Chapter 79
Viewers 8k

ဇာတ်လိုက်လား?ငါ သူ့ကို မလိုချင်ဘူး chapter 79


အန်းသန့်စ် နဲ့ ဖယ်ဆန်အကြောင်းလား

လူနာက ထိုကိစ္စကို နားမလည်သလို တုံ့ပြန်လာခဲ့သည်နှင့် ရို့စ့်မယ်ရီက အမြန်ပြန်ဖြေလိုက်သည်။

"ကောင်းပြီ..အဲ့ဒါ ကြည့်ရတာ သခင်လေး ရိုဒရီယန်က ငါ့အစ်ကိုရဲ့ စီးပွားရေးပါတနာတွေ အများကြီးကို ဖြတ်ခုတ်သွားတဲ့ပုံပဲ"

"ဘာ…!"

လူနာသည် ရုတ်တရက်ဆန်သော သတင်းဆိုးကြောင့် တောင့်ခဲသွားခဲ့သည်။

ပြဿနာတစ်ခုရှိခဲ့တယ်လို သူမကြားခဲ့ရပေမယ့် ပြေလည်သွားပြီလို့ပြောခဲ့တယ်မဟုတ်ဘူးလား။အခု ဒါက ဘာကိုဆိုလိုတာလဲ။

"ဘယ်သူပြောတာလဲ"

"ငါ့ အသိအကျွမ်းတစ်ယောက်ပြောတာ!ကြည့်ရတာ အဲ့တာကြောင့် ထိခိုက်သွားခဲ့တဲ့ပုံပဲ။ငါ့အစ်ကို အလုပ်ရှုပ်နေတာ အဲ့ကိစ္စကြောင့် ဖြစ်နိုင်တယ်...! ငါတို့ ဘာလုပ်သင့်လဲ"

သူတို့သည် တွေ့တိုင်း ရန်ဖြစ်တတ်ကြသော်လည်း ရို့စ်မယ်ရီမှာ အန်းသန့်စ်အတွက် အလွန်စိုးရိမ်နေပုံရပြီး စိတ်မတည်မငြိမ်ဖြင့် လှည့်ပတ်လျှောက်နေခဲ့သည်။ လူနာသည်လည်း ဖြောင့်ဖြောင့်မတွေးနိုင်တော့ပေ။ အမြဲတမ်း ယုံကြည်မှုလုံလောက်နေသော အန်းသန့်စ်က ဖယ်ဆန်လက်ထဲမှာ ဖောက်သည်တွေအားလုံးကို ဆုံးရှုံးလိုက်ရတယ်ဆိုသည့်ကိစ္စက မတွေးဝံ့စရာပင်။

သူမသည် အသေးစိတ်ကို မသိသော်လည်း အခြေအနေက ဆိုးနေပုံရသည်။ ဖောက်သည်အနည်းငယ်တင်မဟုတ်ဘဲ အများအပြားကိုလည်း ယူသွားခဲ့ပုံရသည်။ တစ်ခုခု မှားသွားတာနဲ့ လုပ်ငန်းတစ်ခုလုံး ပျက်သွားနိုင်သည်။

'အန်းသန့်စ်ရော အဆင်ပြေနေရဲ့လား'

သူမ တွေးရင်းနဲ့ပင် အန်းသန့်စ်ကို ပိုစိတ်ပူသွားခဲ့သည်။ သူက မာနကြီးတာကြောင့် သေချာပေါက် သူ့ကိုယ်သူ အပြစ်တင်တာ ဒါမှမဟုတ် ညှင်းဆဲခံရသလိုခံစားနေလောက်မှာဖြစ်သည်။

"အန်နာရေ အန်နာ နင် ဘယ်မှာလဲ! ရထားကို အမြန်ပြင်ဆင်ပေး။ မြန်မြန်!"

လူနာသည် စံအိမ်ကြီးထဲ အပြေးအလွှားပြန်သွားပြီး ရထားထိန်းကို ရှာလိုက်သည်။ သူမက ဘာဖြစ်နေမှန်း အတိအကျမသိသော်လည်း ဒီအခြေအနေထဲ သူမ အန်းသန့်စ်ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူးဟု ခံစားရသည်။

* * *

လူနာသည် အန်းတဲရိစ့်မားချက်စ်ဂိုဏ်းသို့ ဦးတည်သွားခဲ့လိုက်သည်။ ရို့စ်မယ်ရီသည် အလွန်အလုပ်များနေခဲ့တာကြောင့် သတင်းပေးပို့ရန် လာရောက်ပြီးနောက် မားကွစ်စံအိမ်သို့ ပြန်သွားခဲ့ရသည်မှာ စိတ်ပျက်စရာပင်။

'သူပြောတော့ အဲ့ဒါက ကောင်းကောင်းဖြေရှင်းပြီသွားပြီဆို။ဒါပေမယ့် ဒါကဘာလဲ...! သူ ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်လည်း ငါ့ကို အကူအညီတောင်းသင့်တယ်လေ!'

သူမ၏အကူအညီက တစ်ခုခုကွဲပြားအောင်လုပ်ပေးနိုင်လား မသေချာသော်လည်း ဖောက်သည်များအားလုံးကို ဆုံးရှုံးချိန်တွင် တစ်ယောက်တည်း ဒုက္ခခံနေတာထက်တော့ ပိုကောင်းပေသည်။

ကံကောင်းထောက်မစွာဖြင့် သူမစံအိမ်နှင့် ဂိုဏ်းကြား အကွာအဝေးသည် သိပ်မဝေးသောကြောင့် မကြာမီပင် သူတို့ရောက်လာခဲ့သည်။ ရထားရပ်လိုက်သည်နှင့် လူနာသည် အတွင်းဘက်သို့ လျှင်မြန်စွာပြေးသွားပြီး အန်းသန့်စ်ကို ချက်ချင်းရှာလိုက်သည်။

"သခင်လေး ‌အန်းသန့်စ်ရော"

သူမ၏ အရေးတကြီးဟန်ကြောင့် ထိတ်လန့်သွားသော အလုပ်သမားတစ်ဦးသည် အန်းသန့်စ်အကြောင်း သူမကို အသိပေးလာခဲ့သည်။

"ဗျာ။ သူက ရောက်မလာသေးပါဘူး"

ဒီလောက် နောက်ကျနေပြီကို သူက အလုပ်မလာသေးဘူးလား။အဲ့ဒါ သူ ဖောက်သည်တွေကို ဖယ်ဆန်ဆီမှာ ဆုံးရှုံးလိုက်ရလို့ သူအရမ်းဝမ်းနည်းပြီး နာကျင်နေလို့များလား။သူ့မှာ အဆိုးမြင်စိတ်တွေ ရှိနေတာတော့မဟုတ်ဖူးမလား။ မဟုတ်မှ...!

သူသည် လွန်ကဲသောရွေးချယ်မှုများပြုလုပ်တတ်သော လူစားမျိုးမဟုတ်သော်လည်း ယခုအခြေအနေအရ ဘာမဆိုဖြစ်နိုင်သည်။

သူ့မိသားစုထဲက ထွက်သွားကတည်းစ ဒီစီးပွားရေးကပဲ သူ့အတွက် အရာအားလုံးဖြစ်ခဲ့သည်။

၎င်းကိုသဘောပေါက်သွားတော့ လူနာသည် ပါးစပ်ကို လက်ဖြင်် အုပ်လိုက်မိသည်။စိုးရိမ်စရာကောင်းသော အတွေးများက သူမစိတ်ထဲ လွင့်ပျံလာခဲ့သည်။

သူမ၏ ရှုပ်ထွေးသော အမူအရာများကို စောင့်ကြည့်နေခဲ့သည့် အလုပ်သမားက ခေါင်းကို စောင်းလိုက်မိသည်။

'သူမ ဘာလို့ ဒီလိုအပြုအမူတွေ လုပ်နေရတာလဲ... ကောလဟာလကြောင့်များလား'

ဖောက်သည်များ ဆုံးရှုံးလိုက်ရခြင်းနှင့် ပတ်သက်ပြီး ကောလာဟလများ ပျံ့နေခဲ့သော်လည်း ဝန်ထမ်းများမှာမူ အလွန်တည်ငြိမ်နေပုံရကြသည်။ ဒါပေါ့ အန်းသန့်စ်မှာ အရေးပေါ်အစီအစဉ်တစ်ခုထပ်ရှိတယ်ဆိုတာ သူတို့သိကြပေသည်။

အန်းသန့်စ်သည် စာချုပ်များဖျက်သိမ်းခံလိုက်ရကတည်းက အလွန်အလုပ်များနေခဲ့မှန်း လူတိုင်းသိကြသည်။သူက သူ့အလုပ်များကို လက်လွတ်စပယ် ကိုင်တွယ်နိုင်သော လူစားမျိုး မဟုတ်ပေ။

ထို့ကြောင့် အန်းသန့်စ်၏ချစ်သူ လူနာသည်လည်း ထိုအကြောင်းကိုသိသင့်သည်။ သို့သော် ငိုတော့မည့်ဆဲဆဲ သူမကို ကြည့်ရင်း ဝန်ထမ်းတစ်ဦးက သူမနှင့် စကားပြောတော့မည့်အချိန်တွင်....

"လေဒီလူနာလား"

ထိုအချိန်တွင် အန်းသန့်စ်သည် သူ့ကိုယ်သူ အပြစ်တင်နေခြင်း သို့မဟုတ် ညှဉ်းဆံခံရသလို ခံစားနေမည့်ပုံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အလွန်သပ်ရပ်သောပုံစံဖြင့် ပေါ်လာခဲ့သည်။

"သခင်လေး အန်းသန့်စ်!"

ထိုနေရာတွင် တစ်ခုခု ထူးဆန်းနေမှန်း ခံစားရမှာက ပုံမှန်ဖြစ်သော်လည်း သူ့အတွက် အလွန်စိုးရိမ်နေသော လူနာကမူ သူ၏ ဝတ်စုံကို သတိမထားမိခဲ့ပေ။

လူနာက အန်းသန့်စ်ဆီကို အမြန်ပြေးသွားခဲ့သည်။ ထို့နောက် သူမက သူ့တွင် ဒဏ်ရာတစ်စုံတစ်ရာရှိမရှိကို ဂရုတစိုက်စစ်ဆေးကာ သူ့မျက်နှာနှင့် သူ့ဘယ်လိုနေလဲမေးလာခဲ့သည်။

"ရှင် အဆင်ပြေရဲ့လား။ အားလုံးအဆင်ပြေတယ်မလားဟင်။ရှင် တကယ် ဘယ်နားမှ မနာဘူးမလား"

ဒါတွေအားလုံးက ဘာအကြောင်းကြောင့်လဲ။

အန်းသန့်စ်သည် စိတ်ရှုပ်ထွေးသွားပြီး လူနာကို တခဏတာမျှ စိုက်ကြည့်ခဲ့လိုက်သည်။

"ရှင် ဘာလို့မဖြေတာလဲ။ရှင် တကယ် ဘယ်နားမှမနာနေဘူးမလား ဟုတ်တယ်မလား"

အန်းသန့်စ်သည် တစ်ခုခုဖြစ်နိုင်သည်ဟု သံသယရှိသွားကာ ဝန်ထမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်ချိန်တွင် ထိုသူက လက်ဝှေ့ယမ်းကာ သူဘာမှမလုပ်ခဲ့ကြောင်း ငြင်းဆိုလာခဲ့သည်။

"ရှင် မနက်စာစားပြီးပြီလား။ကောင်းကောင်း စားခဲ့ရဲ့လား"

လူနာသည် အန်းသန့်စ်၏ပါးကို ပွတ်သပ်ရင်း မေးလိုက်သည်။သူတို့ တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ သိပ်မကြာသေးပေမယ့် သူ့ကြည့်ရတာ နည်းနည်း ချောင်ကျသွားပုံရသည်။

အန်းသန့်စ်သည် ရုတ်တရက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး သူ့အကြည့်များကို လူနာဘက်သို့ ပြန်လှည့်ခဲ့လိုက်သည်။

၎င်းက ပုံမှန်အားဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းနိုင်သော်လည်း ဒီနေ့တော့မဟုတ်သေးပေ။ သူ့ချစ်သူက စစ်တိုက်ရာမှပြန်လာသော သားကို အမေက စစ်ဆေးပြီး စိုးရိမ်နေသလိုပုံမျိုးဖြစ်နေတာကြောင့် တစ်ခုခု ထူးဆန်းနေမှန်း တွေ့လိုက်ရသည်။

"ကိုယ် မနက်စာကို ကျော်ခဲ့လိုက်တာ..."

"ဘာလို့လဲ! ရှင် ဘာလို့ မနက်စာမစားခဲ့ရတာလဲ!"

ကိုယ် မနေ့ညက အရသာရှိတဲ့ ညစာကိုစားခဲ့တာမို့ အဆင်ပြေပါတယ်လို့ ပြောတော့မလိုပင်။ အန်းသန့်စ်က လူနာအား အဓိကအချက်ကိုမေးလိုက်သည်။

"မင်း ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ထိုမှသာ လူနာသည် အန်းသန့်စ်ကို ဘာလို့ ရှာရရမှန်း သဘောပေါက်သွားပြီး လျင်မြန်စွာ အာရုံများပြန်ရလာကာ ကမန်းကတန်း ပြန်ဖြေခဲ့လိုက်သည်။

"ဖယ်ဆန်က ရှင့် ဖောက်သည်တွေအားလုံးကို ယူသွားတယ်လို့ ကျွန်မကြားခဲ့တယ်။ ရှင်ဘဲပြောတော့ ရှင့်ဘာသာ ကောင်းကောင်း ကိုင်တွယ်ခဲ့ပါတယ်ဆို။ အခုက ဘာလဲ…!"

ကျွန်မ ကိုပြောပြလေ! အရူးကြီးရဲ့! ရှင်က တကယ့်အရူး လူမိုက်ပဲ!

လူနာသည် အန်းသန့်စ်၏ ရင်ဘတ်ကို ကြိမ်ဖန်များစွာ ရိုက်ပုတ်ခဲ့သည်။

သူ့ကြောင့်ပဲ သူမက ကောလဟာလများကို ကြားလိုက်ရချိန်တွင် အလွန်အံ့အားသင့်ပြီး စိတ်ပူသွားခဲ့ရတာဖြစ်သည်။

အရိုက်ခံနေရသော်လည်း အန်းသန့်စ်၏ပါးစပ်ထောင့်များမှာတော့ စတင် တွန့်ကွေးလာခဲ့သည်။၎င်းက နာကျင်တာကြောင့် မဟုတ်ဘဲ လူနာက သူ့အပေါ် ဒီလောက်အထိ အရမ်းဂရုစိုက်တယ်ဆိုသော အချက်က အရမ်းဆန်းသစ်လို့ပင်ဖြစ်သည်။

သူသည် အရာအားလုံးဖြေရှင်းပြီးသွားကြောင်း အကြိမ်ကြိမ်ပြောခဲ့သည်မှာ သေချာသည်။သို့သော် အသေးစိတ်မရှင်းပြခဲ့တာကြောင့် နားလည်မှုလွဲသွားပုံရသည်။

သူမ တစ်မူထူးခြားနေတာကြောင့် ခဏတာပြုံးလိုက်မိ‌သော အန်းသန့်စ်သည် သူ့ရင်ဘတ်ကိုထုရိုက်နေသော လူနာ၏ လက်ကိုင် ဆုပ်ကိုင်လိုက်သည်။

"အခု ကိုယ်အလုပ်များနေတာဆိုတော့ ကိုယ်တို့သွားရင်းနဲ့ စကားပြောကြရအောင်။အဲ့ဒါက နည်းနည်းတော့ အချိန်ယူရလိမ့်မယ်။မင်းအဆင်ပြေရဲ့လား"

လူနာက ခပ်မြန်မြန် ခေါင်းငြိမ့်ပြလိုက်သည်။ ဒီလိုအခြေအနေမျိုး၌ သူမတွင် အချိန်မရှိနေရင်တောင် ရှိသည်ဟုအဖြေပေးရပေမည်။

ထို့ကြောင့် သူတို့သည် ရထားပေါ်သို့ အတူတက်ခဲ့ကြပြီး ရထားသည် ကသင့်စောင့်ဆိုင်းနေသလိုမျိုး ဦးတည်ရာတစ်ခြဆီ စတင်မောင်းနှင်ခဲ့သည်။ရထားက မြို့တော်ကနေ ထွက်သည့်လမ်းကို ဝင်လိုက်တာကြောင့် ကြည့်ရတာ တော်တော်ဝေးဝေးသွားမည့်ပုံရသည်။

"ကျွန်မတို့ဘယ်သွားကြမလို့လဲ"

လူနာက သတိထားပြီး မေးလိုက်သည်။သူ၏ အဆိုးမြင်စိတ်ကြောင့် အရာအားလုံးကို စွန့်ပစ်ပြီး ထွက်သွားဖို့ စဉ်းစားနေတာတော့မဟုတ်လောက်ဘူးမလားဟု မျှော်လင့်ချက်ကြီးစွာနဲ့ပင်။

အန်းသန့်စ်သည် လူနာကို မည်ကဲ့သို့ ကျီစားရမည်ကို စဉ်းစားပြီး အလွန်သိသာထင်ရှားသော အဖြေတစ်ခုကို ရွေးချယ်ခဲ့လိုက်သည်။

"ကိုယ်တို့ရောက်ရင် မင်းသိရမှာပါ"

ဒါပေါ့ လူနာ၏ မျက်နှာက တုန်လှုပ်သွားခဲ့ပြန်တော့သည်။

"ရှင်ပဲပြောတော့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်ဆို။အခု ဘာဖြစ်သွားခဲ့တာလဲ။ ဖောက်သည်တွေ အားလုံးလုယူခံလိုက်ရရင် ဝန်ထမ်းတွေရဲ့ လစာကို ရှင်ဘယ်လိုလုပ်မလဲ။ အားလုံးကို အလုပ်ဖြုတ်ပစ်တော့မှာလား"

"မဟုတ်ဘူး။ သူတို့ အလုပ်ဖြုတ်မခံရပါဘူး"

သူက တခြားအရာများနှင့် အလုပ်ရှုပ်နေတာဖြသ်သည်။ လျော်ကြေးငွေ‌ကြောင့် ငွေအမောင့် ကောင်းကောင်းလိုက်သဖြင့် ပိုတောင်အဆင်ပြေနေသေးသည်။ ပိုကောင်းမွန်သော အစားထိုးများကို ရှာဖွေခြင်းက ရွေးချယ်မှုတစ်ခုဖြစ်ပြီး ရှုပ်ထွေူသော ဖောက်သည်များကိုလည်း ဖယ်ရှားနိုင်ပေသည်။

"ဒါဆို ရှင် လစာကိုရော ဘယ်လိုပေးမှာလဲ။အဲ့ဒါနဲ့ပတ်သတ်ပြီး ကျွန်မ ကူညီနိုင်တာတစ်ခုခုရှိလား"

လူနာက သူမ အခုချက်ချင်းပင် ပိုက်ဆံချေးပေးနိုင်သလိုမျိုး မေးလိုက်သည်။အကယ်၍ အကူညီတောင်းလာပါက သဘောတူရန် အဆင်သင့်ဖြစ်နေခဲ့သည်။

သူမသည် များသောအားဖြင့် အရှုံးကို ဂရုတစိုက် တွက်ချက်လေ့မရှိပေ။ သို့သော် အန်းသန့်စ်က ကောလာဟလအတိုင်း အကျပ်အတည်းကြုံနေရတယ်ဆိုပါက ပြန်မရနိုင်ရင်တောင်မှ သူမ ငွေချေးပေးရန် အလေးအနက်ဖြစ်နေခဲ့သည်။

၎င်းအပေါ် အန်းသန့်စ်သည် သူမမည်မျှချေးငှားပေးမည်ကို သိချင်မိသွားသော်လည်း သူထိုသို့လုပ်လိုက်ပါက နောက်ပိုင်းတွင် သူမ သေချာပေါက် စိတ်လွတ်သွားလိမ့်မည် ဖြစ်သောကြောင့် အန်းသန့်စ်သည် သူ၏ သိချင်စိတ်ကို မျိုသိပ်ကာ ပြန်ဖြေလိုက်သည်။

"အဲ့ဒါက အဆင်ပြေပါတယ်။ကိုယ်တို့ရဲ့ ထိပ်တန်းဖောက်သည်ဖြစ်တဲ့ မင်းလည်း အဆင်ပြေနေတယ်လေ။ အဲဒီနေ့က မင်းနဲ့တွေ့ခဲ့တာက ဘုရားသခင်က ကိုယ့်ကို ပေးခဲ့တဲ့ ကောင်းချီးတစ်ခုလို့ ကိုယ်ထင်တယ်"

"...ရှင်အကူအညီလိုရင် ကျေးဇူးပြုပြီး ကျွန်မကို အချိန်မရွေး ပြောပြနော်"

မရည်ရွယ်ဘဲ အဖြေက အဓိပ္ပါယ်အချို့ရှိနေသော်လည်း လူနာသည် ကွဲပြားနေသည့် အဓိပ္ပါယ်ကိုမြင်လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့သည်။

ဒါပေါ့ ဒါက သူမ လုံးဝကြီး သက်တောင့်သက်သာရှိနေတယ်လို့တော့ မဆိုလိုပေ။ အန်းသန့်စ်သည် သူ၏ဖောက်သည်များအားလုံးကို ဖယ်ဆန်ထံတွင် ဆုံးရှုံးခဲ့သည်မှာ အမှန်ဖြစ်သည်။ထို့ကြောင့် စိုးရိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

ထိုသို့ ရှုပ်ထွေးသော အတွေးများ၊ ခံစားချက်များဖြင့် သူတို့သည် ခဏလောက်ရထားစီးခဲ့ကြပြီး နောက်ဆုံးတွင် ဦးတည်သို့ ရောက်လာခဲ့ကြသည်။၎င်းက အချိန်အနည်းငယ်ကြာတာကြောင့် လမ်းတစ်ဝက်တွင် သူမ တစ်ချက်ငိုက်သွားခဲ့ပြီး နိုးလာချိန်တွင် သူမက အန်းသန့်စ်၏ပခုံးပေါ် မှီနေသည်ကို တွေ့လိုက်ရသည်။

နှလုံးသား နာကျင်နေသောလူကို နှစ်သိမ့်မပေးနိုင်ဘဲ သူမအိပ်ပျော်သွားခဲ့သည်။လူနာသည် အနည်းငယ်စိတ်မကောင်းဖြစ်သွားပြီး သူတို့ ရထားပေါ်မှဆင်းလာစဉ်တွင် အန်းသန့်စ်အား တောင်းပန်ခဲ့လိုက်သည်။

"အာ… ကျွန်မတောင်းပန်ပါတယ်။ကျွန်မ မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့တာထင်တယ်။ ဒါပေမယ့် ကျွန်မတို့ဘယ်ရောက်နေကြတာလဲ"

ပတ်ပတ်လည်ကိုကြည့်လိုက်ရာ ဂိုဒေါင်အနည်းငယ်မျှသာရှိသော ရွာငယ်လေးတစ်ရွာဖြစ်မှန်းသိလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် နေမင်းကြီးက ကောင်းကင်ယံထက်တွင် မြင့်နေသေးတုန်းရှိတာကြောင့် မြို့တော်နဲ့ သိပ်တော့မဝေးလှသည့်ပုံပင်။

"ကိုယ်တို့အထဲဝင်တဲ့အခါကျ မင်းသိမှာပါ"

အန်းသန့်စ်က ဂိုဒေါင်ကို ညွှန်ပြလိုက်သည်။လူနာသည် သူဂိုဒေါင်ထဲတွင် အိမ်အသစ်တစ်ခုများ ထူထောင်ထားလေသလားဟု တွေးပြီး စိုးရိမ်တကြီးဖြင့် ခြေလှမ်းများကို ရွှေ့လိုက်သည်။

လူနာ နှင့် အန်းသန့်စ်တို့ကိုတွေ့ချိန်တွင် တံခါးကိုစောင့်နေသောလူတစ်ယောက်က တံခါစဖွင့်လာခဲ့ပေးတာကြောင့် ၎င်းက တစ်ဦးတည်း ပြင်ဆင်ထားတာ မဟုတ်ဟုထင်ရပေသည်။

သံမဏိနှလုံးသားဖြင့် လူနာသည် အထဲသို့ ဝင်လာခဲ့ပြီး သူမရှေ့က မြင်ကွင်းကြောင့် ခဏတာမျှ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။

"... အဲ့ဒါတွေ အားလုံးက ဘာတွေလဲ"

ဂိုဒေါင်အတွင်းတွင် အိမ်သုံးပစ္စည်းများမဟုတ်သော သေတ္တာများ မြောက်မြားစွာရှိနေပေသည်။တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ထားသော်လည်း ပြင်းထန်သောရနံ့များကြောင့် ၎င်းတို့မှာ ဟင်းခတ်အမွှေးအကြိုင်များဖြစ်ကြောင်း ညွှန်ပြနေသည်။

"အဲ့ဒါ တွေက ကိုယ်တို့ ဖောက်သည်အသစ်ရဲ့ ကုန်ပစ္စည်းတွေလေ။သူတို့က ကိုယ်ဖြတ်ခုတ်ခံလိုက်ရတဲ့ ဖောက်သည်တွေရဲ့ ထုတ်ကုန်တွေလိုမျိုး ကောင်းမွန်တဲ့ အစားထိုးစရာတွေပဲ"

ထိုမှသာ အန်းသန့်စ်သည် အမှန်တရားကို အပြုံးဖြင့် ပွင့်ပွင့်လင်းလင်း မျှဝေလာခဲ့သည်မှာ 'ကြည့်လေ ကိုယ် ကောင်းကောင်း ကိုင်တွယ်ခဲ့ပါတယ်လို့ ပြောခဲ့သားပဲ' ဟု ပြောနေသလိုပင်။

လူနာသည် အခြေအနေကို သဘောပေါက်သွားကာ အခြေအနေကို နားလည်ရန် ခဏတာ အားထုတ်ခဲ့ပြီးနောက် အန်းသန့်စ်အား ပြင်းထန်သော မျက်လုံးများဖြင့် စွပ်စွဲ၍ ကြမ်းတမ်းစွာ ပြုမူလာခဲ့သည်။

TK Team (chapter 79)