Chapter 57
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး > Ch 57


သူမ၏ တစ်ညတာ အသိမပေးခွင့်မတောင်းဘဲ အပြင်၌နေခဲ့သောအပြစ်ကြောင့် ရို့စ်မယ်ရီသည် မားကွစ်မြို့စား၏ ပြင်းထန်စွာ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် သူမသည် အခန်းထဲ၌ ချုပ်နှောင်ခံလိုက်ရပြီး အပြင်မထွက်ရန် တားမြစ်ခံခဲ့ရကာ တစ်နေကုန် ငိုကြွေးနေခဲ့သည်။

ရို့စ်မယ်ရီက အဖိုးတန်သူငယ်ချင်းတစ်ဦးကို ပြုလုပ်နိုင်ခဲ့ခြင်းသည် ကောင်းမွန်သောအရာဖြစ်သော်လည်း အဲ့ဒါက သူမ၏အဓိကတာဝန်များကို လစ်လျူရှုဖို့ဖြစ်စေပါက အခြေအနေများပြောင်းလဲသွားမည်ဖြစ်သည်။

ပိုဆိုးသည်မှာ သူတို့မှ သူမမွေးဖွားခြင်းအတွက် လက်ဆောင်အဖြစ်ပေးခဲ့သော နှင်းဆီစံအိမ်ကို လျှို့ဝှက်ရောင်းချခဲ့ကြောင်းကို မားကွစ်မြို့စား သိသွားခဲ့ရပြီး ပိုစိတ်ဆိုးသွားခဲ့သည်။

လူနာမှာ အပြစ်မရှိသော်လည်း သူမက အကြောင်းအရင်းဖြစ်နေသောကြောင့် မားကွစ်မြို့စားနှင့် သူ၏ဇနီးတို့သည် သူမကို အနည်းဆုံးတစ်ကြိမ်တွေ့ဆုံသင့်သည်ဟု ထင်ခဲ့ကြသည်။

မကြာခင်မှာပင် ကားလ်တွန်သည် မားကွစ်စံအိမ်သို့ ရောက်လာခဲ့သည်။

"မားကွစ်မြို့စား! ကျွန်တော့်မှာ ပြောစရာရှိပါတယ်! ကျေးဇူးပြုပြီးကျွန်တော့်ကိုကူညီပေးပါ!"

သူ့ပါးပြင်များက အပြင်းအထန်ရိုက်ခံခဲ့ရသလိုမျိုး နီရဲတောက်နေပြီး ခြေလှမ်းများက ထော့နဲ့နဲ့ဖြစ်နေကာ အင်္ကျီလက်ကိုလိပ်ထားသောကြောင့် နီရဲပွန်းပဲ့နေသော လက်မောင်းက ပေါ်လွင်နေခဲ့သည်။

ထိတ်လန့်တုန်လှုပ်သွားသော မားကွစ်မြို့စားသည် ကားလ်တွန်၏အခြေအနေကို အလျင်အမြန်စစ်ဆေးလာခဲ့သည်။

"ဘာဖြစ်ခဲ့တာလဲ။ ဒီလိုမျိုးဒဏ်ရာတွေကို ဘယ်မှာ ရခဲ့တာလဲ"

သူတို့၏ အပြန်အလှန်ပြောဆိုမှုများမှာ မကြာခဏရှိခဲလှသော်လည်း မားပွစ်မြို့စားသည် ကားလ်တွန်ကို ရို့စ်မယ်ရီ ၏အိမ်ကြီးအား စောင့်ရှောက်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျခန့်အပ်ထားသောကြောင့် ကားလ်တွန်အပေါ် အမြင်ကောင်းရှိနေခဲ့သည်။

ရို့စ်မယ်ရီသည် ဝုန်းဒိုင်းကြဲပြီး နှစ်အတော်ကြာအောင် ဥယျာဉ်ကို ပြန်လည်ပြင်ဆင်သည့်အခါ၌ပင် ကားလ်တွန်သည် ပိုမိုလှပသောဥယျာဉ်တစ်ခုအတွက် စိတ်ရှည်စွာဖြင့် အမျိုးမျိုးသော အကြံဉာဏ်များကို ပေးစွမ်းနိုင်ခဲ့သည်။

"ပိုင်ရှင်အသစ်က ကျွန်တော့်ကို ဒီလိုလုပ်ခဲ့တာပါ...! သူမက ကျွန်တော့်ကို မကြိုက်လို့ဆိုပြီး အလုပ်ထုတ်လိုက်တယ်!"

ပိုင်ရှင်အသစ်ဆိုတာ လေဒီလူနာပဲလ်လား။ 

ကာလ်တန်ကို အလုပ်ထုတ်ခံခဲ့ရရုံသာမကဘဲ အရိုက်ခံခဲ့ရတယ်ဆိုသော သတင်းကြောင့် သူ့ကို ကူတွဲပေးထားသော ဝီလျံသည် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွန်တော့်ဘာသာ တကယ်ဘာမှ မလုပ်နိုင်လို့ မြိုစားမင်းရဲ့ အကူအညီကို ရှာဖို့ လာခဲ့တာပါ။ ကျေးဇူးပြုပြီးကျွန်တော့်ကိုကူညီပေးပါ!"

ကားလ်တွန်၏အသနားခံချက်သည် အလွန်သနားစရာကောင်းနေပုံရပြီး မားကွစ်မြို့စားက သူ့ကို ဧည့်ခန်းသို့ပို့ရန် ညွှန်ကြားခဲ့လိုက်သည်။

လူနာ ခဏလောက်သာ တွေ့ခဲ့ရသော်လည်း လူနာက ထိုသို့သောလူမဟုတ်မှန်း သိနေသော အိမ်တော်ထိန်းဝီလီယမ်သည် စိတ်မသက်မသာဖြင့် ကားလ်တွန်ကို ဧည့်ခန်းထဲခေါ်ဆောင်သွားလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော မားကွစ်စံအိမ်သည် ဆူညံပွက်လောရိုက်လာသောကြောင့် အပေါ်ထပ်တွင် လက်ဖက်ရည်သောက်နေခဲ့သော မားကွစ်မြို့စားကတော်သည် ဧည့်ခံခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏ မကျေနပ်ချက်များကို လူများများပိုကြားလေ ပိုကောင်းလေဖြစ်သည်။ ကားလ်တွန်သည် သူ၏ ပွန်းပဲ့နေပြီး နီရဲနေသော လက်မောင်းနှင့် ပါးပြင်များကို ပြသခဲ့သည်။

"အိုး ဘုရားရော! ဒီဒဏ်ရာတွေက ဘာတွေလဲ။ ဘာလိုဖြစ်ခဲ့တာလဲ...!"

မျှော်လင့်ထားသည့်အတိုင်း မားကွစ်မြို့စားကတော်သည် ကားလ်တွန် ၏အခြေအနေကိုသနားသွားခဲ့သည်။ သူ့ပါးပြင်က ဒဏ်ရာလည်း ဒဏ်ရာအလျောက်ဆိုပေမယ့် သူ့လက်မောင်းရှိ ပွန်းပဲ့ဒဏ်ရာက အတော်လေးကို ပိုပြင်းထန်ပုံရသည်။

ယခုတွင် သူ့ဘေးနား၌ လူတိုင်း စုဝေးနေကြသောကြောင့် ကားလ်တွန်သည် သူ၏ မကျေနပ်ချက်များကို ဖွင့်ဟရန် တွန့်ဆုတ်မနေတော့ချေ။

"တကယ်တော့… သခင်မလေးရို့စ်မယ်ရီရဲ့ စံအိမ်ကို ဝယ်သွားတဲ့ ပိုင်ရှင်အသစ် လေဒီလူနာပဲလ်က ကျွန်တော့်ကို ဒီလိုလုပ်ခဲ့တာပါ။သူမ စံအိမ်က အစေခံတွေအားလုံးကိုတောင် အလုပ်ထုတ်ပစ်ခဲ့သေးတယ်"

"အစေခံတွေအားလုံးကို အလုပ်ထုတ်လိုက်တာလား"

မားကွစ်မြို့စားသည် ကားလ်တွန် ၏စကားကို မယုံကြည်နိုင်ဖြစ်သွားကာ အတည်ပြုချက်တောင်းလိုက်သည်။ ထို့အတွက် ကားလ်တွန်သည် သူ လူနာကိုသူမည်မျှအလုပ်လုပ်ပေးခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

"ဟုတ်ပါတယ်။ကျွန်တော်က သူမရဲ့အစေခံကို စံအိမ်က အရင်အိမ်နဲ့ အတိုင်းအတာ ကွာခြားတာကြောင့် ကြိုတင်သတိပေးချက်ပေးခဲ့ပါတယ်။ပြီးတော့ သူမက ကိစ္စတွေကို မသိရတာ မုန်းလို့ ကျွန်တော်က အရာအားလုံးကို အစီရင်ခံစာတင်ခဲ့ပေးပါတယ်။ဒါပေမယ့် သူမကတော့ ကျွန်တော့်ကို လိမ်လည်စွပ်စွဲပြီးတော့ ဒီလိုလုပ်ခဲ့တာပါ"

"အို ဘုရားရော အဲဒါ မယုံနိုင်စရာပဲ"

မားကွစ်မြို့စားကတော်သည် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားပြီး သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ဒါက တကယ့်ကို မယုံနိုင်စရာဖြစ်တာကြောင့် လက်ခံရခက်ပေသည်။ မားကွစ်မြို့စားသည် ထိုအခြေအနေတစ်ခုလုံးကို နားမလည်နိုင်ပေ။

"ဒါကြောင့် သူမက မင်းကို အလုပ်ထုတ်ပြီး ရိုက်နှက်တာလား"

"ဟုတ်ပါတယ်။ အဲ့လို အတိအကျ ဖြစ်သွားခဲ့တာပါ။ တရားမျှတမှုမရှိတဲ့ အလုပ်ထုတ်ပယ်မှုကို တရားဝင် ကန့်ကွက်မယ်လို့ ပြောတော့ သူမက ကျွန်တော်တို့ရဲ့ အဆင့်အတန်း ကွာခြားမှုကြောင့် ဒဏ်ငွေနဲ့ အဆုံးသတ်မှာလို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်"

ကားလ်တွန်သည် အဖြစ်အပျက်ကို ပြန်သတိရသွားကာ စိတဆင်းရဲနေသလိုဖြင့် သူ့မျက်နှာကို သူ့လက်ထဲ မြှုပ်ထားလိုက်သည်။ သူ့စကားတစ်ခုတည်းကိုအခြေခံရလျှင် လူနာသည် အခြားသူများနှင့်မတူသည့် ဆိုးသွမ်းသောမိန်းမတစ်ယောက်လိုပင်ဖြစ်နေသည်။

သို့သော် သူတို့က သူ့ကိုသိတာကြောင့် သူ့စကားကို တထစ်ချယုံသည်က မမှန်ဟု ခံစားရသည်။

အိမ်တော်ထိန်း အပါအဝင် အစေခံ အားလုံးကို သူမ အလုပ်ထုတ်ခဲ့ခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အစေခံအသစ်များ စုဆောင်းခြင်းနှင့် အိမ်သူအိမ်သားများနှင့် ရင်းနှီးစေရန်အတွက် အချိန်များစွာ ယူရလိမ့်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် အစေခံများအားလုံးကို အလုပ်ထုတ်ခြင်းသည် ပိုင်ရှင်အတွက် အဆင်မပြေစေခြင်းသာဖြစ်သည်။

"လေဒီလူနာပဲလ်က ဒီလို ဒဏ်ရာတွေ လုပ်ခဲ့တာလား"

"ဟုတ်ပါတယ်... သူမက ကျွန်တော့်မျက်နှာကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တာပါ"

ကားလ်တွန်သည် မားကွစ်မြို့စား၏မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် နီရဲရောင်ကိုင်းနေသော သူ့ပါးပြင်များကို တို့ထိကာ ဖြေဆိုခဲ့သည်။

ဒါပေမယ့် မားကွစ်မြို့စား မေးခဲ့သောအရာမှာ ပါးပြင်မဟုတ်ဘဲ သူ့လက်မောင်းပေါ်က ဒဏ်ရာအကြောင်းဖြစ်သည်။ အတွင်းကြေနေသည့်ပုံဖြင့် ခရမ်းပုပ်ရောင်သန်းနေသော လက်ရာကြီးကကို အထင်အရှား မြင်နေရသော်လည်း ၎င်းမှာ အမျိုးသမီးတစ်ဦး၏ အရွယ်အစားမဟုတ်သည်မှာ ထင်ရှားသည်။

"မဟုတ်ဘူး။ ပါးမဟုတ်ဘဲနဲ့ ငါက လက်မောင်းကိုဆိုလိုတာ။အဲ့ဒါက သာမန်အမျိုးသမီးတစ်ယောက် လုပ်နိုင်မယ့်ပုံမပေါ်ဘူး"

ကားလ်တွန်သည် တခဏမျှ တုံ့ဆိုင်းသွားကာ သူ့လက်မောင်းကို ဆုပ်ကိုင်ခဲ့သည်က အန်းသန့်စ်ဖြစ်ကြောင်း သတိရသွားသည်။

သူ သိပ်စဉ်းစားမနေဘဲ ဒီကို အပြေးအလွှား လာခဲ့သော်လည်း ခုတော့ အန်းသန့်စ်က သူတို့နှစ်ယောက်၏ ကလေးဖြစ်ကြောင်း သတိရလိုက်မိသည်။

ဒါပေမယ့် သူ အန်းသန့်စ်နှင့် ပတ်သက်သော ဇာတ်လမ်းကိုလည်း ချန်ထားလို့ မရပေ။ ဒဏ်ရာများသည် သူ၏ မကျေနပ်ချက်များအတွက် သိသာထင်ရှားသော အထောက်အထားများဖြစ်ပြီး အမှန်တကယ်တွင် သူ၏လက်မောင်းနှင့် ကန်ခံရသည့် အစိတ်အပိုင်းများက ရိုက်ခံခဲ့ရသောပါးပြင်ထက်ပင် ပိုမိုပြင်းထန်နေသည်။

သူက သူတို့ သားဆိုတော့ အဆင်ပြေမှာပါ။ ထို့ပြင် သူတို့၏သားက ယခုကဲ့သို့အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်းသိသွားပါက အပြစ်ရှိသည်ဟု ခံစားရပြီး သူတို့က ပိုမိုပြင်းထန်စွာ ကူညီမည်ဖြစ်ကြောင်း ထင်ရှားသည်။

"တကယ်တော့ သခင်လေးအန်းသန့်စ်က ကျွန်တော့်လက်မောင်းကို ဒဏ်ရာရစေခဲ့တာပါ။ ကျွန်တော့် ပါးကို အကြိမ်ပေါင်းများစွာ ရိုက်နေတဲ့ လေဒီလူနာပဲလ်ကို ရှောင်ဖို့ ကြိုးစားတာကို သူကရုတ်တရက် ကျွန်တော့်လက်မောင်းကို လာဆုပ်ကိုင်ခဲ့တာပါ"

"အန်းသန့်စ်လား"

"အန်းသန့်စ်လား"

ရုတ်တရက်ကြီးလား။ မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် အန်းသန့်စ်က မြို့တော်တွင်ရှိမှန်းပင်မသိသေးကြောင့် ဒီအဓိပ္ပါယ်မရှိသောအဖြေအပေါ် မေးခွန်းထုတ်လခဲ့ကြတာဖြစ်သည်။

ကားလ်တွန်သည် သူတို့၏ တုံ့ပြန်မှုအား သူတို့သား အန်းသန့်စ်က ဒီလိုလုပ်ရပ်လုပ်ခဲ့မှုအပေါ် မယုံနိုင်ဖြစ်သွားသည်ဟု သူ့ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး အခြေအနေကို အသေးစိတ်ရှင်းပြလိုက်သည်။

"ဟုတ်ပါတယ်။ သူက အရမ်းစိတ်မကျေမနပ်ဖြစ်နေပုံရတယ်။ သူတို့ နှစ်ယောက်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေကြတာပါ။သူက ကျွန်တော့်ကို ကန်တောင်ကန်လိုက်သေးပါတယ်"

"ရင်းနှီးတယ်...?"

ဆယ်နှစ်ကျော်ကြာအောင် မတွေ့ခဲ့ရသော သားတစ်ယောက်၏ သတင်းဖြစ်သော်လည်း ယုံရခက်နေသည်။ မဟုတ်ဘူး မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် ကားလ်တွန်၏စကားကိုလုံးဝမယုံခဲ့ကြပေ။

"နင် သူ့ကို တခြားတစ်ယောက်နဲ့များ မှားခဲ့တာလား" 

မားကွစ်မြို့စားကတော်က မေးလိုက်သည်။အဲ့ဒါက အမှန်အတိုင်းပြောဆိုနေသော ကားလ်တွန်ကို အလွန်စိတ်လှုပ်ရှားသွားစေပြီး ငြင်းဆိုမှု ဖြစ်လာစေသည်။

"မဟုတ်ဘူး! ကျွန်တော်တို့ စံအိမ်ကြီးမှာ အတူတူတောင်နေတာကို သူ့ကို ဘယ်လိုလုပ် တခြားသူနဲ့မှရမှာလဲ။အဲ့တာက သခင်လေးအန်းသန့်စ်ဆိုတာ အသေအချာပဲ။ သခင်မလေး ရို့စ်မယ်ရီလည်း သူ့ကိုတွေ့ခဲ့သေးပါတယ်"

ရို့စ်မယ်ရီ၏ အမည်ကိုဖော်ပြလာခြင်းဖြင့် မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့၏မျက်လုံးများသည် အိမ်တော်ထိန်းဝီလီယမ်ပေါ်သို့ လှည့်သွားခဲ့သည်။သူက ရို့စ်မယ်ရီကို ခေါ်ဖို့ နှင်းဆီစံအိမ်ကို သွားခဲ့သေးတာကြောင့် သူ့စကားများက မှန်မမှန်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ရှက်ကိုးရှက်ကန်းဖြစ်သွားသော အိမ်တော်ထိန်းက တံတွေးကို ခြောက်ကပ်စွာမျိုချလိုက်သည်။ သူသာ အလွန်အကျွံဖြေလိုက်ပါက နောက်ပိုင်းတွင် သခင်လေး အန်းသန့်စ်ထံမှ လက်တုံ့ပြန်ခံရမည့်အန္တရာယ်ရှိသည်။ အိမ်တော်ထိန်းသည် ထိန်းထိန်းသိမ်းသိမ်း ပြန်ဖြေလိုက်သည်။

"ကျွန်တော် အိမ်ကြီးကို သွားတုန်းက သခင်လေး အန်းသန့်စ်ကို မတွေ့ခဲ့ရပေမယ့်... လေဒီပဲလ်နဲ့ ဆက်ဆံရေးရှိနေတာကတော့ အမှန်ပါပဲ"

သူ၏ အတည်ပြုသောအဖြေကြောင့် ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် အေးခဲနေကြကာ အိမ်တော်ထိန်းထံမှ မျက်စိမခွာနိုင်ခဲ့ပေ။

ကားလ်တွန်သည် သူတို့နှစ်ယောက် ပါတီပွဲအတူသွားကတည်းက သူတို့ဆက်ဆံရေးအကြောင်းကို မားကွစ်မြို့စားတို့ သဘာဝအတိုင်း သိကြမယ်လို့ ထင်ခဲ့ကြပေမယ့် ကြည့်ရတာ သူတို့မသိသေးပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ကားလ်တွန်သည် ဝီလီယမ်၏ပြောဆိုချက်ကြောင့် ယုံကြည်စိတ်ချရမှုပြန်ရရှိခဲ့ပြီး သူ၏မမျှတဆက်ဆံခံရမှုကို ဆက်လက်ထုတ်ဖော်ခဲ့သည်။ အန်းသန့်စ် ပါ၀င်နေမှန်းသိသဖြင့် သူတို့ ဒီတိုင်းငြိမ်နေလောက်မှာမဟုတ်ပေ။

"ကျွန်တော့်ကို ခွန်အားပေးဖို့ မားကွစ်မြို့စားကို တောင်းဆိုပါတယ်။ မဟုတ်ရင် ကျွန်တော်တကယ် မတရားသဖြင့် နှင်ထုတ်ခံရလိမ့်မယ်...! အစေခံတွေက ကျွန်တော့်မှာ တာဝန်အားလုံးကရှိတယ်လို့ပြောကြပြီး ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေကြပေမယ့် ကျွန်တော့်မှာတုံ့ပြန်ဖို့ နည်းလမ်းမရှိဘူး!"

ကံမကောင်းစွာပဲ ဘယ်သူမှ သူ့စကားကို နားမထောင်ခဲ့ကြပေ။

"ရို့စ်မယ်ရီကို ခေါ်လိုက်"

"နားလည်ပါပြီ"

မားကွစ်မြို့စား၏အမိန့်အတိုင်း အိမ်တော်ထိန်းသည် ရို့စ်မယ်ရီကို ခေါ်ဆောင်ရန် ဧည့်ခန်းမှထွက်လာခဲ့သည်။ ထိုအချိန်တွင် ကားလ်တွန်သည် သူ၏မကျေနပ်ချက်များကို မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့ထံ ထပ်မံပြောပြပြီး အသနားခံနေခဲ့သည်။

"ငါနားလည်ပြီ။ မင်းပြောသလိုဆို အန်းသန့်စ်လည်း ပါဝင်ပတ်သက်နေတာကြောင့် ငါ အဲဒါကို လေ့လာပြီးတာနဲ့ ကူညီပေးမယ်။ အဲ့ဒါကြောင့် စိတ်မပူနဲ့"

သို့သော် ကူညီမည်ဟု ကတိပေးသည်နှင့် ဆန့်ကျင်ဘက်ဆန်စွာ လေသံမှာ ဟက်ဟက်ပက်ပက်သိပ်မရှိနေပေ။ မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် ကားလ်တွန်၏အမှုကို အစထဲက စိတ်ဝင်စားမှု မရှိတော့ချေ။

ဘာပဲဖြစ်ဖြစ် အန်းသန့်စ်က ပြဿနာရှာခဲ့သည်မှာ အံ့သြစရာမဟုတ်နေပေ။ အဲဒါကို ကောင်းကောင်းဖြေရှင်းဖို့အတွက် ရိုယာကို ခေါ်လိုက်ရင် ရပြီဖြစ်သည်။

သူတို့ကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာက တခြားအရာတစ်ခုပင်။ လူတိုင်းကို ရန်သူများအဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးကို ကျိန်ဆဲခဲ့သော သူတို့သား အရူးကောင်က အချစ်တွေ့နေတယ်တဲ့လား!

"...အဖေ ခေါ်တယ်ဆို"

ခဏအကြာတွင် ရို့စ်မယ်ရီသည် မှုန်မှိုင်းသောအမူအရာ၊ ရောင်နေသော မျက်လုံးများဖြင့် ပေါ်လာခဲ့သည်။သူမ၏မျက်နှာမှာ စိတ်မသက်မသာဖြစ်စရာနေရာသို့ ရောက်နေသည့်ဟန်ဖြစ်နေသည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသော မားကွစ်မြို့စားကတော်သည် အမှန်တရားကို အလျင်အမြန် မေးမြန်းလာခဲ့သည်။

"အန်းသန့်စ်က မြို့တော်မှာ ရှိနေတာ အမှန်ပဲလား။ သူက လေဒီပဲလ်နဲ့ ဆက်ဆံရေးရှိနေတယ်လို့ ပြောတယ်။အဲ့ဒါ အမှန်ပဲလား"

ဘာတွေ လာမေးနေတာလဲ။

ကောလာဟလတွေကို ဂရုမစိုက်တတ်ဘဲ သူမပါတီအကြောင်းကြွားလုံးထုတ်ခဲ့ချိန်မှာတောင် ဘာအမူအရာမှမပြခဲ့သော သူမမိဘများကို ကြည့်ကာ ရို့စ်မယ်ရီသည် လက်ပိုက်လိုက်သည်။

"အမေတို့ သိရဲ့သားနဲ့ လာမေးနေတာလား။ တကယ်ကြီး သမီးနဲ့ အတည်ပြုဖို့ လိုလို့လား။အမေတို့အဲ့ဒါကို တကယ်မယုံနိုင်ရင် သူ့ကို တိုက်ရိုက်မေးပါလား"

နေအိမ်အကျယ်ချုပ်ကျခံနေရသောကြောင့် သူမ၏အဖြေမှာ ထက်ရှနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက အဖြေမှန်ပဲဖြစ်သည်။ ဒါကြောင့် မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် အမှန်တရားကို မည်သို့လက်ခံရမလဲဆိုတာ မသိဘဲ ခဏတာ နှုတ်ဆိတ်သွားခဲ့ကြသည်။

ထိုအချိန်တွင် ရို့စ်မယ်ရီသည် ပုံမှန်မဟုတ်သော ကားလ်တွန်ကို ရှာတွေ့သွားခဲ့သည်။

သူ့ကြည့်ရတာ ဆိုးဆိုးရွားရွား အရိုက်ခံထားရပုံပေါ်သည်။ ယခင်က အမြဲတမ်း သပ်ရပ်သော အသွင်အပြင်ကို ထိန်းသိမ်းထားသူနှင့် မတူနေပေ။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ အဲဒီ ဒဏ်ရာက ဘာဖြစ်တာလဲ"

ကားလ်တွန်သည် အနှစ်နှစ်ဆယ်နီးပါး သူမအစေခံဖြစ်ခဲ့သည်။ နောက်ဆုံးအကြိမ်မှာ ထူးခြားမှုရှိခဲ့သော်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့သည်။သူမသည် အတော်လေးကို ရည်မှန်းချက်ရှိပြီး တရားမျှတသည်။

ထို့ကြောင့် သူမသာ အခြေအနေကိုသိပါက သူ့ဘက်ပါလာလိမ့်မည် ဟုတွေးကာ ကားလ်တွန်သည် သူ၏မကျေမနပ်မှုများကို ပြန်ဖြေခဲ့သည်။ သူက ပေးထားသည့်အမိန့်ကို လိုက်နာခဲ့ရုံဖြစ်တာကြောင့် သူမသည် သူ့ဘက်ပါလာမည်ဟု သူအသေအချာတွက်ခဲ့သည်။

"နင် ဘယ်အကြောင်းပြောနေတာလဲ။ မျက်နှာသာ ပေးတာလား။ ပိုင်ရှင်က ပြန်လာပေမယ့် နင်တို့အားလုံး ကြိုဆိုဖို့နေနေသာသာ နှုတ်ခွန်းဆက်စကားလာပြောတာတောင် မတွေ့ရဘူး။ ဒါကို မျက်နှာသာပေးတာလို့ ခေါ်နေသေးတာလား"

TK Team