Chapter 108
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး chapter 108


"နင် အခု ငါနဲ့ မလိုက်ဘူးဆိုရင် နင့်တစ်သက်လုံး နောင်တရသွားရလိမ့်မှာနော်"

ရို့စ်မယ်ရီက အန်းသန့်စ်ကို သူမစကား နားထောင်ရန် တောင်းဆိုသကဲ့သို့ သူ့နံဘေးကို လက်ညှိုးဖြင့်ထိုးပြီး တိုးတိုးလေးပြောခဲ့သည်။

ကောင်းကင်ကြီး ပြိုကျနိုင်သည်အထိ အရေးကြီးကိစ္စမရှိလောက်တာကြောင့် အန်းသန့်စ်သည် ရို့စ်မယ်ရီ၏ လက်ကိုတွန်းထုတ်ရန် ကြိုးစားလိုက်ချိန်တွင် သူမက လူနာအား အကြည့်ဖြင့် ညွန်ပြကာ သူမရည်ရွယ်ချက်များကို အရိပ်အမြွက်ပေးလိုက်သည်။

"...ငါရော ဒါကို သဘောကျလို့ လုပ်နေတယ်များ နင်ထင်နေလား။ ငါ နင့်ကိုပြောတယ်နော် နင်မလာရင် နင်တကယ်နောင်တရရလိမ့်မယ်"

အန်းသန့်စ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ အခြားကိစ္စများအပေါ် လျစ်လျူရှုနိုင်သော်လည်း လူနာ နှင့်ပတ်သက်သော မည်သည့်အရာကိုမျှ အလွယ်တကူ မပယ်ချနိုင်ချေ။

ထို့အပြင် ရို့စ်မယ်ရီမှာ ဤ 'စကားဝိုင်း' ကိုမလိုချင်ကြောင်း ရှင်းလင်းနေသော်လည်း သူမ၏ အခိုင်အမာ ရပ်တည်ချက်ကြောင့် အန်းသန့်စ်သည် ယနေ့လူနာနှင့် ပတ်သတ်ပြီး ပုံမှန်မဟုတ်တာ တစ်ခုခု ရှိနေပြီဟု သံသယရှိလာခဲ့သည်။

"ကြည့်ရတာ ကိုယ့်မှာ မိသားစုပြဿနာလေးရှိနေတဲ့ပုံပဲ။ ဒါဆို ကိုယ့်ကို ခဏလောက် ခွင့်ပြုအုံးနော်။ စိတ်ထဲမထားနဲ့ ဆက်စားချည်"

အန်းသန့်စ်သည် ချောင်ပိတ်မိနေသလို ခံစားရပြီး အကြောင်းပြချက်အမြန်ပေးကာ သူ့ထိုင်ခုံမှ ထလိုက်သည်။

"အိုး…! ကောင်းပါပြီ! "

ကံကောင်းထောက်မစွာဖြင့် စောစောကလိုမျိုး ဝိဥာဥ်လွင့်နေသေးပုံရသော လူနာက သူတို့နှစ်ယောက်ကြားရှိ ထူးဆန်းသောလေထုကို သတိမထားမိဘဲ ရိုးရှင်းစွာ ခေါင်းညိတ်ပြလာခဲ့သည်။

၎င်းကိုမြင်တော့ အန်းသန့်စ်သည် ရို့စ်မယ်ရီနှင့် တကယ်စကားပြောဖို့ လိုအပ်နေပြီဟု ခံစားရကာ ထမင်းစားခန်းထဲမှ လေးနက်သော အမူအရာဖြင့် ထွက်လာခဲ့သည်။

"အား..ငါလေ နင် လက်ရှိအခြေအနေကို နားမလည်ဘဲ အေးအေးဆေးဆေး စားဝင်နိုင်နေတာကို မယုံနိုင်ဘူး"

ရို့စ်မယ်ရီက သူ့နောက်သို့ ချက်ချင်းလိုက်လာပြီး သူ့ကို ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးသတ္တဝါအဖြစ် စတင်သရော်တော့သည်။

"ဒါက အဓိကအချက်ဆိုရင် ငါ ပြန်သွားတော့မယ်။မင်း ငါ့အချိန်တွေကို လာဖြုန်းနေတာပဲ"

အန်းသန့်စ်သည် အလွန်ဒေါသထွက်သွားကာ ချက်ချင်းလှည့်ထွက်လိုက်သည်။ဒါပေါ့ သူက တကယ်သွားဖို့တော့ မရည်ရွယ်ထားပေ။သူမကို အဖြစ်မှန်အား အမြန်ပြောပြရန် တိုက်တွန်းခြင်းသာဖြစ်သည်။

ယခုက အန်းသန့်စ်အား အကြိမ်များစွာ ဆူရန် အခွင့်အရေးကောင်းဖြစ်သော်လည်း ရို့စ်မယ်ရီသည် လက်ရှိဖြစ်နေသော ကိစ္စများကို တွေးတောရင်း ဖြစ်ခဲ့သမျှကို သူမဘာသာ စီစစ်ပြီး ပြောခဲ့လိုက်သည်။

"အဲ့ဒါကြောင့် အခုအချိန်က ဒီလိုဖြစ်နေရမယ့်အချိန်မဟုတ်ဘူး သိရဲ့လား! လူနာကို တခြားတစ်ယောက်ယောက်က ကြိုက်နေတဲ့ပုံပဲ။လူနာက နင့်ကို စိုးရိမ်နေတာလား ဘာလားတော့ ငါလည်း သေချာမသိပေမယ့် ကြည့်ရတာ သူမလည်း စိတ်ဝင်စားတဲ့ပုံပဲ!"

လူနာ စိတ်ဝင်စားနေသောလူမှာ အန်းသန့်စ်နှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားသောအဆင့်အတန်းရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ရို့စ်မယ်ရီက ထပ်ထည့်ပြောလိုက်၏။

ထိုလူမှာ အိမ်ရှေ့မင်းသားကလ်လီယွန် ဖြစ်နိုင်သည်ဟု သူမ မှန်းဆမိခဲ့သည်။ အကြောင်းမှာ ကလ်လီယွန်သည် လူနာကို စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး ယခုတွင် သူတို့က စီးပွားရေးပင် အတူလုပ်ဆောင်နေကြသောကြောင့်ဖြစ်သည်။

ဒါပေါ့ အဲ့ဒါက သေချာပေါက် အန်းသန့်စ်ကို သရော်ဖို့ ဖန်တီးထားတဲ့ အရူးဆက်ဆံရေးတစ်ခုပဲဖြစ်နေမှာ။

"...လူနာက သူ့ခံစားချက်တွေကို စမ်းသပ်ဖို့ စာတစ်စောင်ပို့ခဲ့တာလား"

"လူနာ ပို့လားမပို့လားတော့ ငါလည်း မသိဘူး။ဒါပေမယ့် ငါတို့ မနေ့က အဲဒါကို အကြံကောင်းပဲလို့ ပြောခဲ့တယ်။အဲ့ဒါကြောင့် ငါ ဒီနေ့ သိချင်လို့ အစောကြီးလာခဲ့လိုက်တာ။ပြီးတော့ နင်၊ နင်ကတော့ ဘာမှမသိဘဲနဲ့ အေးအေးဆေးဆေး စားနေသောက်နေနိုင်သေးလို့ ငါ နင့်ကို အပြင်ခေါ်ထုတ်လာရတာပဲ"

အန်းသန့်စ်သည် အဓိပ္ပာယ်မရှိသော အစားအစာများအား ချက်ပြုတ်ပေးရန် တောင်းဆိုထားသည့် တောင်းဆိုချက်နှင့်အတူ သူ ရရှိခဲ့သောစာကို သတိရမိသွားပြီး ထိုစာက ရို့စ်မယ်ရီပြောနေသည့် စာများလားဟု တွေးလိုက်မိသည်။

"နင်ပဲစဉ်းစားကြည့် တကယ်လို့ လူနာက စိတ်မဝင်စားဘူးဆိုရင် ခံစားချက်တွေကို ဘာလို့စမ်းသပ်နေမှာလဲ။သေချာတာကတော့ လူနာမှာလည်း ခံစားချက်ရှိနေတာပဲနေမှာ။သူမက အဲ့စာကို ခံစားချက် အစစ်ဟုတ် မဟုတ် စစ်ဆေးဖို့ ပို့တာ"

ရို့စ်မယ်ရီသည် ထိုလူကို မသိသော်လည်း အလွန်ယုတ္တိတန်သော အကြောင်းပြချက်များဖြင့် ခြုံငုံသုံးသပ်ပြီး ဒေါသထွက်စွာပင် လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

ထိုကိစ္စက အရမ်းလေးနက်သော်လည အန်းသန့်စ်တွင် တခြားတုံ့ပြန်မှုမရှိနေချေ။သူက စာကိုလက်ခံရရှိသူဖြစ်သဖြင့် ၎င်းက သဘာဝကျလှသည်။

'ဒါဆို သူမက ငါ့ခံစားချက်တွေကို ဂရုစိုက်ပြီး အတည်ပြုချင်လို့ အဲ့စာကို ပို့ခဲ့တာပေါ့'

အန်းသန့်စ်သည် လူနာက သူ့ကို ထိုသို့ထူးဆန်းသော တောင်းဆိုချက်များပေးပြီး သူက သူမကို သဘောကျနေကြောင်း သဘောပေါက်သွားလို့ ထိုကဲ့သို့ ထူးဆန်းသည့် အပြုအမူများ လုပ်ခဲ့တာလားဟု စဉ်းစားမိသွားခဲ့သည်။

'သူမက ရှက်သွေးဖြာတယ်၊ခက်ရင်းကို လွှတ်ချမိတယ်၊ စကားထစ်သွားပြီး မျက်လုံးချင်းမဆုံအောင် ရှောင်ခဲ့တယ်...'

အန်းသန့်စ် ယသည် ထိုအတိုင်းအတာအထိ တွေးပြီးနောက် ခက်ခဲစွာ တံတွေးမြိုချလိုက်သည်။သူ့အား မွေးရပ်မြေမှ သူငယ်ချင်းလို အမြဲဆက်ဆံခဲ့သည့် လူနာ ထံမှ ထိုကဲ့သို့ တုံ့ပြန်မှုမျိုးကို သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကာ မိုးကြိုးပစ်ချခံရသလို ခံစားခဲ့ရ၏။

ရို့စ်မယ်ရီသည် အန်းသန့်စ်၏ ထိပ်လန့်တုန်လှုပ်မှုအား သူ လူနာကို ဆုံးရှုံးရလောက်မှန်း သဘောပေါက်သွားလို့ တုန်လှုပ်သွားသည်ဟု နားလည်မှုလွဲသွားပြီး သူမ၏ မကျေမချမ်းဖြစ်မှုများကို ဖွင့်ဟခဲ့တော့သည်။

"နင် ဒီတစ်ချိန်လုံး ဘာတွေလုပ်နေတာလဲ။နင်တို့နှစ်ယောက် ချိန်းတွေ့တာဖြင့် ဘယ်လောက်မှ မရှိသေးဘူး ဒီလို ဖြစ်နေရပြီ။နင် အခွင့်အရေးရတဲ့အချိန်ထဲစ တစ်ဘဝလုံးအတွက် ဆုပ်ကိုင်ထားသင့်တယ်။နင် အစကတည်းက-"

ရို့စ်မယ်ရီသည် အသက်ပင်မရှုဘဲ အန်းသန့်စ်အပေါ်ထားရှိသော သူမ၏ မကျေနပ်ချက်များအား ဆက်လက် ပြောဆိုခဲ့တော့သည်။

သဘာဝအတိုင်းပင် ၎င်းက အန်းသန့်စ်အပေါ် ဘာသက်ရောက်မှုမှမရှိခဲ့ပေ။သူက ခဏတာ အေးခဲနေပြီးနောက် ချက်ခြင်းစစ်ဆေးချင်သလိုမျိုး ထမင်းစားခန်းဆီသို့ အမြန်လှည့်ထွက်လိုက်သည်။

"အစ်ကိုကြီးရေ!ငါတို့ ပြောလို့ မပြီးသေးဘူးလေ! နင် ဘယ်သွားနေတာလဲ"

ရို့စ်မယ်ရီက အံ့အားသင့်သွားကာ အန်းသန့်စ်၏နောက်သို့ ကမန်းကတန်းလိုက်ခဲ့လိုက်သည်။

"နင် လူနာနဲ့ ထိပ်တိုက်တွေ့ဖို့ စဉ်းစားနေတာတော့မဟုတ်ဘူးမလား"

ငါ အရမ်းအများကြီး ပြောလိုက်မိတာလား။ငါ သူ့ကို နောက်မှ အေးအေးဆေးဆေး ရှင်းပြလိုက်သင့်တယ်! သူ အကြမ်းဖက်မလို့တော့ မဟုတ်ဘူးမလား!

ရို့စ်မယ်ရီသည် တစ်ချိန်က ကြမ်းတမ်းခဲ့သော အန်းသန့်စ်ကို ပြန်သတိရမိသွားပြီး ဖျော့တော့သွားခဲ့ကာ သူ့အင်္ကျီစကို လှမ်းဆုပ်ကိုင်လိုက်သည်။

သူမ မျှော်လင့်ထားသည်မှာ အန်းသန့်စ်က သူမလက်ကို ထုံးစံအတိုင်း ဖယ်ချလိုက်လိမ့်မည်ဟုပင်။သို့သော် ထိုအစား သူက သူ့အင်္ကျီစကို ကိုင်ထား‌သည့် သူမလက်ကို ငုံ့ကြည့်ပြီး အံ့သြစရာကောင်းသော တစ်ခုခုကို ပြောလာခဲ့သည်။

"တစ်ခါတလေကျ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေက အကူအညီဖြစ်သားပဲ။ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကျေးဇူးတင်တယ်လို့ စပြီးပြောသင့်ပြီထင်တယ်"

"…ဘယ်လို"

အဲ့ဒါက ဘာကိုဆိုလိုတာလဲ။ 

အန်းသန့်စ်ထံမှ ထိုသို့စကားမျိုးကြားရဖို့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့သော ရို့စ်မယ်ရီသည် မျက်လုံးများပြူးကျယ်သွားပြီး အန်းသန့်စ်၏ အင်္ကျီစကို လွှတ်လိုက်သည်။

အန်းသန့်စ်က အချိန်ထပ်မဖြုန်းချင်တော့သလိုမျိုး ထမင်းစားခန်းထဲသို့ အမြန်လျှောက်သွားခဲ့သည်။

"မင်းကို စောင့်နေရအောင် လုပ်မိလို့ တောင်းပန်ပါတယ်"

ထို့နောက် တတ်နိုင်သမျှ တောက်ပသော အပြုံးတစ်ခုဖြင့် သူ့ထိုင်ခုံတွင် ဝင်ထိုင်ခဲ့သည်။

"အာ ကိစ္စမရှိပါဘူး ရှင်တို့ စကားကောင်းကောင်းပြောပြီးသွားပြီလား"

"အင်း အဲဒါက ကိုယ်ပြောဖူးသမျှထဲ အထိရောက်ဆုံး စကားဝိုင်းပဲ"

အန်းသန့်စ်က အပြည့်အ၀ ပွင့်နေသော ချယ်ရီပန်းများကဲ့သို့ လန်းဆန်းဝေဆာသော အပြုံးဖြင့် ပြန်ပြောခဲ့သည်။

သူ့အပြုံးက သာမာန်အလှပများနှင့် ကွာခြားလှသည်။လူနာသည် သူ၏ ရိုးသားသော အပြုံးကို အမှတ်မထင် ရှောင်လိုက်မိသည်။

အရင်အချိန်တွေတုန်းက သူမသာ သူ့ကို ခဏလောက် သဘောတကျကြည့်ပြီးမှ အကြည့်လွှဲသွားလိမ့်မှာဖြစ်သည်။သို့သော် လူနာက သူ့ အကြည့်များကို သိသိသာသာပင်ရှောင်နေသောကြောင့် သူ့အကြောင်းကို တကယ်အလေးထားတွေးတောနေပုံရသည်။

"မင်း အဲ့အစားအစာတွေကို သဘောမကျဘူးဆိုရင် တခြားတစ်ခုခု လိုချင်လား။ ပန် ဆိုရင်ရော ဘယ်လိုလဲ။ကိုယ် နောက်ဆုံးတစ်ခေါက်ကထက် ပိုကောင်းအောင် လုပ်ပေးနိုင်တယ်"

ထို့ကြောင့် အန်းသန့်စ်သည် ကမ္ဘာကြီးကို ပိုင်ဆိုင်ထားသကဲ့သို့ ပို၍ပင် တောက်ပစွာ ပြုံးပြီး စကားပြောခဲ့သည်။

သူ တမင် ရည်ရွယ်တာမဟုတ်ဘဲ အပြုံးက သဘာဝအတိုင်း ပေါ်လာတာဖြစ်သည်။

လူနာသာ သူ့ကို သူမအတွက်မီးတွင်းထဲ ခုန်ချရန်တောင်းဆိုလာပါက ခုန်ချမလိုပင် ခံစားနေရသည်။

"အာ အဆင်ပြေပါတယ်။ရှင်လည်း အလုပ်တွေရှုပ်နေမှာပဲ။ရှင် အလုပ်ပြန်လုပ်သင့်..."

"မဟုတ်ဘူး။ကိုယ်က အဆင်ပြေပါတယ်။ မင်းကို ဝန်ဆောင်မှုပေးဖို့က ကိုယ့်ရဲ့ဦးစားပေးအရာပဲ။တကယ်လို့ တစ်ခုခုလွဲချော်သွားတယ်ဆိုရင် ကိုယ့်မနက်ဖြန်အတွက် အချိန်ဇယားကိုတောင်မှ ရှင်းပေးနိုင်တယ်။ ပြောသာပြောလိုက်"

လူနာကလည်း သူ့ကို စိတ်ဝင်စားနေကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် သူ သတိထားနေဖို့ မလိုအပ်တော့ချေ။

"အာ..ဟင့်အင်း တကယ်ပါ အဆင်ပြေပါတယ်"

"ကိုယ်ကတော့ အဆင်မပြေဘူး။မင်းက အထူးတောင်းဆိုလာမှတော့ မင်းကို ဟင်းပွဲတွေအကုန် ချက်မကျွေးဘဲနဲ့ စံအိမ်က ထွက်မသွားနိုင်ဘူး။ကိုယ် မင်းကို စိတ်ပျက်မသွားစေချင်ဘူး"

အန်းသန့်စ်သည် မတုံ့ဆိုင်းဘဲ ခံစားချက်အတိုင်းတည့်တည့်ဆက်သွားရန် ဆုံးဖြတ်ခဲ့ပြီး သူ၏သဘောကျမှုကို မဖုံးမကွယ် ဖော်ပြခဲ့သည်။

"မဟုတ်ဘူး၊ အဲ့ဒါက ဒီတိုင်း…"

၎င်းမှာ သူ့ခံစားချက်များ စစ်မှန်လား မစစ်မှန်ဘူးလားဆိုတာ သိဖို့စမ်းသပ်မှုတစ်ခုသာဖြစ်သည်… သို့သော် ၎င်းက ကောင်းမွန်သည့် လှုပ်ရှားမှုတစ်ခုမဟုတ်တာကြောင့် လူနာသည် အမှန်တရားကို မပြောနိုင်ဘဲ စကားထစ်သွားခဲ့သည်။

ထို့အပြင် နေရောင်ခြည်ကဲ့သို့တောက်ပစွာပြုံးနေပြီး စိတ်ရင်းမှန်ဖြင့် ဖော်ပြနေသည့် အန်းသန့်စ်ကို ရင်ဆိုင်ရတော့ သူမသည် ပျာယာခတ်ကာ မည်သို့တုံ့ပြန်ရမှန်းမသိတော့ချေ။

"ဒါဆို ပန်ကို နေ့လည်စာအဖြစ် စားကြရအောင်လေ"

လူနာက ပါးစပ်ကိုဖွင့်ကာ ထိုနေရာမှာပဲ တစ်နေသဖြင့် အန်းသန့်စ်သည် သူမ၏ ခပ်ပေါ့ပေါ့သဘောထားကိုအသုံးချကာ နေ့လည်စာမီနူးအား ယုံကြည်ချက်အပြည့်ဖြင့် ဆုံးဖြတ်ခဲ့လိုက်သည်။

စင်္ကြံမှာရပ်ပြီး အန်းသန့်စ်ပြောခဲ့သော စကားများကို စေ့စေ့စပ်စပ်တွေးနေသည့် ရို့စ်မယ်ရီက နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာခဲ့ပြီး ထမင်းစားခန်းထဲသို့ အမြန်လာခဲ့သည်။

အန်းသန့်စ်က လူနာကို အကြမ်းဖက်နေမည်ကို စိုးရိမ်ပြီး ရို့စ်မယ်ရီသည် လက်သီးများကို တင်းတင်းဆုပ်ကာ ဝင်လာခဲ့သော်လည်း အံ့သြစရာကောင်းစွာဖြင့် ထမင်းစားခန်းထဲရှိ လေထုမှာ မယုံနိုင်လောက်အောင် နွေးထွေးပြီး ကြိုဆိုမှုအပြည့်ဖြစ်နေခဲ့သည်။

"ဒီနေ့ သခင်လေးအန်းသန့်စ်က သခင်မလေးလူနာကို ထူးထူးခြားခြားချစ်ခင်ကြင်နာ နေတဲ့ပုံပဲ"

"အမှန်ပဲ။သူ့ကြည့်ရတာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လဲ"

လော်ရာနှင့် အမ်မာတို့သည် ထိုကြည်နူးဖွယ်ရာ မြင်ကွင်းကြောင့် လွှမ်းမိုးခံလိုက်ရပြီး ပါးပြင်များနီမြန်းလာခဲ့ကြတော့သည်။

ဘာလဲ။ ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်သွာတာလဲ။

ရို့စ်မယ်ရီက ကြောင်တက်တက်ဖြစ်သွားပြီး တုန်လှုပ်နေသောမျက်လုံးများဖြင့် လူနာ နှင့် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ တောက်ပနေပုံရသည့် အန်းသန့်စ်ကို တစ်လှည့်စီကြည့်လိုက်တော့သည်။

TK Team (chapter 108)