Chapter 76
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၆


"မင်း ကျေးဇူးပြုပြီး ရပ်လို့ရမလား။ ငါတကယ်ဒေါသထွက်လာပြီ"

အဓိပ္ပာယ်မရှိသော စကားများက ဆက်လက်ထွက်လာတာကြောင့် အန်းသန့်စ်သည် သသည်းခံနိုင်ပုံမရတော့ဘဲ ဒေါသတကြီးပြောလာခဲ့သည်။

လူနာသည်လည်း ကလ်လီယွန်၏ စကားများမှာ ရယ်ဖွယ်ရာကောင်းမှန်း ရှာတွေ့သော်လည်း သူမက သူ့ကို ပြန်ပြီး ကြိမ်းမောင်းနိုင်မည့် အနေအထားတွင် မရှိနေပေ။

သူတို့ တကယ်ကြီး အစောင့်များနှင့် တိုက်ခိုက်ရမည်ကို စိုးရိမ်တာကြောင့် လူနာသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အန်းသန့်စ်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"ရှင် ဘာ..ဘာတွေပြောနေတာလဲ...!"

အန်းသန့်စ်သည် ကြောက်ရွံ့မှုများမရှိနေပုံရသည်။မဟုတ်ဘူး သေချာစွာပင် ဒါက သူ့ကာရိုက်တာ စရိုက်ပင်ဖြစ်သည်။သို့သော် မကြာသေးမီက သူ နည်းနည်း လိမ္မာလာသည်ဟု သူမ ထင်ခဲ့မိသည်။

အခုတော့ ကြည့်ရတာ သူက တကယ်ပင် ရူးသွပ်နေသော ဆိုက်ကိုပတ်ဖြစ်ပုံရသည်။

"မင်း ငါ့ကို စောစောထဲစ မိတ်ဆက်ပေးခဲ့မယ်ဆိုရင် ငါလည်း ဒီလိုမျိုးလာစရာ မလိုဘူးမလား"

သို့သော် အိမ်ရှေ့မင်းသား၏အဖြေက ထူးဆန်းနေခဲ့သည်။

"ငါက ဘာလို့ လေဒီလူနာကို မင်းနဲ့ မိတ်ဆက်ပေးရမှာလဲ"

အန်းသန့်စ်၏ အဖြေကလည်း ထူးဆန်းပေသည်။

ခဏလေး ဘာလဲဟ ဒါက။ 

အိမ်ရှေ့မင်းသားသည် အန်းသန့်စ်၏ ရိုင်းပျမှုကို ဘာမှမဖြစ်သလိုမျိုး ရှောင်ဖယ်သွားတာကြောင့် လူနာ ခဏတာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဘာလို့ဆို ငါတို့က သူငယ်ချင်းမို့လေ"

"မင်း တကယ်ရူးနေရတာပဲဖြစ်ရမယ်။ငါက ဘာလို့ မင်း သူငယ်ချင်းဖြစ်ရမှာလဲ။ဒီလိုဟာတွေပြောလို့ ဒီကိုလာခဲ့တာဆိုရင် အခုချက်ချင်း ထွက်သွားတော့"

"ငါ မင်းကို ရွှေရောင်းဝယ်ရေးတုန်းက မျက်နှာသာပေးခဲ့တယ်လေ"

"အဲ့ဒါက မင်းမျက်နှာသာပေးလို့မဟုတ်ဘူး။ရွှေက ဒီတိုင်း အရည်အသွေးကောင်းလို့ပဲ"

"အဲဒါက အရည်အသွေးပဲမြင့်တဲ့ ရွှေမလား"

"အင်ပါယာမိသားစု မပိုင်ဆိုင်နိုင်ခဲ့တဲ့ တစ်ခုတည်းသောရွှေက အဲဒီရွှေပဲ"

လူနာသည် အန်းသန့်စ်၏လက်မောင်းကို ချိတ်ဆွဲထားပြီး မျက်တောင်ခတ်ကာ အခြေအနေကိုနားလည်ရန်ကြိုးစားလိုက် မိသည်။ ယောင်္ကျားလေးနှစ်ဦး၏ စကားဝိုင်းကတော့ ချောမွေ့စွာဆက်သွားနေခဲ့သည်။

အန်းသန့်စ်သည် အိမ်ရှေ့မင်းသားကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောဝံ့ပြီး အိမ်ရှေ့မင်းသားကလည်း သူ့ကို ငြီးငြူနေလေသည်။

မည်သူမဆို ၎င်းက ထူးဆန်းသောတွဲစပ်မှုတစ်ခုဟု မြင်နိုင်ပြီး လူနာသည် သူတို့စကားဝိုင်းကြား တိုးပင်မတိုးနိုင်ခဲ့ပေ။

"ဒီမှာ စကားပြောရတာက အရမ်းအေးတယ်။ အဲ့တော့ အထဲဝင်ကြရအောင်လေ။မင်း နိုင်ငံရဲ့အိမ်ရှေ့မင်းသားကိုတော့ အပြင်မှာ ရပ်နေလျက်သားကြီးထားခဲ့ဝံ့မှာ မဟုတ်ဘူးမလား"

"အဲ့ဒီတော့ ဘာဖြစ်လဲ။မင်း အဲ့လိုမဖြစ်စေချင်ရင် မနေ့က မင်းဆီလာမယ်ဆိုတဲ့ ငါ့တောင်းဆိုလွှာကို မပယ်ချခဲ့သင့်ဘူး။ဘာလို့ အခု လာပြီး ဒုက္ခပေးနေရတာလဲ"

ဒီတိုင်းထားရန် ကြိုးစားသော်လည်း သည်းခံမှုမရှိသော အန်းသန့်စ်ကြောင့် ကလ်လီယွန်သည် အခြားနည်းလမ်းတစ်ခု ရှာဖွေခဲ့လိုက်သည်။

"စိတ်တော့မကောင်းပေမယ့် ငါ မေးနေတာ မင်းကိုမဟုတ်ဘူး။ငါက လေဒီလူနာပဲလ်ကိုမေးနေတာ။ငါက လေဒီကိုပဲ တွေ့ဖို့လာတာလေ"

ကေလ်လီယွန်က သူ့လက်ကို လူနာဘက်သို့ ကမ်‌းပေးလာခဲ့သည်။ အကယ်၍ သူမ မယူပါက သူမကို အပြစ်ပေးမယ်ဆိုသော ခြိမ်းခြောက်သည့်အကြည့်များက သူ့မျက်လုံးထဲရှိနေခဲ့သည်။

လူနာသည် သူမ၏လက်ကိုမလှမ်းမှီမှာပဲ အန်းသန့်စ်က ကလ်လီယွန်၏လက်ကို ပြင်းပြင်းထန်ထန်ပုတ်ထုတ်ပစ်လိုက်သည်။

"…!"

အိမ်ရှေ့စံမင်းသား၏လက်ကို ရိုက်ထုတ်ပစ်ဝံ့သောကြောင့် အနီးနားရှိတော်ဝင်အစောင့်များက တင်းမာစွာဖြင့် ဓားများဆွဲထုတ်တော့မည့်ဟန်ရှိနေကြသည်။

မည်သို့ပင်ဆိုစေကာမူ အန်းသန့်စ်ကတော့ လုံးဝစိတ်မ၀င်စားပေ။ ထိုအစား သူက အစောင့်များသာမက ကလ်လီယွန်ကိုပါ မြေမြှုပ်လက်စဖျောက်ရန် စိတ်အားထက်သန်နေခဲ့သည်။

"ခဏလေး!"

လူနာသည် အခြေအနေကို တည်ငြိမ်အောင် ထိန်းရန် ကြိုးစားလိုက်သော်လည်း ကံမကောင်းစွာပင် သူမစကားကို မည်သူကမျှ နားမထောင်ခဲ့ကြချေ။အစောင့်များထဲရှိ တရားမျှတလိုစိတ်အားကောင်းသော အစောင့်တစ်ဦးမှာ သူ၏ဓားကိုပင် ဆွဲထုတ်ပြီးနေပြီဖြစ်သည်။

"ကြည့်ရတာ လူတိုင်းက သေချင်နေကြတဲ့ပုံပဲ"

ထိုကိစ္စအတွက် အလွန်စိတ်မကောင်းဖြစ်သွားသော အန်းသန့်စ်သည် အစောင့်၏ဓားကို အမြန်ဆွဲယူကာ ချိုးပစ်လိုက်သည်။

"…*ပင့်သက်ရှိုက်သံ*!"

အခြားသော အစောင့်များသည် မယုံနိုင်စရာကောင်းသောအင်အားကြောင့် အံ့ဩသွားကြပြီး သူတို့၏ဓားများကို အဆင်သင့်ဖြစ်နေသကဲ့သို့ ဆွဲထုတ်လိုက်ကြသည်။

"အရှင့်သား! ကျေးဇူးပြုပြီး နောက်ဆုတ်ပါ!"

သူတို့က ရာထူးအလိုက် ချက်ချင်း စီတန်းလိုက်ကြပြီး အန်းသန့်စ်ကို တာဝန်ယူရန် အသင့်ပြင်လိုက်ကြသည်။

"ခုချက်ချင်း ရပ်လိုက်ကြ!"

လူနာက မရည်ရွယ်ဘဲ ထအော်လိုက်မိသည်။တံခါးဝ၌ စုရုံးနေသော မျက်လုံးများအားလုံးက သူမဆီ လှည့်ကြည့်လာကြသည်။

"အားလုံးရပ်ကြတော့! ရပ်လိုက်။သူများအိမ်ရှေ့မှာ ဘာတွေလုပ်နေကြတာလဲ။ စကားပြောဖို့လာတာဆိုလည်း အေးအေးဆေးဆေး စကားပြောလေ။ ဘာလို့ ဓားတွေဆွဲထုတ်ပြီး ဒီလိုလုပ်နေကြတာလဲ။ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်မ အစောင့်တွေကို ခေါ်ရလိမ့်မယ်!"

"…"

လူနာ၏ ပြင်းထန်သော ပေါက်ကွဲသံကြောင့် ဝင်ပေါက်သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။အစောင့်များသည် မသိစိတ်အရ သူတို့ဘာသာ နောက်ဆုတ်မိလိုက်ကြသည်။

ထိုမှပင် လူနာသည် သူမပြောခဲ့သောစကားကို သဘောပေါက်သွားပြီး ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်မိသွားခဲ့သည်။

ထို့နောက် သူမသည် အခန်းထဲ ချက်ချင်း ပြေးဝင်ကာ တံခါးလော့ချလိုက်သည်။

'မဟုတ်သေးပါဘူး။ ငါရူးသွားတာလား။ ငါဘာလို့အဲ့လိုလုပ်တာလဲ!'

လွန်ခဲ့သောရက်အနည်းငယ်ကပင် သူမသည် အင်ပါယာနန်းတော်၌ အမှားတစ်ခုပြုလုပ်ခဲ့မိပြီး ယခုအခါတွင်လည်း သူမသည် ထိုရယ်စရာကောင်းသောလုပ်ရပ်ကို ပြုလုပ်ခဲ့မိပြန်သည်။

သူမကိုယ်သူမ ထိုကဲ့သို့ ရိုင်းစိုင်းသော စကားများ ပြောခဲ့မှန်း သဘောပေါက်မိသွားတော့ းတကယ့်ထူးဆန်းသောသူမှာ အန်းသန့်စ်မဟုတ်ဘဲ သူမကိုယ်တိုင်ပဲဟု တွေးလိုက်သည်။သူမ ဆေးခန်းသွားပြဖို့ လိုအပ်နေပြီဟု တွေးမိတော့သည်။

လူနာသည် အပြစ်ရှိသလိုခံစားလိုက်ရပြီး စောင်အောက်မှာပဲ ပုန်းနေလိုက်တော့သည်။ ခဏအကြာတွင် အပြင်ဘက်ရှိ တိတ်ဆိတ်နေသော ကလ်လီယွန်က ရုတ်တရက် ရယ်သွမ်းသွေးလာခဲ့သည်။လူနာက သူ့ကို အော်ပြောခဲ့သော်လည်း သူ့မျက်နှာပေါ်တွင် မကျေမနပ်မှု အရိပ်အယောင် တစ်စိုးတစ်စိမှမတွေ့ရချေ။

"မင်း ချစ်သူက ခွင့်ပြုလိုက်ပြီမို့ ငါ အထဲဝင်ပြီနော်။ မင်း အစောင့်တွေလက်ထဲ ဖမ်းခံချင်ရင် ဒီမှာပဲဆက်နေခဲ့ပေါ့"

ထိုအစား သူသည် ခွင့်ပြုချက်ကို အလွန်ကျေနပ်ပုံရပြီး အန်းသန့်စ်၏ ပခုံးကို ပုတ်ကာ အိမ်ကြီးထဲသို့ အေးအေးလူလူ ဝင်သွားခဲ့သည်။

ခဏအကြာတွင် အန်းသန့်စ်သည် ဒေါသများကို ထိန်းချုပ်ဖို့ ကြိုးစားရင်း လက်သီးကိုတင်းတင်း ဆုပ်ထားလိုက်သည်။ အစကတည်းက ဒီလိုလူနဲ့ ပေါင်းသင်းဆက်ဆံခဲ့မိတဲ့ သူကိုယ်တိုင်ရဲ့အမှားပဲဟု တွေးလိုက်တော့သည်။

* * *

"သခင်မလေး... အခုဆင်းလာရင်ရော ဘယ်လိုလဲ"

ခဏအကြာတွင် လော်ရာ၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ခါတိုင်းနှင့်မတူဘဲ သူမ အသံသည် အနည်းငယ်သတိထားနေပုံရပြီး ဖြစ်ပျက်ခဲ့သမျှကို အလွန်စိုးရိမ်နေပုံရသည်။

လူနာသည်လည်း အလားတူပင်ဖြစ်သည်။ အင်ပါယာနန်းတော်မှာ ဖြစ်ခဲ့သည်ထက် ပိုကြီးသော အရှက်ရစရာ အဖြစ်အပျက်ကြောင့် သူမ စိတ်မှာအခြေအနေမှန်တွင်မရှိနေပေ။

"သခင်မလေး…!"

လော်ရာက သူမကို ထပ်ခေါ်လာခဲ့သည်။

"အိမ်ရှေ့မင်းသားက စောင့်နေပါတယ်…"

၎င်းကိုကြားတော့ လူနာသည် သူမစောင်များကို ပြောင်ပြောင်တင်းတင်း ကန်ထုတ်ပြီး မတ်တပ်ရပ်လိုက်သည်။သူမ ဒီ့ထက်ပိုပြီး အိမ်ရှေ့မင်းသားကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိပါက ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ သူမ မသိနေပေ။

"ဟား…"

လူနာသည် နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ သူမအခန်းထဲမှ ထွက်လာခဲ့ရတော့သည်။

လော်ရာသည် သူမ၏သခင်မ ပေါ်လာတာကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာတော့သည်။

"သူ... မှန်ဉယျာဉ်ထဲမှာလား"

"ဟုတ်ပါတယ်!"

"...သူငါ့ကိုစိတ်ဆိုးမနေဘူးမလား"

"ဟင့်အင်း အဲလိုမဟုတ်ဘူး။သခင်မလေး ပျောက်သွားပြီးတာနဲ့ သူက ထရယ်လာခဲ့တာ။သူ့ကြည့်ရတာ ဒေါသထွက်နေတယ်ဆိုတာထက် ပျော်မြူးနေသလိုပဲ"

အဲ့ဒါက စိတ်သက်သာရာရစေတာဖြစ်နိုင်သလို မဟုတ်ရင်လည်းမဟုတ်ဘူးပေ ။ အနည်းဆုံးတော့ ခြိမ်းခြောက်ခံရသလို မခံစားရတော့ဘူးပေါ့။

သူမ ထိုနေရာရောက်တာနှင့် သူတို့ နှစ်ယောက်အား တစ်ယောက်ကိုတစ်ယောက် ဘယ်လိုသိကြတာလဲဟု မေးရမည်။အကယ်၍ သူမသာ သူမကိုဘာလို့စောစောမပြောခဲ့တာလဲဆိုပြီး ဒေါသထွက်ပြပါက စောနကဖြစ်ခဲ့သော ရှက်စရာအခိုက်အတန့်လည်း ပေါ်လာတော့မည် မဟုတ်ပေ။

ထိုသို့တွေးကာ လူနာသည် လေးလံနေသော ခြေလှမ်းများဖြင့် ကလ်လီယွန်ထံမှ ထပ်ပြီး နောက်ပြောင်ခံရရန် မှန်ဥယျာဉ်ထဲသို့ရောက်လာခဲ့သည်။

"ဒီတစ်ခါရော ဘာထပ်နာပြန်လို့လဲ။ အိုး! ခေါင်းထပ်ကိုက်ပြန်တာလား"

"…"

ဘာလို့ ဒီလူက သူမစိတ်ကူးထားတဲ့ အိမ်ရှေ့မင်းသားနဲ့ လုံးဝမတူနေရတာလဲ!

တော်ဝင်မျိုးနွယ်တစ်ဦးအနေနဲ့ ခြိမ်းခြောက်နိုင်စွမ်းရှ်သလိုပြီး နည်းနည်း ပိုပြီးလေးနက်သင့်တယ်မဟုတ်ဘူးလား။

ဒါပေမယ့် သူမ ရှေ့ကလူကတော့ ငှက်မွှေးလို ပေါ့ပါးနေပုံရသည်။သူ့အတွက် ဘာအလေးချိန်မရှိနေသလိုမျိုး လေနှင်ရာလွင့်မျောသွားတော့မယ့်ပုံပေါ်သည်။

အန်းသန့်စ်က ဒီလိုဇာတ်ကောင်မျိုးနဲ့ ဘယ်လိုလုပ်ပြီး သူငယ်ချင်းတွေဖြစ်နိုင်ရတာလဲ။သူမ ဒီမေးခွန်းမေးလိုက်တာနဲ့ သူက စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မေးခွန်းကိုငြင်းပယ်ပစ်မည့်ပုံပေါ်သည်။

ထိုသို့ အတွေးမျိုးရှိနေရင်း လူနာသည် ရုတ်တရက် မထင်မှတ်ထားသော ကောက်ချက်တစ်ခုချလိုက်မိသည်။ 

အန်းသန့်စ်က သူ့မှာ သူငယ်ချင်းမရှိဘူးလို့ အစတုန်းက ပြောခဲ့တယ်မလား...

"ရှင် ကျွန်မကိုလှည့်စားခဲ့တယ်"

လူနာက 'ဒါက ဘာလဲ ရှင်းစမ်းပါအုံး' ဆိုသလိုမျိုး ပြောလိုက်သည်။ အန်းသန့်စ်က အဓိပ္ပါယ်ကို ချက်ချင်းနားလည်ခဲ့ပြီး သူ့၏ မကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"အဲဒါက သူငယ်ချင်းမဟုတ်ဘူး။ကိုယ်ပြောခဲ့သလိုပဲ ကိုယ့်မှာ တကယ်သူငယ်ချင်းမရှိဘူး"

"အရှင့်သားက သခင်လေးကို သူ့သူငယ်ချင်းလို့ပြောသွားတယ်မဟုတ်ဘူးလား"

"လုံးဝမဟုတ်ဘူး။ ဟိုးအစထဲစ မိဘတွေဆီက ဆူပူကြိမ်းမောင်းခံရပြီး အိမ်ကနေနှင်ထုတ်ခံရတဲ့လူကို လှောင်ပြောင်တဲ့ သူနဲ့ ဘယ်လိုမှ သူငယ်ချင်းမဖြစ်နိုင်ဘူး"

အန်းသန့်စ်၏ နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုက လူနာကို မျက်မှောင်ကြုတ်သွားမိစေသည်။

ထို့နောက် ယခုအချိန်အထိ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သော ကလ်လီယွန်က ကြားဖြတ်ပြောလာခဲ့သည်။

"မင်း အဲ့ဒါကို အခုထိစိတ်အနှောင့်အယှက်ဖြစ်နေသေးတာလား။ငါက အဲ့တုန်းက မင်းကို နည်းနည်းလေးပဲ ကျီစားခဲ့တာလေ။မင်းလည်း ငါ့ကို အဲ့တုန်းက အပြင်းအထန်ရိုက်ခဲ့တာပဲမဟုတ်ဘူးလား။အခုချိန်လောက်ဆို အဲ့ဒါကို မေ့ဖို့သင့်ပြီလေ"

"ဘာ နည်းနည်းလေးပဲ ဟုတ်လား။ ငါတို့တွေ့တဲ့အချိန်တိုင်း ကောလဟာလတွေထဲက အရူးက မင်းလားလို့ မေးတာက 'နည်းနည်းလေး'လား။ မင်းရဲ့ 'နည်းနည်းလေး' ဆိုတဲ့ အဓိပ္ပါယ်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"

"ဟေး အဲ့ဒါက ဒီတိုင်း စူးစမ်းလိုစိတ် သက်သက်ပဲလေ။ငါက အဲဒီတုန်းက ခြောက်နှစ်ပဲ ရှိသေးတာကို"

"မင်းက ခြောက်နှစ်သားထဲစ ညစ်ပတ်နေတာ။အိမ်ရှေ့မင်းသားဆိုတဲ့ဘွဲ့နဲ့တောင် လုံးဝမထိုက်တန်နေဘူး"

"ရပ်တော့!"

လူနာသည် ဒုတိယအကျော့ ရန်ပွဲစမလာခင် အလျင်အမြန်တားဆီးလိုက်သည်။ 

အိမ်ရှေ့မင်းသားနဲ့ မားကွစ်မိသားစု အကြီးဆုံးသားကြားက စကားဝိုင်းက ဘယ်လိုတွေတောင်လား။

အဲ့ဒါက လိမ်ညာခြင်းမဟုတ်ပေ။သို့သော် အဲ့ဒါက လူနာကို ခေါင်းကိုက်စေဖို့ လုံလောက်တာကြောင့် လုံလောက်ပြီဟု ပြောသလိုမျိုး ခေါင်းညိတ်ပြလိုက်သည်။

"ရှင်တို့နှစ်ယောက်လုံးက သူငယ်ချင်းလို့ထင်ရပေမယ့် ဟုတ်သလိုလို မဟုတ်သလိုလို မသေချာတဲ့ဆက်ဆံရေးမျိုးရှိနေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ အဲ့ဒါကြောင့် အခု ရပ်လိုက်ကြရအောင်"

၎င်းက အလွန်ထူးဆန်းသော ကောက်ချက်တစ်ခုဖြစ်သော်လည်း ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားဝိုင်းကို ရပ်တန့်နိုင်မည့် တစ်ခုတည်းသော ကောက်ချက်ဖြစ်သည်။

"ဒါဆို ရှင် ကျွန်မကိုဘာလို့တွေ့ချင်ရတာလဲ။ ရှင် တကယ်ကြီး ကျွန်မရွှေတွင်းကို မျက်စိကျနေလို့ ကျွန်မကို ခြိမ်းခြောက်ဖို့လာတာလား"

ကလ်လီယွန်အပေါ်ကြောက်ရွံ့မှုလုံးဝပျောက်သွားပြ‌ီဖြစ်သော လူနာသည် သူတို့ထပ်မံတိုက်ခိုက်ခြင်းမပြုကြမီ အဓိကအကြောင်းကို ဆောလျင်စွာမေးမြန်းခဲ့လိုက်သည်။

"အမ်း 'ခြိမ်းခြောက်တယ်' ဆိုတဲ့ စကားလုံးက နည်းနည်းတော့ ပြင်းထန်ပေမယ့် ဟုတ်တယ် ပြောရရင် အဲဒီလိုမျိုးပေါ့"

အို ဘုရားသခင် သူရူးနေတာလား။သူမက ၎င်းကိုဟာသတစ်ခုလို့ထင်ခဲ့သော်လည်း အမှန်ဖြစ်နေပေသည်။

သူမ မတုံ့ပြန်နိုင်ခင်မှာဘဲ အန်းသန့်စ်သည် ကလ်လီယွန်ကို လက်မောင်းကနေဆွဲကိုင်ပြီး ထိုင်ခုံမှ မလိုက်သည်။

"လေဒီလူနာက အဆင်မပြေတဲ့ပုံပဲ။အဲ့တော့ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်ပြီး ထွက်သွားတော့"

ထိုအချိန်တွင် ကလ်လီယွန်သည် စားပွဲအစွန်းကို အမြန်ဆွဲကိုင်လိုက်ပြီး မပြော‌ရသေးသော စကားများကို အမြန်ထုတ်ပြောလိုက်သည်။

"ခဏလေး! ငါ ပြီးအောင်ပြောပါရစေ။အဲ့ဒါက သေချာပေါက် လေဒီပဲလ်ကို ထိခိုက်စေမှာ မဟုတ်ဘူး။ ပဲလ်နယ်မြေက ရွှေတွင်းကို ကိုယ် စိတ်မဝင်စားပေမယ့် မကြာသေးခင်က မင်းရှာတွေ့ရှိခဲ့တဲ့ ရွှေတွင်းကို စိတ်၀င်စားလို့ပါ။ မင်းနောင်တရမှာမဟုတ်ဘူး။ တကယ်ပါ"

ထိုကဲ့သို့ ပြောကြားချက်ကြောင့် အဆိုပြုချက်ကို နားမထောင်ဖို့မဖြစ်နိုင်တော့ပေ။အကယ်၍ အဲ့ဒါကအဓိပ္ပာယ်မရှိဆိုရင် စကားဝိုင်းကို အဆုံးသတ်လိုက်လို့ရနိုင်သည်။

လူနာသည် ခေါင်းညိတ်ပြလိုက်ပြီး အန်းသန့်စ်က မကျေမနပ်ပုံစံဖြင့် လွှတ်ပေးလိုက်သည်

သေးငယ်သော လှုပ်ရှားမှုနှင့် အမူအရာတစ်ခုကပင် ခလုတ်နှိပ်ရန် လိုအပ်သော စက်ထက် ချောမွေ့နေပေသည်။

ပြန်လည် လွတ်မြောက်လာသော ကလ်လီယွန်က ကုတ်အကျီကို ကြယ်သီးပြန်တပ်လိုက်ပြီး လေးနက်သောမျက်နှာဖြင့် ရှင်းပြလာခဲ့သည်။

"ရွှေတွင်းတစ်ခုအနေနဲ့ မသေချာသေးပေမယ့် ကိုယ် အဲဒီမိုင်းမှာ ရင်းနှီးမြှုပ်နှံမယ်"

လူနာက အထင်မကြီးသလို အမူအရာဖြင့် 'မလိုဘူး' ဟုပြန်ပြောတော့မည်ဖြစ်သော်လည်း ကလ်လီယွန်က သူမပါးစပ်ကိုဖွင့်ခွင့်ပြုမလာဘဲ ဆက်ပြောခဲ့သည်။

"အဲ့သတ္တုတွင်းက တန်ဖိုးမရှိဘူးဆိုရင်တောင် ကိုယ်ဝယ်ပါ့မယ်။အကယ်လို့ အဲ့ဒါက တန်ဖိုးရှိတဲ့ မိုင်းတစ်ခုဆိုလည်း မင်းရောင်းချင်ရင် သင့်တော်တဲ့ပမာဏကို ကိုယ်ပေးပါ့မယ်"

"ကျွန်မ မရောင်းချင်ဘူးဆိုရင်ရော"

"ရင်းနှီးမြှုပ်နှံထားတဲ့ ရွှေပမာဏကို ပြန်ထုတ်လိုက်မယ်။ဒါပေါ့ ရွှေတွင်းအတွက် ကိုယ်တို့ သင့်တင့်မျှတတဲ့ ဈေးနှုန်းကို ညှိနှိုင်းလို့ရတယ်"

ဒါက တကယ့်ကို သူပြောခဲ့သည့်အတိုင်း အရှုံးမရှိနိုင်ဘဲ သေချာစစ်ဆေးပြီးတာနဲ့ ရွှေတွင်း၏ အမြတ်အစွန်းကို မြန်မြန်စစ်ဆေးနိုင်လိမ့်မည်… သို့သော် သူမ သိချင်နေတာတစ်ခုရှိပေသည်။

TK Team (76)