Chapter 100
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 100


အမျိုးသမီးသည် လူနာက ဒဲဗောရာကို ရှာမတွေ့နိုင်ဟု ထင်မြင်ခဲ့သော်လည်း ထိုအတွေးများကို သူမဘာသာ သိမ်းထားခဲ့သည်။

စကားများဖြင့် မလိုအပ်သော တင်းမာမှုများကို ဖန်တီးရန် မလိုချေ။

သူမ ဝယ်ခဲ့သော ဆေးပမာဏမှာ များပြားပြီး သူမအမေကို ဂရုစိုက်ပေးရန် အသနားခံမှုကြောင့် ဒဲဗောရာသည် သူမပြန်မလာနိုင်သည့်နေရာကို ရောက်သွားနိုင်ချေမြင့်သည်။

လူနာက မပီမပြင် အပြုံးလေးဖြင့် ထိုအမျိုးသမီးကို နောက်ဆုံးတစ်ခု တောင်းဆိုခဲ့သည်။

"ရှင် ဆေးရုံကို မကြာခဏ သွားပေးလို့ရမလား။သူမက ဆေးရုံမှာ တစ်ယောက်တည်းဆိုတော့ နေသားမကျတာမျိုးဖြစ်နိုင်တယ်။ပြီးတော့ ရပ်ကွက်ထဲက ဖျားနာသူတွေအတွက် ဖြန့်ဝေပေးနိုင်မယ့် အခြေခံဆေးဝါးတချို့ကို ကျွန်မပေးပါ့မယ်"

"အာ… ကျွန်မတောင်းပန်ပါတယ်။ဒါပေမယ့် နေထိုင်စားသောက်နိုင်အောင် ကြိုးစားနေရတာနဲ့ အလုပ်ရှုပ်နေလို့ ဆေးရုံကို မကြာခဏ သွားဖြစ်လောက်မှာမဟုတ်ဘူး။ဒီတစ်ခါက ကျွန်မ ဒီတိုင်းဆေးရုံနားက ဖြတ်သွားတာနဲ့ ကြုံကြိုက်သွားတာပါ။ပုံမှန်အတိုင်းဆို အဲ့နေရာကို သွားတာ ရှားတယ်"

အသက်ရှင်သန်ဖို့အတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်နေရသော အမျိုးသမီးသည် တခြားသူများအတွက် စေတနာ့ဝန်ထမ်းလုပ်ရန် အားလပ်မနေချေ။

သူမသည် ယနေ့တွင် အိမ်နီးချင်းကို ကူညီနိုင်ပြီဆိုသော အတွေးနှင့်သာ လုပ်ဆောင်ခဲ့တာဖြစ်သည်။

ထိုရှင်းပြချက်ကို နားထောင်ရင်း လူနာသည် ခဏတာမျှ စကားမပြောနိုင်ဖြစ်သွားခဲ့ရ၏။လွန်ခဲ့သောနှစ်ကတင် ဘယ်ရွန်မိသားစုမှာ တူညီသောအနေအထားတွင်ရှိခဲ့သော်လည်း မိုင်းအနည်းငယ်ကိုရှာတွေ့ခဲ့ပြီးနောက် သူမ အဲ့ဒါကို အမြန်မေ့သွားခဲ့သည်။

"ကျွန်မ အရမ်းပေါ့ပေါ့ပါးပါး တွေးလိုက်မိတာပါ။ဒါဆို ကျွန်မ ရှင့်ရဲ့အကူအညီကို တရားဝင်တောင်းဆိုလို့ရမလား ဆေးရုံရဲ့ ပြုစုစောင့်ရှောက်ရေးမှူးအဖြစ်လေ"

ဆေးရုံက မျှော်လင့်ထားသည်ထက် ပိုအလုပ်များတာကြောင့် ဘာပဲဖြစ်ဖြစ် သူတို့ ဝန်ထမ်းတွေကို ပိုအသုံးပြုနိုင်သည်။သူတို့ သူမကို ပြုစုစောင့်ရှောက်ရေးမှူးနှင့် ဆေးပို့ဆောင်သူအဖြစ် အလုပ်ခန့်လို့ရသည်။

"ဒါက တကယ်ပြောနေတာလား..."

အမျိုးသမီးသည် ရုတ်တရက် အလုပ်ကမ်းလှမ်းမှုကြောင့် လန့်ဖျပ်သွားပြီး မဝံ့မရဲ မေးလိုက်၏။လူနာက တုံ့ပြန်မှု အနေနှင့် ခေါင်းညိတ်ပြလိုက်ပြီး အမျိုးသမီးသည် တောက်ပသော အပြုံးဖြင့် သူမ၏ကျေးဇူးတင်ရှိမှုကို ဖော်ပြလာခဲ့သည်။

"ကြည့်ရတာ အခု လူတိုင်းကို ပိုင်နိုင်တော့မယ့်ပုံပဲ" 

တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအမျိုးသမီးကို ရထားပေါ်မှာတင်ပြီးသွားသော အန်းသန့်စ်က လူနာ၏ အနားသို့ပြန်ရောက်လာခဲ့သည်။

လူနာက သူ့ဘေးကို လက်ညှိုးနှင့်ထိုးလိုက်ပြီး သူ၏ ကြမ်းတမ်းသော လေသံ၊ နူးညံ့တဲ့ အမူအရာအပေါ် မေးလိုက်၏။

"ရှင်ဘာတွေပြောနေတာလဲ"

"ကိုယ်ပြောတာက အတိအကျပဲလေ။မင်း စောနကလေးတင် ရာနဲ့ချီတဲ့လူတွေကို သိမ်းသွင်းနိုင်ခဲ့တယ်။ဒီလိုဆက်သွားနေမယ်ဆိုရင် အင်ပါယာကို လေဒီလူနာ သိမ်းသွင်းနိုင်တော့မယ့်ပုံပဲ"

"ယုတ္တိမရှိတာတွေပြောနေပြန်ပြီ"

လူနာသည် မဟုတ်တာတွေ အများကြီးပြောတာက ငြီးငွေ့စရာကောင်းသည်ဟု ပြောပြီး အမျိုးသမီးကို နှုတ်ဆက်ကာ အန်းသန့်စ်နှင့် အတူ ရထားပေါ်သို့ ပြန်သွားခဲ့သည်။

သူတို့ အတူဆေးရုံကို သွားရင် ပိုကောင်းလိမ့်မည်ဆိုသော်လည်း သူတို့ ထိုသို့ လုပ်ပါက အမျိုးသမီးသည် အိမ်ပြန်နောက်ကျမှာ ထင်ရှားသည်။

ရထားထိုင်ခုံပေါ်တွင် လဲလျောင်းနေသော သက်လတ်ပိုင်း အမျိုးသမီးကြီးသည် အသက်ကိုမနည်းရှူနေခဲ့ရသည်။သူမသည် ရံဖန်ရံခါ ပြင်းထန်စွာ ချောင်းဆိုးသည်။သူမ နာကျင်နေပုံကို ကြည့်ရရုံနှင့်တင် နာကျင်သလို ခံစားလာရသည်။

"သူမ အဆင်ပြေပါ့မလား"

လူနာက အန်းသန့်စ်ကို မေးလိုက်သည်။ သူမ၏ အသံမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။၎င်းက အဆင်မပြေနေရင်တောင်မှ အဆင်ပြေမှာပါဟု သူမအား နှစ်သိမ့်နိုင်မည့်အဖြေရစေရန် မေးလိုက်သော မေးခွန်းတစ်ခုဖြစ်သည်။

"ပြေလောက်တယ်။အမှန်တိုင်းပြောရရင် တကယ် အရမ်းပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့သူဆိုရင် ဒီလိုမကောင်းတဲ့ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်နေသေးတာ ရှားတယ်"

တကယ်ပြင်းထန်သော ရောဂါဖြစ်ပါက သူမသည် ထိုညစ်ပတ် စုတ်ပြတ် နေသော နေရာမှာတင် ကွယ်လွန်သွားခဲ့မှာကြာလောက်ပြီဆိုပြီး ကြောက်စရာကောင်းစွာ ပြောလာခဲ့သည်။

"ရှင် ကျိန်ဆဲနေတာလား"

"အဲ့ဒါက မကောင်းပြောတာမဟုတ်ဘူး။ကိုယ်ပြောချင်တာက အဲ့ဒါက သေစေနိုင်လောက်တဲ့ရောဂါမဟုတ်လောက်ဘူး ပတ်ဝန်းကျင်ကြောင့်ပဲ အသေးအမွှားဖျားနာတာလေးကိုက ပြင်းထန်တဲ့ရောဂါလိုမျိုးဖြစ်နေတာလို့ ပြောတာ"

ထို့ကြောင့် သူမသည် အအေးမိခြင်းကဲ့သို့ သာမန်ရောဂါအခြေအနေမျိုးတွင် ရှိသော်လည်း သူမ၏ ခန္ဓာကိုယ်က အာဟာရချို့တဲ့ခြင်း၊ အစားအသောက်မှား၍ ဝမ်းပျက်ခြင်းနှင့် အခြားအခြေအနေများကြောင့်လည်း ထိခိုက်ခဲ့သည်။၎င်းက ကြီးကြီးမားမားရောဂါတစ်ခုမဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးပေါင်းစပ်ခဲ့ပြီးနောက် ကြီးမားသယောင်ထင်ခဲ့ရသည်။

"ဒါဆိုဘာလို့ သူမက အရမ်းနာကျင်နေရတာလဲ"

လူလတ်ပိုင်းအမျိုးသမီးက ဝေဒနာပြင်းထန်စွာခံစားနေရပုံရတာကြောင့် လူနာသည် အန်းသန့်စ်ကို အတည်ပြုနိုင်ရန် ထပ်မေးလိုက်သည်။

ရှင် ဘာလို့ အဆိုးဆုံးအခြေအနေမဟုတ်ဘူး အဆင်ပြေသွားလိမ့်မယ်လို့မပြောဘဲ ရုတ်တရက်ကြီး အခြေအနေဆိုးတွေ‌ကိုပြောနေရတာလဲ။

"ကိုယ်ပြောသလိုပဲ အခြေအနေတွေစုသွားလို့ဖြစ်တာ"

အန်းသန့်စ်၏ အဆိုအရ သူမသည် အသေးစားရောဂါပေါင်းများစွာ စုသွားခြင်းကြောင့် ပိုဆိုးသွားပုံရသည်။ သို့သော ရောဂါစုသွားမှုကြောင့် အနည်းငယ်ကြီးမားသော ရောဂါဖြစ်လာနိုင်သည်မှာ သေချာသော်လည်း ခွဲစိတ်မှုဖြင့်တောငါ မကုသနိုင်သော ရောဂါထက်တော့ ပိုကောင်းသေးသည်။

"ကျွန်မ ရှင်ပြောတဲ့အတိုင်းမှန်ဖို့မျှော်လင့်တယ်။ဒါဆိုရင် စိတ်ပူစရာ မလိုတော့ဘူး"

"စိတ်မပူပါနဲ့။သူမ အဆင်ပြေသွားမယ်ဆိုတာ ကိုယ်သေချာပြောရဲတယ်"

အန်းသန့်စ်က လူနာ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး 'အဆင်ပြေသွားမှာပါ'ဟု သူမကို နှိမ့်သောအနေဖြင့်ပြောလိုက်သည်။

လူနာက အန်းသန့်စ်၏လက်ကို သဘာဝအတိုင်း ပေါ့ပါးစွာ ပြန်ဆုပ်ကိုင်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 

* * *

"ကျွန်...ကျွန်မ အမေ့ကိုတွေ့ချင်တယ်"

ဒဲဗောရာ၏စကားကြောင့် မြို့စားကြီး၏နဖူးပေါ်တွင် တွန့်ရာတစ်ခုပေါ်လာခဲ့သည်။သူသည် သူမကို အ၀တ်အစားများကစ အစားအသောက်များနှင့် လက်ဝတ်ရတနာတို့လိုမျိုး သူမဘဝမှာ မမြင်ဖူးသည့်အရာများကို ပေးခဲ့ပြီး သူမ အဖြေကို စောင့်နေတာဖြစ်သည်။

ဒဲဗောရာ၏ ဇိမ်ခံပစ္စည်းများအပေါ် တပ်မက်လာမည့် တုံ့ပြန်မှုကို သူစောင့်မျှော်နေခဲ့သော်လည်း ဒဲဗောရာ၏ အာရုံစိုက်မှုမှာ သူမ၏နာမကျန်းဖြစ်နေသောမိခင်အပေါ်တွင်သာ ရှိနေခဲ့သေး၏။

'ကြည့်ရတာက အရာရာကို စွန့်ပစ်တာက အလုပ်မတွင်တဲ့ပုံပဲ'

မြို့စားကြီးက မကူညီနိုင်သလို ခေါင်းညိတ်ပြပြီး အပြင်ထွက်ခွင့်ပြုလိုက်သည်။

"ဒါဆိုလည်း သွားလေ"

တကယ်တမ်းတွင် ၎င်းက ခွင့်ပြုမလား မပြုဘူးလားဆိုသော မေးခွန်းမဟုတ်ပေမယ့် သူခွင့်ပြုချပေးတာကြောင့် ဒဲဗောရာ‌၏ မျက်နှာမှာ တောက်ပသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် မြို့စားကတော်ကြီးသည် ဆိုးဝါးစွာဖြင့် စံအိမ်မှ ထွက်သွားခဲ့သောကြောင့် သူမသည် မြို့စားကြီး၏ကမ်းလှမ်းမှုကို ငြင်းပယ်တော့မည်ဖြစ်သည်။သူမ အဲ့ဒါကို မည်မျှပင်တွေးပါစေ သူမကိုယ်သူမ ထိုကိစ္စကိုလက်ခံဖို့ မလုပ်နိုင်ပေ။

သူ့အမေကို ပြုစုစောင့်ရှောက်ရန် လိုအပ်သေး၏။

သူမ အိမ်ကိုပြန်ပြီး သူမအမေကို မြို့စားကြီးအိမ်တော်ဆီဘယ်တော့မှ မသွားတော့ပါဘူးဟုပြောရမည်။မူလက သူမသည် စကားစမြည်ပြောရန် လာခဲ့သော်လည်း ရက်အတော်ကြာ ထိန်းသိမ်းခံထားရသောကြောင့် အိမ်ပြန်ရန် အချိန်တန်ပြီဖြစ်သည်။

"ကျေးဇူးပါ"

မြို့စားကြီးက ရွှင်လန်းတောက်ပနေသော ဒဲဗောရာကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူမ ရုံးခန်းထဲက ထွက်သွားသည်နှင့် အိမ်တော်ထိန်းကို စကားအချို့ပြောလိုက်သည်။

"မင်း အဲ့ကိုရောက်လို့ရှိရင် သူမအမေကြိ ခေါ်လာခဲ့လိုက်။ပြီးတော့ သူမကို တွန်းအားပေးဖို့ မမေ့နဲ့"

၎င်းက တိကျသော ညွှန်ကြားချက်မဟုတ်သော်လည်း သူ့စကားများ၏ နောက်ကွယ်က အဓိပ္ပါယ်ကတော့ ရှင်းပေသည်။

မြို့စားကြီးသည် ဒဲဗောရာ၏ အမေကို ထိခိုက်စေပြီး သူမအား သူ၏ကမ်းလှမ်းချက်ကိုလက်ခံရန်မှအပ ရွေးချယ်စရာမရှိသော အခြေအနေတစ်ခုကိုဖန်တီးရန်ရည်ရွယ်ခဲ့တာဖြစ်သည်။၎င်းက လုံးဝအသစ်အဆန်းမဟုတ်သော်လည်း အိမ်တော်ထိန်းသည် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် အပြစ်ရှိမှုကို ခံစားခဲ့ရသည်။

သူတို့သည် မြို့စားကြီးမိသားစုကိုထိခိုက်စေခြင်း သို့မဟုတ် ပုဂ္ဂိုလ်ရေးအရညှဉ်းဆဲခြင်းရှိမနေဘဲ ဤအချိန်တွင်အပြစ်ကင်းပြီးသနားစရာကောင်းသောသူများသာဖြစ်ကြသည်။

'အလျှော့အတင်းလုပ်ကြတာပေါ့'

သူမက ကျန်းမာရေး မကောင်းသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ဖို့ကို ရှောင်သင့်သည်။

ဥပမာ သူသည် သူတို့၏ ဟောင်းနွမ်းနေသော အိမ်ကို ဖြိုချလိုက်မည်။ အကယ်၍ အိမ်ပျက်စီးသွားပါက သူတို့သည် နေထိုင်စရာ နေရာမရှိသဖြင့် သူတို့ကို သဘာဝအတိုင်း မြို့စားကြီး၏စံအိမ်သို့ ခေါ်ဆောင်သွားနိုင်သည်။

အကယ်၍ မြို့စားကြီး၏ ကမ်းလှမ်းချက်ကို လက်ခံပါက သူတို့သည် ပြိုပျက်နေသော အိမ်နှင့် ယှဉ်၍မရနိုင်သော ဇိမ်ခံအိမ်ကြီးတစ်ခု ရရှိပေလိမ့်မည်။

ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက် အိမ်တော်ထိန်းသည် ရထားကို ပြင်ဆင်ပြီး ဒဲဗောရာနှင့် အပြင်အတူထွက်ဖို့ အလျင်အမြန် အသင့်ပြင်ခဲ့လိုက်သည်။

ခဏအကြာတွင် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော ဒဲဗောရာသည် မြို့စားကြီးပေးသော အိမ်အစေခံနှင့်အတူ ရထားပေါ်သို့ တက်ခဲ့လိုက်သည်။

အိမ်အစေခံသည် ဒဲဗောရာကို သူတို့ဦးတည်ရာသို့ မရောက်မချင်း စေ့စေ့စောင့်ကြည့်ရမယ်ဟု မြို့စားကြီးထံမှ ညွှန်ကြားချက်ကို ရရှိခဲ့ပုံရသည်။

"ကျွန်မကို ပြောစရာတစ်ခုခုရှိလို့လား...?"

"ဘာမှမဟုတ်ဘူး"

အိမ်အစေခံ၏ စောင့်ကြည့်မှု နှင့် အေးစက်သော လေသံအောက်တွင် ဒဲဗောရာသည် မသက်မသာ ခံစားလိုက်ရပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့သည် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း သက်တောင့်သက်သာခံစားရသော ရပ်ကွက်သို့ ရောက်ရှိလာခဲ့ကြသည်။သို့သော်လည်း စိုးရိမ်ပူန်မှုများဖြင့် သူမ၏ အိမ်သို့ အမြန်ပြေးသွားခဲ့သော ဒဲဗောရာသည် အိမ်အလွတ်နှင့် အေးစက်နေသောအိပ်ယာတစ်ခုကိုသာ မြင်လိုက်ရသည်။

"အမေ?!"

ဒဲဗောရာသည် နေရာမှလှုပ်တောင်မလှုပ်နိုင်တော့ဘဲ ဘာလို့ အိပ်ယာကဗလာဖြစ်နေသည်ကို တွေးမိသွားသည်။ သူမကလန့်ဖျပ်သွားပြီး သူ့အမေကို ရှာရန် အပြင်သို့ အမြန်ပြေးသွားသည်။

ထိုအချိန်တွင် အိမ်ဖြိုရန် စီစဉ်နေသော အိမ်တော်ထိန်းက ဘာဖြစ်လို့လဲဟု မေးလာခဲ့သည်။

"အမေ...အမေ မရှိတော့ဘူး!"

"ဘာပြောလိုက်တာ"

အိမ်တော်ထိန်းသည် ဒဲဗောရာ၏မိခင်ကိုနောက်ဆုံးအကြိမ်တွေ့ချိန်က သူမသည် အလွန်အမင်း ကျန်းမာရေးချို့တဲ့နေပုံရသည်။ 

သူမကိုယ်တိုင်တောင် မလှုပ်နိုင်တော့တဲ့သူက ဘယ်ရောက်သွားရမှာလဲ။

"ဒဲဗောရာ!"

ဒဲဗောရာ၏ အသံက အလွန်ကျယ်လောင်သောကြောင့် အိမ်နီးချင်း အမျိုးသမီးက ပြေးထွက်လာခဲ့သည်။

ဒဲဗောရာသည် ထိုအမျိုးသမီးကို သူမအမေအား ပြုစုစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့ပြီး ယခုတွင် သူမအမေက ပျောက်သွားသော်လည်း ထိုအမျိုးသမီးကတော့ လွန်စွာပျော်နေပုံရသည်။

ဒဲဗောရာသည် သူမ၏ စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်မှုတို့ ရောနှောနေသော ခံစားချက်များကို မဖုံးကွယ်နိုင်ခဲ့ချိန်တွင် ထိုအမျိုးသမီးက မထင်မှတ်ထားတာတသ်ခုခုကို ပြောလာခဲ့သည်။

"အမလေး ငါ နင့်ကို ဘယ်လိုရှာရမလဲလို့ စိတ်ပူနေတာ။နင် အခု နင့်အမေ ဆေးရုံတက်နေတယ်ဆိုတဲ့ သတင်းကိုကြားလို့ ပြန်လာခဲ့တာမလား"

"ဘယ်လို...ဆေးရုံတက်တာလား"

ရုတ်တရက်ကြီး ဆေးရုံတက်တာလား။အဲ့အတွက် ငွေကို သူမဘယ်ကနေ သွားရှာရမှာလဲ။

ဒဲဗောရာ အမြဲ ဆေးသွားဝယ်သည့် ဆေးရုံ ဆရာဝန်က ခွဲစိတ်ရန်မှာ ငွေအမြောက်အမြား ကုန်ကျမည်ဖြစ်တာကြောင့် အိပ်မက်တောင် မမက်ဖို့ သူမကို ပြောခဲ့သည်။ဆေးများမှာလည်း သူမ မတတ်နိုင်လောက်အောင် ဈေးကြီးခဲ့သော်လည်း ပိုက်ဆံလိုက်တောင်းခဲ့ပြီးနောက်တွင်တော့ ဝယ်နိုင်ခဲ့သည်။

ဒါပေမယ့် အခု ဆေးရုံတက်နေတယ် ဆိုတာကြီးက....

ဒဲဗောရာသည် အဓိပ္ပာယ်မရှိသော စကားများပြောနေသည့် အမျိုးသမီးကို မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ ပျော်ရွှင်သောအမူအရာဖြင့် ဆက်ပြောလာခဲ့သည်။

"ဒီနေ့ မြို့လယ်မှာ အခမဲ့ ဆေးရုံဖွင့်တယ်လေ။ ပြီးတော့ ဒါကို တည်ထောင်တဲ့ မိန်းမပျိုငယ်လေးက နင့်အမေကို ကိုယ်တိုင် ရထားနဲ့ လာခေါ်ပြီး ကုပေးမယ်လို့ ပြောခဲ့တာသိလား"

ထိုစကားကိုကြားချိန်တွင် ဒဲဗောရာသည် တွေးတောကြည့်ပြီးနောက် အော်ပြောလိုက်သည်။

"နင်...နင် အဲဒါကို ယုံတယ်ဟုတ်လား! အဲ့ဒါက အဓိပ္ပာယ်တောင်ရှိလို့လား!"

ဘုရားရေ ကမ္ဘာပေါ်မှာ ရောဂါတွေကို အခမဲ့ကုသပေးမယ့် ဆေးရုံကို ဘယ်မှာ ရှိမှာမို့လို့လဲ။

ကုသစရိတ်က ဈေးကြီးသည့်အပြင် ဆေးဝါးစရိတ်နှင့် အခြားအရာများစွာကို တောင်းဆိုကြသော ဆရာဝန်များစွာရှိသည်။ ဒဲဗောရာသည် သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး ခြေကိုဆောင့်ကာ တစ်ခုခုဆိုးဝါးတာဖြစ်နေလောက်ပြီဟုပြောလိုက်သည်။

အိမ်တော်ထိန်းသည်လည်း အသစ်ဖွင့်ခါစဖြစ်သော အခမဲ့ဆေးရုံကိုလည်း မသိသည့်အတွက်ကြောင့် မယုံကြည်သောအမူအရာဖြင့် သူမကို ဘယ်သူကခေါ်သွားတာလဲဟု မေးလိုက်သည်။

"ဘယ်သူက သူမကို ဘယ်နေရာခေါ်သွားတာလဲ"

"ဘယ်ရွန်အမျိုးသမီးမြို့စား လေဒီလူနာပဲလ်က သူမကို မြို့အလယ်က အခမဲ့ဆေးရုံကို ခေါ်သွားတာပါ။ နေရာအတိအကျက-"

လူနာပဲလ်လား? အိမ်တော်ထိန်းသည် ရုတ်တရတ် ပေါ်ထွက်လာသော နာမည်ကြောင့် အေးခဲသွားခဲ့သည်။

ထိုအမျိုးသမီးပြောနေတာ အမှန်ဆိုပါက ဒဲဗောရာ၏ အားနည်းချက်က ပျောက်သွားပြီဖြစ်သည်။

အလိမ်အညာဆိုရင်လည်း သူမကို ဆွဲထားသော အားနည်းချက်က ပျောက်ကွယ်သွားပြီဖြစ်သည်။ထို့ကြောင့် သူ့အတွက် အဖြေတစ်ခုပဲ ရှိသည်။ အိမ်တော်ထိန်းသည် အကြံအစည်များကို မြန်မြန်ဆန်ဆန် စီစဉ်ပြီးနောက် ဒဲဗောရာ၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ရထားဆီ ဆွဲခေါ်သွားခဲ့သည်။

"ဟေး ဘယ်သွားမလို့လဲ!"

ဒဲဗောရာက အံ့ဩသွားပြီး မေးလိုက်သည်။အိမ်တော်ထိန်းက သူမကို မကြည့်ဘဲ ရထားထိန်းကို အမိန့်ပေးလိုက်သည်-

"မြို့စားကြီး အိမ်တော်ဆီမောင်း"

TK Team (Chapter 100)