Chapter 94
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 94


* * *

သူတို့သည် တည်းခိုခန်း၏တည်နေရာနှင့် အနည်းငယ်ဝေးသည့် ဆူညံသောလမ်းတစ်ခုကို ရောက်ရှိလာခဲ့ကြသည်။

ညဉ့်နက်နေသော်လည်း ထိုနေရာသည် လမ်းဘေးဈေးသည်များနှင့် စားသုံးသူများဖြင့် စည်ကားနေသည်။

သူတို့ ဒီကို လာတာများ ဖြစ်နိုင်လား။ အန်းသန့်စ်က သူမအား ခဏလောက်ငုံ့ကြည့်ခဲ့ပြီး လေးနက်သောအပြုံးဖြင့် ပါးစပ်ကိုဖွင့်လိုက်သည်။

"မင်း ဒီနေရာကို ကြိုက်မယ်လို့ ကိုယ်ထင်တယ်"

"ရှင် ဘာဆိုလိုတာလဲ"

ရုတ်တရက်ကြီး တစ်ခုခုကို ကြိုက်တာ မကြိုက်တာ ဘာအရေးကြီးလို့လဲ။ လူနာ ၏မျက်လုံးများက သံသယစိတ်ဖြင့် ကျဉ်းမြောင်းသွားခဲ့သည်။

အန်းသန့်စ်က သူမကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်ပြီး ရှင်းပြခဲ့၏။

"တကယ်တော့ ကိုယ် လေဒီကို ဒီကိုလာဖို့ ခေါ်လာခဲ့တာ။ မင်းကြိုက်မယ်လို့ ကိုယ်ထင်ခဲ့တယ်"

"…စိတ်မရှိပါနဲ့?"

ဒီလောက် နောက်ကျနေတဲ့အချိန်ကြီးမှာ လူကို ညဈေးဆီ လာအောင်လုပ်ခဲ့တာကို လူနာ ကြိုက်မယ်လို့ သူထင်နေတာလား။

ဟယ်လို? ကျွန်မ အနားယူချင်နေပြီ သိရဲ့လား။ 

လူနာ၏ မျက်လုံးများက စူးစူးရဲရဲ ဖြစ်သွားခဲ့၏။

ဒါပေါ့ မနက်ဖြန် မြို့တော်ကို သွားသည့်တစ်လျှောက်လုံး ရထားပေါ်မှာ အနားယူနိုင်ပေမယ့်လည်း အခုချိန်မှာတော့ သူမ ဒီမှာပဲ အနားယူချင်ခဲ့သည်။

လူနာက ဒီအချိန်ကြီး ရုတ်တရက် အပြင်ထွက်ရခြင်းကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ချိန်တွင် အန်းသန့်စ်က လေးနက်သော အပြုံးဖြင့် ဆိုင်ခန်းငယ်တစ်ခုဆီသို့ ညွှန်ပြလိုက်သည်။

"မင်း အဲဒါကို စမ်းကြည့်ဖူးလား။သူတို့ပြောတာတော့ အဲ့ဒါက ဒီမြို့ရဲ့ ထူးခြားမှုတစ်ခုတဲ့"

အန်းသန့်စ်က ထူးခြားမှုတစ်ခုဟုပြောလာသောကြောင့် လူနာ၏ရန်လိုသောအကြည့်များသည် အန်းသန့်စ်၏ လက်နောက်ကိုလိုက်ကာ သစ်သားအပိုင်းအစများရောင်းသော ဆိုင်တစ်ခုပေါ်သို့ကျရောက်သွားခဲ့သည်။

"အိုတကယ်လား။ ဒါဆို ဘာလို့ သခင်လေးက အရင်စမ်းမကြည့်လိုက်လဲ"

လူနာက တောက်ပစွာ ပြုံးပြီး 'အဲ့ဒါကဘယ်လောက် အရသာရှိလဲ ကြည့်ရတာပေါ့' လို့ပြောလိုက်သည်။ လမ်းဘေးဈေးသည်များက အများကြီးပင်။

အန်းသန့်စ်သည် လုံးဝမရှက်ရွံ့နေဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ဆံပင်ကို မလိုအပ်ဘဲ သပ်တင်ရင်း ပါးစပ်ဖွင့်လိုက်သည်။

"မင်း ကိုယ်နဲ့ ဒီတိုင်း လျှောက်ပတ်ကြည့်လို့ မရဘူးလား။တကယ်တော့ ကိုယ်က လေဒီနဲ့ ညကျရင် လမ်းအတူလျှောက်ဖို့ ဒီမနက်ထဲစ တစ်နေ့လုံးစောင့်နေခဲ့တာ"

သူက နူးညံ့သော မျက်လုံးများဖြင့် အသနားခံသလိုကြည့်ခဲ့သည်။အမှန်တော့ ဒီမနက်မှ မဟုတ်ဘဲ မြို့တော်ကနေ ထွက်လာကတည်းစ လူနာနဲ့ အတူလမ်းပတ်လျှောက်ဖို့ ဘယ်အချိန် သွားရမလဲ စဉ်းစားနေခဲ့တာဖြစ်သည်။

သို့သော် ကံမကောင်းစွာပင် လူနာသည် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ခရီးတစ်ဝက်မှာတင် သူမက သီးခြားရထားပေါ်ကို ပြောင်းသွားခဲ့သောကြောင့် ထိုကဲ့သို့ အကြံပြုချက်တစ်ခုကို ပြုလုပ်ရန် အခွင့်အရေးမရှိခဲ့ပေ။

"ပြီးတော့ ကိုယ်တို့က အပြင်ရောက်လာပြီးပြီပဲဟာ ဟိုနားဒီနား စိတ်အပြောင်းအလဲလေးဖြစ်အောင် ခဏလောက် လမ်းလျှောက်ကြတာ ကောင်းလောက်မှာပါ"

လူနာသည် တစ်ခါထဲသဘောမတူလာသောကြောင့် အန်းသန့်စ်က သူမ၏ စိတ်ခံစားချက်ကို ရွတ်နောက်စွာတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

"မင်းလည်းသိတဲ့အတိုင်း ကိုယ်တို့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ထဲက သေချာ စကားကောင်းကောင်းမပြောခဲ့ရဘူးလေ"

သူပြောလိုက်၏။

လူနာက သူ့ကို သူမဘယ်တုန်းက ခြိမ်းခြောက်တဲ့အကြည့်များပေးခဲ့လို့လဲဟု မေးသလိုမျိုး တုံ့ပြန်ခဲ့လိုက်သည်။ တောင်းဆိုမှုတစ်ခုအတွက် အလွန်အမင်း ဥပေက္ခာပြုမည့်သူမျိုး ဤကမ္ဘာပေါ်တွင် မရှိနိုင်ပေ။

"ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ခဏလောက် လမ်းလျှောက်ကြရအောင်။ကျွန်မ နည်းနည်း ပင်ပန်းနေတော့ အနားယူချင်နေပြီ"

"ကောင်းပြီ ကိုယ်နားလည်ပါတယ်။ ကိုယ့်ကိုကိုယ် အရမ်းတွန်းအား မပေးသင့်ဘူး"

သူတို့ လူအုပ်ထဲ တိုးရမှာဖြစ်သောကြောင့် လူနာသည် အန်းသန့်စ် ၏လက်ကို အနည်းငယ်ပို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။သူမက သူ့လက်ကို ကိုင်ထားကာ ဖြည်းညှင်းစွာလျှောက်လာရင်း လူများကို ဂရုတစိုက်အကြည့်များနှင့် ကြည့်နေခဲ့မိသည်။

မဟုတ်သေးပါဘူး။သူမရဲ့ သတိထားမှုက ဘာလို့ ဒီလောက်အရမ်းတင်းကျပ်နေရတာလဲ။ 

လူနာသည် ညစျေးတစ်လျှောက် အန်းသန့်စ်နှင့်အတူ လမ်းလျှောက်လာစဉ် သူမ ဘာလို့ ဒီလောက်တောင် သူ့ကို တင်းကျပ်စွာစောင့်ကြပ်ပေးနေမိတာလဲဟု အံ့သြတကြီး တွေးမိခဲ့သည်။

ခဏအကြာတွင် လူနာသည် အန်းသန့်စ် ၏ လက်ကိုဆွဲကိုင်ထားရင်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး တစ်နေရာအရောက်တွင် သူမမျက်လုံးများက တဖျပ်ဖျပ်လင်းသွားခဲ့သည်။

"ဒါက ဘာလဲ။စားလို့ရတာလား"

လူနာက ကြိုးတစ်ချောင်းနှင့် တွဲထာသော အရွက်များကို ညွှန်ပြပြီး မေးလိုက်၏။

"ဟုတ်တယ် အဲ့ဒါက စားဖို့ပဲ။ ချိုတယ်။ စမ်းကြည့်ချင်လား"

လူနာ မတုံ့ပြန်ခင်မှာပင် အန်းသန့်စ်က သူမအဖြေကို စောင့်မနေဘဲ အရွက်အနည်းငယ်ကို ငွေချေကာဝယ်လိုက်သည်။ ထို့နောက် သူက သူမအား စားရန်တိုက်တွန်းသကဲ့သို့ ကြင်နာသော အပြုံးလေးဖြင့် လူနာကို ပေးလာခဲ့သည်။

"ဟင်..အဲ့ဒါကချိုပေမယ့် ခါးလည်း ခါးတယ်…"

ထို့ကြောင့် လူနာသည် အရွက်များကို ဖြည်းညှင်းစွာ ဝါးလိုက်သည်။ဈေးသည်က သူမ အရွက်အစိမ်းလိုက်ကြီး စားနေသည်ကို တွေ့လိုက်ရတော့ အံ့အားသင့်ပြီး တုန်လှုပ်သွားခဲ့သည်။

"မဟုတ်ဘူး ဝယ်သူ! အဲ့ဒါကို ဒီတိုင်းမစားရဘူး မသောက်ခင် သူတို့ကို ကျိုသင့်တယ်!"

"ဖူးး!"

အဲ့ဒါက အရသာမကောင်းတာ မထူးဆန်းတောါဘူး! 

လူနာက သစ်ရွက်များကို ထွေးထုတ်ပြီး အန်းသန့်စ်ကို စိုက်ကြည့်လိုက်သည်။

"အာ..တကယ်တော့ အဲဒါက ကျိုပြီးသောက်ရမယ့် လက်ဖက်ခြောက်တွေလေ"

အန်းသန့်စ်သည် အပြစ်မလုပ်ထားသလိုမျိုး ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်မောပြီး တွေးခေါ်မှုတစ်ခုလို ချစ်စရာကောင်းသော ရှင်းပြချက်ကို ပြောခဲ့လိုက်သည်။

"ရှင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ!"

"မဟုတ်ပါဘူး။ကိုယ်က လေဒီက အဲ့ဟာကို မသိဘူးဆိုတာ တစ်ခါမှ အိမ်မက်တောင်မမက်ဖူးဘူး"

တစ်ဝက်လောက်က စနောက်မှုတစ်ခုဖြစ်ပေမယ့် လိမ်ညာမှုတော့ မဟုတ်ချေ။

သူမ၏ ပင်ကိုယ်စရိုက်ကြောင့် သူမက ညဘက်တွင် အိမ်ကြီးထဲမှ ခိုးထွက်ပြီး ညဈေးသို့ လျှောက်သွားဖူးနိုင်သည်။မထင်မှတ်စွာပင် လူနာသည် အရာအားလုံးကို အသစ်အဆန်းဖြစ်နေသလိုမျိုး သူမမျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အရာရာကို စိတ်ဝင်တစား လှည့်ပတ်ကြည့်နေခဲ့သည်။

"အင်း..ကျွန်မ အရင်က ညဈေးကို မရောက်ဖူးဘူး"

"ဘာလို့လဲ"

ထို့ကြောင့် လူနာက အကြောင်းပြချက်ကို ရှင်းပြလိုက်သည်။

"လူအရမ်းများလွန်းတယ်။ အန္တရာယ်ရှိတယ်။ပြီးတော့... အိမ်နဲ့ဝေးလွန်းတယ်"

သူမ နီးနီးနားနားကိုပဲ သွားသင့်သည်။ ညဈေးတန်းများသည် အများအားဖြင့် လူစည်သောနေရာများတွင် လုပ်လေ့ရှိသည်။လူနာသည် အလင်းနှစ်သန်းပေါင်းများစွာကဲ့သို့ ဝေးကွာသော နေရာတွင်နေနေသောကြောင့် သူမသွားချင်ရင်တောင်မှ မသွားနိုင်ပေ။

"ပြီးတော့ ဒီလို နေရာမျိုးကို ရောက်ရင် တစ်ခုခုတော့ အနည်းဆုံး ဝယ်ချင်လာမှာမို့လို့"

အခြေခံအားဖြင့် သူမမှာ ပိုက်ဆံမရှိနေပေ။ဒါပေါ့ ညဈေးမှာရောင်းတဲ့ ပစ္စည်းအများစုတွေက သူမ ဘက်ဂျက်နဲ့ တတ်နိုင်တာမို့လို့ သူမလိုချင်ရင် ဝယ်လို့ရပေမယ့် ပိုက်ဆံမဖြုန်းချင်ခဲ့ဘူး။

အဲဒါကိုဖြေပြီးနောက် လူနာ၏ အကြည့်များက ဈေးပေါသော လက်ဝတ်တန်ဆာများရောင်းသည့် လမ်းဘေးဈေးသည်တစ်ယောက်ထံ ရောက်သွားခဲ့သည်။

သူမ၏ အကြည့်ကိုနောက်ကိုလိုက်ပြီး အန်းသန့်စ်သည် သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော လူနာနှင့်အတူ ရွေ့လိုက်သည်။

"မင်း လက်ဝတ်တန်ဆာတွေ ကြိုက်လို့လား"

"ကျွန်မမှာ ပိုက်ဆံမပါဘူးဆိုတာ ရှင်သိတယ်မလား"

"ကိုယ် မင်းအတွက် ဝယ်ပေးမယ်"

"ကျွန်မ ဒီမှာရှိသမျှ အကုန်ဝယ်လို့ရလား"

"ဒီမှာတင်မကဘူး ဒီကဆိုင်တွေအားလုံးဆီက မင်းလိုချင်တာ မှန်သမျှအကုန်ဝယ်လို့ရတယ်"

သူမ တောင်းဆိုပါက ကြယ်များကိုပင် ခူးယူပေးမလိုမျိုး တုံ့ပြန်လာသော အန်းသန့်စ်ကြောင့် လက်ဝတ်တန်ဆာ ရောင်းသူက အံ့ဩသွားခဲ့သည်။

"ကောင်းပြီ...ဒါဆို ဒီဟာလေး!"

အန်းသန့်စ်အား ကိုယ်လုံးတီးအထိ ကျန်အောင် သုံးပစ်တော့မည်ဟုထင်ရသော လူနာက ပန်းပွင့်ထွင်းထားသော သစ်သားလက်စွပ်ကိုရွေးချယ်ခဲ့သည်။ ၎င်းက အလွန်နူးညံ့သိမ်မွေ့ပြီး ကောင်းစွာဆေးခြယ်ထားသော အရောင်များကြောင့် အတော်လေး လှပနေစေသည်။

လူနာက အဲ့ဒါကို လက်သူကြွယ်မှာ ဝတ်လိုက်ပြီး အကြောင်းပြချက်မရှိဘဲ သူမလက်ကို ဆန့်ကာ ပုံသဏ္ဍာန်ကို စစ်ဆေးခဲ့သည်။ ထို့နောက် အန်းသန့်စ်က ဒီဇိုင်းတူ အခြားလက်စွပ်တစ်ကွင်းကို ရွေးချယ်ခဲ့ပြီး ငွေချေလိုက်သည်။

"ရှင် ဘာလို့နောက်တစ်ခုထပ်ဝယ်လိုက်တာလဲ။ ရို့စ်မယ်ရီကို ပေးဖို့စီစဉ်နေတာလား တစ်ခုခု လား"

"မဟုတ်ပါဘူး။ကိုယ်က ဘာလို့သူမကိုလက်ဆောင်ပေးရမှာလဲ"

ကောင်းကင်ကြီးပြိုကျခဲ့ရင်တောင် သူအဲ့လိုလုပ်မှာမဟုတ်ဘူး။ အန်းသန့်စ်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။

ဒါဆို သူဘာလို့ဝယ်တာလဲ။

သူမ မေးခါနီးမှာဘဲ ရုတ်တရက် အန်းသန့်စ်က ပန်းလက်စွပ်ကို သူ့လက်ချောင်းတွင်စွတ်လိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ"

"လက်စွပ် ဝတ်နေတာလေ"

လူနာ မှတ်ချက်တစ်ခုခု ထပ်မထုတ်မီ မှုန်မှိုင်းမှိုငအမူအရာဖြင့် အန်းသန့်စ်ကို ခဏလောက်ကြည့်ကာ ပြောလိုက်သည်။

"ရှင် လက်ချောင်းဖြတ်ဖို့ မစီစဉ်ထားရင် ထပ်မလုပ်တာကောင်းမယ်။အဲ့ဒါက တော်မယ့်ပုံမပေါ်ဘူး"

အန်းသန့်စ်သည် မကြာခင်ပင် ပန်းလက်စွပ်ကို သူ့လက်ချောင်းပေါ်ဝတ်ဖို့ ကြိုးစားနေတာကို အရှုံးပေးခဲ့သဖြင့် သူလည်း ထိုကဲ့သို့ အတွေးမျိုးရှိပုံရသည်။

ထိုအစား သူက သီးခြားဆွဲကြိုးတစ်ကုံးကို ဝယ်ပြီး လက်စွပ်ကို ထည့်ကာဝတ်ခဲ့သည်။သူက လည်ဆွဲကို လူတိုင်းမြင်အောင် ထုတ်ပြချင်နေသလိုမျိုး ကုတ်အင်္ကျီအပေါ်မှာ ထုတ်ဆွဲထားခဲ့တာကြောင့် လူနာသည် သူမ၏ စိတ်ရှုပ်ထွေးမှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။

"ရှင် တကယ်ကြီး အဲ့လောက်တောင် ကြိုက်တာလား"

"အွန်း"

လူနာ တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ အန်းသန့်စ်သည် အတော်လေး ကျေနပ်ပုံရပြီး အေးဆေးစွာပြုံးနေခဲ့၏။

ကောင်းပြီလေ သူပျော်နေသရွေ့ တခြားသူတွေထင်တာ အရေးမကြီးပါဘူး။ 

သူတို့နှစ်ယောက်က စုံတွဲတစ်တွဲလိုပဲဟုထင်မြင်ယူဆချက်တစ်ခုက လူနာစိတ်ထဲခဏတာဖြတ်သွားသော်လည်း အန်းသန့်စ် ၏ လုပ်ရပ်များက ထူးခြားလွန်းတာကြောင့် သူမစိတ်ထဲရှိ အတွေးသည် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လူနာနှင့် အန်းသန့်စ် တို့သည် ထူးထူးခြားခြား အရသာရှိသော အချိုရည်များကို ကိုင်ဆောင်ပြီး နားနားနေနေ လမ်းလျှောက်ပြီးနောက် တည်းခိုခန်းသို့ ပြန်ခဲ့ကြသည်။

၎င်းက ရုတ်တရက် အပြင်ထွက်ခြင်း ဖြစ်သော်လည်း မမျှော်လင့်ထားသော လက်ဆောင်များနှင့် စိတ်ခံစားချက် အပြောင်းအလဲများကြောင့် အနည်းငယ် ကျေနပ်မိခဲ့သည်။

လူနာသည် အကြောင်းပြချက်မရှိဘဲ အန်းသန့်စ်၏လက်ကိုလှုပ်ယမ်းကာ လမ်းလျှောက်ခဲ့သည်။သို့သော် ရုတ်တရက် အဝေးမှ ရင်းနှီးနေသော ပုံရိပ်ကို သူမမြင်လိုက်ရသည်။

"...လော်ရာ"

အဲ့ဒါက တကယ့်ကို လော်ရာ နှင့် ရိုယာဖြစ်သည်။သူတို့နှစ်ယောက်က လူနာ နှင့် အန်းသန့်စ်လိုမျိုး တစ်ဖက်လက်တွင် သောက်စရာများကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကိုင်ထားကြကာ တည်းခိုခန်းဆီသို့ ပြန်သွားနေခဲ့ကြသည်။

"ကျွန်မ မြင်တာကို ရှင်လည်းမြင်နေရတယ်မလား..."

လူနာသည် မမျှော်လင့်ထားသော ပေါင်းစပ်မှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း အန်းသန့်စ်က သူသိပြီးသားလိုမျိုး ပေါ့ပေါ့ပါးပါးတုံ့ပြန်ခဲ့သည်။

"သူတို့က ချိန်းတွေ့နေကြတာလေ"

"…ဘယ်လို?!"

ကျယ်လောင်သောအသံကြောင့် လန့်ဖျပ်သွားပြီး လော်ရာနှင့် ရိုယာတို့က လှည့်ကြည့်လာခဲ့ကြသည်။

လူနာသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် အန်းသန့်စ် ကို လမ်းကြားတစ်ခုဆီသို့ တွန်းပို့ကာ သူမပါ ဝင်ခဲ့လိုက်သည်။

"သူတို့က ချိန်းတွေ့နေကြတာလား...!"

ငါတောင်သိဘဲလေ။ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။ 

လူနာသည် အံ့အားသင့်သွားပြီး အန်းသန့်စ်ကို ပြင်းထန်စွာ ခါယမ်းကာ မေးလိုက်သည်။အန်းသန့်စ်က ခေါင်းလေးစောင်းပြီး ပြန်ဖြေခဲ့လိုက်သည်။

"ရိုယာက အဲ့လိုပုံစံမျိုး မဟုတ်ပေမယ့် ကိုယ် သူ့ကို မြင်တိုင်း လော်ရာနဲ့ပဲ အတူရှိနေတာများတာကို သတိထားမိခဲ့တယ်"

သူတို့ကရံဖန်ရံခါ ထူးဆန်းသော အကြည့်များပင်ဖလှယ်ကြသည်ဟု အန်းသန့်စ်ရှင်းပြလိုက်သည်။ လူနာသည် မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်ကနေ ပြန်သက်သာမလာနိုင်သေးပေ။

လော်ရာနှင့် လူနာသည် သခင်နှင့် အစေခံကဲ့သို့ ဆက်ဆံရေးမျိုးရှိသော်လည်း လက်တွေ့အားဖြင့် သူမသည် လူနာငယ်စဉ်ကပင် အတူရှိခဲ့သော အစ်မကြီးလိုပင်ဖြစ်သည်။လော်ရာက ရိုမန့်တစ်ဆန်သောအချစ်ရေးတွင် ရှိနေပြီး သူတို့က တစ်အိမ်ထဲတောင် အတူနေထိုင်ကြသည်ဆိုသောအချက်က လူနာကို တုန်လှုပ်သွားစေခဲ့သည်။

"ကိုယ်တို့ သူတို့နောက်ကိုလိုက်သင့်လား"

အန်းသန့်စ်က သူတို့ကို ဘယ်တုန်းကချိန်းတွေ့ခဲ့တာလဲ သွားမေးသင့်လားလို့ မေးပေမယ့် ရိုယာက ဘယ်လိုလူမျိုးလဲ ဆိုတာ မသိသေးဘဲ အရင်ဆုံး မဖြတ်နိုင်‌သည့် လူနာက ခေါင်းယမ်းပြလိုက်သည်။

"…ဟင့်အင်း ကျွန်မ အချိန်တန်ရင်ပြောမယ်"

တကယ်ကို ထိတ်လန့်စရာကောင်းသော်လည်း သူမကတော့ ရိုယာအကြောင်း သေချာမသိဘဲနဲ့ သူတို့ ထိပ်တိုက်မတွေ့နိုင်ပေ။ရိုယာက မကောင်းသည့်လူအဖြစ် ထွက်လာခဲ့ပါက သူမ မသိပေမယ် တစ်ချို့နည်းများအရ သူက သင့်တင့်သောသူဟု ထင်ရသည်။

သေချာစွာပင် အဲဒါက သူမစိုးရိမ်မှုများ ရပ်သွားမည်လို့တော့ မဆိုလိုပေ။သူမသည် သူတို့ကို သံသယမျက်လုံးများဖြင့် ကြည့်နေပြီးသားဖြစ်ကာ သူတို့ကို အနီးကပ် စောင့်ကြည့်မှာဖြစ်သည်။

"ကိုယ်တို့ အခုသွားကြတော့မလား။မင်း ဒီမှာပဲ ဆက်ပြောချင်ရင်တော့ ကိစ္စမရှိပါဘူး ဒါပေမယ့်…"

လူနာကို အုပ်မိုးထားသကဲ့သို့ နံရံကို ထောက်ထားသလို ဖြစ်နေသော အန်းသန့်စ်က ရယ်မောပြီး သူ့လက်ကိုဆန့်ကာ လူနာအား ပြောခဲ့သည်။

မဟုတ်သေးပါဘူး။သူတို့ ဘယ်တုန်းက ဒီလို အနေအထားမျိုး ဖြစ်သွားခဲ့တာလဲ။ ထိတ်လန့်တကြားဖြစ်သွားသော လူနာ သည် သူ့ဘေးမှ ခွာလိုက်ပြီး လက်ကို မကမ်းမီ ကို့ရို့ကားယား ချောင်းဆိုးလိုက်သည်။

"အပြင်မှာ အေးနေပြီဆိုတော့ သွားရအောင်လေ။တစ်နေ့တာကုန်ဆုံးဖို့ နည်းနည်း တုန်လှုပ်စရာကောင်းတဲ့ နည်းလမ်းမို့လို့ ကျွန်မတို့ အနားယူသင့်ပြီလို့ ထင်တယ်"

အန်းသန့်စ်က လူနာဆီ သူ့လက်ကို ဆန့်ပေးလိုက်သည်။လူနာသည် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် နက်ရှိုင်းစွာသက်ပြင်း ချကာ တည်ခိုခန်းသို့ ပြန်ခဲ့တော့၏။

* * *

မြို့စားကြီးထံမှ အမိန့်လက်ခံရရှိပြီးနောက် လူနာ နှင့် ဆင်တူသော အမျိုးသမီးတစ်ဦးကို အမြန်ရှာဖွေခဲ့သည့် အိမ်တော်ထိန်းသည် မကြာမီမှာပင် သင့်လျော်မည့်သူကိုရှာဖွေတွေ့ရှိခဲ့သည်။

သူမ၏အမည်မှာ ဒဲဗောရာ ဖြစ်ပြီး သူမက အသက်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။

ထုံးစံအတိုင်း ဆင်းရဲသား လူတန်းစားတွေ၏ ခက်ခက်ခဲခဲဘဝကို ဖြတ်သန်းနေရပြီး အိပ်ရာထဲ လဲနေသော အမေကို ပြုစုစောင့်ရှောက်နေရသည်။

"မင်းငါ့နောက်ကိုလိုက်ခဲ့မယ်ဆိုရင် မင်းအမေအတွက် တစ်လစာ ဆေးဖိုးပေးမယ်"

ထို့အတွက်ကြောင့် သူမသည် မရင်းနှီးသောလူထံမှ သံသယဖြစ်ဖွယ်အဆိုပြုချက်အား ခေါင်းညိတ်ပြရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

အကယ်လို့များဆိုပြီး သူမကြိုတင်ငွေ တောင်းခဲ့တာကြောင့် အိမ်တော်ထိန်းက သူမကို ရွှေဒင်္ဂါးဆယ်ပြား ပေးခဲ့သည်။ ထိုပမာဏသည် သူမအမေ၏ တစ်လစာ ဆေးဖိုးထက်ပင် ကျော်လွန်နေခဲ့၏။

"ရှင် ကျွန်မခန္ဓာကိုယ်ကို ရောင်းခိုင်းမှာတော့ မဟုတ်ဘူးမလား"

အိမ်တော်ထိန်းသည် အမူအရာ ပြောင်းလဲခြင်းမရှိဘဲ သူမကို စေ့စေ့ကြည့်ကာ အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်၏။-

"မဟုတ်ဘူး ဒီနေ့တော့ မင်းငါ့နောက်ကိုလိုက်ခဲ့ဖို့ပဲလိုတယ်"

TK Team (chapter 94)