Chapter 39.4
Viewers 7k

Chapter -39.4

(ဗိုလ်ချုပ်ကြီး စီဆဲလ်က သူ့ကို လှည့်စားနေတာလား!!)

စီဆဲလ်က ပြုံးလိုက်ပြီး ကျောင်းမြန်၏ ဗီဒီယိုအား အွန်လိုင်းပေါ်တွင်တစ်ဆင့်ပြန်တင်လိုက်သည်။

စာတစ်ကြောင်းဖြင့်တွဲကာ........

-ကိုယ်က မင်းကိုပဲလက်ထပ်မှာ...။

စီဆဲလ်သည် ကြယ်ကွန်ရက်မှ လူများကဲ့သို့ ပစ်ထားခံလိုက်ရသည်။

တူညီသောစိတ်ခံစားမှုများရှိနေကြောင်း အွန်လိုင်းမှတဆင့် အလျင်အမြန် အကြောင်းပြန်ခဲ့သော်လည်း........စီဆဲလ် သူ့ကိုယ်သူ အံ့သြသွားလေသည်။

သူက... သူ ဘာဖြစ်သွားတာလဲ......။

ဘေးနားတွင်ရှိနေသော အယ်ဗင်သည် စီဆဲလ်၏ ရိုးရှင်းသော တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားလေသည်။

ဒီလူက အဲ့နေ့ညက လေယာဉ်ပေါ်မှာ အိပ်လိုက်လို့ စိတ်လွတ်သွားပုံရသည်။

ကိစ္စတော့မရှိပါ......။ 

အတွင်းရေးမှူးရုံးအား မင်းသမီးအန်ဂျလာက နယ်စပ်အား လိုက်ကြည့်ချင်သောကြောင့် ပင်မသင်္ဘောပေါ်သို့ အတင်းအကြပ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ သူမ၏ ကြင်နာတတ်သော နှလုံးသားကြောင့်ဆိုသည်မှာ မဟုတ်ကြောင်း အရှုပ်တော်ပုံတွေသာဖြစ်ကြောင်းအား ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်အား အယ်ဗင်က ထုတ်မမေးခဲ့ပေ။

စီဆဲလ်၏ စတားကွန်ရက်မှ အကြောင်းပြန်မှုကို မြင်လိုက်ချိန်တွင် ပို၍ ပွဲဆူသွားလေသည်။

"ခင်ပွန်းသည်နှစ်ဦးက သူတို့၏ ချစ်ခြင်းကို ပြသဖို့ ပူးပေါင်းထားသည်" ဟူသည့် ဂလက်ဆီ၏ ခင်ပွန်းခေါင်းစီးသည် ရှာဖွေမှုအများဆုံးထပ်ဖြစ်ကာ ကြယ်ကွန်ရက်၌ ပွဲထပ်ဆူသွားလေသည်။

ပရမ်းပတာဖြစ်စေသော အခြားဇာတ်ကောင်တစ်ဦးဖြစ်သည့် ကျောင်းမြန်သည် ယခုအချိန်တွင် ဗိုလ်ချုပ်ကြီးစံအိမ်သို့ ပန်းများကို ရွှေ့ပေးရန် တစ်စုံတစ်ယောက်ကို အကူအညီတောင်းနေလေသည်။

မင်ရန် ပြောသည့်အတိုင်းပင် ဤပန်းများသည် အလွန်စျေးကြီးပြီး စွန့်ပစ်လိုက်ရမည်မှာ နှမြောစရာကောင်းလှသည်။ထို့ကြောင့် ကျောင်းမြန်သည် ၄င်းတို့အား စံအိမ်ကို အလှဆင်ရာတွင်သုံးရန် ယူလာခဲ့ခြင်းဖြစ်သည်။

ဧည့်ခန်း၊ မီးဖိုချောင်၊ အိပ်ခန်း၊ စင်္ကြံစသည့်.. နေရာတစ်ခုစီသည် မတူညီသောပန်းပွင့်များကို အသုံးပြုမည်ဖြစ်သောကြောင့် နေရာလွတ်ကျန်ခဲ့မည်ကို မကြောက်ပေ။

မှန်သည်.... ရှောင်လဲ့ အတွက် ပန်းများ...။


ကျောင်းမြန်သည် သူ့အခန်းထဲတွင် ပန်းများကိုထားကာ အလုပ်စလုပ်မည့်အချိန်တွင် ရှောင်လဲ့ ကို သတိရသွားသည်။

ကျောင်းမြန်သည် ဗိုလ်ချုပ်ကြီးစံအိမ်တွင်နေသည့်အချိန်မှစ၍ ရှောင်လဲ့အား စန္ဒယားတီးသင်ပေးခြင်းမှစ၍ အိမ်စာများ ကူလုပ်ပေးသည်အထိ အတူတူလုပ်ခဲ့ကြသည်။ကျောင်းမြန် ပျင်းနေသည့်အချိန်များတွင် ရှောင်လဲ့အား သင်္ချာသင်ပေးမည်ဖြစ်သည်။

ရှောင်လဲ့သည် မည်သည့်စကားမှမပြောဘဲ ကျောင်းမြန်နှင့် ခပ်လှမ်းလှမ်းတွင်ထိုင်ကာ ကျောင်းမြန်အား သူ့ကို မထိစေချင်သော်လည်း ကျောင်းမြန်၏ တည်ရှိမှုကို လက်ခံနိုင်ပြီဖြစ်သည်။

ကျောင်းမြန်က သူပျင်းလို့ သွားသည့် အချိန်များတွင် တိတ်တိတ်လေးနေရန်သာ လိုအပ်သည်။

သူသည် သာမန်လူများထက် ပိုမို၍ ခံစားလွယ်ကာ ရှောင်လဲ့၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှု၊ အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုကို ခံစားရနိုင်သောကြောင့် ကျောင်းမြန်သည် ရှောင်လဲ့အား တစ်ယောက်တည်း လွှတ်မထားတော့ဘဲ ရှောင်လဲ့ကို နှစ်သိမ့်ရန် မည်သည့်စိတ်စွမ်းအားကိုမှမသုံးဘဲ နေလေ့ရှိသည်။

ကျောင်းမြန်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။

"အဲ့ဒါ.." 

အခုဘာလုပ်တာလဲ။

"အခု မငိုနဲ့တော့နော်" 

ကျောင်းမြန်သည် ကလေးကို ဆိုဖာပေါ်တင်ပြီး ပူတင်းကို နည်းနည်းချင်းစီ ကျွေးလိုက်သည်။

ကျောင်းမြန်သည် ဒီကလေးကို အစတုန်းက စီဆဲလ် သဘောမကျလောက်ဘူးဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှောင်လဲ့နှင့်ဆက်ဆံရေးကို တည်ဆောက်ချိန်တွင် ရှောင်လဲ့သည် သူ့ ကမ္ဘာထဲတွင် လူများကို သော့ခတ်ထားပြီးဖြစ်ရာ စီဆဲလ်သည် အရင်က ရှောင်လဲ့၏ ကိစ္စနှင့်ပတ်သက်၍ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရသေးသည်။

ယခု အခြေအနေသည် အထူးကောင်းမွန်နေသည်။ 

ကျောင်းမြန်သည် အမြန်ပြီးလွယ်သော ပူတင်းကို ပြုလုပ်ကာ အပေါ်တွင် မွှေးကြိုင်နေသော သကြားရည်ကို ဆမ်းလိုက်ပြီး အဆုံးသတ်လိုက်သည်။

သူသည် လက်တစ်ဖက်တွင် အချိုပွဲကို ကိုင်ကာ တစ်ဖက်တွင် ပန်းပွင့်လေးတစ်ပွင့်ကိုကိုင်ထားပြီး ရှောင်လဲ့၏ အခန်းတံခါးကိုခေါက်လိုက်သည်။

"ရှောင်လဲ့....." 

ကျောင်းမြန် က ညင်သာစွာ ပြုံးလိုက်ပြီး 

"ဦးက ကျောင်းမြန်ပါ ဝင်လာလို့ရမလား"

.....

တုံ့ပြန်မှုမရှိ။

ကျောင်းမြန် သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဂရုမစိုက်ဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။

ရှောင်လဲ့သည် ပြတင်းပေါက်နားတွင် ကွေးကောက်နေသော သူ့ခန္ဓာကိုယ်တစ်ဝက်ကို လိုက်ကာများဖြင့် ဖုံးကွယ်ထားသည်ကို မြင်လိုက်ရပြီး လူတစ်ကိုယ်လုံးမှာ အနက်ရောင် အရိပ်များ ဖုံးလွှမ်းနေကာ ထောင့်တစ်နေရာတွင် ဘောလုံးလေးတစ်လုံးကဲ့သို့ ကွေးကွေးလေးဖြစ်နေကြီး ထိုပုံရိပ်လေးမှာ အလွန်စိတ်မကောင်းစရာကောင်းလှသည်။

ကျောင်းမြန်သည် ပူတင်းပန်းကန်ကိုချကာ ပန်းစည်းကိုယူလိုက်ပြီး ရှောင်လဲ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။

"ရှောင်လဲ့ ...ဒါကြည့်ကောင်းလား" 

ကျောင်းမြန်က ပြုံးပြီး ပြောလေသည်-
"ဒါကအရမ်းမွှေးတဲ့ ပန်းတွေလေ" 

"ခင်ဗျား...သွားတော့"

ရှောင်လဲ့သည် သူ၏ခေါင်းကို လက်မောင်းများကြားတွင်ဝှက်ထားပြီး တုန်ယင်နေသောအသံမှာ သူငိုနေကြောင်း သက်သေခံနေလေသည်။

ကျောင်းမြန်သည် ရှေ့သို့ ဆက်မသွားဘဲ ထိုင်ချလိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ....သားကို တစ်ယောက်ယောက် အနိုင်ကျင့်လို့လား ..."

"ဘာလို့စိတ်ဆိုးနေတာလဲ၊ ဦးနဲ့စကားပြောမယ်လေ..အဆင်ပြေလား"

"ရှောင်လဲ့...."

"ခင်ဗျား..ထွက်သွားတော့..." 

ရှောင်လဲ့က ထပ်ပြီး အော်ဟစ်လိုက်သည်။

ကျောင်းမြန်သည် သက်ပြင်းချလိုက်ပြီး သူ့ကိုကြည့်ရန် ထိုင်ချလိုက်လေသည်။

"ဦးပူတင်းလုပ်ထားတယ်....သားဗိုက်မဆာဘူးလား...ဘယ်လောက်ပဲစိတ်ဆိုး စိတ်ဆိုး အစား စားရမယ်လေ"

"ခင်ဗျားထွက်သွား.....ထွက်သွားလို့!" 

ရှောင်လဲ့သည် အသက်ကိုပြင်းစွာရှူလိုက်ပြီး ဆက်ပြောလိုက်သည်။

"သားကို အမြဲလာတွေ့မယ်လို့ပဲ ပြောနေတာ....အကုန်လုံး လူလိမ်တွေ..."

"ခင်ဗျားလည်း သူတို့နဲ့အတူတူပဲ...လူလိမ်တွေ..."

ကျောင်းမြန်သည် ဤအချိန်တွင် လုံးဝ အံ့အားသင့်သွားသည်။

"ဦး..." 

ကျောင်းမြန်သည် အနည်းငယ် မသေချာသောကြောင့် ပါးစပ်ကို ဖွင့်ကာ မေးလိုက်သည်။

"ဦးမလာလို့လား..." 

ရှောင်လဲ့ : "လူလိမ်တွေ...."

ကျောင်းမြန်သည် ထိုအခါမှ သဘောပေါက်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ဝမ်းနည်းနေသော ယုန်လေးကို ပွေ့ဖက်ရန် ရှေ့သို့လှမ်းလိုက်ပြီး ကျောလေးကို ပုတ်ပေးကာ ပြောလိုက်သည်။

"မိုက်မဲလိုက်တာ...ဦးက သားကို မလိုချင်တာမဟုတ်ပါဘူး ...ဦးက ဦးဦးစီဆဲလ်နဲ့ အပြင်ထွက်သွားပြီး စစ်ပွဲတစ်ခု သွားတိုက်နေရလို့ပါ"

ရှောင်လဲ့သည် သူ့အား အရမ်းဂရုစိုက်လိမ့်မည်ဟု ကျောင်းမြန် ဘယ်တုန်းကမှ မတွေးမိပေ။ 

ကျောင်းမြန်သည် ခေါင်းငုံ့ကာ ရှောင်လဲ့၏ ခေါင်းလုံးလုံးလေးကို နမ်းလိုက်သည်။

"ဦး သားအတွက်ပန်းတွေယူလာတယ်...အိမ်ပြန်ရောက်တာနဲ့ သားကို မြင်ချင်လို့ ပူတင်းတောင် မြန်မြန်လုပ်လိုက်တာ..." 

ရှောင်လဲ့က နှုတ်ခမ်းကို စူထားပြီး ကျောင်းမြန်အား လှည့်မကြည့်မိအောင်နေလိုက်သည်။

ရှောင်လဲ့သည် ဒီအကိုကြီးနှင့် အတူနေရသည်မှာ အခြားသူများနှင့် မတူပေ။သူ့ဘေးနားတွင်နေရသည်မှာ လုံခြုံအေးချမ်းမှုကို ခံစားရပြီး အဲ့ဒီ့ ကြောက်စရာကောင်းသော အမှတ်တရများကို အကိုကြီးက ပျောက်သွားအောင်လုပ်ပေးနိုင်သည့် မှော်ဆရာတစ်ယောက်ဖြစ်သည်။

သို့သော် မှော်ဆရာသည် ရုတ်တရက် မလာတော့ပေ။

ရှောင်လဲ့သည် သူ့အစ်ကိုကြီးက သူ့အား ယခင်က သူ့ကို အနိုင်ကျင့်သူများကဲ့သို့ မုန်းတီးနေခဲ့ကြောင်း ခံစားခဲ့ရသည်။

ကျောင်းမြန်က ခေါင်းငုံ့ပြီး လေးနက်စွာဆို၏။ 

"ဦးက အဲဒီလူတွေနဲ့ မတူဘူး၊ သားကို ထားခဲ့မှာမဟုတ်ဘူး"

"ဦးက သားနဲ့အမြဲရှိနေမှာ အကယ်၍ ဦးသားဆီမလာတော့ရင်...အဲ့ဒါ သားကိုမုန်းလို့မဟုတ်ဘူး ....ဦး စစ်တိုက်နေရလို့ပဲ .....စစ်ပွဲကိုသိလား"

ရှောင်လဲ့သည် ခေါင်းညိတ်လိုက်ပြီး ခေါင်းကို ထပ်ခါလိုက်သည်။

ကျောင်းမြန်သည် ရှောင်လဲ့အား ပန်းစည်းကိုပေးကာ ကိုင်ထားစေပြီး ကလေးကိုပွေ့ဖက်ထားပြီး တိုးတိုးလေးပြောလိုက်သည်။

"စစ်ပွဲဆိုတာ တခြားမောင်နှမတွေနဲ့အတူတူ လူဆိုးတွေကို တိုက်ခိုက်ရတာ..ပြီးတော့ အဲ့ လူဆိုးတွေကို ဦးတို့မွေးရပ်မြေကနေ မောင်းထုတ်လိုက်တာ..."

ရှောင်လဲ့က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

ကျောင်းမြန်သည် ယုန်ငယ်လေးကို ပွေ့ဖက်ပြီး ပြုံးကာပြောသည် 
"အရင်တုန်းကဟာတွေက ပြီးသွားပြီ ..အခုသားမှာ ဦးနဲ့ ဦးဦး စီဆဲလ်ရှိတယ်"

"ဦးဦးက သားကို လာမကြည့်ဘူး" 

ရှောင်လဲ့က ကျောင်းမြန်၏လည်ပင်းအားသိုင်းဖက်လိုက်ပြီး ကျောင်းမြန်၏လည်ပင်းတွင် ခေါင်းကိုမြှုပ်ကာ ပြောလေသည်။

"သူက သားကိုမြင်ရတာ မကြိုက်ဘူး...သားကိုမြင်ရင် သူငိုလိမ့်မယ်..."

ရှောင်လဲ့၏ အပြောအဆိုသည် အမြဲတမ်း တိတ်ဆိတ်ကာ သိမ်မွေ့လေသည်။

ဒါက.....

စီဆဲလ်က ရှောင်လဲ့ကို သဘောမကျဘူးလား.....။

ကျောင်းမြန်က မေးလိုက်သည်။
"သားရဲ့ ဦးဦးက သားကို မြင်တာနဲ့ ငိုတာလား.."

သူ စီဆဲလ်ငိုတာ တစ်ခါမှ မမြင်ဖူးပေ။

"သူငိုတယ်......!" 

ရှောင်လဲ့သည် ကျောင်းမြန်က သူ့အားမယုံသောကြောင့် ဒေါသထွက်သွားပြီး ပါးစပ်ထဲက ပူတင်းကိုဝါးကာပြောလိုက်သည်။

"သူ သားကို ကိုင်ပြီးပြောတာ..."

"သူပြောတာက......"

ရှောင်လဲ့၏ မှတ်ဉာဏ်မှာ အနည်းငယ် ဝေဝါးနေသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ခုနစ်ကလေး.....တောင်းပန်ပါတယ်တဲ့"

ကျောင်းမြန်သည် အံ့သြသွားလေသည်။

အဲ့နာမည်က......

ကျောင်းမြန်သည် နေရာတွင် အေးခဲသွားသည်။

ထိုနာမည်ကို ရင်းနှီးနေသည်ဟု ထင်မိသော်လည်း....သူမမှတ်မိပေ။

သူအထင်မှားတာလား....။

ကျောင်းမြန် က ပိုသိချင်လာသောကြောင့် သူက ဆက်မေးလိုက်သည်။

"ဒါဆို ...သားကို အနိုင်ကျင့်တယ်လို့ပြောတဲ့'လူတွေ'က ဘယ်သူလဲ..."

"အဲ့ဒါက.....အဖြူရောင် ဦးလေးကြီးတွေနဲ့ အန်တီကြီးတွေ...."

"ဒါဆို သူတို့က သားကို ဘာလို့အနိုင်ကျင့်တာလဲ..."

"အမှောင်...အမှောင်ထဲက အခန်းကျဥ်းထဲမှာ..."

ရှောင်လဲ့က တဖြည်းဖြည်းပြောရင်း သူ၏မျက်နှာမှာ ဖြူဖျော့လာပြီး ရုတ်တရက်အော်ဟစ်ကာ ကျောင်းမြန်အား အဝေးသို့ တွန်းထုတ်လိုက်သည်။

"ဘုန်း...."

ပူတင်းက မြေပြင်ပေါ် သို့ ပြုတ်ကျသွားပြီး သကြားရည်များကလည်း ကြမ်းပြင်တစ်ခုလုံးကို ဖိတ်စင်သွားလေသည်။ 

ကံကောင်းစွာဖြင့် ပန်းကန်သည် ဖန်မဟုတ်သောကြောင့် မကွဲသွားပေ။

ထိုလှုပ်ရှားမှုသည် ရှောင်လဲ့အား ပို၍ စိတ်ရှုပ်သွားစေကာ သူ့ခေါင်းကို အုပ်ကိုင်ထားရင်း ငိုလေသည်။

"ရှောင်လဲ့....မကြောက်နဲ့...မကြောက်နဲ့တော့နော် .....အဆင်ပြေသွားပြီ.."

ကျောင်းမြန်သည် ကလေးက တွန်းလိုက်သည်အားအရမ်းနောင်တရသွားကာ အမြန်ပွေ့ဖက်ပြီး ချော့လိုက်သည်။ 

"အင်္ကျီတွေ....ပူတင်းတွေရော...."

"အင်း ရတယ်နော်.....ဦး ထပ်လုပ်ပေးလို့ရတယ် ရှောင်လဲ့က မကြောက်နဲ့နော်....မကြောက်နဲ့...." 

ကျောင်းမြန်သည် ရှောင်လဲ့၏ကျောအား ပုတ်ပေးလိုက်ပြီး ပြောလေသည်။

"ဒါတွေက ပြီးသွားပြီ....ဦးက သားနဲ့အတူတူရှိနေမှာမို့လို့ သားကို ကာကွယ်ပေးမယ်နော် ..." 

"အင်း....."

ကျောင်းမြန်သည် ရှောင်လဲ့၏ အတိတ်ကိုမေးရန် ဆုံးဖြတ်လိုက်ပြီး စီဆဲလ် ပြန်လာမည့်အချိန်ကို စောင့်နေလေသည်။