Chapter 37.1
Viewers 7k

Chapter-37.1

(အားပြည့်စေတဲ့ စွပ်ပြုတ်က သောက်ချင်တိုင်းသောက်လို့မရဘူး)

နောက်တစ်နေ့..... 

ဆေးရုံရှေ့တွင် လူစုမကွဲသွားဘဲ ပိုတိုးလာခဲ့သည်။

ယခင်က ကျောင်းမြန်အား ထောက်ခံသူများသည် ဆန္ဒပြသည့်နေရာသို့မလာခဲ့ကြသလို စောင့်ကြည့်ရန်သာ ဆုံးဖြတ်ထားသူများသည် ကုရှင်းချီ၏ ပြန်လည်ထူထောင်ရေး ဓါတ်ပုံများကို လူသိရှင်ကြား ထုတ်ပြလိုက်သည်ကို မြင်လိုက်ရချိန်တွင် ကြီးမားသော ပွက်လောရိုက်မှု ဖြစ်ခဲ့သည်။ 

ဆေးဖက်ဝင်အပင်တွေက လူတွေကို တကယ်ကုပေးနိုင်လို့လား....။

ကုရှင်းချီက တကယ်သက်သာလာပြီလား.....။

အနာဂတ်မှာ ဆေးပညာနယ်ပယ်မှာ အပြောင်းအလဲရှိနိုင်လား....။ 

လူတိုင်းသည် အတည်ပြုရန် ဆေးရုံအပြင်တွင် စုဝေးနေကြသော်လည်း ကုရှင်းချီက ထွက်မလာခဲ့ပေ။

စီဆဲလ်က ပြုံးလိုက်ပြီး မင်ရန်အား လူအနည်းငယ်နှင့် လိုက်သွားရန် အချက်ပြလိုက်သည်။

လူအုပ်ကြီးသည် ၎င်းတို့၏အနီးတွင် ပျံသန်းသည့် စက်တစ်တစ်မျိုး ဆင်းသက်လာသည်ကို မြင်လိုက်စပြီး ထိုစက်ထဲမှ လူအချို့ထွက်လာကာ ကုန်ကြမ်းအချို့ကို ယူလာပြီး ဆေးရုံ တံခါးရှေ့တွင် ယာယီစင်မြင့် တစ်ခုတည်ဆောက်နေကြလေသည်။

ဒါက.....ဘာအတွက်လဲ....။

ထို့နောက်တွင်.. သူတို့သည် ယနေ့ခေတ် ရေပန်းစားဆုံး ဇာတ်ဆောင်ကို တွေ့ခဲ့ကြသည်။

ကုရှင်းချီ နှင့် ကျောင်းမြန် တို့သည် အခြားသူများနှင့်အတူ ထွက်လာခဲ့သည်။

စီဆဲလ် နှင့် ကျောင်းမြန်တို့သည် အရေးကြီးသည့် အချိန်တိုင်း ဘေးချင်းယှဥ်၍ သွားလာကြပြီး ကျောင်းမြန်၏လက်သည် စီဆဲလ်၏ လက်မောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

ကုရှင်းချီ နှင့် အယ်လန်တို့သည်လည်း ဘေးနားတွင် ရပ်နေကြပြီး ကုရှင်းချီ၏ အသွင်အပြင်သည် အလွန်ကြည့်ကောင်းနေသည်။

ထိုလူများ ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီးသည် ပို၍ အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

ကုရှင်းချီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လူတိုင်းကို ဒုက္ခပေးမိသည့်အတွက် စိတ်မကောင်းပါဘူး" 

ဆေးရုံရှေ့တွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကုရှင်းချီ၏ အသံမှာ လေးနက်နေသည် - 
"လူတိုင်းက ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ.. စိုးရိမ်မှုတွေနဲ့ ကျွန်တော့်အတွက် စိတ်ပူရအောင် လုပ်မိလို့ တောင်းပန်ပါတယ်.."

ထို့နောက်တွင်၊ ကုရှင်းချီသည် စီဆဲလ်အား လေးလေးနက်နက် ဦးညွှတ်ကာ ပြောလေသည်။

"ဗိုလ်ချုပ်ကြီးရဲ့ အကြံအစည်ကို နှောင့်ယှက်မိပြီး ဗိုလ်ချုပ်ကြီးကို စစ်ရေးကိစ္စနဲ့ အုပ်ချုပ်မှုပိုင်းမှာ ပြသနာဖြစ်စေခဲ့တယ်...ပြီးတော့ ပင်လယ်ဓါးပြတွေကို အခွင့်အရေးယူအောင် လုပ်မိလို့ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်.." 

"ကျွန်တော်ကြောင့် ကုကျင်းလန်နဲ့ ဖက်ဒရယ် စစ်တပ်က တိုက်ပွဲတွေဖြစ်ခဲ့ရတာပါ ..အကုန် ကျွန်တော့် အပြစ်ပါ ..ကျွန်တော်သေသင့်ပါတယ်.."

နောက်ဆုံးတွင် ကုရှင်းချီ က ကျောင်းမြန် အား ဦးညွှတ်ကာ တောင်းပန်လိုက်သည်-
"ဗိုလ်ချုပ်ကျောင်း လည်း မကောင်းတဲ့ စကားတွေ အတင်းအဖျင်းတွေကို သည်းခံပေးခဲ့ရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..."

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကုရှင်းချီသည် အရင်ကအမှုများကို ပြန်ဖြေရှင်းနေသည်မှာ အဆင်ပြေနေသော်လည်း ယခု သူလုပ်နေသည့်ကိစ္စများအား ကြားနေရချိန်တွင် လူတိုင်းသည် အပြစ်ရှိစိတ်ကို ခံစားလာရသည်။

"အားလုံးပြီးသွားပါပြီ" 

စီဆဲလ်က ပြုံးပြီး ရှေ့သို့ထွက်ကာ ကုရှင်းချီ၏ ပုခုံးအား ဖက်လိုက်ပြီး....

"ဒီကိစ္စ ပြီးသွားပါပြီ... ငါတို့ အဖွဲ့ချုပ်ရဲ့ ဗိုလ်မှူးကု က အဆင်ပြေနေတယ်ဆိုရင် ဒါ ငါတို့အဖွဲ့ချုပ်ရဲ့ အောင်ပွဲတစ်ခုပဲ...." 

ဘယ်သူကစခဲ့မှန်း မသိလိုက်သော လက်ခုပ်သံများသည် စင်အောက်မှ ပျံ့နှံ့လာခဲ့ပြီး နွေးထွေးမှုအပြည့်ရှိလေသည်။

စီဆဲလ်သည် ကုရှင်းချီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်-
"ဗိုလ်မှူးကု ပြန်လာတာကို ကြိုဆိုပါတယ်!"

"ဗိုလ်မှူးကု ကို ကြိုဆိုပါတယ်"

"ဗိုလ်မှူးကု ကို ကြိုဆိုပါတယ်"

ကုကျင်းလန်သည် ဤမြင်ကွင်းကို အနောက်မှ မြင်လိုက်ရပြီး ကုမိသားစု အကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"နောက်ထပ် ဗိုလ်ချုပ်ကုကို ဘေးကင်းစွာ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးတဲ့ ဂုဏ်ပြုထိုက်သော အရာတစ်ခု!" 

စီဆဲလ်သည် ကျောင်းမြန်၏လက်ကိုကိုင်ကာ ပြုံးလိုက်သည်။

"အပင်ကုထုံးရဲ့ ဖြစ်နိုင်ခြေတွေကိုအတည်ပြုပြီးပါပြီ....ဗိုလ်ချုပ်ကျောင်းက မန်ရာစ့် မိသားစုရဲ့ သားငယ် အန်ဒါက ကျုပ်ကို ဇာစ့်အဆိပ်နဲ့ ခတ်ပြီး သတ်ဖို့ကြံတုန်းက သူ့ရဲ့ ကုသမှုနဲ့ပဲ ကျုပ်ကို ကယ်ပေးခဲ့တာ အခုလည်း ဗိုလ်မှူးကု ကိုကယ်ပေးလိုက်ပြန်ပြီ......ဒါက အဖွဲ့ချုပ်ရဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ....."

“အရင်တုန်းကတော့ ကျုပ်တို့ ရဲဘော်တွေ ဒုက္ခရောက်ရတယ်......ပင်လယ်ဓါးပြတွေက ဇာစ့်အဆိပ်ကို သုံးတဲ့အတွက်ကြောင့် အသေအပျောက်များလာပြီး ကုသဖို့လည်းခက်လို့ သေဆုံးမှုနှုန်းက အရမ်းမြင့်လွန်းတယ်...ဒါပေမယ့် အခုက စပြီး ငါတို့ ဇာစ့်အဆိပ်ကို ကြောက်စရာ မလိုတော့ဘူး.....ဆွေးနွေးမှုတွေလုပ်ပြီးနောက်မှာ..အဖွဲ့ချုပ်က ဇာစ့် အဆိပ်ဖြေဆေး ရဲ့တိုးတက်မှုကို အာရုံစိုက်ဖို့ ရည်ရွယ်ထားတာကြောင့် ကျောင်းမြန်က မင်းသားအယ်လန် နာမည်နဲ့ ကျုပ်တို့ရဲ့ သုတေသီတွေနဲ့အတူ ဆေးဝါးစက်ရုံတည်ထောင်ပြီး အဖွဲ့ချုပ် ...ရေခဲမြစ် နဲ့ တခြားလက်အောက်ခံ နိုင်ငံတွေကို ဦးဆောင်တဲ့နေရာမှာလည်း ကူညီပေးလိမ့်မယ်"

ကုရှင်းချီက ဂုဏ်ပြုစကားအား အော်ဟစ်ကာ ပြောခဲ့သည်။

"အဖွဲ့ချုပ်နဲ့ ဇာစ့်တို့ကြားက တိုက်ပွဲကို ထပ်ပြီး အနိုင်ရသွားလို့ ဂုဏ်ယူပါတယ်..."

"အဖွဲ့ချုပ်ကို ဂုဏ်ပြုပါတယ်။"

ဆန့်ကျင်မယ့်သူတွေ ရှိကောင်းရှိနိုင်သော်လည်း အခု ကျောင်းမြန်၏စက်ရုံသည် မရှိမဖြစ်လိုအပ်နေပြီဖြစ်၍ ဆန့်ကျင်သူများအနေဖြင့် ကန့်ကွက်ရန် အကြောင်းပြချက် မရှိနေသည်တော့ မဟုတ်ပေ။

မူလကသေဆုံးသွားနိုင်သော ကုရှင်းချီသည် ယခုအချိန်တွင် စင်မြင့်ပေါ်တွင်ရပ်ကာ ကျောင်းမြန်အား ကျေးဇူးတင်စကားပြောနေသည့် ပုံရိပ်သည် ကျောင်းမြန်သည် လျှို့ဝှက်သူလျှိုတစ်ဦးဖြစ်သည်ဟု ပြောခဲ့သောစကားများသည် သဘာဝအတိုင်း ပျက်စီးသွားခဲ့သည်။

ကြယ်ကွန်ရက်၏ ပင်မစာမျက်နှာကို ပွဲလမ်းသဘင် အနီရောင်အဖြစ် ပြောင်းလဲလိုက်သည်။

ကုရှင်းချီပြန်လည်ကောင်းမွန်လာပြီး အဖွဲ့ချုပ်ထံသို့ အခွင့်အလမ်းသစ်များယူဆောင်လာသည့်အတွက် ကျောင်းမြန်အား ဂုဏ်ပြုပါသည်။

မင်ရန်သည် ကျောင်းမြန် ၏ကျော်ကြားမှုကို တိုက်ထုတ်ရန်အတွက် ရေတပ်တစ်ခုကို အချိန်နှင့်တစ်ပြေးညီ ဝယ်ယူခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း သဟဇာတဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ကျောင်းကို ထောက်ခံခြင်းသည် နိုင်ငံရေးအရ မှန်ကန်လာသည်။

# ခင်ပွန်း နှင့် ခင်ပွန်း အနာဂတ်မှာ တွဲလက်မြဲပါစေ

#ဗိုလ်ချုပ်ကျောင်းသည် အလှတရားနှင့် အရည်အချင်းကို ပေါင်းစပ်ထားသောကြောင့် သူဘာမဆိုလုပ်နိုင်သည်

#ဗိုလ်မှူးကု အမြန်နေကောင်းပါစေ။

{အိုင်း....ဗိုလ်ချုပ်ကြီး စီဆဲလ်က ဆေးရုံရှေ့မှာ ဒေါသထွက်နေတဲ့ အရင်အပိုင်းကို သတိရရင်း ရုတ်တရက် နာကျင်ပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်....ဗိုလ်ချုပ်ကြီးက အဖွဲ့ချုပ်အတွက် အများကြီး ပေးဆပ်ထားတာတောင် ငါတို့က ရလဒ်ကို မေးခွန်းထုတ်နေတုန်းပဲ....သူ ငါတို့ကို စိတ်ပျက်နေပြီ ထင်တယ်....ဟုတ်တယ်မလား}

{+1၊ ဗိုလ်ချုပ်ကျောင်း က လူတွေကို ကယ်တင်နေတာ သိသာပါတယ်.... ဒါပေမယ့် သူက ဖိအားတွေ အများကြီးကို ခံနိုင်ရည်ရှိနေတုန်းပဲ၊ ဒါက တကယ်ကို တော်လွန်းပါတယ်.... စောစောက လုပ်ခဲ့မိတာတွေကို ရပ်တန့်လိုက်ခိငွတယ်...}

{ဗိုလ်ချုပ်ကျောင်းက ဖိအားပေးခံရတိုင်း ဗိုလ်ချုပ်ကြီး စီဆဲလ်က သူ့ကိုအမြဲထောက်ခံပေးတယ်...ဘယ်လို နတ်သမီးအချစ်ဇာတ်လမ်းမျိုးလဲ...စစ်မြေပြင်မှာ စသိတယ်...အခုတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး အတူတူရင်ဆိုင်နေကြတယ်....}

{အိုး၊ ဘာပဲဖြစ်ဖြစ်၊ အရင်က မှတ်ချက်တွေကို ဖျက်ဖို့က လွယ်ပါတယ်}

{ဗိုလ်ချုပ်ကျောင်းကို စကားကူမပြောပေးခင် မင်း အရည်အသွေးနိမ်တဲ့ cp ဖန်တွေဆီကနေ အရင်အပြောခံရလိမ့်မယ်...အဲ့ဒါ မင်းတို့မျက်နှာ မနာကြဘူးလား......ကျောင်းမြန်ကို လူတိုင်းက လူကောင်းလို့ပြောနေတဲ့အချိန် ငါက သူကြောင့်ပဲ အကုန်ရှုပ်ထွေးကုန်တယ်ထင်တာပဲ....သူ့ကြောင့် ဆေးရုံကို ကုမိသားစု စစ်တပ်နဲ့ ပင်လယ်ဓါးပြတွေ လာတိုက်ကြတာ လူတွေက သူတို့ကိုယ်သူတို့ လိမ်ညာပြီး စစ်သားတွေကို သူ့ဒေါသကို ခံဖို့ အသက်စွန့်ခိုင်းနေကြတယ်....မင်းတို့ဘာမှမသိဘူးလား....ဆေးရုံအနီးတစ်ဝိုက်နဲ့ ကုသရေးအခန်းတွေမှာ ပေါက်ကွဲမှုဖြစ်လို့ စစ်သား ဘယ်လောက် ဒဏ်ရာရနေမလဲ.... }

{ အပေါ်ထပ်က လေသံက ဘာလဲ....မင်းက အရမ်းထက်မြက်နေတယ်ပေါ့....}

{အပေါ်ထပ်က လေသံက အရမ်းမိုက်နေပေမယ့် ...အမှန်တရားပဲလေ..... ငါတို့ ဗိုလ်ချုပ်ကြီးကို နည်းနည်း ပိုယုံပေးလိုက်ရမှာ...အခုလိုမျိုး ဒုက္ခမပေးလိုက်သင့်ဘူး....ငါတို့ရင့်ကျက်ဖို့လိုနေပြီ....}

လူတိုင်း၏ အတွေးထဲတွင် ဆေးဝါးစက်ရုံတည်ဆောက်ပြီးနောက် မည်သို့ဖြစ်လာနိုင်လဲအားတွေးနေကြသည်။ 

အနည်းဆုံးတော့ အဆိုးဆုံး မဖြစ်လောက်ဘူးမလား....။

ကုရှင်းချီသည် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်နေထိုင်ခဲ့ပြီး ကျောင်းမြန်သည် သူ့အား အဆင်ပြေစေရန်အတွက် ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။

စီဆဲလ်သည် ဆေးရုံခန်းများထဲမှ တစ်ခုကို ပြင်ဆင်ပြီး VIP အခန်းအဖြစ်သို့ ပြောင်းလဲပေးရန် တောင်းဆိုခဲ့သည်။

ကိစ္စများအပြီး နှစ်ရက်အကြာတွင် ကျောင်းမြန် သည် ကုရှင်းချီ နှင့် သူ့တပ်သားကို သေချာ ပြုစုစောင့်ရှောက်ရန် ဆေးရုံတွင် နေထိုင်ခဲ့ပြီး စီဆဲလ်မှာလည်း အလုပ်များနေသောကြောင့် နှစ်ယောက်သား တွေ့ဆုံရန် အချိန်အနည်းငယ်သာ ရှိနေလေသည်။

စီဆဲလ်တွင် တရားဝင်လုပ်ငန်းများ အများကြီးရှိနေပြီး ပထမဆုံးအနေနဲ့ ကုမိသားစု အကြီးအကဲအား ဖိတ်ကြားခဲ့သော်လည်း မိသားစုအကြီးအကဲက တောင်းပန်ရန် တံခါးဝသို့ ကိုယ်တိုင်လာမလည်ခဲ့ပေ။

ထို့အပြင် စီဆဲလ်သည် ဆေးဝါးစက်ရုံဖွင့်လှစ်ရန် ပြင်ဆင်မှုများကို ကြီးကြပ်ကွပ်ကဲရမည်ဖြစ်သည်။

သံပူနေချိန်တွင် နာနာ ထုရိုက်ရမည်ဖြစ်သောကြောင့် စီဆဲလ်သည် နောက်နေ့ဖွင့်မည့် စက်ရုံဖွင့်ပွဲကို ပြင်ဆင်ရန်အတွက် လူအင်အားများစွာကို ထပ်တိုးထည့်ခဲ့သည်။

ကုရှင်းချီ ၏ ဘေးကင်းစွာ ပြန်လည်ကောင်းမွန်လာမှုကို ဂုဏ်ပြုရန်အတွက် အဖွဲ့ချုပ်သည် စက်ရုံဖွင့်ပွဲကို ခမ်းနားကြီးကျယ်စွာဖြင့် တစ်ရက်နှင့်တစ်ည ခမ်းခမ်းနားနားပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး လက်အောက်ခံ ပြည်နယ်နှင့် မဟာမိတ်များအားလုံးကို ကိုယ်စားလှယ်များ စေလွှတ်ကာ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့သည်။

စီဆဲလ်သည် ဆေးရုံတွင် တစ်ညတာ အိပ်စက်ခဲ့ပြီး နောက်တစ်နေ့တွင် သူ၏အဝတ်အစားများကို ပြည့်စုံစွာဝတ်ပြီးနောက် ဆေးရုံရှိ အစည်းအဝေးခန်းတွင် ကုမိသားစု၏ အကြီးအကဲကို စောင့်ဆိုင်းခဲ့သည်။

ကုမိသားစုအကြီးအကဲ ဗိုလ်ချုပ်ကုသည် ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားပြီး အတွင်းရေးမှူးကိုသာ ခေါ်ဆောင်လာခဲ့သည် ။

"တောင်းပန်ပါတယ်" 

ဗိုလ်ချုပ်ကုသည် တာဝန်မှရှောင်ရှားရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ရောက်လာသည်နှင့် တစ်ပြိုင်နက် စီဆဲလ်အား အလေးပြုကာ အလေးအနက် ဦးညွတ်လိုက်သည်။

"ဒီတစ်ခါမှာ ကုမိသားစုက သေချာမစဥ်းစားမိဘဲ ဖယ်ဒရယ်ကို ဒုက္ခရောက်စေခဲ့မိပါတယ်....ကုမိသားစုကိုယ်စား ဗိုလ်ချုပ်ကြီးကို တောင်းပန်ပါတယ်...."

ဗိုလ်ချုပ်ကုတွင် အေးစက်နေသော မျက်နှာအနေအထားရှိနေသေးသော်လည်း သူ၏ မျက်လုံးထဲရှိ ရိုးသားမှုမှာ ထင်ရှားနေဆဲဖြစ်သည်။

သူသည် လူမိုက်တစ်ယောက်မဟုတ်ပေ။ 

၊ ယခုကိစ္စ ၏ အမှန်တရားကို သူနားလည်လာသည့် အချိန်တွင် သူ့သားအကြီးအား သတ်မိလုနီးပါးဖြစ်သွားပြီး အကူအညီမပေးနိုင်ခဲ့ပေ။

ထိုအချိန်က ကျောင်းမြန်နှင့် စီဆဲလ်တို့အတင်း အကျပ် ခေါ်ထားကြခြင်းကြောင့် ဝမ်းသာမိလေသည်။

ဗိုလ်ချုပ်ကုက ပြောလေသည်-
"ဗိုလ်ချုပ်ကြီး က ကုမိသားစုကို အပြစ်ပေးချင်တာပဲဖြစ်ဖြစ် ၊ လျော်ကြေးပေးစေချင်တာပဲဖြစ်ဖြစ် ငါကျေကျေနပ်နပ်ကြီး လက်ခံမှာပါ..." 

စီဆဲလ်က ပြုံးလိုက်သည် ။

"ဒီတစ်ခါ ကုမိသားစုက အမှားတစ်ခုလုပ်ခဲ့တယ် ၊ ဒါပေမယ့် ရှင်းချီရဲ့မျက်နှာကိုထောက်ပြီး ကျွန်တော် ဘာမှမလုပ်ပါဘူး..."

သူ့မိသားစုကိုလည်း အပြစ်ပေးလို့မရပေ...။ 

 ရှေးဦးစွာ သူနှင့် ကုရှင်းချီတို့သည် တစ်ဘဝလုံးစာအတွက် မိတ်ဆွေများဖြစ်ကြသောကြောင့် မသင့်လျော်ပေ။ 

ဒုတိယအချက်မှာ ဤစစ်တပ်မိသားစုသည်ပြင်းထန်စွာအပြစ်ပေးမည်ဆိုလျှင် ဤအချက်ကိုမေ့ထား၍ မရပေ။

ကုရှင်းချီ သည် နယ်စပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖက်ဒရယ်ပြည် ထောင်စု အတွက် ခိုင်မာသော ကာကွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်စေခဲ့ပြီး စီဆဲလ်ထက် အနည်းငယ်မျှသာ လျော့နည်းသော ပံ့ပိုးမှုကိုပေးခဲ့သည် ။

"ကောင်းပြီလေ... သေးငယ်တဲ့ ပြစ်ဒဏ်ဆိုလည်း သေးငယ်တဲ့ ပြစ်ဒဏ်ပဲပေါ့ "

စီဆဲလ်က ပြောလေသည်။
"မနက်ဖြန်ဖွင့်ပွဲမှာ ကျောင်းမြန် ကို စိတ်ရင်းအမှန်နဲ့ တောင်းပန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဗိုလ်ချုပ်ကု က ခေါင်းညိတ်ပြရင်း....
"ကောင်းပါပြီ...."

ဗိုလ်ချုပ်ကုသည် စီဆဲလ်၏ ရည်ရွယ်ချက်များကိုနားလည်သည် ။

စီဆဲလ်သည် ကျောင်းမြန်အတွက် သူ၏ဂုဏ်သိ
က္ခါအား ထိန်းသိမ်းရန်၊ သူ့အတွက် လမ်းကြောင်းဖောက်ပေးရန်၊ ပြည်ထောင်စုအတွင်း နေရာတစ်နေရာ ရရန် အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည်။

အဲ့အစား မနက်ဖြန်ဖွင့်ပွဲတွင် ကုမိသားစုမှ ကျောင်းမြန်အား ကျေးဇူးတင်သည့်အနေဖြင့် ဂုဏ်ပြုပန်းစည်းပို့ပေးကာ ကျေးဇူးတင်စကားပြောပြီး စကားအနည်းငယ်ဖြင့် အကောင်းပြောပေးမည်ဆိုလျှင် အကျိုးသက်ရောက်မှု ပိုကောင်းနိုင်မည်ဖြစ်သည်။

ဗိုလ်ချုပ်ကုက ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။
" ဗိုလ်ချုပ်ကြီး...ငါတို့က မင်းကို ယုံကြည်တယ်...ငါတို့တင်မဟုတ်ဘူး ပြည်သူအကုန်လုံးက မင်းကိုယုံကြည်တယ်....စစ်ပွဲတွေမှာဆို စစ်သားတွေက မင်းရဲ့ အမိန့်တစ်ခွန်းတည်းနဲ့ အသက်စွန့်ဖို့လည်း ဝန်မလေးဘူး ဘာလို့လဲဆိုတော့ မင်းက အဖွဲ့ချုပ်အတွက် အရာအားလုံး လုပ်ပေးနိုင်တယ်ဆိုတာ ငါတို့သိနေလို့..."

စီဆဲလ်က အနည်းငယ် ညည်းညူလိုက်သည်။

သူဘာလို့ ဒီအကြောင်းကို ရုတ်တရက်ထပြောတာလဲ....။

ဗိုလ်ချုပ်ကု ကပြောလေသည်။
"ငါက မင်းကို သတိထားစေချင်တာပါ ပြီးတော့ ...သမာသမတ်ကျမယ်လို့လည်း မျှော်လင့်ပါတယ် ..."

စီဆဲလ်က နားလည်လိုက်သည်။

ဗိုလ်ချုပ်ကု က သူ ၏ တာဝန်များကို သတိပေးနေပြီး ရေခဲမြစ်အင်ပါယာမှ ၎င်းတို့ကို အများကြီး မစားမိစေရန် ကျောင်းမြန်အား တစ်ရက်အတွင်း အခွင့်အရေးများစွာ မပေးရန်လည်း အကြံပေးခဲ့ခြင်းဖြစ်သည် ။

"အိုင်း...."

စီဆဲလ်က ခေါင်းကို ခါလိုက်ပြီး...
"ကုမိသားစု မျိုးဆက်ကတော့...ကုမိသားစု မျိုးဆက်ပါပဲ..."

သူ့အဖေက အာဏာရနေသည်အား သိလိုက်ရချိန်တွင် ကုမိသားစုကလည်း ဒုက္ခပေးချင်နေလေသည်။

ဗိုလ်ချုပ်ကု က ပြောလေသည်။
"လူတိုင်းက မင်းစကားကို နားထောင်ပေမယ့်လည်း မင်းနဲ့ သင့်တော်မဲ့ အရာကို သတိပေးဖို့ တစ်ယောက်ယောက်တော့ ရှိနေရမယ်လေ.." 

စီဆဲလ်က ခနဲ့ကာ ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"ကျွန်တော်က တည်ငြိမ်တယ်လေ အရမ်းကို သမာသမတ်ကျတာ...ဒါပေမယ့် ကုကျင်းလန်လို အမှားမျိုးတော့ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး..." 

ဗိုလ်ချုပ်ကု က ငြိမ်နေလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည် ။ 

ထို့နောက် စီဆဲလ်နှင့် ဗိုလ်ချုပ်ကု တို့သည် အောက်သို့ဆင်းကာ ကုရှင်းချီအားတွေ့ရန် အတူထွက်လာခဲ့ကြသည်။