ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 105
"မဟုတ်သေးပါဘူး။ မီးဖိုချောင်ထဲမှာ သခင်လေးမဟုတ်ဘဲ တခြားတစ်ယောက်ရှိသေးတာလား။အဲ့ဒါက အရမ်းကောင်းကောင်းလုပ်ထားတာပဲ..."
၎င်းက စကားသက်သက်မဟုတ်ဘဲ တကယ်ကို အသေးစိတ်လုပ်ထားတာဖြစ်သည်။
မဟုတ်သေးပါဘူး ဘာလို့ မားကွစ်မိသားစုရဲ့ သားအကြီးဆုံးက ဒီလောက် ဟင်းချက်တော်နေရတာလဲ။အမြင်နဲ့တင် ဟင်းပွဲက လှတယ်ဆိုပေမယ့် ဟင်းပွဲကို အလှဆင်ထားတာကလည်း အရမ်းကောင်းလွန်းတယ်။
ပေါင်မုန့်အဖုံးက အရေးကြီးတယ်လို့ပြောကြသည်။သပ်ရပ်စွာပိုင်းထားသော ပေါင်မုန့်အဖုံးကို ပါစတာဖြည့်ထားသော ပေါင်မုန့်ဘေးတွင် ထောင့်ဖြတ်ချထားပြီး ဘေးဘက်တွင် လတ်ဆက်စေရန် အရွက်သုတ်အနည်းငယ်ရှိသည်။
ထို့အပြင် နေရာချထားမှုမှာ ဟင်းပွဲပုံစံကို မပျက်စီးစေရန်အတွက် အရာအားလုံးကို မှန်ကန်သောအကွာအဝေး၌ ထားထားတာကြောင့် ၎င်းကို ချက်ပြုတ်ခြင်းနှင့် မရင်းနှီးသူတစ်ဦး လုပ်ထားတာလို့ မြင်ဖို့ရာ ခက်ခဲလှသည်။
"မင်း ချီးကျူးမှုအတွက် ကျေးဇူးပါ။ကြိုးစားရတာ တန်တယ်လို့ ခံစားရတယ်"
ဘယ်သူက ဒါကို မချီးမွှမ်းဘဲနေနိုင်မှာလဲ။
အန်းသန့်စ်က သူမကို ကုလားထိုင်ပေးလာသည်နှင်ြ လူနာသည် အံ့အားသင့်စွာ ထိုင်လိုက်ပြီး ပန် ကိုမြည်းစမ်းဖို့လုပ်လိုက်သည်။
"…!"
အိုး ဒီအရသာက...!
လူနာ မြည်းစမ်းလိုက်သည်နှင့် အံ့သြမှုဖြင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အမ်မာနှင့်ပင် ယှဉ်လို့ရလောက်အောင် ကောင်းနေသည်။သူက သူ့ဘွဲ့ကိုစွန့်လွှတ်ပြီး စားသောက်ဆိုင်ဖွင့်လို့ရသည်အထိ တော်နေခဲ့သည်။
"ရှင် ကျွန်မအိမ်မှာ လက်ထောက်စားဖိုမှူးလုပ်ချင်လား"
လူနာသည် အန်းသန့်စ်၏ အရည်အချင်းကို မြင်သည်နှင့် သူ့ကို ခေါ်ယူဖို့ အလေးအနက် ကြိုးစားခဲ့သည်။သူက သူမ သေချာပေါက် စိတ်ချလက်ချအလုပ်ခန့်နိုင်မည့် လူဖြစ်သည်။
"ကိုယ်က လက်ထောက်စားဖိုမှူးလုပ်ရမှာလား"
"ရှင် ခေါင်းစားဖိုမှူးရာထူးကို ရည်မှန်းထားရင်တော့ မဖြစ်နိုငါဘူး။ကျွန်မတို့မှာ အမ်မာ ရှိတယ်လေ မှတ်မိတယ်ဟုတ်"
အဲ့လိုမဟုတ်ဘဲ သူမ ဒီတိုင်း ရိုးရိုးရှင်းရှင်း သူ့ကို ချက်ခိုင်းလို့ရပေသည်။သို့သော် သူ၏ အရိပ်အမြွက်က သူမနားလည်နိုင်ဖို့များလွန်းနေပုံရသည်။
တကယ်တမ်းတွင် သူမ နားလည်နိုင်မည်ဆိုပါက သူမက လူနာ ဖြစ်နေမှာမဟုတ်ချေ။သူမသည် ဖယ်ဆန်၏ ခံစားချက်အစစ်အမှန်များကို အချိန်အတော်ကြာအထိ နားလည်နိုင်ခြင်း မရှိခဲ့တာကြောင့် သူ ထိုသို့သွယ်ဝိုက်ပြောဆိုတာမျိုးကို ရပ်လိုက်သင့်သည်။
"ကောင်းပြီ ကိုယ် လက်ထောက်စားဖိုမှူးရာထူးကို လက်ခံလိုက်မယ်။မင်း ကိုယ့်က်ု လစာဘယ်လောက်ပေးမှာလဲ"
"အွန်း...ရှင်က လက်ထောက်စားဖိုမှူးဆိုတော့ ကျွန်မ ရှင့်ကို အမ်မာရတာထက် နည်းနည်းလျော့ပြီး ပေးသင့်တယ်လို့ ထင်တယ်"
"ဟမ်းး... ဒါဆိုရင်တော့ ကိုယ် ပြန်စဉ်းစားရအုံးမယ်။ကိုယ် အခုလုပ်နေတဲ့ အလုပ်ကအမြတ်ကြီးကြီးရတယ်လေ"
"ဒါဆို ရှင့်ဂိုဏ်း အဆင်မပြေတော့မှ လာခဲ့ရင်ရော ဘယ်လိုလဲ။ဒါပေမယ့် ခေါင်းစားဖိုမှူးထက်တော့ ပိုပေးလို့မရဘူး"
"အဲ့လိုပဲ လုပ်ကြတာပေါ့။ကိုယ်တို့ ကတိလုပ်ပြီးသားဆိုတော့ နောက်ကျမှ ငြင်းလို့မရဘူးနော်။ကိုယ်က တစ်နည်းနည်းနဲ့ မင်းဆီအလုပ်လာလျှောက်မှာ။အိုး..ပြီးတော့ မင်းစားချင်တဲ့အချိန်တိုင်း ပြောလို့ရတယ် ကိုယ် မင်းအတွက် ချက်ပေးမယ်"
"...တကယ်လား"
ဒါဆို ကျွန်မ မနက်ဖြန်၊ နောက်နေ့၊ နောက်နေ့တွေလည်း တောင်းဆိုလို့ရမလား။
လူနာ၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် တစ်လက်လက် တောက်ပလာခဲ့တော့သည်။
သူမမှာ အမြီးရှိပါက ပြင်းပြင်းထန်ထန် လှုပ်နေမှာဖြစ်သည်။
လူနာ၏ စံအိမ်သို့ လာလည်ရန် အကြောင်းပြချက်ရသွားသော အန်းသန့်စ်သည် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"မင်း တစ်ခုခု စားချင်တာရှိရင် ကိုယ်ကိုသာ ပြောလိုက်"
"ဒါဆို နောက်တစ်ခါကျ နောက်တစ်မျိုးချက်ပေးလို့ရလား။အဲ့ဒါက နည်းနည်းတော့ မရင်းနှီးလောက်ပေမယ့် ရှင် လုပ်နိုင်မယ်ဆိုတာ ယုံတယ်"
လူနာသည် အန်းသန့်စ်ထံမှ သူအကျွမ်းတဝင်မရှိသော်လည်း ကောင်းမွန်စွာ ပြုလုပ်နိုင်သော ပန် ကိုမြည်းစမ်းပြီး အမျိုးမျိုးသောဟင်းလျာများကို ပျော်ရွှင်စွာစတင်ဖော်ပြခဲ့တော့သည်။
အန်းသန့်စ်သည် စားဖိုမှူးအဖြစ် ဆက်ဆံခံနေရသော်လည်း စိတ်၀င်မစားပေ။ လူများကိုဖြစ်ဖြစ် တိရိစ္ဆာန်များကိုဖြစ်ဖြစ် အစာဖြင့် ထိန်းကျောင်းခြင်းက အမြဲတမ်း အထိရောက်ဆုံးဖြစ်သည်။
ထိုနည်းဖြင့် အဆင်မပြေသော လေထုက ပျောက်ကွယ်သွားပြီး အစားအစာကို အတူတကွ စားခဲ့ကြသည်။
"ဒီနေ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
လူနာသည် အစားအစာကို ပြင်ဆင်ပေးရုံသာမက သူမ အိမ်ကိုပါ လိုက်ပို့ပေးခဲ့သည့် အန်းသန့်စ်အား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့လိုက်သည်။
သူမမှာ မေးခွန်းအချို့ရှိခဲ့သော်လည်း အန်းသန့်စ်ထံမှ နည်းလမ်းမျိုးစုံဖြင့် အကူအညီများရယူခဲ့တာကြောင် ကျေးဇူးတင်ကြောင်းကို ပြောသင့်သည်။
၎င်းအပေါ် လူနာအား ရထားပေါ်မှာ အလွယ်တကူ ဆင်းနိုင်အောင် လုပ်ပေးနေသည့် အန်းသန့်စ်က နူးညံ့သော အပြုံးနှင့် ပြန်ပြောခဲ့လိုက်သည်။
"ကိစ္စမရှိပါဘူး"
"ဒါဆို ဂရုစိုက်ပြီး ပြန်နော်။ ကောင်းသောညပါ"
လူနာသည် နှစ်ယောက်လုံးအတွက် ပင်ပန်းခဲ့သော နေ့ပြီးနောက်တွင် အန်းသန့်စ်၏ လက်ထဲမှ သူမလက်ကို ဆွဲထုတ်ဖို့ ကြိုးစားရင်း သူ့ကို နောက်ဆုံးနှုတ်ဆက်ခဲ့လိုက်သည်။
"ကောင်းသောညလေးဖြစ်ပါစေ လူနာ"
အန်းသန့်စ်သည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လူနာ၏လက်ဖမိုးကို ညင်သာစွာ နမ်းလိုက်သည်။
"…?!"
ရုတ်တရက်ကြီးလား!
လူနာက ထိပ်လန့်သွားခဲ့သော်လည်း အန်းသန့်စ်င တည်ငြိမ်သောမျက်နှာဖြင့် တုံ့ပြန်ခဲ့၏။
"ဒါက နှုတ်ဆက်တဲ့အမူအရာလေ။ လူတိုင်းလုပ်ကြတယ်။အဲ့ဒါကြောင့် မင်း မအံ့သြသင့်ဘူး။မဟုတ်မှ မင်း ကိုယ့်ကို အဲ့လောက်တောင် မုန်းနေတာလား"
ဒါပေါ့ ဒီလိုနှုတ်ဆက်မှုမျိုးက မရင်းနှီးသော သူစိမ်းများကြား လုပ်မည့်နှုတ်ဆက်မှုမျိုးတော့မဟုတ်ပေ။သို့သော် သူ အခု ထိုသို့စလုပ်သင့်ပြီဟု တွေးခဲ့သည်။
မဟုတ်ပါက အရိပ်အမြွက်က ဥက္ကာပျံလို ပျံသန်းသွားရင်တောင် သတိမထားမိနိုင်သည့် လူနာအတွက် သူ့ခံစားချက်များကို နားလည်ဖို့ အနှစ်ငါးဆယ်လောက် အချိန်ယူရလိမ့်မယ်။
ကံကောင်းစွာဖြင့် 'လူတိုင်းလုပ်ကြသည်'ဟူသော နည်းဗျူဟာက အလုပ်ဖြစ်ပုံရသည်။
လူနာသည် နှုတ်ခွန်းဆက်စကားအဖြစ် လက်ကိုနမ်းလေ့ရှိသော မျိုးရိုးမြင့်များကို ပြန်သတိရသွားပြီး ပါးပြင်များ နီရဲတက်လာကာ ကို့ရို့ကားယားအမူအရာဖြစ်သွားခဲ့သည်။
"အဲ့..အဲ့လိုမဟုတ်ပါဘူး… ကျွန်မတို့ အရင်က ဒီဘိုမျိုး မလုပ်ဖူးလို့ ဒီတိုင်း ခဏလောက် အံ့သြသွားလို့"
"ဒါဆို ကိုယ် ဒါကို အခုကစပြီး မကြာခဏလုပ်မှာမို့လို့ သိပ်ပြီး မအံ့သြနဲ့တော့"
သူ ဘာလို့ဒီလိုစကားမျိုး ထပ်ပြောပြန်တာလဲ။
လူနာ ကန့်ကွက်ဖို့ ကြိုးစားလိုက်သော်လည်း သူမ မလုပ်နိုင်ခင်မှာတင် အန်းသန့်စ်သည် ရထားပေါ်သို့ အမြန်တက်သွားခဲ့တော့သည်။
သူက တောက်ပစွာပြုံးပြီး ပြတင်းပေါက်ကနေ တည်ငြိမ်စွာ လက်ဝှေ့ယမ်းပြလာသောကြောင့် လူနာ ဘာမှဆက်မပြောနိုင်ခဲ့တော့ပေ။
"… ဂရုစိုက်ပါ"
နောက်ဆုံးတွင် လူနာသည် သူမက အရေးမပါသော အဖြစ်အပျက်များကို လွန်လွန်ကဲကဲ အထိမခံစဉ်းစားနေတာလားဟု တွေးလိုက်ပြီး စံအိမ်အတွင်းသို့ မဝင်မှီ အန်းသန့်စ်ကို လက်ပြန်ဝှေ့ယမ်းပြခဲ့လိုက်သည်။
လော်ရာက သူမကို တွေ့သွားပြီး ဒီနေ့ ပျော်စရာကောင်းတဲ့ဒိတ်လေး လုပ်လာခဲ့တာလားဟု မေးခဲ့သည်။လူနာက စိတ်ရှုပ်သွားပြီး ဝှေ့ယမ်းနေသော လက်ကို သူမ၏ နီမြန်းနေသော ပါးပြင်ပေါ်တင်၍ ဖုံးကွယ်လိုက်ကာ စံအိမ်အတွင်းသို့ လျင်မြန်စွာ ပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။
၎င်းကိုကြည့်ရင်း အန်းသန့်စ်သည် မကူညီနိုင်ဘဲ တိုးညှင်းစွာရယ်မောလိုက်မိတော့သည်။
* * *
လက်ဝတ်ရတနာဆိုင်ဖွင့်မည့်ရက်က သိပ်မလိုတော့သောကြောင့် လူနာသည် ဂျီဝဲလ်ကိုဖိတ်ခေါ်ရန် အလျင်အမြန်စီစဉ်ခဲ့သည်။
ဒါပေါ့ ဒီတစ်ခါတော့ တွေ့ပြီး အနုပညာလက်ရာကို ကြည့်ဖို့ပဲ မဟုတ်ချေ။ သူမ ပရိုမိုးရှင်း လုပ်ဖို့ပင်ဖြစ်သည်။
"လေဒီ လူနာ!"
"မတွေ့ရတာကြာပြီ။ငါတို့ကို ဖိတ်ပေးလို့ ကျေးဇူးပါ"
"ငါ ဆေးရုံအကြောင်း ကြားလိုက်တယ်။ နင် ဒီရက်ထဲ အရမ်းအလုပ်ရှုပ်နေမှာပဲ"
ရို့စ်မယ်ရီပါဝင်သော မိန်းမပျိုလေးအဖွဲ့ရောက်လာခဲ့ကြတာဖြစ်သည်။
လူနာသည် သူမ၏လက်အား ဆုပ်ကိုင်ထားပြီး အရမ်းလွမ်းတာပဲဟုပြောနေသော ရို့စ်မယ်ရီကို မျက်လုံးများဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။လူနာသည် သူမကျေးဇူးကြောင့်သာ အဖွဲ့ထဲမှ အမျိုးသမီးများကို ဖိတ်ကြားနိုင်ခဲ့တာဖြစ်သည်။
"နင်တို့ အဝေးကြီး လာရတာ ပင်ပန်းနေမှာပဲ။ငါတို့ လက်ဖက်ရည်သောက်ပြီး ဖြည်းဖြည်းချင်း စကားပြောကြရအောင်"
လူနာသည် ဂျီဝဲလ် မရောက်သေးသောကြောင့် အမျိုးသမီးများကို အပြင်ရှုမျှော်ခန်းဆီသို့ ခေါ်သွားခဲ့လိုက်သည်။
သူမ ဂျီဝဲလ်ကို ကြိုတင်ခေါ်ထားလို့ရသော်လည်း ထိုသို့ပြုလုပ်ခြင်းက သူမ၏ ရည်ရွယ်ချက်ကို တအားသိသာသွားစေလိမ့်မည်။
လူနာ အပါအဝင် အမျိုးသမီးငါးယောက်တို့သည် လေညှင်းသယ်ဆောင်လာသော နှင်းဆီရနံ့ကိုရှုရှိုက်ရင်း လန်းဆန်းမှုကို ဖြည်းညှင်းစွာ ခံစားခဲ့ကြသည်။ သူတို့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး အမ်မာ ကြိုးစားလုပ်ထားသော ကွတ်ကီးများကို စားနေစဉ် ဂျီဝဲလ်က အချိန်ကိုက်ရောက်လာခဲ့သည်။
"အာ တကယ်တော့ ငါ ဒီနေ့မွန်းလွဲပိုင်းမှာ လက်ဝတ်ရတနာဆိုင်အတွက် လက်မှုပညာရှင် တစ်ယောက်နဲ့ ချိန်းထားတာ။ဒါပေမယ့် သူ အချိန်မှားသွားတယ်ထင်တယ် အစောကြီးရောက်လာတာပဲ"
လူနာက ဒုက္ခရောက်နေဟန်ဖြင့် မိန်းမပျိုလေးများကို နားလည်ပေးဖို့ တောင်းဆိုခဲ့ချိန်တွင် အခြေအနေကို ကြိုသိပြီးဖြစ်သော ရို့စ်မယ်ရီက သူမပြင်ဆင်ထားသည့် စာကြောင်းကို အမြန်ပြောလိုက်သည်။
"လက်မှုပညာရှင်လား။နင် မြို့လယ်က အဝတ်ဆိုင် မျက်နှာချင်းဆိုင်မှာ ဆောက်နေတဲ့ လက်ဝတ်ရတနာဆိုင်အတွက်မလား။သူက နင် အသစ်ရှာတွေ့ခဲ့တဲ့ စိန်တွင်းက အရည်အသွေးမြင့်တဲ့ စိန်တွေကို ကိုင်တွယ်မှာလား"
ဒီထက် အသေးစိတ်ကျတာ မရှိနိုင်ပေ။သူမက ကောင်းကောင်းပြင်ဆင်ထားပုံရပြီး 'လက်ဝတ်ရတနာဆိုင်' နှင့် 'အသစ်တွေ့တဲ့ စိန်တွင်း' ဟူသော စကားလုံးများက မိန်းမပျိုများ၏ အာရုံကို အောင်မြင်စွာ ရရှိသွားခဲ့သည်။သူတို့က လူနာကို မျက်လုံးများပြူးကျယ်ကာ မေးလာခဲ့ကြသည်။
"တကယ်လား။အဝတ်အစားဆိုင်ရဲ့ မျက်နှာချင်းဆိုင်က အဆောက်အအုံကျယ်ကြီးက လေဒီလူနာရဲ့ လက်ဝတ်ရတနာဆိုင်လား"
"နင် နောက်မိုင်းတစ်တွင်းကို ရှာတွေ့ခဲ့တာလား။နင် တကယ်ကြီး စိန်တွင်းကို တွေ့ခဲ့တာလား!"
"အိုး ဟုတ်တယ်။အဲ့လို ဖြစ်ခဲ့တယ်။ငါ အစက အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ နင်တို့ကို စုပြီးဖိတ်ဖို့စီစဉ်ထားပေမယ့် ကြည့်ရတာ ငါတော့ စောစောစီးစီးဖမ်းမိသွားပုံပဲ။ငါ ဒီနေ့တော့ နမူနာတွေပဲ တောင်းထားတာ။နောက်တစ်ကြိမ်ကျ ငါ တရားဝင်ပြမယ်"
လူနာက ရှက်ရဲရဲဖြင့် ပြန်ဖြေချိန်တွင် မိန်းမပျိုလေးများက လူနာအား သူမဘာကိုဆိုလိုတာလဲဟုမေးခဲ့ကြသည်။
"အို ဘုရားသခင် ဒါက ဘယ်လိုတောင်ဖြစ်နိုင်ရတာလဲ။ကြည့်ရတာ ဘုရားသခင်က နင့်ကို တကယ်ကောင်းချီးပေးနေတဲ့ပုံပဲ လေဒီ လူနာ...!"
"ငါတို့ရော အတူတူကြည့်လို့မရဘူးလားဟင်"
"အမှန်ပဲ ဘယ်လိုဖြစ်ဖြစ် နင် ငါတို့ကို မကြာခင် ပြတော့မှာပဲဟာ အခုထဲစ အတူတူကြည့်ကြမယ်လေ"
လူနာသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွေးချယ်စရာမရှိသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ။ဒါပေမယ့် ငါ ဒီနေ့ နမူနာတွေပဲ တောင်းထားတာ။အဲ့တော့ မျှော်လင့်ထားသလို မဖြစ်ရင်တောင် ဘာမှပြောကြနဲ့နော် အိုခေ"
"သေချာတာပေါ့!"
မိန်းမပျိုလေးများက လူနာကို တိုက်တွန်းလာခဲ့တာကြောင့် သူမလည်း ဂျီဝဲလ်ကို ၀င်ခွင့်ပြုရန် အစေခံကို ညွှန်ကြားခဲ့လိုက်သည်။
"အို…မတွေ့ရတာကြာပြီ။ ကျွန်တော့် နာမည်က ဂျီ-ဂျီဝဲလ်ပါ"
လူနာ နှင့်သာ တွေ့ဆုံရမည်ဟု ထင်ထားခဲ့သော ဂျီဝဲလ်သည် မျိုးရိုးမြင့် အမျိုးသမီးငါးဦး၏ တောက်ပလင်းလက်နေသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး နဖူးမှ ချွေးများကို သုတ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"သူက အရမ်းကျွမ်းကျင်တဲ့ လက်သမားတစ်ယောက်လေ"
လူနာက သူ့ကို တောက်ပသော အပြုံးဖြင့် မိတ်ဆက်ပေးခဲ့ပြီး မိန်းမပျိုလေးများသည် မဆိုင်းမတွပင် ဂျီဝဲလ်ကို မျှော်လင့်ချက်ရှိသော မျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်။
ဂျီဝဲလ်သည် အဝတ်အစား ဒီထက်ပိုကောင်းအောင် မဝတ်ခဲ့မိလို့ နောင်တရနေပြီး သူ့အိတ်ကြီးကိုဖွင့်ကာ သူ့လက်ရာများကို ပြသလိုက်သည်။
"ဒီမှာ လေဒီလူနာ ပြောခဲ့တဲ့ လည်ဆွဲနဲ့ လက်ဝတ်တန်ဆာအစုံလိုက်ပါ။လေဒီ ကျွန်တော့်ကို ပေးခဲ့တဲ့ စိန်နဲ့ ရွှေကိုသုံးပြီး ဖန်တီးခဲ့တာပါ"
တကယ်တမ်းတွင် သူ ဒီနေ့ယူလာသောအရာများမှာ နမူနာပဲ မဟုတ်ချေ။၎င်းတို့မှာ ဖွင့်ပွဲအခမ်းအနား၌ လူနာ ခမ်းနားစွာ ထုတ်ပြမည့် လက်ဝတ်ရတနာများသာဖြစ်သည်။
မိန်းမပျိုလေးများသည် ဂျီဝဲလ် စိတ်ရောကိုယ်ပါနှစ်၍ ဖန်တီးခဲ့သော လက်ဝတ်ရတနာများကြောင့် အံ့ဩဖန်တီးခဲ့သောသွားခဲ့ကြသည်။
ဒီလောက်လှပတဲ့ လက်ရာက ဒီကမ္ဘာပေါ်မှာ ထပ်ရှိနိုင်အုံးပါ့မလား။
ဒါတွေအားလုံးက လူနာ၏ မိုင်းတွင်းများမှ လာတာဖြစ်သောကြောင့် သူတို့အားလုံးသည် မကူညီနိုင်ဘဲ အံ့အားသင့်သွားခဲ့သည်။
မိန်းမပျိုလေးတစ်ဦးက လူနာ၏လက်စွပ်ကို ရုတ်တရက်စိတ်ဝင်စားသွားခဲ့သည်။
"အဲ့လက်စွပ်ကရော ဂျီဝဲလ် လုပ်ခဲ့တာလား။နူးညံ့သိမ်မွေ့တဲ့ လက်ရာကို ကြည့်ရတာ အတူတူပဲလို့ခံစားရတယ်"
သဘာဝအတိုင်းပင် လူတိုင်း၏ မျက်လုံးများက လူနာ၏လက်ကို စိုက်ကြည့်လာခဲ့ကြသည်။
လူနာသည် ထိုလက်စွပ်က ဘယ်အဝတ်အစားနဲ့မဆို ကောင်းကောင်းလိုက်ဖက်ပြီး သက်တောင့်သက်သာရှိသောကြောင့် ဆက်ဝတ်ထားသော်လည်း မိန်းမပျိုလေးများ၏ မျက်လုံးတွေကို မလှည့်စားနိုင်ခဲ့ပုံရသည်။
"အိုး ဟုတ်တယ်။အမှန်ပဲ။ဒါပေမယ့် ငါ အဲ့ဒါကို အထူးတောင်းဆိုခဲ့တာမဟုတ်ဘူး။ လက်ဆောင်အနေနဲ့ရခဲ့တာ"
သူမ ထိုရှင်းပြချက်ကို ထည့်လိုက်ချိန်တွက် ရို့စ်မယ်ရီက မျက်လုံးပြူးသွားပြီး မေးလာခဲ့သည်-
"လက်မှုပညာရှင်က နင့်ကို လက်ဆောင်ပေးခဲ့တာလား"
မဟုတ်ဘူး မမျှော်လင့်ထားတဲ့ ခန့်မှန်းချက်က ဘာလို့ ပေါ်လာခဲ့တာတုန်း။
လူနာသည် ရို့စ်မယ်ရီက လုံးဝ နားလည်မှုလွဲသွားပုံရတာကြောင့် သူမကို အမြန်အမှန်ပြင်ပေးလိုက်သည်-
"မဟုတ်ဘူး၊ မဟုတ်တာ။သခင်လေးအန်းသန့်စ်က ငါ့ကို လက်ဆောင်အဖြစ်ပေးခဲ့တာ။ဒီတိုင်း ရိုးရိုးရှင်းရှင်းလေး"
ကံမကောင်းစွာပင် ထိုအဖြေက နားလည်မှုလွဲမှားခြင်းကို ဖြစ်စေခဲ့သည်။
"...သူက နင်ကို လက်စွပ်လက်ဆောင် ပေးခဲ့တာလား"
"အာ ဟုတ်တယ်။ငါတော့ နမူနာတစ်ခုလိုပဲ ခံစားရတယ်။”
သူငယ်ချင်းလေးတို့ ထူးထူးဆန်းဆန်းမလုပ်ကြပါနဲ့။ အန်းသန့်စ်က ဒါကို သူငယ်ချင်းဆက်ဆံရေး လက်စွပ်လို့ ပြောခဲ့တာ။
"နင် ပရိုပို့စ် လုပ်ခံထားရတာလား"
"ဟမ်?!"
လူနာသည် မထင်မှတ်ထားသော စကားကြောင့် မကူညီနိုင်ဘဲ အံ့အားသင့်စွာ အော်လိုက်မိသည်။
ပရိုပိုစ့်ဟုတ်လား။ ရုတ်တရက်ကြ ဘယ်ကထွက်လာတာလဲ။
"မဟုတ်ဘူး! ဒီတိုင်း လက်ဆောင်လေးတစ်ခုပဲ။ဒီဇိုင်းက အရမ်းလှလို့ သခင်လေးအန်းသန့်စ်က လုပ်ခိုင်းခဲ့တာ။သူ့မှာတောင် တစ်ကွင်းရှိသေးတယ်"
ထို့ကြောင့် လူနာသည် လက်စွပ်လှလှလေးကြောင့်ဟု အကြောင်းပြချက်ပေးလိုက်ချိန်တွင် မိန်းမပျိုလေးများက ဆွံ့အသွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရို့စ်မယ်ရီ၏ မျက်နှာက မှုန်လဲတော့မလိုမျိုး ဖြူစြူစုတ်စုတ် ဖြစ်လာခဲ့သည်။
"....နင် အဲ့အကြောင်းကို ထုတ်မပြသေးချင်လို့ ဒီလိုပြောနေတာမလား"
TK Team (Chapter 105)