Chapter - 18
(ငါ..စားပြီးသွားပြီ)
လင်းဇီဝေ့၏ နောက်မှလိုက်သော လက်ထောက်များက သူမကို ချက်ချင်းလှမ်းဆွဲကာ တိုးတိုးလေးသတိပေးလိုက်သည်
"ဒါက ဗိုလ်ချုပ်ကြီးနဲ့ စေ့စပ်ထားတဲ့သူနော်...."
လင်းဇီဝေ့က ပြောလိုက်သည်။
"ဒါအမှန်လား အမှားလားဆိုတာ ဘယ်သူကတကယ်သိနိုင်မှာလဲ?....ကြယ်ကွန်ရက်က သတင်းတွေကို ယုံလို့ရလို့လား ခဏကြာပြီးရင် အကုန်အတူတူ ဖြစ်သွားတာပဲကို တကယ်စေ့စပ်ထားတဲ့သူဆိုရင် ဒီမှာရပ်နေပြီး အပေါ်ကိုတက်လို့မရဘဲနေမလား"
လင်းဇီဝေ့ကလည်း စီဆဲလ်အတွက် နေ့လည်စာထမင်းဘူးယူလာသည်ဖြစ်ရာ စီဆဲလ်အားမည်သို့ပေးရမည်ကို စဥ်းစားနေသည့်အချိန်တွင် ကျောင်းမြန်ကလည်း ထမင်းဘူး ကိုင်လာသည်ကိုတွေ့လိုက်သော် သူမ အနည်းငယ်ဒေါသထွက်သွားလေပြီး ကျောင်းမြန် ထွက်သွားလို့မရအောင်မည်သို့လုပ်ရမည်ကိုတွေးနေခဲ့သည်။
ကျောင်းမြန်က ကူကယ်ရာမဲ့စွာဆိုသည်။
"မစ်လင်း၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားမှုရှိပါ"
ထိုသို့ပြောလိုက်ပြီးနောက် ကျောင်းမြန်သည် စီဆဲလ်ထံသို့ သူ ပရိုဂရမ်ဌာန၏ အောက်ထပ်တွင် ရောက်နေကြောင်း စာတစ်အောင်အား တိတ်တဆိတ် ပို့လိုက်သည်။
"နင်ကမှ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့်သူပဲ! ဗိုလ်ချုပ်ကြီးကို နင် ဘယ်လိုယုတ်မာတဲ့ နည်းလမ်းတွေသုံးခဲ့လဲဆိုတာကို ငါမသိဘူး"
လင်းဇီဝေ့သည် ရှေ့သို့ တိုးလိုက်ပြီး သူမ၏ ဖြတ်သန်းခွင့်ကတ်ကို ထုတ်ကာ စက်၏အာရုံခံစနစ်ရှေ့တွင် ဖိလိုက်သည်။ သူမသည် ကြယ်ပွင့်တစ်ယောက်ဖြစ်သောကြောင့် ပရိုဂရမ်ဌာနသည် သူမ မကြာခဏရောက်လေ့ရှိသော နေရာတစ်ခုဖြစ်သည်။
"ကတ်ငှားချင်ရင် ငါ့ကိုပြောလို့ရတယ်...."
လင်းဇီဝေ့က ပြုံးပြီး
"ဒါပေမယ့်.....ကျွန်တော့်ကို ငှားပေးပါလို့ ငါ့ကို တောင်းဆိုရမယ် "
လင်းဇီဝေ့သည် ကျောင်းမြန်ကို ထိုနေရာသို့ တက်သွားခွင့်ပြုရန် ဆန္ဒမရှိပေ။
"မင်းဘာလုပ်နေတာလဲ.......! တံခါးနားမှာ ပိတ်ရပ်နေပြီးတော့ နောက်လူတွေကိုလည်း ဝင်ခွင့်မပေးဘူး!"
မတိုးသာ မဆုတ်သာ ဖြစ်နေသည့်အချိန်တွင် ဘာကိုမှဂရုမစိုက်ဘဲ လွတ်လပ်ပေါ့ပါးကာ အကြံများသောကောင်လေးတစ်ယောက်ပုံစံဖြင့် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်ထားသည့် လူတစ်ဦးထွက်လာခဲ့သည်။
ထိုအမျိုးသားတွင် တောက်ပသော ရွှေရောင်ဆံပင်ရှိသည်။ သူသည် စီဆဲလ်ထက် မသာသော်လည်း ယောက်ျားပီသသူတစ်ဦးဖြစ်ပြီး သူသည် တောက်ပရွှေရောင်ဝတ်စုံကို ဝိုင်နီကုတ်အင်္ကျီနှင့် တွဲပြီး ဝတ်ဆင်ထားသည်။
"ရှင်.......ရှင် က တော်ဝင်မင်းသား?"
လင်းဇီဝေ့သည် အယ်လန်ကိုမြင်လိုက်သောအခါ အံ့အားသင့်သွားပြီး သူမ၏ အမူအရာမှာတောင့်တင်းသွားတော့သည်။
"..ခယ်မလေး....?"
အယ်လန်က ကျောင်းမြန်ကို လှည့်ကြည့်လိုက်ပြီး ပျော်ရွှင်သွားလေသည်။
လင်းဇီဝေ့၏ မျက်နှာသည် အနည်းငယ် ရုပ်ဆိုးသွားသည် ။
"အိုင်း......ငါ့ခယ်မလေး က ဘာလို့ ဒီကိုရောက်နေတာလဲ"
အယ်လန်သည် စိတ်အားထက်သန်စွာဖြင့် ကျောင်းမြန်ရှိရာသို့ အပြေးသွားကာ ကျောင်းမြန်၏လက်ကိုကိုင်လိုက်ပြီး
"ခယ်မလေး...... ကိုယ့်ကို မှတ်မိသေးလား?!!!!"
ကျောင်းမြန်က အနည်းငယ်ရှက်သွားပြီး သူ၏လက်ကို တည်ငြိမ်စွာပြန်ဆွဲလိုက်ပြီး ခဏလောက်စဉ်းစားကာ
"ဒါ..... ဟုတ်....ကျွန်တော် မှတ်မိပါတယ်"
ဒီလူက ရှက်စရာကောင်းတဲ့သေတ္တာကို ပို့လိုက်တဲ့ သူပဲ။
ဒါပေါ့....၊ သူက ဒီကိစ္စကိုတော့ တိုက်ရိုက်ပြောဖို့ အဆင်မပြေတာကြောင့် ကျောင်းမြန်က
"အမွှေးနံ့သာအတွက် ကျေးဇူးတင်ပါတယ်" ဟု ယဥ်ကျေးစွာ ပြောလိုက်သည်။
လင်းဇီဝေ့က အောက်နှုတ်ခမ်းကိုကိုက်ပြီး ဘေးနားတွင်ရပ်နေသည်။
'သူ့လိုအပျက်ကောင်က မင်းသားနဲ့ဘယ်တုန်းက သိနေခဲ့တာလဲ.......'
အယ်လန်သည် ဒေါသထွက်နေသော လင်းဇီဝေ့ကို စိုက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ဦးလက်ထဲမှ ထမင်းဗူးများကို ကြည့်လိုက်ရာ ဖြစ်နေသည့်အရာများကို ချက်ချင်းသဘောပေါက်သွားတော့သည်။
ကျွတ်...ကျွတ်....
စားလား မစားလားဆိုတာ မသေချာဘဲနဲ့ အပြေးအလွှားထမင်းဘူးလာပို့မယ့်သူတွေရှိနေတာ စီဆဲလ်က တော်တော်ကံကောင်းတဲ့သူပဲ ......
အယ်လန်က သူ့စိတ်ထဲမှာ အနည်းငယ်ဝမ်းနည်းသွားသော်လည်း ကျောင်းမြန်ကို ပြုံးပြကာ
"မင်း ဗိုလ်ချုပ်ကြီးဆီကို ထမင်း လာမပို့ဖူးဘူးလား?..... မင်းမှာ ဖြတ်သန်းခွင့်ကတ်မရှိရင်ဖြတ်သွားလို့မရဘူးလေ အဲ့ဒါကြောင့် ဒီမှာ ရပ်နေတာလား? “
လင်းဇီဝေ့ အပျော်မလွန်ခင်တွင် အယ်လန်က "လေးစားရတဲ့ ဗိုလ်ချုပ်ကြီးကတော်က ဖျော်ဖြေရေးလောက က အလေလိုက်နေတဲ့ လူတွေလိုမျိုး တပ်စခန်းထဲဝင်ဖို့ မင်းရဲ့ အဆင့်အတန်းနဲ့ဆို ဖြတ်သန်းခွင့်ကတ် သုံးစရာမလိုဘူးလေ......"
အယ်လန်က သူ့အား တခြားဓါတ်လှေကားတစ်ခုကိုညွှန်ပြရင်း
"မင်း ဂိတ်တံခါးကနေဖြတ်လာပြီးရင် ဒီVIP
ဓါတ်လှေကားကို သုံးလို့ရတယ် .....အခုတော့ မင်းကို မျက်နှာပျက်စေမိပြီ...."
လင်းဇီဝေ့ : "....."
ကျောင်းမြန်က ရယ်ရမလား ငိုရမလား မသိတော့ဘဲ "ကျွန်တော် မသိခဲ့ဘူး "
"အခု မင်းသိသွားပြီဆိုတော့ အဆင်ပြေပါတယ် .... သွားကြရအောင်လေ"
ထိုသို့ပြောပြီးနောက် သူသည် ကျောင်းမြန်ကို ဆွဲခေါ်ကာ ထွက်သွားလေသည်။
လင်းဇီဝေ့သည် ဒေါသတကြီးဖြင့် သူမလက်ထဲရှိကတ်ကို တင်းကြပ်စွာကိုင်ကာ အံကြိတ်နေခဲ့သည်။
"ခွိ...."
လင်းဇီဝေ့ အနောက်ရှိ လက်ထောက်က မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
ရုတ်တရက်.....
လင်းဇီဝေ့က လက်ထောက်ကို သူမလက်ထဲက ကတ်ဖြင့် ပစ်ပေါက်လိုက်ကာ
"ရယ်စရာပါလား?"
"မဟုတ်ပါဘူး..... တောင်းပန်ပါတယ်..."
လင်းဇီဝေ့သည် သူမ၏ ခြေထောက်ကိုဆောင့် နင်းပြီး အရှက်ကို ထိန်းကာ အပေါ်ထပ်သို့ တက်သွားသည်။
အခြားတစ်ဖက်တွင် အယ်လန်က တာဝန်ခံကို ခေါ်ကာ နားဖို့နေရာကို စီစဉ်ခိုင်းလိုက်ပြီး ကျောင်းမြန်အား ထိုနေရာတွင် စောင့်ရန် ခေါ်လာခဲ့သည်။
ထို့နောက် သူသည် ကျောင်းမြန်၏ဘေးနားတွင် ထိုင်ပြီး စီဆဲလ်ကို ဖုန်းခေါ်လိုက်သည်။
သူက ဖုန်းမကိုင်ခဲ့ပေ။
"အမ်...... ခယ်မလေး ....ကိုယ်ပြောပြမယ်.. ယောက်ျားတွေအားလုံးက ဝက်ခြေထောက်တွေချည်းပဲ.."
အယ်လန် က မီးတောက်ကို ဆက်ရှို့လိုက်ပြီး "အခုကြည့်လေ ၊ သူ မင်းကို အလုပ်များနေတယ်လို့ပြောပြီး အလုပ်ကိုအစောကြီးထွက်သွားတယ် အခု ဖုန်းခေါ်တာတောင် မကိုင်တော့ဘူး...."
ကျောင်းမြန်က ပြန်ဖြေမနေတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး
" အရှင်မင်းသား အခုထိဘာမှမစားရသေးဘူးလား"
ကျောင်းမြန်က ဒီမင်းသားသည် သူ့ထမင်းဗူးအား ဆာလောင်မွတ်သိပ်မှုများပြည့်နေသည့် မျက်လုံးများဖြင့် အရှက်မဲ့စွာ ချောင်းကြည့်နေလိမ့်မည်ဟု မထင်ထားမိပေ။
အယ်လန်က
"အဲ့လိုမဟုတ်ဘူး၊ အဲဒါက ခယ်မလေးကိုယ်တိုင်ချက်ထားတာလားဆိုတာ ကိုယ် သိချင်လို့ပါ..."
အယ်လန်က တံတွေးမျိုချလိုက်ပြီး ဆက်ပြောသည်-
"ကိုယ် ဘာမှတော့ မစားရသေးပါဘူး.....အဲဒီဝက်ခြေထောက်ကြီးက မင်းရဲ့ဖုန်းကို ပြန်မဖြေဘူးဆိုရင် မင်းဒီနေ့ အခန်းတံခါးရှေ့မှာ အနိုင်ကျင့်လိုက် မဟုတ်ရင်လည်း........."
ကျောင်းမြန်သည် ထမင်းဘူးကို တွန့်ဆုတ်စွာဖွင့်လိုက်ပြီး ပန်းကန်များကိုရှေ့တိုးပေးကာ အယ်လန်အား ပေးလိုက်သည်။
"စားပါ"
"?!"
"ကိုယ် စားရမှာလား!"
အယ်လင်သေချင်စိတ်ပေါက်သွားသည်။
ဗိုလ်ချုပ်ကြီးရဲ့ ဇနီးကိုယ်တိုင် သေချာသန့်သန့်ရှင်းရှင်းချက်ပြုတ်ထားတဲ့ ဟင်းမလား...??....မဟုတ်မှ..ဒါကို ပထမဆုံးစားတဲ့လူက သူတော့မဟုတ်ဘူးမလား...??
အိုး အိုး အိုး ! ရေတပ်ဗိုလ်ချုပ်ကြီး၏ဇနီးကိုယ်တိုင် ချက်ထားသော အစားအစာ........
အယ်လန်သည် စားနေစဉ် တုန်လှုပ်သွားသဖြင့် ကျောင်းမြန်သည် စီဆဲလ်မှ ဖက်ဒရယ်တော်ဝင်မိသားစု အား အစာရေစာဖြတ်တောက်ထားတာလား ဟု ပင် အံ့သြသွားခဲ့သည်။
သူတို့ နှစ်ယောက်သည် ထိုင်နေရင်း ဘာစကားမှမပြောဖြစ်ကြပေ။
ထို့ကြောင့် အယ်လန်က
"ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ကိုယ် တကယ့်အတန်းဖော်အစစ်တွေဘဲ......စစ်တပ် က ကျောင်းမှာ တွေ့ခဲ့ကြတာ......သူ့ ရဲ့ အမှောင် ရာဇဝင် တွေ အားလုံးကို ကိုယ်က အကုန်သိနေတော့ တကယ့်ကိုပျော်ဖို့ကောင်းတဲ့ ညီအကိုကောင်းတွေဖြစ်ခဲ့တာ...."
ကျောင်းမြန် က ရယ်ရမလား ငိုရမလား မသိတော့ဘဲ စီဆဲလ်ငယ်ငယ်တုန်းက လုပ်ခဲ့သည့် မိုက်မဲမှုများကို မစူးစမ်းချင်ပေ။
“ခင်ဗျားတို့ စစ်သင်တန်းကျောင်းကို ဘယ်လိုရောက်သွားကြတာလဲ” ဟုသာ မေးသည်။ သူသည် ရေခဲမြစ်စနစ်တွင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး စစ်ကျောင်းဟူ၍မရှိပေ။
"ဟုတ်တယ်၊ ....ကိုယ့်ရဲ့အရည်အချင်းတစ်ခုကိုပဲ မကြည့်နဲ့.....တကယ်တော့ ကိုယ်က အတိုက်အခိုက် နဲ့ စက်ပြင်တာကိုလည်းကျွမ်းကျင်တယ်.....တော်ဝင်မိသားစုရဲ့ ကောင်းချီးတွေနဲ့ အတူ ကိုယ်က စစ်သင်တန်းကျောင်းမှာ သြဇာအာဏာကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ... ကိုယ့်ရဲ့ ဒီလိုစွမ်းရည်တွေနဲ့ ကျောင်းသားတွေကို ဦးဆောင်ထားနိုင်တဲ့ ကျောင်းသားဘောစ့်တစ်ယောက်ဖြစ်ခဲ့တာ နားလည်ရဲ့ လား?"
ကျောင်းမြန်က "အဲဒါဆို....အဲ့ဒါက . စစ်တက္ကသိုလ်ရဲ့ ကျောင်းသားခေါင်းဆောင်ပဲမဟုတ်ဘူးလား"
"......"
"အင်း အဲ့လိုသဘောပဲပေါ့!"
အယ်လန်က ပြောသည်။
"ဒါပေမယ့် အသက်ဆယ့်ခြောက်၊ အသက်ဆယ့်ခြောက်နှစ်မှာ စီဆဲလ် ရောက်လာပြီး သူက ကိုယ့်ဆီက ခေါင်းဆောင်ရာထူးကို လုသွားတော့တာပဲ.....ပထမတော့ မကျေနပ်ပေမယ့် နောက်ကျတော့ သူ့ဆီကအရိုက်ခံရတာ.... ကိုယ် သူ့ကိုယုံကြည်တယ်၊ စစ်တက္ကသိုလ်ကလူတိုင်းကလည်း သူ့ကိုယုံကြည်တယ်။"
အဲဒီတုန်းက စိမ်းလန်းတဲ့နှစ်တွေကို တွေးကြည့်လိုက်ချိန်တွင် အယ်လန်က လေးဆယ့်ငါးဒီဂရီလောက်ရှိတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး
"အဲဒါနဲ့ သူက ပြန်လျှော့လိုက်တာ။ သူ ဒီလိုနေ့ကိုရောက်ဖို့ သွေးတွေချွေးတွေအများကြီးရင်းခဲ့ရတာ..."
ကျောင်းမြန်က မေးစေ့ကို မော့လိုက်ပြီး သဘောကျသွားကာ.......
"ဒါဆို သူ ဆယ့်ခြောက်နှစ်သားတုန်းက ဘာလို့ စစ်တက္ကသိုလ်ကို တက်ခဲ့တာလဲ"
"..သူ မင်းကို မပြောဖူးဘူးလား"
အယ်လန် အံ့အားသင့်သွားတော့သည်။
ကျောင်းမြန် ခေါင်းယမ်းလိုက်သည်။
အယ်လန် ခဏလောက်စဉ်းစားပြီး
"အင်း၊......အဲဒါ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး" ဟုပြောလိုက်သည်။
" ဗိုလ်ချုပ်ကြီး က မွေးပြီးပြီးချင်းကို ပြန်ပေးဆွဲခံလိုက်ရတယ် ဆိုတာအမှန်ပဲ..."
ကျောင်းမြန်.....အံ့ဩသွားသည်။
ဟမ်?
ခေါင်းစဉ်က ပိုပြီး ထိလွယ်ရှလွယ်ဖြစ်လာသောကြောင့် အယ်လန်က သူ့အသံကို လျှော့ချလိုက်ပြီး
"အဲဒီ့အချိန်တုန်းက အဖွဲ့ချုပ်မှာ အစွန်းရောက်နေတဲ့ သိပ္ပံအဖွဲ့အစည်းတစ်ခု ရှိခဲ့တယ်..... အဲဒါကို 'Dark Phoenix'လို့ခေါ်တယ်....ဗိုလ်ချုပ်ကြီး မွေးခါစ နို့စို့အရွယ်မာဘဲ အဲ့ဒီ့ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်က သူ့နေရာမှာ အန်ဒါ လိုခေါ်တဲ့ အခြားတစ်ယောက်နဲ့ အစားထိုးခဲ့ပြီး ကလေးချင်းလဲခဲ့တာ... အဲ့ အကြောင်းကို သူ့မိဘတွေက မသိခဲ့ကြတော့ အန်ဒါကို သူတို့သားလို့ပဲထင်ပြီး မွေးမြူခဲ့ကြတာ...."
ကျောင်းမြန် မျက်လုံးပြူးသွားသည်။
အဲ့ဒါကြောင့် စီဆဲလ် အရင်က အန်ဒါ့အား လူစားထိုး၊ အတုအယောင် ဟု ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
"ဗိုလ်ချုပ်ကြီး ဘယ်လိုဘဝမျိုးကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး....ဒါပေမယ့် သူက အသက်ဆယ့်ခြောက်နှစ်မှာ သူ့ကိုယ်သူ ကယ်ခဲ့တာ... အခုအချိန်မှာတော့ ......"
အယ်လန်က မျက်မှောင်ကြုတ်ပြီးပြောတယ် "အရင်တုန်း သူ့ဒေါသက အခုထက်တောင် ပိုပြင်းထန်တယ်.....သူရဲ့နည်းလမ်းတွေက ပိုပြီး...အန္တရာယ်များတယ်...သူပြန်လာတာနဲ့ သူပိုင်တဲ့အရာတွေကို ရအောင်ပြန်ယူခဲ့တာ... မာရှယ်ရဲ့ အာရုံစိုက်မှု၊ သူ့ဇနီး၊ စစ်တပ်နဲ့ အာဏာ... တစ်နှစ်အတွင်းမှာပဲ သူ့ကိုယ်ပိုင်အာဏာ ရလာတဲ့အချိန်မှာ Dark Phoenix ကိုလက်စားချေပြီး ဖျက်ဆီးပစ်လိုက်တယ်..."
ကျောင်းမြန် က ဘာစကားမှမပြောနိုင်တော့ပေ။
စီဆဲလ်မှာ ဒီလိုအတိတ်ဇာတ်လမ်းမျိုး ရှိနေခဲ့တာလား.....။
ကျောင်းမြန်သည် ထိုနေ့က စီဆဲလ်နှင့် အန်ဒါကို တောင်းပန်နေခဲ့သည့် မာရှယ်နှင့် သူ့ဇနီးတို့၏ လုပ်ရပ် ရုတ်တရက် နားလည်သွားသည်။ သူတို့သည် စီဆဲလ်ကို 16 နှစ်ကြာခံစားစေခဲ့ရပြီးနောက် အန်ဒါကတော့ သူထံမှယူသွားသောအရာအားလုံးကို ရရှိခဲ့ခြင်း၏အကျိုးဆက်ကိုခံစားခဲ့ရသည်။
အယ်လန်က ပခုံးတွန့်လိုက်ကာ
"ဘာပဲဖြစ်ဖြစ်... ကြယ်ကွန်ရက်မှာ စီဆဲလ်အကြောင်းက ဒီလိုပါဆိုတာကို ဘယ်သူမှ မပြောရဲကြဘူး မင်းလည်း မင်းကို ကိုယ်ပြောပြခဲ့တယ်ဆိုတာ စီဆဲလ် ကို မပြောနဲ့ဦးနော်...။"
"ကောင်းပါပြီ။"
ကျောင်းမြန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေကြသည့်အချိန်တွင် စီဆဲလ်က ကျောင်းမြန်အား ဖုန်းပြန်ခေါ်ခဲ့သည်။
"ဆောရီး.... ကိုယ် အခုအစည်းအဝေးရှိလို့ တာမီနယ်ကို အသံပိတ်ထားမိလို့"
စီဆဲလ်၏အသံသည် တာမီနယ်မှတဆင့်ရောက်လာသည်
"ကိုယ် တကယ်တောင်းပန်ပါတယ် ......မင်းအခုဘယ်မှာနေလဲ? ကိုယ် အခုလာခေါ်လိုက်မယ်......အောက်ထပ်မှာရှိနေတုန်းမလား?"
အယ်လန်က ချက်ချင်း ဝင်ပြောလိုက်ပြီး
"ခယ်မလေးကအခု ငါနဲ့ အတူရှိနေတာ၊ သူက မင်းကို နေ့လည်စာ ယူလာပေးတာ....ဒါပေမယ့် ငါ....နည်းနည်းတော့ စားထားတယ်။"
"......"
နှစ်ယောက်သား ဗီဒီယိုကြည့်နေကြသောကြောင့် ကျောင်းမြန်သည် စီဆဲလ် ၏မျက်နှာကို ချက်ချင်းပင် သတိပြုမိသွားသည်။
ကြည့်ရတာ သူတကယ် စိတ်ဆိုးနေပုံပဲ........
ကျောင်းမြန်က ပြုံးတစ်ဝက်ဖြင့် ချော့မော့ကာ ပြောသည်.....
"ကျွန်တော်တို့ ခင်ဗျားကို လာရှာလိုက်မယ်လေ"
ထို့အချိန် တံခါးကပွင့်သွားပြီးနောက်တွင် သူကပျော်ရွှင်စွာလှည့်ကြည့်လိုက်ရာ လင်းဇီဝေ့ကိုတွေ့လိုက်ရတော့သည်။
လင်းဇီဝေ့ : "......"
ကျောင်းမြန် :"......."
လင်းဇီဝေ့က အစည်းအဝေးပြီးသွားပြီဆိုသည့် သတင်းကိုကြားသည်နှင့် သူမပြင်လာခဲ့သော ထမင်းဘူးကိုယူကာ တက်လာခဲ့ခြင်းဖြစ်သည်။
အယ်လန်က သက်ပြင်းချလိုက်ပြီး
"မင်းဘာလို့ လူတွေကို ထပ်ပြီးခြောက်လှန့်နေရတာလဲ....."
______________________________________