Ch 48.1 ပြီးဆုံးခြင်း
"ငါမှတ်မိသွားပြီ"
တောင်တန်းသည် မြူမှုန်များဖြင့် အုံ့မှိုင်းနေပြီး မိုးသည် မြေပေါ်သို့ ဒရောသုံးပါးကျလာခဲ့သည်။ ကြောင်သည် ၎င်း၏ အမွေးအမှင်မျက်နှာကို လျှာဖြင့်ယက်နေလေသည်။
ချောင်ယန်သည် ဖန်ချန်းပြောသည်အားမှတ်မိရန် ရုန်းကန်နေရပြီး ဖန်ချန်းသည် သူ့ကိုမြေပြင်ပေါ်၌ နင်းချခဲ့သည်။ ဖန်ချန်းသည် အံသွားများကို တင်းတင်းကြိတ်ကာပြုံးလိုက်သည်။
"မင်းငါ့မေးခွန်းကို မဖြေသေးဘူးနော်.... မင်းငါ့ကို ခဏခဏလာခြောက်ပြီး ငါကြောက်လို့ အော်တာကြည့်ရတာကိုအရမ်းပျော်နေတယ် ပေါ့လေ...ဟုတ်လား..."
ချောင်ယန်သည် ရိုးရိုးရှင်းရှင်းသာ မြေပြင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ ရုန်းကန်မှုမလုပ်တော့ဘဲ သူ့ဆံပင်များက မြေဆီလွှာဖြင့် ရောနှောနေခဲ့သည်။ စိမ်းလန်းသော မြက်ခင်းရနံ့များရလိုက်ပြီးနောက် သူ ရုတ်တရက် ရယ်မောလိုက်သည်။
ဖန်ချန်းက သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီးပြောလိုက်သည်။
"မင်းက ရယ်ရဲသေးတယ်ပေါ့!"
ဖန်ချန်းသည် ချောင်ယန်၏ပေါ်မှခြေထောက်ကိုဖယ်ပေးလိုက်ပြီး နျဲ့ရှီဘက်ကို လှည့်ကြည့်လိုက်သည်။ မမျှော်လင့်ထားစွာပဲနျဲ့ရှီသည် သူလှည့်ကြည့်လာသည်နှင့် အဝေးကို အမြန်မျက်နှာလွှဲသွားကာနှုတ်ခမ်းထောင့်များကို အောက်ဘက်သို့ စိုက်ချလိုက်သည်။
ချောင်ယန်က တွန့်လိမ်လိုက်ပြီး နားမလည်နိုင်စွာ ရယ်မောလာတာကြောင့် ဖန်ချန်း နားမလည်ဖြစ်သွားသည်။ ရှဲ့ယင်းလည်း အသက်ပြင်းပြင်းပြင်းရှူသွင်းပြီး ခေါင်းကို မော့ကာ မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်သည်။
"သူက သဝန်တိုနေတာ"
ရှဲ့ယင်းသည် ပင်ပန်းနွမ်းနယ်နေသော်လည်း သူမ၏အပြုံးကို ဖုံးကွယ်မထားနိုင်ပေ။
"နင် အားလုံးကိုမှတ်မိပြီးပြီးချင်း နင်ပထမဆုံးခေါ်ပြီး အနားအရင်သွားခဲ့တဲ့သူက ချောင်ယန်ဖြစ်နေလို့လေ"
ဖန်ချန်းက မျက်တောင်ခတ်လိုက်ပြီး "အဲ့လိုလား..."
နျဲ့ရှီက ပို၍ပင်ခေါင်းငုံ့လာတော့သည်။
ချောင်ယန်သည် လုံလောက်စွာရယ်မောခဲ့ပြီးနောက် သူ့လက်ချောင်းများကို ခါးမှဖယ်၍ ခေါင်းကို မြှောက်ကာ "ဖန်ချန်ကော" ဟု အော်လိုက်သည်။
ဖန်ချန်းက ချက်ချင်း ပြင်းပြင်းထန်ထန် ပြန်ဖြေလာခဲ့သည်။
"ဘာလဲ ဘာလုပ်မလို့လဲ"
ချောင်ယန်က နောက်တစ်ကြိမ် အရိုက်ခံရချင်နေသည့်ပုံဖြင့် ပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းအော်ခေါ်ကြည့်တာ"
ဒီအချိန်လေးတွင် အကြောက်တရားများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
ရှဲ့ယင်းသည် ရုတ်တရက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး ချက်ချင်းလဲကျအိပ်ပျော်သွားစေရန်သာ ဆန္ဒရှိခဲ့သည်။ ချောင်ယန်က နျဲ့ရှီ ၏ သည်းခံနိုင်စွမ်းကို အဘယ်ကြောင့် ဆက်လက်စမ်းသပ်နေလဲဆိုသည့်အချက်နှင့်ပတ်သက်၍ သူမတွင် ခန့်မှန်းချက်အချို့ရှိလေသည်။
ချောင်ယန်သည်လည်း ကြောက်နေခဲ့သည်။
ထိုမိုးရွာခဲ့သောညပြီးနောက်တွင် သူသည် ဖန်ချန်းက အရာအားလုံးကို တကယ်ပြန်လည်သတိရလိုခြင်းရှိမရှိ မသေချာခဲ့တော့ပေ။ ဖန်ချန်းသည် သူတို့အား စိတ်နတ်ဆိုးများ သို့မဟုတ် ညစ်ပတ်သောအရာများကို မြင်နေရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေသည်ကို သူ မခံစားနိုင်ခဲ့ပေ။
ချောင်ယန်သည် စိတ်ခံစားချက်များကို ဘယ်သောအခါမှ မထိန်းချုပ်ထားနိုင်ကာ စိတ်အတွင်းရှိမကျေမနပ်ဖြစ်မှုကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်တတ်ေပသည်။
ထိုသည်က မစ်ရှင်စတင်ပြီး သိပ်မကြာမီ၌ နျဲ့ရှီက စင်္ကြံတွင် သူမနှင့် စကားပြောရန် စတင်ခဲ့သည့်နေ့ကို ရှဲ့ယင်းအား သတိရစေသည်။
"သူ...ငါ့ကိုကြောက်နေတယ်.."
နျဲ့ရှီကဆက်ပြောလာသည်... “ငါ့ကို သူ မကြောက်အောင်လို့ ဘယ်လိုလုပ်ရမလဲ..."
"...ငါက ဘယ်လိုလုပ်သိမှာလဲ"
ရှဲ့ယင်းသည် မကူညီနိုင်ဘဲ နျဲ့ရှီထံမှ အကြည့်များကိုအဝေးသို့လွှဲလိုက်ရာ ဖန်ချန်းက သူတို့နှင့်မနီးမဝေး၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဖန်ချန်းသည်မည်သူကိုမျှ မမှတ်မိခဲ့သေးချေ။
နျဲ့ရှီသည် ခေါင်းကို မလှည့်လိုက်ဘဲ ယခင်ကကဲ့သို့ အနေအထားအတိုင်း ထားကာ မျက်လွှာချထားလိုက်သည်။
ရှဲ့ယင်းသည် အသံထဲတွင် မသက်မသာ စိတ်ကို ထိန်းထားကာမေးလိုက်သည်။
"အပြင်သွားတော့မလို့လား"
နျဲ့ရှီသည် တုံ့ဆိုင်းနေခဲ့သော်လည်း ဖန်ချန်းကို မကြည့်ပဲမနေနိုင်ခဲ့ပေ။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။ ဖန်ချန်းက သူမဘေးမှာ ရပ်နေသည့် နျဲ့ရှီကို ခေတ္တမျှ စိုက်ကြည့်လာခဲ့ပြီး အမြန်အကြည့်လွှဲကာ ခေါင်းညိတ်ပြ၍ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
"ကြည့်ပါလား..."
နျဲ့ရှီကဗလာဖြစ်စွာပြောလာသည်။
“သူ ငါ့ကို ကြောက်နေတယ်”
ရှဲ့ယင်းသည် သူမကိုသူမရူးနေပြီဟုပင် ခံစားမိလိုက်သည်။ နျဲ့ရှီ၏စကားများထဲတွင် ဆုံးရှုံးမှုအချို့ကို သူမခံစားရလေသည်။ ဒါကနည်းနည်းရယ်စရာကောင်းသော်လည်း သူမ ချက်ချင်း ငြင်းလိုက်သည်။
"သူက နင့်ကိုကြောက်နေတာဆိုရင်..."
ရှဲ့ယင်းသည် ခေါင်းကို လှည့်လိုက်ပြီးစကားဆက်လိုက်သည်။
"နင်ဘာလို့ သူ့နောက်ကိုပဲ ဆက်မလိုက်ပဲတာလဲ... တွေ့တာကြာလာရင် မကြောက်ဘဲနေလာမယ်မလား"
နျဲ့ရှီက ခေါင်းယမ်းပြလာသော်လည်း ဘာမှပြန်မပြောလာခဲ့ပေ။
သူ တုံ့ဆိုင်းနေခဲ့သည်။
သူသည် ဖန်ချန်းအား တကယ်ခြောက်မိသွားမည်ကိုကြောက်သည်။
ဒီပြစ်ဒဏ်က တကယ့်ကို ပြင်းထန်လွန်းပြီး လူနှစ်ယောက်ကို တပြိုင်နက် နှိပ်စက်နိုင်ခဲ့သည်။
ရှဲ့ယင်းသည် သူမနှင့်အနီးဆုံးလူက သူမအားထူးဆန်းပြီး ထိတ်လန့်သောအကြည့်များဖြင့် ကြည့်လာပါက မည်သို့မည်ပုံဖြစ်မည်ကို တွေးပင်မတွေးနိုင်ခဲ့ပေ။
နျဲ့ရှီသည် ဖန်ချန်းအား ပြန်မှတ်မိစေချင်ဆုံးလူဟု သူမထင်ခဲ့သည်။ သို့သော် သူမ မှားနေသည်ကို သိလိုက်သည်။
အစမှအဆုံးတိုင် နျဲ့ရှီသည် သူ၏ကတိကို တိတ်တဆိတ်သာ ဖြည့်ဆည်းပေးခဲ့သည်။ဖန်ချန်းက သူ့ကို သံသယများနှင့် ထိတ်လန့်နေရင်တောင်မှ ဖန်ချန်း၏ရှေ့၌ ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့သည်။ ဖန်ချန်းကို သူတကယ်သတိပြန်ရစေချင်ပေမယ့် အဲဒီအမှတ်တရတွေက ဖန်ချန်းအတွက် အရမ်းနာကျင်စေတယ်ဆိုပါက သူသာလျှင် အမှတ်တရများကို မှတ်မိနေမည့် တစ်ဦးတည်းသောသူ ဖြစ်ချင်လိုက်သည်။
ဖန်ချန်းနာကျင်သွားမည်ကို သူကြောက်သည်။
ဖန်ချန်းသာလျှင် သူ့ကို ချောက်ထဲမှ ဆွဲထုတ်ပေးခဲ့ပြီး လက်ကို ကမ်းပေးခဲ့ကာ သူလိုလူဆီတိုးဝင်ခဲ့၍ အရေးမကြီးဘူးဟု ပြုံးပြုံးရွှင်ရွှင် ပြောခဲ့သူဖြစ်သည်။ နျဲ့ရှီသည် ပိုကောင်းစေရန်ဘယ်လိုလုပ်ရမလဲဆိုသည်ကို အမြဲတွေးနေခဲ့ပြီး သူ့ပင်ကိုယ်သဘာဝက လေးလံနေတာကြောင့် အမြဲဒေါသထွက်ခဲ့ရသည်။
သူ...ဘယ်လိုဖော်ပြရမလဲ...
ဖန်ချန်းကသူ့ကိုမေ့သွားရင်လည်း ကိစ္စမရှိဘူး မယုံရင်လည်း ကိစ္စမရှိဘူး... ကြောက်ရင်လည်း ကိစ္စမရှိဘူးဟုတွေးခဲ့ပေမယ့်လည်း... ဖန်ချန်းက သူ့ကိုကြောက်နေမည်ကိုတော့ နည်းနည်းတော့ စိုးရိမ်ပေသည်။
သူ့အချစ်တွေကို...သူဘယ်လိုဖော်ပြရမလဲ...
"အိုခေနောက်တစ်ခုက.."
ဖန်ချန်းသည် မြေပြင်ပေါ် ဆက်တိုက်ကျဆင်းနေကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်မိုးသံများကို ဖြိုခွင်းလိုက်ပြီးစကားပြောလာခဲ့သည်။
"ငါတို့ အဲဒီလူနှစ်ယောက်ကို သွားတွေ့ရမယ်လေ ဟုတ်တယ်ဟုတ်..."
ရှဲ့ယင်း - "နင်မပြောရင်တောင် မေ့နေလားလို့ ငါပြောတော့မလို့"
"အားလုံးက...အဆင်သင့်ဖြစ်နေပြီဆိုပေမယ့်"
ဖန်ချန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး "ဒါပေမယ့် စိတ်မချထားခင် သေချာစစ်ကြည့်ဖို့တော့ လိုသေးတယ်.. ပြီးခါနီးကို တစ်ခုခုအမှားမခံနိုင်ဘူးလေ ဟုတ်တယ်မလား"
×××××××××××