Ch 45.2 ပျက်စီးခြင်း
"စတာပါ စတာပါ မပြောတော့ပါဘူး"
"နောက်ကျသွားပြီ"
ရှဲ့ယင်းက ချောင်ယန်၏ ခေါင်းကို ညှစ်ချင်သလိုမျိုး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"လူသား စမ်းသပ်မှုမှာ မင်း ဦးနှောက်ကို ဘာလို့ မပြုပြင်ခဲ့ရတာလဲ!"
ချောင်ယန်သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့သည်။ ရှဲ့ယင်းကသတိပြုမိသွားပြီး သူမ မပြောသင့်သောအရာတစ်ခုကို ပြောမိသွားသည်ကိုလည်း သဘောပေါက်လိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုကိုဓားနဲ့ထပ်ထိုးတာ ဘယ်သူ့အတွက်မှ မကောင်းပေ။
"သူတို့ ဂရုမစိုက်ဘူး..."
ချောင်ယန်၏ အသံက သစ်သားစားပွဲပေါ်မှ ထွက်လာခဲ့သည်။
"အသက်ရှင်နေသရွေ့ ကျန်တာကို သူတို့ ဂရုမစိုက်ဘူး"
ချောင်ယန်က စာကြောင်းအလယ်တွင် သူ့စကားလုံးများကိုထပ် ပြောင်းလိုက်သည်။
"တကယ်တော့ သေသွားရင်တောင် ဂရုမစိုက်ဘူး"
ရှဲ့ယင်းသည် လက်ကို ဖြည်းညှင်းစွာ လွှတ်ခဲ့လိုက်သည်။
ချောင်ယန်က သစ်သားစားပွဲပေါ်မှ ပြန်ထလိုက်ပြီး ပြောလာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ငါကလည်း သူတို့ရဲ့တစ်ခုတည်းသော စမ်းသပ်တဲ့ ဘာသာရပ်မဟုတ်ဘူးလေ "
အသက်ရှူကျပ်သည့်ခံစားချက်တစ်ခုက တဖန်ပြန်ပေါ်လာခဲ့ပြီး ရှဲ့ယင်း၏ လက်ခြေများကို ရစ်ပတ်လာခဲ့ကာ ကလေးမလေးတစ်ယောက်၏ ကြည်လင်သောအသံက သူမနားထဲမှာ ထပ်ထွက်လာခဲ့သည်။
သူမသည် မွေးစားသမီးဖြစ်ခဲ့သည်။ သူမသည် မွေးထဲစ သူမမိဘအရင်းက ဘယ်သူတွေလဲဆိုတာ မသိခဲ့ရပေ... ရွာ၌ အခြေအနေများက ခက်ခဲလှသည်။
သူမသည် မွေးစားမိသားစုမှ အစားအစာများကို စားသုံးရင်း ကြီးပြင်းလာခဲ့သည်။ သူမငယ်စဉ်ကတည်းက အိမ်နီးနားချင်းများ ပြောသည်ကို အမြဲကြားခဲ့ရသည်။
“ကြီးလာရင် နင့်မိဘတွေကို နင်ရိုသေရမယ် သူတို့က နင့်ကို မိန်းကလေး ဆိုေပမယ့်ခေါ်ထားပြီးကျွေးမွေးစောင့်ရှောက်ခဲ့ရတာ…”
သူမသည် သူမ၏မွေးစားမိဘတွေအား ကျေးဇူးဆပ်ချင်တာကြောင့် အရာရာတိုင်းကို ထူးချွန်ထက်မြက်အောင် ပြင်းပြင်းထန်ထန် သင်ယူလေ့လာခဲ့သည်။
ထို့နောက် ရွာကလူများပြောတာကိုထပ်ကြားခဲ့ရသည်။
" မိန်းကလေးဆိုတာက အနာဂတ်ကို ဆုံးဖြတ်ပြီးသားပဲ ခင်ပွန်းကောင်းကိုသာ ရှာစမ်းပါ”
သူမလရဲသင်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သောအခါတွင်လည်းထပ်ပြောကြပြန်သည်။
“မိန်းကလေးတစ်ယောက်က ရဲတစ်ယောက် တစ်ယောက်လုပ်ပြီးဘာလုပ်မလို့လဲ... ဘယ်ယောက်ျားက သူ့ကိုလက်ထပ်ဖို့ သတ္တိရှိတော့မှာလဲ... ပန်းကန်ဆေးနည်း ချက်ပြုတ်နည်းကို လေ့လာတာကမှ ပိုကောင်းအုံးမယ်"
သူတို့က ရှဲ့ယင်းသည်ပေးခဲ့သမျှ ရလာသမျှ အားလုံးကို ကျေးဇူးမသိတတ်ဘူးလို့လည်း ပြောခဲ့ကြသေးသည်။ သူမ တက္ကသိုလ်ကျောင်းသားလေးဘဝတွင် သူမမွေးစားအမေက ရုတ်တရက် ကိုယ်ဝန်ရှိလာခဲ့သည်။ သူမသည် အသက် 40 နဲ့ 50 နီးပါးလောက်ရှိပြီဖြစ်ပြီး ကလေးမွေးဖို့ အန္တရာယ်ရှိသော်လည်း သူမသည် အံတင်းတင်းကြိတ်ကာ ကိုယ်ဝန်ဆောင်ခဲ့သည်။ထို့နောက်တွင် ကိုယ်ဝန်သည်မိန်းကလေးဖြစ်ကြောင်းသိလိုက်ရပြီး ရွာထဲကလူများက လပြည့်ဝိုင်သောက်ဖို့ လာလည်ကြပြန်သည်။သူတို့က ယောင်္ကျားလေးဖြစ်ရင်ပိုကောင်းမယ် မိန်းကလေးလည်းအဆင်ပြေပါတယ်လေဟုပြောဆိုခဲ့ကြသည်။
ရှဲ့ယင်း၏မွေးစားအမေက သူမ၏ညီမကို လက်မောင်းထဲပွေ့ချီထားကာ နမ်းလိုက်ပြီးပျော်ရွှင်စွာပြောခဲ့သည်။
"သမီးလေးက ချစ်စရာကောင်းလိုက်တာ...အခုကစပြီး ဒီသမီးက မေမေ့ရဲ့အနွေးဂွမ်းကပ်လေး အခုချိန်ကစပြီး ငါတို့မိသားစုရဲ့ယွီလေး မေမေရဲ့ အနွေးဂွမ်းကပ်လေးပဲ!"
ရှဲ့ယင်းသည်လည်း သူ့ညီမလေးက ချစ်ဖို့ဆုံးလို့ ထင်ခဲ့သည်။ သုံးလေးနှစ်သားအရွယ်တွင် သူမအား "မမ" ဟုချိုသာသောအသံဖြင့် ခေါ်လာကာ ပွေ့ဖက်ရန် လက်ကိုဆန့်တန်းလာခဲ့သည်။
သူမ၏မိဘများသည် တစ်နှစ်ပတ်လုံး လယ်ကွင်းများတွင် အလုပ်လုပ်ကြသောကြောင့် ရှောင်ကျားယွီလေးသည် အိမ်တွင် သူမဘာသာ နေရလေသည်။ ရံဖန်ရံခါတွင် အဝေးမှအလုပ်လုပ်နေသော ရှဲ့ယင်းအားဖုန်းခေါ်တတ်ပြီး ဖုန်း၏အခြားတစ်ဖက်တွင် သူမကို "မမ" ဟုချိုသာစွာခေါ်ဆိုတတ်လေသည်။
ပူပြင်းသောနွေရာသီ တစ်နေ့တွင် နောက်ဆုံးဖုန်းခေါ်ဆိုမှုရောက်လာခဲ့သည်။ အလုပ်ကိစ္စကြောင့် ရှဲ့ယင်း၏ ဖုန်းသည် အမြဲတမ်း အသံတိတ်နေခဲ့ပြီး သူမ ဖုန်းမကိုင်ခံနိုင်ခဲ့ပေ။
ရှဲ့ကျားယွီလေးက သေသွားခဲ့ပြီဖြစ်သည်...
ရွာပြန်ရောက်ချိန်တွင် သူမညီမကို သင်္ဂြိုဟ်ပြီးနေပြီဖြစ်သည်။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် မိန်းကလေးငယ်သည် ဝမ်းနည်းစွာ သေဆုံးသွားခဲ့ရသည်။ ရွာကလူတွေက မိသားစုများရှေ့၌တော့ ပေါ်ပေါ်ထင်ထင် မဆွေးနွေးရဲကြပေမယ့် နောက်ကွယ်မှာအတင်းအများကြီးတုပ်ခဲ့ကြလေသည်။ ဆွေမျိုးတစ်ယောက်ဆိုလျင် စကားကိုမရပ်တန်းပြောခဲ့ကာတခြားသူများအားပြောခဲ့လေသည်။
“ငါ သူတို့ကို ဟိုဟာမလေးကို အလုပ်ကထွက်ခိုင်းပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့လုပ်ခိုင်းလို့ အကြိမ်ကြိမ်ပြောခဲ့သားပဲ...ဒါပေမယ့်သူတို့ကမလုပ်ခဲ့ဘူးလေ...အခုတော့ ကြည့်ပါအုံး မိသားစုထဲမှာ တစ်ယောက်မှ မရှိတော့ ဘာဖြစ်သွားလဲဆိုတာ...ဟိုဟာမလေးက အရမ်းကျေးဇူးမသိတတ်တာပဲ"
ဘယ်သူကမှ ကလေးမလေးကို သံတုတ်နဲ့ထိုးသတ်ကာ ရွှံ့မြောင်းထဲပြုတ်ကျသေဆုံးသွားသည့် အရူးလူသတ်သမားအားအပြစ်မတင်ခဲ့ကြပေ။ မြောင်းထဲက ငါးများတူးထုတ်ဖို့ကိုပင် နှစ်ရက်လောက် အချိန်ယူခဲ့ရပြီး အလောင်းက လူပုံပင်မပေါက်တော့သာကြောင့် တွင်းတူးပြီး အလျင်စလို မြှုပ်ပစ်ခဲ့ကြလေသည်။
ဘယ်လောက်တောင်ရယ်စရာကောင်းလဲ...
ရှဲ့ကျားယွီ၏နောက်ဆုံးဖုန်းခေါ်ဆိုမှုသည် သာမန်ဖုန်းခေါ်ဆိုမှုမျှသာဖြစ်ပြီး အကူအညီတောင်းသည့်ဖုန်းခေါ်ဆိုမှုမဟုတ်ပေ။ အရူးက တံခါးကို ဖောက်ဝင်ပြီး ကလေးမလေးကို အကူအညီတောင်းဖို့ အခွင့်အရေးတောင်မပေးခဲ့ပေ။
ရှဲ့ယင်းသည်ရွာတွင် တစ်လလောက်နေခဲ့သည်။ ရွာက လူငယ်တော်တော်များများက သူမကို ရုပ်ရည်ချောမောတယ်ဟု ပြောကြသည်။ သူမ၏ညီမကွယ်လွန်သွားသောကြောင့် အချစ်ဇာတ်လမ်းလုပ်ဖို့အတွက် ခံစားချက်မရှိနေခဲ့ကာ သူတို့ကို လျစ်လျူရှုခဲ့သည်။ ဘယ်အချိန်ကစခဲ့မှန်း မသိသော်လည်း ရွာထဲတွင် သူမသည် ရမ်းကားပြီး ယောက်ျားတွေကိုမြင်တိုင်း သွေးဆောင်ဖြားယောင်းမြူစွယ်တတ်သည်ဆိုသည့် ကောလဟာလများက ပျံ့နှံ့လာခဲ့သည်။ သူမ၏မွေးစားမိဘများက သူမကို ထိုနေရာမှထွက်ခွာရန် တွန်းအားပေးခဲ့သည်။ မြို့သို့ပြန်ရောက်ပြီး နှစ်အနည်းငယ်အကြာတွင် သူမ၏မွေးစားမိခင်သည် စိတ်ဖောက်ပြန်သွားခဲ့သည်ဟု သတင်းထွက်လာခဲ့သည်။
ရှဲ့ယင်းသည် နောက်ဆုံးတွင် အလုပ်မှထွက်ကာ အိမ်သို့ပြန်လာခဲ့ပြီး သူမ၏မွေးစားမိခင်ကို ပြုစုစောင့်ရှောက်ပေး၍ လယ်လုပ်ကာမွေးစားဖခင်ကို အလုပ်ဖြင့်ကူညီပေးခဲ့သည်။ သူမသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း သင်ယူခဲ့သမျှကို စွန့်ပစ်ခဲ့သော်ငြားလည်း အကောင်းမပြောခံရသေးပေ။ ရွာမှလူများက သူမကို လက်ညိုးထိုးမေ့ငေါ့လာကြကာပြောခဲ့ကြသည်။
"ကြည့်စမ်း အဲ့ဟာမပေါ့ သူ့ညီမကို သတ်ခဲ့တဲ့သူလေ... သူ့အမေကို စိတ်ဖောက်ပြန်အောင်လုပ်ခဲ့တဲ့ဟာမပေါ့ သူမကဒီမိသားစုရင်သွေးအရင်းမဟုတ်ဘူးတဲ့ မွေးစားခဲ့တာတဲ့...ကြည့်ကြည့် သူမအသွင်အပြင်နဲ့ မျက်နှာအမူအရာကိုပဲ ကြည့်မယ်ဆိုရင်တောင် မိန်းမကောင်းတစ်ယောက်နဲ့ကိုမတူဘူး"
မွေးစားမိခင်သည် စိတ်ဖောက်ပြန်ခဲ့ပြီး ရံဖန်ရံခါ စိတ်ဆိုးသောအခါတွင် ရှဲ့ယင်း ကို ဆွဲဆွဲခေါ်သွားတတ်သည်။ သူမက ရှဲ့ယင်း၏ဆံပင်များကိုဆွဲကာ အော်ဟစ်ခဲ့လေသည်။
"နင်မလား ဟမ် ငါ့သမီးကို သတ်တာ နင်မလား!"
နောက်ဆုံးတွင် သူမ၏မွေးစားမိခင်သည် သူမကိုယ်သူမပင် မမှတ်မိနိုင်တော့ပေ။ သူမသည် ရှဲ့ယင်းအား လူသတ်သမား မြေခွေးမ ဟုခေါ်ခဲ့ပြီး ငိုယိုကာ သူမသမီးကို သူမထံပြန်ပေးရန် တောင်းဆိုခဲ့သည်။
ရှဲ့ယင်းသည်လည်း ရှဲ့ကျားယွီကို အသက်ရှင်စေချင်သည်။ သူမသည် အပြုံးလေးဖြင့် ရှဲ့ယင်းအား "မမ" ဟု ခေါ်မည့် တစ်ဦးတည်းသော ညီမလေးဖြစ်ပေသည်။ တရုတ်နှစ်သစ်ကူးတိုင်း သူမလေးအတွက် အဝတ်အစားနှင့် အရုပ်တွေကို ယူလာပေးခဲ့ပြီး ပြန်ခါနီးချိန်များမှာတော့ ကလေးမလေးက ငိုပြီး မသွားဖို့တားပေလိမ့်မည်။
အကယ်၍ သူမရွာမှာပဲ နေခဲ့ပါက ပိုကောင်းသွားနိုင်မလား...အကယ်၍ သူမက အလုပ်မကြိုးစားဘဲ ကောလိပ်မတက်ခဲ့ဘဲနဲ့ အိမ်ထောင်ပြုရန်ကိုပဲ စောင့်ဆိုင်းနေသော မိန်းကလေးတစ်ဦးကဲ့သို့ ရွာမှာပဲ အေးအေးချမ်းချမ်း နေခဲ့ပါက ဤကဲ့သို့ မဖြစ်နိုင်လောက်ဘူးလား....
ရှဲ့ယင်းသည် သူမပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်တိုင်းကို ဘယ်တော့မှ နောင်တမရခဲ့သော်လည်း နာကျင်လွန်းသဖြင့် သူမကိုယ်သူမ သံသယမဝင်ဘဲ မနေနိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မိသားစုဝင်များ ပြန်လည်ဆုံဆည်းရမည့်တရုတ်နှစ်သစ်ကူးနေ့ ရောက်လာခဲ့တော့သည်။ မွေးစားအဖေသည် မနက်စောစော အလုပ်သွားခဲ့သည်။မွေးစားအမေသည် ယခင်ကထက် စိတ်အခြေအနေပိုကောင်းလာခဲ့သည်။သူမက ရှဲ့ယင်းအတွက် ထမင်းချက်ပေးပြီး ကောက်ညှင်းပေါင်းပန်းကန်လုံးပင် ချက်ပေးချင်သည်ဟု သူမက ဆိုခဲ့သည်။
ရှဲ့ယင်းသည် သူ့မွေးစားအဖေ အိမ်တွင်မေ့ကျန်ခဲ့သော အရာများကို ပေးရန် ထွက်သွားခဲ့သည်။ သူမပြန်လာချိန်တွင် စားပွဲပေါ်တွင်တင်ထားသည့် ကောက်ညှင်းပေါင်းလုံးများကို ကြည့်ကာ ပြုံးခဲ့မိလိုက်သည်။
"မေမေ ဒါ သမီးအတွက် လုပ်ထားတာလား.."
"ဒါက လူသတ်သမားအတွက်ပဲ!!"
သူမ အမေက ရေရွတ်ခဲ့ပြီး စားပွဲပေါ်တင်ထားသည့် ကောက်ညှင်းပေါင်းပန်းကန်ကို သူမရှေ့ကို တွန်းချလိုက်သည်။ အထဲရှိ အရည်များက ပျော့ပြဲနေခဲ့သည်။
ရှဲ့ယင်း အပြင်သွားချိန်တုန်းက မြစ်ကမ်းနားတွင် အဝတ်လျှော်နေသည် အမျိုးသမီးက သူမမိသားစုကိစ္စအကြောင်း အတင်းတုပ်နေတာကိုကြားခဲ့ရသည်။
"ပြောရရင် အစကအဘွားကြီး ရှဲ့ က ဘာမှမမှားသေးဘူး.....ဒါပေမယ့် သူ့သေသွားတဲ့သမီးက ပြန်ရှင်သင့်တယ်...သူ့မွေးစားသမီးကလူသတ်သမားလို့ အရှေ့မှာခဏခဏလာပြောမှတော့ ဘယ်လိုဖြစ်သွားမလဲ...အဲ့ရွာထဲကြွက်စုတ်အိုကြီးတွေက ဒီလောက်နှစ်တွေအကြာကြီးရှိလာပြီ အခုထိစကားကောင်းကောင်းဘယ်လိုပြောရမလဲမသိကြသေးဘူး"
သူမသည် ကောလဟာလတွေကြောင့် ဘာလို့ သေသွားသင့်ရတာလဲ...
ရှဲ့ယင် လည်းမသိနေပေ။ သူမသည် ကောက်ညှင်းလုံးဆန်ပြုတ်ပန်းကန်လုံးတစ်ဝက်လောက်ကို အလျင်စလိုမျိုချခဲ့လိုက်သည်။ သူမစားနေရင်း တစ်ဝက်လောက်မှာပဲ သူမမွေးစားအမေက ရုတ်တရက် တားလာခဲ့ပြီး "မစားရဘူး" ဟုပြောလာခဲ့သည်။
"ဟင့်အင်း အမေ....သမီးစားချင်တယ်"
ရှဲ့ယင်းက ပြောပြီး ပန်းကန်လုံးကိုပြန်ဖမ်းယူခဲ့သည်။ ကောက်ညှင်းတစ်လုံးကို ပါးစပ်ထဲအလျင်စလိုထည့်ခဲ့လိုက်ပြီး ပူလွန်းတာကြောင့် ချက်ခြင်း လျှာကျက်သွားခဲ့သည်။
မွေးစားအမေက သူမဆံပင်ကိုဆွဲလာခဲ့ကာ ကောက်ညှင်းတစ်ပန်းကန်လုံးအတွက် တိုက်ပွဲဝင်ခဲ့ရင်း "နင်မစားရဘူး!!နင့်ကိုစားဖို့ ငါခွင့်မပြုဘူး ပြန်လာခဲ့စမ်း လူသတ်သမား ပြန်လာခဲ့!"
ရှဲ့ယင်းသည် ချက်ချင်းမျက်ရည်ကျလာကာ ခေါင်းကိုခါလိုက်ပြီးပြောလိုက်သည်။
"အမေ...အဲ့လိုမလုပ်ပါနဲ့...အမေ...သမီး စားချင်တယ်... စားချင်လို့ပါ...ကျေးဇူးပြုပြီး သမီးကို လူသတ်သမားလို့ မခေါ်ပါနဲ့....ညီမလေးကို သမီးမသတ်ခဲ့ဘူး...."
ဒါပေမယ့် သူမမှာ အပြစ်ရှိပေသည်။
သူမသာ လွယ်လွယ်နဲ့သေသွားခဲ့ရင် ကျန်ရစ်သူတွေ ဘာလိုလုပ်ကြမလဲ...
အဆုံးတွင် သူမ၏မွေးစားမိခင်သည် သူမ၏ကိုယ်ပေါ်ပြုတ်ကျလာပြီး ငိုယိုကာ သူ့ညီမ၏အမည်ပြောင်ကို ခေါ်ယူလာ၍ "ကျားယွီ အမေမှားပါပြီ...အမေမှားပြီ" ဟု ထပ်ခါတလဲလဲပြောလာခဲ့တော့သည်။
သူမသည် သေခြင်းတရားကိုမြင်ပြီး သူ့မကိုယ်တွင် ယိုယွင်းပျက်စီးနေသည့် ဝိညာဉ်တစ်ခုကလွဲ ဘာမှမကျန်ခဲ့တော့ပေ...
သူမသည် အပြစ်ရှိပြီး.... ၎င်းအတွက် ထာဝရပေးဆပ်ရမည်ဖြစ်သည်။