Chapter 92
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး အပိုင်း 92


* * *

၎င်းမှာ တိုတောင်းသောညစာဖြစ်ခဲ့ပေမယ့် ဘယ်ရွန်မြို့စားသည်အလွန်ကျေနပ်ပုံရသည်။

နှင်းဆီစံအိမ်သို့ ပြန်ရာခရီးတစ်လျှောက်လုံး ဘယ်ရွန်သည် ကြီးကျယ်သောတွေ့ဆုံမှုဖြစ်ခဲ့ကြောင်းကို ရှည်လျားစွာပြောခဲ့ပြီး အန်းသန့်စ်ကို နှုတ်ဆက်ချိန်တွင်ပင် မားကွစ်အတွဲကို ချီးကျူးစကားပြောဖို့မမေ့ခဲ့ပေ။

"သူတို့က သခင်လေးကို မွေးဖွားကြီးပြင်းအောင် ပျိုးထောင်ခဲ့တဲ့သူတွေမို့ဖြစ်နိုင်တယ်....သူတို့က အရမ်းကောင်းကြတဲ့လူတွေပဲ"

"... ခင်ဗျားရဲ့ ကြင်နာတဲ့ စကားလုံးတွေအတွက် ကျေးဇူးပါ

သို့သော် အန်းသန့်စ်၏ အမူအရာများမှာတော့ သူ့တုံ့ပြန်သလိုမျိုး သာယာဖွယ်မရှိနေပေ။ တစ်ချို့အကြောင်းများကြောင့် ဘာလို့လဲဆိုတာ သူမခန့်မှန်းနိုင်‌သည်။ဒါကြောင့် သူထွက်သွားဖို့လုပ်သည့်အချိန်မှာပဲ သူမက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့လိုက်သည်။

"ခဏလေး"

"…!"

မဟုတ်သေးဘူး အရမ်းသန်မာတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်ကူကူနဲ့ တွန်းခံလိုက်ရတာလဲ။

အန်းသန့်စ်သည် ရုတ်တရက် လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရသောကြောင့် အနောက်ကိုတွန်းခံလိုက်ရသလိုဖြစ်သွားပြီး နံရံနဲ့ တိုက်မိသွားခဲ့သည်။

ဘုန်း !

အသံတောင် ထွက်လာတာကြောင့် လူနာသည် ခဏလောက် လန့်ဖျပ်သွားခဲ့သည်။ မျက်နှာပေါ်တွင် မမျှော်လင့်ထားစွာ ပြင်းထန်သောအမူအရာရှိနေသည့် အန်းသန့်စ် သူအရမ်းအားနည်းသွားတာလားဟု မေးသလိုမျိုး နှုတ်ခမ်းထောင့်များကို ပင့်တင်လိုက်သည်။

"မင်း တော်တော်လေး ခွန်အားကြီးတာပဲနော်။ ကိုယ် ဒီလိုမျိုး အမျိုးသမီးတစ်ယောက်ဆီက တွန်းချခံရတာ ဒါပထမဆုံးပဲ"

အဲဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ မှတ်ချက်မျိုးလဲ။

"... ရှင် ယောက်ျားတစ်ယောက်ဆီက ဒီလို မျိုးတွန်းချခံရဖူးလို့လား"

"အင်း... ကိုယ်တို့အချငါးချင်း ငြင်းကြခုံကြရင် တစ်ယောက်နဲ့တစ်ယောက် နံရံဘက် တွန်းထိုးကြတာလေ။အဲ့တော့ အရင်က တွန်းချမခံရဖူးဘူးဆိုတာ မဖြစ်နိုင်ဘူး"

သူမတွင် ရန်ဖြစ်ရန် ရည်ရွယ်ချက်မရှိသော်လည်း လေထုက ကို့ရို့ကားယားဖြစ်နေပြီဖြစ်သည်။ဒါကြောင့် လူနာသည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လက်အား လွှတ်ချလိုက်သည်။

သူမကျေးဇူးကြောင့် စိတ်အခြေအနေက ပျောက်သွားတယ်။ အန်းသန့်စ်သည် မားကွစ်မိသားစု၏ မမျှော်လင့်ထားသော တစ်ဖက်ခြမ်းကို နောက်တစ်ကြိမ် နှိုးဆွရန် ကြိုးစားလိုက်သော်လည်း လေထုက ခွင့်မပြုခဲ့ပေ။

"အာ မေ့လိုက်တော့။တာ့တာနော်။ဒီနေ့ ကျွန်မနဲ့အတူ လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်နော်"

"ဒါပေမယ့် ကိုယ်ဘာမှကူညီခဲ့ရဘူးလေ"

သူ မကူညီခဲ့တာကတော့ အမှန်ပင်။သို့သော်လည်း မားကွစ်၏ စိတ်အခြေအနေကိုကြည့်ပါက သူတကယ့်ကို ရဲစွမ်းသတ္တိပြပြီး လိုက်လာခဲ့တယ်ဆိုတာ ပြောနိုင်သည်။

"ကျွန်မ အဖေရဲ့ သူ့စိတ်ထဲမှာ ငြိမ်းချမ်းမှုရခဲ့တယလေမဟုတ်ဘူးလား။ရှင်က ကောင်းမွန်တဲ့ အကူအညီဖြစ်ခဲ့ပါတယ်"

သူမသည် သူယခင်က တစ်ခါမှမကြားဘူးခဲ့သော စကားများဖြင့် ပြန်ဖြေလာခဲ့သည်။

စာအုပ်ထဲကလိုပဲ အဖေနဲ့သမီးသည် သူ့မိဘတွေတောင် သူ့ကိုမယုံသည့်အတွက်ကြောင့် သူ့ကို ချီးကျူးဖို့ ကြိုးစားခဲ့ကြသည်။

သူ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ဖို့ကြိုးစားခဲ့သော်လည ရင်ထဲ၌ ထွေနေသော ခံစားချက်ကြီးက အမြန်ပြန်ပေါ်လာခဲ့သည်။

သူတို့ အဲ့ဒါကို ခံစားဖို့ အကြောင်းပြချက်များ ဆက်ဖန်တီးပြီး ဘယ်လိုလမ်းခွဲကြမယ်ဆိုတာ မသိသေးတာက အံသြစရာကောင်းလှသည်။

"မင်း မိုင်းကို ဘယ်တော့သွဖို့ စီစဉ်ထားလဲ။ အဲဒီမတိုင်ခင်မှာ ပစ္စည်းတွေ အသင့်ပြင်ထားဖို့ လိုတယ်နော်"

"ကျွန်မ နှစ်ရက်အတွင်း သွားဖို့ စဉ်းစားနေတာ။အဖေ ပဲလ်နယ်မြေကို ပြန်သွားမယ့်နေ့မှာ ကျွန်မသွားလိုက်မယ်။ ရှင်အလုပ်များနေရင် ကျွန်မနဲ့လိုက်ဖို့မလိုပါဘူး။အဲ့ဒါကသိပ်မဝေးပေမယ့် ဆယ်ရက်လောက်တော့ ကြာလောက်မှာ"

အန်းတဲရိစ့်ဂိုဏ်းသည် စာချုပ်အတွက် မိုင်းကို စစ်ဆေးရန် လိုအပ်သော်လည်း ချက်ချင်းတော့ မဟုတ်ပေ။

ထို့အပြင် ဂိုဏ်း၏ပိုင်ရှင်က ရုတ်တရက် ဆယ်ရက်လောက် ဂိုဏ်းမှထွက်ခွာသွားပါက ဂိုဏ်းကို ထိခိုက်စေနိုင်တာကြောင့် ဤတစ်ကြိမ်တွင် သူမတစ်ယောက်တည်းသွားသည်က အဓိပ္ပါယ်ရှိသည်။

"အဆင်ပြေပါတယ်။ကိုယ် အစထဲစ မင်းနဲ့ လိုက်ဖို့စီစဉ်ထားတော့ ရှုပ်ထွေးတဲ့ကိစ္စတွေအားလုံးကို ကိုယ် ကိုင်တွယ်ပြီးသွားပြီ။ပြီးတော့ ကိုယ် လေဒီကိုတစ်ယောက်တည်း မလွှတ်လိုက်နိုင်ဘူး"

အဲ့လိုလုပ်ဖို့မလိုသော်လည်း သူမနဲ့အတူ ကမ္ဘာ့အသန်မာဆုံးလူက အတူလိုက်ပါပေးမယ်ဆိုတာကို လူနာတွင် ငြင်းစရာအကြောင်းမရှိနေပေ။

တပ်သားတစ်သန်းခေါ်လာရင်တောင် သူတို့သည် အန်းသန့်စ်တစ်ယောက်တည်းကို အနိုင်ယူနိုင်မှာမဟုတ်ပေ။

"လေဒီမှာ ခရီးဝေးရထားမရှိဘူးဆိုတော့ ကိုယ်ပြင်ထားလိုက်ပါမယ်.."

"ခရီးဝေးရထားလား။ကျွန်မတို့ ပုံမှန်ရထားဘဲ စီးလို့မရဘူးလား"

"ခရီးဝေးရထားတွေက အတွင်းထဲမှာ လှဲလို့ မှီလို့ရတော့ ပိုအဆင်ပြေတယ်လေ။ လူနှစ်ယောက်အထိ အဆင်ပြေတယ်။ ဥပမာ ကိုယ်နဲ့မင်း"

"အိုတကယ်လား။ဒါဆို ကျွန်မတို့ အတူတူ သက်တောင့်သက်သာ ခရီးသွားလို့ရပြီပေါ့။အဲ့ဒါအတွက်ဂရုစိုက်ပေးလို့ ကျေးဇူးပါ" 

လူနာက အဓိပ္ပါယ်ရှိသော အပြုံးလေးနှင့် ပြန်ပြောခဲ့လိုက်သည်။

အဲ့အကြောင်းအပေါ် ဘာအတွေးမှမရှိနေသော လူနာကြောင့် အန်းသန့်စ်သည် ခါးသီးသွားပြီး ရယ်ရုံပဲတတ်နိုင်ခဲ့သည်။စာချုပ်တစ်ခုနှင့် စတင်ကတည်းစ ၎င်းမှာ လွှဲမရှောင်သာပင်… သို့သော် သွားရမည့် ခရီးလမ်းက တကယ့်ကိုရှည်လျားလှသည်။

"ဒါဆို အဲ့လိုပဲ လုပ်ကြရအောင်။နောက်နှစ်ရက်အတွင်း ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်"

စကားဝိုင်းက ဤသို့ဖြင့် ပြီးသွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံးသည် စကားဆက်ပြောရန်အတွက်ပင် အချိန်မရှိကာ အလွန်အလုပ်များနေခဲ့ကြသည်။

သို့တိုင် သူ့လက်ကို ဒီတိုင်းဝှေ့ယမ်းပြပြီး ခါတိုင်းလို ထွက်သွားရတာက နည်းနည်းစိတ်ပျက်စရာကောင်းတာကြောင့် အန်းသန့်စ်သည် လူနာ၏ ဆံပင်များကို ခပ်မြန်မြနနမ်းလိုက်ပြီး ရထားပေါ်သို့တက်သွားခဲ့လိုက်သည်။

သူ ထိုသို့ မလုပ်ပါက သူတို့ ဘယ်တော့မှ ဒီအဆင့်ကနေ တိုးတက်မှာ မဟုတ်ဘူးလို့ ခံစားနေရသည်။

"ဟင်!"

အန်းသန့်စ်သည် သူဘာလုပ်ခဲ့တာလဲလို့ မေးနေသလိုမျိုး မျက်မှောင်ကြုတ်ထားသော လူနာကို လက်ဝှေ့ယမ်းပြကာ စံအိမ်မှ အမြန်ထွက်ခွာသွားခဲ့လိုက်သည်။

"သူ ဘာလို့ ဒီလိုဖြစ်နေရတာလဲ။တကယ်ပါပဲ။ငါတော့ သူ့ကို လူနဲ့ပိုပိုတူတူလာတယ်လို့ မြင်နေရတယ်"

လူနာသည် ပြင်းထန်စွာ ဝေဖန်ပြီး ရှက်ရွံ့စွာဖြင့် အိမ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီး သူမ နောက်မှ လော်ရာ အကြောင်းပြချက်မရှိဘဲ ဆံပင်ကိုလိမ်နေကာ လိုက်လာခဲ့သည်။

* * *

[ လေဒီလူနာ။နင် စိတ်မကျေမနပ်ဖြစ်သွားမှာကို ငါစိုးရိမ်နေတာ။ အလုပ်မြန်မြန်ပြီးအောင်လုပ်ပြီး နင့်ကို လာတွေ့ချင်ပေမယ့်လည်း ကံမကောင်းစွာနဲ့ ငါလုပ်ရမယ့်အလုပ်တွေက တောင်လိုပုံနေတော့ အဲ့လို မလုပ်နိုင်မှာကို ကြောက်မိတယ်။]

သေချာစွာပင် နောက်တစ်နေ့တွင် ရို့စ်မယ်ရီထံမှ စာတစ်စောင်ရောက်လာခဲ့သည်။ ၎င်းမှာ မားကွစ်မြို့စားက ညစာစားပွဲကို ရုတ်တရက် အပြီးသတ်လိုက်သည့်နောက်တွင်ဖြစ်သည်။

သူက သူတို့ကို ကန်ထုတ်ပစ်တာမဟုတ်ဘဲ သူတို့၏ နားလည်မှုကို ယဉ်ကျေးစွာ တောင်းဆိုခဲ့ခြင်းသာဖြစ်သည့်အတွက်ကြောင့် လူနာသည် ခံစားရမဆိုးနေပေ။

ထို့အပြင် အဆုံးတွင် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ ၏မျက်နှာပေါ်က အမူအရာများကိုထည့်သွင်းစဉ်းစားပါက သူမသည် သူတို့အဘယ်ကြောင့် စောစောအပြီးသတ်ချင်ကြသည်ကိုနားလည်နိုင်ပေသည်။

ထို့ကြောင့် လူနာသည် သူမ အဆင်ပြေကြောင်း ပြန်စာရေးခဲ့လိုက်သည်။ဘယ်ရွန်ကလည်း သူအရမ်းကျေနပ်သည်ဟုပြောခဲ့၏။နောက်တစ်ကြိမ် ထပ်ဖိတ်ဖို့ တောင်းဆိုသည့် စကားကတော့ ဘောနပ်စ်ပင်။

စာပို့ပြီးသည်နှင့် သူမ ထုပ်ပိုးထားသော ခရီးဆောင်အိတ်မှန်သမျှကို စစ်ကြည့်ပြီးနောက်တွင်တော့ မိုးလင်းလုနီးပါးဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် သူမ မျက်လုံးများကို ခဏမှိတ်ထားလိုက်ချိန်မှာပင် အန်းသန့်စ် ရောက်လာကြောင်း အသိပေးသည့် ကျယ်လောင်သော အသံကြောင့် နိုးလာခဲ့သည်။

"သူ ဘာလို့ အစောကြီးရောက်လာတာလဲ"

အခုက သူတို့ ပျော်ပွဲစားထွက်သလိုမျိုးမှ မဟုတ်တာကို။ 

လူနာသည် ငြီးတွားပြီး သွားဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်သည်။

လူနာသည် ခရီးရှည်အတွက် သင့်လျော်သော ၀တ်စုံကို ၀တ်ဆင်ထားပြီး အောက်ထပ်သို့ ဆင်းလာချိနတွင် အန်းသန့်စ် နှင့် ဘယ်ရွန်တို့က စကားစမြည်ပြောနေသည်ကို သူမတွေ့လိုက်ရသည်။

"မင်းကို အရမ်းလွမ်းနေရတော့မှာပဲ သခင်လေး"

"ကျွန်တော်ရောပဲ။မကြာခင် ပြန်တွေ့ကြမယ်"

"ငါလည်း မြို့တော်ကို မကြာခဏ လာဖြစ်မှာ။ မင်းနဲ့ လူနာက အဲဒီအချိန်အထိ အတူရှိနေကြမယ်လို့ မျှော်လင့်တယ်"

"စိတ်မပူပါနဲ့ ကျွန်တော်တို့လုပ်ပါ့မယ်။ လူနာကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးတယ်"

သူတို့သည် ထိုစကားလုံးများကို စိတ်အားထက်သန်စွာဖြင့် အပြန်အလှန်ဖလှယ်နေခဲ့ကြပြီး လူနာသည် သူတို့၏ဆက်ဆံရေးကိုကြည့်ကာ ဘယ်သူက ဘယ်သူ့ကိုမျက်နှာပေးနေတာလဲဟု သိချင်မိသွားခဲ့သည်။

"ကျွန်မတို့ အခုထွက်သွားကြတော့မလား"

လော်ရာ နှင့် ရိုယာတို့က ပြောလာခဲ့ကြသည်။

ဒါပေမယ့် ရိုယာက ဘာလို့ ခရီးသွားအဝတ်အစားတွေဝတ်ပြီး ခရီးဆောင်အိတ်ကို သယ်လာရတာလဲ။

လူနာက သူ့ကို စူးစမ်းချင်စွာ သိုက်ကြည့်နေတာကြောင့် ရိုယာသည် ယုံကြည်မှုအပြည့်နှင့် ပြုံးပြီး ပြန်ဖြေလိုက်သည်။

"စာချုပ်ရေးဆွဲတဲ့နေရာမှာ အကူအညီရအောင်လို့ ကျွန်တော် ကိုယ်တိုင်ပဲ ဆိုက်ကိုလိုက်ကြည့်ဖို့ဖို့ စိတ်ကူးခဲ့တာ။ကျွန်တော် လိုက်ခဲ့လို့ရတယ်မလား"

သူ သူမနှင့်အတူလိုက်ခဲ့နာက ဘာမှမထိခိုက်မှုစေသောကြောင့် လူနာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လူနာသည် ဘယ်ရွန်အား ခဏလောက်နှုတ်ဆက်ပြီး အန်းသန့်စ် ပြင်ဆင်ခဲ့သော ခရီးဝေးရထားပေါ် တက်ခဲ့လိုက်သည်။ထို့နောက် သူတို့သည် မိုင်းဆီသို့ ဦးတည်ကာ တည့်တည့်သွားခဲ့ကြသည်။

အန်းသန့်စ် ပြောခဲ့သလိုပဲ ခရီးဝေးရထားများက ခရီးဝေးသွားရန်အတွက် ပိုအဆင်ပြေသည်။ လူနာ အနားယူချင်ပါက တစ်နေရာရာမှာ လှဲအိပ်လိုက်ရုံပဲ။

သို့သော် သူမကို စိတ်အနှောက်အယှက်ဖြစ်စေနေသော အရာတစ်ခုရှိနေသည်...

"သခင်လေးပါ အတူစီးမလို့လား"

အန်းသန့်စ်သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ ရထားသည် ခရီးရှည်အတွက် အတော်လေး အချိုးဆကျကျဥ်းပေသည်။ အများအားဖြင့် သူတို့သည် တနေကုန် ထိုကဲ့သို့ ကျဉ်းမြောင်းသော နေရာများတွင် နေရခြင်းမှ ဖြစ်ပေါ်မည့်အဆင်မပြေမှုများကို ရှောင်ရှားရန်အတွက် ခရီးရှည်များထွက်သည့်အခါ သီးခြားရထားတစ်ခုစီ အသုံးပြုတတ်ကြသည်။

လူနာသည် ပဟေဠိဖြစ်သွားပြီး မေးလာခဲ့ချိန်တွင် အန်းသန့်စ်သည် သူ့ခေါင်းကို ငြိမ့်ပြလာခဲ့သည်။

"ခရီးဝေးကရထားတစ်စင်းပဲ ရှိတော့လို့"

"အင်း...အဲ့ဒါဆို ကျွန်မ နောက်ထပ် ခရီးဝေးရထားတစ်စင်း ငှားလိုက်လို့ရတယ်လေ"

"တကယ်လား။အဲဒါကို ကိုယ် မစဉ်းစားမိခဲ့ဘူး"

ဒါပေမယ့် အခုမှတော့ အခု သူတို့ ဘာလုပ်နိုင်တော့မှာမို့လို့လဲ။ 

သူတို့သည် ရထားကို မျှဝေပြီးဖြစ်သည်။ အန်းသန့်စ်သည် ကြီးကြီးမားမားကိစ္းမဟုတ်သလိုမျိုး စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

"…အာ"

သူ၏ မထူးခြားဟန်ဖြစ်သော တုံ့ပြန်မှုကြောင့် လူနာသည် ထိုကိစ္စအား ကြီးကြီးမားမားမဟုတ်သလိုမျိုး ခံစားလာရပြီး သူမအနေနှင့် ထိုကိစ္စကို ထပ်မပြောနိုင်တော့ချေ။လမ်းကျ အနားယူချိန်တွင်ရထားကိုပြောင်းနိုင်လိမ့်မည်လို့ သူမထင်ခဲ့သည်။

လူနာသည် ပြတင်းပေါက်ဘက်ကို ခဏလောက် ငေးကြည့်နေရင်း ရုတ်တရက် စူးစမ်းချင်စိတ်များ မြင့်တက်လာပြီး အန်းသန့်စ်ဆီကို သူမ၏အာရုံစိုက်မှုများပို့ခဲ့လိုက်သည်။

"ကျွန်မ ရှင့်ကိုတစ်ခုခုမေးလို့ရလား"

တကယ်တော့ ၎င်းမှာ စူးစမ်းချင်စိတ် အရှိန်အဟုန်သက်သက်ကြောင့် မဟုတ်ဘဲ သူမ အချိန်တစ်ချို့အထိ သိချင်နေခဲ့သော မေးခွန်းတစ်ခုပင်။

"မေးလို့ရတယ်" အန်းသန့်စ်က စာအုပ်ကိုပိတ်လိုက်သည်။

သူ့အမူအရာက ပျော့ပျောင်းနေတာကြောင့် သူမ ရှေ့ဆက် တိုးခဲ့လိုက်သည်။

လူနာသည် ခဏလောက်တော့ တုံ့ဆိုင်းသွားခဲ့သည်။သူမသည် သူ့ဒေါသ ထွက်တာကို တစ်ခါမှ မတွေ့ဖူးသဖြင့် မေးခွန်းတစ်ခု မေးရဲဖို့ သတ္တိကို မနဲစုဆောင်းခဲ့ရသည်။

"သခင်လေး ဘာဖြစ်ခဲ့တာလဲကို အတိအကျ ပြောပြနိုင်မလားဟင်။ရှင်ဘာလို့ အဲ့လောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အိမ်ကနေ ထွက်သွားခဲ့တာလဲ"

သူမသာ ဖယ်ဆန်၏ပြစ်မှုကို ဖော်ပြလိုက်ပါက အန်းသန့်စ်ဒေါသထွက်နိုင်ချမှာ မြင့်မားသော်လည်း ဤအချက်အလက်က မူရင်းဇာတ်လမ်းတွင်မရှိနေသောကြောင့်အခြေအနေအမှန်များကိုသူမသိချင်သည်။

သူမ သူ့ကိုကူညီနိုင်တဲ့ တစ်ခုခုတော့ ရှိကောင်းရှိနိုင်လောက်တယ်။သူ့သူငယ်ချင်းတစ်ယောက်အနေနှင့် သူမကိုယ်တိုင်ကလွဲပြီး သူ့မိသားစုကတောင် ကျေနပ်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် သူရနိုင်သမျှ ပံ့ပိုးမှုအားလုံးကို လိုအပ်နေပုံရသည်။

အန်းသန့်စ်သည် ဖြည်းညှင်းစွာ မျက်တောင်ခတ်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ သူမမေးခွန်းက သူ့အတွက် အဆင်မပြေနေပေ။

သူ့ အတိတ်ကို တစ်စုံတစ်ယောက်က စိတ်ဝင်စားဟန်ဖြင့်မေးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထို့အပြင်၊ လူနာ၏ မျက်လုံးများသည် အမှန်တရားကို အမှန်တကယ်သိချင်နေပြီး ဖြစ်နိုင်ပါက ကူညီပေးလိုသောဆန္ဒရှိကာ တောက်ပနေတော့သည်။

ဒါပေါ့ အဲဒီအကြောင်းပြချက်အားလုံးကို ဘေးဖယ်ထားရင်တောင်မှ လူနာဘက်က မေးလာရင် သူဖြေချင်စိတ်အပြည့်ရှိတာပေါ့။

"ကိုယ် ဖယ်ဆန်ကို ရိုက်နှက်ပြီး မြို့စားကြီးကို ကျိန်ဆိုခဲ့တယ်။ အဲဒါကို မင်းကြားဖူးပြီးသားဖြစ်မှာပါ"

သူက အပြုသဘောနှင့် စတင်လာခဲ့သည်။

ကောလာဟလများအားလုံးက လွဲမှားနာဖြစ်နိုင်သည်ဟု သူမ အနည်းငယ်သံသယရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့တွင် အလွန်ပြင်းထန်သော ကလေးဘဝရှိခဲ့ပုံရသည်။

"ကိုယ် သူ့ကို ရိုက်ရတဲ့ အကြောင်းရင်းကို မေးလာရင်တော့ ဖယ်ဆန်ဘက် အရင် စခဲ့တာလို့ ကိုယ် ပြောနိုင်တယ်"

"သူ စခဲ့တာလား"

"ပိုပြီး တိတိကျကျပြောရရင် သူက ကိုယ်လုပ်သမျှကို အပြစ်အရင်ရှာခဲ့တာလေ။ အဲဒါကြောင့်ပဲ အားလုံးက စတင်ခဲ့တာ။ကိုယ် သူနဲ့ တွန်းရင်းထိုးရင်း သူ့ပုခုံးကို တိုက်မိသွားခဲ့တယ်။အဲ့ဒါက သူအရမ်းလန့်သွားပြီး သူ့ဘာသာသူ နောက်ပြန်ခလုတ်တိုက်မိပြီး လှေကားပေါ်ကနေ ပြုတ်ကျသွားခဲ့ရော။အဲ့လိုနဲ့ပဲ ကောလဟာလတွေ ထွက်လာခဲ့တာ"

…ဘယ်လို.။

လူနာသည် မျက်တောင်ခတ်လိုက်ပြီး သူမ ကြားလိုက်ရသောအရာအပေါ် မသေမချာဖြစ်သွားခဲ့သည်။

"ဖယ်ဆန်က ကိုယ် သူ့ကို လှေကားပေါ်ကနေ တမင်တကာ တွန်းချခဲ့တယ်လို့ ပြောခဲ့တယ်။ မင်းလည်း ဖယ်ဆန့်ရဲ့ စရိုက်ကို ကောင်းကောင်းနားလည်မှာ သေချာတယ်။ သူက ကိုယ် ကိုယ်တိုင်တောင် မယုံနိုင်လောက်တဲ့အထိ ချဲ့ကားပြောဆိုခဲ့တယ်"

"ရှင်ပြောတာက... ရှင် သူ့ကို တကယ်ရိုက်ခဲ့တာလား"

ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်။အန်းသန့်စ်သည် လေးလေးနက်နက် မျက်တောင်ခတ်လိုက်ပြီး လူနာက မျက်မှောင်ကြုတ်လိုက်မိသည်။

"သူ လှေကားပေါ်ကနေ ပြုတ်ကျသွားပြီး အခြေအနေမကောင်းလို့ ခဏလောက် အိပ်ရာထဲကနေ မထနိုင်ခဲ့ဘူး။မြို့စားကြီးက အဲ့ဒါကိုမြင်တော့ ဒေါသထွက်ပြီး ကိုယ်က ဖယ်ဆန်ကို မနာလိုလို့ လုပ်ပါတယ်လို့ ပြောခဲ့တယ်"

အန်းသန့်စ်သည် ဖယ်ဆန်၏ပခုံးကိုအမှန်ပင်တွန်းခဲ့မိပြီး ဖယ်ဆန်၏အခြေအနေအရ မြို့စားကြီး ဒေါသတကြီးဖြစ်ခဲ့သည်မှာမထူးဆန်းပေ။

သို့ရာတွင် အန်းသန့်စ်သည် မတရားစွပ်စွဲခံရသည်ဟု ခံစားခဲ့ရပြီး မြို့စားကြီးကို ရင်ဆိုင်ခဲ့သည်။ ကံမကောင်းစွာပင် အခြေအနေမတိုးတက်ခဲ့ချေ။

ထိုအစား သူ့က ဖမ်းထားခံခဲ့ရပုံရပြီး မြို့စားကြီးမိသားစုမှ တမင်ဖြန့်ထားသော အရူးတစ်ယောက်ဖြစ်ကြောင်း ကောလာဟလများ ပျံ့လာခဲ့တော့သည်။

"ကိုယ်တို့ အဲဒီအချိန်ကတည်းစ မဆုံခဲ့ကြရင် ပိုကောင်းလောက်တယ်။ဒါပေမယ့် ထူးဆန်းတာက ကိုယ် အမြဲ သူနဲ့ အကြိမ်ပေါင်းများစွာ ဆုံနေတာပဲ။ကိုယ် သူ့ကိုအပြင်မှာ တတ်နိုင်သလောက် ရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် မတော်တဆ သူ့နဲ့တိုးခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်"

၎င်းက ကြီးကျယ်ခမ်းနားသော နည်းလမ်းဖြစ်ရင်တောင်မှ ကံတရားဟု ခံစားရပေသည်။

ထူးဆန်းသည်မှာ သူတို့နှစ်ယောက်တွေ့လိုက်တိုင်း အမြဲ ရန်ဖြစ်နေတာဖြစ်သည်။ ဖယ်ဆန်က အန်းသန့်စ်၏ဒေါသ ကို မဆုတ်မနစ် နှိုးဆော်ခဲ့တာကြောင့် မကြာခဏဆိုသလို အရိုက်ခံခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်စေခဲ့သည်။

ထို့နောက်မှာတော့ ဖယ်ဆန်၏ ရယ်စရာကောင်းသော အကြောင်းပြချက်များနှင့် မြို့စားကြီး၏ ဒေါသက သဘာဝအတိုင်း ဆက်လက်တည်ရှိနေခဲ့သည်။ထို့ကြောင့်ပင် ဆိုးရွားလှသော ကောလဟာလတစ်ခုက စောင့်မျှော်နေသကဲ့သို့ ပျံ့နှံ့သွားခဲ့တော့သည်။

လူတိုင်းသည် ကျိန်စာနှင့်တူသော စွမ်းအားများဖြင့် မွေးဖွားလာခဲ့သော အန်းသန့်စ်က တခြားသူများကို ထိခိုက်နစ်နာစေခဲ့တာ အမှန်ပဲဟု ယူဆခဲ့ကြသည်။ဒါကြောင့် မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့သည် အန်းသန့်စ်ကို အမြန်တောင်းပန်ပြီး သတိပေးခဲ့တော့သည်။

သူ့ဘက်ကို လိုက်မည့်သူ ဘယ်သူမှမရှိခဲ့ပေ။ထို့ကြောင့် အန်းသန့်စ်သည် ဤသို့ဖြင့် ကောလဟာများဖြစ်လာကြောင်း အေးအေးဆေးဆေး ဆက်ပြောလာခဲ့ပြီး လူနာ သူမလက်သီးများကို သတိမထားမိဘဲ တင်းတင်းဆုပ်မိသွားခဲ့သည်။

"...ဒါက ဘယ်လိုဗီလိန်မျိုးလဲ!"

TK Team(chapter 92)