Chapter 89
Viewers 11k

👨‍❤️‍👨Chapter 89




ညအိပ်ရာဝင်သည့်အချိန် ရှီယွိက သူ၏ သွမ့်ကောကို ကူကယ်ရာမဲ့သလို ကြည့်လိုက်ရင်း သူ့ဦးလေးအခန်းသို့ ဝင်သွားလိုက်သည်။


သူ့ကို အိပ်ရာမဝင်ခင် နှုတ်ဆက်စကား ဆိုခဲ့သည်။


သူ့ကိုယ်သူ ကုတင်ပေါ် ပစ်လှဲလိုက်ရင်း ရှီယွိက စဥ်းစားကြည့်သော်လည်း တစ်ခုခုလွဲနေသလို ခံစားနေရဆဲပင်။


သူ့မှာလည်း သူငယ်ချင်းကောင်းတွေ ရှိပါတယ်။ သူငယ်ချင်းတွေ ဘယ်လိုနေကြလဲဆိုတာ သူသိပါတယ်။ သွမ့်ကောနဲ့ ဦးလေးသွမ်းက တကယ့်ကို ထူးဆန်းနေတာ။


ကိုယ်တိုင် အဖြေမရှာနိုင်မှတော့ အင်တာနက်ပေါ်သွားပြီး အကူအညီတောင်းရုံပေါ့။


သူက အမည်မသိပို့စ်တစ်ခု တင်လိုက်သည် : အေနဲ့ဘီက မိတ်ဆွေတွေ...အခန်းအပိုရှိလျက်နဲ့ အတူတူအိပ်ကြတာ ပုံမှန်ပဲလား...


ပထမလူ : သူငယ်ချင်းတွေ အတူတူအိပ်တာ ဘာမှားလို့လဲ။


ဒုတိယလူ : မင်းက လုကျူအကြောင်း မေးနေတာဆိုတော့ ပုံမှန်မဟုတ်တာ တစ်ခုခုကို ခံစားရလို့ပဲ...အသေးစိတ်ကျကျ ပြောပြမှဖြစ်မယ်..


ရှီယွိက ဖာဖာထေးထေး ပြောလိုက်သည် : အေက အေးစက်တဲ့ ပုံစံရှိပြီးတော့ တစ်ခါမှ သူငယ်ချင်း မရှိဖူးဘူး...ပြီးတော့ ဒီနေ့ သူတို့နှစ်ယောက်လုံးက လက်စွပ်အတူတူ ဝတ်ထားကြတယ်...လက်စွပ်ဒီဇိုင်းတွေကတော့ မတူကြဘူး....ဒါပေမယ့် ထူးဆန်းနေတယ်...


တတိယလူ : အဲ့ဒါက အခြေအနေပေါ် မူတည်တယ်...အဲ့ဒီနှစ်ယောက်က ယောကျ်ားလေးတွေလား မိန်းမကလေးတွေလား...


ရှီယွိ : ယောက်ျားလေးတွေပါ..


စတုတ္ထလူ : မင်းနဲ့ သူတို့နဲ့က ဘာတော်တာလဲ...ရင်းနှီးတယ်ဆိုရင် တည့်တည့်မေးကြည့်လိုက်ပါလား...


ရှီယွိက မျက်နှာကြက်ကို စိုက်ကြည့်လိုက်သည်။ တည့်တည့် မေးလိုက်ရမှာလား။


ဤပို့စ်၏ အကြောင်းအရာက ဆွဲဆောင်မှု မရှိ၍ မကြာခင် မြုပ်သွားလိမ့်မည်။ ရှီယွိက ထပ်မမေးတော့သော်လည်း မေးပြီး မည်သို့ တုံ့ပြန်ရမလဲ စဥ်းစားနေမိသည်။


သူ့ခန့်မှန်းတာသာ မှန်တယ်ဆိုရင် ဦးလေးနဲ့ သွမ့်ကောကို အပြစ်မပြုစေဖို့ ဘယ်လို တုံ့ပြန်ရမလဲ မစဥ်းစားတတ်တော့ပေ။


သူက သူ့ဦးလေးကြား ဝင်နှောင့်ယှက်ချင်စိတ်မရှိသော်လည်း အနာဂတ်တွင် "သွမ့်ကော" ဟု ခေါ်ရမလား " ဦးလေးသွမ့်" ဟု ခေါ်ရမလား မသိသေးပေ။


စဥ်းစားရင်း ခေါင်းကိုက်လာသည့် ရှီယွိက ညတွင် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။


နောက်တစ်နေ့မနက်တွင် ဧည့်ခန်းထဲနှင့် မီးဖိုချောင်ထဲမှ လှုပ်ရှားသံများ ကြားလိုက်၍ ထမကြည့်ပဲ မနေနိုင်တော့။


သူ့ဦးလေးက မီးဖိုချောင်ထဲ အလုပ်များနေသည်ကို မြင်လိုက်ချိန် သူ့စိတ်ကို ငြိမ်ငြိမ်ထားနိုင်ပြီ ဖြစ်သည်။


လူငယ်လေးက စိတ်ထဲရှိသည့်အရာကို အောင့်အီးမထားနိုင်၍ စဥ်းစားကြည့်ပြီးနောက် မေးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရှီသွမ်း၏ တည်တည်ငြိမ်ငြိမ်အကြည့်အောက်တွင် မီးဖိုချောင်ထဲ ခြေဖော့သွားလိုက်ရင်း တံခါးပိတ်လိုက်သည်။


" ဘာကိစ္စရှိလို့လဲ..." ရှီသွမ်းက ကြက်ဥကို ကျွမ်းကျွမ်းကျင်ကျင် ဖောက်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။


ရှီယွိက အကြည့်လွဲသွားပြီး ရှက်ကိုးရှက်ကန်း ပြောလာသည် " ဦးလေး တကယ်ပဲ ကျွန်တော့်ရဲ့ အနာဂတ် အန်တီလေးကို တွေ့ဖို့ ခေါ်မသွားတော့ဘူးလား..." 


သူ့အပြုအမူက သိသာနေ၍ ရှီသွမ်းက ရှီယွိ သတိထားမိနေမှန်း ခန့်မှန်းစရာမလိုအောင် သိလိုက်သည်။ ထို့ကြောင့် သူက သွမ့်ရှူးထုံ မနိုးသေးခင် ဝန်ခံလိုက်သည် " မင်း တွေ့တယ်မို့လား...ငါ မနေ့ညက မင်းလုပ်ထားတဲ့ ကိတ်မုန့်ကို စားခဲ့တယ်လေ..."


ရှီယွိ "....." 


သူက ခဏလောက်ထိ ပြောစရာစကားမဲ့သွားရင်း မေးလာသည် " ဦးလေး....အတည်ကြီးလား...သွမ့်ကော....သူလည်း....အတည်လား..."


ရှီသွမ်းက ခေါင်းညိမ့်ပြလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလာသည် " မင်း သူ့ကို အရင်တုန်းက ဆက်ဆံသလိုပဲ နောက်လည်း အဲ့ဒီအတိုင်း အတူတူပဲရှိနေမှာ...." 


သူက အချိန်အတော်ကြာသည်ထိ အားအင်တို့ စုထားပြီးသားဖြစ်သည်။ ရှီယွိက သူ့ကို ကန့်ကွက်ချင်စိတ် မရှိပေ။ သူက အံ့သြစရာကောင်းလွန်းသည်ဟု ခံစားမိရုံသာ။


အမှန်တွင်လည်း သံသစ်ပင်က ပန်းပွင့်လာ၍ အံ့သြဖို့ကောင်းနေသည်။


" ကျွန်တော် သိပါပြီ..." ရှီယွိက သေချာစဥ်းစားလိုက်ပြီးနောက် အပြုံးလေးနှင့် ပြောလာသည် " သွမ့်ကောကို ရှက်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်...ဒါပေမယ့် ဘာလို့ ဦးလေးတို့ရဲ့ လက်စွပ်တွေက မတူရတာလဲ..."  


ရှီသွမ်းက သူ့ကို ဖွဖွလေး ကြည့်လာသည် " အဲ့ဒါက အချင်းချင်း ပြန်ပေးထားကြတာမို့လေ..."


ရှီယွိ "...."


ဘာလို့ သူ့ဦးလေးက တိတ်တိတ်လေး ကြွားလိုက်တယ်လို့ ခံစားနေရတာပါလိမ့်။


သွမ့်ရှူးထုံ အိပ်ရာထလာပြီး ဝတ်စားပြင်ဆင်ပြီးသွားချိန် မနက်စာက စားပွဲပေါ် ရောက်နေပြီဖြစ်သည်။


သူ ထိုင်ချလိုက်သည်နှင့် ရှီယွိက ထူးဆန်းသည့် အပြုံးနှင့် ပြုံးပြနေသည်ကို တွေ့လိုက်၍ မနေနိုင်ပဲ မေးမိသည် " ကောရဲ့ မျက်နှာမှာ တစ်ခုခုပေနေလို့လား..." 


"မဟုတ်ပါဘူး..." ရှီယွိက ကြက်ဥပန်းကန်ကို သူ့ရှေ့ တိုးပေးလိုက်သည် " သွမ့်ကော...အားရှိစေမယ့် အစာတွေ များများ စားသင့်တယ်..."


မနေ့ညကစာလျှင် သွမ့်ကောက အားမရှိသလို ဖြစ်နေ၍ ရှီယွိက သူ့သွမ့်ကောလေး ဝေဒနာခံစားနေရသည်ဟု တွေးမိသည်။


သွမ့်ရှူးထုံ : ?


ရှီသွမ်းက ရှီယွိကို ကြည့်လိုက်သည် " ကောင်းကောင်းစား....စားပြီးရင် ဒရိုင်ဘာကို ကျောင်းကို လိုက်ပို့ခိုင်းလိုက်..."


" အို့..."


ရှီယွိက စိတ်ထဲကနေ တိုးတိုးလေး ကြွေးကြော်မိသည်။ သူ့ဦးလေးကျတော့


ချစ်ခင်ကြင်နာပြလို့ရပြီး သူ့ကျတော့ သွမ့်ကောအတွက် စိတ်မကောင်းတောင် ဖြစ်ခွင့်မပေးဘူး။


ညစာစားပြီးနောက် ရှီသွမ်းက သွမ့်ရှူးထုံကို ဓါတ်ခွဲခန်းဆီ လိုက်ပို့ပေးသည်။


သွမ့်ရှူးထုံက မနေ့က တစ်နေ့လုံး ခွင့်ယူထား၍ ယနေ့တွင် အခြေအနေကောင်းနေသည်။ သူက ဓါတ်ခွဲခန်းထဲ ဝင်သွားစဥ် ဟန်လင်၏ ပြုံးစစမျက်နှာကို တွေ့လိုက်ရသည်။


" ဘယ်လိုလဲ..."


သွမ့်ရှူးထုံ " ဘာကို ဘယ်လိုလဲ..."


ဟန်လင်က သူ့နားကပ်လာပြီး စုန်ချည်ဆန်ချည်ကြည့်ရင်း ပြောလိုက်သည် " မနေ့က မလာတာ မလာနိုင်လို့များ ဖြစ်နေမလား..." 


"ဟေး...အခုက အလုပ်ချိန်ကြီးနော်..." သွမ့်ရှူးထုံက ချက်ချင်း ခေါင်းစဥ်ပြောင်းလိုက်သည် " စုန့်ချွေရော ဘယ်မှာလဲ...."


သူ စလို့မရနိုင်တော့မှန်း တွေ့လိုက်၍ ဟန်လင်က အတင်းပြောချင်စိတ်ကို ရပ်ထားလိုက်ရသည် " သူက ဟိုမှာ အငယ်လေးတွေကို လမ်းညွှန်ပေးနေတယ်..." 


ယခုဓါတ်ခွဲခန်းတွင် သွမ့်ရှူးထုံ ဟန်လင်နှင့် စုန့်ချွေတို့သာ ခေါင်းဆောင်နိုင်သည်။ ကျန်သည့်သူများက အတွေ့အကြုံ နည်းသေး၍ လေ့ကျင့်ဖို့ လိုသေးသည်။


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း ဓါတ်ခွဲခန်းကုတ်အင်္ကျီကို ဝတ်လိုက်သည် " ဒါဖြင့် အရင်စနှင့်ကြတာပေါ့..."


ယခု ပရောဂျက်၏ အစီအစဥ် ပထမဆုံးထွက်လာစဥ်က တော်တော်များများက ဤခြေလှမ်းက ကြီးလွန်းသည်ဟု ခံစားမိသော်လည်း သေချာစဥ်းစားကြည့်ပြီးနောက် ခုခံအားတိုးမြင့်သည့် enhancerများက စစ်ဆေးစမ်းသပ်မှုကို ဝင်ရောက်ထားပြီးပြီဖြစ်၍ ကင်ဆာပျောက်ဆေး သုတေသနက လက်ရှိတွင် အလိုအပ်ဆုံးအရာ ဖြစ်နေသည်။


ဟန်လင်အနေနှင့် သူ့နောက်လိုက်ဖြစ်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်၍ သွမ့်ရှူးထုံ၏ ဆုံးဖြတ်ချက်ကို အကြွင်းမဲ့ယုံကြည်ပြီး စုန့်ချွေကလည်း ခြွင်းချက် မဟုတ်ပေ။


ဘော့စ်သုံးယောက်က သဘောတူနေကြ၍ ကျန်သည့် သုတေသနသမားများက အများကြီး ပြောနေစရာ မလိုတော့ပေ။ သူတို့ဘော့စ်နောက် လိုက်လုပ်ရုံသာ။


တစ်နေ့ သူတို့နာမည်လည်း သမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင်ခံရနိုင်သည်။


လမ်းအသစ်ဖောက်ခြင်းက နွေဦးဆောင်းဦးဓါတ်ခွဲခန်း၏ မူလပန်းတိုင်တစ်ခု ဖြစ်လာခဲ့ပြီးပြီ ဖြစ်သည်။ ဤပန်းတိုင်က သုတေသနဌာနပေါင်းများစွာ၏ အမြင်ကောင်း ရနေပြီး နွေဦးဆောင်းဦးဓါတ်ခွဲခန်းက အားလုံးကို ချိုးဖောက်နိုင်သည့် ပထမဆုံးသုတေသနအဖွဲ့ ဖြစ်လာရန်အတွက် အတားအဆီးများကလည်း အသေးအမွှားလေး မဟုတ်တော့ပေ။ 


အရာအားလုံးက အပြန်အလှန် မှီခိုနေရခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များကို တိုက်ထုတ်နိုင်မည့်အရာကို ရှာတွေ့နိုင်သည်နှင့် သူတို့ကို အပြည့်အဝ သတ်နိုင်တော့မည် ဖြစ်သည်။


ဤပန်းတိုင်က သွမ့်ရှူးထုံ၏ အရင်ဘဝမှာတောင် အပြီးမဖြေရှင်းနိုင်ခဲ့သေးပေ။


သို့သော်လည်း ကံကောင်းပြီး သွမ်ွရှူးထုံ မရောက်လာခင် သူတို့အဖွဲ့က သုတေသနလမ်းကြောင်းကို ဖောက်ထားပြီးပြီ ဖြစ်သည်။ သို့သော်ငြား ထိုသုတေသနတွင် ပါဝင်ဖို့ အချိန်မရခင် ဤကမ္ဘာဆီ ပြောင်းလာခဲ့ရသည်။


သီအိုရီနှင့် လက်တွေ့တွင် ကွာဟချက်တစ်ခု ရှိနေသည်။ ဆေးထုတ်သည့် သိပ္ပံပညာရပ် ပန်းတိုင်က သူတို့ရှေ့တွင် ရှိနေသော်လည်း နားလည်ဖို့က အင်မတန် ခက်ခဲလှသည်။


သုတေသနသမားများက အားအင်စုပြီး ဓါတ်ခွဲခန်းတွင် လပေါင်းများစွာကြာအောင် တိုက်ခိုက်ရသည်။ 


သွမ့်ရှူးထုံက ထိုအခြေအနေမျိုးနှင့် အသားကျနေပြီဖြစ်သော်လည်း ကျန်သည့်သူများက ငယ်သေး၍ စိတ်ဓါတ်ကျနေကြသည်။


နှစ်ကုန်ပိုင်းက နီးကပ်လာပြီဖြစ်၍ သွမ့်ရှူးထုံက ဆက်ပြီး တောင့်ခံနေလျှင်လည်း အကျိုးမရှိဟု တွေးမိပြီး နှစ်ရက် အားလပ်ရက်ပေးကာ သူလည်း အနားယူပြီး အကြံဥာဏ်ရှာရမည်ဟု တွေးမိသည်။ 


သူ့မိသားစုဆီက သဘောတူညီမှု ရပြီးကတည်းက သူနှင့်ရှီသွမ်းမှာ ကျင်းယွမ်မှာသာ နေကြသည်။ တစ်ခါတစ်ရံ အချိန်ရလျှင်ရသလို မိဘများဆီ သွားလည်တတ်ပြီး ရှီယွိကိုလည်း ဂရုစိုက်ပေးရသည်။


ယန်မြို့တော်၏ ဆောင်းရာသီက ရှန်းချွမ်ကောင်တီထက် ပိုအေးလေသည်။


သွမ့်ရှူးထုံက ဟင်းချက်စရာများနှင့်အတူ အိမ်ပြန်ရောက်ချိန် ရှီသွမ်းဆီ မက်ဆေ့ချ် ပို့လိုက်သည် : [ဘယ်အချိန် ပြန်လာမှာလဲ...ကျွန်တော် ဒီညအတွက် ဟင်းချက်နေတာ...]


ရှီသွမ်းက အမြန်ဖြေလာသည် : [ခြောက်နာရီ ပြန်လာမယ်...]


ပြန်စာရပြီးချိန် သွမ့်ရှူးထုံက နှုတ်ခမ်းတို့ ကော့တက်သွားသည်။ ယခုဆို ရှီသွမ်းမှာ မလိုအပ်လျှင်တောင် စားသောက်ပွဲများတွင် ပါဝင်ပေးလေသည်။


စားသောက်မှု ပုံစံပြောင်းသွားပြီး အလုပ်မှာပါ ပြောင်းလဲသွားသည့် ရှီသွမ်းက အရင်လို အေးစက်စက် ဖြစ်မနေတော့ပေ။


ရှီလုပ်ငန်းစု၏ ဝန်ထမ်းများကလည်း ရှီသွမ်းက ချစ်သူရနေပြီဟု ခန့်မှန်းနေကြသည်။ အမှန်လည်း သူတို့က ကန်းနေတာ မဟုတ်ပါဘူး...သူ့ လက်မှာ ဝတ်ထားတဲ့ လက်စွပ်က ဒီလောက် ထင်းနေတာကို ချစ်သူရှိနေတာ မဟုတ်ရင် တစ်ခြား ဘာဖြစ်နိုင်ဦးမှာလဲ။


ထိုလက်စွပ်ကြောင့် အမြဲတမ်း စိတ်တစ်ထင့်ထင့်ဖြစ်နေသည့် လျိုကျစ်ဖေးက သဘောပေါက်သွားလေသည်။


သူက ချန်နင်ကို ဆွဲခေါ်ပြီး မေးလိုက်သည် " ဥက္ကဌရှီနဲ့ သခင်လေးသွမ့်တို့ အတူရှိနေကြတာ ကြာပြီပေါ့...."


ချန်နင်က သေမျိုးကမ္ဘာ၏ တည်ငြိမ်မှုတို့ကို ထိုးဖောက်မြင်လိုက်ရသလို ပြန်ဖြေလာသည် " မင်း နောက်ဆုံးတော့ သိသွားပြီပေါ့..."


လျိုကျစ်ဖေး " ကျွန်တော့်ကို တစ်လျှောက်လုံး ဖုံးထားကြတာပဲ..."  


ချန်နင်က သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း စိတ်ပါလက်ပါ ပြောလာသည် " မင်းမှာ ခွေးစာမြင်တဲ့နေရာမှာ တော်တဲ့ မျက်လုံးတစ်စုံ ရှိရမယ်..."


စိတ်မကောင်းစရာက ကုမ္ပဏီတစ်ခုလုံးတွင် ချန်နင်နှင့် လျိုကျစ်ဖေးကလွဲပြီး ရှီသွမ်း၏ လျှို့ဝှက်ချစ်သူလေးကို သိသည့်သူ မရှိပေ။


ယနေ့တွင် ရှီသွမ်းက ပုံမှန်အတိုင်း အလုပ်ဆင်းသွား၍ ထွက်သွားသည့် သူ့နောက်ကျောကို ကြည့်လိုက်ရင်း ဝန်ထမ်းများက စုရုံးလာပြီး တိုးတိုး တိုးတိုးနှင့် ဆွေနွေးကြတော့သည်။


" မစ္စတာရှီလို လူမျိုးက ချစ်မိသွားလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး..." 


"အေးဟယ်...ချစ်မိသွားတဲ့ အမျိုးသားကြီးက အချိန်ပိုတောင် မဆင်းချင်တော့ဘူး...."


" မစ္စတာရှီရဲ့ ချစ်သူက ဘယ်သူလဲ သိချင်လိုက်တာ...မစ္စတာရှီ့ကို အမြဲတမ်း အလုပ်ထဲမှာပဲ စိတ်မြုပ်ထားတဲ့သူလို့ ထင်ခဲ့တာ..."


" ဥက္ကဌရှီက အရမ်းကို ဖုံးကွယ်ထားတာပဲ..."


ချန်နင်က သူတို့နောက် ရုတ်တရက် ပေါ်လာပြီး ချောင်းဆိုးလိုက်သည်။ လူစုက ခဏလောက် တိတ်သွားရင်း အလျှိုလျှို ပြန်သွားကြသည်။ 


ရှီသွမ်းက အိမ်ထဲသို့ ခြေလှမ်းလိုက်ချိန် မီးဖိုချောင်ထဲက ပုံရိပ်လေးကို တွေ့လိုက်ရ၍ မျက်လုံးထက် နူးညံ့ရိပ်တို့ပေါ်လာပြီး တစ်နေကုန် ပင်ပန်းခဲ့သမျှ ပျောက်ကွယ်သွားသလို ခံစားရကာ ရင်ထဲ နွေးထွေးလာသည်။


သူက မီးဖိုချောင်ထဲ လျှောက်သွားလိုက်ရင်း သွမ့်ရှူးထုံကို နောက်ကနေ ဖက်လိုက်ကာ ဘေးဘက်ကို ဖွဖွလေး နမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် " လုပ်စရာ ကျန်သေးလား...ကိုယ် လုပ်လိုက်မယ်..." 


"မလိုပါဘူးဗျာ..." သွမ့်ရှူးထုံက သူ့ကို တံတောင်ဆစ်နှင့် ပြန်တွန်းလိုက်သည် " အရင် သွားနားလိုက်ဦး...ညစာက မကြာခင် ရမယ်..."


" အာ..."


သွမ့်ရှူးထုံ : ခင်ဗျားက သဘောတူလိုက်ပေမယ့် လက်တွေတော့ ဖယ်မပေးသေးဘူးပဲ။


သူက ပြန်ပြီး တွန်းလိုက်ရပြန်သည်။


ရှီသွမ်းက ရုတ်တရက် သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လာပြီး သြရှရှလေသံနှင့် ဆိုလာသည် " ကိုယ် မင်းကို လွမ်းတယ်..."


ဤလူက အားနည်းသည့်ပုံစံ ပြလာချိန်တိုင်း သွမ့်ရှူးထုံက စိတ်ပျော့သွားမိသည်။ သူက လွန်ခဲ့သည့် လများအတွင်း လက်တွေ့စမ်းသပ်ချက်များနှင့် အလုပ်ရှုပ်နေခဲ့၍ ရှီသွမ်းကို လုံးလုံး လျစ်လျူရှုထားမိသည့်အကြောင်း စဥ်းစားမိသွားချိန် အပြစ်ရှိစိတ်တို့ ဖြစ်လာသည်။


သူတို့နှစ်ယောက်လုံးက အလုပ်များသည့်သူများဖြစ်ကြ၍ ထိုအခြေအနေက မျှော်လင့်ထားပြီးသားပင်။


မည်သို့ဖြစ်ဖြစ် သူက ရှီသွမ်းနှင့် နားရက်နှစ်ရက်အတွင်း အချိန်ဖြုန်းပေးရမည်။


သွမ့်ရှူးထုံက လှည့်ကြည့်လာရင်း သူ့ကို ချော့သလို နမ်းလာသည် " ညစာစားပြီးမှ တစ်ခြားအကြောင်း ပြောကြတာပေါ့...."


ရှီသွမ်းက ထိုသို့သိသာသည့် အရိပ်အမြွက်မျိုးကို နားလည်မည်မဟုတ်၍ သူက ပြုံးပြလာရင်း သွမ့်ရှူးထုံကို လွှတ်ပေးလာသည်။ သို့သော်လည်း ဧည့်ခန်းဆီ ပြန်မသွားပဲ ဘေးတွင် ရပ်ကြည့်နေရင်း အခွင့်အရေးချောင်းနေသည်။


ညစာစားပြီးသွားချိန် ရှီသွမ်းက အရင် ပန်းကန်ဆေးပေးနေ၍ သွမ့်ရှူးထုံက ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း အစာချေနေလိုက်သည်။ ထိုအချိန် လုရှီဆီက မက်ဆေ့ချ် ရောက်လာသည်။


လုရှီ : ကိုယ်တို့ မှတ်တမ်းရုပ်ရှင်က ထွက်လာပြီ...မင်း ပိုလာဝက်ဝံ ရုပ်သံပလက်ဖောင်းမှာ ကြည့်လို့ရတယ်....supportပေးဖို့ မမေ့နဲ့ဦးနော်...ဟားဟားဟား...မင်းကို မပြောတော့ဘူး...ဝေ့ပေါ်သွားပြီး ကြော်ငြာလိုက်ဦးမယ်...


သွမ့်ရှူးထုံက သူပါဝင်ခဲ့သည့် ရုပ်ရှင်ကို သိချင်စိတ် ထက်သန်နေသည်။ ရှီသွမ်းက ပန်းကန်ဆေးပြီးသွားချိန် သူက အကြံပြုလိုက်သည် " လုရှီ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်လို့ရပြီတဲ့... ဒီည အတူတူကြည့်ကြမလား..."


" ကောင်းတာပေါ့..." 


"ဆေးပညာ လမ်းမကြီး" ဆိုသည့် မှတ်တမ်းရုပ်ရှင်က ဆေးပညာအဖွဲ့အစည်း၏ ဘဝလျှောက်လမ်းများကို ဖုံးထားသည့် ဟွားကော် ဆေးအဖွဲ့အစည်း၏ ပြောင်းလဲမှုများကို အဓိက ရိုက်ပြထားသည်။


အတိတ်က နည်းပညာမှသည် ခေတ်သစ် ဆေးဝါး နည်းပညာဆီသို့ ... ပါရမီရှင်အဖွဲ့၏ ပေးဆပ်မှုမှသည် တဖြေးဖြေး တိုးတက်ကြီးမားလာမှုဆီ...ဆေးဝါးနှင့် ပစ္စည်းကိရိယာများအပေါ် မှီခိုခဲ့ရမှုမှသည် အမှီအခိုကင်းသည့် သုတေသနဆီသို့..." ဆေးပညာ လမ်းကြီး" က အချိန်ကြာလာသည်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးလာသော ဆေးပညာကို ရိုက်ကူးပြထားသည်။


ခက်ခဲမှု လမ်းမထက်ဝယ် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး တိုးတက်အောင် လုပ်ခဲ့ကြသည်။


ဤသည်က " ဆေးပညာလမ်းမကြီး" ၏ အနှစ်သာရပင်။


ပြောရလျှင် လုရှီ၏ ရိုက်ကူးရေးစွမ်းရည်က တော်တော်လေး ကောင်းသည်ဟု ဆိုရမည်။ ကြည့်ပြီးနောက် သွမ့်ရှူးထုံက စိတ်ထဲ ထိရှသွားပြီး သွေးတို့ပွက်ပွက်ဆူလာသည်။


ပညာရှိများက သူတို့အတွက် အုတ်မြစ်ကောင်းကောင်း ချပေးခဲ့သည်။ ခေတ်သစ်၏ မီးရှူးတိုင် ကိုင်ဆောင်ကြသူများက သူတို့၏ မျှော်လင့်ချက်များ အသက်ဝင်အောင် လုပ်ရမည်။


"ခင်ဗျား မစ္စတာကျန်လည်း ကင်မရာမှာ ပါမယ်လို့ မပြောခဲ့ဘူးရော..." စိတ်ငြိမ်သွားချိန် သွမ့်ရှူးထုံက မေးလာသည်။


ရှီသွမ်းက မတုန်မလှုပ် ပြန်ဖြေလာ၏ " သူက အရေးမပါပါဘူး...."


သွမ့်ရှူးထုံက တမင်သက်သက် သူ့ကို စလိုက်သည် " အဲ့ဒါက အရေးပါတော့တာပေါ့....NTက အထောက်အကူပစ္စည်း ဆန်းသစ်တဲ့အပိုင်းမှာ အရမ်း အင်အားကြီးတာလေ..."


မဟုတ်ပါက နယ်ပယ်တစ်ခုလုံး၏ သဘောကျမှုကို မခံရလောက်ပေ။


ရှီသွမ်းက ရယ်လိုက်သည် " နွေဦးဆောင်းဦးခ


န်းမကလည်း အရမ်း အင်အားကြီးပါတယ်..."


သွမ့်ရှူးထုံက သူ့ကိုသူ စနောက်လိုက်သည် " ကျွန်တော်က ဓါတ်ပုံတော်တော်စားမှန်း သိပေမယ့် ကိုယ့်ပုံကို ရုပ်ရှင်ထဲမှာ တွေ့ရတော့ နည်းနည်း နေရခက်သွားသေးတယ်..."


" နေရခက်စရာ မလိုဘူး...အရမ်း ချောတယ်..." ရှီသွမ်းက သူ့ကို စိတ်ရင်းနှင့် ချီးကျူးပေးလိုက်သည်။


သွမ့်ရှူးထုံက သူ့ပုခုံးပေါ် မှီလိုက်ရင်း ဝီချတ်ဖွင့်ကာ ကျိုင်ကျွင့်ဆီ မက်ဆေ့ချ် ပို့လိုက်သည် : မနက်ဖြန် စျေးကွက်ဌာနက လုရှီရဲ့ ရုပ်ရှင်ကို ပြန်တင်ပေးဖို့ သတိပေးလိုက်ပါဦး....


ထိုသို့ရုပ်ရှင်ကောင်းမျိုးက အများကြီး အဆင့်ဆင့် ဖြန့်ဝေပေးဖို့ ထိုက်တန်သည်။


နွေဦးဆောင်းဦးခန်းမက လုရှီလောက် နာမည်မကြီးသော်လည်း နေရာတစ်ခုတော့ ရှိပါသေးသည်။


ကျိုင်ကျွင့်က အမြန် ဖြေလာသည် : သခင်လေးသွမ့်...ပြန်တင်ပေးထားပြီးပါပြီဗျ...[စမိုင်း]


သွမ့်ရှူးထုံက ချီးကျုးလိုက်သည်။


" နောက်ကျနေပြီ..." ရှီသွမ်းက သူ့ခေါင်းလေးကို ပုတ်ပြီး တိုးတိုးပြောလာသည်။


လေထုက တဖြေးဖြေး သိပ်သည်းလာသည်က အင်တာနက်ပေါ်က "ဆေးပညာ လမ်းမကြီး" အကြောင်း စိတ်အားထက်သန်မှုတို့ အဆက်မပြတ် မြင့်တက်နေသည့်အတိုင်းပင်။



👨‍❤️‍👨