Chapter 20
Viewers 7k

Chapter - 20

(မင်းချက်တာ အရင်စားမယ်)


လင်းဇီဝေ့ထွက်သွားပြီးနောက် ကျောင်းမြန်လည်း စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။



ကျောင်းမြန် တစ်ခုခုပြောရန် ပြင်လိုက်စဥ်တွင် စီဆဲလ်က သူ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးကိုတင်ကာ တားလိုက်သည်။ 



အခုချိန်သည် တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သောကြောင့် သူကို အိမ်မှာပြောသော ချိုမြိန်သည့်စကားများကို အခုပြောလို့မရသေးပေ။



ကျောင်းမြန်သည် စီဆဲလ်၏ အတွေးများကို လုံးဝသတိမထားမိသောကြောင့် သူ၏လုပ်ရပ်များကို ရုတ်တရက်နားမလည်ခဲ့ပေ။



စီဆဲလ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ထရပ်လိုက်ကာ အယ်လန်အား ကြင်နာတတ်သောအပြုံးနဲ့ ကြည့်လိုက်သည်...



"ငါ့ အချစ်ကလေး အယ်လန်ကဗိုက်ဆာနေသေးလား?"



"အစ်...အစ်..အစ်ကိုကြီး ကျွန်တော်မျိုး မှားသွားပါတယ်" 



အယ်လန်သည် ဘောလုံးလိုကွေးကာထိုင်ချလိုက်ပြီး စီဆဲလ်၏လက်အိတ်နှစ်ခုကို လက်နှစ်ဖက်ဖြင့်ကောက်ပေးလိုက်ပြီး 

"ကြီးမြတ်တဲ့ အကိုကြီးက....ငါ့ကိုမသတ်ပါနဲ့.."



စီဆဲလ်က လက်အိတ်ကို ပြန်ယူကာ သေသေသပ်သပ် ပြန်ဝတ်လိုက်ပြီး...



"အိုင်း......!"



ကျောင်းမြန်သည် မနက်ခင်းအလင်းရောင်များထက်ပိုမြန်စွာထွက်ပြေးလုနီးပါးဖြစ်နေသော အယ်လန်ကိုကြည့်လိုက်ပြီးနောက် သူ၏လက်စွပ်များကိုလှည့်ကာ အယ်လန်အားရိုက်လုဆဲဆဲဖြစ်နေသော စီဆဲလ် ဘက်လှည့်ကာ 

"ဗိုလ်ချုပ်ကြီး ကျွန်တော်ကနှစ်ယောက်စာထည့်လာတာ..."





စီဆဲလ်က လှည့်ကြည့်လိုက်ရာ....



ကျောင်းမြန်က ထမင်းဘူးကိုမြှောက်လိုက်ကာ

"နှစ်ယောက်စာထည့်လာတာ....အဲ့ဒါကြောင့် တစ်ယောက်စာကျန်သေးတယ်လေ.." 



ကျောင်းမြန်က အစက စီဆဲလ်နှင့်အတူ စားချင်သောကြောင့် နှစ်ယောက်စာထည့်လာခဲ့သဖြင့် သူသည် အယ်လန်ကို တစ်ယောက်စာအား ရက်ရက်ရောရောစားခိုင်းလိုက်ခြင်းဖြစ်သည်။



စီဆဲလ်ကိုတော့ ဘယ်လိုလုပ် အဆာခံခိုင်းထားနိုင်မလဲ.....??



ကျောင်းမြန်၏ ထမင်းဘူးကို ကိုင်ထားသည့်ပုံမှာ ချစ်စရာကောင်းလွန်းသောကြောင့် စီဆဲလ်က မိန်းမောသွားပြီး အယ်လန်ကို ဆုံးမရန်ပင်မေ့သွားလေသည်။



အယ်လန်က "ကျေးဇူးတင်ပါတယ်....ငါ့မှာ ခယ်မလေးကယ်တဲ့အသက်ပဲရှိတော့တယ်..."

 ဟု အော်ပြောရင်း ထွက်ပြေးသွားလေသည်။



စီဆဲလ်သည် ထိုလူမိုက်အား မနှောင့်ယှက်တော့ဘဲ စားရန်သာဆုံးဖြတ်လိုက်ပြီး ပြုံးကာ

"အတူတူစားကြမယ်လေ ဒါကို တစ်ယောက်တစ်ဝက်ခွဲပြီးတေ့ာ....."



"ကျွန်တော် ....ဗိုက်မဆာပါဘူး။"



"ဗိုက်မဆာရင်တောင် စားလိုက်ပါ." 

စီဆဲလ်သည် ထမင်းဘူးကိုဖွင့်လိုက်ချိန်တွင် ပထမဘူးတွင် ထမင်းကြော်နှင့် ပြုံးနေသောမျက်နှာပါသည့် ကြက်ဥပြုတ်တစ်လုံးရှိနေသည်။ ထမင်းကြော်သည် မည့်သည့်ပစ္စည်းများထည့်ကာ ကြော်ထားလည်းမသိသော်လည်း အနံ့မွှေးကာ အရောင်အသွေးအစုံအလင်ဖြင့် စားချင်စဖွယ်ဖြစ်နေသည်။



ဒုတိယဗူးမှာ စီဆဲလ်ကြိုက်သည့် ပုံစံအတိုင်းကင်ထားသည့် အနောက်တိုင်းပုံစံ အမဲသားစတိတ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ကြည်လင်နေသည့် ဂျယ်လီ အချိုပွဲဖြစ်သည်။ 



"အဲဒါတွေအကုန် မင်းလုပ်လာတာလား?"



"အင်း" 



ကျောင်းမြန်က စီဆဲလ်အား ရှင်းပြရန် ခေါင်းကိုငုံ့လိုက်ပြီး....

 "ထမင်းကြော်နဲ့ ကြက်ဥပြုတ်တွေက တရုတ်စတိုင်တွေပဲလုပ်လာခဲ့တယ်....ဒါပေမယ့် ဒီနေ့မှစသင်လာတာဆိုတော့ အရသာက သိပ်ကောင်းမှာမဟုတ်ဘူး..."



စီဆဲလ်က မျက်ခုံးပင့်လိုက်ကာ

"တရုတ်အစားအစာအတွက် မင်းက သူတို့ကိုသီးသန့် အချိန်ပေး သင်ခဲ့တာလား?" 



ကျောင်းမြန်သည် ဤတစ်ကြိမ်တွင်တော့ မဖြေနိုင်ခဲ့ပေ။



မဟုတ်ဘူးလို့ မပြောနိုင်ဘဲ စီဆဲလ်ကိုကျေးဇူးပြန်ဆပ်ဖို့ ချက်နည်းကို သင်ခဲ့တာလေ...



ဟုတ်တယ်လေ.....ဒါပေမယ့်....ဒီခံစားချက်က ဘာလို့ထူးဆန်းနေရတာလဲ?....



စီဆီလ်က ပြုံးပြီး 

"အတူတူစားရအောင်" ဟု ပြောလိုက်သည်။



ကျောင်းမြန် က 

"ခင်ဗျားက အလုပ်လုပ်ရဦးမှာလေ ....အဲ့ကြောင့် ခင်ဗျားအရင်ပြီးအောင်စားပါ.."



စီဆဲလ်က "ကိုယ်ဒီနေ့စိတ်မကောင်းဖြစ်နေတာ.....အဲ့ဒါကြောင့် မင်း ကိုယ့်စကားကို နားထောင်ပါ...မဟုတ်ရင် ကိုယ့်ရဲ့ဒေါသတွေပြန်ထွက်လာလိမ့်မယ်"



"........?"



"ဘာလို့စိတ်မကောင်းဖြစ်တာလဲ" 

ကျောင်းမြန်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။



"ဘာလို့လဲဆိုတော့ ကိုယ်က မင်းချက်ထားတဲ့ အစားအစာကို ပထမဆုံးစားရတဲ့လူမဟုတ်လို့" စီဆဲလ်က အယ်လန်၏အခွင့်ကောင်းယူခြင်းခံရမည်ကို စိတ်ပူနေသည်။ 



"....."



ကျောင်းမြန်က ခေတ္တရပ်လိုက်ပြီး 

"မဟုတ်ဘူး... ဗိုလ်ချုပ်ကြီး ခင်ဗျားက ပထမဆုံးပါပဲ" 



"တကယ်လား?"



ကျောင်းမြန်က ခေါင်းညိတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့်.....

"လေဆိပ်ကပြန်လာတဲ့ အဲ့ဒီ့နေ့က အိမ်ထိန်းကိုယ်စား ကျွန်တော် လက်ဖက်ရည်နဲ့ ကွတ်ကီးလာပို့ပေးတာ မှတ်မိသေးလား?"



"အင်း.....အဲ့ဒါဘာဖြစ်လို့လဲ?"



ကျောင်းမြန်က 

"အဲ့ဒီ့ကွတ်ကီးတွေက ကျွန်တော် ကိုယ်တိုင်ဖုတ်ထားတာ .....မလုပ်ဖြစ်တာကြာပြီဆိုတော့ အရသာမကောင်းမှာဆိုးလို့ ခင်ဗျားကိုမပြောခဲ့တာ....." 



"......"



စီဆဲလ် မျက်လုံးပြူးသွားကာ...

"မင်း ကိုယ့်ကိုဘာလို့မပြောခဲ့တာလဲ........အဲ့ဒီ့ကွတ်ကီးတွေက အရသာရှိပါတယ်"



"လူလိမ်.." 



ကျောင်းမြန်က ပြုံးလိုက်ပြီး 

"အဲဒီနေ့က ခင်ဗျားပဲ ကွတ်ကီးတွေက အရမ်းမာနေလို့ အိမ်ထိန်းက ဖုတ်ထားတာကို မေ့ပြီး ကြာကြာဖုတ်ထားမိလို့လား ဆိုပြီး ပြောခဲ့တာကို ကျွန်တော်ရှင်းရှင်းလင်းလင်းမှတ်မိတယ်.."



"......"



စီဆဲလ်သည် သူ့အကြည့်များကို ရှက်ရွံ့စွာ ရှောင်ဖယ်လိုက်ပြီး 

"အာ...ကိုယ်က နေ့တိုင်းအလုပ်တွေအရမ်းများတော့ ကိုင်တွယ်ရတာတွေလည်းများတယ်လေ အဲ့ဒါကြောင့် တချို့ကိစ္စတွေဆို ဘာပြောခဲ့လဲဆိုတာမေ့နေပြီ ....လူဆိုတာ ချို့ယွင်းချက်တော့ရှိမှာပဲလေ...မဟုတ်ရင် အရမ်းပြီးပြည့်စုံတဲ့သူဖြစ်သွားလိမ့်မယ် အဲ့လိုဆို ကိုယ့်မှာ ဖိအားတွေအရမ်းများလာမှာ...."



အဆုံးမှာတော့ စီဆဲလ်က ကျောင်းမြန်ကို သူနှင့် အတူ စားရန် တောင်းဆိုခဲ့ပါသည်။



ကျောင်းမြန်လည်း ဗိုက်ဆာနေပြီဖြစ်သည်။ မနက်ကနေ အခုထိအလုပ်ရှုပ်နေသောကြောင့် ကော်ဖီတစ်ခွက်ပဲသောက်ခဲ့ရသေးသည်။ 



သူတို့ နှစ်ယောက် ထမင်းစားပြီးနောက် စီဆဲလ်က ကျောင်းမြန်ကို VIP ခန်းထဲတွင်စောင့်စေပြီး အလုပ်ကိစ္စများပြီးစီးသည့်နှင့် အိမ်ပြန်ခဲ့ကြသည်။



သူတို့နှစ်ယောက် လေယာဉ်နဲ့ အိမ်သို့ပြန်နေစဥ်တွင် ကျောင်းမြန် က 

“ဒီနေ့တနေကုန် ခင်ဗျားရဲ့နောက်မှာ ကင်မရာတွေကိုင်ထားတဲ့လူတွေ တောက်လျှောက်လိုက်နေကြတာ အဲ့ဒါ ဘာဖြစ်လို့လဲ " 



စီဆဲလ်က 

"အိုင်း.....အဲ့ဒါလား.... သူတို့က ကိုယ့်ကို ရိုက်ကူးနေကြတာလေ ..... ဒီနေ့ ပရိုဂရမ်ဌာနမှာ ကိုယ့်ရဲ့လှုပ်ရှားမှုတွေအကုန်လုံးကို အင်တာနက်မှာ တိုက်ရိုက်လွှင့်သွားမှာလေ..."



"......."



"??????"



ကျောင်းမြန်သည် ထိုနေရာမှာတွင် အေးခဲသွားသည်။



သူ ဘာပြောလိုက်တာ...?



တိုက်ရိုက် ထုတ်လွှင့်တာ...?



ကျောင်းမြန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်

"ကျွန်တော်... မစ်လင်းနဲ့ပြသနာဖြစ်တာရော....ကျွန်တော်တို့လှုပ်ရှားမှုတွေရော အကုန်လုံးက တိုက်ရိုက်လွှင့်တဲ့ထဲပါသွားပြီလား?"



"ဟုတ်တယ်..."



"ကျွန်တော်တို့ စားနေတဲ့အပိုင်းတွေရောလား...."



"အင်း.."



"ကျွန်....ကျွန်တော်..."



ကျောင်းမြန်...ဒေါသထွက်လာတော့သည်။



စီဆဲလ်က မျက်တောင်ခတ်လိုက်ပြီး 

"မင်းနဲ့ကိုယ် မင်းရဲ့ကွတ်ကီးတွေက အရသာမကောင်းကြောင်းကို ကိုယ်က ညည်းညူတယ်ဆိုပြီး ချွဲတဲတဲလေးတောင်ပြောခဲ့သေးတာကို....အဲ့ဒါတွေလည်း လွှင့်တဲ့ထဲပါသွားမှာ....."

"......"



ချွဲတာမဟုတ်ဘူး!!! အဲဒါက သာမာန်အကြောင်းအရာပဲ....



ကျောင်းမြန်က "ကျွန်တော့်ကို ဘာလို့ မပြောခဲ့တာလဲ!"



စီဆဲလ် က ပြုံးပြီး 

"ကိုယ့်အထင်တော့ ချစ်စရာကောင်းပါတယ်"



"......."



 ကျောင်းမြန်က မျက်လုံးမှိတ်ထားပြီး တိတ်တိတ်လေးနေလိုက်သည်။



ဒီနေ့ ကြယ်ကွန်ရက်ကို သွားကြည့်ရင် အဲ့ဒီ့ ထူးဆန်းတဲ့အကြောင်းအရာအတွက် သတင်းအသစ်တွေ ဘယ်လိုတက်နေမလဲဆိုတာ သိချင်နေခဲ့သည်။ 



ဒါပေမယ့် လင်းဇီဝေ့ကရော......



ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ အရာအားလုံးကို တိုက်ရိုက်ထုတ်လွှင့်နေပါက အနာဂတ်တွင် လင်းဇိဝေ့ အတွက် အခက်တွေ့နေလိမ့်မည်။



သေချာသည်မှာ သူမသည် အချိန်တစ်ခုလောက်အထိတော့ စီဆဲလ်ကို လာရှုပ်နိုင်လိမ့်မည်မဟုတ်ပေ။



"ခွိ......" စီဆဲလ်က သူ့ပုခုံးကို ထိကာ ပြုံးလိုက်ပြီး 

"ဒါက တကယ်ကို ချစ်စရာကောင်းတယ်.....အဲ့ဒါထက်..."



စီဆဲလ်က ခေတ္တရပ်လိုက်ပြီး 

"ကိုယ် အခုပဲ လင်းဇီဝေ့ကို ရိုက်လိုက်တာကို မင်းတားချင်နေတာ ဟုတ်တယ်မလား...?"

 

ကျောင်းမြန်က ခေါင်းညိတ်ပြသည်။



"ဘာလို့လဲဆိုတော့ မင်းက ဒါကို ဇာစ့်တွေ ပင်လယ်ဓါးပြတွေနဲ့တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ယှဥ်ပြီး အသေးအဖွဲကိစ္စလို့ မင်းထင်နေလို့"



စီဆဲလ်က 

"ဒါပေမယ့်.....ကျောင်းမြန် ဒါက အသေးအဖွဲမဟုတ်ဘူး...." 



"ဘာလိုမျိုး.....?" ကျောင်းမြန် အနည်းငယ် အံ့ဩသွားသည်။



"အဲဒါက မင်းကို မပျော်ရွှင်စေဘူးဆိုရင် ဒါက အသေးအဖွဲကိစ္စမဟုတ်တော့ဘူး"



ကျောင်းမြန် အံ့သြသွားသည်။



စီဆဲလ်က ပြုံးလိုက်ပြီး...

 "ကိုယ့်ကို ဒီအရမ်းချောတဲ့ ဗိုလ်ချုပ်ကြီးက မင်းကို ဆွဲဆောင်နေတယ်ဆိုပြီး အထင်မလွဲနဲ့ဦး....... ကိုယ်ဆိုလိုတာက.... မင်းဒီလိုဆက်သွားလို့မရဘူး"



စီဆဲလ်သည် ခေါင်းကို အနည်းငယ်ငုံ့ကာ ကျောင်းမြန်ထံသို့ ချဉ်းကပ်ကာ 

"ကျောင်းမြန် ဒါကဘဝပဲ........မင်းကိုငြင်းပယ်ကြတာတွေ ဖိနှိပ်ကြတာတွေကို စိတ်မကောင်းဖြစ်စရာလည်းမလိုဘူး....ဂရုစိုက်စရာလည်းမလိုဘူး..."



"ကျွန်တော် နားမလည်ဘူး..." ကျောင်းမြန် က တိုးတိုးလေးပြောလိုက်သည်။



"ကောင်းပြီ။" 



စီဆဲလ်က သက်ပြင်းချလိုက်သည်။


"တချို့အရာတွေကတော့ ဂရုမစိုက်ချင်ရင်တောင် လျစ်လျူရှုလို့မရဘူး.....ဒီနေ့ လင်းဇီဝေ့နဲ့ဖြစ်တဲ့ကိစ္စက အသေးအဖွဲလို့ထင်ရပေမယ့် အကယ်၍ မင်းမတားခဲ့ဘူးဆိုရင် ဗိုင်းရပ်စ်ပိုးလို တဖြေးဖြေးပျံ့သွားလိမ့်မယ် အဲ့အချိန်ကျရင် အဖွဲ့ချုပ်ကလည်း မင်းကိုလေးစားမှုရှိမှာမဟုတ်တော့ဘူး လူတိုင်းကလည်း မင်က အနိုင်ကျင့်ဖို့လွယ်တယ် ထင်သွားကြရင် မင်းရဲ့ အဆင့်အတန်းက နိမ့်ကျသွားလိမ့်မယ် အဲ့ဒါကြောင့် ဒီနေ့လိုအသေးအဖွဲကိစ္စတွေကို ကိုယ် ဂရုစိုက်ရလိမ့်မယ်......"



"ကောင်းပြီ။"

ကျောင်းမြန်က ထပ်ပြီးခေါင်းညိတ်ပြလိုက်သည်။ 



စီဆဲလ်လည်း ကူကယ်ရာမဲ့စွာ သက်မချလိုက်တော့သည်။



ဘယ်လိုပဲတွေးတွေး ကျောင်းမြန် နားလည်မှာမဟုတ်ပေ။



"အင်း... ဒီအကြောင်း ဆက်မပြောနဲ့တော...... ပျော်ဖို့ကောင်းတဲ့ ကိစ္စတွေပဲ ပြောကြရအောင်"

စီဆဲလ်က ကျောင်းမြန်ကိုနှစ်ကုန်အစည်းအဝေး အတွက် ဝတ်ဖို့ အဝတ်အစားဝယ်ရန် သူကြိုက်သည့်အရောင်နှင့်ပုံစံကိုမသိသောကြောင့် အဝတ်အစားဆိုင်သို မခေါ်သွားရသေးပေ။



ထို့နောက် ကျောင်းမြန်က ဆိုလာသည်။

"ပျော်စရာကိစ္စလား...... တော်ဝင်မင်းသား အယ်လန်ရဲ့ အကြောင်း ပြောပြပါလား?"



စီဆဲလ် :?????



ပျော်စရာကိစ္စက အယ်လန်လား....?



စီဆဲလ်သည် သူ၏ခေါင်းထဲတွင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသောအရောင်များ ရုတ်တရက်ပေါ်လာခဲ့သည်။



ကျောင်းမြန်က အယ်လန်နဲ့ ဘယ်တုန်းက အဆင်ပြေသွားတာလဲ.....? 

_______________________________________