ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး အခန်း ၈၈
ရို့စ်မယ်ရီထွက်သွားသည်နှင့် ရိုယာက အကြောင်းအရာအသစ်တစ်ခုကို အမြန်တင်ပြခဲ့လိုက်သည်။
"ဒါနဲ့ ဘယ်ရွန်မြို့စား။ လေဒီလူနာက အခမဲ့ဆေးရုံကို ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာကို ကြားပြီးပြီလား"
"အခမဲ့ဆေးရုံလား"
"ဟုတ်တယ်! ကျွန်တော်တို့က ဧကရာဇ်ရဲ့ ခွင့်ပြုချက်ကိုပဲ စောင့်နေကြတာ"
"ဧကရာဇ်ရဲ့ ခွင့်ပြုချက်လညး။ လူနာ ဒါကဘာတွေလဲ"
ဘယ်ရွန်၏ မျက်လုံးများက တဖျတ်ဖျတ်ခါကာ ရှင်းပြချက်တစ်ခုတောင်းလာခဲ့သည်။ ထိုကျေးဇူးကြောင့် ရို့စ်မယ်ရီ၏ နောက်သို့လိုက်မည့် လူနာသည် ရုတ်တရက် ရပ်သွားခဲ့ရသည်။
"အိုး အဲဒါက…"
ထို့ကြောင့် အန်းသန့်စ်က သူမအစား ရို့စ်မယ်ရီ နောက်သို့ လိုက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သာမန်ထက်အနည်းငယ်ပိုပုသော ရို့စ်မယ်ရီသည် ဝင်ပေါက်နားမရောက်မီလေးတွင်ပဲ အန်းသန့်စ်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။သူမက တည်ငြိမ်သောအမူအရာဖြင့် အန်းသန့်စ်ကိုကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။နင် ငါ့ကို အပြင်ထိလိုက်ပို့ချင်လို့လား"
"အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောမနေနဲ့။နင် ဒီလို လုပ်ရပ်မှာ ပါဝင်ဖို့ မင်း ဘာ အစီအစဉ်တွေကို ဖုံးကွယ်ထားတာလဲ"
လေထုသည် သူမ ကောင်းကောင်းမဖြေပါက ကိစ္စတွေက ကောင်းကောင်းအဆုံးသတ်သွားမှာမဟုတ်ဘူးဟု အကြံပြုနေခဲ့သည်။ရို့စ်မယ်ရီက ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။
"အဲ့ဒါဟာ ရယ်စရာပဲ။ငါက အခု တစ်စုံတစ်ယောက်ကို ကူညီနေတာကို နင်ကတော့ ဒီလိုပြောတယ်တဲ့လား။ငါရော ဒါကို သဘောကျလို့ လုပ်နေတယ်လို့ ထင်နေလား။ငါက ဒီလိုမျိုး ပြေးလာရတာထက် လေဒီလူနာနဲ့ ညစာအတူစားရတာကို ပိုတောင်ကြိုက်သေးတယ်.."
သူမ ဘာတွေပြောနေတာလဲ တကယ်ကြီးလား။
အန်းသန့်စ်သည် ခဏလောက် ထိုကဲ့လိုအမူအရာဖြစ်သွားပြီး ရို့စ်မယ်ရီက အနည်းငယ် စိတ်တိုသောလေသံနှင့် ပြောလိုက်သည်။
"နင် ခါတိုင်းဆို ပြတ်ပြတ်သားသား ပြုမူပြီး အရာအားလုံးကို နားလည်ချင်ဟန်ဆောင်ပေမယ့် အရေးကြီးဆုံးအရာကိုတော့ တကယ်မသိပေါ့လေ။ စဉ်းစားကြည့်လိုက်။ ဘယ်ရွန်မိသားစုနဲ့ငါတို့မိသားစုကြားဆက်ဆံရေးက ဒီဖလှယ်မှုကနေ စပြီးတိုးတက်သွားမယ်ဆိုရင် ဘယ်သူက အကျိုးအများဆုံးရှိမှာလဲ"
"မင်းလေ"
အန်းသန့်စ်၏အဖြေက တုံ့ဆိုင်းမှုမရှိဘဲ ထွက်ပေါ်လခဲ့ာသည်။ အဲ့ဒါက အမှန်ပဲ... ဒါကြောင့် ရို့စ်မယ်ရီက ကိုရို့ကားယား ချောင်းဆိုးလိုက်ပြီး ထပ်မံ ဟောပြောတော့သည်။
"ဟင့်အင်း!အဲ့ဒါက ငါ့အကိုကြီးအတွက်ပဲဟုတ်ပြီလား။ မိသားစုတွေကြား ဆက်ဆံရေးဖြောင့်ဖြူးလာရင် ဘယ်လိုဆွေးနွေးမှုက ပါလာမှာလဲသိလား။အဲ့ဒါက ငါ့အကိုကြီးနဲ့ လေဒီလူနာတို့ရဲ့ လက်ထပ်ကြောင်း ကမ်းလှမ်းမှုပဲဆိုတာ အသိသာကြီး!"
"…ဘာ"
လက်ထပ်တာလား...
စကားဝိုင်းက မမျှော်လင့်ထားသော အလှည့်အပြောင်းဖြစ်သွားခဲ့ပြီး အန်းသန့်စ်ကိုမျက်မှောင်ကြုတ်စေခဲ့သည်။
"ကြည့်လေ ငါ့အစ်ကိုကြီးက Lady Luna ကို အရမ်းတွယ်ကပ်နေတာမလား။ငါကူညီမယ် လို့ ပြောရင် နင်က 'အော ကျေးဇူးတင်ပါတယ်' ဆိုပြီး မျက်ရည်တွေနဲ့ ပြောလာသင့်တယ်မဟုတ်ဘူးလား"
ဒီအရူးကတော့။တကယ့် ငနုံပဲ! ဟိုမှာ နင့်ထက် အများကြီး ပိုကောင်းတဲ့ အိမ်ရှေ့စံမင်းသားက လေဒီလူနာကို မျက်စိကျနေတယ်လို့!!
"ဒီတော့ တစ်ယောက်ယောက်က နင့်ကို ကူညီချင်နေတာကို ကျေးဇူးတင်စွာ လက်ခံလိုက်ဟုတ်ပြီလား။နောက်မှ နောင်တရမနေနဲ့"
ရို့စ်မယ်ရီသည် သူမ၏စိတ်ပျက်မှုများကို ဖြေဖျောက်ပြီးနောက် ဒီလိုလူနဲ့ဆက်ပြောနေလို့အကျိုးမရှိဟုယူဆကာ စကားဝိုင်းမှထွက်ဥ ရထားပေါ်သို့တက်သွားခဲ့လိုကါသည်။ထို့နောက် ရထားက မဆိုင်းမတွဘဲ လူနာ၏သံအိမ်မှ ထွက်ခွာသွားခဲ့သည်။
လက်ထပ်တာ...လူနာ နဲ့ သူကလေ။
သူနှင့် လမ်းခွဲရန် စဉ်းစားနေဆဲဖြစ်သော လူနာသာ ထိုသို့သော စကားကို ကြားလိုက်ပါက အံ့အားသင့်သွားလိမ့်မည်။
အန်းသန့်စ်သည် မကြာသေးခင်က မွေးနေ့အပြီးမှသာ လူနာအပေါ်ထားသော သူ၏ အထူးခံစားချက်များကို နားလည်ခဲ့တာကြောင့် အိမ်ထောင်ပြုရန် စိတ်ကူးမှာ နည်းနည်းတော့ ရုတ်တရက်ဆန်လှသည်။
အန်းသန့်စ်သည် မထင်မှတ်ထားသောစကားများကြောင့်နေရာသို့သို့ ပြန်မလာနိုင်သေးဘဲ အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်။
* * *
"ငါတို့ လူနာက ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပရောဂျက်တစ်ခုကို စီစဉ်ခဲ့တာ အံ့သြစရာပဲ!"
"ဒါက တကယ့်ကို ကြီးမားတဲ့ ပရောဂျက်တစ်ခုပဲ။ပြီးတော့ အဲ့ဒါက သမီးအများကြီးဝင်ငွေရတဲ့အတွက် အခွန်ကိုနည်းနည်းလောက်လျှော့ချဖို့ စဉ်းစားခဲ့တဲ့နည်းလမ်းတစ်ခုပဲ"
ခဏအကြာ အန်းသန့်စ်သည် သူ့အတွေးများကိုစုစည်းပြီး နေရာကို ပြန်ရောက်လာခဲ့ချိန်တွင် လူနာနဲ့ ဘယ်ရွန်တို့က အခမဲ့ဆေးရုံအကြောင်း ဆွေးနွေးနေတုန်းဖြစ်သည်။
လူနာက အန်းသန့်စ် ရို့စ်မယ်ရီနှင့် စကားစမြည်ပြောပြီးသွားမှန်း သတိပြုမိသွားပြီး သူ့ကိုနှုတ်ခမ်းလှုပ်ရုံ မေးလိုက်သည်။
"အဲဒါ ဘာအကြောင်းတဲ့လဲ"
ထိုအပေါ် အန်းသန့်စ်က ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့ခေါင်းကို ယမ်းပြလိုက်သည်။
ရို့စ်မယ်ရီ ပြောခဲ့သော လက်ထပ်ရေးအကြောင်းများကို သူပြောခဲ့မယ်ဆိုရင် လူနာက သူ့ကို တစ်နှစ်လောက် အော်ဟစ်ပြီး ရှောင်နေလိမ့်မည်။
"သူမက ဒီတိုင်းအဓိပ္ပာယ်မရှိတာတွေပြောနေတာ"
"အာ တကယ်လား။သူမက ဘာလို့အဲ့ဒါကို ရုတ်တရက်ပြောရတာပါလိမ့်"
လူနာသည် ရို့စ်မယ်ရီက တစ်ခါတစ်ရံ ဤကဲ့သို့သော ပြဿနာကို ဖြစ်စေသည်ဟု လေးလေးနက်နက်တွေးပြီး သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူမက ကူကယ်ရာမဲ့ပုံဖြင့် လူနာ၏ ပရဟိတအလုပ်က မည်မျှ အံ့သြဖွယ်ကောင်းကြောင်း ရိုယာပြောသည်ကို နားထောင်နေသော ဘယ်ရွန်အား မေးမြန်းခဲ့လိုက်သည်-
"ဒါနဲ့ အဖေ။အဖေ တကယ်ကြီး မားကွစ်အိမ်တော်ကို သွားလည်မလို့လား။အဲ့ဒါက လိုလို့လား။ အဖေ မြို့တော်မှာ အကြာကြီးနေမှာလည်း မဟုတ်ဘူးလေ။အဲ့လိုလုပ်ဖို့ အားလို့လား"
သူမသည် သူ့အား မားကွစ်မိသားစုဆီလည်ပတ်မယ့်အစား အားလပ်ချိန်များကို မြို့တော်၌ အတူတူ လည်ပတ်ရန်အကြံပေးပြီး မားကွစ်မိသားစုဆီမသွားအောင် တားမြစ်ဖို့ ကြိုးစားခဲ့သော်လည်း ဘယ်ရွန်က သူမကို ထပ်မပြောအောင်ထားခဲ့ပြီး စေ့စေ့စပ်စပ် ပြောလာခဲ့သည်။
"အဖေတို့မှာကျေးဇူးတင်ဖို့ အကြွေးရှိနေပြီ။ပြီးတော့ အိမ်နီးနားချင်းနယ်မြေဆိုတော့ ယဉ်ကျေးပျူငှာမှုတွေ ဖလှယ်ဖို့ လိုတယ်။အဲ့ဒါက နီးကပ်ပေမယ့် ဗင်းဆင့်နယ်မြေကနေ ပဲလ်နယ်မြေကို သွားရတာကမှာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ အဲ့တော့ ပဲလ်နယ်မြေမှာ သင့်လျော်တဲ့မြေကွက်တစ်ခုကို မေးမြန်းပြီး လုံခြုံအောင်ပြုလုပ်ဖို့ လိုအပ်တယ်"
"…"
အဲ့ဒါဟာ တကယ့်ကို ရှည်လျားသော ရှင်းလင်းချက်ဖြစ်ပြီး ငြင်းခုံစရာ ဘာမှမရှိတော့ပေ။
စောနကအထိ ဒုက္ခဖြစ်စေတယ်ဟု တွေးခဲ့သော လူနာသည် ဘယ်ရွန်ကို လျစ်လျူရှုခဲ့မိသည့်အတွက် အပြစ်ရှိသလိုခံစားလိုက်ရသည်။
"ကောင်းပြီ။ ဒါပေမယ့် သမီး အဖေနဲ့အတူ လိုက်ခဲ့မယ်"
ဒါပေါ့ သူ့ကို တစ်ယောက်တည်း မလွှတ်လိုက်နိုင်ပါဘူး။
မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့က လူကောင်းများဖြစ်ကြသည်ကို သူမသိသော်လည်း ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်နေဆဲဖြစ်တာကြောင့် သူမစိုးရိမ်ပေသည်။
"အိုတကယ်လား။တစ်ကယ်တော့ အဖေလည်း တစ်ယောက်တည်းသွားရမှာကို နည်းနည်းတော့ စိုးရိမ်နေပေမယ့် ဒီလိုကြားရတော့ စိတ်သက်သာရာရသွားပြီ။ လူနာ သမီးသာ အဖေနဲ့အတူလိုက်မယ်ဆို ငါတို့ ပိုပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ပြီပဲ"
ဘယ်ရွန်မြို့စားက အဲ့ဒါကို သဘောကျပေသည်။ လူနာသည် ရွှေတွင်းနှစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူတို့နှင့် မားကွစ်မြို့စားမိသားစုကြား အဆင့်အတန်း ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ တစ်ယောက်တည်းသွားတာက စိတ်မသက်မသာဖြစ်စေမှာ အမှန်ပင်။
အဖေနဲ့သမီး စကားစပြောနေချိန်တွင် တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သော အန်းသန့်စ်က ရုတ်တရက် အသံထွက်လာခဲ့သည်။
"ကိုယ်လည်း မင်းနဲ့အတူလိုက်ခဲ့မယ်"
"…ဟမ်"
ထိုစကားကြောင့် လူနာတင်မက ရိုယာလည်း လက်ထဲက ခက်ရင်းကို ထိတ်လန့်တကြား ပစ်ချလိုက်မိပြီး သူ၏အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။
'မဟုတ်သေးပါဘူး။ရှင် နှစ်သစ်ပါတီတုန်းကတောင် ရှင့်မိဘတွေကို သေချာမနှုတ်ဆက်ခဲ့ဘူးလေ။ ဒါပေမယ့် ရှင်ပါလိုက်မယ်ဆ်ုတာက ဘာကိုဆိုလိုတာလဲ'
တခြားသူ၏ မိသားစုကိစ္စများကို မပြောနိုင်တာကြောင့် လူနာသည် စကားများကိုပြန်မျိုချလိုက်ကာ ဘာမှမပြောနိုင်ဘဲ စားပွဲကို လက်ညိုးဖြင့် ခေါက်ပြပြီး အဖြေတောင်းလိုက်သည်။
"တကယ်လား။မင်းအဲဒီလိုလုပ်မယ်ဆို ငါဝမ်းသာတာပေါ့။ လူနာ နဲ့ သခင်လေးတို့သာအတူလိုက်မယ်ဆိုရင် စိတ်ချရသလို ခံစားရတယ်"
"ဟုတ်တယ်။ ရက်သတ်မှတ်ထားပြီးရင် ကျွန်တော့်ကို ပြောလိုက်ပါ"
သို့သော် အန်းသန့်စ်က သူမလိုချင်သော အဖြေကို ရှင်းရှင်းလင်းလင်း မပေးလာခဲ့ပေ။
အန်းသန့်စ်လည်း ထိုသို့မဖြေချင်ခဲ့ပေမယ့် အဓိပ္ပါယ်မရှ်သောစကားများ ကြားခဲ့ရတာကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည် ။
မည်သို့ပင်ဆိုစေကာမူ လူနာက မားကွစ်မြို့စားအိမ်တော်သို့ သွားမည်ဟုပြောလာခဲ့သောကြောင့် သူ၏ပထမဆုံးအတွေးမှာ သူ သူမနောက်လိုက်သင့်သည်ဟုပင်။
၎င်းမှာ စံအိမ်သို့ခဏသွားတာသာဖြစ်ပြီး ထိုနေရာတွင် နေရခြင်းမဟုတ်တာကြောင့် အနောက်ကလိုက်တာက ပို၍နှစ်သိမ့်မှုဖြစ်စေသည်။
"သခင်မလေး စာတစ်စောင်ရောက်လာပါတယ်"
ထိုအချိန်မှာပဲ လူနာရှေ့သို့ စာတစ်စောင်ရောက်လာခဲ့သည်။ ပေးပို့သူမှာ သတ္တုတွင်းကုမ္ပဏီမှဖြစ်သည်။
ဒုတိယရွှေတွင်းကို ရှာတွေ့ပြီးခဲ့ကတည်းစ သိသာထင်ရှားသောရလဒ်များမရှိသေးသောကြောင့် လူနာသည် စာကိုဖွင့်ဖတ်ကာ အကြောင်းအရာများကို ပေါ့ပါးသောစိတ်ဖြင့် ဖတ်ခဲ့လိုက်သည်။
"…ဟင်!"
ထို့နောက် သူမ အေးခဲသွားပြီး စာကို စားပွဲပေါ်လွှတ်ချလိုက်မိသည်။ဤသည်ကို မျက်မြင်တွေ့ခဲ့သော လော်ရာသည် သူမ နောက်ဆုံးတစ်ခေါက်က မြင်ခဲ့ရသော မြင်ကွင်းနှင့် တူနေတာကြောင့် အသက်ရှုအောင့်ထားလိုက်မိသည်။
"သခင်မလေး စာထဲမှာ ဘာတွေရေးထားလို့လဲ။သူတို့ ရွှေတွင်းမှာ တစ်ခုခုရှာတွေ့လို့လား"
သူမအသံက တော်တော်ကျယ်တာကြောင့် လူတိုင်းက လူနာအပေါ် အာရုံစိုက်လာခဲ့ကြသည်။ သို့သော် လော်ရာနှင့်မတူဘဲ သူတို့၏ မျက်လုံးမျမှာ မြင့်မားသော မျှော်လင့်ချက်များ ပြည့်မနေခဲ့ပေ။
သူတို့က ကံကြမ္မာနတ်ဘုရားများ ဟုတ်မနေပေ။ ရွှေတွင်းနှစ်ခု ရှာတွေ့ပြီးနောက်မှာတော့ တစ်ခုခုထပ်ရှာတွေ့ဖို့က မဖြစ်နိုင်တော့ဘူးဟု ထင်ခဲ့ကြသည်။
သို့သော်လည်း သူတို့က အကြောင်းအရာကို မသိချင်ဟု မဆိုလိုပေ။ထို့ကြောင့် ရေးထားသည်ကို ပြောပြရန် သူမကို မျက်နှာများဖြင့် တိုက်တွန်းခဲ့ပြီး အဖြေကို စောင့်နေခဲ့ကြသည်။
ထို့နောက်-
"… အဲ့ဒါ..အဲ့ဒါကို ပေါက်ကွဲသွားပြီ"
လူနာသည် နားမလည်နိုင်သော စကားလုံးများကို ပြောလာခဲ့သည်။ လော်ရာက မှန်းဆပြီး လူနာ၏စကားကို ချောမွေ့စွာပင် နားလည်မှုလွဲသွားခဲ့သည်။
"ဘာလဲဟင်! ရွှေတွင်း ပေါက်ကွဲသွားတာလား။တကယ်ကြီး ပေါက်ကွဲခဲ့တာလား!"
သတ္တုတွင်းများအတွင်း ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲခြင်းဖြစ်စဉ်ရှိတာကြောင့် သူမ၏ အဖြေကို တခြားအဓိပ္ပာယ်ဖွင့်ဆိုရန် တခြားနည်းလမ်းမရှိနေပေ။
"ဘယ်လို! တကယ်လား သခင်မလေး!"
"လူနာ! အတိအကျ ပျက်စီးမှု ဘယ်လောက်ရှိပြီတဲ့လဲ!"
အခြားသူများကလည်း လော်ရာကဲ့သို့ အဓိပ္ပါယ်ကို တလွဲမှတ်ယူကာ မည်သို့ဖြစ်သွားသည်ကို မေးလာကြပြီး လူတိုင်းသည် သူတို့၏ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
လုံးဝကို ရှုပ်ထွေးသောအခြေအနေဖြစ်နေခဲ့သည်။ ထိုအချိန်တွင် လူနာ ၏အမူအရာက တခြားသူများနှင့် အနည်းငယ်ကွာခြားသည်ကို သဘောပေါက်သွားသော အန်းသန့်စ်က လူနာလွှတ်ချလိုက်သောစာအား ကောက်ယူဖတ်ပြီးနောက် မျက်လုံးများပြူးကျယ်သွားခဲ့သည်-
"စိန်တွင်းက နောက်ဆုံးတော့ ပေါက်ကွဲသွားခဲ့ပြီ"
ဘန်း!
လူနာက စားပွဲကို ဆောင့်ရိုက်ပြီး မတ်တပ်ထရပ်ကာ သူမ မယုံနိုင်သလိုမျိုး အော်ဟစ်လိုက်သည်။
"…ဘယ်လို"
"…ဟယ်"
ရုတ်တရက် လေထုသည် အေးခဲသွားခဲ့သည်။ စိန်တွင်းက နောက်ဆုံးတော့ ပေါက်ကွဲသွားခဲ့ပြီဆိုတာက ဘယ်သူမှ နားမလည်သော စကားပင်။
သို့သော် လူနာသည် အခြေအနေကို သေချာရှင်းပြဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာကြောင့် သူတို့ကြားက ဆက်ဆံရမှာ မချောမွေ့နေခဲ့ပေ။
ထို့ကြောင့် စာကိုစစ်ဆေးပြီး ခဏလောက် အေးခဲနေခဲ့သော အန်းသန့်စ်သည် အရေးကြီးသောအပိုင်းကို လူတိုင်းနားလည်နိုင်စေရန် အသံကျယ်ကျယ်ဖြင့်ဖတ်ပြလိုက်သည်။
"မိုင်းတူးတဲ့အစမှာတင် စိန်အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးက ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ကိုယ်တိုင်ဆင်းပြီးလာကြည့်သင့်ပါတယ်"
TK Team (Chapter 88)