> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch44
"ငါဘယ်သူနဲ့တွဲနေတာလဲဆိုတာ နင်သိတယ်မလား"
"…"
လူနာ၏အမေးအား ရို့စ်မယ်ရီက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
သူမ ဒီလောက်လွယ်လွယ်ကူကူ ရှာတွေ့ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒါက မရည်ရွယ်ဘဲ ပါးစပ်ချော်သွားခြင်းသာဖြစ်သည်။
"အဲ့ဒါကြောင့် နင် ငါ့ကို ချဉ်းကပ်ခဲ့တာလား။ အဲ့ဒါကြောင့်လား။ ဟုတ်လား"
"ငါက..နင်ဘယ်သူလဲဆိုတာ သိချင်လို့ပါ... နင်က ငါ့အစ်ကိုနဲ့ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းကြားရတုန်းန်းက ငါ့ရဲ့သိချင်စိတ်ကို မထိန်းထားနိုင်ခဲ့ဘူး။ငါက ဒိတိုင်း နင်ဘယ်သူလဲဆိုတာ မြင်ချင်လို့ပါ…"
ရို့စ်မယ်ရီသည် စကားပြောလိုက်ရင်း သူမအား လက်ပိုက်ကာ အမူအရာမဲ့စွာ စိုက်ကြည့်နေသော လူနာကို တစ်ချက်ကြည့်လိုက်သည်။ လူနာ၏ အကြည့်များက အေးစက်နေပြီး ချစ်ခင်မှု ကင်းမဲ့နေလေသည်။
လူနာကို ဒီလိုမျိုးဆုံးရှုံးရမှာကို ကြောက်သွားပြီး ရို့စ်မယ်ရီ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့လာတော့သည်။သူမပါးစပ်ကိုပိတ်လိုက်သည်နှင့် လူနာက ဆက်ပြောဖို့ တိုက်တွန်းလာခဲ့သည်။
"ပြီးတော့ရော"
"…ဒါပေမယ့် နင်က ငါမျှော်လင့်ထားတာထက် အများကြီးပိုကောင်းနေခဲ့ပြီးတော့ အဲ့အကြောင်း နင့်ကို မပြောပြနိုင်ခဲ့ဘူး။ ငါသာ ပြောလိုက်ရင် နင်ငါ့ကို တွန်းထုတ်လိမ့်မယ် လို့ ငါထင်ခဲ့တယ်။ငါ လေဒီလူနာနဲ့ တစ်သက်လုံး ခင်သွားချင်ပေမယ့် ဖြစ်မလာမှာကို ကြောက်ခဲ့တယ်"
အခုလိုမျိုးပဲ....
ရို့စ်မယ်ရီသည် အပြစ်ရှိသလို ခံစားနေရပြီး ခေါင်းကို လေးလေးနက်နက် ငုံ့ထားလိုက်သည်။ သူမက လူနာကို အမှန်တကယ် လှည့်စားခဲ့မိသည်။
အခု လူနာက သူမကို ဘယ်တော့မှ မဆက်သွယ်ဖို့ ပြောတော့မှာလား။ လူနာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းဖို့က ခက်ခဲနိုင်လောက်တယ်... အထူးသဖြင့် သူမက ဒီလိုမျိုး ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်ပြီးနောက်မှာပေါ့....
"နင်ဒီလိုပြောမှာတော့ ငါဘယ်လိုလုပ် ဒေါသထွက်နိုင်တော့မှာလဲ"
လူနာကဒေါသမထွက်နေဘူးဆိုရင် သူမကို ရိုက်မှာလား။
ရို့စ်မယ်ရီသည် သူမ၏ အတွေးထဲ ပိတ်မိနေပြီး လွန်ကဲသော ကောက်ချက်တစ်ခုကို တွေးလိုက်မိသည်။
ဟုတ်ပြီ။ အရိုက်ခံလိုက်တာက အမှန်ပြန်ပြင်နိုင်မယ်ဆိုရင် သူမ အရိုက်ခံလိုက်မယ်။
ပါးတစ်ချက်အရိုက်ခံရတာက သူမတို့၏ ခင်မင်ရင်းနှီးမှုကို ပြန်ရနိုင်မယ်ဆိုပါက သူမ ကျေကျေနပ်နပ်ကြီး ရိုက်ခံလိုက်မှာဖြစ်သည်။
ဒါက ရို့စ်မယ်ရီ လူနာကို ဘယ်လောက်မဆုံးရှုံးချင်လဲဆိုတာပင်..
"ငါနဲ့ဝေးသွားမှာကို ကြောက်လို့ အမှန်တရားတစ်ခုကို ဖုံးကွယ်ထားတဲ့ သူတစ်ယောက်ကို ငါဘယ်လိုလုပ် ထပ်ပြောနိုင်ပါ့မလဲ။ နောက်ပြီး နင်က ငါ့ကို အသုံးချဖို့ကြိုးစားခဲ့တာမှမဟုတ်တာ"
သို့သော် လူနာကတော့ တခြားအရာကို ပြောလာခဲ့သည်။ သူမက ဘယ်သူ့ကိုမှ ဒေါသမထွက်ချင်သလို မရိုက်ချင်နေပေ။ သူမ ဒီတိုင်း လွှတ်လိုက်ချင်နေခဲ့သည်။
ရို့စ်မယ်ရီက အံ့သြသွားပြီး မော့ကြည့်လိုက်ရာ လူနာ၏နူးညံ့သောအပြုံးကိုတွေ့လိုက်ရသည်။
"... နင်ငါ့ကို ခွင့်လွှတ်မယ်လို့ ပြောနေတာလား ဟုတ်လား"
"လှည့်စားတာက မကောင်းဘူဆိုပေမယ့် ငါတို့က အရမ်းရင်းနှီးနေပြီပဲဟာ ဘယ်လိုလုပ် ခွင့်မလွှတ်ဘဲနေရမှာလဲ။ သူငယ်ချင်းအချင်းချင်း ဆက်ဆံရေးက ဒီလောက်တော့ရှိရမှာပေါ့"
လူနာက ဆံပင်ပေါ်ရှိ ဖဲကြိုးကို ညွှန်ပြလိုက်သည်။ သူတို့၏ ဆက်ဆံရေးက ဘယ်လောက်ပဲ ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့ပါစေ ဖဲကြိုးနှင့်လက်အိတ်များ ဆင်တူ၀တ်ဆင်ကြသည်အထိ ရင်းနှီးနေကြပြီဖြစ်သည်။
လူနာတွင် အရင်က သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဖူးပေ။ ဖယ်ဆန်မှလွဲ၍ပင် သူသည် မိတ်ဆွေလည်းမဟုတ် ရန်သူလည်းမဟုတ်နေပေ။
ဒါကြောင့် သူမ အလွယ်တကူ ခွင့်လွှတ်နိုင်ပေသည်။ လိမ်တာက နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်စရာပေမယ့် အဆက်အသွယ်ဖြတ်ရလောက်သည့်အထိ အမှားကြီးတစ်ခု မဟုတ်ပေ။
"လေဒီလူနာ…"
ရို့စ်မယ်ရီသည် ဟတ်ထိသွားပြီး ရုတ်တရတ် ထရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ လူနာသာခွင့်ပြုပါက သူမကို ပွေ့ဖက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
လူနာက အဲ့ဒါကိုခွင့်မပြုလိုက်ဘဲ ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။ ထို့နောက် သူမက အခြေအနေတစ်ခု ထပ်ပြောလိုက်သည်။
"ဒါပေမယ့်....နင် လူတိုင်းရှေ့မှာ ငါချစ်သူရှိနေတယ်လို့ပြောခဲ့တာကိုတော့ တာဝန်ယူရအုံးမှာနော်"
"တာဝန်လား..."
ရို့စ်မယ်ရီက ခြောက်ကပ်စွာ တံတွေးမျိုချလိုက်ပြီး နားမလည်သောမျက်နှာဖြင့်မေးလိုက်သည်။
"ငါ့ချစ်သူက ဘယ်သူလဲဆိုတာ မပြောပြချင်သေးဘူး။ အဲ့တော့ အဲ့အချိန်ရောက်လာရင် ငါ့ကူညီမယ်လို့ မျှော်လင့်တယ်"
ရည်းစားရှိနေသည်ဟုဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မဖော်ပြချင်ပေ။ ဒါကမြို့စားအနွယ်ဝင်များကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော လျှို့ဝှက်အချစ်ဇာတ်လမ်းများကြောင့် အံ့သြစရာတော့မရှိပေ။
ဒါက ပျော်ပွဲကျင်းပထိုက်သော ဆက်ဆံရေးမဟုတ်သောကြောင့် သူမနားလည်နိုင်ပေသည်။ ရို့စ်မယ်ရီက ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူနဲ့။ ငါဒါကိုဂရုစိုက်လိုက်မယ်။ ငါ့အသက်ကို စွန့်စားရရင်တောင်မှ ငါလုပ်မှာ!"
"အာ..နင့်အသက်ကိုတော့ စွန့်စားစရာမလိုပါဘူး။ နင်အသက်အန္တရာယ်ကျတယ်ဆိုရင် ငါ့ကိုချက်ချင်းပြောလို့ရတယ်"
လူနာသည် သူမ၏ အချစ်ရေးကို လူအများရှေ့တွင် ပထမဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြခံခဲ့ရခြင်းဖြစ်ပြီး သူမ ဘာမှ မပြောနိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာ သူမသည် နှုတ်လုံသော မြို့စားကြီးစံအိမ်တော်ရှိိသူများနှင့် ဘယ်ရွန်မိသားစုရှေ့တွင်သာ ၎င်းကိုကြေငြာခဲ့မိတာဖြစ်ပြီး တခြားဘယ်သူကမှ ကျယ်ကျယ်ပြန့်ပြန့်မသိခဲ့ကြပေ။
ဒါပေမယ့် ဒါကကြော်ငြာဖို့ တကယ်မလိုအပ်ပေ။ သူမ၏ ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ ဖုံးကွယ်ထားရန်ဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ် လမ်းခွဲကြရန်ဖြစ်သည်။
လူနာ၏ ဟာသနှောသော တုံ့ပြန်မှုကြောင့် ရို့စ်မယ်ရီသည် နောက်ဆုံးတွင်ပြန်လည်ပြုံးနိုင်ခဲ့တော့သည်။ သူမတွင် ဖုံးကွယ်ထားစရာ ဘာမှမရှိတော့သောကြောင့် ပေါ့ပါးလာတော့သည်။
* * *
နှစ်ယောက်သား စကားပြောခဲ့ကြပြီးနောက် ဖန်ဥယျာဉ်ထဲသို့ ပြန်လာခဲ့ကြသည်။ လူနာ နှင့် ရို့စ်မယ်ရီတို့ လာနေစဉ်တွင် မိန်းမပျိုများသည် ယခင်က မသိခဲ့သေးသောအမှန်တရားများကို မျှဝေခဲ့ကြပြီး လူနာအပေါ် နားလည်မှုလွဲမှားခဲ့သမျှကို ရှင်းပစ်ခဲ့ကြသည်။
မိန်းမပျိုေလးများကြားတွင် စိတ်မသက်မသာဖြစ်နေသော ကဲလ်ရန်သည် လူနာကိုတွေ့သောအခါတွင် ရုတ်တရက် ပြေးလာခဲ့သည်။
"ငါ တောင်းပန်ပါတယ်။ လေဒီဖလော်ရာရဲ့ စကားကိုပဲ နားထောင်ခဲ့မိပြီး အမှားအကြီးကြီးလုပ်မိခဲ့တယ်။ငါ ဘယ်လိုတောင်းပန်ရမှန်းတောင်မသိတော့ဘူး..."
"အဲ့ဒါက အဆင်ပြေပါတယ်။ နားလည်မှုလွဲနေတာတွေကို ရှင်းပစ်နိုင်လိုက်ရုံနဲ့တင် လုံလောက်ပါပြီ"
လူနာက အမှန်တကယ်ကိုရိုးဖြောင့်ပေသည်။ တကယ်တော့ ဒီရှင်းလင်းချက်အတွက် သူမ ကျေးဇူးတောင်တင်နေတာဖြစ်သည်။ ရိုစ့်မယ်ရီပြောခဲ့ေသာ သူမချစ်သူအကြောင်းက အခုတွင် အသေးအဖွဲပုံပေါက်သွားပြီဖြစ်သည်။
"ကောလဟာလက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နေခဲ့တော့ ဒါကို အမှန်အဖြစ် နားလည်မှုလွဲကြတာ သဘာဝပါပဲ။ ငါသာဆိုလည်း နားလည်မှုလွဲလောက်တယ်"
"ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါတကယ်တောင်းပန်ပါတယ်။ နောက်ကျရင် ငါ လေဒီဖလော်ရာနဲ့တွေ့ပြီး တရားခံကို သေချာရှာပေးပါ့မယ်"
"အဆင်ပြေပါတယ်။ အဲ့လိုလုပ်စရာမလိုပါဘူး။ အဲ့တာကအတိတ်ပဲလေ"
"မဟုတ်ဘူး…! ဒီလို လွှတ်ထားလိုက်တာက မှားတယ်လို့ ခံစားရတယ်။ငါ့ကို အခုမှမဟုတ်ဘဲ အဲ့ကျမှ ခွင့်လွှတ်လေ"
ရို့စ်မယ်ရီလိုပဲ ကဲလ်ရန်သည် သူမဘဝတစ်ခုလုံးနဲ့ ဒီအပေါ်သက်ဆိုင်နေသလိုမျိုး တောင်းဆိုလာခဲ့သည်။
လူနာသည် ဆိုင်ယာနှင့် ပတ်သတ်ရမည်ကို မကြိုက်ဘူးဟု ပြောလိုက်ချင်သော်လည်း ကဲလ်ရန်က ဒါကိုအရမ်းလုပ်ပေးချင်နေတာကြောင့် သူမလည်း မငြင်းဆန်နိုင်တော့ပေ။အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားဖို့ကိုပဲ သူမမျှော်လင့်နိုင်တော့သည်။
"ကောင်းပြီ။ ဒါဆို နင့်ကို အားကိုးလိုက်မယ်နော်"
လူနာသည် အနည်းငယ်နှောင့်နှေးသွားသော ပါတီကို စတင်ရန် ထိုင်ချလိုက်ပြီး သူမကိုယ်သူမ တရားဝင် မိတ်ဆက်လိုက်သည်။
"ငါက ဘယ်ရွန်ပဲလ်မိသားစုက လူနာပါ။ နင်တို့အားလုံးနဲ့ တွေ့ခွင့်ရခဲ့လို့ ဝမ်းသာပါတယ်။ ကြည်နူးစရာကောင်းတဲ့ ဆုံစည်းမှုဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ်"
ဖြောင်း ဖြောင်း ဖြောင်း
လူနာသည် သူမ၏ မိတ်ဆက်ခြင်းမှ မကောင်းသော တုံ့ပြန်မှုများကို မျှော်လင့်ခဲ့သော်လည်း ဖလော်ရီကြောင့် သူမ၏နာမည်ကို တစ်ကြိမ်ရှင်းလင်းလိုက်နိုင်ပြီး လူတိုင်းက သူမအား နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
လူနာမိတ်ဆက်ပြီးနောက် ပွဲစီစဉ်သူဖြစ်သော ရို့စ်မယ်ရီက မတ်တပ်ထရပ်လိုက်ပြီး ပါတီပွဲချောမွေ့စေရန် အတွက် စည်းမျဉ်းအချို့ကို ပြုလုပ်လိုက်သည်။
"လူတိုင်း ကိုယ့်ကိုကိုယ် မိတ်ဆက်ကြပြီးတော့ လေဒီလူနာကို မေးစရာရှိတဲ့ မေးခွန်းတွေ မေးကြရင်ရောဘယ်လိုလဲ"
"အကြံကောင်းပဲ"
ဒါက လူနာအား လူအများ၏ စုပြုံေမးလာကြမည့် မေးခွန်းများကြား မနစ်မွန်းစေရန် ကြိုတင်ကာကွယ်သည့်သဘောဖြစ်သည်။ ကံကောင်းထောက်မစွာ လူတိုင်းသဘောတူလာကြသည်။
"ဒါဆို ငါအရင်စလိုက်မယ်။ တွေ့ရတာဝမ်းသာပါတယ် လေဒီပဲလ်။ ငါက ကေလမ်ဗိုင်းကာင့်မိသားစုက အိုင်လီပါ။ နင့်ကိုတွေ့ရတာဝမ်းသာပါတယ်"
"တွေ့ရတာဝမ်းသာပါတယ် လေဒီကေလမ်"
နှစ်ဖက်ခွဲကာ ချည်နှောင်ထားသော အညိုရောင် ဆံပင်ရှည်ကြီးများနှင့် ချစ်စရာ မိန်းမပျိုလေးပင်။သူမသည် မကြာသေးမီကမှ အရွယ်ရောက်ခဲ့သော ရို့စ်မယ်ရီထက်ပင် ငယ်ရွယ်ပုံပေါက်နေခဲ့သည်။သူမက တောက်ပသောအဝါရောင်မျက်လုံးများဖြင့် လူနာကို မေးလာခဲ့သည် ။
"ဒါက ရုတ်တရက်တော့ဆန်ပေမယ့် နင့်ရဲ့ကောင်လေးက ဘယ်သူလဲ။ ငါတို့ သူကိုသိကြလား"
"…"
တိုက်ရိုက်ဆန်လှသောမေးခွန်းတစ်ခုပင်...
သို့သော် မည်သူကမှ သူမအား တားဆီးရန် မကြိုးစားခဲ့ကြပေ။ အားလုံးက အဖြေကို ထင်ရှားစွာ သိချင်နေကြပြီး တောက်ပသောမျက်လုံးများဖြင့် စောင့်မျှော်နေခဲ့ကြသည်။
"ငါတို့ တွဲတာက သိပ်မကြာသေးတော့ ထုတ်ပြောဖို့က နည်းနည်းတော့ ချီတုံချတုံ ဖြစ်မိတယ်ရယ်။ ကောလဟာလတွေကြောင့် နင်တို့အားလုံး ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ငါမသေချာဘူး။ အဲ့ဒါကြောင့် ဒီအကြောင်းကို ခဏလောက်တော့ လျှို့ဝှက်ထားချင်တယ်"
ခဏလောက်လား...
လူနာသည် သူတို့ ဘယ်သောအခါမှ ရှာမတွေ့ကြောင်း သေချာစေရန် စိတ်အားထက်သန်စွာရည်ရွယ်ခဲ့သည်။ အိုင်လီက လူနာ၏ ရည်ရွယ်ချက်ကို နားလည်သလိုမျိုး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"အိုး ငါနားလည်ပါတယ်။ ကောင်းပြီ၊ ငါ ဆက်မမေးတော့ဘူး။ ပြီးတော့ ကောလဟာလတွေကို အရမ်းမကြောက်နဲ့တော့။ ဒီနေ့ကစပြီး နင်နဲ့ပတ်သက်တဲ့ နားလည်မှုလွဲမှားသမျှက ရှင်းသွားတော့မှာပါ"
"အဲ့တာမှန်တယ်။ ငါလည်း သူများတွေကို ရှင်းပြလိုက်မယ်။ နင်နဲ့ပတ်သက်တဲ့ ဆိုးဆိုးရွားရွား ကောလာဟလတွေက မကြာခင် ပျောက်ကွယ်သွားမှာ သေချာတယ်"
"ငါရောပဲ!"
"ဟုတ်တယ် အရမ်းကြီး မစိုးရိမ်နဲ့"
ဖန်ဥယျာဉ်မှ အမျိုးသမီးများက လူနာား အားပေးထောက်ခံခဲ့ကြသည်။ လူနာက သူမ ချစ်သူကို ထုတ်မပြလိုသည်မှာ ကောလဟာလများကြောင့်ဟု ထင်ခဲ့ကြသည်။
'မဟုတ်ဘူး၊ ငါ့ကောလဟာလကြောင့်မဟုတ်ဘူး၊ သူ့ ကောလဟာလကမှ တကယ့်ပြဿနာပဲ...'
လူနာသည်လည်း ပြဿနာရှိသော်လည်း သူနဲ့တော့ နှိုင်းယှဥ်မရနေပေ။
လူနာသည် သူမ၏ စစ်မှန်သော ခံစားချက်များကို ဖိနှိပ်လိုက်ပြီး ပြုံးပြလိုက်သည်။
"အားလုံးကို ကျေးဇူးပါနော်"
သို့တိုင် သူမပြောလိုက်သောကျေးဇူးတင်စကားမှာ အစစ်အမှန်ဖြစ်သည်။ နားလည်မှုလွဲမှားသည်များကို သူမကိုယ်စားချေမှုန်းပေးရန်ကြိုးစားသူများအား မည်သို့တန်ဖိုးမထားဘဲနေနိုင်မှာလဲ။
အခြေအနေများက ပြေလည်သွားပြီးနောက်အမျိုးသမီးတစ်ဦးက သူမကိုယ်သူမ မိတ်ဆက်လာကာ ချက်ချင်းပင် မေးခွန်းများတရပ်စပ်မေးလာတော့သည်။
"ဒါဆိုရင် သူက ဘယ်လိုပုံစံလဲ။ သူက ရုပ်ချောလား။ အရပ်ဘယ်လောက်လဲ။သူ့ ရုပ်ရည်က ကောင်းရဲ့လား။ ဆံပင်အရောင်ကရော ဘာလဲ။ သူ့မျက်လုံးအရောင်ကရော။ အသက်ကရောဘယ်လောက်ရှိပြီလဲ။သူက အကြီးဆုံးသားလား ဒုတိယသားလား။ ဒါမှမဟုတ် တစ်ဦးတည်းသောသားများလား"
"…"
မဟုတ်ဘူး၊ အခြေအနေက မပြေလည်သေးဘူး။
ရိုစ့်မယ်ရီ၏ သူငယ်ချင်းတစ်ယောက်သည် အန်းသန့်စ်၏ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို စိတ်အားထက်သန်စွာ စုံစမ်းလာခဲ့တော့သည်။
လူနာသည် ရို့စ်မယ်ရီအား ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဟု မေးနေသလိုမျိုးနူးညံ့စွာပြုံးပြလိုက်သည်။
'နင် ဒီရှုပ်ထွေးတွေကို ဖန်တီးခဲ့တာမလား အခုနင်ရှင်းလိုက်တော့'ဟုပြောနေသလိုမျိုးပင်။
အပြစ်ရှိနေသော ရို့မယ်ရီက ဒါကိုသိသာထင်ရှားသည့် တာဝန်တစ်ခုအနေနဲ့ ယူလိုက်ပြီး ထရပ်လိုက်သည်။
"အားလုံးပဲ...ငါတို့ လေဒီလူနာက သူ့အကြောင်း ပုဂ္ဂိုလ်ရေးအရ မပြောခင်အထိ စောင့်လိုက်ကြရအောင်ေလ။ အချို့ ဆက်ဆံရေးတွေက အမှောင်ထဲမှာပဲ ထားလိုက်တာ ပိုကောင်းတယ်။ ခြုံပြောရရင် တချို့အချစ်ဇာတ်လမ်းတွေကို ကမ္ဘာက လက်မခံကြဘူးလေ"
"…ဟမ်?"
'တချို့အချစ်ဇာတ်လမ်းတွေကို ကမ္ဘာက လက်မခံကြဘူး' ဟူသော ပြောကြားချက်ကလူနာအပါအဝင် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
သူမ ဆိုလိုချင်သောအရာက လမ်းလွဲသွား နားလည်မှုလွဲမှားမှုများကို ပိုဖန်တီးလာခဲ့သည်။ အလွန်ပြင်းထန်သော နားလည်မှုလွဲမှားခြင်းဖြစ်သည်။
"အိုး ငါတောင်းပန်ပါတယ်! ငါ ပြောချင်တာက လူသိရှင်ကြား ထုတ်မပြသင့်တာတွေ ရှိတယ်လို့"
"…အာ"
"မဟုတ်ဘူး..ငါဆိုလိုတာက...အဲ့ဒါက...တချို့ဆက်ဆံရေးတွေက တခြားသူတွေအတွက် အဆင်မပြေဖြစ်နိုင်လို့! လှပတဲ့အချစ်တစ်ခုဆိုပေမယ့် မလိုမုန်းထားမှုတွေ ပြည့်နှက်နေတဲ့ ဝေဖန်မှုတွေရှိနိုင်တယ်…!"
"…!"
ဒါပေမယ့် နားလည်မှုလွဲတာကိုတော့ ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်သေးပေ။ ရို့စ်မယ်ရီ ရှင်းပြဖို့ ပိုကြိုးစားလေ ဆိုလိုချင်သောသဘောသဘာဝက ပိုပြောင်းသွားသလိုပင်။
အဆင်မပြေသော တိတ်ဆိတ်မှုများကြားတွင် ရို့စ်မယ်ရီ၏ အကြောင်းပြချက်များသာ ဆက်လက်ရှိနေခဲ့သည်။ လူနာက သူမခေါင်းပေါ် လက်တစ်ဖက်တင်ကာ နားလည်မှုလွဲမှားမှုများကို ရှင်းပစ်လိုက်သည်။
"သူက အရပ်ရှည်ပြီး သန်မာတဲ့သူပါ။ ငါ့လိုပဲ သူ့ဂုဏ်သတင်းက သိပ်မကောင်းဘူး။ထားပါ သူ့အကြောင်း နောက်ကျပြောပြပါမယ်။ အခုတော့ ကျေးဇူးပြုပြီး လျှို့ဝှက်ထားပေးလို့ရမလားဟင်"
"အာ! အဲ့ဒါက နင် ဆိုလိုချင်တာကိုး"
"အခုမှ ငါတို့ နားလည်တော့တယ်။ ကောင်းပါပြီ ငါတို့စောင့်ပါမယ်"
သူမ ဒါကိုအစကတည်းက ပြောလိုက်သင့်သည်။ လူနာသည် နားလည်မှုလွဲမှားမှုများကို နောက်ဆုံးတွင် ရှင်းလင်းသွားနိုင်တာကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ရှုံးနိမ့်သွားသောအမူအရာဖြင့် ရို့စ်မယ်ရီက လူနာကို တောင်းပန်သည့်အကြည့်ဖြင့် ပြန်ထိုင်လိုက်တော့သည်။
လူနာက ခေါင်းတညိတ်ညိတ်ဖြင့် တောင်းပန်တာကို လက်ခံလိုက်ပြီး 'ငါကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်' ဆိုပြီးနှုတ်လှုပ်ရုံပြောလိုက်သည်။
နောက်ဆုံးတွင် အခြားသူများကို အားမကိုးဘဲ ကိုယ့်ပြဿနာများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းခြင်းကသာ အကောင်းဆုံးဖြစ်သည်။
TK Team