Chapter 39
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၉)


ကျွန်မ နောက်ထပ်စာမျက်နှာကို အလျင်အမြန် လှန်လိုက်သည်။



[နတ်ဆိုးသည် အသုံးပြုသူ၏ စိတ်ခံစားချက်များကို ယူဆောင်သွားလိမ့်မည်။



ဥပမာ။ အသုံးပြုသူက အလွန်အမင်း ဒေါသဖြစ်နေစဥ်တွင် မှော်နက်ကို သုံးစွဲပါက အသုံးပြုသူသည် ထိုအချိန်တွင် ဒေါသဖြစ်နေသည့် စိတ်ခံစားချက်ကို ယဇ်ပူဇော်ရမည်။



နတ်ဆိုးသည် လူသား၏ စိတ်ခံစားချက်များကို စားသုံးလိမ့်မည်။ ]



ကျွန်မ မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်မိသည်။မူလဇာတ်ကြောင်းတွင် အဆိုပါ အကြောင်းအရာများ မပါခဲ့ပေ။အိုဖီလီယာမှာ မှော်နက်အသုံးပြုသူ စုန်းမဟူ၍ ရေးသားခဲ့သည်မှ တစ်ပါး အခြားအချက်အလက်များ မပါခဲ့ပေ။မူလဇာတ်ကြောင်းတွင် မှော်နက်သည် ထိုမျှ အရေးမကြီးခဲ့ပေ။ထို့ကြောင့် မှော်နက် အသုံးပြုနည်းကို ကျွန်မ မသိနိုင်ခြင်း ဖြစ်၏။



သို့သော်



ဒါက စိတ်ခံစားချက်တစ်ခုလေ။



အိုဖီလီယာ ပထမဦးဆုံး မှော်နက် သင်ယူခဲ့သည့် အချိန်ကို ပြန်စဥ်းစားကြည့်ရလျှင် သူမ၏ဖခင် သေဆုံးပြီး ပူဆွေးဝမ်းနည်းနေချိန် ဖြစ်သည်။



နင်က နင့်ရဲ့ ပူဆွေးဝမ်းနည်းမှုကို စတေးခဲ့တာပဲ။



ကျွန်မ သူမအတွက် စိတ်မကောင်း ဖြစ်မိသည်။နတ်ဆိုးကို ဆင့်ခေါ်နိုင်ရန်အတွက် ပူဆွေးဝမ်းနည်းမှု ပမာဏ ဘယ်လောက်များများ စတေးခဲ့ရမည်ကို ကျွန်မ သိချင်နေခဲ့သည်။သို့သော် 'အသုံးပြုမည့်အချိန်တွင် ဖြစ်နေသော စိတ်ခံစားချက်'ဆိုသည့် စကားစုကို စဥ်းစားချင့်ချိန်ကြည့်လျှင် အသုံးပြုမည့် အချိန်ကာလ၌ လတ်တလော ဖြစ်နေသော စိတ်ခံစားချက်ကိုသာ စတေးရဟန် ရှိပြီး ပူဆွေးဝမ်းနည်းမှု အလုံးစုံ မှန်သမျှကို ဆိုလိုခြင်း မဟုတ်ပေ။



ထို့ကြောင့်သာ မူလ အိုဖီလီယာသည် မှော်နက်ကို ဆက်လက်အသုံးပြုခဲ့ခြင်း ဖြစ်လိမ့်မည်။



သူမ တစ်ချိန်လုံး ဝမ်းနည်းနေခဲ့တာကြောင့်ပဲ ဖြစ်မယ်။



ကျွန်မ ခါးသက်သက် ခံစားလိုက်ရသည်။



ဒါဆို ငါလည်း အလားတူ ခံစားရမှာပဲ။



ကျွန်မ၏ လက်နှစ်ဖက်ကို အချင်းချင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ကျွန်မသည် အထူးသဖြင့် စိတ်ခံစားချက်များ အလွယ်တကူ မဖြစ်တတ်လေရာ ၎င်းက လွယ်ကူလိမ့်မည်ဟု မထင်ပေ။



အခု ငါ ဒီထက်ပိုပြီး မြန်မြန် တုံ့ပြန်သင့်လား။



"ဟင်း"



တစ်နည်း မဟုတ် တစ်နည်းတော့ အလုပ်ဖြစ်နိုင်ပါလိမ့်မည်။



[ဤသည်မှာ နတ်ဆိုးကို လူသား၏စိတ်ခံစားချက်များ ကျွေးမွေးသော နည်းလမ်း ဖြစ်သည်။]



ကျွန်မ နောက်ဆုံးအပိုင်းကို ထပ်ပြီး ဖတ်ကြည့်မိသည်။



ဆိုဗက်စ်စတာကရော စိတ်ခံစားချက်တွေ လိုအပ်တာပဲလား။



သူက လူသားနှင့် နတ်ဆိုးသွေးနှောတစ်ယောက် ဖြစ်သဖြင့် အဆင်ပြေလိမ့်မည်ဟု ကျွန်မ တွေးမိသည်။အမှန်တကယ် သိချင်လာလျှင် ကျွန်မ မေးကြည့်နိုင်သည်။ဤကိစ္စကို နောက်မှ စဥ်းစားတော့မည်။



ယခု ကျွန်မသည် ဧကရီဟောင်းထံမှ စာကို ရရှိခဲ့ပြီး မှော်နက်ပညာအကြောင်း အကြမ်းဖျင်း လေ့လာနိုင်ခဲ့သဖြင့် လုပ်စရာရှိသည်ကို လုပ်ပြီးဖြစ်သည်။ထို့ကြောင့် ကျွန်မ စာအုပ်ကို ပိတ်လိုက်ပြီး ထရပ်လိုက်သည်။



"မြို့ ...မြို့စားကြီးကတော်"



ထိုအချိန်တွင် စာကြည့်တိုက်မှူးက ကျွန်မကို စကားပြောလာသည်။



"မ...မဒမ် ဒီစာအုပ်ကို ဆက်ငှားဦးမှာလားဗျ။"



ဟမ့်၊ မငှားပါဘူး။ငါ ဒီစာအုပ်ကို အပိုင်ယူသွားမှာ။



"မ...မဒမ် ငှားချင်သလောက် အကြာကြီး ငှားလို့ရပါတယ်။မြို့စားမင်းကြီးက ဒါကို ခွင့်ပြုထားပါတယ်။ပြီးတော့ ဒီစာအုပ်က ကျွန်တော်
တို့ထက် မဒမ်နဲ့ ပိုပြီး ကောင်းကောင်း သင့်တော်ပါတယ်။"



ထိုသို့ ပြောလာသဖြင့် ဤစာအုပ်ကို ကျွန်မနှင့်အတူ ယူသွားသင့်သည်ဟု ခံစားရသည်။



ဓါးပြလာတိုက်သလိုပဲ၊ဟုတ်တယ်မလား။



အဟမ်း



ကျွန်မ ချောင်းတစ်ချက် ဟန့်လိုက်ပြီး မျက်နှာကို မော်လိုက်သည်။ 



"ကောင်းပြီ၊ငါ ဒါကို ယူသွားမယ်။"



ထို့နောက် ကျွန်မ စာအုပ်ကို ယူပြီး စာကြည့်တိုက်မှ ထွက်လာခဲ့သည်။ကျွန်မ၏ နောက်တွင် ကျန်ခဲ့သော စာကြည့်တိုက်မှူးက စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်ကို ကျွန်မ ခံစားလိုက်မိသည်။ 



ငါ ဘာတစ်ခုမှ မလုပ်တာကို နင်က ဘာကြောင့် အရမ်းကြောက်လန့်နေရတာလဲ။



မတရားခံနေရသည်ကို လျော့နည်းသွားအောင် ကျွန်မ တစ်ခုခု လုပ်ရမည်။ကျွန်မ ထိုအကြောင်းကို လေးလေးနက်နက် စဥ်းစားနေမိသည်။



*


ဆိုဗက်စ်စတာမှာ ပန်းချီခန်းထဲတွင် ရှိနေဆဲ ဖြစ်သည်။



ဤနေရာသို့ သူလာရသည့် အကြောင်းအရင်းမှာ မြို့စားမင်းကြီးနှင့် တွေ့ဆုံရန် ဖြစ်၍ ကပွဲခန်းမဆီသို့ ဆင်းလာမည် မဟုတ်လောက်ပေ။ထို့ကြောင့် အိုဖီလီယာ တစ်ယောက်တည်းသာ ကပွဲခန်းမသို့ ဆင်းလာခဲ့သည်။



"မြို့စားကြီးကတော်!"



"ထွက်လာပြီ" 



သူမ ဆင်းလာသည်နှင့် တစ်ပြိုင်နက် အားလုံး၏ စိတ်အာရုံမှာ သူမဆီသို့ စူးစိုက်ရောက်ရှိလာခဲ့သည်။ကျိန်စာမှာ ကြောက်စရာကောင်းသောကြောင့် အရင်ကဲ့သို့ ကျွန်မ ကျိန်စာတိုက်မည် မဟုတ်ပေ။သို့သော် မူလအိုဖီလီယာကမူ ထိုသို့ မဟုတ်ပေ။မတော်တဆ မျက်လုံးချင်း ဆုံမိသွားလျှင်ပင်  'နင် ဘာကြည့်နေတာလဲ၊ရူးနေတာလား'ဟု ပြောသည့် အသံတစ်သံကို ကြားရလိမ့်မည်။

အိုဖီလီယာကို အဆုံးတိုင်အောင် ကြည့်နေသူ အားလုံးသည် ဤအသံဖြင့်သာ အဆုံးသတ်သွားလျှင် အလွန် ဝမ်းမြောက်ဂုဏ်ယူကြလိမ့်မည်။သူတို့အားလုံး အရိုက်ခံရသည်။မိုးရွာသောနေ့တစ်နေ့တွင် ဖုန်မှုန့်တစ်မှုန့်သဖွယ် ဖြစ်သည်အထိ။



ဤသို့ သေးငယ်သော ခန္ဓာကိုယ်လေးမှ ယောကျ်ားသုံးယောက်ပင် မဖယ်ရှားနိုင်သော အထင်ကြီးလောက်စရာ စွမ်းအားများက မည်သို့ ထွက်လာပါသနည်း။ 


ထိုကဲ့သို့ အရိုက်ခံခဲ့ရသော လေဒီငယ်လေးသည် ထိုအချိန်မှ စ၍ ကပွဲသို့ တစ်ယောက်တည်းလာဖို့ မလုပ်ရဲရုံသာမက သူမက အပြင်ဖက်တွင်သာ နေခဲ့သည်။



နာမည်က အောလစ်ဗ် ဘက်ခ်ကာ လား မသိဘူး။



ထို့ကြောင့် လူများသည် အိုဖီလီယာ ရှိရာမှ အဝေးသို့ သွားကြခြင်း ဖြစ်သည်။မည်သို့ပင် ဆိုစေကာမူ လူတိုင်းက အိုဖီလီယာကို မသိမသာ ကြည့်နေကြသည်။အားလုံးနီပါး ကြည့်နေကြသည့်တိုင် သူမက သတိမထားမိပေ။



အိုဖီလီယာသည် ဘယ်နေရာ ရောက်ရောက် အများကြားမှ ကွဲထွက်နေသော မိန်းမဖြစ်သည်။လူတိုင်း ငမ်းငမ်းတက် လိုချင်နေကြသော ငွေဖြူရောင် ဆံနွယ်များ၊ဖြူဖွေးသော အသားအရည်၊မြစိမ်းရောင် ဖျော့ဖျော့ မျက်ဝန်းများ၊နီရဲသော နှုတ်ခမ်းများနှင့် နှင်းတောင်မှ ဆင်းသက်လာသော နှင်းနတ်သမီးလေးသဖွယ် ဖြစ်၏။



အေးတိအေးစက်နှင့် ရက်စက်ကြမ်းတမ်းသော အမူအရာသာ မရှိပါက အိုဖီလီယာသည် အမှန်ပင် အင်ပါယာတွင် အချောမော အလှပဆုံး အမျိုးသမီး တစ်ယောက်ဖြစ်သည်။ 



သူတို့သည် သူမကို တစ်ကြိမ်တစ်ခါလောက် ပြုံးလာစေချင်သော ဆန္ဒရှိကြသည်။သူမသည် ဘယ်သောအခါမှ ပြုံးလေ့မရှိသော အမျိုးသမီးလေး ဖြစ်သည်။



အိုး



သူမ ပြုံးသည့်အချိန် ရှိပေသည်။သူတစ်ပါးကို ရယ်မောသည့်အချိန် 
တွင် ဖြစ်၏။ထိုအချိန်တွင် သူမ၏ မျက်နှာအမူအရာမှ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည်။လူတိုင်းသည် ရက်စက်ကြမ်းတမ်းသော စိန်အဆိပ်နှင့် တူသည့် အိုဖီလီယာအကြောင်းကို ပြန်တွေးမိပြီး တုန်လှုပ်သွားကြသည်။



ထို့နောက် သူတို့ တစ်စုံတစ်ရာကို မြင်လိုက်ရသည်။၎င်းမှာ အိုဖီလီယာ၏ ဘေးတွင် ရှိသော စာအုပ်တစ်အုပ် ဖြစ်သည်။



၎င်းမှာ ထင်သာ မြင်သာ ရှိလှသည်။



ကျိန်စာပညာရပ်အကြောင်း မိတ်ဆက်



လူတိုင်း၏ မျက်နှာများမှာ တောင့်တင်းသွားတော့သည်။စောစောက အိုဖီလီယာအကြောင်း ပြောဆိုခဲ့ကြသူများ၏ မျက်နှာများမှာ ပို၍ပင် ဖြူဖျော့သွားကြသည်။သူမက သည်စာအုပ်ကို လူတွေကို ပြရန် ရည်ရွယ်ချက်ရှိရှိ ယူလာခြင်း ဖြစ်လိမ့်မည်။



သူမက သူတို့ကို သောက်ကျိုးနည်း ကျိန်စာတွေ တိုက်တော့မှာလား။ဒီစုန်းမရဲ့ ကျိန်စာတွေက အရမ်းကြောက်စရာကောင်းတယ်။



လူများသည် အိုဖီလီယာ၏ အဝေးသို့ ကမန်းကတမ်း ထွက်သွား ကြလေသည်။အားလုံးက အဝေးရောက်သွားသဖြင့် အိုဖီလီယာ၏ ဘေးတွင် ဘယ်သူမှ မကျန်ခဲ့ပေ။



ထိုကြောင့် အိုဖီလီယာက တွေးမိသွားသည်။



ငါ အနိုင်ကျင့်ခံနေရတယ်လို့ ထင်တာပဲ။



သူမမှာ ဘာတစ်ခုမှ မလုပ်ခဲ့ပေ။အကြောင်းပြချက် မရှိဘဲ သူမ ဝမ်းနည်းလာမိသည်။အိုဖီလီယာသည် ရှန်ပိန်တစ်ခွက် ယူပြီး မော့သောက်လိုက်သည်။သူမ၏ ခါးသက်နေသော အသည်းနှလုံးကို အရက်နှင့် ဖြည့်သင့်သည် မဟုတ်ပါလော။



ထို့နောက်



"ဘုရားရေ၊ကောင့်မြို့စားကတော် ရောက်လာတယ်။"



"ကောင့်မြို့စားကတော်ဖလဲရ် လား"



"ဘယ်မှာလဲ၊ ဘယ်မှာလဲ၊သူမ ဘယ်မှာလဲ။"



"သူမက မြို့စားမင်းကြီးကတော်နဲ့ ရှိနေတယ်။" 




စောစောက အိုဖီလီယာ ရောက်လာချိန်နှင့် တခြားစီ ဖြစ်သော တုံ့ပြန်မှုများ ဖြစ်၏။ဖလဲရ် ရောက်လာခဲ့ပုံ ရသည်။



ဝါး ၊အမျိုးသမီးဇာတ်လိုက် ရောက်လာခဲ့ပြီပဲ။



ဒါကြောင့် လူတွေရဲ့ မျက်နှာက အပျော်တွေ ပြည့်နေတာကိုး။



ငါနဲ့တော့ မတူဘူးပေါ့။



အိုဖီလီယာ နှုတ်ခမ်းသပ်လိုက်သည်။


တစ်ချက်ကြည့်လိုက်လျှင် ဖလဲရ်က မြို့စားမင်းကြီးကတော်နှင့် အတူ ရှိနေသည်ကို တွေ့ရသည်။သူမအနေဖြင့် မြို့စားမင်းကြီးကတော်အပေါ် အမှားများစွာ လုပ်ခဲ့သည့် မှတ်တမ်းရှိနေလေရာ တတ်နိုင်သမျှ ထိပ်တိုက် မဆုံတွေ့လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ထို့ကြောင့် အိုဖီလီယာသည် သူမဘာသာ တိတ်တဆိတ် နှိမ့်ချ၍ နေလိုက်ပြီး သူမတို့၏ အမြင်အာရုံထဲ ရောက်မသွားအောင် ကြိုးစားခဲ့သည်။ သို့သော်လည်း



"မြို့စားကြီးကတော်၊ ရှင်က ဒီကို ရောက်နေတာပဲ။"



ကျစ်



သူမကို တွေ့သွားကြသည်။အိုဖီလီယာသည် သူမကို လှမ်းခေါ်သော မြို့စားမင်းကြီးကတော် ရှိရာသို့ ခေါင်းကို လှည့်လိုက်သည်။မြို့စားမင်းကြီးကတော်က ဒေါသထွက်နေသည့် ပုံစံဖြင့် လမ်းလျှောက်လာပြီး ဖလဲရ်မှာ စူပုပ်ပုပ် ဖြစ်နေသည်ကို သူမ မြင်လိုက်ရသည်။



တစ်ခုခုတော့ တစ်ခုခုပဲ။



အိုဖီလီယာ မျက်မှောင်ကြုတ်သွားသည်။



"ရှင် ရုတ်တရက်ကြီး ပြန်သွားတော့ ကျွန််မ ဘယ်လောက်ထိ အံ့ဩသွားရလဲ ရှင် မသိပါဘူး။သင့်တော်တဲ့ တောင်းပန်စကားလေးတောင် မပြောဘဲ ဒီလို ထွက်ပြေးသွားလို့လေ။"



မြို့စားမင်းကြီးကတော်သည် အိုဖီလီယာကို မြင်သည်နှင့် ထိုစကားများကို ပြောပစ်လိုက်တော့သည်။အကြာကြီး စောင့်ဆိုင်းနေရသည့်အလား။

သူမလည်း ပြန်မသွားချင်ပါ။သူမ ဆက်နေချင်သော်လည်း အပြင်မောင်းထုတ် ခံလိုက်ရခြင်းသာ ဖြစ်၏။သူမလည်း တောင်းပန်စကား ပြောချင်ပါသည်။ယခုလို အခြေအနေမျိုးတွင်တော့ မဟုတ်ပေ။



တီးတိုးပြောနေ



လူများက စတင်ပြီး စုဝေးလာကြသည်။သူတို့သည် မြို့စားမင်းကြီးကတော်က အိုဖီလီယာအပေါ် ဆူပူကြိမ်းမောင်းသည်ကို မြင်ချင်ကြသည်။သူမ ထိုအကြောင်းကို သိသဖြင့် အိုဖီလီယာသည် သူမ၏နှုတ်ခမ်းကို အားနှင့် ကိုက်ထားမိသည်။ 



ဘာလုပ်ရမလဲ။



ခဏကြာအောင် စဥ်းစားနေပြီးမှ သူမသည် ခေါင်းကို လျှင်မြန်စွာ ညွှတ်ကိုင်း၍ တောင်းပန်လိုက်သည်။



"မြို့စားမင်းကြီးကတော်၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်။"



သူမ အမှားလုပ်ခဲ့သည့် အတွက် ထိုသို့ ဖြစ်သင့်သည် မဟုတ်ပါလော။ မတွေ့ရသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သော်လည်း သူမက မြင်မြင်ချင်း ဆန်စေ့နှင့်တူသည် ဟု ပြောမိသဖြင့် မြို့စားမင်းကြီးကတော်မှာ စိတ်ဆိုးသွားလောက်ပေသည်။ထို့ကြောင့် သူမ တောင်းပန်သင့်သည်ဟု ဆုံးဖြတ်လိုက်မိသည်။



မြို့စားမင်းကြီးကတော်နှင့် ရန်ဖြစ်ပြီး၊ သူမလည်း မြို့စားမင်းကြီးနှင့် နောက်ထပ် အခြေအတင် မဖြစ်ချင်တော့ပေ။



"ကျွန်မ ရှက်ရွံ့နေမိလို့ သင့်တော်တဲ့ နှုတ်ခွန်းဆက် စကားကို မပြောဘဲ ထွက်လာခဲ့မိပါတယ်။ကျွန်မ ထပ်ပြီး တောင်းပန်ပါတယ်ရှင်။"



အိုဖီလီယာ ရိုင်ဇန်က တောင်းပန်နေတယ်။ 'ရုပ်ဆိုးမ၊ ပါးစပ်ပိတ်ထား'လို့ သူမက မပြောဘူး။



လူများသည် အကြီးအကျယ် စိတ်ရှုပ်ထွေးသွားကြပြီး စတင်၍ ပွစိပွစိ ပြောလာကြတော့သည်။အိုဖီလီယာသည် သူတို့ကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားတော့သည်။သူမ၏ သတင်းကို ပြင်ဆင်ဖာထေးဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။



ဤနည်းဖြင့် သူမ၏ နာမည်ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်နိုင်ပါက သူမအတွက် အကျိုးရှိလိမ့်မည်။သူမအတွက် အကျိုးရှိလျှင် သူမ အန္တရာယ်ဖြစ်တော့မည် မဟုတ်ပေ။အိုဖီလီယာသည် နှုတ်ခမ်းကို ကွေးညွှတ်၍ မြို့စားမင်းကြီးကတော်ကို ကြည့်နေမိသည်။



မြို့စားမင်းကြီးကတော်၏ မျက်နှာမှာ ရှုံ့တွနေလေသည်။



သူမသည် ဤအနေအထားမျိုးကို သဘောမကျပေ။



"အခု ဒီလိုမျိုး တောင်းပန်တာက စိတ်ရင်းနဲ့ တောင်းပန်တာ မဟုတ်မှန်း ကျွန်မ သိတယ်။ရှင်က အရှက်မရှိလိုက်တာ။"



မြို့စားမင်းကြီးကတော်က အိုဖီလီယာအနားကို တိုးပြီး စူးစူးရဲရဲ ကြည့်လာသည်။



"ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့ ဖိတ်စာကို ခိုးပြီး ကြွက်တစ်ကောင်လို့ ဝင်လာခဲ့ရုံတင် မကဘူး။"



ထိုအချက်မှာ သိသာလှသည့်အတွက် ရှင်းပြစရာ မရှိပေ။



"ရှင်က ကျွန်မကို စော်ကားရဲတယ်။"



ထင်ထားသည့်အတိုင်းပင်။သူမက 'တကယ်ပဲ ဆန်စေ့နဲ့ တူတယ်'ဟု ပြောလိုက်မိသဖြင့် အမှားတစ်ခု လုပ်မိသွားခဲ့သည်။



"ရှင်က ဒီလို သနားစရာကောင်းတဲ့ ဖလဲရ်ကို ထပ်ပြီး ပြောဆိုနေတာ ကျွန်မဖြင့် မယုံနိုင်ဘူး။"



ဟမ်



အိုဖီလီယာသည် သူမ နားကြားမှားသည်လားဟု အံ့ဩသွားပြီး ခေါင်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။



သူမ ဘာတွေ လျှောက်ပြောနေတာလဲ။



"ရှင် မသိသလို ဟန်ဆောင်မနေနဲ့။ရှင်က ဖလဲရ်ကို နှုတ်နဲ့ စော်ကားပြောဆိုခဲ့တယ်ဆိုတာ ကျွန်မ သိတယ်။"



ငါလား၊ ဘယ်တုန်းကလဲ။



အိုဖီလီယာ အံ့ဩသွားပြီး သူမ၏နှာခေါင်းထဲတွင် မွန်းကြပ်လာခဲ့သည်။



"ကျွန်မ ဘယ်တုန်းက ..."



"မြို့စားမင်းကြီးကတော် ရှင့်၊မဟုတ်ဘူး ၊ကျွန်မဘက်က မှားတာပါ။မြို့စားကြီးကတော်က ကျွန်မကို ဆူပူခဲ့ရုံပါပဲ။အားလုံးက ကျွန်မ အမှားတွေပါ။"



ဖလဲရ်သည် ခေါင်းငုံ့ပြီး ထိုသို့ ပြောလေသည်။



တောက် တောက်



မျက်ရည်လုံးကြီးများ တလိမ့်လိမ့် ကျဆင်းလာပြီး ကြမ်းပြင်ပေါ်တွင် စိုစွတ်သွားတော့သည်။



မျက်ရည်များ ကျဆင်းနေသည်ကို ကြည့်ပြီး အိုဖီလီယာမှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရလေသည်။



"ဒါကိုပဲ ကြည့်လေ။ရှင်က သေးသွယ်ပြီး ကျိုးပဲ့ပျက်စီးလွယ်တဲ့ ကောင့်မြို့စားကတော်ကို ဒီလိုမျိုး ငိုရလောက်တဲ့အထိ ဘယ်လိုတွေ ပြောဆိုပြီး အနိုင်ကျင့်ခဲ့တာလဲ။ရှင်က ဒီလိုမျိုး ယုတ်မာတဲ့ မိန်းမ ပဲ။"



TK Team
++++++++