Chapter 96
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 96


* * *

လူနာသည် မိုင်းတွင်းဆီ လာတုန်းကကဲ့သို့ မြို့တော်သို့ အသော့နှင်ရန်ပြင်ပြီး ရထားပေါ်တက်ရန်ပြင်နေစဉ် အန်းသန့်စ်က သူမကို တားလာခဲ့သည်။

"ကိုယ် စာချုပ်အသေးစိတ်ကို စီစဉ်ပြီးပြီ။ကိုယ် မင်းနဲ့ ခဏလောက် ဆွေးနွေးလို့ရမလား"

အန်းသန့်စ်သည် လက်ထဲတွင် စာရွက်စာတမ်းတွေ ကိုင်ထားပြီး ပြောလာခဲ့၏။

သူ့နောက်မှ ရိုယာကလည်း သဘောတူသလို ခေါင်းညိတ်ပြလာတာကြောင့် လူနာသည် ထိုလူနှစ်ယောက်ကို သူမနောက်လိုက်ရန် ခွင့်ပြုလိုက်သည်။

"အခြေခံအချက်အလက်တွေက ရွှေတွင်းစာချုပ်နဲ့ ဆင်တယ်။ မင်းဆန္ဒရှိတဲ့အတိုင်း စာချုပ်ကို အချိန်မရွေး ရပ်စဲနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ကိုယ်ထည့်ပေးထားတယ်"

လူနာက သူ့စကားကို ခေါင်းညိတ် တုန့်ပြန်ပြီး စာချုပ်ကို သေချာစစ်ဆေးလိုက်သည်။

သူက သူမကို ဆိုးဝါးတဲ့ စာချုပ်ပေးလာမှာတော့ မဟုတ်ပေမယ့် စာချုပ်က စာချုပ်ပဲလေ။

ထို့ကြောင့် သူမသည် စာရွက်စာတမ်းများကို ဂရုတစိုက်စစ်ဆေးကြည့်နေစဉ်တွင် သူမကို တိတ်တဆိတ်ကြည့်နေသော အန်းသန့်စ်က ပါးစပ်ပြန်ဖွင့်လိုက်သည်။

"ဒါပေမယ့်..မင်း ဆိုင်ကို ဘယ်မှာဖွင့်မှာလဲ"

"ကျွန်မ မြို့တော်က အကြီးဆုံးအဝတ်စားဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ ဆိုင်ဖွင့်ဖို့ စဉ်းစားနေတာ။ အဆောက်အအုံတစ်ခုလုံးကို ဝယ်ဖို့စီစဉ်ထားတယ်"

ထိုနေရာသည် မြို့တော်ရှိ အကြီးဆုံး အဝတ်အစားအရောင်းဆိုင်ရှိသည့်နေရာဖြစ်သလို လူနာအတွက် မနှစ်မြို့ဖွယ် အတွေ့အကြုံ ရခဲ့သည့် နေရာလည်း ဖြစ်သည်။

"အရင်ဆုံး လက်ဝတ်ရတနာတွေနဲ့ စထားပြီးတော့ ကျွန်မ တတ်နိုင်လာတဲ့အခါကျ လက်ဝတ်ရတနာတွေနဲ့ သင့်တော်တဲ့အဝတ်အစားတွေကို အော်ဒါလက်ခံမယ်"

သူမသည် အင်ပါယာတစ်ခုလုံးက အကျွမ်းကျင်ဆုံးနှင့် အကျော်ကြားဆုံး ဒီဇိုင်နာကို ခေါ်ယူရန် တွေးထားခဲ့သည်။

သူမက အတိတ်ကို ပြန်စွဖို့ မတွေးခဲ့သော်လည်း အဝတ်အစားအရောင်းဆိုင်၏ မျက်နှာချင်းဆိုင်က အဆောက်အအုံ ရောင်းမည်ဟု ဈေးကွက်တွင်ပေါ်လာတာကို ကြားရချိန် သူမ၏ ပထမဆုံး အတွေးမှာ ၎င်းပင်ဖြစ်သည်။

ထိုနေရာ၌ လူနာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာကို ယောင်ဝါးဝါး ကြားခဲ့ရသော အန်းသန့်စ်သည် လူနာအား ဘာလို့ ဒီလို ဆုံးဖြတ်ချက်ချခဲ့ရတာလဲလို့တောင် မမေးဘဲ တိတ်ဆိတ်စွာသာ ခေါင်းညိတ်ပြလိုက်သည်။

"လက်မှုပညာသည်ကိုတွေ့ပြီလား"

"ဟင့်အင်း မတွေ့သေးဘူး။အဲ့ဒါက အလျင်မလိုပါဘူး။ဒီတောင် အချိန်ယူပြီး ရှာလို့ရတယ်"

"ကိုယ် မင်းကို မိတ်ဆက်ပေးရင်ရော ဘယ်လိုလဲ။တော်တော် ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ကိုယ်သိတယ်"

"တကယ်လား။အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်"

လူနာ၏ မျက်လုံးများက အန်းသန့်စ်၏ မျက်နှာသာပေးမှုကို ကျေးဇူးတင်ကြောင်း ဖော်ပြနေသလိုမျိုး တောက်ပနေခဲ့သည်။

"ကိုယ်မြို့တော်ကို ရောက်တာနဲ့ ဆက်သွယ်ကြရအောင်။မင်းက အဆောက်အအုံတစ်ခုလုံးကို ဝယ်ဖို့စီစဉ်နေတာဆိုရင် လေလံပွဲကို စတိုးဆိုင်မှာပဲ လုက်ရင်ရော ဘယ်လိုလဲ"

"ကျွန်မက ပုံမှန်လေလံပွဲကို စီစဉ်နေပြီးသားပါ။ ပစ္စည်းအရေအတွက်မခွဲခြားဘဲ လတိုင်း သတ်မှတ်ထားတဲ့ရက်မှာ လေလံပွဲကျင်းပဖို့ ပြင်ဆင်မှာပါ"

သူမဘာသာသူမ အတွေးများစွာရှိထားပုံပေါ်သော လူနာက အပြုံးတစ်ခုဖြင့် ရှင်းပြလာခဲ့၏။

ထိုအကြောင်ူက အခြားသူ၏ ကိစ္စဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အန်းသန့်စ်ကမူ စကားလုံးတိုင်းမှ ဆွဲငင်ခံထားရသကဲ့သို့ ကိုယ်ကိုရှေ့ဘက်ကိုင်းညွတ်ကာ စိတ်ဝင်တစား နားထောင်ခဲ့သည်။

လော်ရာက သူတို့ကိုကြည့်ရင်း မရည်ရွယ်ဘဲ အနည်းငယ်ရယ်မောမိလိုက်သည်။

'ပြီးတော့ သခင်မလေးက ချိန်းတွေ့တာ ပျော်ဖို့ကောင်းလား မကောင်းဘူးလားဆိုတာ မသိဘူးလို့ပြောတယ်ပေါ့လေ'

သူတို့နှစ်ယောက်ကြားရှိ လေထုက နူးညံ့ပြီး နွေးထွေးလွန်းတာကြောင့် လော်ရာသည် သူတို့၏ အခိုက်အတန့်များကို ဖမ်းယူခားပြီး တစ်စုံတစ်ယောက်ကိုတောင် ပြသလိုက်ချင်မိသည်။

လော်ရာ သူမခေါင်းကိုခါတော့မည့်အချိန်မှာပဲ မထင်မှတ်ထားသော အရာတစ်ခုက သူမျက်လုံးများကို ဖမ်းစားသွားခဲ့သည်။

'ပန်းလက်စွပ်... လည်ဆွဲလား'

၎င်းမှာ အန်းသန့်စ် ညဈေးက ဝယ်ခဲ့သော လည်ဆွဲဖြစ်သည်။

လော်ရာသည် အများအားဖြင့် သူလည်ဆွဲဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သို့သော် သူ့အင်္ကျီဖြူပေါ်က ဆွဲကြိုးကို 'ကျေးဇူးပြုပြီး ကြည့်ကြပါ' ဟုပြောနေသလိုမျိုး လှုပ်ခါလိုက်ချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

လူနာ၏လက်နောက်သို့ သဘာဝအတိုင်း လိုက်သွားမိသည့် လော်ရာ၏ အကြည့်များက သူမတစ်နေရာရာတွင် မြင်ဖူးသော အရာတစ်ခုအပေါ် အာရုံစိုက်မိသွားခဲ့သည်။

'အိုဘုရားသခင်'

အိုဘုရားရေ။ဒီလိုမျိုး စုံတွဲအရာတွေ လုပ်ပြီးတာတောင်မှ ပျော်ရွှင်မှုအကြောင်း ပြောနေသေးတာလား။ဒီလောက်ချစ်စရာကောင်းတဲ့ ပန်းလက်စွပ်လေးတောင် ရှိနေတာကိုလေ။

လူနာသည် ရို့စ်မယ်ရီက သူမကို တစ်ခုခုဆင်တူဝတ်ရန်လုပ်ခိုင်းတိုင်း မုန်းနေသောကြောင့် သူမ အရင်အကြံပြုတာတော့ မဟုတ်လောက်ပေ။

'ဧကန္တ သခင်လေးအန်းသန့်စ်က အကြံပြုတာ ဟုတ်တယ်မလား'

ချစ်ဖို့ကောင်းသော ပန်းလက်စွပ်ကိုလည်ဆွဲအဖြစ် ၀တ်ဆင်ထားပြီး အင်္ကျီအပြင်ဘက်မှာ ဂုဏ်ယူစွာ ပြသထားခဲ့သည်။ဘယ်သူပဲ အကြံပြုခဲ့ပါစေ ကြည့်မိသူတိုင်းကို ရှက်သွေးဖြာသွားစေသည်။လော်ရာသည် ပါးပြင်များ နီရဲတက်လယပြီး ရိုယာ၏ ဖိနပ်ကို ခြေဖျားလေးဖြင့် လှမ်းပုတ်လိုက်သည်။

သူက မျက်ခုံးပင့်ပြီး သူမကို ဘာဖြစ်နေလို့လဲ မေးချင်သလိုမျိုး ကြည့်လာခဲ့၏ ။

'အဲဒါကိုကြည့်လိုက်အုံး'

လော်ရာက နှုတ်ခမ်းကိုဖိထားပြီး အန်းသန့်စ်၏လည်ဆွဲဆီကို လက်ဟန်ပြလိုက်သည်။သူ၏နွေးထွေးသောအမူအရာကို ဆက်ထိန်းသိမ်းနေဆဲဖြစ်သော အန်းသန့်စ်သည် ဘာအကြောင်းလဲလို့မေးနေသလိုမျိုး လော်ရာဆီ လှည့်ကြည့်လာခဲ့၏။

"အဲ့ဒါက ချစ်ဖို့မကောင်းလွန်းဘူးလား"

လော်ရာက ပြုံးပြီး ဟာသလုပ်လိုက်သော်လည်း ရိုယာ၏ မျက်နှာကတော့ မပြောင်းလဲသေးပေ။

သူရူးနေတာလား။သူသာ အပြင်ဘက်မှာ ရှိမယ်ဆို အန်ချင်သလို အမူအရာမျိုး ဖြစ်သွားမှာပဲ။ 

ရိုယာသည် သူမမြင်နိုင်သောအရာကို မြင်လိုက်သလိုမျိုး ခေါင်းခါယမ်းလိုက်သည်။

သူသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အန်းသန့်စ်သည် နွေးထွေးသောအပြုံးဖြင့် ပန်းလက်စွပ်လည်စွဲ အင်္ကျီအပြင်ဘက်မှာ ဂုဏ်ယူစွာပြထားကာ လူနာ၏ စကားများကို နားထောင်နေခဲ့သည်။

* * *

မိုင်းတွင်းဆီ အသွားတုန်းကနှင့်မတူဘဲ ရထားစီးနေစဉ်အတွင်း လူနာ၏ကိစ္စများကို အဆက်မပြတ်မေးမြန်းနေသော အန်းသန့်စ်ကြောင့် သူမတို့နှစ်ဦးသည် မြို့တော်သို့ ရထားတစ်စီးထဲသာ အတူတူစီးသွားခဲ့ကြသည်။ လော်ရာ နှင့် ရိုယာတို့ကလည်း သူတို့ကို သီးသန့်နေရာလွတ်များ မသိမသာ ပေးခဲ့သည်။

မြို့တော်ကိုရောက်သည်နှင့် မထင်မှတ်ထားသော အရာတစ်ခုက လူနာကိုစောင့်နေခဲ့၏။

"သခင်မလေး! တစ်နေရာရာ ထိခိုက်လာသေးလား။အိုး ဟုတ်သားပဲ စာတစ်စောင်ရောက်လာတယ်!အဲ့ဒါက သခင်မလေးစောင့်မျှော်နေတဲ့သူဆီကပဲ!"

"ငါစောင့်နေတဲ့စာလား"

အမ်မာက လူနာကို အတော်လေးထူသည့် စာတစ်စောင်ပေးလာခဲ့ပြီး လူနာက ပဟေဠိဖြစ်စွာ လက်ခံလိုက်သည်။လွန်ခဲ့သော တစ်ပတ်က ပေးပို့ခဲ့သည့် ထိုစာ၏ ပေးပို့သူမှာ အင်ပါယာနန်းတော်ကဖြစ်သည်။

သူမ အမြန်ဖွင့်ပြီး စစ်ဆေးကြည့်လိုက်ရာ ၎င်းမှာ သူတို့သည် လူနာလျှောက်ထားခဲ့သော ပရဟိတပရောဂျက်ကို ခွင့်ပြုမည်ဟု ပြောထားခြင်းဖြစ်သည်။

"အင်ပါယာအတွက် ပညာရှိစွာ ရွေးချယ်မှု ပြုလုပ်ခဲ့တဲ့ လူနာပဲလ်ကို အထူး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပါတယ်"

စာကို အင်ပါယာမိသားစုက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အတူတကွ ဂုဏ်ပြုမည့်အကြောင်းပြောထားပြီး နိဂုံးချုပ်ခဲ့သည်။

"အို ဘုရားရေ။ဆေးရုံကနေ ရတနာဆိုင်အထိ။သခင်မလေးတော့ အရမ်းအလုပ်ရှုပ်တော့မှာပဲ"

လော်ရာ ပြောသလိုပဲ ၎င်းက ရိုးရှင်းသောအလုပ်များဟုတ်ချေ။ သူမသည် အလွန်ကြီးမားသော ပရောဂျက်နှစ်ခုကို လုပ်ဆောင်ရမည်ဖြစ်ပြီး လူနာသည် ထိုအကြောင်းကြောင့် ကောင်းစွာအိပ်မပျော်နိုင်လောက်အောင်အထိ အလုပ်များတော့မှာ သေချာသည်။

"မင်း ပျော်နေတဲ့ပုံပဲ" 

အန်းသန့်စ်က လူနာ၏တောက်ပသောမျက်လုံးများကိုကြည့်ကာ ပြောလိုက်၏။

ပြီးတော့ အဲ့ဒါက အမှန်ပင်။

လူနာသည် အလုပ်များခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးအဖြစ်ခံစားရမည့်အစား သူမနှင့်ပတ်သက်သည့် မဟုတ်မမှန် ကောလာဟလများကို ရှင်းထုတ်နိုင်ကာ လောကထဲတွင် အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု တည်ဆောက်နေသကဲ့သို့ ခံစားရပြီး အကန့်အသတ်မရှိသော ပျော်ရွှင်မှုများဖြင့် ပြည့်နေခဲ့သည်။၎င်းက ဂိမ်းထဲမှာ အဆင့်တက်နေသကဲ့သို့ပင် ခံစားရသည်။

"သိသာနေလို့လား"

"အရမ်းပဲ"

အန်းသန့်စ်က နှုတ်ဆက်စကားပြောနေစဉ် တခစ်ခစ်ရယ်မောလာပြီး လူနာသည် သူမ၏မျက်နှာကို ရွှတ်နောက်နောက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

"ကိုယ် အခု သွားတော့မယ်နော်။လေဒီ သိပ်ဝမ်းမနည်းအောင်လို့ ကိုယ် လက်မှုပညာရှင်ကို မြန်မြန်ဆန်ဆန်အလုပ်ခန့်မှပဲ။မင်း မကြိုက်မှာစိုးလို့ ကိုယ် မကြာခင်ကျ နမူနာအချို့ အရင်ယူလာပေးမယ်"

"အဲ့ဒါက ကျေးဇူးတင်စရာပဲ"

လူနာသည် ခွဲခွာသောအပြုံးဖြင့် အန်းသန့်စ်အား ကျေးဇူးတင်စကား ပြောခဲ့၏။သူတို့ အကြာကြီး စကားစမြည်ပြောခဲ့ကြသော်လည်း အန်းသန့်စ်သည် အနည်းငယ်ဝမ်းနည်းနေသော အမူအရာဖြင့်ရထားပေါ်သို့တက်သွားခဲ့သည်။

ရိုယာကလည်း စာချုပ်အပြီးသတ်ရန်ဖို့ရာ သူ့ဘေးမှာအတူထိုင်လာခဲ့သည်။

"ကျွန်မ ရှင့်ကို မကြာခင် ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်"

နှုတ်ဆက်စကားများအပြီးတွင် လူနာသည် အန်းသန့်စ်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့လိုက်၏။

၎င်းကို နွေးထွေးစွာကြည့်နေခဲ့သော် လော်ရာက နူးညံ့သောအပြုံးဖြင့် အမ်မာကို ပန်းလက်စွပ်အကြောင်း တိုးတိုးလေး ရှင်းပြလိုက်ပြီး အမ်မာအား 'အို ဘုရားရေ' ဟု အာမေဠိတ်သံထွက်သွားစေခဲ့သည်။ 

* * *

ဒဲဗောရာသည် ရေချိုးပြီးတာနှင့် အပြင်ထွက်ရန်အတွက် သူမထက်အနည်းငယ်ပိုကြီးသော ၀တ်စုံကို ၀တ်ဆင်ခဲ့သည်။သူမက အဝတ်အစားများမဝယ်ခင်မှာ အတွေးများကို စုစည်းချင်ခဲ့သော်လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မရခဲ့ချေ။

ထို့အပြင် ဒဲဗောရာသည် ရထားပြတင်းပေါက်တွင် ရောင်ပြန်ဟပ်နေသော သူမကိုယ်သူမ မြင်လိုက်ရချိန် သူမ၏ အသွင်အပြင်ကို မရင်းနှီးသလိုခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးလိုက်သည်။

'ငါ့ကြည့်ရတာ မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက်လိုပဲ'

မြို့စားကြီး၏ဆန္ဒအတိုင်း တဖြေးဖြေး ပါလာပုံရသော ဒဲဗောရာကြောင့် စိတ်သက်သာရာရသွားသော အိမ်တော်ထိန်းသည် သူမကို မကူညီနိုငိဘဲ ပြုံးပြခဲ့လိုက်သည်။

သူတို့သည် ခဏအကြာတွင် စျေးဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ဒဲဗောရာသည် ဆိုင်၏ လှပသော အပြင်ပိုင်းကို အဆင်တန်ဆာတစ်ခုလိုမျိုး စိုက်ကြည့်နေမိပြီး အထဲသို့ မဝင်မီ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

"မင်း ကြိုက်တာကို လွတ်လွတ်လပ်လပ် ရွေးလို့ရတယ်။မင်း ဒီဝတ်စုံတွေအားလုံးကို ဝယ်လို့ရတယ်"

အိမ်တော်ထိန်းသည် သူမက ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးကို မဝယ်နိုင်မှန်း သိလျက် ဇာချဲ့ပြောခဲ့တာကြောင့် ဒဲဗောရာကို ဘာလုပ်ရမှန်းမသိဖြစ်သွားစေခဲ့သည်။

"ငါ ထွက်သွားပေးမှာမို့ ငါ့အတွက်စိတ်မပူနေနဲ့ မင်းကြိုက်တာသာ ရွေးလိုက်"

အိမ်တော်ထိန်းသည် လက်ဖက်ရည်သောက်ကာ စောင့်ဆိုင်းနေရန် ကြံရွယ်ပြီး ရယ်ရယ်မောမောဖြင့် အခန်းထဲမှ ထွက်သွားခဲ့သည်။

ရလဒ်အနေဖြင့် ဒဲဗောရာသည် တစ်ယောက်ထဲကျန်ခဲ့ပြီးနောက် သူမအား သူမ၏အခန်းကိုပြရန် ချဉ်းကပ်လာသော ဆိုင်ဝန်ထမ်းများက လမ်းပြခဲ့၏။ဝန်ထမ်းများသည် တခဏမျှ တုံ့ဆိုင်းသွားကြပြီး အနည်းငယ်ရင်းနှီးပေမယ့် ကွဲပြားသော သူမ၏မျက်နှာကို စိုက်ကြည့်လာခဲ့ကြသည်။

"အမ်..ကျွန်မ တစ်ခုခုအမှားလုပ်မိလ့်ုလားဟင် ဒါမှမဟုတ်...?"

သူတို့၏ စိုက်ကြည့်မှုများကြောင့် လန့်ဖျပ်သွားပြီး ဒဲဗောရာသည် သတိကြီးစွာ မေးလိုက်သည်။သူတို့က လျင်မြန်စွာပင် သူတို့၏ လုပ်ငန်းသုံးအပြုံးကို ချိတ်ဆွဲလိုက်ကြပြီး သူမကို အတွင်းဘက်သို့ လမ်းညွှန်ပေးလာခဲ့တာကြောင့် ဒဲဗောရာသည် စိတ်ရှုပ်သွားမိခဲ့သည်။

"ဟင့်အင်း လုံးဝမဟုတ်ပါဘူး။ကျွန်မတို့ နောက်ဆုံးပေါ် ဂါဝန်များကို စပြပေးပါ့မယ်"

"အိုး ကောင်းပါပြီ"

ဝန်ထမ်းများက ဒေဗောရကို သီးသန့်ခန်းတစ်ခုဆီသို့ လမ်းပြခဲ့ပြီး သူမကို ခဏလောက် တစ်ယောက်တည်း ထားခဲ့သည်။သူမ စင်္ကြံလမ်းအတိုင်း လျှောက်လာလိုက်ရင်း ပါတီပွဲတက်သကဲ့သို့ ၀တ်ဆင်ထားသော မျိုးရိုးမြင့်အမျိုးသမီးအချို့ကို တွေ့လိုက်ရသည်။

သူတို့သည် နှစ်သစ်ပါတီတုန်းက လူနာ ၏မျက်နှာကိုတွေ့ဖူးခဲ့သောကြောင့် ဒဲဗောရာကို ကြည့်ရင်း 'လူနာပဲလ်' ဟူသော အမည်ကို တီးတိုးပြောလိုက်ကြသည်။

လူနာပဲလေ့စ်ဆိုတာ ဘာကြီးလဲ။အဲ့ဒါက လူတစ်ယောက်ရဲ့ နာမည်လိုပဲ။

ဒဲဗောရာသည် တိုက်ရိုက်မမေးနိုင်ဘဲ မေးခွန်းများသာကျန်ခဲ့ကာ သီးသန့်ခန်းထဲသို့ ဝင်သွားခဲ့လိုက်သည်။ မကြာခင်မှာပင် ဝန်ထမ်းများက သူမကြည့်ချင်တယ်ဟု တောင်းဆိုခဲ့သော ဂါဝန်များနှင့်အတူ ပြန်လာခဲ့ကြသည်။

"ပြောထားခဲ့တဲ့ ဝတ်စုံတွေ အကုန်ပြင်လာခဲ့ပါတယ်"

ဝန်ထမ်းက ထိုစကားပြောပြီးနောက် အခန်းမှ ထွက်သွားခဲ့ပြီး သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"ဟူး"

ဒဲဗောရာသည် ၀တ်စုံများကို အတော်ကြာအောင် ငေးကြည့်ပြီးနောက် သက်ပြင်းချလိုက်မိသည်။သူမသည် ဂါဝန်များ၏ အလှကို တန်ဖိုးထားရမည့်အစား ပင်ပန်းနွမ်းနယ်မှုနှင့် ရှုပ်ယှက်ခတ်နေသော ခံစားချက်မျိုးစုံကို ခံစားခဲ့ရသည်။

ထို့ကြောင့် သူမသည် လေကောင်းလေသန့်ရရန် ကုလားကာများကို ဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ ကုလားကာများဆွဲဖွင့်လိုက်သည်နှင့် အဆောက်အအုံရှေ့တွင် ရထားတစ်စင်းရပ်သွားတာကို သတိပြုမိခဲ့သည်။

ထို့နောက် သူမ တစ်ခါမှ မမြင်ဖူးခဲ့သော အမျိုးသားတစ်ဦးက ရထားပေါ်မှ ဆင်းလာခဲ့သည်။ဒဲဗောရာသည် အသက်ရှုရန်ပင် မေ့လျော့သွားပြီး သူ့ကို စိုက်ကြည့်နေမိ၏

"…!?"

ဒီလို လူသားတစ်ဦးက ဒီလောကမှာ ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။ နတ်ဘုရားတစ်ပါး မြေပြင်ပေါ် ဆင်းသက်လာရင်တောင်မှ သူ့မှာ အဲ့လို အသွင်အပြင်မျိုး ရှိပါ့မလား။

ရထားပေါ်မှ ဆင်းလာပြီးနောက် အဆိုပါ အမျိုးသားသည် အရောင်းဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံကို အတိုချုံး စူးစမ်းလေ့လာပြီးနောက် သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သော အခိုက်အတန့်က အမူအရာမရှိသောပုံစံနှင့် နှိုင်းယှဉ်ပါက ယခုအခါ သူ၏ ရွှင်လန်းသောအပြုံးသည် သူ့မျက်နှာတစ်ခုလုံးကို တောက်ပလာစေခဲ့သည်။ ဒဲဗောရာ၏ နှလုံးသားသည် ၎င်းကို မြင်ရရုံဖြင့် သူမ၏ ရင်ဘတ်မှ ပေါက်ထွက်တော့မလိုမျိုး ခုန်ပေါက်လာခဲ့သည်။

"အန်းသန့်စ် မင်း လုံလုံလောက်လောက်ကြည့်ပြီးပြီဆိုရင် အခု ဂိုဏ်းကို သွားကြတော့မလား။ကျွန်တော် တကယ် စာချုပ်ကို မြန်မြန်အပြီးသတ်ပြီး ပြန်ချင်နေပြီ..."

ကံမကောင်းစွာဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပေါ်လာခဲ့သည်။ ထိုသူက ယဉ်ကျေးစွာပြောနေသော်လည်း သူ့အသံမှာ အန်းသန့်စ်ကို လှည့်ထွက်သွားစေချင်သလို မမှားနိုင်သည့် စိတ်အနှောက်အယှက်ဖြစ်နေသော လေသံရှိနေသည်။

သို့သော်ငြားလည်း ၎င်းမှ သေးငယ်သော အမြတ်အစွန်းရခဲ့သည်။ထိုသူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ထိုအမျိုးသား၏အမည်မှာ အန်းသန့်စ်ဖြစ်ကြောင်းကို ဒဲဗောရာ သိရှိခဲ့ရပြီး သူမ၏ နီမြန်းနေသော ပါးပြင်ကို လက်ဖဝါးဖြင့် ဖုံးအုပ်လိုက်တော့သည်။

TK Team (chapter 96)