Chapter-34.1
(ဖက်ဒရေးရှင်းမှ မေးခွန်းများ)
နောက်ဆုံးမှာတော့ စီဆဲလ်က ကျောင်းမြန်အား ကတ်နှင့် နှင်းဆီပန်းများ ပို့သူကို မေးမြန်းရာတွင် မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင် ကျောင်းမြန်က သူ့အား တားဆီးလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ကျစ်.......
စီဆဲလ်သည် ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှည်လျားသော ပြတင်းပေါက်ဘေးတွင်ထိုင်ကာ ပြတင်းပေါက်ဘောင်တွင် တင်ထားသော ပန်းအိုးသုံးအိုးကို ငြိမ်သက်စွာ ကြည့်နေလေသည်။
အစပိုင်းတွင် မရှိခဲ့သော်လည်း ကျောင်းမြန်က သူကိုယ်တိုင် ပြုစု စောင့်ရှောက်ခဲ့ပြီး စီဆဲလ်အတွက် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
ထိုအခန်းထဲတွင် ပန်းအိုးနှစ်အိုးလည်း ထပ်ရှိနေသေးသည်။
"ကလစ်"
အိမ်ထိန်းက တံခါးကိုဖွင့်ကာဝင်လာပြီး နေ့လည်ခင်း လက်ဖက်ရည်ဗန်းအား သယ်လာခဲ့သည်။
"ဒီ လက်ဖက်ရည်က သခင်လေးကိုယ်တိုင် စပ်ပေးထားတာပါ...ကွတ်ကီးတွေရောပဲ...သူက ဗိုလ်ချုပ်ကြီးရဲ့ အကြိုက်နဲ့အဆင်ပြေအောင် အချိန်အကြာကြီး မဖုတ်ထားကြောင်းလည်း မှာလိုက်ပါတယ်...."
အိမ်ထိန်းက မုန့်နှင့် လက်ဖက်ရည်ဗန်းအား စားပွဲပေါ်တွင် တင်ကာ ပြောလိုက်သည်။
စီဆဲလ်က မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်သည်။
"သူက လူကိုယ်တိုင်ဘာလို့လာမပြောတာလဲ.."
အိမ်ထိန်းက မျက်တောင်ပင်မခတ်ဘဲ ပြုံးကာ
"သခင်လေးက အခု ဗိုလ်ချုပ်ကြီးအတွက် ညစာချက်နေရင်း အလုပ်ရှုပ်နေလို့ပါ..."
ဒီနေ့အတွက် စီဆဲလ်၏ကြီးမားသော လှုံ့ဆော်မှုကြောင့် ကျောင်းမြန် ခံစားသွားရသည်မှာ အမှန်တကယ်ဖြစ်သောကြောင့် သူဒီကို(*စီဆဲလ်ဆီ) မလာရန် ဆုံးဖြတ်ထားလေသည်။
"ရို့..."
စီဆဲလ်က သူ၏မေးစေ့အား အနည်းငယ် ပင့်မြှောက်လိုက်ပြီး ပြောလိုက်သည်။
"သူက ရှက်နေတာလား.....ကျုပ်လို ကြည့်ကောင်းတဲ့သူက သူ့ကိုဆွဲခေါ်သွားတာကို ရင်တွေခုန်ပြီးရှက်သွားတာလား.."
"အဲ့ဒါဖြစ်နိုင်ပါတယ်"
အိမ်ထိန်းသည် စီဆဲလ်နှင့်အတူ နေလာသည်မှာ အချိန်ကြာနေပြီဖြစ်သောကြောင့် သူ၏လိမ်ညာပြောခြင်းသည် ပထမအဆင့်သို့ ရောက်နေပြီဖြစ်သည်။
"ဗိုလ်ချုပ်ကြီး မြန်မြန်စားပါ..."
"ဟမ့် အလိုလိုက်ခံထားရတဲ့ ကလေးလိုလုပ်နေပြန်ပြီ"
စီဆဲလ်သည် သူ၏ကွတ်ကီးများဖြင့် အောင်ပွဲခံလိုက်ပြီး တစ်ကမ္ဘာလုံးကို အပိုင်စားရထားသလို ခံစားနေရသည်။
အိမ်ထိန်းက ပြုံးပြီးပြော၏။
"ဒါပေမယ့် သခင်လေး စိတ်ဆိုးနေတယ်ဆိုလည်း ဒါကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား"
"ဟင်"
စီဆဲလ်သည် ဘီစကွတ်တစ်ဖဲ့ကို ဝါးကာ မျိုချလိုက်ပြီး အရသာတကယ်ကောင်းသည်ဟု ထင်လိုက်မိသည်။
ကျောင်းမြန်၏ ဟင်းချက်လက်ရာကို သူတကယ် စွဲလမ်းလုနီးပါး ဖြစ်နေလေပြီ....။
အိမ်ထိန်းက ဆက်ပြောလေသည်။
"သခင်လေးက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး တသီးတသန့်နေလေ့ရှိတယ်...အခု ဒီနေ့လိုမျိုး သူ့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ပြတာ အရမ်းရှားပါတယ်....ဒါက ကောင်းတဲ့ ရလဒ်တစ်ခုပဲလေ.."
"ဟုတ်တယ်"
စီဆဲလ်ကလည်း ပြုံးလိုက်ရင်းဖြင့်
"သူက အရမ်း ထိန်းချုပ်နိုင်လွန်းတယ်"
သရေစာစားပြီးနောက်တွင် စီဆဲလ်သည် တာမီနယ်မှ အရေးပေါ် စာတိုတစ်ခုကို လက်ခံရရှိခဲ့သည်။
စီဆဲလ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ အမှတ်(၁၂) တပ်ဖွဲ့မှ တပ်မှူး ကတ်စပါက
စီဆဲလ်ဆီသို့ ပို့လိုက်ခြင်းဖြစ်သည်။
{ အမှတ် တစ်ဆယ့်ခြောက် ကြယ်မှာ ဘာလှုပ်ရှားမှု မှ မတွေ့ရပေမယ့် ဗိုလ်မှူးကု နဲ့ သူ့တပ်ဖွဲ့က ရုတ်တရက် အဆက်အသွယ် ပြတ်သွားပါတယ်}
စီဆဲလ်၏ မျက်နှာသည် ချက်ချင်းမဲမှောင်သွားပြီး စားနေရင်း တစ်ဝက်မှာ ထလိုက်ပြီး သူ၏အင်္ကျီကိုယူကာ ပြောလိုက်သည်-
"ကျောင်းမြန်ကို ပြောလိုက်ပါ...ကျုပ်အတွက် ညစာပြင်စရာမလိုတော့ဘူးလို့..ကျုပ်သွားစရာရှိတယ်လို့ ပြောလိုက်ပါ.."
စီဆဲလ်က ခဏရပ်သွားပြီး ပြောလိုက်သည်-
" သူ့ကိုလည်း ကျုပ်နဲ့ အတူ အပြင်ထွက်ဖို့အဆင့်သင့် လုပ်ခိုင်းထားလိုက်ပါ"
"ဟုတ်ကဲ့ပါ.."
ထို့သို့ စီဆဲလ်၏ ပုံစံကိုမြင်လိုက်ရချိန်တွင် ကျောင်းမြန်က အရေးကြီးအခြေအနေဖြစ်နေမှန်းသိသောကြောင့် လုပ်နေသည့် အလုပ်များကို ရပ်ကာ တံခါးမှတဆင့် အင်္ကျီကို ဆွဲယူလိုက်ပြီး စီဆဲလ်နှင့်အတူ ထွက်သွားလေသည်။
"ဘာဖြစ်တာလဲ"
လေယာဉ်ပေါ်ရောက်မှ ကျောင်းမြန်က မေးလိုက်သည်-
"တစ်ခုခုမှားနေလို့လား"
စီဆဲလ်က ပြန်မေးလိုက်သည်။
"ကုရှင်းချီ ....ဖက်ဒရေးရှင်း ရဲ့ ဗိုလ်မှူးကို ကြားဖူးလား"
ကျောင်းမြန်က ခေါင်းညိတ်ပြလိုက်သည်။
ကုရှင်းချီသည် ရေခဲမြစ်စနစ်ရှိ ကျောင်းမြန်၏ အနေအထားနှင့် တူညီသည်။ဖက်ဒရေးရှင်းတွင် စီဆဲလ်သည် ပြည်တွင်းရှိကိစ္စများကို တာဝန်ယူရရုံသာမက ပြင်ပရှိ အရေးကြီးသော စစ်ပွဲများတွင်လည်း ဦးဆောင်ရသည်။
သို့သော် ဖက်ဒရေးရှင်းတွင် စစ်တပ်ကို ဦးဆောင်နိုင်သည့်သူမှာ စီဆဲလ် တစ်ဦးတည်း မဟုတ်ဘဲ ကုရှင်းချီလည်း ရှိနေသေးသည်။
စီဆဲလ် စစ်မြေပြင်သို့သွားခြင်းသည် ဧကရာဇ်မင်းမြတ်၏ တိုင်းခန်းလှည့်လည်သည့်သဘောနှင့်ညီမျှပြီး ကုရှင်းချီ စစ်မြေပြင်သို့သွားခြင်းသည် ဖက်ဒရေးရှင်း၏ဗိုလ်ချုပ်ရာထူးနှင့် ညီမျှလေသည်။
ကုရှင်းချီ၏ အဓိက စစ်မြေပြင်များသည် နိုင်ငံခြားတိုင်းပြည်များနှင့် လက်အောက်ခံနိုင်ငံများ၏ ကျူးကျော်ခြင်းကို ဟန့်တားရန်နှင့် နယ်စပ်ဒေသကို ကာကွယ်ရန်အတွက် နယ်စပ်ဒေသတွင်သာ စခန်းချခြင်း ကဲ့သို့ ဖက်ဒရယ်ပိုင်နက်အတွင်းရှိ ဝေးလံခေါင်သီသော ဒေသများတွင်ဖြစ်သည်။
ဇာစ့်တို့သည် တံတားအား တိုက်ရိုက် တိုက်ခိုက်ရန် သတ္တိမရှိသောကြောင့်သာ အကယ်၍ တိုက်ခိုက်မည်ဆိုပါက သူတို့နှင့် ဦးစွာတိုက်ခိုက်မည့်သူမှာ ကုရှင်းချီ သာဖြစ်သည်။
စီဆဲလ်က ရှင်းပြလေသည်-
"လွန်ခဲ့တဲ့ ၅နာရီလောက်က ရှင်းချီနဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်သွားတယ်လို့ ထောက်လှမ်းရေးအဖွဲ့က သတင်းလှမ်းပို့တယ်...အမှတ်၁၆ ကြယ်ပို့လိုက်တဲ့ အချက်ပြမှုတစ်ခုကို အဖွဲ့ချုပ်က လျစ်လျူရှုမိလိုက်ကြတယ်..."
ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအခြေအနေကို ကြားသည်နှင့် သူနားလည်သွားလေသည်။
ပြဿနာတစ်ခု ဖြစ်ခဲ့တာပဲ.....။
ကျောင်းမြန်က မေးလိုက်သည်။
"ဗိုလ်ချုပ်ကု ရဲ့ အဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲ"
စီဆဲလ်က ပြန်ဖြေလိုက်သည်။
"သူ့ရဲ့ အဓိကအဖွဲ့က အမှတ်၁၅ ကြယ်မှာရှိတာ...ဒါပေမယ့် ရှင်းချီက အခြေအနေစုံစမ်းဖို့ဆိုပြီး အမှတ်၁၆ကြယ်ကို လူကိုးယောက်ပဲခေါ်သွားခဲ့တာ...အခုက အမှတ်၁၅ကြယ် က အဖွဲ့ကလည်း အမှတ်၁၆ ကြယ်မှာရောက်နေကြပြီး ရှာနေကြတာပဲ...ဒါပေမယ့် တစ်ယောက်မှ မတွေ့ဘူးတဲ့"
ကျောင်းမြန်က စီဆဲလ်၏ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်-
"အရမ်းကြီးလည်း စိတ်မပူပါနဲ့...အခုက ဒဏ်ရာရထားလို့ လုံခြုံတဲ့နေရာမှာ ပုန်နေတာလည်း ဖြစ်နိုင်တယ်...မဟုတ်လို့ ကြယ်ပင်လယ်ဓါးပြတွေက ပြန်ပေးဆွဲသွားတယ်ဆိုရင် ဗိုလ်မှူးကုက ရာထူးမြင့်တဲ့အနေအထားမှာရှိနေလို့ ရန်သူလက်ထဲရောက်နေရင်တောင် စစ်ပွဲမှာ ဓါးစာခံအနေနဲ့ ထားဖို့ ဖမ်းထားကြလိမ့်မယ်.."
ကျောင်းမြန်၏ အသံသည် ညင်သာသော်လည်း အကျိုးအကြောင်း ခိုင်မာနေသောကြောင့် စီဆဲလ်က ငြိမ်သက်သွားလေသည်။ ထို့နောက် ပြုံးပြလိုက်ပြီး ကျောင်းမြန်၏ ဆံပင်ထိပ်ကလေးအား ပွတ်သပ်လိုက်သည်။
သူတို့နှစ်ယောက် ထောက်လှမ်းရေးအဖွဲ့၏ အဆောက်အအုံကို ရောက်သောအခါ စီဆဲလ် က ဝင်ခွင့်ကတ်ကို ယူလိုက်ပြီး ကျောင်းမြန်နှင့်အတူ စင်္ကြံနှင့် ခန်းမများကို ဖြတ်ကာ ထိန်းချုပ်ခန်းတစ်ခုဆီ ရောက်လာခဲ့သည်။
ထိန်းချုပ်ခန်းသည် ဖန်သားပြင်များဖြင့် ဝန်းရံထားပြီး၊ ထိုအချိန်တွင် စခရင် တစ်ခုမှ အမှတ် ၁၆ ကြယ်၏ အချက်ပြမှုကို ဖမ်းမိနိုင်ရန် ကြိုးစားနေကြသော လူတန်းရှည်ကြီး ထိုင်နေကြသည်။
အမှတ် ၁၂ တပ်ဖွဲ့၏ တပ်မှူး ကတ်စပါသည် မျက်နှာပြင်ပေါ်ရှိ လှုပ်ရှားမှုများကို စောင့်ကြည့်လျက် ရပ်နေလေသည်။
"ရေတပ်ဗိုလ်ချုပ်ကြီး.....ရေတပ်ဗိုလ်ချုပ်ကျောင်း "
သူတို့နှစ်ယောက် လာနေသည်ကိုမြင်လိုက်ချိန်တွင် ကတ်စပါက အနည်းငယ် ဦးညွှတ်လိုက်ပြီး "ထူးခြားမှုမရှိပါဘူး"
စီဆဲလ်သည် ကတ်စပါထံမှ အသေးစိတ်အချက်အလက်များကိုယူလိုက်ကာ ကျောင်းမြန်နှင့်အတူ ဂရုတစိုက် စစ်ဆေးခဲ့သည်။
စီဆဲလ်သည် ကျောင်းမြန်အား သဘာဝကျစွာဖြင့် လုပ်နေကျအပြုအမူကဲ့သို့ လျှို့ဝှက်ကုဒ်ခံထားသော ဒေတာအား ပေးလိုက်သည်ကို ကတ်စပါ က မြင်လိုက်ရချိန်တွင် သူ၏နှလုံးခုန်သံများရပ်တန့်သွားကာ ကျောင်းမြန် အပေါ် သူ၏သဘောထားပြောင်းလဲသွားပြီး အထင်ကြီးလေးစားမှုတို့ တိုးလာခဲ့သည်။
ရေတပ်ဗိုလ်ချုပ်ကြီး နှင့် ဗိုလ်ချုပ်ကျောင်း တို့ကြားရှိ ဆက်ဆံရေးသည် တကယ်ကို ကောင်းပုံရသည်။
စီဆဲလ်က ဖန်သားပြင်များကို ကြည့်ပြီး ပြောလိုက်သည်-
"ပင်မတပ်ဖွဲ့က အမှတ် ဆယ့်ခြောက်ကြယ် ကိုရှာနေတာဆို ....အနီးနားက လူခြေတိတ်တဲ့ ကြယ်တွေကိုလည်း ရှာဖို့ အချက်ပြအကွာအဝေးကိုချဲ့လိုက်..."
ကတ်စပါ က တင်ပြလေသည်။
"အနီးနားက အမှတ် ဆယ့်လေး၊ ဆယ့်ငါး ၊ ဆယ်ခုနှစ် ကြယ်တွေကိုတော့ ရှာပြီးပါပြီ"
"ဆယ့်ရှစ် ကကော"
"အမှတ် ဆယ့်ရှစ်ကြယ်က အရမ်းဝေးလွန်းပါတယ်.....အမှတ် ဆယ့်ခြောက်ကြယ် ကနေဆို အဲ့ဒီ့ကိုရောက်ဖို့ သုံးရက်လောက်ကြာပါတယ်...ဗိုလ်မှူးကုရဲ့ နောက်ဆုံး အချက်ပြမှုက လွန်ခဲ့တဲ့ ၅နာရီက အမှတ် ဆယ်ခြောက်ကြယ်မှာဆိုတော့ အမှတ်ဆယ့်ရှစ်ကြယ်မှာရှိနေဖို့ကမဖြစ်နိုင်ပါဘူး..."
စီဆဲလ် က ပြောလိုက်သည်-
"ရှာကြည့်လိုက်..."
လက်လှမ်းမမီနိုင်သောနေရာဟု ခေါ်တွင်သည့်နေရာအား ရှာဖွေရာတွင် ငါးနာရီကြာသည်အထိ ရှာဖွေခဲ့သော်လည်း မည်သည့် သတင်းမှမရရှိသေးပေ။
ကတ်စပါသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။
“A1 အချက်ပြမှုကို အမှတ် ဆယ့်ရှစ်ကြယ်ရဲ့ ဘယ်ဘက်ကိုပြောင်း ၊ A2ကို ညာဘက်ကို ပြောင်းလိုက်"
စောင့်ဆိုင်းနေစဉ်တွင် စီဆဲလ် နှင့် ကျောင်းမြန်တို့သည် သူတို့အနားရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဂြိုလ်တုမှပို့ပေးသော မြေပုံအား ခွဲခြမ်းစိတ်ဖြာကာ ကြည့်နေခဲ့ကြသည်။
စီဆဲလ် က တစ်ခုခုအား သတိရသွားပြီး ကတ်စပါအား မေးလိုက်သည်-
"မင်း အယ်လန့်ကို အကြောင်းကြားပြီးပြီလား"
ကတ်စပါ အံ့ဩသွားပြီး ခေါင်းယမ်းလိုက်သည်။
သူတို့က လမ်းခွဲလိုက်ကြပြီ မဟုတ်ဘူးလား...
စီဆဲလ်သည် တာမီနယ် ကိုထုတ်လိုက်ပြီး အယ်လန့်အား ဆက်သွယ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
အယ်လန်သည် ဘားတွင်ရှိနေသကဲ့သို့ ဘေးနားတွင် ဆူညံနေလေသည်။
စီဆဲလ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်
"ရှင်းချီ တစ်ခုခုဖြစ်သွားတယ်"
"....."
တစ်ဖက်က ခေတ္တတိတ်ဆိတ်သွားပြီး အယ်လန်က ခပ်ဖွဖွရယ်ကာ ပြန်ဖြေလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါက အမှန်ပဲ သူက စစ်သားတစ်ယောက်...ဒီလိုကိစ္စကို ငါကနောက်စရာလား..."
"......."
"ငါတို့ အခုထောက်လှမ်းရေးအဖွဲ့မှာ ရှိနေတယ်"
ထို့နောက် သူဖုန်းချလိုက်သည်။
စီဆဲလ် ခေါင်းယမ်းလိုက်သည်။
အယ်လန် လာ မလာဆိုတာ သူမသိပေ။
ကျောင်းမြန်က သိချင်စွာဖြင့်မေးလိုက်သည်-
"ဗိုလ်မှူးကု နဲ့ မင်းသား အယ်လန် တို့က...."
"သူတို့ အရင်က အတူတူရှိခဲ့ကြပေမယ့် နောက်ပိုင်း လမ်းခွဲခဲ့ကြတယ်။...ရှင်းချီက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ထွက်သွားခဲ့ပြီးမှ ပြန်ရောက်လာတာ...ဒါပေမယ့် သူပြန်ရောက်လာတဲ့အချိန် အယ်လန်က ပြန်ထွက်သွားလိမ့်မယ်"
စီဆဲလ် က ခဏရပ်ပြီး ဆက်ပြောလေသည်။
"သူတို့နောက်ဆုံးတွေ့ခဲ့တာ သုံးနှစ်တောင်ရှိသွားပြီ"
"ဒီး.....ဒီး...."
ခဏအကြာတွင် စခရင်ပေါ်၌ အချက်ပြမီးနီတစ်ခု ပေါ်လာသည်။
၎င်းသည် အမှတ် ဆယ့်ရှစ်ကြယ်ပေါ်မှ နေထိုင်သူများအား.ထောက်လှမ်းသိရှိနိုင်သောအရာဖြစ်သည်။
"ဟိုမှာ!"
ထောက်လှမ်းရေးအရာရှိသည် အလွန်စိတ်လှုပ်ရှားသွားပြီး တုန်ရီနေသော လက်များဖြင့် လျင်မြန်စွာ ချိတ်ဆက်လိုက်သည်။
"ဖက်ဒရယ်မြို့တော် A2.ကပါ .....ဘာကူညီ..."
ထောက်လှမ်းရေးအရာရှိ၏ စကားမဆုံးခင်မှာပင် လူတယောက်ဆီမှ ဆူညံသောအသံကို ကြားလိုက်ရသည်။
"ကျွန်တော် နဲ့ ကျန်တဲ့အဖွဲ့တွေက အမှတ် ဆယ့်ရှစ်ကြယ်ရဲ့ ချောက်ထဲမှာ...အဟွတ်....."
ထိုလူ၏ အသံသည် အလွန်တိုးကာ ဆူညံနေပြီး ပတ်ဝန်းကျင်အား သတိထားစောင့်ကြည့်နေပုံရသည်။
ထိုလူဆီမှ အသံထွက်လာချိန်တွင် အခန်းထဲရှိလူအားလုံး အံ့သြသွားကြသည်။
ကုရှင်းချီက ဘာလို့ သုံးရက်လောက်သွားမှရောက်နိုင်သော နေရာကို ရောက်နေရတာလဲ။
စီဆဲလ်သည် ရှေ့သို့တိုးလာပြီး မိန်ဒေါင် ကိုခေါ်ကာမေးလိုက်သည်။
"ရှင်းချီ မင်း အမှတ် ဆယ့်ရှစ်ကြယ်ကို ဘယ်လိုရောက်သွားတာလဲ.."
"ကျွန်တော်မသိတော့ဘူး....."
ကုရှင်းချီ သည် ဥမင်လိုဏ်ခေါင်း သို့မဟုတ် ဖြတ်လမ်းတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု စီဆဲလ်က ခန့်မှန်းခဲ့သော်လည်း ယခုအချိန်တွင် ကုရှင်းချီ၏ စကားပြောနိုင်စွမ်းသည် အားနည်းနေပြီဖြစ်သည်။သေချာစဥ်းစားကြည့်လိုက်လျှင် သူ၏စိတ်သည်လည်း ကြည်လင်နေမည် မဟုတ်ပေ။
စီဆဲလ်က ဘာမှမေး၍ မရတော့သောကြောင့်
"မင်းကို ရှာဖို့ ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ရင် အနည်းဆုံး ၃ရက်လောက်နေမှရောက်မှာ အဲ့ချိန်ထိ တောင့်ခံထားနိုင်လား"
"......."
တီ...တီ.. အဆက်ပြတ်သွားလေသည် ။
စီဆဲလ်သည် နေရာတွင် အေးခဲသွားသည်။
အချက်ပြမီးသည် နီနေဆဲဖြစ်ပြီး ဖုန်းမချသေးသော်လည်း ကုရှင်းချီသည် ရုတ်တရက် အသံမထွက်တော့ပေ။
ကျောင်းမြန်က သူ့အထင်ကိုပြောလိုက်သည်-
"အဓိက အချက်ကိုပြောပြီးတော့ သူထပ်ပြောဖို့ အားမရှိတော့ဘူးနေမယ် "
စီဆဲလ်က ချက်ချင်းအမိန့်ပေးလိုက်သည်။
"အမှတ် ဆယ့်ခြောက် ကြယ်က အဖွဲ့ကို စာပို့လိုက် တတ်နိုင်သမျှ ချက်ချင်း အမှတ် ဆယ့်ရှစ် ကြယ်ကိုသွားခိုင်းလိုက် "
စီဆဲလ်က စကားပြောစက်အား မချသေးဘဲ ပြောလိုက်၏။
"ဗိုလ်မှူးကု ငါ့ကိုတစ်ခုခုပြော မင်းကြားရသေးလား"
တစ်ဖက်မှ တိုးဖွသော အသံတစ်ခုထွက်လာသည်။
စီဆဲလ်က ပြောလိုက်သည်-
"ဒဏ်ရာအခြေအနေကို သတင်းပို့ပါ"
သိပ်မကြာခင်တွင် ကုရှင်းချီက ပြောလေသည်-
"ကျွန်တော် ပြန်မလာနိုင်လောက်တော့ဘူး"
စီဆဲလ်က အေးဆေးတည်ငြိမ်တဲ့အသံဖြင့် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး....မင်းနဲ့ မင်းအဖွဲ့ရဲ့ ဒဏ်ရာအခြေအနေကိုပဲ သတင်းပို့ ..."
"တခြားလူတွေကလည်း သတိသိပ်မရှိတော့ဘူး...ကျွန်တော်....အဟွတ်....အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလားမသိဘူး...အကယ်၍ ပြန်မလာနိုင်ရင် အယ်လန့်ကို တစ်ခုလောက်ပြောပေးပါ..."
"ဘန်း...!"
အယ်လန်က ရောက်လာပြီး တံခါးကို ကိုင်ကာ စီဆဲလ်အား ငေးကြောင်ပြီးကြည့်နေလေသည်။
သူတို့အားလုံး ထိုလူ၏အသံကိုကြားလိုက်ရသည်။
"ကျွန်တော်တောင်းပန်ပါတယ်လို့ သူ့ကိုပြောပေးပါ..."
အယ်လန်သည် စီဆဲလ်၏လက်ထဲမှ စကားပြောစက်အား စိုက်ကြည့်နေပြီး သူ့မျက်နှာမှာ ဖြူဖျော့နေလေသည်။
စီဆဲလ်သည် အယ်လန်ရောက်လာသည်ကိုမြင်သောအခါ အံ့အားသင့်သွားပြီး
"အယ်လန် ....လာ.....သူနဲ့လာပြောလိုက်"
ပထမအချက်အနေဖြင့် စီဆဲလ်သည် အယ်လန်ကို ကုရှင်းချီအတွက် အားတက်စေချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ဒီကိစ္စဖြင့် ကုရှင်းချီပြန်မလာနိုင်ပါက သူတို့လုပ်သင့်တာ လုပ်ပေးခြင်းဖြစ်သည်.....။
အယ်လန်ည် အသက်ပြင်းပြင်းရှူလိုက်ရင်း ရှေ့သို့ထွက်လာကာ စကားပြောစက်အား လက်ဖဝါးဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ
"ကုရှင်းချီ! မင်းသေသွားရင် ပိုကောင်းမယ်!"
"....."
လူများက ချက်ချင်း တိတ်ဆိတ်သွားပြီး စီဆဲလ် ၏ နှုတ်ခမ်းထောင့်များပင် တုန်လှုပ်သွားကြလေသည်။
အယ်လန်က ဆက်ပြောလိုက်သည်။
"မင်း ပြန်လာဖို့ မစဥ်းစားနဲ့ မင်းပြန်မလာဘဲ သေသွားရင် ပိုကောင်းတယ်! ငါလည်း မင်းထက်ပိုသာပြီး ပိုကောင်းတဲ့ သူကိုရှာပြီး လက်ထပ်လိုက်မယ်!"
ထို့နောက် အယ်လန်သည် နီရဲသော မျက်လုံးများဖြင့် လှည့်ကာ ထွက်ပြေးသွားခဲ့သည်။
ကျောင်းမြန်သည် အယ်လန်ကို အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ရုံသာကြည့်နိုင်ပြီး သူ့ကို မတားနိုင်ပေ။
အခန်းထဲတွင် မည်သူမျှ စကားမပြောကြဘဲ တိတ်ဆိတ်နေရာ နောက်ဆုံးတွင် အဝေးမှ အမှတ် ဆယ့်ရှစ်ကြယ်မှ အသံသည် တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်လေသည်။
"ကျွန်တော်တို့အဖွဲ့ကို အမှတ် ဆယ်ခြောက်ကြယ်မှာ ပင်လယ်ဓါးပြတွေက ခြုံခိုတိုက်ခိုက်ခဲ့တာ....လွတ်မြောက်လာသူက ကျွန်တော်အပါအဝင်....အဟွတ်...အခုလောလောဆယ် အမှတ်ဆယ်ရှစ်ကြယ်ရဲ့ ချောက်ထဲမှာ ငါးယောက်ရှိပါတယ်"
ကုရှင်းချီသည် လူငါးဦး၏ ဒဏ်ရာများကို အသေးစိတ်ဖော်ပြပြီး ဖြည်းဖြည်းချင်း သတင်းပို့လာသည်။
သူတို့အားလုံးသည် ပင်လယ်ဓားပြများ၏ ဖောက်ခွဲရေးပစ္စည်းများကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုသည် ထိရောက်မှု ရှိပြီး ပင်လယ်ဓားပြများနှင့် တိုက်ခိုက်ရာတွင်လည်း အကြိမ်အနည်းငယ် အရိုက်ခံခဲ့ရသည်။ ပင်လယ်ဓားပြများသည် သူတို့၏ဓားများကို ဇာစ့်အဆိပ်ဖြင့် စိမ်ထားကြလေသည်။
ထိုအချိန်တွင် သူတို့သည် ဒဏ်ရာရရုံသာမက ချောက်ထဲတွင် ပုန်းအောင်းနေသည့် ဇာစ့် အဆိပ်သည်လည်း ထပ်မံကူးစက်ခံရကာ တစ်ချက်ချင်း နာကျင်မှုကို ခံစားနေရလေသည်။
ထိုအချိန် ထောက်လှမ်းရေးအေးဂျင့်များက ရှာဖွေတွေ့ရှိခဲ့ပြီး ခွဲခြမ်းစိတ်ဖြာကာ မှတ်တမ်းတင်ထားခဲ့သည်။
စီဆဲလ်က ပြောလိုက်သည်။
"ဒီအခြေအနေက စိုးရိမ်ရတယ် ပင်မတပ်ရဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေက မကိုင်တွယ်နိုင်လောက်ဘူး...အဲ့ဒါကြောင့် မြို့တော်က လူတွေပါလွှတ်မှရမယ်"
ကတ်စပါ: "ကျွန်တော် လုပ်နိုင်ပါတယ်"
"လူကိုယ်တိုင်သွားလိုက်မှရမှာ"
စီဆဲလ်က ကျောင်းမြန် သူ့ကို စိုက်ကြည့်နေသည်အား ကြည့်လိုက်ပြီး မေးလေသည်။ "မင်း လိုက်သွားမလား"
မေးခွန်းတစ်ခုဖြစ်သော်လည်း ကျောင်းမြန်သည် စီဆဲလ်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသိလိုက်ပြီး သူလည်း လိုက်သွားချင်လေသည်။
တခြားသူများ၏အမြင်တွင် ကုရှင်းချီသည် ယခုအချိန်တွင် အားကိုးရာမဲ့ဖြစ်နေပြီး စီဆဲလ် ကိုယ်တိုင်လိုက်သွားခြင်းသည်လည်း သူ့ကိုနှုတ်ဆက်ရန် ဖြစ်ကောင်းဖြစ်နိုင်သည် ။
သို့သော် ကုရှင်းချီသည် ဤသုံးရက်အတွင်း အသက်ရှင်နေသရွေ့ ကျောင်းမြန်သည် သူ၏ ဇာစ့်အဆိပ်ကို ဖယ်ရှားရန် ကြိုးစားနိုင်သည်ကို စီဆဲလ် သိလေသည်။
ကျောင်းမြန်က တိုးတိုးပြောလိုက်သည် "ကံကောင်းလို့....ကျွန်တော်အရင်က ဆေးနည်းနည်း ပိုပြီး လုပ်ထားမိလို့...."
"ဟုတ်ပြီ"
စီဆဲလ်က ကျောင်းမြန်ကို အမြန်ဆွဲခေါ်သွားပြီး
"ပင်မစစ်သင်္ဘောကို ပြင်ဆင်ထားလိုက်တော့..."
အမှတ် ဆယ့်ရှစ်ကြယ်ကိုတတ်နိုင်သမျှ မြန်မြန်သွားရမယ်........။