Chapter 102
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 102


လူနာသည် လွတ်နေသော လယ်ကွင်း အလယ်ရှိ ယိုယွင်းပျက်စီးနေသော အိမ်လေးတစ်လုံးကို မြင်ရချိန် သူမ၏ မယုံကြည်နိုင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"ဒါက လျှို့ဝှက်စားသောက်ဆိုင်လိုမျိုးလား ဒါမှမဟုတ် တစ်ခုခုလား"

မဟုတ်တာ ဒီနေရာက စားသောက်ဆိုင်ကောင်းဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ငါ့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ယူသွားပြီး အခုတော့ ဒီလိုနေရာမျိုးမှာ လာအဆုံးသတ်တယ်ပေါ့လေ။

သို့သော် အန်းသန့်စ်သည် ထိုသို့သောတုံ့ပြန်မှုကို မျှော်လင့်ထားပြီးဖြစ်သကဲ့သို့ လုံးဝငြိမ်သက်နေခဲ့သည်။

"ဒါက နာမည်ကြီးစားသောက်ဆိုင်မဟုတ်ပေမယ့် ဝှက်ထားတဲ့ နေရာတစ်ခုပဲ"

"ဘာကိုဝှက်ထားတာလဲ"

"လူပေါ့"

"…လူဟုတ်လား။ ရှင် လူကို ဝှက်ထားတာလား။ လူကုန်ကူးတာမျိုးလေ!"

သူမဟုတ်ဘူးလို့ ငါထင်ခဲ့ပေမယ့် သူက တကယ် ဗီလိန်များလား!

လူနာ အမှန်တကယ်သံသယဝင်နေချိန်တွင် "ကိုယ်တို့ဆက်ဆံရေးက ဘယ်လိုမျိုးမို့လို့ မင်း ဒီလိုမျိုး မေးခွန်းထုတ်ရတာလဲ" ဟု မေးလုနီးပါဖြစ်နေသော အန်းသန့်စ်သည် သူ၏ စိတ်ပျက်မှုကို ဖုံးကွယ်ဖို့ကြိုးစားရင်း ထိုအိမ်အို၏ တံခါးကို ခေါက်လိုက်သည်။

"ဘယ်သူလဲ"

ထို့နောက် မကျေမနပ်မျက်နှာနှင့် လူလတ်ပိုင်းတစ်ဦး ပေါ်လာခဲ့သည်။သူက အန်းသန့်စ် နှင့် လူနာကို တစ်လှည့်စီကြည့်ပြီး ဘာတွေဖြစ်နေတာလဲကိုနားလည်ဖို့ ကြိုးစားနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်သည်။

လူနာကလည်း ထိုသို့ပင် ခံစားနေရသည်။ သေချာပေါက်ပင် ထိုမျက်နှာ တင်းမာသော သက်လတ်ပိုင်း အမျိုးသားက လူကုန်ကူးခံရမည့် နစ်နာသူ မဟုတ်သည်မှာ ထင်ရှားသည်။

တဆိတ်လောက် ရှင်ကဘယ်သူကြီးလဲ။

လူနာက စိတ်ရှုပ်ထွေးစွာဖြင့် အန်းသန့်စ်ကိုကြည့်ကာ အဖြေတောင်းလိုက်သည်။ အန်းသန့်စ်က တောက်ပစွာပြုံးပြီး ပြန်ဖြေလိုက်သည်-

"ကိုယ် မင်းကို မိတ်ဆက်ပေးမယ်။ သူက မင်းအတွက် နမူနာဆွဲကြိုးလုပ်ပေးတဲ့ လက်မှုပညာရှင်လေ"

"…ဘယ်လို"

ရုတ်တရက်ကြီး...ဒီလိုမျိုး ရုတ်တရက်ကြီးလေ။

အခု ဆေးရုံကိစ္စကပြီးသွားတာကြောင့် လက်ဝတ်ရတနာလုပ်ငန်းဘက်ပြန်လှည့်ဖို့ အချိန်ကြပြီဖြစ်ကာ သူ့ကိုတစ်ကြိမ်လောက်တော့ တွေ့ရမယ်ဆိုပေမယ့် ဒီလို မမျှော်လင့်ဘဲ တွေ့ရမယ်လို့တော့ တစ်ခါမှ အိမ်မက်မမက်ဖူးခဲ့ပေ။

သူတို့နှစ်ယောက် ချိန်းတွေ့စတုန်းကလိုပင် သူကတကယ်ကို မှန်းဆမရချေ။သူသာ ကားမောင်းမယ်ဆိုရင် ဘယ်ညာ လှည့်မှာလားတောင် အချက်မပြဘဲ တည့်တည့် မောင်းပြီး ရုတ်တရက် ဂငယ်ကွေ့ ကွေ့မည့်သူမျိုးဖြစ်သည်။

"ဆိုတော့ ဒီလိုမျိုးပေါ့"

လူနာက ထိတ်လန့်သွားခဲ့ပေမယ့် လူလတ်ပိုင်းအမျိုးသား၏ တုံ့ပြန်ပုံမှာတော့ ကွဲပြားသည်။

သူကြည့်ရတာ အရင်က အချင်းချင်းသိခဲ့ကြသလိုဖြစ်နေကာ သူ့ကိုယ်သူ အတိုချုံး မိတ်ဆက်လာခဲ့သည်။

"ကျွန်တော့်နာမည်က ဂျီဝဲလ်ပါ။ ကြည့်စရာ သိပ်အများကြီးမရှိဘူးဆိုပေမယ့် ကျေးဇူးပြုပြီး ပတ်ကြည့်ပေးပါအုံး။အိုး ဟိုဟာ ဧည့်ခန်းထဲက စားပွဲပေါ်မှာနော်..."

ထို့နောက် သူက အိမ်ထဲဝင်ရောက် ပျောက်သွားပြန်၏။ထိုအချိန်အထိ လူနာသည် သူမ၏အံ့အားသင့်နေသောအမူအရာကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။နောက်ဆုံးတွင် သူမ၏ စိတ်အာရုံများပြန် ရောက်လာပြီး အန်းသန့်စ်ကို မေးလိုက်သည်။

"ဒါက ဘာကြီးလဲ။ရှင်ပဲပြောတော့ ဗိုက်ဆာနေတယ်ဆို"

"ကိုယ်တို့မှာ အချိန်နည်းနည်းရှိသေးတော့ ဒီကို ခဏလောက်ဝင်တာက အကြံဆိုးမဟုတ်ဘူးလို့ တွေးခဲ့တာ"

ရှင် မြို့တော်ကနေ တောက်လျှောက် မ်ြု့စွန်ဆုံးထိလာခဲ့တာကိုများ ဘာဖြစ်တယ် ခဏလောက်ဝင်တာဟုတ်လား။အခြားမြို့က စားသောက်ဆိုင်ကိုသွားမလို့လား။

လူနာက ငြီးတွားလိုက်သော်လည်း ဒီအထိလာပြီးမှတော့ ပြန်သွားလို့မဖြစ်နိုင်တော့ပေ။

ဒါက ရုတ်တရက်ဖြစ်သွားပေမယ့် သူမ သူ့ကိုတွေ့ရမှာပဲဖြစ်သည်။

သူက လှည့်ပတ်ကြည့်ဖို့ ပြောခဲ့တာကြောင့် အထဲတွင် စိတ်ဝင်စားစရာကောင်းသော လက်မှုပစ္စည်းများ ရှိနိုင်လောက်သည်။

"ရှင်ပြောသလိုပဲ ဒီနေရာက တကယ်အံ့သြစရာကောင်းတယ်"

"ဟုတ်တယ်မလား"

"ဒါပေမယ့် ကျွန်မ‌သဘောကျမယ့် နေရာမျိုးတော့မဟုတ်ဘူး"

လူနာ၏အမူအရာက မည်သို့ပင်ရှိစေကာမူ အန်းသန့်စ်သည် တံခါးကိုဖွင့်ပြီး သူမအား အထဲသို့ အမြန်ဝင်လာရန် ခေါ်ခဲ့သည်။

ဒါပေါ့ သူသာ ဒီအကြောင်း ကြိုပြောထားခဲ့မယ် ဆိုရင် သူမ တော်တော်လေး လက်မှုပစ္စည်းတွေကိုကြည့်ဖို့ စိတ်အားထက်သန်နေလောက်သည်။ဒါပေမယ့် စားသောက်ဆိုင်တစ်ဆိုင်မှ လက်မှုပညာရှင်နေရာသို့ ရုတ်တရက်ရောက်သွားတာကို ဘယ်လိုလုပ် ပျော်ရွှင်နေနိုင်ပါ့မလဲ။

သို့သော် သူမ ဂျီဝဲလ်၏ အိမ်အိုထဲကို ဝင်လိုက်သည်နှင့် အံ့သြသွားခဲ့ရသည်။

"အိုး ဘုရားရေ ကျွန်မရဲ့ လည်ဆွဲကို အရမ်းတော်တဲ့ လက်မှုပညာရှင်ကလုပ်ထားတာပဲ..."

အဲ့ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်လှပသိမ်မွေ့နိုင်ရတာလဲ။အသေးစိတ်ကျသော ပန်းချီကားများ အသက်ဝင်လာတာနှင့်တူသည့် အလှဆင်ပစ္စည်းများကိုကြည့်ရင်း သူမ မအံ့သြဘဲ မနေနိုင်ခဲ့ချေ။

စဉ်းစားကြည့်မှ ဒီလို လှပနေတဲ့ အရာတွေက ဒီအိမ်ထဲမှာပဲ ပေါ့ပေါ့ပါးပါး ပြန့်ကျဲနေရလား။

၎င်းတို့သည် ပြခန်းတစ်ခုတွင် ပြထားရလောက်အောင်အထိ ခမ်းနားလှသော်လည်း ဒီအိမ်ထဲမှာပဲ ပြန်ကျဲနေရသည်။လူနာသည် အိမ်တဝိုက် လမ်းပတ်လျှောက်ရင်း မကူညီနိုင်ဘဲ စိတ်မကောင်းဖြစ်မိသွားသည်။ထို့နောက် အန်းသန့်စ်က ရုတ်တရက် ဧည့်ခန်းထဲက စားပွဲကို ညွှန်ပြခဲ့သည်။

"အဲဒါဘာကြီးလဲ။ကြည့်ရတာ တော်တော်လေး ကောင်းမယ့်ပုံရတယ်"

"…ခဏလေး"

အန်းသန့်စ်၏လေသံမှာ နှစ်သစ်ပါတီတုန်းက လူနာ၏သရုပ်ဆောင်မှုထက် ပို၍ သဘာဝမကျသလို ခံစားနေရ၏။

"ဟိုကိုသေချာကြည့်"

အန်းသန့်စ်က ဘာဖြစ်နေမှန်း ဂရုမစိုက်ဘဲ စားပွဲပေါ်ကိုသာ လက်ညှိုးထိုးပြခဲ့သည်။

လူနာက ခေါင်းကို လှည့်ကြည့်လိုက်ရာ စားပွဲပေါ်တွင် သေတ္တာတစ်ခုက 'ငါက တကယ့်ဟာပဲ! ငါ့ကို ကြည့်' လို့ပြောနေသကဲ့သို့ရှိနေခဲ့သည်။

ဒီမှာ ပစ္စည်းတွေအားလုံး ပြန်ကျဲနေတာကို သူက ဘာလို့အဲ့ဟာကိုပဲ ဒီလောက် ပြချင်နေရတာလဲ။

လူနာက စိတ်ရှုပ်ထွေးစွာဖြင့် အန်းသန့်စ်ကိုကြည့်လိုက်ရာ သူက သူမအ သေတ္တာဆီ မြန်မြန်သွားရန် ပြောသကဲ့သို့ခေါင်းညိတ်ပြလာခဲ့သည်။

ပြီးတော့ အထဲမှာ-

"ဒါက...လက်စွပ်မလား"

သေတ္တာအတွင်း၌ ပန်းပွင့်ဖက်ခြောက်လွှာဖြင့် ပန်းလိုမျိုး ပုံသဏ္ဍာန်ရှိသော လက်စွပ်တစ်ကွင်းရှိနေပြီး တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ခံစားခဲ့ရ၏။

"အာ... အဲ့ဒါက ကျွန်မတို့ ညဈေးမှာဝယ်ခဒ့တဲ့ လက်စွပ်နဲ့တူသလိုပဲ"

နှိုင်းယှဥ်သည့်အရာက အတော်လေးစျေးပေါသော်လည်း တကယ့်ကိုတူညီနေသည်။ကွာခြားချက်ဆို၍ ပစ္စည်းများ၏ အရည်အသွေးနှင့် လက်မှုပညာဖြင့် အသေးစိတ်လုပ်ထားမှုတို့ ဖြစ်သည်။

လူနာက အန်းသန့်စ်ကို ဘာတွေဖြစ်နေတာလဲသိချင်နေသလိုမျိုး စိုက်ကြည့်လိုက်စဉ် သူက ကြိုပြင်ဆင်ထားပုံရသော စာကြောင်းတစ်ခုကို ပြောလာခဲ့သည်။

"သူ မင်းအတွက် လက်ဆောင်ပြင်ထားတယ်လို့ ကိုယ်ပြောခဲ့တယ်မလား အဲ့ဒါလို့ထင်တာပဲ"

ဘယ်သူကပြင်ထားတာ။ သူကလား။

မမေးဘဲနဲ့တောင်မှ အန်းသန့်စ်က ၎င်းအား ဂျီဝဲလ်ကို ကြိုတင်အကြောင်းကြားထားပြီး ပြင်ဆင်ထားခဲ့မှန်း ရှင်းနေ၏။

၎င်းက အတော်လေး သိသာသော်လည်း အန်းသန့်စ်သည် အကြောင်းအရာကို ပြောင်းလဲခဲ့ပြီး တကယ်ပေးသူကို မဖော်ပြခဲ့ချေ။

"သူက ဘာလို့ အဲ့ဒါမျိုးကို ပြင်ဆင်ခဲ့တာလဲ"

"ဘာလို့ဆို လေဒီက ဒီလိုဒီဇိုင်းမျိုးကိုကြိုက်တဲ့ပုံရလို့လေ။အဲ့ဒါက မကောင်းလို့လား"

မကောင်းတာတော့ မဟုတ်ပေ။အဲ့ဒါကို သေချာစိတ်နှစ်ပြီး စေ့စေ့စပ်စပ် ဖန်တီးထားပုံရသည်။ ပန်းပွင့်ပုံသဏ္ဍာန်ရှိအောင် ပုံဖော်ထားသောကျောက်မျက်ရတနာများကပင် အရမ်းစျေးကြီးလှသည်။

လက်ဆောင်မှာ နမူနာနှင့် ယှဉ်လျှင် အနည်းငယ် လွန်ကဲနေပုံရတာကြောင့် သူမ အန်းသန့်စ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သောအခါတွင် သူက မငြင်းပယ်ရန် တောင်းဆိုနေသော မျက်လုံးဖြင့် ပြန်ကြည့်လာခဲ့သည်။

၎င်းက သူမကို လက်ခံချင်လာစေခဲ့သည်။သူမ သူ့ကို အချိန်အတော်ကြာအောင် သိကျွမ်းခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

"ဒါပေါ့ ဘာလို့မကောင်းရမှာလဲ။ အဲဒါက အရမ်းလှတယ်။ အရွယ်အစားကလည်း အကိုက်ပဲဆိုတော့ နေ့တိုင်းတောင် ဝတ်လို့ရတယ်"

သူမသည် ညဈေးမှာတုန်းက ဝယ်ခဲ့သော လက်စွပ်၏ ဒီဇိုင်းကို သဘောကျသော်လည်း အဲ့ဒါက ပုံမှန်ဝတ်ဖို့ရန် အဆင်မပြေနေချေ။ယခုအခါ ထိုလက်စွပ်အစား ဒီဟာကို ဝတ်လို့ရပြီဖြစ်သည်။

"မင်း ကြိုက်မယ်ဆိုတာ ကိုယ်သိသားပဲ။ကိုယ် မင်းကို ဝတ်ပေးပါရစေ"

"အမ်။အဲ့ဒါက တကယ်လုပ်ဖို့ လိုလို့လား"

လက်ထပ်လက်စွပ်မှ မဟုတ်တာ သူက ဘာလို့ သူမကို ဝတ်ပေးမှာလဲ။ လူနာက ထူးဆန်းသည်ဟု ထင်လိုက်သော်လည်း အန်းသန့်စ်သည် လက်စွပ်ကို ယူပြီး လူနာ ၏လက်ချောင်းပေါ်သို့ သဘာဝကျကျ ဝတ်ပေးလိုက်သည်။

မဟုတ်သေးပါဘူး တစ်ခုခုတော့ မှားနေသလိုပဲ။အစထဲစ လက်စွပ်ကို ပေးတာက ထူးဆန်းပေမယ့် လက်စွပ်ကို ကိုယ်တိုင်ဝတ်ပေးတာကြီးက ပိုတောင်ထူးဆန်းနေတယ်။

သို့သော် တလက်လက်တောက်ပနေသည့် လက်စွပ်က လူနာ၏လက်ချောင်းပေါ်တွင် အံဝင်ခွင်ကျရှိသွားခဲ့ပြီဖြစ်သည်။

လူနာက ရောထွေးနေသော ခံစားချက်များဖြင့် ၎င်းကို ငုံ့ကြည့်နေစဉ် အန်းသန့်စ်က နူးညံ့စွာ ပြုံးပြီး မှတ်ချက်ပေးလာခဲ့သည်-

"မင်းနဲ့ တကယ်လိုက်တယ်"

သူ ဒီလိုပြောလိုက်တော့ ဒီထူးဆန်းနေတဲ့ အခြေအနေကြီးက ဘယ်နားထူးဆန်းနေတာလဲဆိုတာ ရှာလို့မရတော့ဘူးလေ။

မည်သို့ပင်ဆိုစေကာမူ လူနာသည် လက်စွပ်ကို ဝတ်ဆင်ထားပြီးသားဖြစ်တာကြောင့် သူ့စေတနာကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။

"အမှန်ပဲ။ကျွန်မအထင် ဂျီဝဲလ်လို့ ခေါ်တဲ့ လူကို ကျေးဇူးတင်ရမှာပဲ"

တကယ်တမ်းတွင် အန်းသန့်စ်သည် အမှန်တရားကို ဖုံးကွယ်ထားခဲ့တာကြောင့် ချီးကျူးမှုအားလုံးတို့က ဂျီဝဲလ်ဆီရောက်သွားခဲ့သည်။အန်းသန့်စ်က ၎င်းနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်သွားတာကြောင့် ဖြစ်နိုင်သည် သူက မလိုအပ်ဘဲ အပို စာကြောင်းကို ထပ်ဖြည့်ပြောလာခဲ့သည်။

"ကိုယ်က သူ့ကို ဟိုဟိုဒီဒီ အကြံပေးခဲ့ရတာလေ ကိုယ့်ကို ပိုကျေးဇူးတင်သင့်တာပေါ့"

"ဒါပေမယ့် နောက်ဆုံးကျ အဲ့ဒါက သူပေးခဲ့တာလေ"

"ကိုယ်သာ အကြံမပေးရင် သူစဉ်းစားလို့တောင် ရမှာမဟုတ်ဘူး"

"အင်း...သူက ဒီလောက်တောင်တော်ပြီး စေ့စေ့စပ်စပ် ဖန်တီးနိုင်တာ ရှင့် အကြံမပါရင်တောင်မှ လက်ဆောင်လှလှလေးတစ်ခု ဖန်တီးနိုင်မှာသေချာတယ်"

"…"

အန်းသန့်စ်သည် ထိုအတိုင်းအတာအထိ ‌ရောက်သွားသောကြောင့် ပါးစပ်ကို ပိတ်သွားခဲ့တော့သည်။ ကံမကောင်းစွာပင် တကယ့်လက်ဆောင်ပေးသူက သူမြှုပ်နှံခဲ့တာကို ပြန်မရနိုင်တော့ပုံရသည်။

ထိုအချိန်မှာပဲ...

"… သူများနာမည်ကိုသုံးပြီး ဘာလုပ်နေတာလဲ"

၎င်းကို အဝေးမှ တစ်ချိန်လုံးကြည့်နေခဲ့သော ဂျီဝဲလ်သည် မယုံနိုင်သလိုအမူအရာဖြင့် ပေါ်လာခဲ့သည်။

တစ်ယောက်တည်း အေးအေးချမ်းချမ်းနေပြီး လက်မှုပညာများလုပ်နေသူကို နှောင့်ယှက်မည်ဆိုလည်း ကန့်သတ်ချက်တော့ရှိသေးသည်။

ဂျီဝဲလ်သည် သူမမြင်သင့်သောအရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခေါင်းခါယမ်းကာ အန်းသန့်စ်ကို တစ်စုံတစ်ခုပေးလိုက်သည်။

"ဒါကိုယူလိုက်"

၎င်းက လူနာ ဝတ်ထားသောလက်စွပ်နှင့် တစ်ပုံစံတည်းတူလှသည်။ တစ်ခုတည်းသော ခြားနားချက်မှာ လူနာ၏ လက်စွပ်တွင် ပန်းပွင့်ပုံကျောက်မျက်ကို အရှေ့ဘက်၌ ထွင်းထားပြီး အန်းသန့်စ်၏ လက်စွပ်တွင်တော့ ထိုပန်းပွင့်ပုံကို ဒီတိုင်းအပေါ်မှာပဲထွင်းထားသည်။

ခင်ဗျား အနည်းဆုံးတော့ သေတ္တာလေးဘာလေးထဲထည့်‌ပြီးမှပေးလို့ရမလား။

အန်းသန့်စ်၏ မျက်လုံးများက 'ဘာလို့ အခုအချိန်ကြီး လာပေးရတာလဲ' ဟု ပြောနေသလိုမျိုး စူးရှလာခဲ့သည်။

သို့သော် လူနာက အဲဒါကို မြင်ပြီးပြီဆိုမှတော့ အကြောင်းပြချက်ပေးစရာမရှိတော့ပေ။အန်းသန့်စ်က ပုံမှန်လိုပင် ပြုမူရန် ကြိုးစားလိုက်ပြီး လက်စွပ်ကို ဝတ်ဆင်ကာ စကားပြောလိုက်သည်။

"ကိုယ်က ဒီတိုင်းလက်စွပ်မရှိရင် ဗလာကျင်းနေသလိုမျိုး ခံစားရလို့ သူ့ကို လက်စွပ်လိုတယ်လို့ ပြောလိုက်တာ။အဲ့ဒါကို သူက လေဒီ့ဒီဇိုင်းနဲ့ အတူတူလုပ်လိုက်တယ်ထင်ပါရဲ့"

ဂျီဝဲလ်က 'ငါ အိပ်နေတုန်းများ မိုးကြိုးပစ်ခံခဲ့ရတာလား။မင်း ဘယ်တုန်းက အဲ့လိုအဓိပ္ပာယ်မရှိတဲ့စကားမျိုး ပြောခဲ့လို့လဲ' ဟုမေးနေသကဲ့သို့ မျက်မှောင်ကြုတ်ပြီး အန်းသန့်စ်မျက်နှာကို ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် လေဒီလည်း ဂျီဝဲလ် ဘယ်လောက်ကျွမ်းကျင်လဲဆိုတာ မြင်ပြီးပြီဆိုတော့ အခုပြန်ကြရအောင်လေ။ကိုယ်တကယ် ဗိုက်ဆာနေပြီ"

"ဟင်။ ကျွန်မ အကုန်လုံးကို မကြည့်ရသေးဘူးလေ"

"ကိုယ် နောက်မှ အဲ့ဒါတွေအားလုံးကိုယူလာဖို့ ပြောလိုက်မယ်။အဲ့အခါကျမှ ဖြည်းဖြည်းချင်းကြည့်လို့ရတယ်"

အန်းသန့်စ်သည် ဒီထက်ကြာကြာနေမယ်ဆိုရင် ဂျီဝဲလ်က ဒီထက်အဓိပ္ပာယ်မရှိတာတွေပြောလာလိမ့်မည်ဟုတွေးပြီး လူနာ ဆွဲကာ အမြန်ထွက်သွားရန် ကြိုးစားခဲ့သည်။

"ဘာလို့လဲ။ကျွန်မတို့ အခုပဲတစ်ခါထဲကြည့်ပြီးမှ သွားလို့ မရဘူးလား"

လူနာက အလွန်ယုတ္တိတန်သော ချေပချက်ကို ပေးခဲ့သော်လည်း အန်းသန့်စ်က သူမကို ရထားဆီတွန်းပို့ပြီး သူအခု ဆာလောင်မှုကြောင့် မူးမေ့လဲလုနီးပါးဖြစ်နေပြီဟု သူမအား အလျင်အမြန်ပြောခဲ့လိုက်သည်။

"မဟုတ်ဘူး! ခဏလေး သခင်လေးအန်းသန့်စ်!"

လူနာဆီ ယခုမှ လက်မှုပစ္စည်းမျိုးစုံ သေတ္တာဖြင့် လာခဲ့သော ဂျီဝဲလ်သည်လည်း အန်းသန့်စ်ကို တားရန် ကြိုးစားခဲ့သည်။သို့သော်လည်း...

"…!?"

လူနာအ အလျင်အမြန်ဆွဲထုတ်နေသော အန်းသန့်စ်က ဂျီဝဲလ်ကို ရုတ်တရက် လှည့်ကြည့်လာပြီး သေမင်းတမန်ကဲ့သို့ အကြည့်ကို ပေးခဲ့သည်။

၎င်းသည် 'ခင်ဗျား ပါးစပ်ထပ်ဖွင့်ပြီး အခြေအနေကိုရှုပ်ထွေးအောင်လုပ်လို့ကတော့ ခင်ဗျားဘယ်လောက်ပဲကျွမ်းကျင်နေနေ ဒီတိုင်းလွယ်လွယ်ထားမှာမဟုတ်ဘူး'ဟုပြောနေသလိုထင်ရ၏။

'မဟုတ်သေးပါဘူး ငါ ဘာလုပ်မိလို့လဲ...'

သူပြောခဲ့သလို လက်စွပ်လုပ်ပေးခဲ့တာတောင် ဘာလို့ စကားထပ်ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေရတာလဲ။ပြီးတော့ ဒီအထီးကျန်ဆန်တဲ့ လူလတ်ပိုင်း ရှေ့ကိုလာပြီး ချစ်ပြသွားသေးတယ်။ 

"လောကကြီးက အရမ်းညစ်ပတ်တာပဲ.."

အန်းသန့်စ်က လူနာကို စားသောက်ဆိုင်ကောင်းခေါ်သွားပေးမယ်ဟုပြောပြီး ပျောက်ကွယ်သွားချိန်တွင် ဒီတိုင်းကျန်ခဲ့ရသော ဂျီဝဲလ်က ဒေါသထွက်ထွက်ဖြင့် သက်ပြင်းချလိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်တော့သည်။

TK Team (Chapter 102)