Chapter 45
Viewers 2k

👨‍❤️‍👨Chapter 45

 â€“ အတိတ်ကို လွမ်းဆွတ်တမ်းတနေသော စိတ်




ရှီသွမ်းအိပ်အောင် ကြိုးစားချော့မော့ခဲ့ပြီးနောက် သွမ့်ရှူးထုံက နာနေသော ခါးကိုနှိပ်၍ အောက်ထပ် ပြန်ဆင်းသွားလိုက်သည်။ သူက ရေတစ်ခွက် ငှဲ့သောက်လိုက်ရင်း စားပွဲဲခုံမှ ကြမ်းပြင်ထိ စီးကျနေသောရေတို့ကို သုတ်လိုက်ပြီးမှ သူ့အခန်းထဲ ဖြေးဖြေးချင်း ပြန်သွားရသည်။


သူ့အခန်းသို့ ရောက်သောအခါ အင်္ကျီချွတ်၍ ကိုယ်ကိုလိမ်ပြီး ခါးကို ကြည့်ရသည်။ သိသိသာသာပင် ခါးအောက်ပိုင်းက ဒဏ်ရာရသွားပြီး မထိပဲနှင့်တောင် နာနေသည်။


သူက ရေချိုးတော့မည့်အချိန် ကုတင်ဘေးက စားပွဲပေါ်မှ ဖုန်းက မြည်လာသည်။ သူက ခေါ်လာသည့်သူကို ကြည့်လိုက်သည်။ ဖုန်းက ယန်မြို့တော်မှ မရင်းနှီးသည့် နံပါတ် ဖြစ်နေသည်။


သူ မကိုင်လိုက်တော့ပေ။ အဝတ်လဲရန် ပြင်နေချိန်ထိ ဆက်တိုက်မြည်နေပြီးမှ ရပ်သွားသည်။ သို့သော်လည်း တစ်စက္ကန့်အတွင်း ထပ်မြည်လာပြန်သည်။


သွမ့်ရှူးထုံက ဖုန်းကိုင်ရတော့သည်။


" မင်းဘလော့ထားတာကို ဖျက်လိုက်လို့ မရဘူးလားကွ...." လိရှောင်း၏အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်။ သူ့အသံက တိုးညင်းနေပြီး အံတင်းတင်းကြိတ်ထားရသည့်အသံမျိုး ထွက်နေသည်။


သွမ့်ရှူးထုံက မျက်ခုံးပင့်လိုက်သည် " မင်းကို ဘလော့ဖြေပေးပြီး နေ့တိုင်း တတီတီလျှောက်ခေါ်ခွင့်ပေးထားရမှာလား...."


လိရှောင်း "....."


သူက သက်ပြင်းချမိသည်။ သူ့အသံက ရုတ်တရက် အားနည်းသွားပြီး အသံကလည်း ပင်ပန်းနေပုံရသည် ။


" မင်းသဘောပါ....ငါက မေးချင်ရုံတင်...ရော့ဝိန်းကို ခေါ်သွားကြတာလား...."


" ဟုတ်တယ်လေ...." 


လိရှောင်းက စိတ်ညစ်သွားသော်လည်း ဘာမှလုပ်လို့မရဖြစ်နေ၍ ခေါင်းကုတ်မိသည်။


" သူ(မ)က မင်းနဲ့အတူတူ နေတာလား...."


" မဟုတ်ဘူး..."


 á€žá€˝á€™á€şá€ˇá€›á€žá€°á€¸á€‘ုလက သေချာပေါက် အတင်းပြောမခံချင်ပေ။


 " သူ(မ)က တစ်ယောက်တည်းနေတာ....တစ်ခြား ပြောစရာရှိသေးလား...မရှိရင် ဖုန်းချလိုက်တော့မယ်...."


" နေဦး...."


ယခင်က လိရှောင်းမှာ တစ်ကြိမ်မှ အရှက်ရသည်မျိုး မဖြစ်ခဲ့ဖူးပေ။ လင်မန့်မန့်နှင့် စေ့စပ်ပွဲကို ဖျက်လိုက်ပြီးနောက် လိမိသားစုနှင့် လင်မိသားစုက စစ်အေးတိုက်ပွဲ ဖြစ်ကြတော့သည်။ ညီမဖြစ်သူအတွက် တရားမျှတမှုရဖို့ လင်ဟွမ့်က သူ့ကို ပစ်မှတ်ထားနေခဲ့သည်။


သူက လိမိသားစုတွင် အာဏာမရှိသေးပေ။ လိရှောင်းက လိမိသားစု၏ လက်အောက်ခံကုမ္ပဏီတစ်ခုတွင်သာ နေရာရသေး၍ ယင်းကလည်း အနာဂတ်ပရိုမိုးရှင်းအတွက် အနင်းခံကျောက်တုံးတစ်ခု ဖြစ်လေသည်။ သို့သော်လည်း ယခုတွင် လင်ဟွမ့်ကြောင့် သူ့ကုမ္ပဏီက ပြဿနာအမျိုးမျိုး ကြုံနေရပြီး ဤကာလအတွင်း တိုက်ပွဲဝင်နေရသည်။


လောကဓံကို ကြုံရမှ လူက ပိုပြီး ရင့်ကျက်လာရသည်။


ဖိန်ရော့ဝိန်းရှေ့တွင် နတ်ဘုရားတစ်ပါးလို မည်သူမျှ ချုပ်ကိုင်၍မရသော အမျိုးသားက ကမ္ဘာကြီးက သူ့နားတွင်သာ လည်ပတ်နေခြင်း မဟုတ်မှန်း တဖြေးဖြေး နားလည်လာခဲ့သည်။ 


သွမ့်ရှူးထုံက သူဆက်ပြောလာမည့် စကားများကို စောင့်နေလိုက်သည်။


ဖုန်းတစ်ဖက်မှ ထိုလူ၏ အက်ကွဲနေသော အသံက သူ့နားထဲ ဝင်ရောက်လာသည်။


 " ငါ အရင်တုန်းက သူ့ကို အကြိမ်ပေါင်းမနည်း နာကျင်အောင် လုပ်ခဲ့မိတယ်....ပြီးတော့ သူ လိုအပ်တဲ့အချိန်မှာ ကာကွယ်မပေးနိုင်ခဲ့ဘူး....ပြီးတော့ သူ့ကို ဖြစ်စေမိ....သူ ငါ့ကို ခွင့်မလွှတ်လည်း ငါက အဲ့ဒါနဲ့ ထိုက်တန်ပါတယ်....ဒါပေမယ့် သွမ့်ရှူးထုံ...ငါ ရှုံးတယ်လို့ ဝန်မခံချင်ဘူး...." 


" အို့..."


“သူ(မ)က ငါ့ကို ကြိုက်တယ်...ပြီးတော့ သူ(မ)လွယ်ထားရတဲ့ ကလေးကလည်း ငါ့ကလေးလေ..." 


လိရှောင်းက စကားရပ်လိုက်သည်


 " သူ(မ)ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ မတောင်းဆိုပါဘူး...အဲ့ဒါရှိနေလို့ သူ(မ)ကို ထိခိုက်အောင် မလုပ်ဖို့ တောင်းဆိုချင်ရုံလေးပါ...."


သွမ့်ရှူးထုံက ပြောစရာစကားမဲ့သွားရသည် " ငါ ဖုန်းချလိုက်တော့မယ်...."


" သွမ့်ရှူးထုံ...." လိရှောင်းက အမြန် ပြောလိုက်ရသည်


 " သူ့(မ)ကို ကောင်းကောင်း ဂရုစိုက်နော်..."


[T/N : ကောင်လေး ...မင်း မပြောသင့်တာကို ပြောလိုက်မိတာပဲ။] 


သွမ့်ရှူးထုံက ဖုန်းချလိုက်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။ အခုမှ အဲ့ဒီလူက စိတ်ပူရကောင်းမှန်း သိပြီပေါ့။ အရင်တုန်းကတော့ ဘာတွေ လုပ်နေခဲ့လို့ လာမပြောရတာလဲ။


နောက်တစ်နေ့မနက်တွင် သွမ့်ရှူးထုံ၏ ဇီဝနာရီက အချိန်မှီ နှိုးလာသည်။ သူက ပုံမှန်နေ့တွေလို ထထိုင်လိုက်သော်လည်း ခါးက ရုတ်တရက် နာလာ၍ ပြန်လဲကျကာနီးဖြစ်သွားရသည်။


သူက အင်္ကျီဖယ်ပြီး ခါးကို ကြည့်လိုက်မှ ခါးဒဏ်ရာက ပိုယောင်နေသလိုပင်။ နောက်မှ ဦးလေးစွင်းကို ဆေးအရက် ချက်ခိုင်းရတော့မည်။


[*T/N: ဆေးအရက်က တရုတ်ရိုးရာ တိုင်းရင်းဆေးပါ။ ဒဏ်ရာပေါ် လိမ်းလိုက်ရင် သွေးလေလျှောက်သွားပါတယ်]


သွမ့်ရှူးထုံက မနက်စာစားဖို့ အောက်ထပ်ဆင်းသွားလိုက်ချိန် ခါးကို ထောက်ပြီး ဆင်းသွားရသည်။ သူက ယခင်နေ့များအတိုင်း ဦးလေးစွင်းနှင့် အတူတူစားရလိမ့်မည်ဟု ထင်ထားသော်လည်း ယနေ့မှ ရှီမိသားစု၏ တူဝရီးနှစ်ယောက်လုံးကို ဆိုဖာပေါ်တွင် တွေ့လိုက်ရလေသည်။ 


ထိုနှစ်ယောက်က နီးလည်းမနီး ဝေးလည်းမဝေးသည့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ သူတို့က လှေကားပေါ်မှ အသံကြားသောအခါ နှစ်ယောက်လုံး ခေါင်းမော့လာကြပြီး သွမ့်ရှူးထုံကို ကြည့်လာကြသည်။


သွမ့်ရှူးထုံ : .....


ဒါက တကယ် စိတ်ကျဥ်းကျပ်စေတယ်။


သူက ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်ရသည်။ သူက ခါးကိုထောက်ထားသည့် လက်ကို ဖြုတ်လိုက်ရင်း ပုံမှန်အတိုင်း လျှောက်ကြည့်ဖို့ တတ်နိုင်သလောက် ကြိုးစားကြည့်သည်။


မျှော်လင့်မထားစွာ မီးဖိုချောင်ထဲမှ ထွက်လာသည့် ချန်နင်က သူ့ကို မြင်လိုက်၍ မေးလာသည် " သခင်လေးသွမ့်...မနေ့ညက ဘာဖြစ်သွားတာလဲ....ခါးထိသွားခဲ့တာလား...." 


သွမ့်ရှူးထုံ : ..... မနေ့ညက ရေသောက်ဖို့ အောက်ဆင်းလာတော့ မူးနေတဲ့ မင်းတို့ဘော့စ်နဲ့ တိုးပြီး သူ့ကို ကူရင်း စားပွဲစောင်းနဲ့ တိုက်မိသွားတယ်....အဲ့ဒါကြောင့် ငါ့ခါးနာသွားတယ်....


သူ အဲ့လို ဖြေလို့ ရပါ့မလား။


သေချာပေါက် မရဘူးပေါ့။


အမှန်တွင်လည်း ရှီသွမ်းမျက်နှာကို အကဲခတ်ကြည့်ရသလောက် ဘာဖြစ်ခဲ့မှန်း မှတ်မိပုံမရ၍ ထုတ်ပြောလိုက်လျှင် သူပိုရှက်သွားရုံသာ ဖြစ်စေလိမ့်မည်။


ခပ်တည်တည်နှင့် သွမ့်ရှူးထုံက ချန်နင့်ကို ပြန်ဖြေလိုက်သည် " မနေ့ညက ရေချိုးခန်းထဲမှာ ချော်လဲပြီး ဘေစင်နဲ့ တိုက်မိသွားတာ..." 


“အို...."


ချန်နင်နှင့် လျိုကျစ်ဖေးက မနက်စာကို ထမင်းစားပွဲပေါ် ယူလာပေးကြသည်။


" အရမ်း ပြင်းသွားလား....ဆေးရုံသွားပြချင်လား...." 


သွမ့်ရှူးထုံက ချန်နင်၏ အမေးကို ကြားသောအခါ ရှီသွမ်းကို ကြည့်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ရှီသွမ်းကလည်း သူ့ကို ကြည့်နေသည်။ အမျိုးသားနှစ်ယောက်က စက္ကန့်အနည်းငယ် ကြာသည်ထိ ကြည့်နေမိကြသည်။


သွမ့်ရှူးထုံက အရင် အကြည့်လွှဲသွားပြီးမှ ချန်နင်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်


 " သိပ် မပြင်းပါဘူး....ဆေးအရက် လိမ်းလိုက်ရင် ပျောက်သွားမှာပါ...."


သူက ထမင်းစားပွဲဆီ လျှောက်သွားလိုက်ရင်း စားပွဲခင်းကို ခင်းပေးလိုက်သည်။ ရှီယွိက မျောက်ပေါက်စလေးလို သူ့နောက်အပြေးလိုက်လာသည်။


လူတိုင်း၏ အံ့သြနေသော အကြည့်အောက်တွင် ဆယ်ကျော်သက်လေးက ယာဂုကို ပန်းကန်ထဲ ထည့်လိုက်ရင်း လက်နှစ်ဖက်နှင့် စားပွဲပေါ် ချပေးလိုက်သည်။ သူက ရှက်ဝဲဝဲ ပြောလာသည်


 " ဦးလေး မနက်စာ စားလို့ရပြီ..."


ရှီသွမ်း : ?


သူ တွေးမိသည်က : မင်းကို တစ်ညလောက် မတွေ့လိုက်ရတာနဲ့ အကျင့်တွေ အကုန် ပြောင်းသွားတော့တာလား။


သူက ငြိမ်နေရာမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် " မင်းလည်း စားပါ...."


ရှီယွိက ထိုအရာလေးသာ လုပ်ပေးခဲ့လျှင် သိပ်ပြီး အံ့သြစရာမကောင်းသေးသော်လည်း စားနေစဥ်အတွင်း တူလိမ္မာလေးလို ရှီသွမ်းပန်းကန်ထဲ ထပ်ထပ်ထည့်ပေးနေတော့သည်။


သွမ့်ရှူးထုံနှင့် ချန်နင်က ထိုမြင်ကွင်းကို ဝမ်းပန်းတသာ ကြည့်နေမိသည်။ သူတို့အကြည့်ကြောင့် ရှီယွိမှာ ရှက်နေ၍ သူတို့ဆီ တိတ်တိတ်လေး ပြန်ကြည့်လာလေသည်။


ချန်နင်က အမြန် သတိထားမိသွားသည်။ သူက မုန်လာဥချဥ် တစ်ဖတ် ကောက်ယူလိုက်ပြီး လျိုကျစ်ဖေးဆီ ပေးလိုက်ပြီး စိတ်ပူနေသည့် မျက်နှာလေးနှင့် ပြောလိုက်လေသည်။


 " ဒီမှာ သူငယ်ချင်း....များများစားနော်...."


လျိုကျစ်ဖေး : ကျေးဇူးတင်ပါရဲ့....ဒါပေမယ့် ငါ မုန်လာဥ မကြိုက်ဘူးလေ။


သူက သခွားသီး သနပ်ကို စိုက်ကြည့်လိုက်ပြီး ချန်နင့်ပန်းကန်ထဲ ထည့်ပေးလိုက်ရင်း ကျေးဇူးပြန်ဆပ်လိုက်သည်။ ထို့နောက် စိတ်အားထက်သန်စွာ ပြောလာသည်


 " ချန်ကော....ကောက အလုပ် အများကြီး လုပ်ရတာကြောင့် ကောလည်း များများစားသင့်တယ်...."  


ချန်နင်က ငိုချင်လာရသော်လည်း မျက်ရည်က မထွက်ပေ။ သူက သခွားသီးသနပ်ကို မုန်းသည်။


အပြန်အလှန် ဟင်းများ ထည့်ပေးနေကြမှ ရှီယွိက နေရသက်သာလာတော့သည်။ သူက ဦးလေးနှင့် သူ့ကြားက ဆက်ဆံရေးကို ပြန်ပြုပြင်ဖို့ စိတ်နှစ်ထား၍ တစ်ယောက်တည်း စားနေရသည့် သွမ့်ရှူးထုံကို သတိမထားမိပါချေ။


ပန်းကန်ထဲ ဦးချထားသည့် ဟင်းပုံကြီးကို ကြည့်ကာ ရှီသွမ်းမှာ ဘာလုပ်ရမှန်း မသိတော့သလို ကူကယ်ရာမဲ့လာသည်။ သူက အဆက်မပြတ် ဦးချနေသည့် ရှီယွိကို လက်ဆန့်ပြီး တားရတော့သည်။ သူ့အကြည့်က ရှိုးလုပ်နေကြသည့် တပည့်နှစ်ယောက်ဆီ ရောက်သွားပြီးမှ နောက်ဆုံး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူငယ်လေးဆီ အကြည့်ဆုံးသွားသည်။


ရှီယွိက သူ့ဦးလေးအကြည့်နှင့် မျက်နှာပေါ်က စိတ်ရှုပ်သွားသလို ပုံစံကို ရိပ်မိသည်။ သွမ့်ကောကို ဒီလို ပယ်ထားရင် ရိုင်းရာကျပေလိမ့်မည်...။ ထို့ကြောင့် သူက သွမ့်ရှူးထုံကို ကြက်ဥတစ်လုံး ထည့်ပေးလိုက်သည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများက ဖြူစင်လွန်းနေသည်


 " သွမ့်ကော....ကောလည်း များများစားနော်...."   


သွမ့်ရှူးထုံက အပြုံးလေးနှင့် လက်ခံလိုက်သည်ကို မြင်ရမှ ရှီသွမ်းက အကြည့်တို့ ရုတ်သိမ်းလိုက်ပြီး မနက်စာကို ဖြေးဖြေးချင်း စားတော့သည်။


စားသောက်ပြီးနောက် သွမ့်ရှူးထုံက ဦးလေးစွင်းဆီကနေ ဆေးအရက်တောင်း၍ အပေါ်ထပ်တက်ပြီး ဆေးလိမ်းရန် ပြင်လိုက်ချိန် ရှီသွမ်းနှင့်အခြားသူများကို သတိထားမိသွားသည်။ သူတို့က အိမ်က မထွက်သွားကြသေး၍ မနေနိုင်ပဲ မေးလိုက်မိသည်


 " ဒီနေ့ အလုပ်မသွားကြဘူးလား...." 


ရှီသွမ်း၏ မျက်လုံးအကြည့်က သူ့လက်ထဲက ဆေးအရက်ဗူးပေါ် ရောက်နေသည် " ခွင့်ယူထားတာ...မင်းဘာသာ လိမ်းဖို့ အဆင်ပြေပါ့မလား..."


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်သည် " ကျွန်တော့်ဘာသာ လုပ်နိုင်ပါတယ်..." 


ပြောပြီးသည်နှင့် အမြန် အကြည့်လွှဲကာ ခါးထောက်ပြီး အပေါ်တက်သွားလိုက်သည်။


သူ့ဘက်က ရှီသွမ်းကို ကြည့်မိသည့် အချိန်တိုင်း မနေ့ညက မီးဖိုချောင်ထဲ သူတို့နှစ်ယောက် နီးကပ်ခဲ့သည့် အချိန်ကို ပြန်သတိရမိသည်။ တစ်ဖက်လူက သူ့လက်မောင်းထဲ ရောက်နေစဥ်အတွင်း ထိုလူ၏ ထင်းရှူးဆီနံ့ဖျော့ဖျော့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုအနံ့ထဲ အယ်ကိုဟောအနံ့လည်း ရောစပ်နေသည်။ ထိုအချိန်က သွမ့်ရှူးထုံမှာ တကယ်ကို လွှတ်ပေးရန် တွန့်ဆုတ်နေမိခဲ့သည်။


သူက သေချာမစဥ်းစားပဲ ရှီသွမ်းနှင့် အတူတူနေရန် သဘောတူခဲ့မိသည့်အတွက် နောင်တရနေမိသည်။


သွမ့်ရှူးထုံက ရှီသွမ်းမှာ တတိယဇာတ်လိုက် တစ်ယောက် ဖြစ်ပြီး သဘောကျနေသည့်သူလည်း ရှိနေပြီ ဖြစ်သည့်အကြောင်း ကိုယ့်ကိုယ်ကို မပြတ် သတိပေးနေမိသည်။ အနာဂတ်မှာ ဖိန်ရော့ဝိန်းနဲ့ အတူတူနေမသွားရရင်တောင် ယောကျ်ားတစ်ယောက်နဲ့တော့ ရှိနိုင်မှာ မဟုတ်ဘူးလေ။


ဆေးအရက်ကို အနာပေါ် လိမ်းလိုက်ပြီးနောက် နွေဦးဆောင်းဦးခန်းမသို့ အမြန် ထွက်ရတော့သည်။


ကျိုးလင်က နှုတ်ထွက်သွား၍ ယခု သူ့တွင် လက်ထောက် မရှိသေးပေ။ ကုမ္ပဏီက ဝန်ထမ်းအသစ်အချို့ ခေါ်ဖို့ စီစဥ်ထားသည်။


နွေဦးဆောင်းဦးခန်းမ၏ လက်ရှိအဆင့်အတိုင်းဆို ဝန်ထမ်းအသစ်ခန့်ဖို့ လွယ်လွယ်လေးပင်။ သို့သော်လည်း သွမ့်ရှူးထုံ ရှာနေသည့် သူမျိုးက ကျိုင်ကျွင့်စဥ်းစားထားသည့်သူနှင့် မတူနိုင်လောက်ပေ။


သွမ့်ရှူးထုံက ကျိုင်ကျွင့်၏ ရုံးခန်းထဲသို့ သွားလိုက်သည်။ ကောင်းဖန်က သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးလာပြီးနောက် ထွက်သွားပေးလေသည်။


“သခင်လေးသွမ့်...ဘာများ ခိုင်းချင်တာ ရှိလို့ပါလဲ..." ကျိုင်ကျွင့်က ပြုံးလိုက်ပြီး လက်ဖက်ရည်တစ်ငုံ ယူသောက်လိုက်သည်။


သွမ့်ရှူးထုံက ကျိုင်ကျွင့် သူ့ကို ခေါ်သည့် အခေါ်အဝေါ်ကို ပြန်မပြင်ပေးလိုက်တော့ပေ။ 


" ကျွန်တော် ကြားတာ ကုမ္ပဏီက လူသစ်တွေ ခေါ်ဖို့ ရှိတယ်ဆို...ဟုတ်လား..."


ကျိုင်ကျွင့်က ခေါင်းညိမ့်ပြလိုက်သည် " သခင်လေးသွမ့် လိုချင်တာကိုသာ ပြောလိုက်ပါ..."  


“ကျွန်တော် အရင်ဆုံး နွေဦးပန်းနံပါတ်၂ ထွက်ဖို့ စောင့်လိုက်ချင်တယ်...အဲ့ဒါပြီးမှ အတွေ့အကြုံရှိ သုတေသနပညာရှင်တွေ ခန့်ချင်တယ်...." 


သူက လိုရင်းသာ သွားလိုက်သည် " နွေဦးပန်းနံပါတ်၁ကို ထုတ်ရတဲ့ မူလရည်ရွယ်ချက်က နွေဦးဆောင်းဦးခန်းမကို ပြန်အသက်သွင်းဖို့ပဲလေ...ဒါရိုက်တာကျိုင်လည်း နွေဦးပန်းနံပါတ်၂ရဲ့ အရည်အသွေးက ပိုပြီး အဆင့်မြင့်နေမှန်း သိထားတယ်....ဒါက skincareဆိုတဲ့ ခေါင်းစဥ်ထက်ကို ကျော်လွန်သွားပြီ..." 


ကျိုင်ကျွင့်က သံသယဝင်လာရသည် " သခင်လေးသွမ့်က ဘာကို ပြောချင်တာလဲ...."


" ကျွန်တော်တို့က ဆေးကုမ္ပဏီတစ်ခု ဖြစ်လို့ ဆေးပညာပိုင်းနဲ့ဆို အရည်အချင်း ရှိထားပြီးသား...ဒါပေမဲ့ skincareထုတ်ကုန်တွေဘက်ကို အလေးပေးပြီး လုပ်နေတော့ ပိုက်ဆံဖြုန်းရာကျခဲ့တယ်....နွေဦးပန်းနံပါတ်၂ ထုတ်ပြီးသွားရင် အထောက်အကူကိရိယာ ကောင်းကောင်းရှိတဲ့ ဓါတ်ခွဲခန်းတစ်ခု ထောင်ချင်တယ်...." 


နွေဦးဆောင်းဦးခန်းမ၏ ဓါတ်ခွဲခန်းက တော်တော်လေး အိုဟောင်းနေပြီး အဆင့်သိပ်မမှီတော့ပေ။


" ဒီဆေး....ဆိုတာက ဘယ်လိုမျိုးလဲ...." ကျိုင်ကျွင့်က ဤသဘောတရားကို စဥ်းစားရင်း ခေါင်းက ပတ်ချာရမ်းနေပြီ ဖြစ်သည်။


သွမ့်ရှူးထုံက အပြုံးလေးနှင့် ပြန်ဖြေလိုက်သည် 


" ဘာဆေးမျိုး လုပ်ရမလဲ ကျွန်တော် မစဥ်းစားရသေးဘူး...." 


ကျိုင်ကျွင့် "...."


အို့...ဘာဖြစ်ဖြစ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးသွမ့်ရဲ့ တီထွင်ဥာဏ်ကြောင့် မဟုတ်ရင် နွေဦးဆောင်းဦးခန်းမက ဒီနေ့လို ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက ဓါတ်ခွဲခန်း ဆောက်ရုံလေးပဲ မို့လား။ ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ။ ပြီးတော့လည်း နွေဦးဆောင်းဦးခန်းမက ပိုက်ဆံတွေ အကုန်ပြောင်သွားရင်တောင် သူတို့ကို ထောက်ပံ့ပေးဖို့ သွမ့်မိသားစု ရှိသေးတယ်လေနော်။


“ကျွန်တော်တို့ ကုမ္ပဏီရဲ့ အထက်ကနေ အောက်ခြေထိ လူတိုင်း သခင်လေးသွမ့်ရဲ့ အစီအစဥ်ကို အပြည့်အဝ ထောက်ခံပေးသွားမှာပါ...." ကျိုင်ကျွင့်က လောလောဆယ် ဓါတ်ခွဲခန်းအကြောင်း မတွေးဖို့ ဆုံးဖြတ်လိုက်သည်။ နောက် ပြုံးလိုက်ရင်း ပြောလာသည် ။


" ဒါပေမယ့် တစ်ခုတော့ ရှိတယ်....ကျွန်တော်တို့ ပွဲလေးတက်ပေးဖို့ သခင်လေးသွမ့်ကို လိုအပ်နေတာ...." 


" ပြောပါ...." 


“ကျွန်တော်တို့ နွေဦးပန်းနံပါတ်၁က စျေးကွက်မှာ အောင်မြင်မှုကြီးကြီး ရသွားခဲ့တယ်...ကုမ္ပဏီကလည်း အရမ်း စိတ်လှုပ်ရှားနေကြတာ....လူတိုင်း စိတ်အားတက်ကြွလာဖို့ ပွဲလေးတစ်ခု လုပ်ဖို့ စဥ်းစားမိတယ်...အတူတူထိုင်ပြီး စားသောက်ကြမယ်....ပိုပြီး စည်းလုံးညီညွတ်မှု ရှိလာဖို့ပေါ့....သခင်လေးသွမ့်ရော ဘယ်လို ထင်မိလဲ...." 


" ကျွန်တော့်ကို ဘယ်အချိန်လဲသာ ပြောလိုက်ပါ...." 


“ဒီကနေ့ သောကြာနေ့ည...." ကျိုင်ကျွင့်က သွမ့်ရှူးထုံက ဤသို့ စုဝေးပွဲမျိုးကို အထင်သေးနေမှာစိုး၍ ရှက်ရှက်နှင့် ဆွယ်ရတော့သည် 


" သခင်လေးသွမ့်က အခုချိန်မှာ အရေးကြီးဆုံးလူ ဖြစ်နေတာ....လူတိုင်းက သခင်လေးသွမ့်ကို လာစေချင်ကြတယ်....ဒါကြောင့် ဘာများ ပြော...." 


သွမ့်ရှူးထုံက ငြင်းစရာ အကြောင်းမရှိ၍ လက်ခံလိုက်သည် " ကျွန်တော် လာမှာပါ...."


" ပြီးတော့ ဒီဇိုင်နာဖိန်ရော...." ကျိုင်ကျွင့်က အရစ်ရှည်သွား၍ ယခု တော်တော်လေး တောင်းဆိုမိသွားသည်။


သွမ့်ရှူးထုံက ခေါင်းခါပြသည် " သူမက ကိုယ်ဝန်ရှိနေတာ....သူမတက်ဖို့ဆို အဆင်မပြေ ဖြစ်လိမ့်မယ်...."


" အဆင်ပြေပါတယ်...အဆင်ပြေပါတယ်...." ကျိုင်ကျွင့်က သူ၏ အတင်းတုပ်တတ်သည့် ဥာဥ် ပေါ်မလာဖို့ အကောင်းဆုံးကြိုးစားပြီး မျက်နှာကို ထိန်းထားရသည် 


" ကျွန်တော်တို့ သူမကို ဘာမှမသောက်ခိုင်းပါဘူး....

. သူမလည်း အများကြီး ကူညီပေးခဲ့တာပဲ...အားလုံး သွားကြပြီး သူမကိုပဲ ချန်ထားခဲ့ရင်တော့ မဟုတ်သေးဘူးမို့လား...." 


သွမ့်ရှူးထုံက စဥ်းစားကြည့်လိုက်ပြီး ကျိုင်ကျွင့်ပြောတာ မှန်နေသလို ခံစားမိ၍ သဘောတူခဲ့သည်။


ရုံးခန်းထဲမှ ထွက်လာသည့်အချိန် ဖိန်ရော့ဝိန်းကို ဝီချတ်ကနေ ဂုဏ်ပြုပွဲတက်ပေးနိုင်မလား မေးရန် ပြင်လိုက်စဥ် ဖိန်ရော့ဝိန်း ပို့ထားသည့် မဖတ်ရသေးသော မက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ရသည်။ လိရှောင်းက ပြောတယ်....ကျွန်မကို နောက်ထပ် လာမရှာတော့ဘူးတဲ့....ကျွန်မ အိမ်ပြောင်းလို့ရနိုင်မလား... 


သွမ့်ရှူးထုံ : အဲ့ဒီမှာ နေရတာ သက်တောင့်သက်တာ မရှိဘူးလား...


ဖိန်ရော့ဝိန်း : ကျွန်မ အဲ့လိုအိမ်ကြီးကြီးတွေမှာ နေရတာ အသားမကျလို့ပါ....[မျက်နှာကို လက်နှင့်အုပ်ထားသည့် အီမိုဂျီ]


သွမ့်ရှူးထုံ : မင်း သူ့စကားတွေကို ယုံလား....


ဖိန်ရော့ဝိန်း : ကျွန်မ တစ်ဝက်လောက်ပဲ ယုံတယ်...သူ့ကို နောက်ဆုံးအကြိမ် အခွင့်အရေး ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်တယ်....


သွမ့်ရှူးထုံ : ကောင်းပါပြီ....ကိုယ့်သူငယ်ချင်းကို ပြောလိုက်ပါ့မယ်....


သူက အိမ်ကြီးထဲတွင် တစ်ယောက်တည်းနေရသည့် အထီးကျန်မှုကို နားလည်သည်။ ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင် သူလည်း ရှီသွမ်းအိမ်ကနေ ပြောင်းချင်နေမိသည်။


ရပ်နေပြီးမှ နောက်ထပ်မက်ဆေ့ချ်တစ်ခုကို ပို့လိုက်သည် : သောကြာနေ့ညမှာ ကုမ္ပဏီက ဂုဏ်ပြုပွဲတစ်ခု လုပ်ဖို့ ရှိတယ်....သောက်ဖို့တော့ မလိုပါဘူး....မင်း လာချင်လား...


ဖိန်ရော့ဝိန်းက လူတောထဲ မသွားရသည်မှာ ကြာနေပြီဖြစ်၍ စဥ်းစားကြည့်ပြီးနောက် သဘောတူလိုက်သည်။


နှစ်ယောက်သား နည်းနည်းပါးပါး ပြောနေကြပြီးနောက် စနေတနင်္ဂနွေတွင် ပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် သူက ဖုန်းပိတ်လိုက်ပြီး ဟယ်ယွင့်ဆီ သွားလိုက်သည်။ 


နောက်အနာဂတ်တွင် သူက ဆေးပညာပိုင်းကို အလေးပေးတော့မည်ဖြစ်၍ နွေဦးဆောင်းဦးခန်းမ၏ skincareထုတ်ကုန်များကို ဟယ်ယွင့်ကပဲ ဦးဆောင်ရမည် ဖြစ်သည်။


သွမ့်ရှူးထုံ၏ အစီအစဥ်ကို ကြားလိုက်ရသည့် ဟယ်ယွင့်က အနည်းငယ် အံ့သြသွားသော်လည်း သူ၏ ကောင်းစေချင်သည့် သဘောထားကို လက်ခံလိုက်သည်။


သွမ့်ရှူးထုံက သူ့ပုခုံးကို ပုတ်လိုက်ပြီး အပြုံးလေးနှင့် ပြောလာသည်။


 " အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်တော်တို့ ပြောဆိုဆက်သွယ်လို့ ရသွားပြီပေါ့...."


ဒါရိုက်တာဟယ်က ပြုံးပြီး ခေါင်းညိမ့်ပြလာသည်။ သူ၏ အိပ်မက်ကို ပြန်ရလာပြီဖြစ်၍ သေချာပေါက် ငြင်းပယ်နေဖို့ မလိုချေ။



👨‍❤️‍👨