ဇာတ်လိုက်လား?ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၁ "မတွေ့ရတာကြာပြီ။ မားကွစ်ဂရန်းဒါမြို့စား မားကွစ်မြို့စားကတော်" "ဟုတ်ပါ့ဗျာ ဒီအတောအတွင်း နေကောင်းရဲ့လား" "ဟုတ်ကဲ့ ကျေးဇူးကြောင့် အရမ်းနေကောင်းနေပါတယ်" "ဟားဟား ခင်ဗျား ဒီလိုပြောတော့ ဝမ်းသာမိတယ်" မြို့စားကြီးရိုဒရီယန်နှင့် ရိုဒရီယန်မြို့စားကတော်တို့က မားကွစ်ဂရန်းဒါမြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကို ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်။ သူတို့သည် မကြာခင်တွင် ဆွေမျိုးများဖြစ်လာနိုင်ချေရှိတာကြောင့် ဖော်ရွေမှုကိုဖော်ပြဖို့ စကားလုံးအနည်းငယ်ကလုံလောက်ပေ၏။ ထို့အပြင် ဆိုင်ယာ၏ကျေးဇူးကြောင့် ဖယ်ဆန်သည် ကြီးကြီးမားမား ဆုတ်ယုတ်မှုမရှိဘဲ အန်းသန့်စ်ကို နည်းစနစ်ကျကျ တိုက်ခိုက်နိုင်ခဲ့တာကြောင့် အလွန်ကျေနပ်စရာကောင်းခဲ့ပေသည်။ အရာအားလုံးစီစဉ်ထားသည့်အတိုင်း ဖယ်ဆန်သည် ပြီးပြည့်စုံသောဆက်ခံသူအဖြစ် ပြန်လည်မွေးဖွားလာ၍ ဆိုင်ယာကိုလက်ထပ်မည်ဆိုပါက စိုးရိမ်စရာမရှိတော့ပေ။ သာယာသော စိတ်ကူးဖြင့် မြို့စားကြီးသည် ရွှင်လန်းသောအပြုံးကို ဆောင်ထားသော မားကွစ်ဂရန်းဒါမြို့စားအား ပြောလိုက်သည်။ "ကျုပ်တို့ စေ့စပ်ရေးလမ်းကြောင်းစီစဉ်ဖို့ အချိန်တန်ပြီလို့ ထင်တယ်။ ဖယ်ဆန်နဲ့ လေဒီဂရန်းဒါတို့ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးရော အသက်အရွယ်ကိုပါ ထည့်စဉ်းစားရမယ်" "ကျုပ်လည်း ဒါက အကြံကောင်းပဲလို့ ထင်တယ်" မားကွစ်မြို့စားက ဤအရာကို စောင့်မျှော်နေသကဲ့သို့ လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။မားကွစ်မြို့စားကတော်သည်လည်း ဘာမှမကန့်ကွက်သလို ပြုံးနေခဲ့သည်။ ထိုအချိန်တွင် ရိုဒရီယန်မြို့စားကတော်ကြီးသည် လျစ်လျူရှုသောမျက်နှာအမူအရာဖြင့် စကားဝိုင်းကို တိတ်တဆိတ်နားထောင်နေခဲ့သည်။ ထို့နောက်... "…မားကွစ်မြို့စား ကျွန်တော် သခင့်ကိုပြောစရာရှိပါတယ်" မျက်နှာသိပ်မကောင်းသော အစေခံတစ်ယောက်က မားကွစ်မြို့စားကို သတိထားပြီး ပြောလာခဲ့သည်။ ဆိုင်ယာ၏ အနာဂတ်နှင့် ပတ်သက်၍ အလွန်အရေးကြီးသော စကားကိုပြောဆိုနေကြစဉ် လာနှောင့်ယှက်ခံရသောကြောင့် မားကွစ်မြို့စားသည် မကျေမနပ်ဖြစ်သွားသော်လည်း ၎င်းက အလွန်အရေးကြီးသောအစီရင်ခံစာဖြစ်နိုင်တာကြောင့် လျစ်လျူမရှုလိုက်နိုင်ပေ။ "သခင် နားထောင်မှရမယ်" "ကောင်းပြီ ဒါဆို အတိုချုံးရှင်းပြပေး" မားကွစ်မြို့စားသည် မည်မျှအရေးတကြီးကိစ္စဖြစ်သည်ကို သိချင်သွားပြီး ရှင်းပြချက်တစ်ခုတောင်းခဲ့လိုက်သည်။ ငါ ဒီနေရာမှာ ပြောရမှာလား။ အစေခံသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သခင်မလေးဆိုင်ယာနှင့် သခင်လေးဖယ်ဆန်တို့ အကြောင်းဖြစ်နေသောကြောင့် မနှောင့်နှေးနေတော့ဘဲ အခြေအနေကိုရှင်းပြခဲ့လိုက်သည်။ "… ဘာ!" "အဲ့ဒါ ကြားထဲမှာလည်း နားလည်မှုလွဲနေတဲ့ဟာတစ်ချို့ရှိပုံရပါတယ်။သခင်မလေးဆိုင်ယာက အဲဒါကို သဘောမပေါက်တဲ့ပုံရပါတယ်။ဒါကြောင့်အခု သူမက သခင်လေးရိုဒရီယန်နဲ့အတူ လှေကားထစ်မှာ စိတ်ရှင်းသွားအောင်လုပ်နေပါတယ်" ဆိုင်ယာက လူတိုင်း၏ရှေ့တွင် အရှက်ကွဲခဲ့သည်ဟူသော သတင်းကြောင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် မျက်နှာများဖျော့တော့သွားခဲ့ကြသည်။ သူတို့သည် မိန်းမငယ်လေးပဲလ်ကြောင့် လုံလောက်သော ဝေဒနာကို ခံစားခဲ့ရပြီးဖြစ်သည်။အစက ငြိမ်သွားပုံရခဲ့သော်လည်း ဒီလိုအဖြစ်မျိုး ဘယ်လိုလုပ်ပြီး ထပ်ဖြစ်လာနိုင်ရတာလဲ! မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့၏ နှလုံးသားများသည် တဟုန်ထိုး ခုန်ပေါက်သွားခဲ့သည်။ သူတို့၏သမီးလေးက လှေကားထစ်တွင် ရှိနေသဖြင့် သူမကို အမြန်နှစ်သိမ့်ရန်လိုအပ်သည်။ သို့သော် သူတို့သည် နောက်ကရုတ်တရက်ပါလာသော မြို့စားကြီး၏တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပြီး မလှုပ်ရှားနိုင်ကြတော့ပေ။ "ကျစ်" မြို့စားကြီးက သူ့လျှာကို ညင်သာစွာ စုတ်သပ်လိုက်သည်။ ဒီလို ရှက်စရာကောင်းသည် အဖြစ်အပျက်မျိုးက ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ။ သူ မကြားအောင် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့က ၎င်းကို ရှင်းရှင်းလင်းလင်း ကြားသွားခဲ့ကြသည်။ "အိုး တောင်းပန်ပါတယ်။လေဒီဂရန်းဒါကိုဆိုလိုချင်တာမဟုတ်ပါဘူး။အဲ့အစား လေဒီပဲလ်နဲ့ မားကွစ်ဗင်းဆင့်ရဲ့အကြီးဆုံးသားတို့ ထပ်ပြီးပါ၀င်နေကြတယ်ဆိုတဲ့အချက်ကြောင့်ပါ" မြို့စားကြီးက အတိုချုံးရှင်းပြခဲ့သည်။ သူ့စိတ်ထဲမှာတော့ ဆိုင်ယာကလည်း ပျော့ညံ့တာပဲဟု ထင်မိသော်လည်း အကျယ်ကြီး ထုတ်ပြောဖို့ မလိုအပ်ပေ။ "ဘာပဲဖြစ်ဖြစ် သူတို့ပဲ ကိစ္စတိုင်းလိုလိုပါဝင်နေတာက စိတ်ပျက်စရာပဲ။ ဒါပေမယ့် အရမ်းကြီး မစိုးရိမ်ကြပါနဲ့။ မကြာခင် တစ်နည်းနည်းနဲ့ ပြေလည်သွားပါလိမ့်မယ်" "ဘာကိုဆိုလိုတာလဲ" "မင်းတို့ တွေ့ရပါလိမ့်မယ်။ အဲ့လို လူယုတ်မာတွေကို ဒီတိုင်း ထားလို့မရဘူး" မားကွစ်မြို့စားနှင့် မားကွစ်မြို့စားကတော်တို့သည် ဘာဖြစ်နေမှန်းကို မသိကြသော်လည်း မြို့စားကြီး၏ ယုံကြည်ချက်ရှိသော ပြောကြားချက်ကြောင့် သူတို့၏ ပိုမိုစိုးရိမ်ပူပန်မှုကို ထပ်ပြီးမပြနိုင်တော့ပေ။ သူ့စကားသာမှန်ပါက ဒီအသေးအမွှားအတင်းအဖျင်းများသည် မကြာခင်တွင် မြုပ်သွားလိမ့်မည်ဖြစ်သည်။ "ဘာသတင်းလဲတော့ မသိပေမယ့် မကြာခင် ကြားရဖို့ မျှော်လင့်ပါတယ်" "စိတ်မပူပါနဲ့။အခုစတောင်နေပြီလို့ ပြောလို့ရတယ်" မြို့စားကြီးစကားပြောပြီးသည်နှင့် မြို့စားအများအပြားက သူ့ထံ အလွန်ဖော်ရွေဟန်ဖြင့် ချဉ်းကပ်လာကြသည်။ "မြို့စားကြီး မတွေ့ရတာကြာပြီ နေကောင်းရဲ့လား" "ဒီနှစ်အစကတည်းက ခင်ဗျားကို အကြွေးတင်နေရပြီဗျာ။ဒီဆက်ဆံရေးကို အချိန်အကြာကြီး တည်တံ့ဖို့ မျှော်လင့်တယ်" သူတို့အားလုံးမှာ အန်းတဲရိစ်ဂိုဏ်းမှ ဖယ်ဆန်ခိုးယူခဲ့သော မြို့စားများဖြစ်ကြ၏။မြို့စားကြီးသည် စာချုပ်တွင် ချို့ယွင်းချက်ရှိနေမှန်း မသိဘဲ သူ့ကို မြှောက်ပင့်နေကြသောသူများကို အလွန်နူးညံ့သော အပြုံးတစ်ခုပေးလိုက်တော့သည်။ * * * "အို ဘုရားရေ ဒီလိုကံဆိုးမှုမျိုးကို ကြုံခဲ့ရတာလား" "လူတိုင်း အဲ့အကြောင်းကို ဇာချဲ့နေကြတာလား။တုန်လှုပ်စရာပဲ လေဒီလူနာ နာကျင်သွားမှာကိုစိုးရိမ်နေတာ" ကောလာဟလများကြောင့် တုန်လှုပ်သွားသော ရို့စ်မယ်ရီသည် လူနာ၏လက်ကို ဆုပ်ကိုင်ထားကာ သူမ၏စာနာမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ မားကွစ်မြို့စားကတော်သည်လည်း လူနာ၏ ကံဆိုးသောအခြေအနေအပေါ် မသိလိုက်ဘာသာပဲ စာနာစိတ်ပြလာခဲ့သည်။ "အကူအညီလိုရင် ကျေးဇူးပြုပြီး ငါတို့ကို အသိပေးပါ။ ငါတို့ မင်းကို အချိန်မရွေး ကူညီပေးပါ့မယ်" "ကျွန်မ မနာကျင်ခဲ့ပါဘူး။ အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" "လူနာ ငါ့မိဘတွေရဲ့ အကူအညီက ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုရင် ငါကူညီမယ်လေ။ငါ့မှာလည်း ကူညီနိုင်တဲ့အရည်အချင်းရှိပါတယ်" "အဲ့ဒါက တကယ် အဆင်ပြေပါတယ်" လေထုသည် အလွန်နွေးထွေးနေခဲ့သည်။ ၎င်းကို စိတ်မဝင်စားစွာ စောင့်ကြည့်နေသော အန်းသန့်စ်က စကားဝိုင်းကို ကြားဝင်စွက်ဖက်လာခဲ့သည်။ "ပြောလို့ပြီးပြီဆို သွားကြရအောင်" ၎င်းက ကောင်းမွန်သော စွက်ဖက်မှုတစ်ခုမဟုတ်ပေ။ စကားဝိုင်းကို အဆုံးသတ်ပြီး တစ်နေရာရာကိုသွားရန်အဆိုပြုချက်တစ်ခုဖြစ်သည်။ အန်းသန့်စ်ထံမှ လူနာကို ခေါ်ဆောင်လာသော ရို့စ်မယ်ရီက သူမ၏လက်ကို ပိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ "သွားချင်ရင် တစ်ယောက်တည်းသွားလေ။သူများ စကားပြောနေတာကို ဘာမှလာနှောက်ယှက်စရာမလိုဘူး" "နှောက်ယှက်တာလား။ မင်းတို့ထပ်ပြီး အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲပြောနေကြလို့ ထွက်သွားတော့ဖို့ ပြောလိုက်တာလေ" "အဲဒါကြောင့် နင့်မှာ သူငယ်ချင်းမရှိတာ။ လူမှုဆက်ဆံရေးဆိုတာ အားလုံးနဲ့ဆိုင်တယ်သိလား။ စကားပြောတာကနေ ပြီးတစ်ဆင့်ပြီးတစ်ဆင့် ဆက်ဆံရေးတည်ဆောက်ပြီးတော့ ခံစားချက်တွေဖလှယ်ရမှာ" "…!" ရုတ်တရက် ရို့စ်မယ်ရီက သူ့အား လူမှုရေးမသိသောအထီးကျန်လူဟု စွပ်စွဲလာတာကြောင့် အန်းသန့်စ်သည် ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။ သူက ပြန်ပြောလိုက်ချင်သော်လည်း သူ့တွင် လူနာကလွဲပြီး ဘယ်သူမှ မရှိတာ အမှန်ဖြစ်သည်။ သူ့မှာ ဘာမှထပ်ထည့်စရာမရှိနေပေ။ ရို့စ်မယ်ရီက ဆွံ့အနေသော အန်းသန့်စ်ကို ထပ်မံအကြံပေးလာခဲ့သည်။ "အခု ငါတို့ ပြောနေတဲ့ စကားတွေကို စောင့်ကြည့် နားထောင် သင်ယူ ဟုတ်ပြီလား။ နင် သိလား။နင်ရဲ့ သင်ယူလေ့လာမှုအပေါ်အခြေခံပြီး သူငယ်ချင်းအသစ်တွေ ရမှာ" အန်းသန့်စ်၏ ဒေါသကို နှိုးဆော်ပြီးနောက် ရို့စ်မယ်ရီသည် လူနာကိုကြည့်ပြီး တဖန်တွတ်ထိုးပြန်တော့နေသည် ။ သူမသာ တခြားသူ လာမခေါ်မချင်း သူမဘေးမှာပဲနေဖို့ တောင်းဆိုခဲ့မယ်ဆိုပါက ဒီလိုညှဉ်းဆဲမှုမျိုးခံရမှာ မဟုတ်ပေ။ ဝမ်းနည်းစရာကောင်းသော်လည်း ရို့စ်မယ်ရီသာ မပြောခဲ့ရင် လူနာက သူ့ကိုဘယ်အချိန်လမ်းခွဲကြမလဲလို့ ထပ်မေးမှာ သေချာသည်။ ဆုံးရှုံးသွားသောအရာက ကိုယ့်ကိုကိုယ် လေးစားမှုနည်းနည်း ဖြစ်သော်လည်း ပြန်ရရှိခဲ့ရသောအရာက သိသိသာသာဖြစ်သည်။ ထို့ကြောင့် အန်းသန့်စ်သည် ရို့စ်မယ်ရီကို စကားတစ်ခွန်းမှ ထပ်မပြောတော့ ငေးကြည့်နေလိုက်ချိန်တွင် ယခင်က သူငယ်ချင်းမရှိသော ကာလများရှိခဲ့သည့် လူနာသည် စာနာသနားစိတ်ခံစားသွားရကာ သူ့ကို အနည်းငယ် ကာကွယ်ပေးခဲ့လိုက်သည်။ "အင်း...ဒါပေမယ့် သခင်လေးမှာ သူ့နောက်ကိုလိုက်နေတဲ့ ဂိုဏ်းကလူတွေရှိကြတယ်လေ။သူ့ကို လူတွေက ယုံကြည်ပြီး လိုက်နာကြတယ်ဆိုတော့ ပေါင်းသင်းဆက်ဆံရေး လုံးချို့တဲ့နေတာတော့ မဟုတ်ဘူး" လူနာက သူ့အတွက် ပြောပေးလိမ့်မည်ဟု မမျှော်လင့်ထားသော အန်းသန့်စ်၏ အမူအရာသည် တခဏချင်း ပျော့ပျောင်း သွားခဲ့သည်။ 'လမ်းခွဲရအောင်၊ လမ်းခွဲကြရအောင်' သီချင်းကို သီဆိုပြီးနောက် ရုတ်တရက် လူတွေကို ဒီလိုမျိုးအံ့အားသင့်စေခဲ့သည်။ ဤနည်းအားဖြင့် လမ်းခွဲခြင်းမှ ရှောင်ရှားနိုင်မည်ဆိုပါက မိမိကိုယ်ကို တန်ဖိုးထားမှုကို ရောင်းထုတ်ရမည်ဆိုလည်း မဆိုးပေ။ အန်းသန့်စ် အနည်းငယ် ထိမိနေချိန်တွင် တော်ဝင်မိသားစုသည် ပင်မခန်းမထဲ ပေါ်လာခဲ့သည်။ သူတို့သည် အဝတ်အစားအသေးစိတ်ဒီဇိုင်းလက်ရာများမှ လက်စွပ်၊ လက်ကောက်နဲ့ တခြားလက်ဝတ်ရတနာများအထိ ရွှေနဲ့လုပ်ရတာကို အရမ်းသဘောကျပုံရသည်။ "ဒါကို မြင်ရတာ ဒုတိယအကြိမ်ဆိုပေမယ့် အခုချိန်အထိ အဓိပ္ပါယ်ကို နားမလည်နိုင်သေးဘူး" အန်းသန့်စ်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ တော်ဝင်မိသားစုရှေ့တွင် ရယ်စရာကောင်းသော မှတ်ချက်တစ်ခုဖြစ်ပေမယ့် လူနာသည်လည်း သဘောတူသည်။ ရွှေအပေါ်ထားသောအချစ်ကို နားလည်နိုင်သော်လည်း ဒီလောက်အထိတော့ သူမနားမလည်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် တော်ဝင်မိသားစုဝင်များဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိပုံပေါက်သည်။ အမှန်ပင် လူနာသည် အင်ပါယာဘုရင်ကြီး နှစ်သစ် နှုတ်ခွန်းချွေစကား မိန့်ဆိုနေစဉ်တွင် လူဆိုတာ ကောင်းမွန်တဲ့ နေရာမှာမွေးဖွားသင့်တာပဲဟူသည့် အဓိပ္ပါယ်မဲ့သော အတွေးများတွေးခဲ့မိသည်။ "ရှင် အင်ပါယာဘုရင်ကြီးကို ဘယ်တုန်းက တွေ့ခဲ့ဖူးတာလဲ" လူနာက စူးစမ်းချင်စိတ်ပြင်းပြစွာ မေးမြန်းခဲ့ပြီး အန်းသန့်စ်သည် သူမကို ပြီးခဲ့သည့်လက ပြသခဲ့သော စာရွက်စာတမ်းများယူတုန်းကဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။ "အင်ပါယာနန်းတော်ကို ရွှေပေးဆောင်မယ့် အစီအစဉ်ကို ကိုယ်ပြခဲ့တုန်းကဖြစ်မယ်" "ဒါဆို သူရောသဘောတူခဲ့လား။ရှင်ဘုရင်ကြီးနဲ့ တွေ့ခဲ့ရလား" "သူအရမ်းပျော်သွားခဲ့တာ" အိုး ဘုရားရေး ဒါဆိုအခု ရှင်က တော်ဝင်မိသားစုနဲ့ အရောင်းအဝယ်လုပ်နေတာပေါ့။အဲ့တော့ သူမပိုင်ဆိုင်တဲ့ရွှေတွေကို တော်ဝင်မိသားစုက ဝတ်ဆင်မယ်လို့ ဆိုလိုတာပဲမလား။ 'နည်းနည်းတော့ စိတ်ပျက်စရာတာ...' ဘာပဲဖြစ်ဖြစ် ၎င်းက မိသားစု၏ ဂုဏ်ယူစရာဖြစ်သော်လည်း သူမအဖေကအနားမှာရှိမနေခဲ့ပေ။ လွန်ခဲ့သောလက ဆိုင်ယာကိုရှင်းပြပြီး ဖယ်ဆန်နှင့် အဆက်အသွယ်ဖြတ်ကာ ပျော်ရွှင်စွာ အသက်ဝဝရှုနိုင်ခဲ့ချိန်ကို ပြန်တွေးကြည့်တော့ ၄င်းက သိသာထင်ရှားသည့်တိုးတက်မှုတစ်ခုပင်ဖြစ်သည်။ ကျန်လူများကလည အံ့ဩသွားကြပြီး သူတို့မသိလိုက်ချိန်မှာပင် ဘုရင်ကြီး၊ဘုရင်မနဲ့ အိမ်ရှေ့မင်းသားတို့က ဗဟိုတွင်နေရာအသီးသီးယူလိုက်ကြပြီဖြစ်သည်။ ထို့နောက် အသီးသီးမှ မြို့စားမိသားစုများနှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား အပြန်အလှန်ဖလှယ်ခဲ့ကြသည်။ တော်ဝင်မိသားစုကို ပထမဆုံးနှုတ်ဆက်သော မိသားစုမှာ သဘာဝအတိုင်းပင် အင်ပါယာရှိ တစ်ခုတည်းသော မိသားစု ရိုဒရီယန်မြို့စားကြီးမိသားစုဖြစ်သည်။ "မြို့စားကြီး အိုက်ဆန်ရိုဒရီယန်" နာမည်ခေါ်သံကြားသည်နှင့် မြို့စားကြီး နဲ့ မြို့စားကတော်တို့က ဂုဏ်ယူစွာ ကျောမတ်ပြီး ဘုရင်ကြီးအား တွေ့ဆုံရန် ခန်းမကို ဖြတ်သွားခဲ့ကြသည်။သေချာစွာပင် သူတို့၏သား ဖယ်ဆန်နောက်မှလိုက်လာခဲ့ကြတာဖြစ်သည်။ ဖယ်ဆန်၏ မျက်နှာက ကျောက်တုံးတစ်ခုလိုမာကျောနေသောကြောင့် ဆိုင်ယာ၏ မပါးနပ်မှုက သူတို့ကို အရှက်ရစေပြီး အရာအားလုံးကို ဖျက်စီးသွားခဲ့သည်ဟု ထင်ခဲ့မိကြသည်။ "ပေါ့ပေါ့ပါးပါးဆိုပေမယ့် ကျွန်တော်တို့က နှစ်သစ်ကို ဂုဏ်ပြုဖို့အတွက် ဒါလေးပြင်ဆင်ထားခဲ့ပါတယ်" မြို့စားကြီးက လေးလေးစားစား နှုတ်ဆက်ပြီး အင်ပါယာဘုရင်ကြီးအား လက်ဆောင် ပေးလိုက်သည်။ ၎င်းက တော်ဝင်မိသားစု၏ အရသာနှင့် အံဝင်ခွင်ကျရှိသော ရွှေရောင်အဆင်တန်ဆာတစ်ခုဖြစ်သည်။ နှစ်သစ်ပွဲတော်ဆိုသည်မှာ ဆင်ခြေသက်သက်ဖြစ်ပြီး တကယ်က လက်ဆောင်ပေးကာ တော်ဝင်မိသားစုဖားကြမည့်နေရာဖြစ်သည်။ ဘုရင်ကြီးက ရိုဒရီယန်အိမ်တော်ကို တိုတိုတုတ်တုတ် ချီးကျူးခဲ့လိုက်သည်။ "မြို့စားကြီး ရိုဒရီယန်နဲ့အတူ အင်ပါယာက မြို့စားတွေရဲ့ ဂုဏ်သိက္ခာက ခိုင်မာလှတယ်။ အဲဒီစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းပြီး အင်ပါယာကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် လုပ်ဆောင်ကြပါ" "ကျွန်တော်တို့ သေချာပေါက် လုပ်ပါ့မယ်" စကားဝိုင်းသည် စိတ်အားထက်သန်မှုကင်းမဲ့လွန်းနေပြီး သူတို့စိတ်အားထက်သန်စွာ ပြင်ဆင်ထားပြီး စောင့်မျှော်နေသော ပါတီတစ်ခုလို့ ပြောဖို့ခက်နေသည်။ မြို့စားကြီးမိသားစုသည် သူတို့၏ မူလနေရာများသို့ ပြန်သွားခဲ့ကြသည်။ ထိုအချိန်တွင် ခန်းမတစ်ဝိုက် စိုက်ကြည့်နေသော ဖယ်ဆန်သည် လူနာကို သီးသန့် စုံစမ်းထောက်လှမ်းနေခဲ့သည်။ စောစောက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်လားမသိစွာ ဖယ်ဆန်သည် လူနာကို အချိန်မရွေး အလျင်စလို စုတ်ဖြဲတော့သလိုမျိုးကြည့်နေကာ သူ့မျက်လုံးများထဲတွင် ဒေါသများဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ TK Team