ့ကို အကြောင်းပြချက်မရှိဘဲ လိုက်ရန်စနေတာလေ... ငါအဲဒီမှာ ဒီတိုင်းရပ်ကြည့်နေပြီး အထိုးခံခဲ့ရမှာလား"



"ဘယ်သူလုပ်ခဲ့တာလဲ?" စကားပြောနေသူသည် အမှောင်ရိပ်ထဲမှ ထွက်လာခဲ့ပြီး တည်ငြိမ်သော အမူအရာဖြင့် ငုံ့ကြည့်လာသည်။



လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘာမှမဟုတ်ဘူး...ဒီတစ်ခါတော့ မဝင်ပါနဲ့တော့ ကောင်းပြီလား? နောက်ဆုံးတစ်ခေါက်က ဖြစ်ခဲ့တာကို မေ့သွားပြီလား? မင်း မိဘတွေတောင် ပါလာရတဲ့အထိလေ...မင်းတောင် အဲ့မျိုးမစစ်တွေကို ခေါင်းငုံ့တောင်းပန်ဖို့ဖိအားပေးခံခဲ့ရသေးတယ်" တွန့်ကွေးနေခဲ့သည်ြ နှုတ်ခမ်းများက ခဏတာမျှဖြောင့်တန်းသွားပြီးနောင် ပြန်တွန့်ကွေးသွားကာပြုံးလိုက်သည်.. "ကျစ်.. မင်းကဘာလို့တောင်းပန်သင့်တာလဲ? သူတို့ကစခဲ့တဲ့ကောင်တွေဆိုတာရှင်းနေတာကို..."



ထိုသူကတုံ့မပြန်လာပေ....



လူငယ်လေးက “မေ့လိုက်တော့ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ ငါတို့ဘက်ကလိုက်မပြောရဲဘူးလေ” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဝံရတာလက်ရန်းများသို့ တရွေ့ရွေ့ လျှောက်လာရင်း အောက်ဘက် အနီနှင့် အစိမ်း အားကစား ကွင်းကို သတိထားကာ ငုံ့ကြည့် သော်လည်း ကျောင်းသား သမဂ္ဂ ၏ စောင့်ကြည့်နေသော မျက်လုံးများကို ကြောက်တာကြောင့် အနီးကပ် ချဉ်းကပ်ကာမကြည့်ရဲပေ.....



လေများက သူ့ရင်ဘတ်ထဲသို့ တိုးဝင်လာပြီး အသက်ပြင်းပြင်းရှိုက်သွင်းလိုက်သည်။ သူ့ပယင်းမျက်လုံးများကနူးညံ့တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်သည်။



ရုတ်တရက် သူ့ပခုံးက လှမ်းဆွဲခံလိုက်ရသည်။ ဖန်ချန်းက သူအိပ်မက်မက်နေမှန်း သိသည်။ သူ လှည့်ကြည့်ရာ ငှက်ဖြူတစ်ကောင်က ပျံတက်သွားကာ ကောင်းကင်ပေါ်မှာ သူ့ကို စိုက်ကြည့်နေခဲ့ပြီး ခဏအကြာတွင် သူ့အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။



တစ်ယောက်ယောက်က အရက်ပြန်ပုလင်းကို မြေကြီးပေါ်တင်လိုက်သည်။ အရက်ပြန်အနံ့သည် ပတ်ဝန်းကျင်မှာ ပျံ့နှံ့သွားကာ ဖန်ချန်းသည် မနှစ်မြို့ဖွယ် အနံ့ကြောင့် နှာခေါင်းရှုံ့သွားသည်။



"ဘာလို့ ဒီဟာ သယ်လာတာလဲ" ဖန်ချန်းက တစ်ဖက်လူရဲ့ စိုက်ကြည့်မှုအောက်မှာ စိတ်မသက်မသာ ခံစားရရင်း မေးလိုက်သည်။ ထို့နောက် သူကမျက်လုံးတစ်ဖက်ကို တင်းကျပ်စွာမှိတ်လိုက်ရင်း ခြေထောက်တွေကို အနီးကပ်ဆွဲတင်ကာ ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်သည်..."ကောင်းပြီ..ဖြေးဖြေးလုပ်နော်"



အရက်ပြန်စိမ်ထားတဲ့ ဂွမ်းလုံးက သူ့အရေပြားကို ထိကပ်လာခဲ့ပြီး ဖန်ချန်းက သူ့လျှာသူ ကိုက်လိုက်မိသည်။ ဒူးတွေလည်းနာနေကာ တစ်ကိုယ်လုံး နာကျင်ပေမယ့် သူ့ခံတွင်းထဲ သွေးအရသာနှင့်အတူ ရောယှက်နေတဲ့ ချိုမြိန်မှုတစ်ခုကတိုးဝင်လာခဲ့သည်...



ဒါပေမယ့် အိပ်မက်က ပြီးသွားခဲ့သည်...



တစ်စုံတစ်ယောက်က သူ့ကို နှိုးလာခဲ့သည်...



ဖန်ချန်းက မျက်လုံးများကိုဖွင့်လိုက်ကာ အလင်းရောင်မှိန်ပျပျ အခန်းကို နှုတ်ဆက်လိုက်ရသည်။ နျဲ့ရှီကိုမြင်တော့ သူ့နှလုံးသားက ချောက်ထဲ ပြန်ကျသွားခဲ့သည်။ သူ့ခေါင်းက တဆတ်ဆတ်တုန်နေပြီး ပတ်ဝန်းကျင်က အသံတွေကို တခဏချင်း နစ်မြုပ်သွားခဲ့သည်။ ဖန်ချန်းသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပြီး စိတ်ကူးယဉ်အိပ်မက်တစ်ခုထဲကရုန်းမထွက်နိုင်သေးပေ ။ ထိုအိပ်မက်ထဲ၌ သေခြင်းတရားမရှိ..ဒေါသလည်းမရှိ..ပုပ်သိုးနေသော အသားစလည်း မုချမရှိနေချေ..



ရှဲ့ယင်းကစကားပြောနေခဲ့ပြီး သူ စေ့စေ့နားထောင်လိုက်ရာ သူ့နားထဲ မိုးလင်းနေပြီဟု သူမပြောသံကို ဖျတ်ခနဲကြားလိုက်သည်။



ပြတင်းပေါက်ကနေ အပြင်ကို လှည့်ကြည့်လိုက်တော့ ကောင်းကင်ကြီးက သူ့အိပ်မက်ထဲကလိုပဲ သာယာသည့် ရောင်ပြန်ဟပ်နေသည်။



"ငါတို့သွားရမယ့်အချိန်ရောက်ပြီ.." ရှဲ့ယင်းက ပြောလာသည်။



ကျန်းရွေ့က နျဲ့ရှီကို စိုက်ကြည့်ကာ ခေါင်းကုတ်လိုက်ပြီး "မနေ့ကရောက်လာတဲ့ကလေးရောဘယ်မှာလဲ.."ဟုမေးလိုက်သည်။



လူတိုင်း သတိရသွားကြပြီး သူတို့ စတင်ရှာဖွေကြတော့သည်။ ရုတ်တရက် လသာဆောင်ပြတင်းပေါက်ကို ဖုံးအုပ်ထားသော ကုလားကာများ ရွေ့လျားသွားပြီး ကြမ်းပြင်ပေါ်တွင် ကုလားကာဖြင့် ပတ်ထားကာ ထိုင်နေသော ချောင်ယန်ကိုတွေ့လိုက်ရသည်။



"အိုက်ယား မင်းကဘာလို့အဲဒီမှာအိပ်နေတာလဲ" ဝမ်ဟွေ့ဝမ်က အံ့အားသင့်စွာ အော်လိုက်သည်။



"ကျွန်တော်ကြောက်လို့..." ချောင်ယန်က လူတိုင်း၏မျက်လုံးများကို ရှောင်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူက ခြေထောက်တွေကို ကွေးလိုက်ပြီး "ဗိုက်ဆာတယ်..."



"တွေ့လား? ငါမင်းကိုပြောသားပဲ! နည်းနည်းလေးစားတာက မင်းကို မပြည့်စေပါဘူးဆို" ကောင်းချန်ကိုယ်တိုင်လည်း ဗိုက်ဆာနေရင်းပြောလိုက်သည်။ "ငါတို့ စားသောက်ခန်းကို သွားပြီး လမ်းမှာစားဖို့ အစားအစာ တစ်ခုခု သွားယူသွားကြမလား.. ဘာပဲဖြစ်ဖြစ် လမ်းမှာ ဗိုက်ဆာလောက်မှာပဲ"



ကျန်းရွေ့သည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေပြီး နဖူးပေါ်မှ ချွေးသီးများ ပေါ်လာသည်။ ဘယ်သူကမှ ပြင်ဆင်ခြင်းမရှိသေးသလို အပြင်ထွက်ဖို့ ချက်ခြင်းရည်ရွယ်ချက်မရှိသေးကြတာကို သတိထားမိတာပြီး သူ့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘဲ "ကောင်းပြီလေ မြန်မြန် သွားပြီး မြန်မြန်ပြန်လာရအောင်" ဟု အကြံပေးလိုက်သည်။



ရှဲ့ယင်းက "အတူတူသွားကြရအောင် စားစရာတွေယူပြီး အောက်ထပ်ကို ဓါတ်လှေကားနဲ့ တစ်ခါတည်းဆင်းလိုက်ကြမယ်လေ"



ဓာတ်လှေကားသို့သွားသောလမ်းကြောင်းသည် ပင်မအဆောက်အအုံသို့မရောက်မီ အနည်းငယ်ကွာဝေးပြီးခဏလောက်ကွေ့ပတ်လမ်းလျှောက်ရလေသည်။ ဆယ့်နှစ်ထပ်ကိုရောက်တဲ့အခါမှာတော့ စားသောက်ဆိုင်ရဲ့ အလယ်ခေါင်မှာ လဲလျောင်းနေသည့် လူကို သူတို့အုပ်စုကသတိပြုမိလိုက်သည်။ဖန်ချန်းက သူ့အတွေးထဲရောက်နေကာ ခေါင်းကိုငုံ့ပြီး ဆက်လမ်းလျှောက်နေသည့်အချိန်တွင် သူတို့က လမ်းလျှောက်သည့်အရှိန်ကိုနှေးကွေးလိုက်ပြီး စိတ်မသက်မသာ အကြည့်များဖလှယ်လိုက်ကြသည်။ 



ဖန်ချန်းသည် ရုတ်တရက် အော်သံကြောင့် တုန်လှုပ်သွားပြီး နျဲ့ရှီနား အလိုလို ကပ်သွားလိုက်မိသည်။ ထို့နောက်တွင် နျဲ့ရှီသည် ယခင်‌ကလောက် မလုံခြုံကြောင်းသဘောပေါက်သွားခဲ့ပြီးနေရာမှာတင်အေးခဲသွားခဲ့သည်။ နောက်ဆုံးတွင် သူ့ခေါင်းကို မော့ရန် သတိရလိုက်ပြီး မလှမ်းမကမ်းတွင် လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်ရသည်။



ဖန်ယင်းယင်းသေဆုံးသွားချေပြီ....



သူမ၏ မျက်လုံးများသည် ပြူးကျယ်နေကာ ကော်ဇောနီပေါ်တွင် လှဲနေခဲ့ပြီး မည်းမှောင်နေသော သွေးခြောက်များက ကော်ဇောပေါ်တွင် စွန်းထင်းနေခဲ့သည်။ သူမ၏ဝမ်းဗိုက်သည် ပွင့်နေပြီး အူများ ထွက်နေကာ သူမ၏ပါးစပ်ထဲတွင် ရောင်စုံသကြားလုံးများရှိနေသည်ဟု ဖန်ချန်းက ထင်မြင်လိုက်သော်လည်း ၎င်းတို့သည် အမှန်တွင် ဆေးလုံးများဖြစ်သည်။



ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် လူပေါင်းများစွာကို တုန်လှုပ်သွားစေခဲ့သည်။ ဝမ်ဟွေ့ဝမ်က ကြမ်းပြင်သို့ တိုက်ရိုက် ယိုင်ကျသွားပြီး အော့အန်လာချင်သည့် ပါးစပ်ကို လက်ချောင်းများဖြင့်အုပ်လိုက်သည်။ ချောင်ယန်က နောက်တစ်ကြိမ် ဒူးထောက်ထိုင်လိုက်ပြီး သူ့ခေါင်းကို သူလက်ထဲ နက်နက်နဲနဲ မြှုပ်လိုက်သည်။



သို့သော် ဖန်းချန်းကမူ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေမိပြီး သူ့အတွေးများသည် သူ့စိတ်ထဲက အနှံအပြား ပြန့်ကျဲသွားသည်။ သူ နျဲ့ရှီဘက်ကိုရုတ်တရက် လှည့်ကြည့်လိုက်သည့်အချိန်တွင်ယ နောက်ခံအသံများကဆူညံစွာထွက်လာခဲ့သည်။ နေရောင်သည် ပြတင်းပေါက်များမှ ဖြတ်ဝင်လာပြီး နျဲ့ရှီအား ရှည်လျားသော အရိပ်ကို ထုတ်ပေးသည်။ ဖန်ချန်းသည် အဲ့တာကို စိုက်ကြည့်ပြီးနောက် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။



"မြန်မြန်!!သွားရအောင် သွားကြရအောင်!ဒီမှာထပ်မနေကြနဲ့တော့!" ကျန်းရွေ့က နောက်ပြန်ဆုတ်ဖို့ တိုက်တွန်းလိုက်သည်။



"သူမ ဘာလို့သေသွားတာလဲ" ရှဲ့ယင်း၏ အသံသည် ထွက်လာသည်.. "သူမရဲ့ဗိုက်ကပေါက်နေပြီးတော့ ပါးစပ်ထဲမှာလည်း ဆေးပြားတွေပြည့်နေတယ်.. သူမဘာလို့ ဒီလိုမျိုးသေသွားရတာလဲ!"



ဝမ်ဟွေ့ဝမ်က ရှဲ့ယင်းစကားပြောတာရပ်စေရန်အလို့ငှာ ‌ကျယ်လောင်စွာအော်လိုက်သည်။



တစ်ယောက်ယောက် ထပ်အန်ပြန်တော့သည်။



ပတ်ဝန်းကျင်သည် လုံးဝ ကမောက်ကမ ဖြစ်နေသည်။



ဖန်ချန်းက ကြောင်တက်တက်ဖြင့် နျဲ့ရှီဘက်သို့ လှည့်ကာ သူဖြေဖို့ကို မမျှော်လင့်ထားဘဲ မေးခွန်းတစ်ခုကို မေးလိုက်သည်.."မင်း...ဘာလို့လဲ သိလား?"



နျဲ့ရှီ အမှန်တကယ် ခေါင်းညိတ်လာသည် "သူမက အမှားတစ်ခုကျူးလွန်ခဲ့တယ်..."



ဖန်ချန်းသည် ခဏမျှ အံ့အားသင့်သွားပြီး "ဘယ်လို?" သူထပ်မေးလိုက်သော်လည်း နျဲ့ရှီက ပြန်မဖြေတော့ပေ။



ကျန်းရွေ့က အောက်ထပ်သို့ အရူးအမူးပြေးသွားပြီး အခြားသူများကို သူ့နောက်လိုက်လာရန် အော်ဟစ်လိုက်သည် "မြန်မြန်!သွားကြရအောင်!"



နျဲ့ရှီကို မြင်လိုက်သောအခါ သူ့မျက်လုံးများက ကြောက်ရွံ့နေပုံပေါ်ကာ ရှောင်သွားခဲ့သည်.. “မင်းတို့ မလာရင် ငါတို့ မင်းတို့မပါဘဲ ထွက်သွားတော့မယ် ” ဟု သူက ဆက်ပြောလိုက်သည်။



သူက နျဲ့ရှီကိုနောက်တွင် ချန်ထားချင်ခဲ့သည်။



အမြဲတမ်းထက်ထက်မြက်မြက်ပြတ်ပြတ်သားသားရှိသော ရှဲ့ယင်းသည် နံရံကို အားပျော့စွာ မှီလိုက်သည်။ "သူမ သေဆုံးရတဲ့ အကြောင်းပယအရင်းကို ငါတို့ မသိနိုင်ရင် ငါတို့ထဲက တစ်ယောက်ကမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...သူမက စတုတ္ထသားကောင်ပဲ....သူမသာ တခြားသူတွေလို အကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားခဲ့ရင်...ငါတို့လွတ်မြောက်ဖို့ က ထာဝရဦးတည်ချက်မဲ့ လမ်းပျောက်သွားလိမ့်မယ်!"



ရှဲ့ယင်း၏ ကြမ်းတမ်းသော စကားများကြောင့် ကြောက်လန့်နေသော ဝမ်ဟွေ့ဝမ်သည် သူမ၏ နားရွက်များကို ဖုံးအုပ်လိုက်သည်။ ကောင်းချန်သည် စိတ်တည်ငြိမ်မှု ပြန်လည်ရရှိပြီး ကျန်းရွေ့၏နောက်သို့ ပြေးသွားကာ "အေးအေးဆေးဆေး ဆွေးနွေးကြရအောင်..."



ဒါပေမယ့် ကျန်းရွေ့ သူ့ကို ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး တုန်ခါနေတဲ့လက်ချောင်းများဖြင့် ဘယ်သူ့ကို ညွှန်ပြနေမှန်း မသိညွှန်ပြလာကာ "မင်းတို့တွေ လူသတ်သမားနဲ့ဆက်နေချင်နေရင် နေခဲ့လိုက်ကြ.. ငါတော့ထွက်သွားတော့မယ်!"



ထိုအဖွဲ့သည် ထိတ်လန့်စွာ မတ်တပ်ရပ်နေပြီး ကျန်းရွေ့အနားတွင် လိုက်ပါနေသော ဝမ်ဟွေ့ဝမ်ပင်လျှင် အံ့အားသင့်သွားသည်။



"မနေ့ညက သူအခန်းထဲမှာ လုံးဝမရှိခဲ့ဘူး" ကျန်းရွေ့၏အမူအရာမှာ ထိတ်လန့်နေပြီး မည်သည့်အချိန်မဆို ထွက်ပြေးရန် အသင့်ဖြစ်နေသည့် အနေအထားဖြင့် ရပ်နေလေသည်။ သူက နျဲ့ရှီကို စိုက်ကြည့်ပြီးဆက်ပြောလာသည်... "သူ..မနေ့ညက အခန်းထဲမှာ မရှိခဲ့ဘူး ဒါဆို သူဘယ်သွားခဲ့တာလဲ?"



မျက်လုံးများအားလုံးသည် နျဲ့ရှီဆီသို့ လှည့်သွားခဲ့ကြသည်။



ကောင်းချန်ကလည်း သူ့လည်ချောင်းကို ရှင်းပစ်လိုက်သည်။



နျဲ့ရှီက ဖန်ချန်းကို ကြည့်လာပြီး "ငါ သူ့ကို မသတ်ဘူး" ဟုပြန်ဖြေလာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ခဏလောက်ကြာတော့ ဖန်ချန်းသည် သူ့ရင်ထဲမှ မကျေနပ်ချက်သည့်အရိပ်အမြွက်ကိုပင် ခံစားလိုက်ရသည်။



"မင်း သတ်တာမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ?" ကျန်းရွေ့က ပြန်ပြောလာပြီး နျဲ့ရှီက သူ့ကိုလှမ်းကြည့်နေတာကို မြင်လိုက်ရတော့ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ အောက်ထပ်ကို ပြေးဆင်းသွားခဲ့ပြီး သူ့နောက်မှာ ဝမ်ဟွေ့ဝမ်လည်း ပါသွားခဲ့သည်။



ကောင်းချန်၏ မျက်လုံးများကပြူးကျယ်သွားကာ ရှဲ့ယင်းက နျဲ့ရှီကို စိုက်ကြည့်လာပြီး "ဒီမှာ ခဏနေလိုက်အုံး ငါသွားပြီးတော့ သူတို့ဆီက ရှင်းလင်းချက်ရှာလိုက်အုံးမယ်" ဟုပြောလိုက်သည်။



အခု သူတို့ လေးယောက်ပဲ အပေါ်ထပ်မှာ ကျန်နေခဲ့တော့သည်...



ဖန်ချန်းသည် နောက်ထပ် ကြောက်ချင်စိတ်ပင် မရှိတော့သည့် အခြေအနေကိုရောက်နေခဲ့ပြီဖြစ်သည်။ ဖန်ယင်းယင်း၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုနှင့် သူ့ဘေးနားက ဇွန်ဘီကြောင့် သူသည် မည်သည့်အရာကို ပိုကြောက်ရမလဲပင် မသိတော့ပေ။



ချောင်ယန်က သူ့ခေါင်းကို ပွေ့ဖက်ထားဆဲပြီး ကောင်းချန်က လှေကားထောင့်တစ်နေရာမှာ ရပ်နေပြီး တင်းတင်းမာမာနဲ့ "နျဲ့ရှီ မင်း မနေ့ညက ဘယ်ရောက်နေခဲ့တာလဲ?"



အဖြေမရှိပေ...



"သူသတ်တာမဟုတ်ဘူး" ဖန်ချန်းက ဝင်ပြောလိုရ်သည်။ နျဲ့ရှီအတွက် သူဘာကြောင့်ဝင်ပြောမိမှန်းတောင် နားမလည်ပေ။ သူသည် သူ့အတွက် ခုခံကာကွယ်ပေးသည့် ဗီဇပါလာသည့်အတိုင်းရိုးရိုးရှင်းရှင်း လုပ်ဆောင်မိခဲ့သည်။



"သူသတ်တာမဟုတ်ဘူး...သူက ဘာလို့ သူမကို ရုတ်တရက် သတ်ရမှာလဲ? အဲဒါဆို အရင် အဖြစ်အပျက် နှစ်ခုအတွက်ရော သူက တာဝန်ရှိတယ်လို့ ပြောချင်နေတာလား?"



"အဲ့တာကပြောဖို့တော့ခက်တယ်.." ချောင်ယန် အနားကနေ ရုတ်တရက် အသံထွက်လာသည်။ဖန်ချန်းက သူ့ဘက် လှည့်လိုက်တော့ ဘောလုံးလိုမျိူ နောက်တစ်ကြိမ် ပြန်ကျုံ့ဝင်သွားတာကို အံ့သြစရာကောင်းစွာမြင်လိုက်ရသည်။



"မင်းကဘာသိလို့လဲ?" ဖန်ချန်းက အံ့အားသင့်ပြီး မေးလိုက်သည်.. ချောင်ယန်က မနေ့ကပဲ သူတို့နဲ့တွေ့ခဲ့တာဖြစ်ပြီးတော့ သူကဘာသိလို့လဲ?ဘာသိလို့ဝင်ပြောနေတာလဲ?



ချောင်ယန်သည် မည်သည့်အချိန်တွင်မဆို မျက်ရည်ကျတော့မည့်ပုံဖြင့် "မနေ့က ချန်ကော ဟိုအစ်မကြီးနဲ့ ထွက်သွားတုန်းက သူ အရမ်းဒေါသထွက်နေတာ..."



လှေကားထောင့်တွင် ရပ်နေဆဲဖြစ်သော ကောင်းချန်သည် ဖန်ချန်း၏နောက်တွင် ရပ်နေသည့် နျဲ့ရှီ၏ ပျော်ရွှင်နေမှုကို ရုတ်တရက်မြင်လိုက်ရသည်။သူက ဖန်ချန်းသည် သူ့အတွက် ပြောပေးနေသောကြောင့် နှုတ်ခမ်းများ တွန့်ကွေးသည်အထိ ပြုံးနေလေသည်။



ကောင်းချန်၏ ဦးရေပြားက ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ နျဲ့ရှီက ဖန်ယင်းယင်းကို သတ်ခဲ့တဲ့သူ မဟုတ်ရင်တောင်မှ သူနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ ရှိနေလောက်သည်.....



နျဲ့ရှီသည် တစ်ခုခုကို အာရုံခံစားမိသလိုမျိုး ခေါင်းလှည့်လာကာ ကောင်းချန်၏ အမြင်အာရုံလမ်းကြောင်းမှ ဖန်ချန်းကို လုံးလုံးလျားလျား ကွယ်ထားသည့် အနေအထားကို ပြောင်းလိုက်သည်။



 ထို့နောက် သူက ကောင်းချန်ကို ပြန်စိုက်ကြည့်လာသည်။



- သေနေတဲ့အရာကို ကြည့်နေသလိုမျိုး..