Chapter 206
Viewers 49k

💘Chapter 206

 á€žá€”်းသုလးဆယ်ကဝ္ဏ်




ကျူးကောယွီ၏အကြံကလည်း အလွန်ရိုးရှင်းသည်။


ချန်လီက ပြပွဲကျင်းပရန်စီစဉ်ထားဖူးပေ။ပြပွဲမလုပ်လျှင် ချန်လီ၏နာမည်ဂုဏ်သတင်းက ကောင်းကောင်းဖွံ့ဖြိုးနိုင်လိမ့်မည်မဟုတ်ပေ။

 

မှန်ပေသည်၊ကျူးကောယွီအနေဖြင့် ချန်လီ၏ဆန္ဒကိုလေးစားပေးမှာဖြစ်ပြီး ဤအဆင့်မှာချန်လီအတွက်ပြပွဲကျင်းပပေးမှာမဟုတ်ပေ။သို့ပေမဲ့ သူ ချန်လီ၏ပန်းချီကားအနည်းငယ်ခန့်ကိုနှလုံသားစေရာပန်းချီပစ္စည်းအရောင်းဆိုင်မှာတင်၍ရလေသည်။

 

နှလုံးသားစေရာသို့လာသူအများစုက ပန်းချီဆရာများနှင့် စုဆောင်းသူများသာ ဖြစ်၏။ချန်လီ၏ပန်းချီကားများကို နှလုံးသားစေရာမှာ တင်ခြင်းကလည်း ချန်လီအတွက် ပြပွဲအငယ်စားလေးကျင်းပသလိုပါပင်။

 

ချန်လီ နှလုံးသားစေရာမှာချန်ထားခဲ့သည့်ပန်းချီကား အလုပ်ဖြစ်နေပြီဖြစ်သည်။ထိုသို့ဖြစ်ရာ ထိုပန်းချီကား၏မူရင်းပန်းချီဆရာက နှလုံးသားစေရာမှာ ပန်းချီကားများထပ်မံပြသမည်ဟူသောသတင်းကို ဝူကျိုက်လင်ကိုဖြန့်ခိုင်းလိုက်မည်။ထိုအခါ ချန်လီ၏ပန်းချီကားကိုစိတ်ဝင်စားသူများက နှလုံးသားစေရာကပန်းချီကားများကိုဆက်လက်လာရောက်ကြည့်ရှုပေလိမ့်မည်။


ထိုကနေ ပန်းသတင်း လေညှင်းဆောင်၊လူသတင်း လူချင်းဆောင်ဆိုသလို ချန်လီ၏နာမည်ဂုဏ်သတင်းကတဖြည်းဖြည်းမြင့်တက်လာလိမ့်မည်။

 

ကျူးကောယွီက ဇဝနဉာဏ်ရွှင်သူဖြစ်ပြီး ဤအဆင့်မှာချဉ်းကပ်ရန်အကောင်းဆုံးနည်းကိုအလျင်အမြန်စဉ်းစားကာ ဝူကျိုက်လင်နှင့် ချက်ချင်းဆွေးနွေးလိုက်သည်။

 

နှလုံးသားစေရာ၏မန်နေဂျာတစ်ယောက်အနေဖြင့် ဝူကျိုက်လင်က အမြဲလုပ်ငန်းကိုသူဆန္ဒရှိသလိုလည်ပတ်ခဲ့သည်။သူက လုပ်ငန်းမှာကျူးကောယွီထက်ပိုမိုကျွမ်းကျင်သည်ကပုံမှန်ဖြစ်ပေသည်။သူက ချက်ချင်းတခြားနည်းလမ်းတစ်ခုအဆိုပြုလာသည်။

 

"ဆရာ ဒီလိုဆိုရင်ရော...ဂျူနီယာညီလေးချန်လီရဲ့လက်ရာတွေက တုန့်ပြန်မှုအကြီးကြီးကိုဖြစ်စေမှာက သေချာတယ်... ဆိုတော့ ကျွန်တော်တို့ သုံးလတစ်ကြိမ်ပန်းချီကားတစ်ကားပြသရင်ရော...ဒီလိုဆိုရင် နောက်သုံးလပတ်မှာပြသမဲ့ ပန်းချီကားကလုံးဝစိတ်ဝင်စားစရာဖြစ်သွားပြီး ပရော်ဖက်ရှင်နယ်တွေကိုပိုပြီးဆွဲဆောင်နိုင်မှာ"


ဝူကျိုက်လင်က သူ့နည်းလမ်းကိုပြောပြသည်။ 

ဤသည်က အရင်ဆုံး ပြောင်မြောက်သောလက်ရာတစ်ခုနှင့်စတင်ကာ လူအများလိုချင်အောင်ဆွဲဆောင်ပြီး၊၎င်းနောက်မှ တခြားလက်ရာများကိုထုတ်ပြသည့် မားကတ်တင်းနည်းလမ်းတစ်ခုဖြစ်လေသည်။ဤနည်းဖြင့်ဆိုလျှင် သုံးလပတ်တိုင်းမှာ မျှော်လင့်ချက်များရှိနေမည်ဖြစ်ကာ ချန်လီ၏ကျော်ကြားမှုကလည်း တဖြည်းဖြည်းမြင့်တက်လာမှာသဘာဝဖြစ်ပေသည်။


မှန်ပေသည်၊သူတို့က ဤသည်ကိုပိုက်ဆံရှာရန်လုပ်ခြင်းမဟုတ်ပေ။မည်သို့ပင်ဖြစ်စေ၊နှလုံးသားစေရာမှာ ပြသထားသည့်ပန်းချီကားများက ရောင်းရန်မဟုတ်ဟူသည့်စည်းမျဉ်းတစ်ခုရှိသည်။သူတို့က ချန်လီ၏ပန်းချီကားများကို ပြသပြီး ပန်းချီလောကထဲမှာချန်လီ၏နာမည်ကိုပိုကျော်ကြားအောင်လုပ်ရန်သက်သက်ဖြစ်ပေသည်။ကျူးကောယွီ စဉ်းစားကြည့်ပြီးနောက် ဝူကျိုက်လင်၏နည်းလမ်းကပိုဖြစ်နိုင်ခြေရှိသည်ဟုခံစားရသည်။သူကခေါင်းညိတ်ကာပြောလိုက်၏။


"ကောင်းပြီး မင်းပြောသလိုလုပ်ကြတာပေါ့"

  

နှစ်ယောက်သား အစီအစဉ်တချို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးမှာ ဝူကျိုက်လင်က အခုမှနိုင်ငံခြားမှပြန်လာခါစဖြစ်ပြီး မြို့တော်ကိုအပြေးအလွှားလာရ၍ပင်ပန်းနေလောက်သည်ကိုထည့်စဉ်းစားပြီး ကျူးကောယွီက သူ့ကို သူ့နားနေခန်းထဲကိုသွားနားရန် မောင်းထုတ်လိုက်သည်။

 

ချန်လီအတန်းပြီးသွားချိန်မှာ ကျူးကောယွီက သူ့ကိုတန်းဖုန်းဆက်ပြီးစတုဒီယိုကိုလာခိုင်းလိုက်သည်။

ကျူးကောယွီက ချန်လီကိုပြောလိုက်၏။


"ရှောင်လီ...စီနီယာအစ်ကိုကြီးဝူရဲ့မိတ်ဆွေတစ်ယောက်က မင်းရဲ့ပန်ချီကားကိုဝယ်ချင်နေတယ်...ရောင်းဖို့ဆန္ဒရှိရဲ့လား"


ကျူးကောယွီက ပန်းချီကားဝယ်ချင်သူကမည်သည်မည်ဝါဖြစ်သည်ကိုမပြောဘဲ ဝူကျိုက်လင်၏မိတ်ဆွေတစ်ယောက်ဟုသာပြောခဲ့သည်။အကြောင်းမှာ ပထမအချက်အနေဖြင့် ချွီလောင်၏အဆင့်အတန်းကထူးခြား၍ဖြစ်ပြီး ဒုတိယအနေဖြင့် ကျူးကောယွီကဝယ်သူမည်သူမည်ဝါဖြစ်သည်ကို ဂရုမစိုက်၍ဖြစ်သည်။ 


"ဟုတ်တယ် ဂျူနီယာညီလေး...ငါ့ရဲ့အရမ်းအရေးကြီးတဲ့မိတ်ဆွေတစ်ယောက်ကမင်းရဲ့"အလင်းရောင်"ကိုမြင်ပြီး မင်းရဲ့ပန်းချီကားကိုစုဆောင်ချင်နေတယ်...မင်းရောင်းချင်လား"


ဝူကျိုက်လင်ကလည်း နောက်ကလိုက်ပြောလိုက်သည်။ပန်းချီကားကို ရောင်းရမလားမရောင်းရမလား ချန်လီမသိပါချေ။သူက ကျူးကောယွီကိုကြည့်လိုက်ပြီး ကျူးကောယွီဆီကအကြံတောင်းလိုက်သည်။ကျူးကောယွီကခေါင်းညိတ်လိုက်သည်။

  

ထိုမှသာချန်လီကပြောလိုက်သည်။

"ရတယ်" 


လက်တလော ချန်လီဆွဲထားသည့်ပန်းချီကားများစွာကိုစတူဒီယိုမှာချိတ်ထားသည်။၎င်းတို့တစ်ခုစီတိုင်း အလွန်လက်ရာမြောက်ကြသည်။လက်ရာမြောက်လွန်း၍ ကျူးကောယွီပင် အကုန်လုံးကိုအိမ်ယူသွားချင်စိတ်ပေါက်သည်အထိဖြစ်၏။ထို့ကြောင့် ချန်လီကသဘောတူပြီးနောက် ဝူကျိုက်လင်က ရွေးရန်ပျင်းလွန်း၍ကြုံရာပန်းချီတစ်ကားကိုရွေးလိုက်သည်။


"ဂျူနီယာညီလေးချန်လီ ဒီပန်းချီကားဆိုအဆင်ပြေလား"


ဝူကျိုက်လင်ကမေးလိုက်သည်။


ချန်လီကခေါင်းညိတ်လိုက်သည်။

"ပြေတယ်" 


ဤပန်းချီကားများက အကုန်လုံး ချန်လီအားလပ်ချိန်များမှာဆွဲထားခြင်းဖြစ်ပြီး ဤပန်းချီကားများကိုရောင်းနိုင်လိမ့်မည်ဟု သူတစ်ခါမှမတွေးဖူးခဲ့ပေ။


ဝူကျိုက်လင်က သူခုနကလက်ညှိိုးထိုးပြထားသည့်ပန်းချီကားကို တယုတယဖြုတ်လိုက်ပြီး ရှားပါးရတနာတစ်ပါးကိုကိုင်တွယ်နေသည့်အတိုင်းပင်။


"ဂျူနီယာညီလေးချန်လီ ဒီတစ်ခေါက်ကျေးဇူးပဲကွာ...မင်းငါ့ကိုတကယ်အများကြီးအကူအညီပေးခဲ့တာ"

ဝူကျိုက်လင်က ကျေးဇူးတင်စွာပြောလိုက်သည်။


ချန်လီက သစ်သားတုံးမျက်နှာနှင့်ပဲဆိုသည်။

"ရပါတယ်"

အမှန်တွင် ချန်လီနားမလည်ပေ။သူက သည်အတိုင်းပန်းချီကားတစ်ချပ်ရောင်းလိုက်ရုံသာဖြစ်သည်။သူဘယ်လိုလုပ် စီနီယာအစ်ကိုကို ကူညီမိလိုက်တာလဲ...


"ဆရာ...ဒီပန်းချီကားရဲ့ဈေးကိုဘယ်လောက်ထားမလဲ"

ချန်လီက ပိုက်ဆံကိုစိတ်မဝင်စားလောက်မှန်းဝူကျိုက်လင်သိသည်။ထို့ကြောင့်သူက ကျူးကောယွီဘက်လှည့်မေးလိုက်၏။


"မင်းပဲဆုံးဖြတ်လိုက်"

ချွီလောင်ကို ပေးမည့်ပစ္စည်းအတွက် သူဈေးမသတ်မှတ်ရဲပေ။ပြီးလျှင် သူ ချွီလောင်ကို အလကားလည်းပေးမရသည်မှာသဘာဝဖြစ်သည်။

 

ချွီလောင်က ခေါင်းမာသူဖြစ်သည်။ဝူမိသားစုက သူ့ကိုမျက်နှာလုပ်ရန်ရည်ရွယ်ချက်မရှိသည့်တိုင် သူကပန်းချီကားကိုလက်ခံမှာမဟုတ်ပေ။

 

"အဲဒါဆိုလည်းကောင်းပါပြီ"


ဝူကျိုက်လင်လည်းမငြင်းရဲပေ။ပန်းချီကားကိုသိမ်းပြီးနောက် သူပြန်ရန်ပြင်လိုက်သည်။ဝူကျိုက်လင်က ဤမျှလောနေသည်ကိုမြင်လျှင် ကျူးကောယွီ သူ့ကိုညစာစားရန်ဆက်မနေခိုင်းတော့ဘဲ တန်းပြန်ခိုင်းလိုက်သည်။


ချန်လီ၏ ပန်းချီကားများကိုနှလုံးသားစေရာမှာပြသမည့်ကိစ္စအတွက်မူ ရက်အနည်းငယ်ကြာလျှင် သူရှန်ဟိုင်းကိုသွားပြီး သူ၏အဆက်အသွယ်များကိုသုံး၍ ချန်လီကိုကြော်ငြာပေးမည်ဖြစ်သည်။

 

သို့ပေမဲ့ ထိုမတိုင်ခင် ချန်လီ၏သဘောတူညီချက်ကိုသူရရှိရန်လိုသည်ဟု ကျူးကောယွီခံစားရသည်။ကနဦးရည်ရွယ်ချက်က ချန်လီအတွက်ပင်ဖြစ်သော်ငြား ချန်လီကဤပန်းချီကားများ၏ပိုင်ရှင်ဖြစ်ပြီး သူ့မှာဤပန်းချီကားများကိုမည်သို့ပြုလုပ်မည်ကိုဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

 

"ရှောင်လီ...ဆရာ မင်းရဲ့ပန်းချီကားတွေကို 'နှလုံးသားစေရာ'မှာတင်ပြီးပြမလို့...မင်းဆန္ဒရှိရဲ့လား"

ကျူးကောယွီက မေးလိုက်သည်။

 

ချန်လီက တစ်ချက်ပင်မစဥ်းစားဘဲခေါင်းညိတ်လိုက်သည်။နာမည်ကြီးပန်းချီပညာရှင်များစွား၏ပန်းချီကားများကို 'နှလုံးသားစေရာ'မှာ ပြသထားမှန်းသူသိသည်။ဆရာက သူ့ပန်းချီကားများကိုပြသရန်ဆန္ဒရှိမှုသည် သူ့ကိုအသိအမှတ်ပြုခြင်းတစ်ခုဖြစ်လေသည်။

 

ကျူးကောယွီက ချန်လီခေါင်းညိတ်လိုက်သည့်အတွက်နှင့် ဆုံးဖြတ်ချက်မချလိုက်ပေ။ချန်လီက သူ့ပန်းချီကားများကိုပြသခြင်း၏အဓိပ္ပါယ်အစစ်အမှန်ကိုနားမလည်မှန်းသူသိသည်။ချန်လီခေါင်းညိတ်လိုက်သည့်အတွက်ကြောင့်နှင့် သူ ချန်လီ၏ပန်းချီကားများကို သူ့ဆိုင်မှာပြသလိုက်မည်ဆိုပါက ချန်လီကို လှည့်ဖြားနေသလို ခံစားရသည်။

 

"ရှောင်လီ...အလျင်စလိုသဘောမတူနဲ့...အိမ်ပြန်ပြီး ဝေ့ချန်ရဲ့အမြင်ကိုမေးကြည့်လိုက်ဦး"


ကျူးကောယွီကိုယ်တိုင်က သူ၏ရည်ရွယ်ချက်ကိုမဖော်ပြနိုင်ပေမဲ့ ဝေ့ချန်ကသူ၏လုပ်ရပ်၏နောက်ကွယ်ကရည်ရွယ်ချက်ကိုဖြတ်မြင်နိုင်လိမ့်မည်ဟု သူ့ယုံကြည်သည်။ထို့ကြောင့် သူက ရှင်းပြရမည့်တာဝန်ကို တာဝန်မဲ့စွာပဲ ဝေ့ချန်ဆီလက်လွှဲပေးလိုက်သည်။

 

ချန်လီက ဘာဖြစ်နေသည်ကိုနားမလည်ပေမဲ့ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။

"ဟုတ် အားချန်ကိုပြောလိုက်ပါ့မယ်"

 

ထို့နောက်မှာ ချန်လီက ကျူးကောယွီကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့သည်။သူအိမ်ရောက်ချိန်မှာ ဝေ့ချန်ကအလုပ်မဆင်းသေးပေ။ချန်လီက စတူဒီယိုထဲမဝင်သေးဘဲ ဧည့်ခန်းထဲက TVကိုဖွင့်ပြီး ကလေးချန်နယ်ကိုပြောင်းလိုက်သည်။ဤအချိန်မှာ သူကြိုက်သည့်ကာတွန်းကာလာနေသည်။

 

ချန်လီ ကာတွန်းကားကြည့်၍အပိုင်းတစ်ဝက်ရောက်ချိန်မှာ ဝေ့ချန် ပြန်လာသည်။တံခါးကနေအဝင်မှာအသံကိုကြား၍ သူဖိနပ်ပြောင်းစီးပြီး ဧည့်ခန်းထဲဝင်လာချိန်မှာပဲ ချန်လီ၏အကြည့်များနှင့်ဆုံလိုက်ရသည်။

 

"အားချန် ပြန်လာပြီ"


ချန်လီက ထိုသို့ဆိုလိုက်ပြီး ဝေ့ချန်ကိုကြည့်လာသည်။သူ့မျက်လုံးများက တလက်လက်တောက်ပနေပြီး သူဘာကိုမျှော်လင့်နေမှန်းကားမသိရပေ။

 

ဝေ့ချန်က ချန်လီ၏ဘေးကိုလျှောက်လာပြီး ကိုယ်ကိုကိုင်း၍ ချန်လီ၏အနည်းငယ်စူဖောင်းနေသောနှုတ်ခမ်းများကို ငုံထွေးလိုက်ကာ ချန်လီနှင့်ပြင်းရှရှ"အိမ်ပြန်အနမ်း"တစ်ပွင့်ဖလှယ်လိုက်သည်။


ထို့နောက်မှာမှ ချန်လီက သူ့အကြည့်ကိုTVပေါ်သို့ဆက်ပို့ကာကာတွန်းကို ပျော်ပျော်ရွှင်ရွှင် ကြည့်လေသည်။

 

"အိမ်ပြန်အနမ်း"အကျင့်က ချန်လီကျောင်းကနေ သူ့ဘာသူအိမ်ပြန်လာသည့်ပထမဆုံးနေ့ကတည်းက တဖြည်းဖြည်းချင်း ဖြစ်တည်လာခြင်းဖြစ်သည်။ယခုအခါ ဝေ့ချန်အိမ်ပြန်ရောက်သည်နှင့် သူကချန်လီနှင့်အနမ်းတစ်ပွင့်ဖလှယ်လိမ့်မည်ဖြစ်ပြီး မဟုတ်လျှင် နှစ်ယောက်စလုံးတစ်ခုခုလိုနေသလိုခံစားရလေသည်။

 

အိမ်ပြန်ရောက်ပြီးနောက် ဝေ့ချန်ကအင်္ကျီလက်များကိုလိပ်တင်ကာ မီးဖိုချောင်ထဲဝင်ပြီးချန်လီအတွက်စွတ်ပြုတ်ချက်လိုက်သည်။တစ်နေ့ပြီးတစ်နေ့ သူတို့နေထိုင်သည့် ရိုးရှင်းသောဘဝလေးကိုဖက်တွယ်ထားကာ နေ့ရက်တိုင်းကအလွန်ကိုကျေနပ်အားရစရာကောင်းလေသည်။

 

ညစာစားပြီးနောက် ချန်လီကဝေ့ချန်ကိုကျူးကောယွီယနေ့သူ့ကိုပြောခဲ့သည့်ကိစ္စကိုပြောလိုက်သည်။

 

ကျူးကောယွီ ထင်သည့်အတိုင်းပင်၊ဝေ့ချန်က ကျူးကောယွီ၏ရည်ရွယ်ချက်ကို အလျင်အမြန်ပဲနားလည်သွားသည်။ဝေ့ချန်က ချန်လီအစားဆုံးဖြတ်ချက်ချမပေးဘဲ ချန်လီကိုကျူးကောယွီဘာကြောင့်ထိုသို့လုပ်ရသည်ကို ရှင်းပြပေးလိုက်သည်။


နားထောင်ပြီးနောက် ချန်လီက အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သည်။အမှန်တွင် ချန်လီက ဤအရာများအကြောင်းမသိပေ။သူက ဝေ့ချန်ကိုကြည့်လိုက်ပြီး ဝေ့ချန်ကသူ့အစားဆုံးဖြတ်ချက်ချပေးရန်မျှော်လင့်နေသည်။

 

ဝေ့ချန်က လက်ဆန့်ကာ ချန်လီ၏ခေါင်းလေးကိုပွတ်လိုက်သည်။သို့ပေမဲ့ သူကချန်လီအစားဆုံးဖြတ်ချက်ချမပေးသေးပါချေ။သူက ယခုလိုပဲမေးလိုက်၏။


"လီလီ မင်းရဲ့ပန်းချီကားတွေအကြောင့် လူတွေပိုပြီးသိစေချင်လား"

 

ချန်လီက ခေါင်းလေးစောင်းကာ အတန်ကြာတွေးလိုက်ပြီးမှခေါင်းညိတ်လေသည်။

"အင်း"

 

သူ့ပန်းချီကားတွေအကြောင်း လူတွေများများသိလာရင် အနာဂတ်မှာသူ့တန်ဖိုးကပိုပြီးကြီးမြင့်လာမယ်လို့ဆိုလိုတာပဲ...အဲလိုဆိုရင် သူ အားချန်ကိုပိုပြီးကူညီနိုင်တော့မှာမဟုတ်ဘူးလား...သူပိုမြင့်သည့်နေရာမှာရပ်နိုင်လေလေ အနာဂတ်မှာ သူအားချန်နှင့်အတူရှိသည့်အခါ အတားအဆီးပိုနည်းလေလေဖြစ်သည်။မည်သို့ပင်ဖြစ်စေသူ၏အားချန်က ထူးချွန်ကောင်းမွန်လွန်းသည်။ထို့ကြောင့် သူလည်းအနည်းပိုပြီး ထူးချွန်ကောင်းမွန်အောင်ကြိုးစားရမည်။

 

ဝေ့ချန်က ချန်လီ၏အတွေးများကိုသိလေသည်။သူရင်ထဲထိမသွားဟုဆိုလျှင် လိမ်ရာကျလိမ့်မည်။သူတို့၏ဆက်ဆံရေးမှာ သူကပဲလုံ့လစိုက်ထုတ်နေခြင်းမဟုတ်ဘဲ သူ၏လီလီကလည်း သူ့နည်းသူ့ဟန်ဖြင့် ကြိုးစားနေခဲ့သည်။

 

သူ၏လီလီကို သူမည်သို့မချစ်ဘဲနေနိုင်မည်နည်း။


ဝေ့ချန် မထိန်းနိုင်ဘဲ ချန်လီကိုရင်ခွင်ထဲဆွဲသွင်းကာတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ဤအခိုက်အတန့်မှာ သူ့နှလုံးသားကနူးညံ့ကာချိုမြိန်နေခဲ့သည်။

 

ချွီလောင်က အမှန်တကယ်ကို ချန်လီ၏ပန်းချီကားများကိုစုဆောင်းချင်နေခြင်းဖြစ်သည်။ဝူကျိုက်လင် လေယာဥ်ဆိုက်သည်နှင့် ချွီလောင်ကတန်းသိလေသည်။


သူက ကိုယ်တိုင်ပင်ဝူကျိုက်လင်တို့အိမ်ဆီအပြေးသွားပြီး ဝူကျိုက်လင်ချန်လီ၏ပန်းချီကားနှင့်ပြန်လာမည်ကိုစောင့်နေသည်။

 

ဝူကျိုက်လင်တစ်ယောက် လေယာဥ်ဆင်းသည်နှင့် သူအိမ်ကဖုန်းကိုလက်ခံရရှိလိုက်၏။သူ ပျာယာခတ်သွားပြီး အချိန်မဆွဲဘဲအိမ်ကို အမြန်ဆုံးနည်းဖြင့် ပန်းကန်လုံးစီးပြန်လာခဲ့သည်။ချွီလောင်က အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည်။သူ့ကိုအကြာကြီးစောင့်ခိုင်း၍မဖြစ်ပေ။

 

တစ်လမ်းလုံးဒုန်းစိုင်းလာပြီးနောက် ဝူကျိုက်လင်နောက်ဆုံးမှာ မိနစ်လေးဆယ်ကျော်ကျော်အကြာတွင်အိမ်ပြန်ရောက်လာသည်။သူပြန်လာသည်ကိုမြင်ချိန်မှာ ချွီလောင်က ဘာဣန္ဒြေသိက္ခာမှထိန်းမနေဘဲ ဝူကျိုက်လင်ဆီလျှောက်လာပြီး အလောတကြီးမေးလေသည်။


"ပန်းချီကားပါလာခဲ့လား"


ချွီလောင်ကလက်ရှိမှာရာထူးကနေအငြိမ်းစားယူထားသည်။သူ၏တစ်ခုတည်းသောဝါသနာက လက်ရေးလှများနှင့်ပန်းချီကားများကိုစုဆောင်းခြင်းဖြစ်၏။"အလင်းရောင်"ကိုပထမဆုံးမြင်လိုက်ရချိန်မှာ ပန်းချီဆရာ၏လက်ရာကသူ့အကြိုက်နှင့်အလွန်ကိုက်ညီသလိုခံစားရသည်။နောက်ပိုင်းမှာ ချန်လီ၏တခြားပန်းချီကားကိုသူလေလံမဆွဲနိုင်ခဲ့သဖြင့် သူအနည်းငယ်စိတ်မကောင်းဖြစ်နေခဲ့သည်။သူအကြာကြီး မေးမြန်းစုံစမ်းနေခဲ့ပေသော်ငြားချန်လီ၏တခြားလက်ရာများကိုစျေးကွက်ထဲမှာရှာမတွေ့ခဲ့ပေ။ယင်းက သူ့ကိုပို၍ပင် စိတ်ထိခိုက်စေခဲ့သည်။

 

ဤတစ်ခေါက်မှာ သူနောက်ဆုံးတွင် အနှီပန်းချီဆရာ၏လက်ရာကိုသူရရှိခဲ့ပြီဖြစ်သည်။ထို့ကြောင့် ချွီလောင်စိတ်လောနေသည်မှာသဘာဝဖြစ်ပေသည်။

 

"အဘိုးချွီ ကျွန်တော် အဘိုးအတွက်ပန်းချီကားယူခဲ့ပါတယ်"


ဝူကျိုက်လင်က ဆိုလိုက်ပြီး သူမြို့တော်က ပြန်ယူလာသည့်ပန်ချီကားကို ဂရုတစိုက်ထုတ်လိုက်သည်။အလောသုံးဆယ်ပြန်လာသဖြင့် ပန်းချီကားကိုဘောင်မကွပ်ရသေးပေ။သို့ပေမဲ့ဝူကျိုက်လင်က ထောင့်လေးတစ်ခုပင်ခေါက်မနေအောင် တစ်လမ်းလုံး သေသေချာချောကာကွယ်လာခဲ့သည်။


ပန်းချီကားကိုထုတ်လိုက်သည်နှင့် ချွီလောင်၏မျက်လုံးများက ၎င်း၏ဖမ်းစားခြင်းခံလိုက်ရပြီး သူအကြည့်မလွှဲနိုင်တော့ပေ။သူ့အာရုံက အနှီပန်းချီကားပေါ်မှာပဲ အလုံးစုံကျရောက်နေခဲ့သည်။

 

"အလင်းရောင်"နှင့်ဝူကျန်း၏စာကြည့်ခန်းထဲမှာချိတ်ထားသည့်ပန်းချီကားတို့နှင့်ယှဥ်လျှင် ဤပန်းချီကားကို ပိုကြိုက်သည်ဟု ချွီလောင်ခံစားရသည်။အကြောင်းမှာ ဤပန်းချီကားက သူ့ကို ယခင်ပန်းချီကားနှစ်ချပ်ထက် မျှော်လင့်ချက်များ အများကြီးပိုပေး၍ဖြစ်သည်။

 

"အလင်းရောင်"က ဖန်တီးသူမြင်ခဲ့သည့်မျှော်လင်ချက်ဆိုလျှင် ဤပန်းချီကားထဲမှာ ဖန်တီးသူက မျှော်လင့်ချက်ထဲကိုရောက်နေပြီဖြစ်သည်။ဤကဲ့သို့သောစိတ်အခြေအနေမှာ ဖန်တီးသူ၏နည်းစနစ်တိုးတက်မှုကထိုမျှအရေးမပါပေ။

 

ဝူကျန်း၏မျက်လုံးများကလည်း ဤပန်းချီကား၏ဆွဲဆောင်ခြင်းခံလိုက်ရသည်။ချွီလောင်လိုပဲ သူအကြည့်မလွှဲနိုင်တော့ပေ။

 

ဤပန်းချီကားကနေ ဖန်တီးသူ၏တိုးတက်မှုနှင့် ဖန်တီးသူ၏စိတ်အခြေအနေပြောင်းလဲမှုကိုသူမြင်နေရသည်။ဤသည်က အတိအကျကို ဝူကျန်း အံ့ဩမှင်သက်သွားရသည်အရာပဲဖြစ်လေသည်။

 

"အလင်းရောင်"က ဤဖန်တီးသူ၏အထွဋ်အထိပ်အချိန်ဟု သူထင်ခဲ့သည်။သို့ပေမဲ့ ယနေ့ဤပန်းချီကားကိုမြင်ပြီးနောက်မှာ ဤဖန်တီးသူက အနာဂတ်မှာ အကန့်အသတ်မဲ့သောအလားအလာများရှိနေဆဲဖြစ်ကြောင်းဝူကျန်းသတိပြုမိသွားသည်။"အလင်းရောင်"က ဤဖန်တီးသူ၏စမှတ်သာဖြစ်လေသည်။လူကြီးမင်းချွီက ဤပန်းချီကားကို အကြာကြီးစောင့်နေခဲ့၍သာမဟုတ်လျှင် ဝူကျန်း ၎င်းကိုသူ့ဘာသူယူထားလိုက်မှာဖြစ်သည်။ယခုကဲ့သို့သောပန်းချီကားက တကယ်စုဆောင်းရန်ထိုက်တန်သည်။


ချွီလောင်က ဤပန်းချီကားကို လက်လွှတ်မခံနိုင်ပါချေ။အပြန်လမ်းမှာ ထိခိုက်ပျက်စီးသွားမှာစိုးသဖြင့် သူက ဒရိုင်ဘာကို သူ့ကိုဘောင်ကွပ်ရန်ခေါ်သွားခိုင်းရန်စီစဥ်ထားလေသည်။

 

သို့ရာတွင် ချွီလောင်၏အဆင့်အတန်းကြောင့် ဒရိုက်ဘာက သူ့ကိုဤအချိန်ကြီးမှာ ထိုနေရာသို့မခေါ်သွားရဲပေ။ယခုက ညကိုးနာရီကျော်နေပြီဖြစ်သည်။ဤအချိန်မှာ ပန်းချီပစ္စည်းအရောင်းဆိုင်ဖွင့်မဖွင့်ဆိုသည်က မသေချာပေ။လုံခြုရေးကိုလည်း သူအာမမခံနိုင်ပေ။

 

ဒရိုင်ဘာက ဝူကျန်းကချွီလောင်ကိုဖြောင့်ဖြပေးနိုင်မည်ဟူသည့်မျှော်လင့်ချက်နှင့် ဝူကျန်းကို အကြည့်နှင့်အကူအညီတောင်းလိုက်သည်။


"ဦးလေးချွီ ကျွန်တော့်အိမ်မှာတစ်ညအိမ်လိုက်ပါလား... မနက်ဖြန်မှ ကျိုက်လင်ကို ဦးလေးချွီကိုသူ့ဆိုင်ခေါ်သွားခိုင်းပြီး သူ့ကိုကိုယ်တိုင်ကိုယ်ကျဦးလေးချွီအတွက်ဘောင်ကွပ်ခိုင်းလိုက်လေ"

 

ဤအချိန်ကြီးမှာ ချွီလောင်အတွက်အပြင်ထွက်ရန်မဖြစ်နိုင်မှန်း ဝူကျန်းလည်းသိလေသည်။ထို့ကြောင့် သူကယခုလိုအကြံပြုလိုက်ခြင်းဖြစ်၏။

 

ချွီလောင်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။


"ကောင်းပြီ"


သူ့အဆင့်အတန်းက ဤအချိန်မှာ အပြင်ထွက်ရန်မသင့်တော်မှန်းသူလည်းသိပေသည်။ထို့အပြင် ဝူကျိုက်လင်၏ဘောင်ကွပ်ပညာများကို သူယုံသည်။ယင်းတို့က တချို့သောဝါရင့်သမ္ဘာရင့်လက်မှုပညာသည်များအောက်မလျော့ပေ။

 

ဤသို့ဖြင့် ချန်လီ၏ပန်းချီကားက ချွီလောင်၏စုဆောင်းခြင်းခံလိုက်ရသည်။ဘယ်သူမှ စျေးစကားမပြောကြပေ။သို့သော် ဒုတိယနေ့မှာ ယွမ်သန်းသုံးဆယ်ကျော် ဝူကျိုက်လင်၏အကောင့်ထဲကိုရောက်လာသည်။ဤသည်က ချန်လီ၏ပန်းချီကားအတွက်ချွီသခင်ကြီးပေးသည့်ငွေမှန်း ဝူကျိုက်လင်သိလိုက်သည်။

 

ဝူကျိုက်လင် စျေးနှုန်းက မြင့်လွန်းသည်ဟုမထင်သလိုနိမ့်လွန်းသည်ဟုလည်းမထင်ပါချေ။မည်သို့ပင်ဖြစ်စေ ချန်လီ၏ပန်းချီကားက ပိုက်ဆံဖြင့်တန်ဖိုးဖြတ်၍မရပေ။ဤစျေးနှုန်းက ပန်းချီကားကိုစုဆောင်းပြီးနောက် ချွီလောင်က ဖန်တီးသူကိုပေးသည့် ကျေးဇူးတင်လက်ဆောင်တစ်ခုမျှသာဖြစ်လေသည်။


စျေးနှုန်းအကြောင်းပြောရမည်ဆိုလျှင်လည်း ချွီလောင်ပေးသည့်စျေးနှုန်းကလည်း သင့်တင့်မျှတပေသည်။




<< >>


💘