Ch 20
Viewers 276



အပိုင်း ၂၀

မဂ်လာဦးည

သူတို့ဟာအချိန်အတန်အထိ နှမ်းခဲ့ကြပြီး အာကျိုဟာသိပ်အားမရပေ ဒါပေမဲ့ ပထမဆုံးအနှမ်းမှာ ပထမဆူံးစလုပ်တဲ့သူကဘုရင်လေးဖြစ်တဲ့အတွက် သူအတော်လေးပေ​ျာ် နေမိတယ်။ နောက်တော့"ကိုယ်ကလှတယ်ပေါ့ ဘုရင်လေးကိုယ်ကိုချစ်သွားပြီပေါ့နော် ကိုယ်ပျော်တယ်။ "ဆိုပြီးသူဟာဝမ်းသာတဲ့ အပြုံးကိုပြန်ဆင်လိုက်တယ်။ ရုပ်ရေဟာမြင်သူတိုင်ငေးမော်လောက်တယ်။ စွဲဆောင်မှုရှိတယ်။ လုပတယ်။ ဒီအလှက ဘုရင်လေးရဲ့အကြိုက်ပုံဖြစ်နေပေမဲ့ ထိုအလှလေးဟာ ဘုရင်လေးအရမ်းမုန်းတဲ့သူဖြစ်နေတယ်။ သူဆွဲမက်နေတဲ့ အလုလေးပါးစပ်ကနေ သူမုန်းဆဲ့သူရဲ့လေသံထွက်လာတဲ့အခါ ဘုရင်လေးခမျာ ကမ္ဘာပျက်သွားသလိုခံစားစေရပါတယ်။

သူငြင်းမယ်ကြံယုံဘဲရှိသေးတယ် သူရှေ့မှာသေရည်ခွက်ရောက်လာတယ်။ "ဘုရင်လေးတို့တိုင်းပြည်မှာ မဂ်လာသရေသောက်ရတယ်မလား ကိုယ်တို့ ဓလေ့အကုန်လုပ်မယ်လေ" ဆိုပြီးသရေခွက်ကိုလှမ်းပေးပြီး လက်ချင်းယှက်ကာသောက်ခဲ့တယ်။ ထိုသေရည်ကိုသောက်ပြီးခွက်ကို ချလိုက်တဲ့ချိန်မှာ ချလွမ်ဆိုတဲ့ သတို့သမီးခေါင်းက ဆံထိုးက အသီးလေးတွေလှုပ်ခက်သံကြားလိုက်ရတယ်။

ထို အသံနဲ့အတူဘုရင်လေးဟာကုတင်ပေါ်ကိုပြုတ်ကျသွားလေတယ်။ ဘုရင်လေးဟာမှုးသာမှုပေမဲ့ အသိစိတ်ယဲယဲလေးတော့ရှိနေတဲ့အတွက် အပေါ်ကိုမော့်ကြည့်လိုက်တော့ စွဲဆောင်မှုရှိတယ်ဆိုတဲ့ အာကျိုးဟာ သူရဲဆံထိုးတွေကိုလျင်မြန်စွာချွတ်ပြီး လို့နေတယ်။ ဆံပင်လေးဟာပြေကျလို့နေပေမဲ့ စွဲဆောင်မှုဟာနှစ်ဆ ဖြစ်လို့နေတယ်။ ထိုအလှလေးနဲ့ ရင်ကျက်တဲ့ယောက်ျားသံနဲ့ "ဘုရင်လေးကိုကိုယ်လည်းချစ်တယ်။ ဘုရင်လေးလည်းကိုယ့်ကိုသဘောကျတယ်။ ကိုယ်ပျော်တယ်။ "ဆိုပြီး ဘုရင်လေးကိုထပ်မံနှမ်းခဲ့တယ်။ ဒီခါအာကျိုးမှစတဲ့ အနှမ်းဖြစ်ပြီးအရင်ခေါက်ထပ်ပိုပြီး ကြာ ပိုပြီး ပြင်းထန်တယ်။ ထို့နောက် အဝတ်ချွတ်တဲ့လေကြောင်ဖယောင်တိုင်းနီလေးတွေဟာ လှုပ်ခက်လို့နေတယ်။

(A/n ကဒ်.....ဒီလောက်ဘဲမှောင်မယ် ကလာကာချ)

မနက်နေရဲ်နွေးထွေးတဲ့နေရောင်ခြည်ဟာ အနီရောင်မဂ်လာအခန်းထဲကဇနီးမောင်နှံပေါ်ကျရောက်လို့နေတယ်။ အနီရောင်အဝတ်ကိုပခုံးထိပေါ်နေတဲ့အမျိူးသား ထိုအမျိုးသားရဲ့ ပေါ်နေတဲ့ ပခုံကိုကြည့်ရင်ဖြင့်မနေ့ညအချစ်တိုက်ပွဲရဲ့ ချစ်ဒဏ်ရာလေးတွေကွက်ကြားကွက်ကြားတွေ့ မြင်နိုင်တယ်။ ထိုအမျိုးသားကို အပေါ်စီးကနေဖတ်ထားတဲ့ အမျိုးသားဟာလည်း အပေါ်ထပ်ကကျွတ်လို့နေတယ်။ သူဟာသတိူ့သမီးဝတ်စုံကို ညကဝတ်ထားပေမဲ့ မနက်ကျ သူမှာ အောက်ကဝတ်ဆုံတစ်ခုဘဲရှိတယ်။ အပေါ်ပိုင်းတစ်ခုလုံးကိုချွတ်လျက်သားရှိလို့နေတယ်။ ထိုကျွတ်နေတဲ့ အပေါ်ပိုင်းမှာ ညက ချစ်သူကြောင်လေးရဲ့လက်သည်းကုတ်ရာတွေအစင်းလိုက်တွေ့လို့နေရတယ်။

အာကျိုဟာနိုးလို့နေတယ် နိုးနေတာထပ် တစ်ညလုံးမအိပ်သေးတာဖြစ်တယ်။ သူဟာသူ့ရင်ခွင်ထဲက ဘုရင်လေးကိုကြည့်ပြီး ကြည့်နှုးလို်နေတယ်။ ( ဘုရင်လေးက လှချက် ..ငါကိုလည်းလှတယ်တဲ့)ဆိုတဲ့အတွေး နဲ့ သူ ရင်ခွင်ထဲကဘုရင်လေးကို နမ်းလိုက် နည်းနည်းအားထည့်ဖတ်လိုက်လုပ်နေတယ်။

တစ်ညလုံးပင်ပန်းနေတဲ့ ဘုရင်လေးဟာတော့အိပ်မော်ကျလွန်နေတယ်။ သူကိုနမ်းတဲ့ခါဘာမှမလုပ်ပေမဲ့ တင်းနေအောင်အဖတ်ခံရတဲ့ ခါလှုပ်လို်နေတယ်။

သူတို့ကညနေအထိ အိပ်ရာထဲမှာနေနေလေတယ်။ ဘုရင်လေးကတော့ အိပ်မော်ကျတော့ပေါ့ အာကျိုကတော့ တစ်ကုန်ထိုင်ပြီးတစ်စိမ်စိမ့်ကြည့်ပေါ့ ။

သူတို့ကိုဘယ်အစေခံမှ လာမနှောက်ယှက်ကြဘူး။ သူတို့ဟာမနက်သူတို့ကိုယ်ပေါ်နေရောင်ကျတဲ့အချိန် ဘုရင်လေးပင်ပန်းပြီးအိပ်ပျော်တဲ့ထိ ချစ်ကြည်နှုးနေခဲ့ ကြတယ်။ ဘုရင်လေးအိပ်ပျော်သွားတဲ့အချိန် အာကျိုဟာစိတ်ထဲကအမိန့်နဲ့ ရွမ်ရွမ်ကိုလူသားအဖြစ်ပြောင်းခွင့်ပေးပြီး ဒီနားတစ်ဝှက် အသံမထွက်ရန်စေခိုင်ခဲ့တယ်။

လိုသုံးလေး ရွမ်ရွမ်ဟာတာဝန်ကို ကြေပွန်စွာထမ်းဆောင်ပေမဲ့ မျက်နာဆူပုတ်နေပါတယ်။ သူသခင်နဲ့ပြန်တွေ့ရလို့ သူ​ဒီနေ့တော့သူထမင်းအဝစားမယ်လို့စိတ်ကူးထားပေမဲ့ အခုတော့ အတွဲတစ်ခုအတွက် ခြံစောင်ခွေးဖြစ်လို့နေတယ်။ ဟုတ်ပါတယ် ရွမ်ရွမ်ဟာလူသား မဟုတ်တဲ့အတွက် သူဟာအစာမစားဘဲနေနိုင်ပါတယ်။ သူ့သခင်ကို သူမျက်စိရှေ့ကနေပုန်းကတည်းက အခုချိန်ထိ သူအာသာပြေအောင်ထမင်းမစားရသေးပါဘူး။ သူဟာထမင်းမစားဘဲနေနိုင်ပေမဲ့ အရင်လူသားဖြစ်ခဲ့တဲ့ အတွက် မစားရရင်တစ်ခုခုလိုသလိုခံစားစေရပါတယ်။

14.1.2023.                        Moonlight z