ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၇၇)
ဒါက ဘယ်လို အဓိပ္ပါယ်မရှိတာလဲ။
အိုဖီလီယာ မျက်မှောင်ကြုတ်၍ သူမတို့ကို ကြည့်လိုက်သည်။
ဟစ်
လေဒီများမှာ ကြောက်ရွံ့သွားပြီး နောက်ပြန်ဆုတ်လိုက်ကြသည်။အိုဖီလီယာ၏မျက်နှာထားမှာ အလွန်ကြမ်းတမ်းနေ၏။သူမတို့၏ ပါးများကို ရိုက်နှက်ခံရတော့မည်လော။
သူမတို့ မျက်လုံးများကို မှိတ်ထားမိသည်။ကံကောင်းထောက်မစွာဖြင့် လက်ဝါးများ လွင့်ပျံလာခြင်း မရှိပေ။ထို့ကြောင့် သူမတို့ အနည်းငယ် သတ္တိရှိသွားသည်။
"ကျွန်မတို့ ဒီအကြောင်း အကုန်လုံး ကောင့်မြို့စားကတော်ဖလဲရ်ကို ပြောပြမှာပါ။မြို့စားကြီးကတော်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အကုန်လုံးကို ခိုးယူသွားတယ်လို့။"
"အမှန်ပါပဲ၊ဒီလို မဖြစ်သင့်ပါဘူး။"
အိုဖီလီယာမှာ သူမတို့ ပြောနေသည်များကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ သွားရ၏။
ဒီတော့ ဖလဲရ်က ပရိဘောဂဆိုင်ကနေပြီး ပရိဘောဂ ဝယ်ချင်နေတယ်ပေါ့။
ဒါပေမဲ့ သူမက ဖလဲရ်ဝယ်မှာတွေကို ခိုးယူသွားတာနဲ့ အဆုံးသတ်သွားတယ်လား။
အင်း
အိုဖီလီယာ ခေါင်းကို စောင်းငဲ့လိုက်မိသည်။
ဖလဲရ်မှာ ရိုးရိုးကုပ်ကုပ်နှင့် ခြိုးခြံချွေတာစွာ နေထိုင်တတ်သော မိန်းမတစ်ယောက် ဖြစ်သည်။သို့သော် သူမက ဈေးကြီးသော စတိုးဆိုင်မှ ပရိဘောဂများကို ဝယ်ယူမည် ဆို၏။ဤမျှ ပြောင်းလဲမှုကြီး ရှိနေသည်လော။
ကောင်းပြီလေ၊ဒါက အရေးမကြီးဘူး။
အင်း၊ဒါက အရေးမပါပါဘူးလေ။
၎င်းက သူမ၏ကိစ္စ မဟုတ်သော်လည်း လက်ရှိ ဂရုစိုက်ပေးရမည်က သူမရှေ့တွင် ဒေါသတကြီး ဖြစ်နေကြသော လေဒီများကိုသာ ဖြစ်သည်။
အိုဖီလီယာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"သူဌေး"
စာရင်းစာအုပ်တစ်အုပ်ဖြင့် အသည်းအသန် အလုပ်များနေသော သူဌေးရှိရာဘက်သို့ သူမ လှည့်လိုက်၏။
"ကောင့်မြို့စားကတော် ဖလဲရ်က ငွေကြိုရှင်းထားပြီးပြီလား။"
"ခင်ဗျာ!"
သူဌေးမှာ စာအုပ်များကို လှန်လှောကြည့်ရှုပြီး ခေါင်းခါလိုက်၏။
"သူမ ငွေကြိုရှင်းထားတာမျိုး မရှိပါဘူး ခင်ဗျာ။"
"ကျွန်မ သိပြီ။"
အိုဖီလီယာက လေဒီများရှိရာဘက်သို့ မေးငေါ့ပြလိုက်သည်။
"ဒီအတွက် ငွေတောင် ကြိုမရှင်းထားဘဲနဲ့ ကောင့်မြို့စားကတော်က ဒါတွေကို ဝယ်လိမ့်မယ်လို့ ကျွန်မတို့ ဘယ်လို သိနိုင်ပါ့မလဲ။"
"ဒါ...ဒါပေမဲ့ ..."
လေဒီများက အော်ဟစ်လိုက်သည်။
"ကောင့်မြို့စားကတော်က ဒီလို ပြောထားတယ်။"
"အမှန်ပဲ၊သူဌေး ရှင် ဒါကို မှတ်မိတယ်မလား။ဒီနေရာက ပရိဘောဂတွေ အကုန်လုံး ဝယ်မယ်ဆိုပြီး ကောင့်မြို့စားကတော်က ပြောထားခဲ့တယ်လေ။"
ထိုလေဒီ၏စကားကြောင့် သူဌေးမှာ စိတ်ရှုပ်ထွေးနေသော အမူအရာကို ထုတ်ပြလာ၏။
"ကျွန်တော် ဒါကို မှတ်မိပါတယ်။ဒါပေမဲ့ သူမက အဲ့လို ပြောခဲ့ပြီးနောက်ပိုင်း ဘာမှ ထပ်မပြောတော့တာကြောင့် သူမ စိတ်ပြောင်းသွားပြီလို့ ကျွန်တော် ထင်နေခဲ့တာပါ။မြို့စားကြီးကတော် ပြောသလိုပါပဲ၊သူမက ဒီအတွက် ဘာမှ ပေးထားတာ မရှိပါဘူး။"
သူဌေး၏စကားများကြောင့် လေဒီများမှာ အရှက်ရသွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလေသည်။
အိုဖီလီယာ လက်ပိုက်လိုက်ပြီး လေဒီများကို ငုံ့ကြည့်လိုက်၏။
"အစကတည်းက သူမမှာ ငွေချေနိုင်တဲ့ အရည်အချင်းမှ မရှိတာ။ဒီတော့ လေလုံးထွားတာ သက်သက်ပဲလို့ ထင်တာပဲ။"
"အမလေး၊မြို့စားကြီးကတော်ရှင်"
"ကောင့်မြို့စားကတော်ကို မစော်ကားပါနဲ့။"
"စော်ကားတယ် ဟုတ်လား။"
အိုဖီလီယာ နှုတ်ခမ်းတွန့်လိုက်သည်။
"အမှန်တကယ် စော်ကားတယ် ဆိုတဲ့ကိစ္စကလေ ကျွန်မရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး အော်ငေါက်ရဲတဲ့ တစ်စုံတစ်ယောက်လိုမျိုးကိုမှ ခေါ်တာပါ။"
အိုဖီလီယာက ထိုသို့ ပြောရင်း ခြေထောက်တစ်ဖက်ကို ဆောင့်ချလိုက်သည်။သို့သော် ဖိနပ်ဒေါက်က အနည်းငယ် ချော်သွားသဖြင့် သူမ၏ခန္ဓာကိုယ်က အရှေ့ဘက်သို့ ကိုင်းကျသွားရသည်။
သေစမ်း
သူမ မတ်မတ်မရပ်နိုင်ခဲ့ပေ။
အိုဖီလီယာက တတ်နိုင်သမျှ ဟန်ချက်ထိန်းရန် လက်လှမ်းလိုက်၏။ထို့ကြောင့် သူမက လေဒီတစ်ယောက်၏အနောက်ရှိ စားပွဲခုံကို လက်ဖြင့် လှမ်းထောက်လိုက်ရသည်။
ရုတ်တရတ်ဆိုသလို သူမက ထိုလေဒီကို သူမ၏လက်မောင်းများကြားတွင် ချုပ်ထားမိသလို ဖြစ်သွားလေသည်။
အိုဖီလီယာ ရှက်သွားလေသည်။သို့သော် သူမ ရှက်သွားသည်ကို ဤနေရာတွင် ထုတ်ပြလိုက်လျှင် သူမ အမှားလုပ်မိသွားကြောင်း လူမိသွားလိမ့်မည်။ထို့ကြောင့် သူမ တည်ငြိမ်ချင်ဟန်ဆောင်နေလိုက်ရ၏။
ထို့ကြောင့် သူမ ဘာဖြစ်ဖြစ် ဆက်လုပ်ခဲ့ရသည်။
"ဒီတော့ ရှင် အဲ့လို မထင်ဘူးလား။"
ကြို့ထိုးသံများ
အိုဖီလီယာ၏လက်မောင်းများကြားထဲ ရောက်နေသော လေဒီမှာ ကြောက်ရွံ့တုန်လှုပ်နေလေသည်။
အစကတည်းက အိုဖီလီယာမှာ သူမထက် တစ်ထွာခန့် အရပ်ပိုမြင့်လေသည်။
ထို့အပြင် ဒေါက်မြင့်ဖိနပ်များ စီးထားသဖြင့် ခေါင်းတစ်လုံး ပိုမြင့်နေလေသည်။
ထို့အပြင် အိုဖီလီယာသည် ဘာကိုမှ ဂရုမစိုက်ဘဲ လက်များကို လွှဲယမ်းတတ်သည်ဟု နာမည်ကြီးသော မိန်းမ ဖြစ်နေ၏။
သို့သော် အိုဖီလီယာက သူမကို ဤသို့ လက်များကြားတွင် ချုပ်ထားခဲ့သည်။ဤထက် ကြောက်စရာကောင်းသော အခြေအနေ ရှိနိုင်ဦးမည်လော။
ကွတ် ကွတ်
ထိုလေဒီမှာ နောက်တစ်ကြိမ် ကြို့ထိုးလိုက်ပြီး ကိုယ်ကို ငုံ့ကိုင်း၍ ဆောင့်ကြောင့်ထိုင်ချလိုက်ရ၏။
"ရှင်...ရှင် ကျွန်မတို့ကို ခြိမ်းခြောက်နေတာလား။"
သူမ၏ဘေးတွင် မတ်တပ်ရပ်နေသော တခြားလေဒီတစ်ယောက်က ပြောလေသည်။
"ခြိမ်းခြောက်ရင်တောင် အရှုံးမပေးဘူး။ရှင်က ကျွန်မတို့ကို ရိုက်ရင်တောင်မှ အရှုံးပေးမှာ မဟုတ်ဘူး။"
ဘယ်လို အဓိပ္ပါယ်မရှိတာတွေလဲ။
အိုဖီလီယာမှာ ရယ်ချင်နေသော မျက်နှာထားဖြင့် ထိုလေဒီကို ကြည့်မိလေသည်။
ထိုအချိန်၌ သူမ၏ဒေါက်များက နောက်တစ်ကြိမ် ဒယီးဒယိုင် ဖြစ်သွားပြီး ခန္ဓာကိုယ်က အနည်းငယ် လှုပ်ယမ်းသွားရသည်။
အာ၊တကယ်ကြီးလား။
အိုဖီလီယာသည် ဟန်ချက်ထိန်းရန် စားပွဲပေါ်မှ တစ်စုံတစ်ရာကို လှမ်းဆွဲလိုက်ရ၏။
ထိုအရာမှာ ပန်းအိုးတစ်လုံး ဖြစ်သည်။
သို့သော် သူမ၏ခန္ဓာကိုယ်ကို ပန်းအိုးတစ်လုံးဖြင့် အမှီသဟဲပြု၍ မရခဲ့ပေ။
ခလွမ်း
ချက်ချင်းဆိုသလို ပန်းအိုးက ပြုတ်ကျပြီး တစ်စစီ ကွဲကြေသွား၏။
"..."
ထိုအခိုက်အတန့်တွင် လူတိုင်း အသံတစ်သံမှ မထွက်ရဲဘဲ တိတ်ဆိတ်သွားကြသည်။
အာ၊အမ်း...
ပန်းအိုးကို ခွဲလိုက်မိသော အိုဖီလီယာကိုယ်တိုင်လဲ ပါးစပ်ပိတ်ထားလိုက်ရသည်။
ထိုသို့ ဖြစ်သွားခြင်းက သူမတို့ကို ခြိမ်းခြောက်သလို ဖြစ်သွားမည်ဟု အိုဖီလီယာ တွေးမိသွားသည်။
"ပ ...ပစ္စည်းတွေကိုပါ ဖျက်ဆီးပစ်တယ်။"
လေဒီများက အော်ဟစ်လိုက်သည်။
ထိုသို့ မဟုတ်ကြောင်း အိုဖီလီယာ ပြောပြချင်ပါသည်။ထိုသို့ ဖြစ်ရန် မရည်ရွယ်ခဲ့ပေ။သို့သော်
"ကျွန်မ အိမ်ရှေ့စံအရှင့်သားကို လျှောက်ထားရပါလိမ့်မယ်။"
အိုဖီလီယာက သူမတို့ကို ခြိမ်းခြောက်သည်ဟု လေဒီများက ယုံကြည်သွားကြသည်။ထို့ကြောင့် သူမတို့က နောက်ပြန်ဆုတ်၍ အော်ဟစ်လိုက်ကြပြီး အပြေးအလွှား ထွက်သွားကြ၏။
"သေချာပေါက်ပဲ။"
"အမှန်ပဲ၊သေချာပေါက် လျှောက်တင်ရမှာပေါ့။"
ဒီစကားက ဗီလိန်တွေ ထွက်သွားခါနီးရင် ပြောတဲ့စကားလိုပါလား၊ရှင်တို့ရေ။
၎င်းမှာ အမှန်တကယ် နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း အိုဖီလီယာ ပြောလိုက်ချင်သော်လည်း သူမတို့က ထွက်သွားကြပြီ ဖြစ်၍ ပြောနိုင်ခြင်း မရှိတော့ပေ။
"အာ ၊ဟား ဟား ..."
စတိုးဆိုင်ထဲတွင် ကသိကအောက် ဖြစ်စရာ တိတ်ဆိတ်နေခဲ့သည်။
"ဒါက နားလည်မှု လွဲသွားတာပဲ။"
သူမ ထုတ်ပြောလိုက်သော်လည်း မည်သူကမှ အိုဖီလီယာ ပြောသည့်စကားကို ယုံကြည်မည် မဟုတ်ပေ။
*
အိမ်တော်သို့ ပြန်လာသော လမ်းတွင်
ကျွန်မ အနည်းငယ်မျှပင် ခံစားချက် ကောင်းမနေခဲ့ပါ။
ယနေ့ ကျွန်မအပေါ် ထပ်ပြီး နားလည်မှုလွဲမှားခြင်း ဖြစ်မလာလောက်ဟု ကျွန်မ သေချာနေခဲ့သည်။
အမှန်တကယ် မရည်ရွယ်ထားပါဘဲ ကိစ္စများက ထိုသို့ ဖြစ်သွားခဲ့သည်။မျှတမှု မရှိပေ။
ယခင်က အရာအားလုံးမှာ အိုဖီလီယာ လုပ်ခဲ့ခြင်းဖြစ်၍ ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ပေ။
ကျွန်မ၏နာမည်ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်သင့်သည်ဟု တွေးနေခဲ့သော်လည်း ဤသို့ဆက်ဖြစ်နေမည် ဆိုလျှင် ဂုဏ်သတင်း မြှင့်တင်နိုင်မည့်အစား အောက်ဆုံးအထိ ရောက်အောင် ရိုက်ချခံလိုက်ရမည်ဖြစ်သည်။
ငါ ဘာလုပ်သင့်လဲ။
ကောင့်မြို့စားကတော်ကာဒယ်လ်အပြင် အခြားတစ်ယောက် ထပ်ရှိနေပါစေလို့ ဆုတောင်းပါတယ်။
တစ်စုံတစ်ယောက်က ကျွန်မ၏စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ဂျူလီယာ အမ်ဘာ
ဖလဲရ်၏ရေမွှေးမှာ ကာဘန်ပန်းနှင့် ပြုလုပ်ထားသည်ကို သတိထားမိပြီး ဒေါသထွက်သွားသော အမျိုးသမီး ဖြစ်၏။
ထို့အပြင် မူလဇာတ်ကြောင်းတွင် ထွက်ပေါ်လာသော ဇာတ်ကောင်လည်း ဖြစ်သည်။
သူမက ဖလဲရ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဥ်တွင် ကယ်လီယန်က သူမကို အပြတ် ရှင်းလင်းသုတ်သင်ခဲ့သည်။
"ဒီလိုမျိုး ဖြစ်မလာခင် ငါ ရပ်တန့်ပစ်ဖို့ လုပ်ရမယ်။"
သူမကို ကူညီပေးနိုင်မည်ဟု ကျွန်မ ထင်သည်။
ကျွန်မ ရထားလုံးပေါ်မှ နှေးကွေးစွာ ဆင်းလိုက်ပြီး အိမ်တော်သို့ ပြန်၍ သူမ ပို့ထားသော စာများကို ဖတ်ကြည့်ရန် စီစဥ်လိုက်သည်။
မြောက်ပိုင်းနယ်မြေတွင် နောက်ထပ် နှင်းမုန်တိုင်းတစ်ခု ကျရောက်နေပြန်သည်။
လေအေးများက ကျွန်မ၏ပါးပြင်ကို ဖြတ်တိုက်သွားသည်။
ထူထဲသော ခြုံလွှာကို ခြုံထားသည့်တိုင် အအေးဓါတ်က အရိုးထဲအထိ စိမ့်ဝင်လာ၏။
ထို့ကြောင့် ကျွန်မ အိမ်တော်ထဲသို့ ခြေလှမ်သွက်သွက် လှမ်းလိုက်ရသည်။
"မဒမ် ပြန်လာပါပြီလား ခင်ဗျာ။"
"မဒမ် ပြန်လာပါပြီလား ခင်ဗျာ။"
အိမ်တော်၏တံခါးစောင့်များက ကျွန်မကို ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။ကျွန်မ၏ပြာနှမ်းနေသော မျက်နှာကို မြင်လျှင် သူတို့က တံခါးကို အလျင်အမြန် ဖွင့်ပေးကြလေသည်။
ဟား
အိမ်တော်အတွင်းသို့ ဝင်ရောက်ပြီးမှသာ နွေးထွေးသွားရပြီး ကျွန်မ အသက်ကောင်းကောင်း ရှူနိုင်တော့၏။
အသက်ကို လေးပင်စွာ ရှူရှိုက်ရင်း ခြုံလွှာကို ဖယ်၍ အိုင်ရင်းထံ ကမ်းပေးလိုက်ရသည်။
"အရမ်းအေးနေလို့ ငါ ဆေးကြောဖို့ လိုနေပြီ။"
"ဟုတ်ကဲ့၊ကျွန်မ ရေနွေး အသင့်ပြင်လိုက်ပါ့မယ်။"
"အင်း၊ကျေးဇူးပါ။"
"ရှင်!"
အိုင်ရင်း မျက်လုံးပြူးသွားသည်။
"အိုး၊အမ်း ...."
ထို့နောက် သူမက စကားဆက်မပြောဘဲ တုံးတိ ရပ်တန့်သွားသည်။
ဘာဖြစ်လို့လဲ။
ကျွန်မ ခေါင်းကို စောင်းလိုက်သည်။
"ပြဿနာ တစ်ခုခု ရှိလို့လား။"
"မဟုတ်ဘူး၊အဲ့လို မဟုတ်ပါဘူး..."
အိုင်ရင်းက နီမြန်းနေသော ပါးပြင်များဖြင့် ခေါင်းကို ညွှတ်လိုက်သည်။
"ဒါက မဒမ် ကျွန်မကို ကျေးဇူးတင်တယ်လို့ ပြောတာ ပထမဆုံး ကြားရတာလေ။"
သူမက ပြောရင်း ရှက်နေဟန်ဖြင့် ခန္ဓာကိုယ်ကို တွန့်လိမ်နေခဲ့သည်။
"ကျွန်မ ပျော်တယ်။"
ထိုသို့ ပြောပြီး အလျင်အမြန် ပျောက်သွားသော အိုင်ရင်းကို ကြည့်ရင်း ကျွန်မ စဥ်းစားလိုက်မိသည်။
ပထမဆုံး သဘောကောင်းပြရမယ်။
အခု ငါ့ဒေါသကို ထိန်းချုပ်ပြီး စကားများများ ပြောလာနိုင်ပြီ။
ငါသာ တတ်နိုင်သမျှ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံရင် တစ်နေ့နေ့မှာ ငါ့ရဲ့ကြိုးစားအားထုတ်မှုကို သတိထားမိတဲ့ တစ်ယောက်ယောက် မရှိဘဲ နေပါ့မလား။
အခု အိုင်ရင်းလိုမျိုးပေါ့။
ထိုသို့ တွေးရင်း ကျွန်မ ခြေလှမ်း ပြင်လိုက်သည်။
ထိုအခါတွင်
"တစ်လစာ နေထိုင်စားသောက်မှုစရိတ်ကို တစ်ထိုင်တည်း သုံးပစ်ခဲ့တဲ့ အိုဖီလီယာအတွက် လက်ခုပ်ဩဘာ ချီးမြှင့်ပေးရမယ်။"
ဆိုဗက်စ်စတာ၏အသံကို ကြားလိုက်ရသည်။
သေစမ်း
ကျွန်မ မျက်လုံးပြူး၍ သူ့ကို ပြန်ကြည့်လိုက်မိသည်။
"ရှင်က အမှားထောက်ပြမလို့ ကြိုးစားနေတာလား။"
"အမှားကို ထောက်ပြတယ်ဆိုတာ ဘာများလဲ။ကိုယ်က မင်းကို အမှန်အတိုင်း အတိအကျ ပြောနေတာလေ။"
ဆိုဗက်စ်စတာက ဆက်ပြောသည်။
"ပရိဘောဂဆိုင်ကိုလား ၊မင်း အဲ့ဒီနေရာကို ဘာကြောင့် သွားတာလဲ။"
သူက မှင်တက်နေသော အမူအရာဖြင့် ပြောလေသည်။ကျွန်မ ပခုံးတွန့်ပြလိုက်သည်။
"ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် အသင့်အတင့် ပမာဏတစ်ခု သုံးလိုက်တာပါ။"
"ကောင့်မြို့စားကာဒယ်လ်က ကိုယ့်နောက် လိုက်နေတာပဲ။ကိုယ် သူ့ကို ဒီလိုမျိုး လုပ်ပေးဖို့တောင် မလိုခဲ့ဘူး။"
"ရှင် မသိနိုင်တဲ့ တစ်စုံတစ်ရာအကြောင်း ပြောနေတာပါလား။"
နောက်ပိုင်းတွင် ကောင့်မြို့စားကာဒယ်လ်က ဆိုဗက်စ်စတာကို သစ္စာဖောက်လိမ့်မည်။
ထို့ကြောင့်သာ ကျွန်မက ကောင့်မြို့စားကတော်ကာဒယ်လ်ကို ပို၍ ထိန်းထားချင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ကျွန်မ ထိုသို့ ပြော၍မရပေ။ထို့ကြောင့် ကျွန်မ ရွေးချယ်စရာ မရှိဘဲ သွယ်ဝိုက်၍ ပြောမိသည်။
"ကောင့်မြို့စားကာဒယ်လ်နဲ့ ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ဒါ့အပြင် ကျွန်မနဲ့ ကောင့်မြို့စားကတော်တို့က တစ်လှေတည်း စီးနေကြတာ မဟုတ်လား။ဒါကြောင့် ဒီနေ့ နည်းနည်းလေး အလုပ်ပိုသွားရတယ်။"
တတ်နိုင်သမျှ ဆင်ခြင်စဥ်းစားထားသော လေသံဖြင့် ကျွန်မ ဆိုဗက်စ်စတာကို ပြောလိုက်သည်။
"ဒီလို ငွေပမာဏလောက်နဲ့ ရှင် အခုလို ပြောလာလိမ့်မယ်လို့ မသိခဲ့ဘူး။"
"ကိုယ် ဘာမှ မပြောပါဘူး။"
ဆိုဗက်စ်စတာက ချက်ချင်း ပြန်ဖြေသည်။
"မင်းက အသုံးမဝင်တဲ့နေရာမှာ ပိုက်ဆံသုံးပြီး ပြန်လာတယ်လို့ ထင်လို့လေ။ဒါပေမဲ့ သုံးရတဲ့အကြောင်းပြချက် ရှိတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ကောင်းကောင်း လုပ်ခဲ့တာပါပဲ။"
သူက ပြုံးလိုက်ပြီး ကျွန်မ၏ဆံပင်များကို ရှုပ်ထွေးသွားအောင် ဆွဲဖွနေခဲ့သည်။
"စကားမစပ် ..."
ဆိုဗက်စ်စတာက ပြောသည်။
"မင်းက ကောင့်မြို့စားကတော်ကို အကြပ်ရိုက်အောင် လုပ်ခဲ့တယ်လို့ ကိုယ် ကြားမိတယ်။"
TK Team
++++++++