Chapter 52
Viewers 4k

📽️Chapter 52



ရပ်သည့်ခလုတ်ကိုနှိပ်က သူ့ထိုင်ခုံတွင် တစ်ခဏမျှကြာအောင် ငြိမ်သက်စွာထိုင်ပြီးနောက် ရုတ်တရက်ပင် မျက်ရည်များ စီးကျလာပြီး စန့်ရှန်းကိုရှာရန် သူ့လက်မောင်းကိုဆန့်တန်းလိုက်သည်မှာ ပွေ့ဖက်မှုတောင်းခံနေသလိုပင်။


ရန်ရှူ စခရင်မှ နောက်တစ်ခေါက် ထပ်ထွက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာ အသံဖျော့ဖျော့လေးကိုသာ ကြားလိုက်ရသည်။


"ငါ သေလောက်အောင် ကြောက်သွားတာ..."

ရန်ရှူ နောက်တစ်ဖန် အသက်ရှုကြပ်သွားပြီး အခြားတစ်ယောက်၏ ရင်ခွင်ထဲတွင်မျက်နှာအပ်၍ စကားပြောနေသည့်အလား လုံးထွေးနေသည့်အသံနှင့် မသဲမကွဲပြောလိုက်သည်။


"မင်းကြောက်နေရင် အဲဒါကို တိုက်ရိုက်မလွှင့်သင့်ဘူးလေ..."


"ငါမနေ့ကပဲ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ...ဒီနေ့ ငါနှစ်နာရီကြာအောင် ထုတ်လွှင့်ရမှာ..."


"စာချုပ်ဖျက်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို ကိုယ် လျော်ကြေးပေးလိုက်မယ်...ဒါဆို မင်း တိုက်ရိုက်မလွှင့်ရတော့ဘူး..."


ကွန်မန့်များက ရုတ်ခြည်း ဆူပွက်သွားသည်။


[ဒါက ငါအလကား နားထောင်လို့ရတာလား...]


[သူဌေးက အရမ်းကြင်နာတာပဲ...သူ ဦးလေးကို နှစ်သိမ့်ပေးနေတယ်...]


[ငါကြောက်ပြီး ငိုတောင်သွားတယ် ဟားဟားဟား...ဦးလေးနဲ့ထိုက်တန်ပါတယ်...ဦးလေး horror ဂိမ်းကိုတိုက်ရိုက် liveလွှင့်မယ်ဆိုကတည်းက ဒီအဆုံးသတ်ကို ငါမျှော်မှန်းထားပြီးသားပါ...]


[သူတို့က တစ်ခုခုပဲလို့ ထင်နေတာက ငါတစ်ယောက်တည်းလား...]


[ဦးဘေးက အလိုလိုက်ခံရတဲ့ ကလေးလေးလို လုပ်နေတာ...ဝူး ဝူး ဝူး ...ငါနှလုံးသားလေး အရည်ပျော်သွားပြီ...]


[ငါတို့အကုန်လုံး တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲမှာပဲလေ...အသံကိုပဲ နားထောင်နေရမှာလား...လုပ်စမ်းပါ...ကင်မရာကို လှည့်လိုက်စမ်းပါ...အဲဒါမှ နှစ်သိမ့်နေတာကို ငါတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်နိုင်မှာပေါ့...]


[ငါ အဲဒီကိုပြေးသွားပြီး ကင်မရာလှည့်လိုက်ဖို့ မစောင့်နိုင်တော့ဘူး...]


[ဒါက ငါကြည့်ဖူးတဲ့ တိုက်ရိုက်ထုတ်ထုတ်လွှင့်မှုထဲမှာ စွမ်းအားမရှိဆုံးအချိန်ပဲ...]


တစ်ခဏကြာပြီးနောက် ကင်မရာကို ချိန်ညှိရန်ရောက်လာပြီး အမြင့်ကို နိမ့်ချလိုက်သည်။


Suit ဝတ်ထားသည့် အမျိုးသားတစ်ယောက်က ခုံပေါ်တွင်ထိုင်ပြီး ရန်ရှူက ထိုသူ့နံဘေးတွင် ထိုင်သည်ကို မြင်လိုက်ချိန် လူတိုင်းပဟေဠိဖြစ်သွားသည်။


လူနှစ်ယောက် ဘေးချင်းယှဥ်ချက် ထိုင်နေသည့်မြင်ကွင်းက ရန်ရှူအား အလွန်ပူပင်ကြောင့်ကြမဲ့သည်ဟု ထင်ရစေသည်။


[ဒီsuitကို ကြည့်ရတာ အရမ်းစျေးကြီးပုံပေါက်တယ်...]


[ဒီဝတ်စုံ...ဒီပုံရိပ်...ငါတော့သွားပြီ...]


[Suit ဝတ်စုံနဲ့ဒီပုံရိပ်က လုံးဝ perfect ပဲ...]


ပုံထဲတွင် suit ဝတ်ထားသည့် အမျိုးသားက mouse ကို ကိုင်ထားသည်။ ကင်မရာကို အောက်နိမ့်ထား၍ အမျိုးသား၏လက်ကို သူတို့ သေချာရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။


သူ့လက်ချောင်းများက ရှည်လျားသွယ်လျကာ သူ့လက်ဖဝါးကလည်း အလွန်ကိုကြီးမားလှသည်။ ထိုလက်များကနေ ပိုင်ရှင်၏အရပ်က သေချာပေါက် ရှည်သည်ထက်ပင် ပိုမည်ဆိုသည်ကိုပင် ခန့်မှန်းနိုင်ပေသည်။ 


ထိုလူက mouseကိုင်ကာ ဂိမ်းကိုဆက်ကစားလိုက်သည်။


ရန်ရှူက ထိုလူ၏လက်မောင်းကို ကြောက်ရွံ့စွာ ကိုင်ထားပြီး ညွှန်ပြနေသည့်အလား စခရင်ကို လက်ညှိုးထိုးပြလိုက်သည်။

"အရှေ့သွားဖို့ မင်းဒီခလုတ်ကိုနှိပ်ရမှာ..."


"ကောင်းပါပြီ...မင်းသေချာရှင်းရှင်းလင်းလင်း မိတ်ဆက်ပေးထားလို့ ကိုယ်သိသွားပြီ..."


[အား အား...ဒီအသံက အရမ်းဆွဲဆောင်မှုရှိတာပဲ...ငါလိုချင်တယ်...]


[ဘယ်လိုတောင် မင်းမျိုးနွယ်တွေလို မဟာဆန်လိုက်တဲ့အသံလဲ...]


[အဆုံးသတ်ကို ရှင်းလင်းတဲ့တိုက်ခိုက်မှုလုပ်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ငါခံစားမိတာ ဒါပထမဆုံးပဲ...]


ရန်ရှူ ကင်မရာကို ရှင်းပြလိုက်သည်။

"ငါတိုက်ရိုက် မထုတ်လွှင့်ချင်တာမျိုး မဟုတ်ဘူးနော်...ဒီနေရာကိုသွားဖို့ သူက ငါ့ကိုကူညီပေးရုံလေးပဲ..."


[အဆင်ပြေပါတယ်...ငါဘော့စ်ကို ကြည့်ရတာကြိုက်တယ်...]


[ကင်မရာကို အပေါ်နည်းနည်းမြှင့်လိုက်ရင် ပိုကောင်းမယ်...အဲ့ဒါမှ ငါတို့ သူမျက်နှာမြင်နိုင်မှာလေ...]


[သူ့လည်စေ့ကို မြင်လိုက်ကတည်းက ငါကျရှုံးသွားပြီ...]


[ဘော့စ်ရဲ့အသေးစိတ်အကြောင်း 10 မိနစ်အတွင်း ငါလိုချင်တယ်...]


[ဘာလို့ အိုင်ဒေါဒရာမာလို ခံစားချက်မျိုးကို တိုက်ရိုက်live ထုတ်လွှင့်မှု တစ်ခုထဲမှာ ငါမြင်နေရတာလဲ...]


[ဒါက ဇာတ်ညွှန်းလား...]


[ဒါက ဇာတ်ညွှန်းလားလို့မေးတဲ့သူရေ...ငါ့ဦးလေးကသူသရုပ်ဆောင်တဲ့အခါဆိုရင် သန်မာတဲ့သရုပ်ဆောင်ခံစားချက်တစ်ခု ရှိတယ်ဆိုတာကို မင်းသိထားသင့်တယ်နော်...]


[မှန်တယ်...ဦးလေးသရုပ်ဆောင်တဲ့အခါဆိုရင် သူသရုပ်ဆောင်နေတယ်ဆိုတာ မင်းပြောနိုင်တယ်...]


(T/N - သရုပ်ဆောင်တာ မပီပြင်လို့ပါ)


[ဒီဘော့စ်က သရုပ်ဆောင်တယ်လို့တော့ မထင်ဘူး...သူ့ပင်ကိုစိတ်ရင်းက မညာနိုင်ဘူးလေ...]


[Suitဝတ်စုံကိုရှာ...ပြီးတော့ အဲ့သြဇာကြီးတဲ့ပုံရိပ်ရော...]


စန့်ရှန်း ရန်ရှူ့အတွက် တစ်ခဏမျှကြာအောင် စီစဥ်လှုပ်ရှားပေးလိုက်သည်။ မည်သည့်အန္တရာယ်မှ မရှိတော့ပုံ ပေါ်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ ထပ်ဝင်လိုက်ချိန် ကလေးငိုသံက မရှိတော့ပေ။


စန့်ရှန်းက အလွန်တည်ငြိမ်အေးဆေးနေပြီး ရေဆိုးပိုက်အတွင်းထဲသို့ပင် ကလေးပုန်းနေမည်လားဟု ရှာကြည့်လိုက်သေးသည်။


မည်သည်မှ မရှိချေ။


စန့်ရှန်း၏မထူးခြားနားပုံရိပ်က ရန်ရှူအား သူလည်းလုပ်နိုင်သည်ဟု အထင်ရောက်သွားစေသည်။ သို့ဖြစ်၍ စန့်ရှန်းအား မောင်းထုတ်လိုက်သည်။ 


တိုက်ရိုက်ထုတ်လွှင့်သည့်ကင်မရာကို ထပ်ချိန်ညှိလိုက်ပြီး သူ့ကိုယ်သူ အားပေးရန် အော်ဟစ်လိုက်ကာ ဂိမ်းကို ပြန်စတင်လိုက်သည်။

"အခု နောက်တစ်ခန်းကို သွားလိုက်ကြစို့...ငါတွေ့ပြီ...ငါတံခါးကိုဖွင့်လိုက်ပြီ...ဖွင့်ပြီ...မရှိဘူး အဆင်ပြေဆုံးပဲ...နောက်တစ်ခန်းကို သွားကြရအောင်..."


ဆယ်မိနစ် ကြာပြီးနောက်…


"Ahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh..."


ရန်ရှူ mouse ကို ထပ်လွှင့်ပစ်လိုက်သည်။


ရန်ရှူ အလွန်ဒေါသထွက်ကာ ရင်ဘတ်က မြင့်ချည်နိမ့်ချည် လှုပ်ရှားနေချိန် အခန်းက ရုတ်တရက် ရောင်စုံကာလာများဖြင့် လင်းသွားပြီး အလွန့်အလွန်ဆိုးဝါးလှသည့် အသံအရည်အသွေးနှင့် ရင်းနှီးနေသည့် သီချင်းသံ ထွက်ပေါ်လာသည်။

"ကဲ ကောင်းပါစေ...ငါမင်းတို့ကံကောင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်..."


ရန်ရှူ စန့်ရှန်းကို ကြည့်ကာ မေးလိုက်သည်။

"ဒါကို အစားထိုးတစ်ခုလို့ သတ်မှတ်လိုက်လို့ရလားဟင်..."


"ကိုယ်မင်းကို အားပေးဖို့ကြိုးစားနေတယ်နော်..."


*****


တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်နှစ်နာရီ ကြာမြင့်ခဲ့သည်။ 


ရန်ရှူက နှစ်ကြိမ်တိုင် ငိုကြွေးခဲ့ပြီး စခရင်ထက်မှ ခုနစ်ကြိမ်တိုင် ထွက်ပြေးကာ စန့်ရှန်းက သူ့အတွက် တစ်ကြိမ် ကစားပေးခဲ့ရသည်။ 


ထိုနှစ်နာရီအတွင်း ရန်ရှူက အနိမ့်အမြင့် အတက်အကျများစွာ ခံစားခဲ့ရပြီး စိတ်အခြေအနေကလည်း တက်လိုက်ကျလိုက် ဖြစ်ခဲ့သည်။ 


သေချာပေါက်ပင် အပင်ပန်းဆုံးအရာမှာ အော်ရခြင်း ဖြစ်သည်။ အဆုံးတွင် သူက အချိန်မှတ်နာရီဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့ပြီး ဖန်များ နှုတ်ဆက်စကားပြောသည်ကိုပင် မစောင့်နိုင်ခဲ့တော့ပေ။ 


ကွန်ပြူတာ ပိတ်လိုက်သောအခါ ဒေါသများပျောက်ကွယ်သွားပုံရသည်။ 


အရာအားလုံး အခြေကျသွားသောအခါ သူထပ်ပြီး ခက်ခဲမှုများ ခံစားစရာ မလိုတော့ပေ။ 


လူတိုင်းသိသည့်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုက ရှက်စရာကောင်းလေလေ ဖန်များက ရယ်ရလွန်း၍ မောလေလေ ဖြစ်သည်။ 


ထို့နောက် သူထအော်လိုက်ပြီး ကောင်းချင်ကို ပြောလိုက်၏။

"စာရင်းရှင်းဖို့ ထိခိုက်မှုတွေ ဘယ်လောက် ရှိလဲ... ကျွန်တော်တော့ ထွက်ပြီ…" 


ကောင်းချင်က ပြင်ဆင်ထားပုံရပြီး စာရင်းရှင်းစရာ ထိခိုက်မှုများကို ပရင့်ထုတ်ထားသည့် A4စာရွက်ကို ကိုင်ထားလေသည်။ ရန်ရှူ ယင်းကို မြင်သောအခါ ငြိမ်ကျသွားပြီး တီးတိုးပြောလိုက်သည်။

" ဒီဂိမ်းက အရမ်းပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာလည်းကောင်းတယ်... ကျွန်တော်တော့ အရမ်းကြိုက်သွားပြီ…" 


ထို့နောက် ရေသောက်ရင်း ထောင့်လေးတွင် သွားထိုင်နေလေတော့သည်။ 


စန့်ရှန်းက အဖွဲ့သားများကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ရန်ရှူ၏အိမ်အပြင်ဘက်သို့ လိုက်ပို့ပေးလိုက်သည်။  


ထို့နောက် ရန်ရှူဘေးတွင် ထိုင်၍ မေးလိုက်သည်။

"မင်း စားချင်တာ ရှိလား…" 


"တကယ် ဘာမှ မစားချင်ဘူး... ဒီဂိမ်းရဲ့ graphicတွေက အရမ်း ပြင်းထန်လွန်းတယ်... အသားပုပ်ကြီးအကြောင်း တွေးလိုက်မိတာနဲ့ အန်ချင်လာတာ…" 


စန့်ရှန်းက ဘာမှ မပြောဘဲ ရန်ရှူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ကျောပုတ်ပေးလိုက်သည်။

"အဆင်ပြေသွားပြီနော်... ငွေရှာဖို့ ဘယ်လောက် ခက်ခက်ခဲခဲ  ကြိုးစားခဲ့ရလဲဆိုတာ ကိုယ်သိပါပြီ... ပေါင်ပေ့က အတော်ဆုံးပဲ…" 


ရန်ရှူက တစ်ကိုယ်လုံးကို စန့်ရှန်း၏ ရင်ခွင်ထဲတွင် ပစ်ဝင်ထားပြီး တစ်ခဏမျှ ငြိမ်နေလိုက်သည်။ ထို့နောက် စန့်ရှန်းကို မော့ကြည့်ကာ ပြောလိုက်သည်။

" မင်းရော စားပြီးသွားပြီလား…" 


“မစားရသေးဘူး…” 


ရန်ရှူက အချိန်ကို ကြည့်လိုက်ပြီးနောက် မကြာမီ တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ထုတ်လွှင့်ချိန်က သိသာထင်ရှားစွာပင် ဆယ်နာရီသာ ရှိသေးသည်။ ထိုအချင်းအရာက သူ့ကို အမှတ်ရသွားစေခဲ့သည်။  


သူ ရုတ်တရက် အားတက်လာပြီး ထရပ်ကာ ပြောလိုက်သည်။

"ငါ ချက်ပေးမယ်" 


"မင်း ချက်ပေးမှာလား…"

စန့်ရှန်းက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


သူတို့ လမ်းခွဲပြီး နှစ်နှစ်တာအတွင်းမှာ ရန်ရှူက စကေးအသစ်တွေ တိုးလာတာများလား... 


ရန်ရှူက မီးဖိုချောင်ထဲသို့ ခုန်ဝင်သွားပြီး ရေခဲသေတ္တာကို  ထုတ်ကာ ထိုအထဲမှ ဘူးတစ်ဘူးကို ထုတ်လိုက်၏။ 


တိတ်တဆိတ် စောင့်ကြည့်နေသည့် စန့်ရှန်း: “…” 


မကောင်းတဲ့နိမိတ်တစ်ခုခု ရနေတယ်နော်... 


ရန်ရှူက နေ့လည်က တစ်ဝက်စားပြီးသား ကျန်သည့် ပန်ကိတ်ကို ထုတ်ယူလိုက်ပြီး အသားဆောစ့်တစ်ဝက်ကို ကော်ထုတ်ကာ အသားအူချောင်းများကို ထုတ်၍ အတုံးလေးများ တုံးလိုက်သည်။ အသားအူချောင်းတစ်တုံးက ကြက်ဥတစ်ဝက်နီးပါး ကြီးနေသည်။ 


စန့်ရှန်း: “…” 

ငါလည်း အစားအသောက်မှာစားနိုင်ပါတယ်နော်... အစားအသောက်လေးတောင် မှာမပေးနိုင်တဲ့ ကပ်စေးကုတ်ဘောစ့် မဟုတ်ရပါဘူး... 


ရန်ရှူ တက်ကြွနေသည်ကို မြင်သောအခါ စန့်ရှန်း မေးလိုက်သည်။

"ပန်ကိတ် လုပ်ချင်တာလား... သူတို့ကို ခွဲမထည့်သင့်ဘူးလား... အခု အားလုံး ရောတော့မလို့လား…" 


" အိုးထဲကို ထည့်ချက်ရင် ငါက စိတ်လှုပ်ရှားနေတာနဲ့ အမှိုက်လိုတွေ ဖြစ်ကုန်ရော... အထူးသဖြင့် အလျင်လိုနေရင်လေ... ဒါကြောင့် အားလုံး ရောမွှေပြီးမှ ထည့်လိုက်တာ... ပူလာရင် စားလို့ ရပြီ…" 


စန့်ရှန်းက အသက်ပြင်းပြင်း ရှူ၍ မေးလိုက်သည်။

"အခုတလော အချက်အပြုတ် လေ့ကျင့်ထားသေးတာလား…" 


"မဟုတ်ပါဘူး... ငါ တွေးမိသွားတာလေ... ဒါလည်း စားလို့ ရတာပဲဆိုပြီး…" 


“…” 


စန့်ရှန်းမှာ စိတ်ထဲပြင်ဆင်ထားပြီးသားဖြစ်ပြီး ယင်းက အားပေးမှုတစ်ခုဟု တွေးနေခဲ့သည်။ 

အရသာမရှိရင်တောင် နည်းနည်းလောက် စားရမယ်ပေါ့... ဒီလိုဆို ရန်ရှူလည်း စိတ်မပျက်စေရတော့ဘူး... 


ရလဒ်အနေဖြင့် ရန်ရှူတစ်ယောက် စတိုခန်းထဲသို့ အလျင်စလို ပြေးသွားသည်ကို တွေ့လိုက်ရသည်။ တစ်ခဏအကြာ ကပ္ပတိန်အမေရိကဒိုင်းကာကို ကိုင်၍ ပြေးထွက်လာလေသည်။ 


စန့်ရှန်းက ရန်ရှူတစ်ယောက် ဒိုင်းကိုကိုင်ကာ ကာကွယ်ထားရင်း မီးအပူမြှင့်၍ ဆီထည့်လိုက်သည်ကို တွေ့လိုက်ရသည်။


အိုးထဲတွင် ရေရှိနေသေးသည်မှာ စိတ်မကောင်းစရာပင်။ ထိုသို့ဖြင့် ဆီများက တဖောက်ဖောက် ထလာလေတော့သည်။ ရန်ရှူက အလွန် ကြောက်ရွံ့သွားသဖြင့် မီးကို အလျင်အမြန် ထပ်ငြှိမ်းကာ စန့်ရှန်းထံ အူယားဖားယား ပြေးလာလေသည်။

"လောင်ကုန်းရေ... ခုနက ပေါက်ကွဲတော့မလို့ သိလား…" 


"အဆင်ပြေပါတယ်... အရမ်းတွန်းအားပေးစရာ မလိုပါဘူး... မှာစားလို့ ရတာကို…"

စန့်ရှန်းက သူ့ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ 


မနက်ဖြန်ကျရင်တော့ ဒီအိုးကို ရန်ရှူရဲ့ အိမ်ကနေ လွှင့်ပစ်လိုက်မှ ဖြစ်မယ်... 

ရန်ရှူက မီးဖိုချောင် ဝင်ခဲလှသဖြင့် အိုးခွက်များ ပပစ်လိုက်လျှင်ပင် သိနိုင်ရန် အကြောင်းမရှိပေ။  


"ထပ်ကြိုးစားကြည့်ဦးမယ်…" 

ရန်ရှူ ပြောကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြန်သည်။ 


စန့်ရှန်းက အနောက်မှ အမြန် လိုက်ဝင်သွားပြီး ပြောလိုက်သည်။

"ကိုယ်လုပ်ရင်ရော…" 


"မရပါဘူး... မင်း ငါ့မီးဖိုချောင်ကို ဖောက်ခွဲမိရင် ဘယ်လိုလုပ်မလဲ…" 


"ဘယ်က ယုံကြည်ချက်တွေ ရလာလို့ ဒီလိုပြောရဲရတာလဲ…" 


“…” ရန်ရှူက ခေါင်းကို မပျော်မရွှင် လှည့်ကာ စန့်ရှန်းကို စိုက်ကြည့်လိုက်သည်။

"မင်းက ငါ့ရဲ့ဟင်းချက်စွမ်းရည်ကို မေးခွန်းထုတ်နေတာလား…" 


မေးခွန်းထုတ်နေတာ မဟုတ်ဘဲ တကယ်ကို လန့်နေတာလေ...

သို့သော်ငြား သူ ထုတ်မပြောရဲပေ။ 


ရန်ရှူက ဒိုင်းကိုကိုင်ကာ မီးဖိုချောင်ထဲ ထပ်ဝင်သွားပြီး မီးဖိုကို ထပ်ဖွင့်လိုက်သည်။ 


ဆီများ တဖောက်ဖောက် ထွက်လာတော့မည်အပြုတွင် ရောထားသော အရာများအားလုံးကို အိုးထဲသို့ ထည့်လိုက်ပြီးနောက် အဖုံးအုပ်ထားလိုက်သည်။ လှုပ်ရှားမှုများအားလုံး တစ်ချက်ထဲပင် အလုံးစုံ ပြီးသွားလေသည်။ တစ်ခဏအကြာ စောင့်ဆိုင်းပြီးနောက် အိုးထဲတွင် သာမန်မဟုတ်သော အသံများ မရှိကြောင်း တွေ့လိုက်မှ အိုးအဖုံးကို ဖွင့်ကာ ပန်ကိတ်များကိုကြော်ရန် ကြိုးစားလိုက်သည်။ 


"လောင်ကုန်းရေ... မြန်မြန်... ပဲငံပြာရည်ပေး…"

ရန်ရှူက စိတ်လှုပ်ရှားလွန်း၍ ကရားရေလွှတ် ပြောဆိုနေသည်။ စန့်ရှန်းမှာ ရန်ရှူ၏ မီးဖိုချောင်ထဲမှ ပဲငံပြာရည်ဘူးကို ရှာပေးလိုက်ရသည်။ အဖုံးဖွင့်လိုက်သည်နှင့် ရန်ရှူက ဒိုင်းဖြင့် ကာပေးထားသည်ကို တွေ့လိုက်ရသည်။

"ငါ ကာထားပေးမယ်... မင်းသွားလိုက်…" 


စန့်ရှန်းမှာ ပဲငံပြာရည် သွားလောင်းထည့်ပေးလိုက်ရသည်။ 


ရန်ရှူက ထပ်ပြီး အမိန့်ပေးလာသည်။

"‌ လောင်ကုန်းရေ... ဆား..." 


ရန်ရှူ၏ ကာကွယ်မှုအောက်တွင် စန့်ရှန်းက ဆားထည့်ရပြန်သည်။ 


ရန်ရှူက အားရပါးရ မွှေကြော်ကြော်လိုက်ပြီးနောက် အဆုံးတွင် အနံ့ရလာသောအခါ မီးပိတ်လိုက်သည်။ 


ပန်ကိတ်ကြော် ပြီးသွားချိန်တွင် အနှစ်အများကြီး မရှိသော်လည်း အဆင်ပြေပုံရလေသည်။ 


ရန်ရှူက အလွန်ကျေနပ်သွားပုံရသည်။ သူ စန့်ရှန်းကို ကူထည့်လိုက်ပြီး တူဖြင့် ဦးဆုံး အရသာမြည်းလိုက်ရာ တွန့်သွားလေသည်။ ထို့နောက် အချိန်အတော်ကြာမှ ပြောလိုက်သည်။

"အသားဆောစ့်မှာ အငံဓာတ်ပါတာ မေ့သွားတယ်…" 


"အရမ်း ငံတာလား…"

စန့်ရှန်းက ရန်ရှူ၏ တူကိုသာ သုံး၍ အတုံးတစ်တုံးကို စားကြည့်လိုက်ရာ သူသည်လည်း တစ်ခဏမျှ တွန့်သွားလေသည်။ 


လူနှစ်ယောက်သားက ပန်ကိတ်ကြော်များကို စားပြီးနောက် အတူတကွ ကြက်သေသေသွားကြပြီးနောက် အချင်းချင်း ကြည့်လိုက်ကြသည်၊ 


အချိန်အတော်ကြီးကြာမှ ရန်ရှူ ထမေးလိုက်သည်။

"ရေနည်းနည်းလောက် ထည့်ပြီးတော့ ယာဂုလုပ်လိုက်ရမလား…" 


"ပန်ကိတ်တွေနဲ့ ယာဂု လုပ်လို့ရလို့လား…" 


"ဒါဆို စွပ်ပြုတ်လုပ်ရင်ရော…" 


"ထားလိုက်ပါတော့... စွန့်စားမနေနဲ့... အပြင်ကပဲ မှာလိုက်ရအောင်…" 


"မလုပ်နဲ့ မလုပ်နဲ့... မင်းအသံက နှစ်တစ်ထောင်လောက် ချွဲထနေတဲ့ အတိုင်းပဲ... မင်းသာ အဲဒါကို စားလိုက်ရင် ဆေးရွက်ကြီးနဲ့ အယ်ကိုဟောအသံ ပြောင်းမသွားလောက်ဘူးလား…" 


စန့်ရှန်းက ဖုန်းထုတ်ကာ အစားအသောက်မှာရန် ပြင်လိုက်သည်။ 


ရန်ရှူက ရုတ်တရက်ဆိုသလို ဘောင်းဘီချွတ်လိုက်သည်။ 

"ငါမင်းကို ကျွေးမယ်ဆိုရင်ရော…" 


စန့်ရှန်းက တစ်ချက်လေးမှ လှည့်မကြည့်ပေ။

"ဒီတစ်ခါတော့ တကယ် ဗိုက်ဆာနေတာ…" 


"အိုး…"

ရန်ရှူ ဘောင်းဘီများကို ပြန်ဆွဲတင်လိုက်သည်။ 


စန့်ရှန်း မှာနေစဥ် ရန်ရှူလည်း လာကြည့်သည်။ 


စန့်ရှန်း သတိထားမိသဖြင့် မေးလိုက်သည်။

"ဘာမှာချင်လဲ…" 


"တကယ်တော့ ငါ စားချင်စိတ် သိပ်မရှိပါဘူး…" 


"ဒါဆိုလည်း သာမန်လောက်ပဲ မှာလိုက်မယ်…"



📽️