Chapter 142
Viewers 11k

🥰 Chapter 142 ✅


ညစာစားပွဲတွင် ချိုက်ရီရှီး၏ စကားများကြောင့် သူ့အစီစဥ်များအားလုံး နောက်ဆုတ်လိုက်ရသည် ။ ယောင်ကျိရန် ရက်အတော်ကြာအောင် ကောင်းကောင်းမနားရသေးဘဲ မနားတမ်းအလုပ်ကြိုးစားနေရသည် ။ 


သူတံခါးမဖွင့်ရသေးခင် အိမ်ထဲမှအသံကြားလိုက်ရသည်။ ဒါက ချိုက်ရီရှီးပဲ ဖြစ်လိမ့်မည်ဆိုတာကို ယောင်ကျိယန်သိသည်။ သူ မတတ်သာတော့ဘဲ နဖူးသာပွတ်လိုက်မိသည်။


ချိုက်ရီရှီးကို အလွန်ထက်မြက်သောမိန်းမဖြစ်လိမ့်မည်ဟု ယောင်ကျိရန်တွေးခဲ့ဖူးသည် ။ သို့သော်လည်း သူမကဘာမှမတိုင်ပင်ဘဲ ထိုကဲ့သို့ လုပ်ချလိုက်လိမ့်မည်ဟု သူ မထင်ထားမိပေ။ ချိုက်ရီရှီးကို မင်လျိုရီလောက်ပင် မကောင်းဟု သူစတွေးလာမိသည်။ 


အနည်းဆုံးတော့ မင်လျိုရီက ယောင်မိသားစုကို ကူညီပေးပြီး သူတို့၏စတော့ခ်ရှယ်ယာကို မိုးထိအောင် မြင့်တက်သွားစေသည်။ 


သို့သော်လည်း ချိုက်ရီရှီးကတော့ မကူညီရုံသာမက မိသားစုနှစ်စုကြား ပြဿနာပါဖြစ်စေခဲ့သည် ။ ယောင်ကျိရန်က ချိုက်မိသားစုကို သူ၏အရံအစီစဥ်အဖြစ် ကြံရွယ်ထားသော်လည်း ချိုက်မိသားစုက အန္တရာယ်ထဲပင် ကျသွား၏။ 


ယောင်ကျိရန်၏ မိသားစုတစ်စုလုံးအတွက် နှစ်ပေါင်းများစွာအစီအစဥ် ၊ ဆယ်စုနှစ်ကျော်ကြိုးစားအားထုတ်မှုများက ထိုမိန်းမကြောင့် အဖျက်အဆီးခံလိုက်ရသည်။ 


သူဒါကို တွေးမိသည့်အချိန်တိုင်း ယောင်ကျိရန် လက်သီးတင်းတင်းဆုပ်ထားမိသည်။ ချိုက်ရီရှီးသည် တစ်ချို့နေရာတွင်အသုံးဝင်နေသေးတာကြောင့်သာ မဟုတ်လျှင် သူမအပေါ် ဆက်ပြီးယဥ်ကျေးနေလိမ့်မည်မဟုတ်ပေ။ သူတံခါးနားတွင်ရပ်ကာ စိတ်တည်ငြိမ်အောင်လုပ်ပြီး စီးကရက်ကိုထုတ်လျက် တံခါးဖွင့်ဝင်သွား၏။


ချိုက်ရီရှီးက တံခါးသံကိုကြားပြီး ချက်ချင်းပဲ တောက်ပစွာပြုံးလိုက်သည် ။ 


" ကျိရန်... ရှင်ပြန်လာပြီပဲ " 


 á€á€ťá€­á€Żá€€á€şá€›á€Žá€›á€žá€Žá€¸á€€ ပြောလာ၏။  


"ကျွန်မရှင့်ကို စောင့်နေတာတော်တော်ကြာပြီ... ကျွန်မ ရှင့်အတွက် စွတ်ပြုတ်လုပ်ပေးထားတယ်... အဲ့ဒါက လေးနာရီတောင်ကြာတယ်... ရှင်လက်ဆေးပြီး နည်းနည်းလာစားချေ..." 


ယောင်ကျိရန်က သူ့မျက်လုံးထဲမှ ရွံရှာမှုများကို ဖိနှိပ်ထားရသည်။ သူက ပြုံးကာပြောလိုက်သည်။


" မင်းကြိုးစားခဲ့တာပဲ... ဘေဘီ "


ချိုက်ရီရှီးက ယောင်ကျိရန်၏ ခါးကိုဖက်ကာ ချစ်ခင်စွာဖြင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ပြောလာသည်။


" ရှင်ပြန်လာတာအရမ်းနောက်ကျတာပဲ... ရှင်က ကျွန်မထက်တောင် ပင်ပန်းအုန်းမယ် "


ယောင်ကျိရန်က သူမ၏ဆံပင်ကို ပွတ်သပ်ကာ အဝေးသို့ခွာလိုက်သည် ။ 


" ကိုယ်စွတ်ပြုတ်သောက်လိုက်ပါ့မယ် "


နှစ်ယောက်သား ညစာစားပွဲတွင်ထိုင်ပြီးနောက် ယောင်ကျိရန်က မရေမရာမေးလာ၏ ။


"ချိုက်မိသားစုက အဆင်ပြေရဲ့လား "


ချိုက်ရီရှီက ပြန်ဖြေသည်။


"အဖေက ဒီနေ့ အချိန်မီအလုပ်ဆင်းလာတယ်... ညနေကျတော့အမေနဲ့ လမ်းလျှောက်ထွက်သွားတယ်လေ... အားလုံး ပုံမှန်ပါပဲ "


ယောင်ကျိရန်က ခေါင်းညိတ်ကာ တွေးလိုက်မိသည် ။


'အဲ့ဒါက ယောင်ကျိကျိုး ချိုက်အုပ်စုကို မသိမ်းယူရသေးလို့များလား '


ယောင်ကျိရန်က တခဏလောက်တွေးပြီး ပြောလိုက်သည် ။


"မင်းက အခုထိ ချိုက်အဖွဲ့အစည်းထဲကို မဝင်ရသေးဘူးဆိုတော့ ကုမ္ပဏီရဲ့အခြေအနေကို မသိမှာစိုးလို့... မနက်ဖြန် ကိုယ့်ကိုယ်ကူပြီး မင်းအဖေဘယ်တော့အားမလဲဆိုတာ မေးပေးအုန်း... ကိုယ်သူ့ကို အလည်ဖိတ်ချင်လို့... အခုလက်ရှိအခြေအနေအရ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကိုယ်တို့မိသားစုနှစ်စုဆွေးနွေးတာ အကောင်းဆုံးပဲ "


ချိုက်ရီရှီး မျက်ခုံးပင့်သွားပြီး သူမက ချက်ချင်းပြောလိုက်သည် ။


" စိတ်မပူပါနဲ့ ... ကျွန်မ ပြန်ရောက်တာနဲ့ စီစဥ်လိုက်မယ် "


ချိုက်ရီရှီးက မတ်တပ်ရပ်ကာ ယောင်ကျိရန်အနားသို့ တိုးသွားပြီး သူ့ပေါင်ပေါ်မှာ တိုက်ရိုက်ထိုင်လိုက်သည်။ သူမက ရှားရှားပါးပါး ချွဲသောလေသံဖြင့် ပြောလာသည်။


" ဟုတ်ပါပြီ... အလုပ်အကြောင်း စဥ်းစားနေတာ ရပ်တော့... ကျွန်မက ရှင့်အရှေ့တည့်တည့်မှာရှိနေတာလေ... ရှင်က တစ်ခြားအကြောင်းတွေးနိုင်သေးတယ်ပေါ့ ။ "


ထိုမှသာယောင်ကျိရန်က ချိုက်ရီရှီးကို အာရုံစိုက်လာသည်။


သူမက ဒီနေ့တွင် တော်တော်လေးဆက်စီကျနေသည်။ အထဲတွင် ဇာအတွင်းခံကိုဝတ်ထားပြီး အပြင်က ရှပ်အင်္ကျီအပါးသားကို ဝတ်ဆင်ထားသည် ။ အကျီကပုစဥ်းအတောင်များထပ်ပင် ပါးလှပ်နေပြီး သူမ၏အတွင်းခံကို ရေးရေးမျှမြင်နေရကာ သူမအား ပိုလို့ဆွဲဆောင်မှုရှိသွားစေသည်။


အကယ်၍ အရင်ကသာဆိုလျှင် ယောင်ကျိရန် သူမကို အိပ်ယာပေါ်သို့ သယ်သွားမည်ဖြစ်သော်လည်း လတ်တလော သူအလွန်ပင်ပန်းနေသောကြောင့် နည်းနည်းလေးမှစိတ်ဝင်စားမှုမရှိပေ။ 


ယောင်ကျိရန်ငြင်းလာမှာကို မစောင့်ဘဲ ချိုက်ရီရှီးက သူ့ကို နမ်းလိုက်သည်။ 


ယောင်ကျိရန်က အသာသက်ပျင်းချမိသွားသည်။ သူရှောင်ဖယ်လို့မရသည့်ကိစ္စတွေရှိနေသော်လည်း ဤသို့ကိစ္စမျိုးကို သူတွန်းအားပေးရမည့်နေ့ရှိလာလိမ့်မည်ဟုတော့ မထင်ထားမိပေ ။ 


အချစ်ပွဲတစ်ချီဆင်နွှဲပြီးနောက် ယောင်ကျိရန်က အိပ်မောကျသွားသည်။ ချိုက်ရီရှီးလည်း တိတ်တဆိတ်ပြန်လာလိုက်သည် ။ 


အိမ်ပြန်သည့်လမ်းတွင် ချိုက်ရီရှီးက သူမ၏အဖေအရင်းကို ဖုန်းခေါ်လိုက်သည်။ သူမ၏စိတ်များက မတည်မငြိမ်ဖြစ်နေ၏ ။ 


မင်လျိုရီက ချိုက်မိသားစုကို မထိခိုက်စေချင်ပေ။ သို့သော်လည်း ချိုက်ရီရှီးကတော့ ယခုအခြေအနေတွင် သူမ၏ဂုဏ်သိက္ခာကို ဂရုစိုက်မနေတော့ဘဲ မနက်ဖြန်တွင် မင်လျိုရီကို အိမ်ပေါ်ကနေ ကန်ထုတ်ချင်နေသည်။



.....




'လျိုရီ... သမီးကို အမေ မတွေ့ရတာကြာနေပြီ... သမီးကိုအမေအရမ်းသတိရနေတယ်... မနက်ဖြန် သမီးဆီကို သမီးအဖေနဲ့ အမေလာလည်လို့ရမလား ' 


မင်လျိုရီက သူမအမေဆီမှ မက်ဆေ့ချ်ရသောအခါ သူမအလွန်အံ့အားသင့်သွားသည်။ မစ္စမင်က သူမအား အိမ်ထောင်ဖက်အစားထိုးရန် စေလွှတ်လိုက်ချိန်တွင် မူလမင်လျိုရီက မင်မိသားစုနှင့်အတူ လဲပြိုသွားပြီဖြစ်သည်။ အခုတွင် မင်အိမ်ရှင်မက သူမဆီလာလည်ရန် ထိုမျှလောက် ကြင်နာနေမည်မဟုတ်ပေ ။


ဤကိစ္စ၏နောက်ကွယ်၌ တစ်ခုခုရှိရလိမ့်မည် ။


မူလဇာတ်ကြောင်း၏ ဖော်ပြချက်အရ မူလမင်လျိုရီမှာ အစားထိုးခံထားရသော သမီးဖြစ်ကြောင်းလုံးဝ မသိသလို အဆုံးအထိ သူမ၏မိဘအရင်းများနှင့်လည်း တွေ့ခွင့်မရလိုက်ပေ။


အစားထိုးလက်ထပ်ပြီးနောက် မစ္စတာမင်နှင့် သူ့ဇနီးတို့က သူမကို ဂရုလည်းမစိုက်သလို အရင်ဆုံးဆက်သွယ်လာတာမျိုးလည်း မရှိပေ။ မူလကိုယ်က စိတ္တဇဆေးရုံသို့ ပို့ခံလိုက်ရချိန်တွင်တောင်မှ ထိုလူနှစ်ယောက်က လုံးဝပေါ်လာခြင်းမရှိပေ။


ဒီနေ့ ရုတ်တရက်ပို့လာသောမက်ဆေ့ချ်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတာတော့ ရှိရမည်။ဒါက ချိုက်ရီရှီး၏ အစီအစဥ်တစ်ချို့ပဲ ဖြစ်ရမည် ။


မင်လျိုရီက ကြောက်ရွံ့မသွားပေ။ ယောင်ကျိကျိုး၏ ရှေ့တွင် သူတို့ ဘာမှလွန်လွန်ကျွံကျွံလုပ်ရဲကြမည်မဟုတ်ပေ။


"သူတို့ကို လာခိုင်းပြီး သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကြည့်ကြတာပေါ့ "



🥰