Chapter 68
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၈) "အား" ကျွန်မ အကြောဆန့်ရင်း မျက်လုံးများကို မနည်းဖွင့်လိုက်ရသည်။မနေ့က ကျွန်မ အများကြီး တွေးနေသောကြောင့် ပင်ပန်းခဲ့ရသည်။ကျွန်မ၏ခန္ဓာကိုယ်က လေးလံနေ၏။ သို့သော် ကျွန်မ တစ်ချိန်လုံး အိပ်နေ၍မရပေ။အိပ်ရာထဖို့ လိုသည်။ "ဝှား" ကျွန်မ သမ်းဝေလိုက်ပြီး ခေါင်းကို ဟိုဘက်သည်ဘက် လှည့်လိုက်သည်။အိပ်ရာပေါ်တွင် ဗလာဖြစ်နေသည်။အနွေးဓါတ် တစ်စုံတစ်ရာ မခံစားမိသည်ကို ကြည့်လျှင် ဆိုဗက်စ်စတာက မိုးလင်းသည်အထိ ပြန်ရောက်မလာခဲ့ခြင်း ဖြစ်လိမ့်မည်။ ငါ ခံစားချက် နည်းနည်း မကောင်းဘူး။ တစ်နေ့က ကျွန်မတို့ အခန်းအတူတူ မျှသုံးသင့်သည်ဟု ဆိုကာ သူက ကျွန်မကို အတင်းဆွဲခေါ်လာခဲ့သည်။ ရှင် အခု ဒါကို သဘောမကျတော့ပြန်ဘူးလား။ရှင် ဒီလို ဆက်လုပ်နေမယ်ဆိုလဲ ကျွန်မကို အရင်အခန်းမှာပဲ ပြန်နေခွင့် ပေးသင့်တယ်။ ကျွန်မ နှာမှုတ်ပြီး နှုတ်ခမ်းဆူထားမိသည်။ "ဆိုဗက်စ်စတာ ဘယ်မှာလဲ။" ကျွန်မကို ကူညီပြင်ဆင်ပေးနေသော အိုင်ရင်းကို မေးလိုက်သည်။အိုင်ရင်းက ပြန်ဖြေ၏။ "ကျွန်မ သိသလောက်ကတော့ သခင် မနက်စာ စားနေပါတယ်။" "ဒီလိုလား" ရှုပ်ပွနေသော ဆံနွယ်များကို ဖြီးသင်ရင်း ကျွန်မ မျက်ခုံးပင့်လိုက်မိသည်။ "ဒါဆို ငါ့ကို မျက်နှာသုတ်ပေးတော့။ငါ့ခင်ပွန်းကို သွားတွေ့ရဦးမယ်။" ကျွန်မ၏စကားကြောင့် အိုင်ရင်းမှာ ကျွန်မ၏မျက်နှာကို မြန်မြန်ဆန်ဆန် သုတ်ပေးပြီး ဆံပင်ကို သာမန်မျှ ပြင်ဆင်၍ အဝတ်အစားလဲပေးလေသည်။ အကြမ်းဖျဥ်း ပြင်ဆင်ပြီးနောက် ကျွန်မ ထမင်းစားခန်းထဲသို့ မြန်မြန် လျှောက်လာလိုက်သည်။ဆိုဗက်စ်စတာက ထွက်ခွာခါနီး ဖြစ်လေလောက်သည်။ ကျွန်မ ထမင်းစားခန်းတံခါးကို ဖွင့်လိုက်လျှင် ဆိုဗက်စ်စတာက ကော်ဖီသောက်နေသည်ကို တွေ့လိုက်ရ၏။ "အိုဖီလီယာ" ဆိုဗက်စ်စတာက အနည်းငယ် အံ့ဩနေသော ပုံစံဖြင့် ကျွန်မကို ကြည့်သည်။ "ဘာကိစ္စလဲ။" ထိုမေးခွန်းမှာ အနည်းငယ် အရှက်မဲ့ရာရောက်သည်။ကျွန်မ သူ့ရှေ့တွင် ဝင်ထိုင်ပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မတို့ တစ်ခုခုအကြောင်း စကားပြောဖို့ မလိုအပ်ဘူးလား။" "မဖြစ်နိုင်တာပဲ။မင်းက အမြဲတမ်း တစ်ခုခု ဖြစ်လာမှသာ ကိုယ့်ကို စကားလာပြောတတ်တာလေ။" "ပေါက်ကရတွေ၊ကျွန်မ ဒီလို မလုပ်ဖူးပါဘူး။" ကျွန်မ အခိုင်အမာ ပြန်ဖြေလိုက်သည်၊ ဆိုဗက်စ်စတာ ခေါင်းငြိမ့်လိုက်ပြီး ကိုင်ထားသော ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ "ဒီတော့ မင်းက ကိုယ်နဲ့ စကားစမြည်ပြောဖို့ လာတာလား။" "ဟင့်အင်း၊အဲ့လိုမျိုး မဟုတ်ဘူး။" ကျွန်မ တံတွေးမြိုချလိုက်မိသည်။ "ကျွန်မမှာ ပြောစရာတစ်ခု ရှိလို့ လာခဲ့တာ။" "တွေ့လား၊ကိုယ် ပြောတာ မှန်သားပဲ။" ဆိုဗက်စ်စတာက အားရပါးရပြုံး၍ ပြောသည်။ "ကိုယ့်ကို ပြော၊ဘာများလဲ။" အင်း ဆိုဗက်စ်စတာ နည်းနည်းလေး ထူးဆန်းနေတယ်လို့ ငါ ခံစားနေရတာက မှားနေတာလား။ ငါ ဒါကို ဘယ်လို ပြောရမလဲ။ မူလက သူသည် ရိုင်းစိုင်းသည်။သို့သော် ယနေ့တွင် ဆိုဗက်စ်စတာက အနည်းငယ်သာ ရိုင်းစိုင်းသည်။သူ၏ ထူးဆန်းသော အေးစက်စက် အကျင့်စရိုက်ကြောင့် ဤသို့ ဖြစ်နေသည်ဟု ကျွန်မ တွေးမိသည်။ ရှင် ရုတ်တရတ်ကြီး ဒီလိုမျိုး ဘာကြောင့် ပြောခဲ့ရတာလဲ။ ကျွန်မသည် အမှန်တကယ် ကြိုတင်ခန့်မှန်း၍ မရပါသော ဆိုဗက်စ်စတာကို ကြည့်ရင်း စုတ်သပ်လိုက်မိသည်။သို့သော် ကျွန်မ သူ့ကို မေးစရာရှိသည့်အတွက် ဆူပူပြောဆိုနေ၍ မရပေ။ ကျွန်မ ပါးစပ်ကို သတိထား၍ ဖွင့်လိုက်သည်။ "ကျွန်မရဲ့မှော်နက်အစွမ်းက အရမ်းအားကောင်းတဲ့အကြောင်း ရှင့်အနေနဲ့  ဖုံးကွယ်ထားပေးစေချင်ပါတယ်။" ကျွန်မ ဤသို့ ပြောမိလိမ့်မည်ကို ကျွန်မ မသိခဲ့ပါ။သို့သော် ဆိုဗက်စ်စတာ၏မျက်ဝန်းများက အနည်းငယ် ဝိုင်းစက်သွားသည်။ "ဘာလို့ မင်း ဒီလိုပြောရတာလဲ။" "ကျွန်မ စွမ်းအားကြီးတယ်ဆိုတာ လူတွေ ပိုသိရင်၊ကျွန်မ အန္တရာယ် ပိုရှိလာနိုင်တယ်လေ။" ကျွန်မ တစ်မနက်ခင်းလုံး စဥ်းစားခဲ့သည့်ကိစ္စကို ပြောလိုက်သည်။ "အခုအချိန်အထိ ရှင်သန်နေနိုင်တာက ကျွန်မက အားနည်းတယ်ဆိုပြီး ဖလဲရ်က ထင်နေခဲ့လို့ပဲ။ဒါကြောင့် မနေ့ကလို လုပ်လိုက်တာနဲ့ ကျွန်မ သေသွားလောက်တယ်လို့ သူမ တွေးနေခဲ့တာ ဖြစ်မယ်။ဒါပေမဲ့ ကံကောင်းထောက်မပြီး ကျွန်မ အသက်ရှင်လျက်သား ပြန်လာခဲ့တယ်လေ။ "အင်း၊မင်းက သန်မာနေလို့လေ။" "ဟုတ်တယ်၊ဒါပေမဲ့ ကျွန်မ ဒီလောက်အထိ သန်မာတာကိုသာ သိသွားခဲ့ရင် ..." "ယခုထက်ပိုပြီး မြင့်မားတဲ့ တိုက်ခိုက်မှုမျိုး ထပ်ရောက်လာနိုင်တယ်လို့ ဆိုလိုတာပေါ့။" "အမှန်ပဲ" ကျွန်မ ပြောခဲ့သလိုပင်၊ ဖလဲရ်က ကျွန်မ၏သန်မာမှုကို အတိအကျ မသိနိုင်သဖြင့် မနေ့ကလို အမှားမျိုး ပြုလုပ်ခဲ့သည်။သို့သော် ကျွန်မသာ ဤမျှသန်မာသည်ကို ဖလဲရ် သိရှိသွားမည် ဆိုပါက။ ပို၍ အဆင့်မြင့်သော တိုက်ခိုက်မှုက ထပ်မံရောက်ရှိလာမည်မှာ ထင်ရှားသည်။ထို့သို့ ဖြစ်လာမည်ကို ရပ်တန့်ပစ်ရန် ကျွန်မ ကြိုးစားရမည်။ "ဒါကြောင့် ကျွန်မကိုယ် ကျွန်မ ကာကွယ်နိုင်ဖို့ ကျွန်မရဲ့စွမ်းအားကို ဖုံးကွယ်ထားတာက ပိုကောင်းတာ မဟုတ်ဘူးလား။" "ဒါပေမဲ့ သိပ်မကြာခင်ကပဲ မင်းရဲ့စွမ်းအားကို ထုတ်ပြခဲ့သေးတာ မဟုတ်လား။" "ရှင်က ကြေးစားစစ်သားနဲ့ အဖြစ်အပျက်ကို ပြောနေတာမလား။အဲ့ဒီအချိန်တုန်းက မနေ့က စွမ်းအားရဲ့ တစ်ဝက်လောက်တောင် အသုံးပြုခဲ့တာ မဟုတ်ဘူး။အဲ့လောက်က အဆင်ပြေတယ်လို့ ထင်တယ်။" "ဒါပေမဲ့ ..." ဆိုဗက်စ်စတာက နဖူးကို အနည်းငယ် တွန့်လိုက်သည်။ "မင်းဆီကို လာတဲ့ ဖိတ်ကြားလွှာတွေ အများကြီး ရှိတာ မဟုတ်လား။မင်း ဒါတွေအားလုံးကို ငြင်းပယ်ပစ်မလို့လား။" သူ ဆိုလိုသည်က ကျွန်မ၏မှော်နက်အစွမ်းကို အသုံးပြုလိုသော လူများကို ဖြစ်သည်။ ထိုစကားကို ကြားရလျှင် ကျွန်မ ပြုံးလိုက်မိသည်။ "အဲ့လိုတော့ မဟုတ်ဘူးပေါ့။ကျွန်မ တစ်ချို့တစ်လေတော့ လက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။" မနေ့ညက ကျွန်မ အိပ်မပျော်သောကြောင့်  ဖိတ်ကြားစာများကို ရှာဖွေကြည့်လျှင် မူလဇာတ်ကြောင်းထဲတွင် ပါဝင်သော ဇာတ်ကောင်အချို့ကို ကျွန်မ ရှာတွေ့ခဲ့သည်။ ထို့နောက် ကျွန်မ ဘာလုပ်မည်နည်း။ ကျွန်မ ၎င်းတို့ကို အသုံးချရမည်။ "သူတို့က ဒီကိစ္စကို လျှို့ဝှက်ထားရမဲ့ အခြေအနေမှာ ရှိတယ်လေ။မှော်နက်စုန်းမတစ်ယောက်ကို ရှာဖွေတယ်ဆိုတဲ့ အကြောင်းက ထုတ်ပြောဖို့ ခက်ခဲတဲ့ အရာတစ်ခုပဲ။ဒီတော့ သူတို့ ဒီအကြောင်းကို လျှို့ဝှက်ဖုံးကွယ်ထားကြပါလိမ့်မယ်။" "ဒါလည်း မှန်ပါတယ်။" "အင်း" ကျွန်မ တုံ့ပြန်သည့်အနေဖြင့် ရှေ့သို့ ညွှတ်ကိုင်းလိုက်သည်။ "ရှင် ဘယ်လို ထင်လဲ။" ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်လိုက်ပြီး ကျွန်မနှင့် မျက်လုံးချင်းဆုံအောင် ကြည့်လေသည်။ "ကိုယ့်မှာ မေးခွန်းတစ်ခု ရှိတယ်။" "မေးလေ" "မင်း ကိုယ့်ကို ဘာကြောင့် ဒီလိုမျိုး မေးရတာလဲ။" ဝါး ၎င်းမှာ ကျွန်မ၏မေးခွန်းအတွက် ကူညီရာရောက်သော အဖြေတစ်ခု မဟုတ်ပေ။သူက ထိုသို့ ဘာကြောင့် မေးသနည်း။ ကျွန်မ ပြောစရာစကား မရှိသဖြင့် ဗလာသက်သက် ရယ်လိုက်ရသည်။ပြီးနောက် ကျွန်မ ပြန်ဖြေလိုက်သည်။ "ကျွန်မ ရှင့်ကို ယုံကြည်တာကြောင့်ပဲ။" "ဘာ" "ရှင်က ကျွန်မကို အကြံကောင်း ပေးမယ်လို့ ယုံကြည်နေတာကြောင့်ပဲလေ။" ကျွန်မ ပြော၍ မပြီးသေးခင် ဆိုဗက်စ်စတာက မျက်နှာပျက်သွားသည်။ ဘာကြောင့်လဲ။ငါ အမှား လုပ်ခဲ့တာလား။ * ဆိုဗက်စ်စတာသည် အိုဖီလီယာ၏အဖြေကြောင့် ရှက်ရွံ့သွားခဲ့သည်။ သူမက ငါ့ကို ယုံတယ်။ ငါ့ကိုလေ မနေ့က အိုဖီလီယာကို မယုံကြည်တော့ဟု ဆိုဗက်စ်စတာ စိတ်ပိုင်းဖြတ်ခဲ့သည်။သို့သော် အိုဖီလီယာက သူ့ကို ယုံကြည်သည်ဟု ပြောလာ၏။ ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ အခြေအနေမျိုးလဲ။ ဆိုဗက်စ်စတာက ရယ်လိုက်လျှင် အိုဖီလီယာ၏မျက်လုံးများမှာ ညှိုးငယ်သွားလေသည်။ "ရှင်က ဘာလို့ ရယ်နေရတာလဲ။" သူမက မကျေမနပ်ဖြစ်နေသော ပုံစံဖြင့် မေးလေသည်။ "ကျွန်မ ပြောနေတာတွေက ရယ်စရာကောင်းလို့လား။ကျွန်မရဲ့ နှလုံးသားထဲက လာတဲ့ စိတ်ရင်းနဲ့ ဒီစကားကို ပြောနေခဲ့တာပါ။" စိတ်ရင်းနဲ့လား။ ဆိုဗက်စ်စတာ နောက်တစ်ကြိမ် နှာမှုတ်လိုက်သည်။ "ကိုယ့်ကို ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်း သိလား။" "အင်း" "ကိုယ်က မင်းနဲ့ ရင်းနှီးတဲ့လူကို သတ်ပစ်ခဲ့တာ၊ဒါမှမဟုတ် မင်း ဂရုစိုက်တဲ့ အရာတွေကို ဖျက်ဆီးပစ်တာတောင်မှ မင်းက ကိုယ့်ကို ယုံကြည်ပြီး ကိုယ့်နောက် လိုက်မယ်လို့ ဆိုလိုတယ်။" သူက ထူးခြားစွာ တောက်ပနေသော မျက်ဝန်းပြာများဖြင့် အိုဖီလီယာကို ကြည့်လေသည်။ "မင်း ဒီလို လုပ်နိုင်လား။" ဆိုဗက်စ်စတာနှင့် အိုဖီလီယာကြားတွင် တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။အိုဖီလီယာသည် လေးပင်စွာ အသက်ရှူလိုက်ပြီး မျက်လွှာချလိုက်သည်။ပြီးမှ သူမက သူ့ကို ရုတ်တရက် ပြန်ကြည့်လာသည်။ "ရှင်ရော ဒီလိုတွေ လုပ်မှာလား။" "ဘာ" "ရှင်က ကျွန်မဘေးနားက လူတွေကို သတ်ပစ်ပြီး ကျွန်မ မြတ်နိုးတဲ့အရာတွေကို ဖျက်ဆီးပစ်မှာလား။" "ကိုယ်က ဒီလိုမျိုး ဘာကြောင့် မလုပ်နိုင်ရမှာလဲ။" ဆိုဗက်စ်စတာ၏မေးခွန်းကြောင့် အိုဖီလီယာက နှုတ်ခမ်းတွန့်ပြီး ပြန်ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်မ ဒါကို တားဆီးပစ်မှာမို့လို့လေ။" ဆိုဗက်စ်စတာက ရယ်မောလိုက်သည်။ထိုသို့ ပြန်ဖြေလာမည်ကို သူ အမှန်တကယ် မမျှော်လင့်ထားမိပေ။ "တကယ်ပဲ မင်းကို မနိုင်ဘူး။" "ဒါက ကျွန်မရဲ့ ဆွဲဆောင်မှုလေ။" အိုဖီလီယာက ပြုံး၍ ပြန်ဖြေလိုက်သည်။အိုဖီလီယာ အမြဲတမ်း ခန့်မှန်းရခက်သော မိန်းမတစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ သူမကို သဘောကျနေမိပြီ။ ထိုသို့ တွေးမိသွားသော ဆိုဗက်စ်စတာမှာ မျက်မှောင်ကြုတ်လိုက်မိသည်။သူက အိုဖီလီယာကို မကြိုက်တော့ပါဟု ဆုံးဖြတ်ပြီးမှ ယခု ဤသို့ တွေးနေပြန်သည်။ မဖြစ်ရဘူး။ဒီလိုမျိုး မဖြစ်သင့်ဘူး။ ဆိုဗက်စ်စတာက သက်ပြင်းတစ်ချက် ချရင်း စုတ်သပ်လိုက်မိသည်။ "ကိုယ် မင်းရဲ့စွမ်းအားတွေကို လူမသိအောင် ဖုံးထားပေးမယ်။မနေ့က ကိုယ် အချိန်မီ ရောက်သွားပြီး အရာရာ ဖြေရှင်းပြီး ကယ်တင်ပေးခဲ့တယ်လို့ ပြောမှာပါ။" "ကျေးဇူးပြုပြီး အဲ့လို လုပ်ပေးပါ။" "ပြီးတော့ ..." သူက လက်ဖြောက်တစ်ချက် တီးပြီး ပြောသည်။ "အခုက စပြီး ကောင့်မြို့စားကတော် ဖလဲရ်ဆီကို ကိုယ့်ရဲ့ လက်တွေ လွှတ်ထားလိုက်ပြီ။" "အင်း၊ဘာအတွက်လဲ။" အခွင့်အရေးရတိုင်း ဖလဲရ်ကို ဖျက်ဆီးပစ်ရန် ကြံစည်နေသော အိုဖီလီယာက နဖူးတွန့်ရင်း မေးလေသည်။ "ကိုယ် မင်းကို ပြောခဲ့ပါတယ်။ကိုယ် ဒီကိစ္စကို ဂရုစိုက်လိုက်မယ် ဆိုပြီးလေ။" ဆိုဗက်စ်စတာ ပေါ့ပါးစွာ ဖြေသည်။ "ကိုယ့်ကို အနှောင့်အယှက်ပေးတဲ့အရာတွေကို ဒီအတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ဘူး။" ဆိုဗက်စ်စတာ၏မျက်နှာမှာ ကျေချမ်းဖွယ်ကောင်းအောင် ရက်စက်မှုများ ပြည့်နေသည်။မြင်ရသူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည် အထိပင်။သို့သော် ကြည့်နေသူမှာ အိုဖီလီယာသာ ဖြစ်၍ လုံးလုံးလျားလျား ကြောက်ရွံ့သွားခြင်း မရှိပေ။ "ဒါဆို ဒီကိစ္စကို ရှင်နဲ့ပဲ လွှဲထားလိုက်ပြီနော်။ကျွန်မ သက်တောင့်သက်သာ ဖြစ်သွားတာပေါ့။ရှင်က အရမ်းပဲ အလုပ်ကြိုးစားတယ်လေ။" သူမက ဆိုဗက်စ်စတာကိုပင် ဟာသလုပ်နေသေးသည်။ ဆိုဗက်စ်စတာက ခေါင်းတငြိမ့်ငြိမ့်နှင့် ရယ်မောလေသည်။ သူမက အသည်းကြီးကြီးနဲ့ မိန်းမတစ်ယောက်ပဲ။ [သူမက ကြိုးစားဖို့အတွက် သတ္တိအများကြီး ရှိတယ်လို့ ဆိုလိုပါသည်။] ဆိုဗက်စ်စတာက အိုဖီလီယာကို ဤသို့ ကောက်ချက်ချလိုက်သည်။သူတို့ကြားရှိ လေထုမှ အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်။စောစောက ထမင်းစားခန်းထဲတွင် ပျံ့လွင့်နေသော ထူးဆန်းစွာ အေးစက်စက် တင်းမာမှုမှာ ပျောက်ကွယ်သွားလေသည်။ထို့ကြောင့် အိုဖီလီယာလည်း အနည်းငယ် သက်တောင့်သက်သာ ရှိသွားသည်။ သို့သော် နေးလ် ဝင်လာခဲ့ချိန်တွင် အခြေအနေက ချက်ချင်း ပြောင်းလဲသွားရသည်။ "သခင်နှင့် မဒမ် ခင်ဗျ" ထမင်းစားခန်းထဲ ရောက်လာသော နေးလ်က အိုဖီလီယာ၏ရှေ့တွင် စာတစ်စောင်ကို ချပေးခဲ့သည်။ "အိမ်ရှေ့စံအရှင့်သားက မဒမ့်ဆီကို စာတစ်စောင် ပို့လိုက်ပါတယ်။" "အရှင့်သားက" "ဟုတ်ကဲ့" နေးလ်က ပြန်ဖြေသည်။ "သူက မဒမ့်ကို အိမ်ရှေ့စံမင်းသားနန်းတော်ဆီ ချက်ချင်း ခေါ်ဆောင်လာခဲ့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။" အား နေးလ်၏စကားများ မပြီးပြတ်သေးခင်၌ ဆိုဗက်စ်စတာ ကိုင်ထားသော လက်ဖက်ရည်ဇွန်းလေးမှာ ကွေးသွားလေသည်။ TK Team ++++++++